Skip to content
صفة الوضوء والصلاة (مرئي)

صفة الوضوء والصلاة (مرئي)

ကျွန်တော်ဝုဿွူ မည်သို့ပြုရမည်နည်း။ မီးမ် အသံ 1 အဇာန်အသံ 2

Language: lang_my
Prepared by:
Version: 1.0

ကျွန်တော်ဝုဿွူ မည်သို့ပြုရမည်နည်း။

မီးမ်

အသံ

1

အဇာန်အသံ

2

{အို -‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုရန်ထကြသောအခါ မိမိတို့၏မျက်နှာများကိုလည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ထိုနည်းတူစွာ အသင်တို့၏ ဦးခေါင်းများကို ပွတ်သပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်)။ }

[စူရဟ် မာအိဒဟ် - ၆]

3

ဝူဿွူမပါလျှင် ဆွလာသ်အထမြောက်မည်မဟုတ်ပါ၊ ရည်စူးချက်မပါလျှင်ဝူဿွူအထမြောက်မည်မဟုတ်ပါ၊ (အိခ်လာဆ်ွ) အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်မဖြစ်ပါက ရည်စူးချက် အထမြောက်မည်မဟုတ်ပါ၊ ရည်စူးချက်ပြုရမည့် နေရာသည် နှလုံးသားပင်ဖြစ်ပြီး နှုတ်လျှာမဟုတ်ပါ။

4

အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

ဝူဿွူ၏ အစတွင် (ဗိစ်မိလ္လာဟ်)ဆိုရန် ပြဌာန်းထားသည်။ (ဗိစ်မိလ္လာဟ်)ဖြင့်သာ ကျွန်တော်တို့၏ ဝူဿွူကို စတင်ရမည်။ ထို့နောက် လွယ်ကူပါက ခံတွင်းသန့်ရှင်းစေရန်အတွက် (မိစ်ဝါက်) တံပူတိုက်ရမည်။

5

လက်နှစ်ဖက်ကို သုံးကြိမ်ဆေးကြောရမည်။ လက်ချောင်းထိပ်ဖျားများမှ စတင်ကာ လက်ကောက်ဝတ်အထိ ဆေးကြောရမည်။

6

လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိ သုံးကြိမ် တစ်ဆက်တည်း ဆေးကြောရမည်။

7

ညာဘက်လက်ကို သုံးကြိမ် စတင်ဆေးကြောပြီး နောက် ဘယ်ဘက်လက်ကို သုံးကြိမ်ဆေးကြောရမည်။

8

ထို့အတူ ညာဘက်လက် ဆေးပြီးနောက် ဘယ်ဘက်လက် ထို့နောက် ညာဘက်လက် ထို့နောက် ဘယ်ဘက်လက် စသည်ဖြင့် တစ်လှည့်စီ ဆေးကြောခွင့်ရှိသည်။

9

လက်ချောင်းများကြားသို့ ရေရောက်အောင် သေချာစွာ ပြုလုပ်ပါ။

10

ပြီးနောက် ပလုတ်ကျင်းခြင်း၊ နှာခေါင်းထဲသို့ ရေထည့်ခြင်းပြုလုပ်ရမည်။

11

ပလုတ်ကျင်းသည်ဆိုသည်မှာ ပါးစပ်ထဲသို့ရေထည့်ကာ လှုပ်ခတ်ဆေးကြောပြီး ထွေးထုတ်လိုက်ခြင်းဖြစ်သည်။

12

နှာခေါင်းထဲသို့ ရေထည့်ခြင်းဆိုသည်မှာ ရေကို နှာခေါင်းထဲသို့ ရှုသွင်းလိုက်ပြီးနောက် ဘယ်လက်ဖြင့် ညှစ်ထုတ်လိုက်ခြင်းဖြစ်သည်။

13

ဆွိယာမ် စောင့်ထိန်းထားသူ (သို့) ဆိုးကျိုးတစ်ခုခုဖြစ်မည်ကို စိုးရိမ်ရသူ မဟုတ်ပါက ထိုနှစ်ခုကိုပြုလုပ်သည့်အခါ ရေကို အတွင်းသို့ရောက်အောင် ပြုလုပ်ခြင်း စွန္နသ်ဖြစ်သည်။

14

ပလုတ်ကျင်းခြင်းနှင့် နှာခေါင်းထဲသို့ ရေထည့်ခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် ပြုနိုင်သည်။

15

တစ်ဆက်တည်းပြုခြင်း - လက်ခုပ်တစ်ခုစာ ရေယူပြီး တစ်ဝက်ကို ပလုတ်ကျင်းပြီး ကျန်တစ်ဝက်ကို နှာခေါင်းတွင်းသို့ ထည့်မည်။

ပါးစပ်ထဲတွင် ရေကိုလှုပ်ခတ်ကာ ပြန်ထွေးလိုက်ပြီးနာက် နှာခေါင်းထဲသို့ ထည့်ထားသည့်ရေအား ဘယ်လက်ဖြင့် ညှစ်ထုတ်လိုက်ရမည်။

ဤအတိုင်းပင် ကျွန်တော်တို့သည် လက်ခုပ်ဖြင့် ရေသုံးခါယူပြီး သုံးကြိမ် ပြုလုပ်ရမည်။

16

သီးခြားစီပြုခြင်း - ပလုတ်ကျင်းရန်အတွက်သာ ရေသီးသန့်ယူပြီး နှာခေါင်းထဲသို့ ထည့်ရန်အတွက် နောက်တစ်ကြိမ် ရေထပ်ယူခြင်းဖြစ်သည်။ လက်ခုပ်တစ်ခုစာ ရေကိုယူကာ ပါးစပ်ထဲသို့ အကုန်ထည့်ပြီး ရေကိုလှုပ်ခတ်ကာ ပြန်ထွေးလိုက်ရမည်။ ပြီးနောက် ဒုတိယအကြိမ် လက်ခုပ်တစ်ခုစာ ရေယူ၍ နှာခေါင်းထဲသို့ ထည့်ကာဆေးကြောပြီး ဘယ်လက်ဖြင့် ညှစ်ထုတ်လိုက်ရမည်။

17

ပလုတ်ကျင်း၍ နှာခေါင်းတွင်း ရေထည့်ပြီးနောက် မျက်နှာဆေးကြောရမည်။

18

မျက်နှာ၏အလျားမှာ - ဦးခေါင်းတွင် ပုံမှန်ဆံပင်ထွက်သည့် နေရာ (နဖူးဆံစ)မှ မေးစေ့အဆုံးထိဖြစ်တယ်။ မျက်နှာ၏အနံမှာ - တစ်ဖက်နားရင်းမှ တစ်ဖက်နားရင်းအထိ ဖြစ်တယ်။

19

မျက်နှာပေါ်ရှိ အမွေးမျှင်များ အားလုံးကိုဆေးကြောရန် တာဝန်ရှိသည်။ ဥပမာပါးလွှာသော မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ မျက်တောင်မွေး၊ (အန်ဖကဟ်) နှုတ်ခမ်းအောက် ပေါက်နေသည့် အမွေးမျှင်စသည်တို့ဖြစ်သည်။

20

မျက်နှာဆေးကြောခြင်းကို နည်းလမ်နှစ်မျိုးဖြင့် ပြုလုပ်နိုင်သည်။

21

ပထမနည်းလမ်း - လက်နှစ်ဖက်ဖြင့် ရေယူပြီး လက်နှစ်ဖက်စလုံးဖြင့် ဦးခေါင်းတွင် ပုံမှန်ဆံပင်ထွက်သည့် နေရာ (နဖူးဆံစ)မှ မေးစေ့အဆုံးထိ၊ တစ်ဖက်နားရင်းမှ တစ်ဖက်နားရင်းထိ မျက်နှာတစ်ခုလုံးကို ဆေးကြောရမည်။ အကယ်၍ မုတ်ဆိတ်မွေးထူပါက အောက်မေးရိုးထိရေရောက်ရန် လက်ချောင်းများဖြင့် မုတ်ဆိတ်မွေးများကြား ထိုးသွင်းပေးခြင်း စွန္နသ်ဖြစ်သည်။

ဤကဲ့သို့ သုံးကြိမ်ပြုခြင်းသည် အပြည့်ဝဆုံးဖြစ်ပြီး နှစ်ကြိမ်ပြုခွင့်လည်းရှိသည်။ တစ်ကြိမ်ပြုရန်မှာ“ဖရ်ဿွ်”မပြုမနေရ တာဝန်ဖြစ်သည်။

22

ဒုတိယနည်းလမ်း - ညာလက်ဖြင့်သာ ရေယူ၍ မျက်နှာပေါ်လောင်းပြီး လက်နှစ်ဖက်ဖြင့် မျက်နှာတစ်ခုလုံးကို ပထမနည်းလမ်းအတိုင်း ဆေးကြောပါ။ ဤအတိုင်း သုံးကြိမ်ပြုလုပ်ရမည်။

23

ဝူဿွူပြုရမည့် အစိတ်အပိုင်းများကို အစဉ်လိုက် ဆေးကြောရန်နှင့် တစ်ခုပြီး တစ်ခု တစ်ဆက်တည်း ဆေးကြောရန် ဝါဂျစ်ဗ် ဖြစ်သည်။ အစဥ်အလိုက်မဟုတ်ဘဲ အစိတ်အပိုင်းတစ်ခု ဆေးရမည့်နေရာ၌ အခြားအစိတ်အပိုင်းတစ်ခုကို ကျော်၍ မဆေးရ။ အစိတ်အပိုင်းတစ်ခုနှင့် တစ်ခုအကြား ကြန့်ကြာနေခြင်းလည်း မဖြစ်စေရ။

24

မျက်နှာဆေးကြောပြီးနောက် လက်နှစ်ဖက်ကိုဆေးကြောရမည်။

25

လက်နှစ်ဖက်ကို ဆေးကြောရမည့် “ဖရ်ဿွ်”အတိုင်းအတာမှာ - လက်နှစ်ဖက်စလုံးကို လက်ချောင်းများ၏ ထိပ်ဖျားမှ စ၍ တံတောင်ဆစ်အပါအဝင် ဆေးကြောခြင်းဖြစ်သည်။

26

ကျွန်ုပ်တို့သည် ညာလက်ကို လက်ချောင်းများ၏ ထိပ်ဖျားမှ စတင်ဆေးကြောရမည်။လက်နှစ်ခုအကြား လက်ချောင်းများကိုရောယှက်၍ ရေဝင်အောင်လုပ်ရမည်။ပြီးနောက်တံတောင်ဆစ်အထိ ရေရောက်အောင် ဆေးကြောရမည်။

မီးမ်

ပြီးနောက် ဘယ်လက်ကို ဆေးကြောရမည်။လက်ချောင်းများ၏ ထိပ်အဖျားမှစတင်ဆေးကြောပြီး လက်နှစ်ဘက်ရှိ လက်ချောင်းများကို ရောယှက်၍ ရေဝင်အောင်လုပ်ပြီးတံတောင်ဆစ်အထိ ရေရောက်အောင် ဆေးကြောရမည်။

28

ပြီးနောက် ဦးခေါင်းတစ်ခုလုံးအား “မစဟ်”ပြုပွတ်သပ်ရမည်။ ရေအသစ်ယူ၍ လက်နှစ်ဖက်ကို စွတ်စိုအောင်ပြုလုပ်ကာ ရေစွတ်ထားသော လက်နှစ်ဖက်ဖြင့် ဦးခေါင်းအရှေ့မှ လည်ကုပ်အဆက်ထိ ပွတ်သပ်ပြီး တစ်ဖန်ပြန်၍ ပထမ စတင်ခဲ့သည့်နေရာ အရှေ့သို့ ပွတ်သပ်ရမည်။ ဦးခေါင်းကို မစဟ် ပြုရမည့် အတိုင်းတာသည် ဦးခေါင်းထိပ်ဆံပင်မရှိသူနှင့် ဆံပင်ရှိသူကြား မည်သည့်ကွာခြားချက်မျှမရှိပါ။

29

ဦးခေါင်းကို မစဟ် ပြုပြီးနောက် ကျန်ရှိသောရေဖြင့် နားရွက်နှစ်ဖက်ကို မစဟ်ပြု ပွတ်သပ်ရမည်။ ၎င်းကိုတစ်ကြိမ်သာ ပြုလုပ်ရမည်။

30

နားရွက်နှစ်ဖက်အား မစဟ် ပွတ်သပ်နည်းမှာ လက်ညိုးကို နားပေါက်ထဲသို့ ထည့်ကာ ပွတ်သပ်ပြီး နားနှစ်ဖက်၏ အပြင်ပိုင်းကို လက်မဖြင့် ပွတ်သပ်ရမည်။ဤသို့ဖြင့် နားရွက်နှစ်ဖက်စလုံး၏ အပြင်ပိုင်းနှင့် အတွင်းပိုင်းကို ပွတ်သပ်ပြီးသားဖြစ်သွားမည်။

31

ထို့နောက် ခြေထောက်နှစ်ဖက်ကို ဆေးကြောရမည်။ ခြေထောက်နှစ်ဖက်အား ဆေးကြောရမည့် ဖရ်ဿ်ွ အတိုင်းအတာမှာ- ခြေချောင်းများ၏ထိပ်ဖျားမှ ခြေမျက်စိနှစ်ဖက်အထိဖြစ်သည်။ ခြေဖနောင့် နှစ်ခုစလုံးကိုဆေးကြောရန် ဖရဿ်ွ မပြုမနေရ တာဝန်ဖြစ်သည်။

32

ညာဘက် ခြေထောက်မှစတင်ပြီး ခြေချောင်းများ၏ကြားသို့ ရေရောက်အောင်ပြုရမည်။ ခြေဖနောင့်နှစ်ဖက်နှင့် ခြေဖမိုးနှစ်ဖက်ကို ဂရုတစိုက် ဆေးကြောရမည်။

33

ပြီးနောက် ညာခြေကို ဆေးကြောခဲ့သည့်အတိုင်း ဘယ်ခြေကို ဆေးကြောရမည်။ ခြေချောင်းများကြား ရေရောက် အောင်ပြုလုပ်ရန် သတိထားရမည်။ ၎င်းပြင် ခြေဖနောင့် တစ်ခုလုံးအား ဆေးကြောရန်နှင့် ခြေမျက်စိနှစ်ဖက်ကို ရေရောက်စေရန် အလေးထားရမည်။

34

ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ပါးတည်းသောအရှင် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ် သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုကျွန်တော်မျိုး သက်သေခံပါသည်။

35

ဝုဿွူပြုပြီးနောက် ဇိက်ရ်နှင့် ဒုအာဆိုခြင်း စွန္နသ်ဖြစ်သည်။ ယခု တင်ပြထားသည့် ဒုအာများအနက် တစ်ခုခုကို ထပ်ဆိုခြင်း စွန္နသ်ဖြစ်သည်။

36

‘အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အလွန့်အလွန် သောင်ဗဟ် ဝန်ချတောင်းပန်သူများအနက်မှလည်းကောင်း၊ သန့်ရှင်းစင်ကြယ်သူများအနက်မှလည်းကောင်း ပြုလုပ်ပေးတော်မူပါ။’

37

(သို့မဟုတ်)

‘အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါသည် အသင်အရှင်မြတ်သည်သာလျှင် ချီးမွမ်းခြင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။ အရှင်မြတ်မှအပ အခြား ခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။ အရှင်မြတ်ထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော်မျိုး တောင်းခံပါ၏။ ၎င်းအပြင် အရှင်မြတ်ထံတော်၌ ကျွန်တော်မျိုး ဝန်ချတောင်းပန်နေပါ၏။’

မီးမ်

ဖန်သားပြင်ပေါ်တွင် ရေသားထားသည့် စာသားများ။

1

ကျွန်တော်ဝုဿွူ မည်သို့ပြုရမည်နည်း။

2

{အို -‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုရန်ထကြသောအခါ မိမိတို့၏မျက်နှာများကိုလည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ထိုနည်းတူစွာ အသင်တို့၏ ဦးခေါင်းများကို ပွတ်သပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်)။ }

[စူရဟ် မာအိဒဟ် - ၆]

3

လက်နှစ်ဖက်ကို လက်ကောက်ဝတ်ထိဆေးကြောရမည်။

4

ပလုတ်ကျင်းခြင်း၊ နှာခေါင်းတွင်း ရေထည့်ခြင်း။

5

တစ်ဆက်တည်းပြုခြင်း။

6

သီးခြားစီပြုခြင်း။

7

မျက်နှာဆေးကြောခြင်း။

8

ပထမအကြိမ်။

9

ဒုတိယအကြိမ်။

10

နိယသ်ပြုခြင်း၊ ဗိစ်မိလ္လာဟ်ဆိုခြင်း။

11

လက်နှစ်ဖက်ကို လက်ကောက်ဝတ်ထိဆေးကြောရမည်။

12

ပလုတ်ကျင်းခြင်း။

13

နှာခေါင်းတွင်း ရေထည့်ခြင်း။

14

မျက်နှာဆေးကြောခြင်း။

15

လက်နှစ်ဖက်ကို တံတောင်ဆစ် အပါအဝင် ဆေးကြောခြင်း။

16

ဦးခေါင်းနှင့် နားရွက်နှစ်ဖက်ကို မစဟ်ပြု ပွတ်သပ်ခြင်း။

17

ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင်ဆေးကြောခြင်း။

18

လက်နှစ်ဖက်ကိုဆေးကြောခြင်း။

19

ဦးခေါင်းအား မစဟ်ပြုပွတ်သပ်ခြင်း။

20

ဦးခေါင်းအား စတင်ရမည့်နေရာမှာ- နဖူးဆံစ၊ ဦးခေါင်းတွင် ပုံမှန်ဆံပင်ထွက်သည့် နေရာဖြစ်သည်။

21

ဦးခေါင်း၏ အဆုံးမှာ- လည်ကုပ်အစပ် ဆံပင်ပေါက်သည့်နေရာ အဆုံးဖြစ်သည်။

22

နားရွက်နှစ်ဖက်အား မစဟ် ပွတ်သပ်ခြင်း။

23

ခြေထောက်နှစ်ဖက်ကို ဆေးကြောခြင်း။

24

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

((ရေမစိုဘဲ ကျန်ရှိနေသော)ခြေဖနောင့်များအတွက် ဂျဟန္နမ်မီး၏ အဇာဗ်ပြစ်ဒဏ်ရှိ၏။ အသင်တို့ဝုဿွူကို ပြီးပြည့်စုံအောင်ပြုကြလေကုန်။)

(အဗူဒါဝူးဒ်ကျမ်း)

25

(ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ပါးတည်းသောအရှင် အလ္လာဟ်အရှင်မြတ်မှအပအခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ် သည်အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။)

(မွတ်စ်လင်မ်ကျမ်း)

26

(အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အလွန့်အလွန် သောင်ဗဟ် ဝန်ချတောင်းပန်သူများအနက်မှလည်းကောင်း၊ သန့်ရှင်းစင်ကြယ်သူများအနက်မှလည်းကောင်း ပြုလုပ်ပေးတော်မူပါ။)

(သိရ်မိဇီကျမ်း)

မီးမ်

(အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါသည် အသင်အရှင်မြတ်သည်သာလျှင် ချီးမွမ်းခြင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။ အရှင်မြတ်မှအပ အခြား ခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။ အရှင်မြတ် ထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော်မျိုး တောင်းခံပါ၏။ ၎င်းအပြင် အရှင်မြတ်ထံတော်၌ ကျွန်တော်မျိုး ဝန်ချတောင်းပန်နေပါ၏။)

(အိမာမ် နစာအီ၏ “အမလွလ်ယောင်းမိ ဝလ်လိုင်းလဟ်ကျမ်း”)

ကျွန်တော် ဆွလာသ်ကို မည်ကဲ့သို့ဆောက်တည်ရမည်နည်း။

သက္ကဗီးရ်မှစ၍ စလာမ်လှည့်သည်အထိ ဆွလာသ်ဆောက်တည်နည်း။

မီးမ်

အသံ

1

ဆွလာသ်ဆောက်တည်ရန် အိကာမသ် ဆိုသည့်အသံ။

2

အိကာမသ် ဆက်လက် ဆိုနေသည့် အသံ။

ဆွလာသ်ဆောက်တည်သူတစ်ဦး ပထမဦးဆုံး လုပ်ရမည့် အလုပ်မှာ (နိယသ်)ရည်စူးခြင်းဖြစ်ပြီး စိတ်နှလုံးသားထဲမှ ရည်စူးရမည်။

3

(ကိဗ်လဟ်)ကအ်ဗဟ် ကျောင်းတော်ရှိရာ ဘက်သို့မျက်နှာမူရမည်။ သင်တစ်ဦးတည်း ဆောက်တည်သည်ဖြစ်စေ (သို့) အိမာမ်ရှေ့ဆောင်အဖြစ် ဆောက်တည်သည်ဖြစ်စေ ရှေ့တွင် အကာအကွယ် တစ်ခုခုထားပါ။

4

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

သက္ကဗီးရ် သဟ်ရီမဟ်ဆို၍ ဆွလာသ်အတွင်းဝင်ရမည် ယင်းအားနှုတ်ဖြင့် ရွတ်ဆိုရန် အရေးကြီးသည်။

5

"အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ လက်နှစ်ဖက်ကို ပခုံးနှစ်ဖက်နှင့်အညီ မြှောက်ပြီး လက်ချောင်းများ၏ အတွင်ပိုင်းကို ကိဗ်လဟ်ဘက်သို့လှည့်ထားရမည်။

(သို့)

ထိုနည်းလမ်းအတိုင်းပင် နားနှစ်ဖက်နှင့်အညီ မြှောက်ရမည်။

6

သက္ကဗီရ် ဆိုပြီးနောက် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် (သို့) ရင်ဘတ်အောက် ချက်အပေါ် (သို့) ချက်အောက်တွင် ပိုက်ထားရမည်။ ထိုပုံစံအားလုံး မှန်ကန်သည်။

ညာဘက်လက်ဖဝါးကို ဘယ်ဘက်လက်ဖမိုးပေါ်တွင် တင်ထားရမည်။

(သို့) ညာဘက်လက်ဖဝါးဖြင့် ဘယ်ဘက်လက်ဖမိုးကို ဆုပ်ကိုင်ထားရမည်။

(သို့) ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ဖျံကို ကိုင်ထားရမည်။

7

(အို - အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်က အရှေ့အရပ်နှင့် အနောက်အရပ်အား တစ်ခုနှင့် တစ်ခု ကွာလှမ်းစေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကျွန်တော်မျိုးနှင့် ဝေးကွာစေတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ ဖြူစင်သောအဝတ်အထည်မှ အညစ်အကြေးများကို ကောင်းမွန်စွာ လျှော်ဖွတ်ခြင်းကြောင့် အညစ်အကြေးများမှ ကင်းစင်စေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကင်းစင်စေတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို မိုးနှင်းရေဖြင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း၊ မိုးသီးရေဖြင့်လည်းကောင်း ဆေးကြောသန့်စင်စေတော်မူပါ။)

သက္ကဗီရ် သဟ်ရီမဟ် ဆိုပြီးနောက် ကိရာအသ်မဖတ်မီအလျင် အဖွင့်ဆုမွန်ဒိုအာကိုဆိုရမည်။ ဆွလာသ်အတွက် အဖွင့်ဆုမွန်ဒုအာ အမျိုးမျိုးရှိပြီး ၎င်းတို့အားရွတ်ဆိုခြင်း စွန္နသ်ဖြစ်သည်။

8

နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်မိစ္ဆာကောင်၏ နှောင့်ယှက်ခြင်းမှ ကင်းလွတ်ရန် အရှင်မြတ်ထံ ခိုလှုံပါ၏။

အဖွင့်ဆုမွန်ဒိုအာနှင့် ခိုလှုံခွင့်တောင်းခံခြင်းတို့ ဖတ်ပြီးနောက် စူရဟ် ဖာသိဟဟ် ဖတ်ရမည်။

9

ရိုသေကျိုးနွံပြီး တည်ငြိမ်စွာဖြင့် တစ်အာယသ်ချင်းစီရွတ်ဖတ်ရမည်။

10

အာမီးန်

ဆွလာသ်ဆောက်တည်သူသည် အိမာမ်ရှေ့ဆောင်ဖြစ်စေ (သို့) အိမာမ်၏နောက်မှ လိုက်ဖတ်သူဖြစ်စေ (သို့) တစ်ဦးတည်း ဖတ်သူဖြစ်စေ အာမီးန်ဆိုခြင်း စွန္နသ်ဖြစ်သည်။ ၎င်းသည် စူရဟ်ဖာသိဟဟ်၏ အာယာသ်တော် မဟုတ်ဘဲ ဒုအာသာဖြစ်ပြီး အဓိပ္ပါယ်မှာ - အို အရှင်မြတ် လက်ခံတော်မူပါ။

11

စူရဟ်ဖာသိဟဟ် ဖတ်ပြီးနောက် ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူသည့် စူရဟ် တစ်ပုဒ်(သို့) စူရဟ် တစ်စိတ်တစ်ပိုင်းကို ဖတ်ရွတ်ရမည်။ ထိုသို့ ဖတ်ရွတ်ပြီးနောက် ဦးညွှတ်ခြင်းမပြုမီ အနည်းငယ် နားရမည်။

12

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

မတ်တတ်ရပ်ရာမှ ဦးညွှတ်သည့်အခါ အလ္လာဟုအက္ကဗရ် ကိုဆိုရမည်။

ဤနေရာသည် ဆွလာသ်၌ ဒုတိယမြောက် လက်မြှောက်ရသည့်နေရာဖြစ်ပြီး ထိုနေရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) လက်မြှောက်တော်မူခဲ့သည်။ ထို့ကြောင့် လက်နှစ်ဖက်ကို ပခုံးနှစ်ဖက်နှင့်အညီ (သို့) နားနှစ်ဖက်နှင့်အညီ မြှောက်ခြင်းစွန္နသ်ဖြစ်သည်။

13

လက်ဖဝါးနှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်တင်၍ လက်ချောင်းများကို ချဲကာ ဒူးနှစ်ဖက်အား ဆုပ်ကိုင်ထားသကဲ့သို့ အားပြုထားရမည်။

ဦးညွှတ်ခြင်းကို တည်ငြိမ်အေးချမ်းစွာပြုရမည်။ လက်နှစ်ဖက်ကို နံဘေးနှစ်ဖက်မှ ခွာထားပြီး ဦးခေါင်းကို တည့်မတ်စွာထားရမည် ဘေးတစ်ဖက်သို့စောင်း၍ ပါးပေါ်နေခြင်းမျိုး မဖြစ်စေရ။

14

ကျောကုန်းကို ဖြောင့်တန်းစွာ ထားရမည်။ ကွေးမထားရပါ။ ဦးခေါင်းသည် ကျောကုန်းနှင့် တပြေးတည်းဖြစ်ရမည်။ ဦးခေါင်း မော့ထားခြင်း၊ ငုံ့ထားခြင်းမျိုးမပြုရပါ။

15

ကျွန်တော်မျိုးသည် မိမိ၏ ကြီးကျယ်မြင့်မြတ်လှသောအရှင်၏ သန့်ရှင်းစင်ကြယ်ကြောင်းကို မြွက်ဟနေပါ၏။

သတ်စ်ဗီးဟ်ကို သုံးကြိမ် ရွတ်ဆိုရမည်။ ဤသည် အနိမ့်ဆုံး ပြည့်စုံခြင်းအဆင့်ဖြစ်သည်။ သတ်စ်ဗီးဟ်ကို တစ်ကြိမ်ရွတ်ဆိုလျှင်လည်း လုံလောက်ပြီးဆန္ဒရှိလျှင် အပိုဖတ်နိုင်သည်။ ၎င်းပြင် ဟဒီးဆ်တော်တွင် လာရှိထားသော အခြားသတ်စ်ဗီးဟ်များကိုလည်း ဖတ်နိုင်သည်။

16

ဦးညွှတ်ချိန်တွင် ရွတ်ဆိုရသည့် ဇိက်ရ်တော်အမျိုးမျိုးရှိသည်။

17

ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။

တစ်ဦးချင်း ဆောက်တည်သည်ဖြစ်စေ (သို့) အိမာမ်ရှေ့ဆောင်အဖြစ်ဆောက်တည်သည်ဖြစ်စေ ဦးညွှတ်ရာမှ ပြန်ရပ်သည့်အခါ ဤဒုအာကို ရွတ်ဆိုရမည်။

18

လက်နှစ်ဖက်ကို ပခုံးနှစ်ဖက်နှင့်အညီ (သို့) နားနှစ်ဖက်နှင့်အညီ မြှောက်ရမည်။ ဤသည် တတိယအကြိမ် လက်မြှောက်ရသည့်နေရာဖြစ်သည်။

19

ထို့နောက် တည့်မတ်စွာရပ်၍ ရွတ်ဆိုရမည်။

အို - ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင်၊ ချီးမွမ်းထောမနာပြုခြင်းအပေါင်းတို့သည် အသင်အရှင်မြတ်အဖို့သာဖြစ်၏။

20

ဦးညွှတ်ရာမှ ပြန်ရပ်ပြီးသည့်အခါ လက်များကိုတွဲလောင်းချထားရမည် (သို့) လက်ပိုက်ထားရမည်။

21

ဦးညွှတ်ပြီးနောက် တည်ငြိမ်စွာဖြင့် ကြာရှည်စွာမတ်တတ်ရပ်ခြင်း စွန္နသ်ဖြစ်သည်။

22

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

ပြီးနောက် မတ်တတ်ရပ်ရာမှ ဦးချရန် အတွက် သက္ကဗီးရ်ဆိုကာ ကြမ်းပြင်ပေါ်သို့ သွားရမည်။

ဒူးနှစ်ဖက် မချမီအလျင် လက်နှစ်ဖက်ကို ချနိုင်သလို၊ လက်နှစ်ဖက် မချမီအလျင် ဒူးနှစ်ဖက်ကိုလည်းချနိုင်သည်။ ဤနှစ်မျိုးအနက် လွယ်ကူသည့်အရာကို လုပ်နိုင်သည်။

23

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့အား သင်ကြားတော်မူခဲ့သည့်အတိုင်း အရိုးခုနစ်ခုအပေါ်တွင် (စဂ်ျဒဟ်) ဦးချရန် တာဝန်ရှိသည်။

နှာခေါင်းအပါအဝင်နဖူး၊ လက်ဖဝါးနှစ်ဖက်၊ ခြေထောက်နှစ်ဖက်၊ ဒူးနှစ်ဖက် ဖြစ်သည်။

24

ခြေချောင်းထိပ်များကို ကစ်ဗ်လဟ် ဘက်သို့လှည့်ထားကာ ခြေနှစ်ဖက်ကို ထောင်ထားရမည်။

ပေါင်နှစ်ဖက်ကို ကပ်မထားဘဲ ဝမ်းဗိုက်ကို ပေါင်နှစ်ဖက်နှင့် ခွာထားရမည်။

ကျွန်တော်တို့သည် ဆွလာသ်ကို ဂျမာအသ်ဖြင့် ဆောက်တည်ခြင်း မဟုတ်သည့်အခါနှင့် အနားရှိသူများ ဒုက္ခရောက်စေမည်ကို မစိုးရိမ်ရလျှင် လက်ဖျံနှစ်ဖက်ကို ကြမ်းပြင်နှင့်မထိအောင် မြှောက်ထားကာ နံဘေးမှခွာထားရမည်။

လက်ဖဝါးနှစ်ဖက်ကို ပခုံးနှစ်ဖက်နှင့်အညီ (သို့) နားနှစ်ဖက်နှင့်အညီ ထားရပေမည်။

25

ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမြင့်မားဆုံးသော အရှင်ဖြစ်တော်မူပြီး ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူကြောင်းကို မြွက်ဟနေပါ၏။

သတ်စ်ဗီးဟ်ကို သုံးကြိမ် ရွတ်ဆိုရမည်။ဤသည် အနိမ့်ဆုံး ပြည့်စုံခြင်းအဆင့်ဖြစ်သည်။ သတ်စ်ဗီးဟ်ကို တစ်ကြိမ်ရွတ်ဆိုလျှင်လည်း လုံလောက်ပြီးဆန္ဒရှိလျှင် အပိုဖတ်နိုင်သည်။ ၎င်းပြင် ဟဒီးဆ်တော်တွင် လာရှိထားသော အခြားသတ်စ်ဗီးဟ်များကိုလည်း ဖတ်နိုင်သည်။ ၎င်းပြင် မိမိနှစ်သက်ရာ လောကီ လောကုတ္တရာ ကောင်းကျိုးများကို တောင်းခံနိုင်သည်။

26

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ - (ကျေးကျွန်သည် သူ၏အရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ ထိုသူ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် (ထိုအခြေအနေ၌) မြားမြောင်စွာ ဒုအာပြုကြလေကုန်။)

27

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

ဦးချရာမှ အလ္လာဟုအက္ကဗရ်ဆို၍ မိမိ၏ဦးခေါင်းကိုပြန်ကြွရမည်။

ဘယ်ခြေကိုခင်းကာ ၎င်းအပေါ်ငြိမ်သက်စွာထိုင်ပြီး ညာခြေကို ထောင်ထားကာ ခြေချောင်းထိပ်များကို ကစ်ဗ်လဟ် ဘက်သို့လှည့်ထားရမည်။

(သို့)

ခြေထောက်နှစ်ဖက်ကို ထောင်ထားကာ ခြေဖနောင့်ပေါ်တွင် ထိုင်ရမည်။

ကျွန်တော်တို့၏ လက်နှစ်ဖက်ကို ဆန့်ထားပြီး ညာလက်ကို ညာဘက်ပေါင်ပေါ်တွင်ထားပြီး ဘယ်လက်ကို ဘယ်ဘက်ပေါင် ပေါ်တွင်ထားကာ လက်ကို ဒူးခေါင်းနား ပေါင်ပေါ်တွင်ဖြစ်စေ၊ ဒူးခေါင်းပေါ်တွင်ဖြစ်စေ တင်ထားရမည်။

28

အို - ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးအား အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။

၎င်းဒုအာကိုစဂ်ျဒဟ်နှစ်ခု၏အကြား တည်ငြိမ်စွာထိုင်ပြီး တောင်းခံရမည်။

29

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

သက္ကဗီးရ်ဆိုလျက် ဒုတိယအကြိမ် စဂ်ျဒဟ်ဦးချရမည်။ ဦးချရာ၌ ပထမစဂ်ျဒဟ်တွင် ရွတ်ဆိုခဲ့သောဒုအာများနှင့် ပြုလုပ်ခဲ့သော ပုံစံများအတိုင်း ပြုလုပ်ရမည်။

30

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

ဒုတိယရကအသ်ကို ပထမရကအသ် ဝတ်ပြုခဲ့သည့် ပုံစံအတိုင်း ဝတ်ပြုရမည် -

လက်ပိုက်ခြင်း၊ စူရဟ်ဖာသိဟဟ် ရွတ်ဆိုခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော် တစ်ပိုဒ် သို့မဟုတ် အာယသ်တော်များ ရွတ်ဆိုခြင်း စသည်တို့ကိုပြုလုပ်ရမည်။

ထို့နောက် ဦးညွှတ်ရမည်။

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

တည့်မတ်စွာ ပြန်ရပ်ရမည်။

ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်သခင်မှ လက်ခံတော်မူပါ။

ထို့နောက် ဦးချရမည်။

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

နှစ်ကြိမ် ဦးချရမည်။ ပြီးနောက် သရှဟ္ဟုဒ်ဖတ်ရန် ထိုင်ရမည်။

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

31

ဒုတိယ ရကအသ်ပြီးသောအခါ သရှဟ္ဟုဒ်ဖတ်ရန် ခြေကိုခင်း၍ ထိုင်ရမည်။

32

ဖဂျ်ရ်၊ ဂျုမုအဟ်၊ အီးဒ်နှစ်အီးဒ် စသည့် နှစ်ရကအသ်ဆွလာသ်တို့၌ နောက်ဆုံး ကအ်ဒဟ် ထိုင်သည့်အခါ၊ သုံးရကအသ် ဆွလာသ်၊ လေးရကအသ် ဆွလာသ်တို့၌ ပထမသရှဟ္ဟုဒ်ဖတ်ရန်ထိုင်သည့်အခါ၊ စဂ်ျဒဟ်နှစ်ခုကြား ခေတ္တထိုင်သည့်အခါတို့တွင် ဘယ်ခြေကိုခင်း၍ ညာခြေကိုထောင်ကာ ထိုင်ရမည်။

33

ခန္ဓာကိုယ်ကြီးမားသောကြောင့်လည်းကောင်း၊ ခြေဖဝါးနာကျင်သောကြောင့်လည်းကောင်း၊ အခြားအကြောင်းတစ်ခုခုကြောင့်လည်းကောင်း ခြေကို ခင်းကာ ထိုင်ရန် မတတ်စွမ်းနိုင်သူသည် မိမိတတ်စွမ်းနိုင်သည့် ပုံစံဖြင့် ထိုင်ခွင့်ရှိသည်။

34

သရှဟ္ဟုဒ်ဖတ်သည့်အခါ ညာလက်ကို ညာဘက်ပေါင်ပေါ်တွင် ထားကာ လက်ချောင်းများကိုဆုပ်ထားပြီး လက်ညှိုးဖြင့် ညွှန်ပြနေရမည်။

35

သို့မဟုတ် လက်မနှင့် လက်ခလယ်ကို ကွင်းပုံသဏ္ဍာန် ဝိုင်းထား၍ လက်ညှိုးဖြင့် ညွှန်ပြနေရမည်။

36

ဘယ်လက်ကို ဘယ်ဘက်ပေါင်ပေါ်တွင် ဖြန့်ထားရမည် (သို့) ဒူးကိုဆုပ်ကိုင်ထားရမည်။

သရှဟ္ဟုဒ်ဖတ်သည့်အခါ ကျွန်တော်တို့၏အရှုအား ညာဘက်လက်၏ လက်ညှိုးအပေါ်ထားရှိခြင်း မွတ်စ်သဟဗ်ဖြစ်သည်။

37

(နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊ သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်သို့လည်းကောင်း၊ အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့ အပေါ်သို့လည်းကောင်း သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင် မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။)

သုံးရကအသ်ဆွလာသ်နှင့် လေးရကအသ်ဆွလာသ်တို့တွင် ပထမသရှဟ္ဟုဒ်ကိုရွတ်ဆိုရမည်။

အကယ်၍ ဆွလာသ်သည် နှစ်ရကအသ်ဖြစ်ပါက ဥပမာ- ဖဂျရ်၊ ဂျုမုအဟ်၊ အီးဒ်နှစ်အီးဒ် စသည့် ဆွလာသ်များ၌ သရှဟ္ဟုဒ်နှင့်အတူ (ဒရူးဒ်)အိဗ်ရာဟီးမ်ကိုပါ ရွတ်ဖတ်ရမည်။

(အို - အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အိဗ်ရာဟီးမ်နှင့် အိဗ်ရာဟီးမ်၏ သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူသကဲ့သို့ မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင် အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။ အို - အလ္လာဟ်အရှင်မြတ် အရှင်မြတ်သည် အိဗ်ရာဟီးမ်နှင့် အိဗ်ရာဟီးမ်၏ သား၊ မြေးများ၊ နောက်လိုက်များ အပေါ်သို့ ဗရ်ကသ် ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူသကဲ့သို့ မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်း အပေါင်းကိုခံထိုက်တော်မူသော ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။)

38

အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကရုဏာတော်အပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။

အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကရုဏာတော်အပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။

သရှဟ္ဟုဒ်နှင့် ဟဒီးဆ်တော်၌ လာရှိသော ဒုအာများဖတ်ပြီးနောက် စလာမ်လှည့်ရမည်ဖြစ်သည်။ သို့သော် ဤသည် နှစ်ရကအသ် ဆွလာသ်အတွက်သာဖြစ်သည်။

39

တီးတိုးစွာ ရွတ်ဖတ်သံ “အလ္လာဟုအက္ကဗရ်”

အကယ်၍ ဆွလာသ်သည် မဂ်ရိဗ်ကဲ့သို့ သုံးရကအသ် ဆွလာသ် (သို့) ဇုဟ်ရ်၊ အဆွ်ရ်၊ အိရှာကဲ့သို့ လေးရကအသ် ဆွလာသ် ဖြစ်မည်ဆိုလျှင်

40

အကယ်၍ ကျွန်တော်တို့သည် မဂ်ရိဗ်ဆွလာသ်ကိုဆောက်တည်နေပါက ပထမသရှဟ္ဟုဒ်ဖတ်ပြီးသည့်အခါ နောက်တစ်ရကအသ်ကို ဆောက်တည်ရန် ပြန်ရပ်ရမည်။ အကယ်၍ ဇုဟ်ရ်၊ အဆွ်ရ်၊ အိရှာစသည့် ဆွလာသ်များကို ဆောက်တည်နေပါက နောက်နှစ်ရကအသ်ကို ဆောက်တည်ရန် ပြန်ရပ်ရမည်။ ၎င်းရကအသ်များ၌ စူရဟ်ဖာသိဟဟ်ကို ရွတ်ဖတ်ရမည်။ ၎င်းအပြင် ဦးညွှတ်ခြင်း၊ ဦးချခြင်း၊ မတ်တတ်ရပ်ခြင်း၊ ထိုင်ခြင်း စသည်တို့အား အထက်တွင် အကျယ်တဝင့် တင်ပြခဲ့သည့်အတိုင်း ပြုလုပ်ရမည်။

41

အလ္လာဟ်အရှင်မြတ်သည် ကြီးကဲမြင့်မားဆုံး ဖြစ်တော်မူ၏။

42

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သရှဟ္ဟုဒ်နှစ်ခုပါရှိသော ဆွလာသ်တိုင်း၏ နောက်ဆုံးသရှဟ္ဟုဒ်တွင် “သဝရ်ရုက်” ပုံစံထိုင်တော်မူသည်။

43

သဝရ်ရုက်ပုံစံ ထိုင်ခြင်းသည် သုံးရကအသ်ဆွလာသ်နှင့် လေးရကအသ်ဆွလာသ်တို့၏နောက်ဆုံး သရှဟ္ဟုဒ်၌သာထိုင်ရခြင်းဖြစ်ပြီး သဝရ်ရုက်ပုံစံ အမျိုးမျိုးရှိသည်။

44

ခြေထောက်နှစ်ဖက်အား ညာဘက်ခြမ်းသို့ထုတ်ထားကာ ဘယ်ခြေကိုခင်းထားပြီး ညာခြေကို ထောင်ထားရမည်။ တင်ပါးကို မြေပေါ်၌ချထားရမည်။

(သို့)

ခြေထောက်နှစ်ဖက်အား ညာဘက်ခြမ်းသို့ထုတ်ထားပြီး ခြေထောက်နှစ်ဖက်စလုံးအား ခင်း၍ထိုင်ရမည်။

(သို့)

ညာခြေကိုခင်းထားကာ ဘယ်ခြေကို ညာခြေ၏ ခြေသလုံးနှင့် ပေါင်ကြားတွင်ထားရမည်။

45

နောက်ဆုံးသရှဟ္ဟုဒ်ထိုင်သည့်အခါ သရှဟ္ဟုဒ်ဖတ်ရမည်။ ပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ်သို့ (ဒရူးဒ်) မေတ္တာပို့သရမည်။

46

သရှဟ္ဟုဒ်ပြီးနောက် စလာမ်မလှည့်မီ ဂျဟန္နမ်၏ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်သင်္ချိုင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံတွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုတောင်းခံရမည်။

၎င်းနောက် ကျွန်တော်တို့တောင်းခံလိုသည့်လောကီ၊လောကုတ္တရာ ကောင်းကျိုးချမ်းသာများကို တောင်းခံနိုင်သည်။

47

အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကရုဏာတော်အပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။

အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကရုဏာတော်အပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။

စလာမ်ဖြင့်သာ ဆွလာသ်ကို အဆုံးသတ်ရမည်။

48

စလာမ်ဖြင့်သာ ကျွန်တော်တို့၏ဆွလာသ်များကို အဆုံးသတ်ရမည်ဖြစ်သည်။

ကျွန်တော်မျိုး၏ အပြစ်အကုသိုလ်များအား ခွင့်လွတ်တော်မူပါရန် အလ္လာဟ်အရှင်မြတ်ထံတောင်းခံပါသည်။ ကျွန်တော်မျိုး၏ အပြစ်အကုသိုလ်များအား ခွင့်လွတ်တော်မူပါရန် အလ္လာဟ်အရှင်မြတ်ထံတောင်းခံပါသည်။ ကျွန်တော်မျိုး၏ အပြစ်အကုသိုလ်များအား ခွင့်လွတ်တော်မူပါရန် အလ္လာဟ်အရှင်မြတ်ထံတောင်းခံပါသည်။

49

ဆွလာသ်ဝတ်ပြုသူသည် စလာမ်လှည့်ပြီးသောအခါ (အတ်စ်သဂ်ဖိရုလ္လာဟ်) သုံးကြိမ် ရွတ်ဆိုခြင်း စွန္နသ်ဖြစ်သည်။ ထို့နောက်ချို့ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသောကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ လာရှိသော ဇိက်ရ်တော်များဖြင့် သတိရ တသရမည်။

27

စခရင်မ် ပေါ်တွင် ရေသားထားသည့် စာသားများ။

1

သင်တစ်ဦးတည်း ဝတ်ပြုသည်ဖြစ်စေ (သို့) အိမာမ်ရှေ့ဆောင်အဖြစ် ဝတ်ပြုသည်ဖြစ်စေ၊

2

သက္ကဗီရ် သဟ်ရီမဟ်

3

လက်နှစ်ဖက်ကို ပခုံးနှစ်ဖက်နှင့်အညီ မြှောက်ရမည်။

4

(သို့) ထိုနည်းလမ်းအတိုင်း နားနှစ်ဖက်နှင့်အညီ မြှောက်ရမည်။

5

လက်နှစ်ဖက်ကို ရက်ဘတ်ပေါ်တွင် ပိုက်ရမည်။

6

(သို့) ချက်အပေါ်တွင် လက်ပိုက်ရမည်။

7

(သို့) ချက်အောက်တွင် လက်ပိုက်ရမည်။

8

ညာဘက် လက်ဖဝါးကို ဘယ်ဘက် လက်ဖမိုးပေါ်တွင် တင်ထားရမည်။

9

(သို့) ညာဘက် လက်ဖြင့် ဘယ်ဘက် လက်ဖျံကို ကိုင်ထားရမည်။

10

အဖွင့် ဆုမွန်ဒုအာ

11

(အလ္လာဟွမ္မ ဘာအိဒ် ဗိုင်းနီးဝဗိုင်းန ခသွာယားယ ကမာဗာအသ်သ ဗိုင်းနလ်မရှ်ရိကိ ဝလ်မဂ်ရိဗ်၊ အလ္လာဟွမ္မ နက္ကိနီး မင်န် ခသွာယာယ ကမာ ယုနက်ကဆ် ဆောင်းဗုလ်အဗ်ယဿု မိနဒ္ဒနတ်စ်၊ အလ္လာဟွမ်မဂ်စိလ်နီး မင်န် ခသွာယာယ ဗိဆ်ဆလ်ဂျိ ဝလ်မာအိ ဝလ်ဗရဒ်) (မွတ်စ်လင်မ်ကျမ်း)

12

စွန္နသ်တော်တွင် လာရှိသည့်ဒုအာများကို ဖတ်နိုင်သည်။

13

ခိုလှုံခွင့်တောင်းခံခြင်း။

14

အအူဇုဗိလ္လာဟိ မိနတ်ရှ်ရှိုင်သွားနိရ်ရဂျီးမ်။

15

စူရဟ် ဖာသိဟဟ်

16

ချီမွမ်းထောမနာခြင်း ဟူသမျှသည် စကြဝဠာအပေါင်းကို ဖန်ဆင်းမွေးမြူ ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာ ဖြစ်သည်။(အရှင်မြတ်သည်)မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူ၏။ (အရှင်မြတ်သည်) ကမ္ဘာ့တရားစီရင်မည့်နေ့ကို စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်ကိုသာလျှင် ကျွန်တော်မျိုးတို့ ကိုးကွယ်ဆည်းကပ်ခြင်းပြုပါ၏။ အရှင်မြတ်ထံတော်၌သာ ကျွန်တော်မျိုးတို့ အကူအညီများကို တောင်းခံကြပါ၏။ ဖြောင့်မတ် မှန်ကန်သော လမ်းစဉ်ကိုသာ ကျွန်တော်မျိုးတို့အား ညွှန်ကြားပြသတော်မူပါ။ အရှင်မြတ်၏ ကျေးဇူးတော်များသည် အကြင်သူတော်စင်များအပေါ်သို့ ပြုခဲ့ပြီးဖြစ်၏။ ထိုသူတော်စင်တို့၏ လမ်းစဉ် (ကိုသာ ညွှန်ကြားပြသတော်မူပါ။) ထိုလမ်းစဉ်သည် အမျက်တော်စူးရှခြင်းခံရသူတို့၏ လမ်းစဉ်လည်းမဟုတ်ပါ။ လမ်းမှားလိုက်သူများ၏ လမ်းစဉ်လည်း မဟုတ်ပါ။

17

အာမီးန်

18

ဒုအာဖြစ်သည်။ အဓိပ္ပါယ်မှာ - အို အရှင်မြတ် လက်ခံတော်မူပါ။

19

ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူသည့် စူရဟ် (သို့) အာယသ်တော်ကိုရွတ်ဆိုရမည်။

20

ဦးညွှတ်ခြင်း။

21

အလ္လာဟုအက္ကဗရ်

22

ကျောကုန်းကို ဖြောင့်တန်းစွာ ထားရမည်။ ကွေးမထားရပါ။

23

စွဗ်ဟာနရဗ္ဗိယလ်အဇွီးမ်

24

ဦးညွှတ်ရာတွင် ရွတ်ဆိုရမည့် စွန္နသ်တော်လာ ဇိက်ရ်၊ ဒုအာများ။

25

(စွဗ်ဗူးဟွန် ကုဒ်ဒူးစွန် ရဗ်ဗွလ် မလာအိကသိ ဝရ်ရူးဟ်) အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့ခြင်း အပေါင်းမှ အလွန်သန့်ရှင်းစင်ကြယ်တော်မူသော အလွန်သန့်စင် ထွတ်မြတ်တော်မူသော အရှင်ဖြစ်တော်မူသည်။ မလာအိကဟ်များနှင့် ဂျိဗ်ရီးလ် တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။

26

(စွဗ်ဟာနက ရဗ္ဗနာ ဝဗိဟမ်ဒိက အလ္လာဟွမ်မဂ်ဖိရ်လီ) အရှင်မြတ်သည် ချို့တဲ့ခြင်း အပေါင်းမှသန့်ရှင်းစင်ကြယ်တော်မူပါသည်။အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းဟူသမျှသည် အသင်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။

27

စမိအလ္လာဟု လိမန်ဟမိဒဟ်

28

(ရဗ္ဗနာ ဝလကလ်ဟမ်ဒ်၊ ဟမ်ဒန် ကဆီးရန် သွိုင်းယိဗန် မုဗာရကန် ဖီးဟိ။) အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဗရကသ်မင်္ဂလာရှိတော်မူ၍ သန့်ရှင်းစင်ကြယ်သော ချီးမွမ်းခြင်းအပေါင်းသည် အရှင်မြတ် အတွက်သာလျှင်ဖြစ်တော်မူသည်။

29

လက်နှစ်ဖက်ကို ချထားရမည်။

30

(သို့) လက်ပိုက်ထားရမည်။

31

ဦးချခြင်း

32

နဖူးနှင့်အတူ နှာခေါင်း

33

လက်ဖဝါးနှစ်ဖက်

34

ဒူးနှစ်ဖက်

35

ခြေထောက်နှစ်ဖက်

36

(စွဗ်ဟာန ရဗ္ဗိယလ်အအ်လာ) ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမြင့်မားဆုံးသော အရှင်ဖြစ်တော်မူပြီး ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူကြောင်းကို မြွက်ဟနေပါ၏။

37

(ကျေးကျွန်သည် သူ၏အရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ ထိုသူ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် (ထိုအခြေအနေ၌) မြားမြောင်စွာ ဒုအာပြုကြပါ။) (မွတ်စ်လင်မ်ကျမ်း)

38

အိဖ်သိရာရှ်ပုံစံ ထိုင်ခြင်း။

39

အိက်အာအ်ပုံစံ ထိုင်ခြင်း။

40

ရဗ္ဗိဂ်ဖိရ်လီ (၃-ကြိမ်) အို - အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊

41

(အလ္လာဟွမ်မဂ်ဖိရ်လီး ဝရ်ဟမ်နီး ဝဂ်ျဗုရ်နီး ဝဟ်ဒိနီး ဝရ်ဇုက္ကနီး) အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးအား ကြင်နာသနားတော်မူပါ ကျွန်တော်မျိုး၏ ချို့ယွင်းအားနည်းချက်များကို ပြုပြင်ပေးတော်မူပါ၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ပြသတော်မူပါ၊ ကျွန်တော်မျိုးအား ရိုဇီရိက္ခာများကို ချီးမြှင့်ပေးသနားတော်မူပါ။

42

ဖဂျ်ရ်

43

ဂျူမုအဟ်

44

အီးဒ် နှစ်အီးဒ်

45

ဇုဟ်ရ်

46

အဆွ်ရ်

47

မဂ်ရိဗ်

48

အိရှာ

49

အသ်သဟိယ္ယာသုလိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်

50

အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဆွလ်လိုင်းသ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်၊ အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဗားရက်သ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်

51

ဇုဟ်ရ်၊ အဆွ်ရ်၊ မဂ်ရိဗ်၊ အိရှာ

52

ဖဂျ်ရ်၊ ဂျူမုအဟ်၊ အီးဒ် နှစ်အီးဒ်

53

အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဆွလ်လိုင်းသ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်၊ အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဗားရက်သ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်

54

အတ်စ်စလာမုအလိုင်းကွမ် ဝရဟ်မသုလ္လာဟ်

55

(ကိုယ်တော်မြတ်သည် နောက်ဆုံးရကအသ်တွင် ထိုင်သည့်အခါ မိမိဝဲဘက်ခြေထောက်ကို ထုတ်၍ အခြားတစ်ဖက်ကို ထောင်ထားတော်မူကာ တင်ပါးဆုံပေါ်တွင် ထိုင်တော်မူသည်။) (ဗုခါရီကျမ်း)

56

သဝရုက်ပုံစံ ထိုင်ခြင်း။

57

(အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံတွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်ပါး၌ ခိုလှုံပါ၏။) (မွတ်စ်လင်မ်ကျမ်း)

58

(အလ္လာဟွမ္မ အင်န်နီး ဇွလမ်သု နဖ်စီး ဇုလ်မန် ကဆီးရောင်န် ဝလာယဂ်ဖိရုဇ် ဇုနူးဗ အိလ္လာအန်သ ဖဂ်ဖိရ်လီး မဂ်ဖိရသမ် မင်န်အင်န်ဒိက ဝရ်ဟမ်နီး အင်န်က အန်သဂ်ဂဖူးရုလ် ရဟီးမ်) (အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မိမိကိုယ်မိမိ များစွာနှိပ်စက်မိပါ၏။ အသင်အရှင်မြတ်မှတပါး လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သူ အခြားမည်သူတစ်ဦးတစ်ယောက်မျှမရှိပါ။ သို့ပါ၍ ကျွန်တော်မျိုးအား အရှင်မြတ်ထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအပေါ် ရဟ်မသ် ကရုဏာထားတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ ရဟ်မသ် မဟာကရုဏာရှင် ဖြစ်တော်မူပါ၏။) (ဗုခါရီကျမ်း)

59

အတ်စ်သဂ်ဖိရွလ္လာဟ် (၃- ကြိမ်)

60

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ (ကျေးကျွန်တစ်ဦး၏ အမလ် ကျင့်ဆောင်မှုများအနက် ကိယာမသ်နေ့၌ ပထမဦးဆုံး စစ်ဆေးခြင်းခံရမည့် အမလ်မှာ ဆွလာသ်ပင်ဖြစ်သည်။ အကယ်၍ ဆွလာသ်သည် ပြည့်စုံကောင်းမွန်ခဲ့လျှင် အောင်မြင်မှု၊လွတ်မြောက်မှု ရရှိမည်ဖြစ်ပြီး၊ ယင်း၌ ပြည့်စုံမှန်ကန်မှုမရှိပါက ဆုံးရှုံးမှု၊ ပျက်ဆီးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။) (အဗူဒါဝူးဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း)