အဇာန်၏ စကားလုံးများအား ရှင်းလင်းချက်။
ဘာသာစကားအမျိုးမျိုးဖြင့် အစ္စလာမ့်အကြောင်းအရာများကို ဝန်ဆောင်မှု ပေးသောအသင်း၏ ပညာရေးကော်မတီ
အဇာန်သည် မွတ်စ်လင်မ်တို့ တစ်နေ့လျှင် ငါးကြိမ် ကြားနာရသော အရှင်မြတ်၏ ဖိတ်ခေါ်သံဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်တော်မူခြင်းကို သတိရစေကာ ကောင်းမြတ်သောအရာနှင့် အောင်မြင်မှုဆီသို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ ၎င်းသည် လူသားနှင့် ဖန်ဆင်းရှင်အကြား ဆက်သွယ်မှုပြုသော အခိုက်အတန့်ဖြစ်ပြီး ထိုအချိန်တွင် လောကီ၏ ဆူညံရှုပ်ထွေးမှုများမှ ခွဲထွက်ကာ မိမိ၏အရှင်မြတ်ရှေ့မှောက်၌ ရပ်၍ ဆုတောင်းပတ္ထနာပြုရန်ဖြစ်သည်။ အဇာန်သည် ဆွလာသ်အချိန်ရောက်ရှိကြောင်း အသိပေးကြေညာခြင်း သက်သက်သာမဟုတ်ဘဲ စိတ်နှလုံးအေးချမ်းမှု၊ အီမာန်ယုံကြည်မှုနှင့် အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်မှုကို အသစ်တဖန် ရှင်သန်စေရန် ဖိတ်ခေါ်ချက်ဖြစ်သည်။ အဇာန်သည် အလ္လာဟ်အရှင်မြတ်အား ကြီးကျယ်မြင့်မြတ်ကြောင်း ဖော်ပြခြင်းဖြင့် စတင်ကာ၊ မွတ်စ်လင်မ်တို့ စိတ်အေးချမ်းမှုရရှိရာဖြစ်သော ဆွလာသ်ဝတ်ပြုရန် ဖိတ်ခေါ်ခြင်းဖြင့် အဆုံးသတ်သည့် ကြီးကျယ်မြင့်မြတ်သည့် အဓိပ္ပာယ်များကို ဆောင်ကြဉ်းထားသည်။ အဇာန်ပေးသည့်အခါတိုင်း စစ်မှန်သောဘဝသက်တမ်းသည် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်ခြင်းမှ စတင်ကြောင်း နှလုံးသားထဲ၌ တီးတိုးပြောဆိုနေသည်။
အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။
"အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။"
ကြီးကျယ်မြင့်မြတ်လှသော "အလ္လာဟ်" ဟူသည့် နာမတော်၏ အဓိပ္ပါယ်မှာ ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသောအရှင်ဟူ၍ဖြစ်သည်။ ၎င်းသည် ကြီးကျယ်မြင့်မြတ်တော်မူသော ဖန်ဆင်းရှင်အရှင်မြတ်၏ နာမတော်ဖြစ်ပြီး၊ အခြားသော အရှင်မြတ်၏နာမတော်များအားလုံးသည် ဤနာမတော်၏ နောက်လိုက်များနှင့် ဂုဏ်ပုဒ်များပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း၊ တစ်ပါးတည်းသောအရှင်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မမူ၊ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည် မဟုတ်ပေ။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီများကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။
“အလ္လာဟုအက်ဗရ်” ဟုဆိုခြင်း၏ အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးကျယ်ဆုံးဖြစ်တော်မူပြီး၊ အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှု၊ပြည့်စုံမှုတို့နှင့် မလျော်ညီသောအရာများကို အရှင်မြတ်ထံ ပတ်သတ်ဆက်နွယ်ခြင်းတို့ထက်လည်း ပို၍ အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်။
အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ .. ဤစကားရပ်သည် မွတ်စ်လင်မ်တစ်ဦးအား ဤဘဝသက်တမ်းတွင် မည်သည့်အရာကမျှ မိမိအား ဖန်ဆင်းတော်မူသောအရှင်မြတ်ထံမှ အာရုံမလွှဲစေရကြောင်း သတိပေးနှိုးဆော်ထားပါသည်။ ထို့ပြင် လူသားသည် မိမိ၏ဘဝခရီးကို မိမိ၏ စိတ်အလိုဆန္ဒများနှင့် ရမ္မက်များအတိုင်းမဟုတ်ဘဲ၊ အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်တို့နှင့်အညီ လျှောက်လှမ်းရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် လောကရှိ အရာခပ်သိမ်းထက် အကြီးကျယ်ဆုံး ဖြစ်တော်မူသောကြောင့်ဖြစ်သည်။
"“အလ္လာဟု အက်ဗရ်” ဟူသော အသံကို ကြားသည့်အခါ လက်မှုပညာရှင်သည် မိမိ၏လုပ်ငန်းကို ရပ်နားလိုက်ရမည်။ တောင်သူလယ်သမားသည် မိမိ၏လယ်ထွန်ခြင်းကို ရပ်နားလိုက်ရမည်။ ကုန်သည်သည် မိမိ၏ဆိုင်ကို ပိတ်လိုက်ရမည်။ ဆရာသည် မိမိ၏သင်
ခန်းစာပို့ချမှုကို ရပ်နားလိုက်ရမည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အလုပ်အကိုင်နှင့် လုပ်ဆောင်ချက်ခပ်သိမ်းထက် အကြီးကျယ်ဆုံး ဖြစ်တော်မူသောကြောင့် ဖြစ်သည်။ ဤသို့ ရပ်နားပြီး ခဝပ်ကိုးကွယ်မှုဘက်သို့ လှည့်လာခြင်းသည် မုအ်မင်န်၏ နှလုံးသားထဲတွင် အလ္လာဟ်အရှင်မြတ်သည် လောကီစည်းစိမ် အရာခပ်သိမ်းထက် အကြီးကျယ်ဆုံး ဖြစ်တော်မူကြောင်း သက်သေသာဓကပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဘေးဒုက္ခ အခက်အခဲဟူသမျှနှင့် ဘဝတွင် ကြုံတွေ့ရသည့် မည်သည့်အခြေအနေထက်မဆို အကြီးကျယ်ဆုံး ဖြစ်တော်မူသည်။ ထိုသို့ သက်ဝင်ယုံကြည်သူသည် အကျပ်အ
တည်းများကို သေးငယ်သောအရာအဖြစ်သာ မှတ်ယူမည်ဖြစ်သည်။ ထို့ပြင် ၎င်း၏စိတ်နှလုံးသည်လည်း တည်ငြိမ်အေးချမ်းနေမည်ဖြစ်သည်။ အဘယ်
ကြောင့်ဆိုသော် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီးရ် သတ်မှတ်ချက်အား ကျေနပ်နှစ်သက်သူ၊ ထိုအရှင်မြတ်
၏ ဉာဏ်တော်နှင့် စီမံခန့်ခွဲမှုအပေါ် ယုံကြည်ကိုးစားသူဖြစ်ပြီး အလ္လာဟ်အ
ရှင်မြတ်နှင့်အတူ ရှိနေသောကြောင့်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။
အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။
ဤသည်မှာ ပထမဦးဆုံး သက်သေခံခြင်းဖြစ်သည်။ ၎င်း၏အလိုသဘောမှာ - အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအား ဖန်ဆင်းတော်မူသောအရှင်၊ အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသောအရှင်၊ ပိုင်စိုးတော်မူသောအရှင်၊ စီမံခန့်ခွဲတော်မူသောအရှင်ဖြစ်ကြောင်း ဝန်ခံခြင်းဖြစ်သည်။ ထို့ပြင် ထိုအရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရမည်ဖြစ်ပြီး အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ ခဝပ်ကိုးကွယ်မှု မပြုရကြောင်း၊ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းမှလွဲ၍ စစ်မှန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံယူထိုက်သည့် အရှင်မရှိကြောင်း၊ အရှင်မြတ်သည် တွဲဖက်ယှဉ်တွဲသူကင်းမဲ့သော တစ်ဆူတည်းသောအရှင်မြတ်ဖြစ်ပြီး အရှင်မြတ်၌ သားသမီးမရှိသလို၊ အရှင်မြတ်နှင့်တူညီသောအရာလည်းမရှိကြောင်း ဝန်ခံခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့် ဖန်ဆင်းခံကိုမျှ ခဝပ်ကိုးကွယ်ခြင်း၊ဟစ်ခေါ်တသခြင်းတို့ မပြုလုပ်ရပေ။
ဤသက်သေခံချက်သည် တည်ရှိသမျှတွင် အကြီးမြတ်ဆုံးသော သက်သေခံချက်ဖြစ်ပြီး၊ ကိုးကွယ်ရာအရှင်၏ သတင်းစကားများအားလုံးတွင် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ နူဟ်၊ အစ်ဗ်ရာဟီးမ်၊ မူဆာ၊ အီဆာ မှစ၍ မုဟမ္မဒ်အထိ (၎င်းတို့အပေါ် ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) တမန်တော်အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင် မရှိကြောင်းကို အသိအမှတ်ပြုရန်၊ လက်ခံရန်နှင့် ယုံကြည်ရန် ၎င်းတို့၏လူမျိုးစုများကို ဖိတ်ခေါ်ခဲ့ကြသည်။ ၎င်း(သက်သေခံချက်)သည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းခြင်းများကို ဖန်ဆင်းတော်မူရခြင်း၏ အကြောင်းရင်းဖြစ်သော စကားလုံးဖြစ်သည်။ ၎င်းကို အတည်ပြုရန် တမန်တော်များကို စေလွှတ်တော်မူခဲ့ပြီး၊ ၎င်းကို ရှင်းလင်းပြသရန် ကျမ်းစာများကို ချပေးသနားတော်မူခဲ့သည်။ ၎င်းကို မိမိ၏နှလုံးသားထဲမှ စစ်မှန်စွာ ယူဆောင်လာသူတိုင်းအတွက် ဂျန္နသ်သုခဘုံကို ဆုလာဘ်အဖြစ် သတ်မှတ်ပေးတော်မူပြီး၊ ၎င်းကို ယုံကြည်လျက် သေဆုံးသွားသူများအပေါ် ငရဲမီးကို တားမြစ်ထားတော်မူသည်။
၎င်းသည် အီမာန်ယုံကြည်မှု၏ သော့ချက်၊ လွတ်မြောက်ရာ တံခါးပေါက်၊ သာသနာ၏ အခြေအမြစ်နှင့် သောင်ဟီးဒ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ဤကလိမဟ်တော်အတွက်ကြောင့်ပင် လူသားတို့သည် ၎င်းတို့၏သင်္ချိုင်းများ
မှ ရှင်ပြန်ထမြောက်ကြရမည်ဖြစ်ပြီး ကိယာမသ်နေ့တွင် စစ်ဆေးမေးမြန်းခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ၎င်းအပေါ်၌ ရှင်သန်နေထိုင်ပြီး ၎င်းဖြင့်ပင် မိမိ၏ဘဝကို နိဂုံးချုပ်ခဲ့ပါက ထိုသူသည် ကြီးကျယ်သော အောင်မြင်မှုကို ရရှိခဲ့ပြီဖြစ်သည်။ ထို့ပြင် မည်သူမဆို ၎င်းကို ငြင်းပယ်၍ နှုတ်မှ ရွတ်ဆိုခြင်းမပြုခဲ့ပါက ထိုသူသည် ဂျဟန္နမ်ငရဲဘုံ၌ ထာဝစဉ်နေထိုင်ရန် ထိုက်တန်သူဖြစ်သွားပေမည်။
မုဟမ္မဒ် (ﷺ)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ မုဟမ္မဒ် (ﷺ)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။
မုဟမ္မဒ် (ﷺ)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။
ဤသက်သေခံခြင်း၏ အလိုသဘောမှာ မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အလ္လာဟ်အရှင်မြတ်သည် တမန်တော် မုဟမ္မဒ်အား အလ္လာဟ်အရှင်မြတ်၏ ရိစာလသ်သတင်းစကားများကို အဆုံးသတ်သည့် နောက်ဆုံး တမန်တော်အဖြစ်လည်းကောင်း၊ လူသားတို့ထံ ၎င်းတို့၏အရှင်မြတ်ထံမှ သတင်းစကားကို ပို့ဆောင်ပေးသူအဖြစ်လည်းကောင်း စေလွှတ်တော်မူကြောင်း သက်သေခံခြင်းဖြစ်သည်။ ထို့ပြင် မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ပြတ်သားစွာ ယုံကြည်ရမည်မှာ ရစူလ်တမန်တော် (ﷺ) အား တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ တမန်တော်မြတ်အား လိုက်နာကျင့်သုံး၍ စံနမူနာယူခြင်းနှင့် ရစူလ်တမန်တော် မုဟမ္မဒ် (ﷺ) ပို့ဆောင်ပေးခဲ့သည့် ‘ရှရီအသ်’ တရားလမ်းစဥ်အတိုင်း အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းမှတစ်ပါး အလ္လာဟ်အရှင်မြတ်အား ‘အိဗာဒသ်’ ပြုလုပ်ရန်နှင့် အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကို ရရှိရန် အခြားမည်သည့်လမ်းကြောင်းမျှမရှိပေ။ ထို့အတူ လူသားက ဆည်းကပ်ပြုလုပ်သော မည်သည့် 'အိဗာဒသ်' ခဝပ်ကိုးကွယ်မှုမျိုးမဆို တမန်တော်မြတ်က ပို့ဆောင်ပေးခဲ့ခြင်းမရှိပါက ၎င်းသည် မှားယွင်းသော ခဝပ်ကိုးကွယ်မှုသာဖြစ်သည်။ ၎င်းသည် ကျင့်သုံးသူအား ဒွန်ယာလောကနှင့် အာခိရသ်နောင်တမလွန်တွင် အကျိုးပြုမည်မဟုတ်ပေ။ ထို့ပြင် ယင်းအတွက် စစ်ဆေးမေးမြန်းခံရမည့်အပြင် ပြစ်ဒဏ်ပါခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရစူလ်တမန်တော်မြတ် (ﷺ) ပို့ဆောင်ပေးခဲ့သည့် တရားလမ်းစဉ်ဖြင့်မဟုတ်ဘဲ အခြားနည်းလမ်းဖြင့် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခဲ့သောကြောင့်ဖြစ်သည်။
ယင်းသက်သေခံခြင်းတွင် ရစူလ်တမန်တော်(ﷺ)သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် စကြဝဠာခပ်သိမ်းကို မွေးမြူတော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း ပါဝင်သည်။ ထို့ပြင် ရစူလ်တမန်တော်(ﷺ)သည် တမန်တော်များ(အလိုင်းဟိမွစ္စလာမ်)အနက် နောက်ဆုံး ရစူလ်တမန်တော်ဖြစ်ကြောင်းနှင့် ကိုယ်တော်၏
နောက် ထပ်မံပွင့်ပေါ်လာမည့် နဗီတမန်တော် မရှိတော့ကြောင်းတို့လည်း ပါဝင်သည်။ အလားတူပင် ကိုယ်တော်ယူဆောင်လာခဲ့သည့် သက်သေလက္ခဏာရပ်များအားလုံးနှင့် ယင်းတို့အနက် အကြီးမားဆုံးဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို အီမာန်သက်ဝင်ယုံကြည်ခြင်းလည်း ပါဝင်သည်။ ထိုကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးသဝဏ်လွှာဖြစ်ပြီး ကျရောက်ခဲ့သည့် မူရင်းဘာသာစကားအတိုင်း ယနေ့တိုင် တည်ရှိနေကာ ဖြည့်စွက်ခြင်း၊ လျော့ပါးခြင်းနှင့် ပြုပြင်ပြောင်းလွဲခြင်းတို့မှ လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရပေသည်။ ဤကုရ်အာန်ကျမ်းမြတ်အား ၎င်း၏ အလွန်ပင်လှပသော အရေးအသား၊ အမိန့်ပညတ်ချက်များနှင့် တရားလမ်းညွှန်ချက်များတွင် မည်သည့်အရာကမျှ ယှဉ်ပြိုင်၍မရနိုင်ပေ။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ယင်းကုရ်အာန်ကျမ်းမြတ်၌ပါရှိသော စူရဟ်ကဲ့သို့ စူရဟ်ကဏ္ဍတစ်ခုမျှပင်ဖြစ်စေ ယူဆောင်လာ၍ လာရောက်ယှဉ်ပြိုင်ကြရန် စိန်ခေါ်ထားတော်မူသည်။ သို့သော် ၎င်းတို့သည် နှစ်ကာလများစွာ ကြာမြင့်လာသည့်တိုင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ ယနေ့အချိန်ထိတိုင်အောင်လည်း လူသားတို့သည် ထိုသို့ယှဉ်ပြိုင်ရန် မတတ်စွမ်းနိုင်ကြသေးပေ။
ထိုသက်သေခံချက်တွင် ရစူလ်တမန်တော်မြတ်(ﷺ)သည် မိမိ၏အလျင် အစ်ဗ်ရာဟီးမ်၊ မူစာနှင့် အီစာ(အလိုင်းဟစ်စလာမ်)တို့ ပြုလုပ်ခဲ့သကဲ့သို့ပင် လူသားတို့အား သောင်ဟီးဒ်တရားဘက်တော်သို့ ပြန်လည်ခေါ်ဆောင်ရန်သာလျှင် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်သည်။ ကိုယ်တော်သည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ပြီး နဗီတမန်တော်အပေါင်းတို့သည် မိမိတို့အရှင်မြတ်၏ ရိစာလသ်များကို ပို့ချရာတွင် လျှောက်လှမ်းခဲ့သည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့သည်။ သို့ရာတွင် ကိုယ်တော်၏
နောက်တွင် မည်သည့်နဗီတမန်တော်မျှ ထပ်မံပွင့်ပေါ်ရန် မရှိတော့ပေ။
ဆွလာသ်ဝတ်ပြုရန် လာကြလေကုန်။
ဆွလာသ်ဝတ်ပြုရန် လာကြလေကုန်။
ဆွလာသ်ဝတ်ပြုရန် လာကြလေကုန်။
ဤဝါကျ၏ အဓိပ္ပါယ်မှာ- အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းဘက်သို့ လာကြလေကုန်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၍ ပြစ်မှုများကို ခွင့်လွှတ်တော်မူ၏။
မွတ်စလင်မ်အုပ်စုတစ်စုရှိသည့် နေရာတိုင်းတွင် ဖိတ်ခေါ်သံကို ကြေညာရန်နှင့် 'အသင်တို့၏အရှင်မြတ်အား ခဝပ်ကိုးကွယ်ရန် လာရောက်ကြကုန်၊ ရှေးရှုလာကြကုန်' ဟုဆိုကာ ၎င်းတို့အား နေ့စဉ် ငါးကြိမ်တိုင်တိုင် ဖိတ်ခေါ်ရန်အတွက် အလ္လာဟ်အရှင်မြတ်သည် လူသားတစ်ဦးအား အမိန့်ပေးတော်မူခြင်းမှာ အလွန်ပင် ကြီးကျယ်လှသည့် ဂုဏ်ကျက်သရေတစ်ရပ် ဖြစ်ပေသည်။
ဤသည်ကား မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့၏ဖန်ဆင်းရှင်အား ခဝပ်ကိုးကွယ်မှုပြုရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ဖိတ်ခေါ်သံနှင့် သတိပေးနှိုးဆော်ချက်ဖြစ်သည်။ ၎င်းတို့အနေဖြင့် လောကီရေးရာများတွင် နှစ်မွန်းစေသောအရာများကို စွန့်လွှတ်ကာ ခဝပ်ကိုးကွယ်မှုဘက်သို့ လာရောက်ကြရန်နှင့်၊ မိမိတို့လက်ဝယ်ရှိ ကုန်သွယ်ရေး သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းများကို ထားရစ်၍ အလ္လာဟ်အရှင်မြတ်ထံတော်သို့ ဦးလှည့်ကြရန်ဖြစ်သည်။ ဤသည်မှာ အီမာန်ယုံကြည်မှု မှန်ကန်ခြင်း၏ သက်သေအထောက်အထားဖြစ်ပြီး، ၎င်းသည် လောကီစည်းစိမ်အပေါင်းထက် ဦးစားပေးရမည်ဖြစ်ကြောင်းပင် ဖြစ်သည်။
ဧကန်အမှန်ပင် ၎င်းသည် လူသားများအား ဆွလာသ်ဝတ်ပြုမှုဘက်သို့
ဖိတ်ခေါ်သည့် ဖိတ်ခေါ်သံဖြစ်သည်။ ယင်း(ဆွလာသ်ဝတ်ပြုမှု)သည် ကျေး ကျွန်နှင့်၎င်း၏ ဖန်ဆင်းရှင်အရှင်မြတ်အကြား တိုက်ရိုက်ဆက်သွယ်မှုဖြစ်သည်။ ဧကန်အမှန်ပင် ၎င်းသည် လူတန်းစားခွဲခြားမှုကို ဖြိုဖျက်ပေးပြီး ၎င်းတို့၏ အရှင်မြတ်ရှေ့တော်မှောက်တွင် လူသားများအား တန်းတူညီမျှဖြစ်စေသော အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။
အောင်မြင်မှုဘက်သို့ လာကြလေကုန်။ အောင်မြင်မှုဘက်သို့ လာကြလေကုန်။
အောင်မြင်မှုဘက်သို့ လာကြလေကုန်။
အောင်မြင်မှု၏ ဆိုလိုရင်းမှာ လောကီဘဝနှင့် နောင်တမလွန်ဘဝတွင် ကျေနပ်နှစ်သက်မှု၊ အောင်မြင်ခြင်း၊ ဘေးကင်းလုံခြုံခြင်းနှင့် လွတ်မြောက်ခြင်းတို့ကို ရရှိခြင်း၊ ထာဝရချမ်းသာသုခကို ရရှိခြင်းနှင့် မှန်ကန်သောလမ်းစဉ်သို့ လမ်းညွှန်မှုရရှိခြင်းတို့ ဖြစ်သည်။
၎င်း၏ အလိုသဘောအဓိပ္ပါယ်များတွင် အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုကို ရရှိခြင်း၊ ဂျန္နသ်သုခဘုံကို ရရှိခြင်းနှင့် ဂျဟန္နမ်ငရဲဘုံမှ လွတ်မြောက်ခြင်းတို့ ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် အကြင်သူသည် သက်ဝင်ယုံကြည်ခဲ့ပြီး ဆွလာသ်ဝတ်ပြုခဲ့ပါက၊ ဧကန်စင်စစ်ထိုသူသည် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင်ဖြစ်သည်။ ထို့ပြင် အောင်မြင်မှုကို ဆွတ်ခူးရရှိသူသည် လွတ်မြောက်မည်ဖြစ်ပြီး ဂျန္နသ်သုခဘုံတွင်အမြဲထာဝရနေထိုင်ခွင့်ရကာ အောင်မြင်မှုရရှိမည်ဖြစ်သည်။
ဧကန်အမှန်ပင် မုအဇ်ဇင်န်သည် ဆွလာသ်တိုင်းတွင် မုအ်မင်န်များအား ဘေးကင်းလုံခြုံမှုနှင့် ငြိမ်းချမ်းမှု၊ စိတ်နှလုံးအေးချမ်းမှု၊ ဝိညာဉ်သန့်စင်မှုနှင့် ဒွန္နယာနှင့် အာခိရသ်၏ ချမ်းသာသုခများဆီသို့ လာရောက်ကြရန် သတိပေးသည်။
အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။
အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်ဟူ၍အလျဉ်း မရှိ။
သက်ဗီရ်နှင့် သောင်ဟီးဒ်ဖြင့် နိဂုံးချုပ်ခြင်း
အဇာန်ကို "အလ္လာဟုအက်ဗရ်" စာသားအား ထပ်ခါတလဲလဲ ရွတ်ဆိုခြင်းနှင့် "လာအိလာဟ အစ်လ္လလ္လာဟ်" အား အလေးအနက်ထား ဖော်ပြခြင်းဖြင့် အဆုံးသတ်ထားသည်။ ဤဝါကျနှစ်ခုသည် ယခင်အဓိပ္ပါယ်များကို အလေးအနက်ထား ဖော်ပြခြင်းဖြစ်ပြီး လူသားတို့၏ တည်ရှိမှုသည် ၎င်းတို့အပေါ်၌သာ အခြေခံတည်မှီနေပေသည်။ လူသားသည် ၎င်းကို သဘောပေါက်သည်ဖြစ်စေ၊ သဘောမပေါက်သည်ဖြစ်စေ၊ သိရှိသည်ဖြစ်စေ၊ မသိရှိသည်ဖြစ်စေ၊ ဤအမှန်တရားသည် စကြဝဠာနှင့် တည်ရှိမှုဆိုင်ရာ အမှန်ကန်ဆုံးသော အမှန်တရားပင်ဖြစ်ပေသည်။ အမှန်စင်စစ် ကြီးမားလှသော အမှန်တရားများသည် လူအချို့၏ မသိနားမလည်မှုကြောင့် ထိခိုက်နစ်နာသွားမည်မဟုတ်ပေ။ အချိန်ကာလ မည်မျှပင် ကြာညောင်းပါစေ၊ အဖြစ်အပျက်များ မည်မျှပင် ဆက်တိုက်ဖြစ်ပေါ်နေပါစေ ဤအမှန်တရားသည် ပြောင်းလဲသွားမည်မဟုတ်ပေ။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ထက် ကြီးကျယ်မြင့်မြတ်တော်မူသောအရှင်ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဖြစ်ပြီး ထိုအရှင်မြတ်တစ်ပါးတည်းသာလျှင် ခဝပ်ကိုးကွယ်မှုကို အမှန်တကယ်ခံထိုက်တော်မူသည့်အရှင်ဖြစ်ကြောင်းနှင့် ထိုအရှင်မြတ်မှအပ အခြားအရာများအား ခဝပ်ကိုးကွယ်ခြင်းသည် မှားယွင်းမှုသာဖြစ်ကြောင်း ဟူသောအချက်ပင်ဖြစ်သည်။
၎င်းသည် အလ္လာဟ်အရှင်မြတ် ကြီးကျယ်မြင့်မြတ်စေတော်မူသောအရာများကို ကြီးကျယ်မြင့်မြတ်မှုပေးရန်နှင့် အလ္လာဟ်အရှင်မြတ်သည် မိမိကိုယ်တော်တိုင်နှင့်ပတ်သက်၍ သက်သေခံတော်မူခဲ့သည့်အတိုင်းလည်းကောင်း၊ တမန်တော်မြတ်များ (အလိုင်ဟိမွတ်စ်စလာမ်)က အရှင်မြတ်အတွက် သက်သေခံခဲ့ကြသည့်အတိုင်းလည်းကောင်း၊ သက်ဝင်ယုံကြည်သူများက သက်သေခံခဲ့ကြသည့်အတိုင်းလည်းကောင်း အရှင်မြတ်အတွက် သက်သေခံရန် ဖိတ်ခေါ်ချက်တစ်ရပ်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့်- အဇာန်သည် ဆွလာသ်ဝတ်ပြုမှုအတွက် သာမန်ဖိတ်ခေါ်မှုသက်သက်မဟုတ်ဘဲ အောင်မြင်မှု၊ အကျိုးခံစားခွင့်နှင့် ကြီးပွားတိုးတက်မှုတို့အတွက် ဖိတ်ခေါ်ချက်တစ်ခုဖြစ်သည်။ ၎င်းသည် နှလုံးသားများကို နိုးကြားစေရန် ဗလီဝတ်ကျောင်းတော်များ၌ နေ့စဉ် ငါးကြိမ်တိုင်တိုင် ပဲ့တင်ထပ်နေသော သတင်းစကားဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အနီးအနား၌ပင်ရှိတော်မူကြောင်း၊ စိတ်နှလုံးအေးချမ်းမှုဆိုသည်မှာ ရရှိနိုင်သည့်အရာဖြစ်ကြောင်းနှင့် အောင်မြင်မှုဆီသို့ သွားရာလမ်းသည် ဆွလာသ်ပြုခြင်းနှင့် ဖန်ဆင်းခံကျွန်နှင့် ဖန်ဆင်းတော်မူသောအရှင်တို့အကြား ဆက်သွယ်မှုမှ စတင်ကြောင်းကို ကျွန်ုပ်တို့အား သတိရစေရန်ဖြစ်သည်။
ထို့ကြောင့် မုအတ်ဇ်ဇင်နှင့်အတူ လိုက်ဆိုပါ- အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိပါ။ သောင်ဟီးဒ် (တစ်ဆူတည်းဖြစ်တော်မူခြင်း) သက်သေခံချက်ကို ရွတ်ဆိုပါ၊ အလ္လာဟ်အရှင်မြတ်သည် မိမိကိုယ်တော်တိုင်အတွက် သက်သေခံတော်မူခဲ့သည့်အရာနှင့် အရှင်မြတ်၏ တမန်တော်များ ယူဆောင်လာသော အမှန်တရားကို သက်သေခံပါ။ သို့မှသာ သင်သည် အောင်မြင်သူများနှင့် တစ်ဆူတည်းသောအရှင်ကို ယုံကြည်ကိုးကွယ်သော မွတ်စ်လင်များအနက်မှ ဖြစ်လာမည်ဖြစ်သည်။
အီမာန်သက်ဝင်ယုံကြည်မှုအတွက် အသင့်နှလုံးသားကို ဖွင့်လှစ်လိုက်ပါ။ ထို့နောက် “အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့်တမန်တော်မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါ၏” ဟု ရွတ်ဆိုလိုက်ပါ။ သို့မှသာလျှင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး၊ လောကီဘဝ၌ အေးချမ်းသာယာမှုနှင့် တမလွန်ဘဝ၌ လွတ်မြောက်အောင်မြင်မှုကို ရရှိမည်ဖြစ်သည်။ ထို့ပြင် ကိယာမသ်နေ့တွင်လည်း မုအ်မင်န်သက်ဝင်ယုံကြည်သူများ၏ အုပ်စု၌ ရှင်ပြန်ထမြောက်စေခြင်း ခံရပေမည်။