Books
Books
الإسلام دين رسل الله
အစ္စလာမ်သည်ပွင့်လေသမျှသော ရစူလ်တမန်တော်အပေါင်း၏ သာသနာ ဖြစ်သည်။ အစ္စလာမ်ဟူသည် လောကစကြာဝဠာအပေါင်းကို ဖန်ဆင်းတော်မူသော စီမံခန့်ခွဲတော်မူသော အလ္လာဟ်အရှင်တစ်ပါးတည်းထံသို့ယုံကြည်အပ်နှင်းခြင်းနှင့် ထိုအရှင်၏ကြီးကျယ်မြင့်မြတ်မှုကို နှလုံးသွင်းကာ ချစ်မြတ်နိုးခြင်းအတိဖြင့်နာခံသစ္စာပြုခြင်းဖြစ်သည်။ အစ္စလာမ်၏အဓိကပင်မအုတ်မြစ်မှာ-အလ္လာဟ်အရှင်မြတ်ကို သက်ဝင် ယုံကြည်ခြင်း၊ အရှင်မြတ်သည်သာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး အလ္လာဟ်မှအပအခြားသောခပ်သိမ်းကုန်သည် ဖန်ဆင်းခံများသာဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။အရှင်မြတ်တစ်ပါးတည်းသာ ခပ်ဝပ်ကိုးကွယ်ဆည်းကပ်မှုအစုစုကို အကြွင်းမဲ့ခံထိုက်တော်မူသည်။…
الإسلام دين رب العالمين
အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။) အစ္စလာမ်သာသနာသည် စကြဝဠာအပေါင်းကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ဖြစ်သည်။ အသင့်ကို ဖန်ဆင်းတဲ့အရှင်က ဘယ်သူလဲ။ ဒီမေးခွန်းဟာ လောကအရှိတရားအတွက် အကြီးကျယ်ဆုံး မေးခွန်းဖြစ်ပြီး လူသားတစ်ယောက်အနေနဲ့ ဒီမေးခွန်ရဲ့အဖြေကို သိဖို့အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ကို ဖန်ဆင်းမွေးမြူတော်မူတဲ့အရှင်ဟာ မိုးကောင်းကင်တွေနဲ့ပထဝီမြေပြင်ကို ဖန်းဆင်းခဲ့တဲ့အရှင်လည်းဖြစ်ပါတယ်။ ထိုအရှင်ဟာ မိုးကောင်းကင်ကနေ မိုးရေကိုချပေးသနားတော်မူပြီး သစ်ပင်ပေါက်ပင် သီးနှံအစုံစုံကို ကျွန်တော်တို့အတွက် စားဖွယ်သောက်ဖွယ်အဖြစ်…
الإسلام - نبذة موجزة عن الإسلام (مشتملة على الأدلة)
အစ္စလာမ်သာသနာတော် အစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏သြဝါဒတော်၌ လာရှိသည့်အတိုင်းအကျဥ်းချုပ်ဖော်ပြခြင်း။ စာအုပ်တစ်အုပ်ဖြစ်သည်။ အစ္စလာမ်သာသနာတော်၏ မူလအရင်းမြစ်များဖြစ်သည့် ကျမ်းမြတ် ကုရ်အာန်နှင့် တမန်တော်မြတ်(ﷺ)၏စွန္နဟ်လမ်းစဉ်တို့မှ အစ္စလာမ်၏အခြေအမြစ်များ၊ သင်ကြား ပို့ချမှုများနှင့် အလှတရားများကို ရှင်းလင်းစွာတင်ပြထားပေသည်။ ထို့ပြင်ဤစာအုပ်သည် အချိန် တိုင်း နေရာတိုင်းနှင့် မတူညီသောအခြေအနေအရပ်ရပ်တွင်ရှိနေသည့် အမိန့်နာခံရန်တာဝန်ရှိသော မွတ်စ်လင်မ်များနှင့် မွတ်စ်လင်မ်မဟုတ်သူများအတွက် ၎င်းတို့၏ဘာသာစကားအသီးသီးဖြင့် လမ်းညွှန်ထားသောစာအုပ်ဖြစ်သည်။…
အွမ်ရာပြုလုပ်နည်းနှင့်၎င်း၏ပညတ်ချက်များ အကျဥ်းချုပ်
ချီးမွမ်းထောမနာပြုချင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ နဗီတမန်တော်မုဟမ္မဒ်နှင့်ကိုယ်တော် ၏အိမ်တော်သူအိမ်တော်သားများ၊ သာဝကများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။ ၎င်းနောက် - ဤစာအုပ်သည် အွမ်ရာပြုနည်း၊ အွမ်ရာ၏အမိန့်ပညတ် ချက်များနှင့် စည်းကမ်းများအကြောင်းကို အကျဉ်းချုပ်တင်ပြထားသည့် စာအုပ်ငယ်ဖြစ်ပြီး ကျွန်တော့်အနေဖြင့် ဤစာအုပ်တွင် အွမ်ရာပြုလုပ်မည့်သူတစ်ဦးအတွက် အဓိကလိုအပ်သော အချက်များကို ရှင်းလင်းတင်ပြထားပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤရေးသားမှုကို အရှင်မြတ်နှစ်သက်မှုအတွက်သာ…
المختصر المفيد للمسلم الجديد
သစ်လွင်မွတ်စ်လင်မ်တို့အတွက် လမ်းညွှန်ချက်အကျဉ်း။ စုစည်းတင်ပြသူ မုဟမ္မဒ် အလ်ရှဟ်ရီး ၁၄၄၁ -၂၀၂၀ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။) စကားချီး
من خلقني؟ ولماذا؟
ကျွန်ုပ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ အဘယ့်ကြောင့်ဖန်ဆင်းပါသနည်း။ ဖန်းဆင်းရှင်ရှိကြောင်း အရာရာတိုင်းက ညွှန်ပြနေသည်။ မိုးကောင်းကင်များ၊ မြေပထဝီနှင့် မိုးနှင့်မြေကြားတွင်ရှိသည့် လွှမ်းခြုံ၍ မသိနိုင်လောက်အောင် ကြီးမားလှသော အဖန်ဆင်းခံများကို မည်သူဖန်ဆင်းခဲ့သနည်း။ မိုးကောင်းကင်နှင့် မြေပထဝီ၌ရှိသော တိကျခိုင်မာလှသည့်စနစ်ကို မည်သူဖန်တီးခဲ့ပါသနည်း။ လူသားကို မည်သူကဖန်ဆင်းပြီး ကြားခြင်း၊ မြင်ခြင်း၊ အသိဉာဏ်တို့ကို ချီးမြှင့်ထားပါသနည်း။ ထို့ပြင် လူသားအား အသိပညာများကို လေ့လာရှာဖွေပြီး အရှိတရားများကို နားလည်နိုင်စွမ်းရှိအောင် မည်သူကပြုလုပ်ပေးထားပါသနည်း။ သင့်ခန္ဓာကိုယ်နှင့် သက်ရှိသတ္တဝါတို့၏…
قاموس الجمل المتكررة في المحتوى
စူရဟ် ဖာသိဟဟ် (အဖွင့်ကဏ္ဍ) စူရဟ် ဗကရဟ် (ဂါဝီကဏ္ဍ) စူရဟ် အာလိအင်မ်ရာန် (အင်မ်ရာန်မျိုးနွယ်ကဏ္ဍ) စူရဟ် နိစာအ် (အမျိုးသမီးများကဏ္ဍ) စူရဟ် မာအိဒဟ် (ခဲဘွယ်ဘောဇဉ်ကဏ္ဍ) စူရဟ် အန်အာမ် (သားကောင်များကဏ္ဍ)
مقدمة وغلاف المنتقى من موسوعة الأحاديث النبوية
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။ စကားချီး ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအပေါင်းကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ ထို့နောက်ကျွန်ုပ်တို့၏ နဗီတမန် တော် မုဟမ္မဒ်အပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ အိမ်သူအိမ်သားများနှင့် ဆွဟာဗဟ် သာဝကကြီးများအပေါ်သို့လည်းကောင်း၊ ကိယာမသ်နေ့ထိတိုင် ၎င်းတို့ နောက်သို့ ကောင်းမှုနှင့်တကွလိုက်ကြသူများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင် မြတ် ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။ မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အထူးဂရုပြုရမည့် အရေးအကြီးဆုံးအရာမှာ…
الشهادتين
သင်အစ္စလာမ်သာသနာသို့ ဝင်ရောက်လိုပါက အောက်ပါသက်သေခံချက်အား ကြားနိုင်လောက်သည့်အသံဖြင့် ရွတ်ဆိုရမည်။ ထို့အတူ ၎င်းသက်သေခံချက်၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ကာ ထိုအတိုင်း သက်ဝင်ယုံကြည်ရမည်။ “အရှ်ဟဒု အန်လာအိလာဟ အိလ္လလ္လာဟု” (ဤစကားလုံးများ၏ အဓိပ္ပါယ်မှာ - အလ္လာဟ်အရှင်မြတ်မှအပ ခ၀ပ်ကိုးကွယ်ထိုက်သည့် အရှင်မရှိကြောင်းကို ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။) “၀အရှ်ဟဒု အန်န မုဟမ္မဒန် ရစူလွလ္လာဟ်၊ ဝအန်န အီစဗ်နု မရ်ယမ ဟု၀ အဗ်ဒုလ္လာဟိ ၀ရစူလုဟူ” (အဓိပ္ပါယ် - ဧကန်အမှန်ပင် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းနှင့် မရ်ယမ်၏သားတော် အီစာသည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့်…
ခရီးသွားခြင်းဆိုင်ရာ စည်းကမ်းများနှင့် အမိန့်ပညတ်ချက်များ
ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် စကြဝဠာခပ်သိမ်းကို ဖန် ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်သည်။ ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်နှင့် ကိုယ်တော်၏ အိမ်တော်သူ အိမ်တော်သားများ၊ အဆွေ တော်သာဝကကြီးများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။ ချီးမွမ်းထောမနာ မေတ္တာပို့သပြီးနောက် - ဤသည် ခရီးသွားခြင်းဆိုင်ရာ စည်း ကမ်းများနှင့် အမိန့်ပညတ်ချက်များအကြောင်းအကျဉ်း ချုံးတင်ပြထားသော စာအုပ်ငယ်တစ်အုပ်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ဤစာအုပ်ထဲတွင် ခရီး သွားသူတစ်ဦးအ တွက် အများအား ဖြင့်လိုအပ်သော အကြောင်းအရာများကို ရှင်းလင်းတင်ပြရန်…
ဟဂ်ျ၊ အွမ်ရာနှင့် ဇေယာရသ် ပြုလုပ်ခြင်းတို့တွင် တရားတော်နှင့် ဆန့်ကျင်သည့်လုပ်ရပ်များ
အွမ်ရာနှင့်ပတ်သက်သည့် တရားတော်နှင့် ဆန့်ကျင်၍ ကျူး လွန်လေ့ ရှိသည့် လုပ်ရပ်များနှင့် အမှားများ။ (၁) အဲဟ်ရာမ် ပြုလုပ်ရာတွင် လူတို့ကျူးလွန်လေ့ရှိသည့် လုပ်ရပ်များနှင့် အမှားများ။ ၁။ (ဟဂ်ျ သို့မဟုတ် အွမ်ရာ ကျင့်စဉ်) ၏ နီယသ်ကိုစတင်ပြုလုပ်သည့်အခါတွင် သလ်ဗိယဟ်ကို အသံကျယ်လောင်စွာဖြင့်ရွတ်ဆိုမှုမပြုလုပ်ခြင်း။ သလ်ဗိယဟ်ကို အသံကျယ်ကျယ် ရွတ်ဆိုခြင်းသည် စွန္နသ်ဖြစ်သည်။
ဟဂ်ျ၊ အွမ်ရာနှင့် ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ ဖသ်ဝါဓမ္မသတ်ဆုံးဖြတ်ချက်များ၊
ဤဖသ်ဝါဓမ္မသတ်ဆုံးဖြတ်ချက်များအားတို တောင်းသည့် မေးခွန်းများနှင့်အတူ အဖြေများအား အခြေအနေအလိုက် လိုရင်းတိုရှင်းဖြင့် ဆော်ဒီနိုင်ငံရှိ ဖသ်ဝါဓမ္မသတ်ထုတ်ပြန်ခြင်းဆိုင်ရာအမြဲတမ်း ကော်မတီ၏ ဖသ်ဝါပေါင်းချုပ်ကျမ်းမှ ကောက်နှုတ်ရွေးချယ်တင်ပြထားပါသည်။ ၁။ အထွေထွေ ဓမ္မသတ်ဆုံးဖြတ်ချက်များ၊ မေး။ ကျွန်ုပ်၏ ဖခင်သည် ဘဏ်မှ ချေးငွေရယူခဲ့ပါသည်။ သူသည် ထိုငွေဖြင့် အွမ်ရာပြုလုပ်ခွင့်ရှိပါသလား။ အဖြေ။ ဟဂ်ျ၊ အွမ်ရာအား မိမိအတွက်ဖြစ်စေ၊ အခြားသူကိုယ်စားဖြစ်စေပြုလုပ်ရန် ရည်ရွယ်သူသည် မိမိ၏ဟဂ်ျနှင့် အွမ်ရာအတွက် သန့်ပြန့်သည့် အသုံးစရိတ်ကိုသာ ရွေးချယ်ရန်လိုအပ်ပါသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည်…
ဟဂ်ျပြုလုပ်နည်း အကျဉ်းချုပ်
ချီးမွမ်းထောမနာပြုချင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ နဗီတမန်တော်မုဟမ္မဒ်နှင့်ကိုယ်တော် ၏အိမ်တော်သူအိမ်တော်သားများ၊ သာဝကများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာအ ပေါင်းနှင့်ငြိမ်းချမ်းသာယာမှုပေါင်းကျရောက်ပါစေ။ ၎င်းနောက် - ဤစာအုပ်သည် ဟဂ်ျပြုနည်းအကျဉ်း ချုပ်ဖြစ်ပြီး ကျွန်တော့်အနေဖြင့် ဤစာအုပ်တွင် ဟဂ်ျပြုလုပ်မည့်သူတစ်ဦးအတွက် အဓိကလိုအပ်သော အချက်များကို ရှင်းလင်းတင်ပြထားပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤရေးသားမှုကို အရှင်မြတ်နှစ်သက်မှုအတွက်သာ ဖြစ်စေရန်နှင့် ၎င်းအားအကြောင်းခံပြီး မွတ်စ်လင်မ်များအား အကျိုးဖြစ်ထွန်းစေရန်…
صفة الوضوء والصلاة (مرئي)
ကျွန်တော်ဝုဿွူ မည်သို့ပြုရမည်နည်း။ မီးမ် အသံ 1 အဇာန်အသံ 2