သောင်ဟီးဒ်တရားတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဤကျမ်းစာအုပ်သည် စစ်မှန်သည့် အကီဒဟ်ယုံကြည်ချက်၏ အရေးပါပုံကို ရှင်းလင်းတင်ပြထားပြီး၊ မွတ်စ်လင်မ်တစ်ဦးအပေါ် မဖြစ်မနေ သက်ဝင်ယုံကြည်ရမည့် သောင်ဟီးဒ် တရားတော်၏ အခြေခံအုတ်မြစ်များကို ထင်ရှားစွာဖော်ပြထားပေသည်။ ဥပမာ အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ မလာအိကဟ် ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အကောင်း အဆိုး သတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းတို့ပင်ဖြစ်သည်။ အကီဒဟ် ယုံကြည်ချက်ကို သွေဖည်လမ်းလွဲမှုများမှ ထိန်းသိမ်းကာကွယ်ရန်အတွက် မှန်ကန်သော သက်သေအထောက်အထားများကို မှီငြမ်းထားကာ၊ မွတ်စ်လင်မ်များအား…
These files are generated automatically from the book's text; their layout may differ from the printed edition.
စစ်မှန်သော အကီဒဟ်ယုံကြည်ချက်နှင့် ၎င်း၏ ဆန့်ကျင်ဘက် အရာများ
အဗ္ဗဒုလ်အဇီးဇ် ဗင်န် ဗားဇ်
စစ်မှန်သည့် အကီဒဟ်ယုံကြည်ချက်သည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို ဤကျမ်းစာအုပ်က အတည်ပြုထားပေသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ မလာအိကဟ် ကောင်းကင်တမန်များကိုလည်းကောင်း၊ အရှင်မြတ်၏ ကျမ်းဂန်များကိုလည်းကောင်း၊ အရှင်မြတ်၏ ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် သတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဟူသည့် အခြေခံအုတ်မြစ် ၆ ချက်အပေါ် အခြေခံထားပေသည်။ ထို့ပြင် ရှိရ်က်၊ ဗိဒ်အသ်နှင့် လမ်းလွဲမှုများမှ သတိထားရှောင်ကြဉ်ရန် သတိပေးထားပြီး၊ ကျမ်းဂန်နှင့် စွန္နသ်တော်တို့ကို စွဲမြဲစွာ စုပ်ကိုင်ထားရန်နှင့် စလဖ်ရှေးသူမွန်သူမြတ်တို့၏ လမ်းစဉ်ကို လိုက်နာရန် မဖြစ်မနေလိုအပ်ကြောင်းကို အလေးအနက် တိုက်တွန်းထားပေသည်။
သဝဏ်လွှာ (၁)
စစ်မှန်သော အကီဒဟ်ယုံကြည်ချက်နှင့် ၎င်း၏ ဆန့် ကျင်ဘက်အရာများ
ရေးသားပြုစုသူ လေးစားအပ်ပါသော ရှိုက်ခ်ဆရာကြီး။
အဗ္ဗဒွလ်အဇီးဇ် ဗင်န် အဗ်ဒွလ္လာ ဗင်န် ဗာဇ်
ချီးမွမ်းထောမနာ ပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအဖို့သာတည်း။ ထို့နောက် ငြိမ်းချမ်းသာယာမှုအပေါင်းနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်) အပေါ်သို့ လည်းကောင်း၊ (ယင်းနဗီ၏နောက်တွင် မည်သည့်နဗီမျှ ပွင့်တော့မည်မဟုတ်ပေ။) ၎င်း၏ဆွေမျိုးများနှင့် အဆွဟာဗ်တော်များအပေါ်သို့လည်းကောင်း၊ ကျရောက်တော်မူပါစေ။
ထို့နောက် စစ်မှန်သော အကီဒဟ်ယုံကြည်ချက်သည်သာလျင် အစ္စလာမ်သာသနာ၏အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် အတွက် ကျန်ုပ်အနေဖြင့် ဤအကြောင်းအရာနှင့်ပတ်သက်၍ ပြောဆိုတင်ပြရန်နှင့် ၎င်းအား ရှင်းလင်းဖော်ပြရန်အတွက် စာအုပ်စာတမ်းများ ရေးသားပြုစုရန် အရေးကြီးကြောင်း ရှုမြင်ခဲ့သည်။
ကုရ်အာန်နှင့် စွန္နသ်တော်မှတရားတော်လာ အထောက်အထားများ အရသိရှိရသည်မှာ- အပြောအဆိုများ၊ အမလ်ကျင့် ဆောင်မှုများသည် စစ်မှန်သည့် အကီဒဟ်ယုံကြည်ချက်ထွက်ပေါ်လာမှသာ မှန်ကန်မှုရှိ၍ လက်ခံခြင်းခံရမည်ဖြစ်ပြီး၊ အ ကယ်၍ယုံကြည်ချက်မှန်ကန်မှုမရှိပါက နှုတ်လျှာဖြင့်ပြော ဆို၍လုပ်ရသောအမလ်ကျင့်ဆောင်မှုများနှင့် ခန္ဓာကိုယ်ဖြင့်လုပ်ရသောကျင့်ဆောင်မှုအားလုံး အချည်းနှီးပင်ဖြစ်သွားပေမည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ- ထို့ပြင်တဝ မည်သူမဆို အီမာန် ယုံကြည်ခြင်းကို သွေဖည်ငြင်းပယ်ပါမူ ထိုသူ၏ ကျင့်ဆောင်မှုများသည် အချည်းနှီး ဖြစ်သွားခဲ့ပြီ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ဆုံးရှုံးသူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေမည်။ [စူရဟ် မာအိဒဟ် အာယသ် - ၅]
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ထို့ပြင် အမှန်စင်စစ် အသင်နှင့် အသင်၏ မတိုင်မီက သူများထံသို့ အမှန်ပင် ဝဟီ အမိန့် (ဤသို့) ချပေးခြင်းခံခဲ့ရသည်။ “အကယ်၍ အသင်သည် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်ခဲ့လျှင် အမှန်စင်စစ် အသင်၏ လုပ်ရပ်များသည် အချည်းနှီး ဖြစ်သွားမည့်အပြင် အသင်သည် ဆုံးရှုံးသူများထဲတွင် အမှန်စင်စစ် အပါအဝင် ဖြစ်လိမ့်မည်။” [စူရဟ် ဇုမရ် အာယသ် - ၆၅]
ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယာသ်တော်အမြောက်အများရှိပေသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းထင်ရှားသော ကျမ်း ဂန်နှင့် သစ္စာသမာဓိနှင့်ပြည့်စုံသော ထိုအရှင်မြတ်၏စေတမန် (ကိုယ်တော့်အပေါ်သို့ ၎င်းအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုအပေါင်းနှင့်ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပါစေသား) ၏စွန္နသ်တော်တို့ကညွှန်ပြသည်မှာ မုချဧကန် စစ်မှန်သည့် အကီဒဟ်ယုံကြည်ချက်ဟူသည် အချက် (၆) ချက်၌ အကျဉ်းချုပ်ထားပေသည်။ ၎င်းတို့မှာ - အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ အရှင်မြတ်၏ ကောင်းကင်တမန်များကို လည်းကောင်း၊ အရှင်မြတ်၏ ကျမ်းဂန်များကို လည်းကောင်း၊ အရှင်မြတ်၏ ရစူလ်တမန်တော်များကို လည်းကောင်း၊ နောက်ဆုံးနေ့ကို လည်း ကောင်း၊ သက္ကဒီရ် အကောင်းအဆိုး သတ်မှတ်ချက်ကို လည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ဤအချက် (6) ချက်သည် စစ်မှန်သည့်ယုံကြည်ချက်၏ အ ခြေခံအုတ်မြစ်များဖြစ်ပြီး၊ အကြင်အခြေခံအုတ်မြစ်များကြောင့်ပင် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းဂန်ကျရောက်လာပြီး၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော် မိုဟမ္မဒ် (ဆလ္လလ္လဟုအလိုင်းဟိဝစလ္လမ်) ကိုစေလွှတ်တော်မူခဲ့ခြင်းဖြစ်ပေသည်။
ဤအခြေခံအုတ်မြစ် (၆) ခု၏အထောက်အထားများသည် ကုရ်အာန်နှင့် ခိုင်လုံသောစွန္နသ်တော်တွင် အများအပြားရှိပေသည်။ ထိုအထောက်အထားများအနက်မှ ဥပမာအနေဖြင့် အောက်ပါအတိုင်းဖြစ်ပေသည်။
ပထမအချက်- ကျမ်းတော်မြတ်မှ သက်သေအထောက်အထားများအနက် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- အရှေ့အရပ်သို့လည်းကောင်း၊ အနောက်အရပ်သို့လည်း ကောင်း မျက်နှာမူခြင်းသည်သာ အသင်တို့အဖို့ ကောင်းမြတ်သောအကျင့်သီလ မဟုတ်သေးပေ။ ကောင်းမြတ်သောအ ကျင့်သီလရှိသူဟူသည် အလ္လာဟ်အရှင်မြတ်ကိုလည်း ကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော်များကိုလည်းကောင်း ယုံကြည်သူများပင်ဖြစ် သည်။ [စူရဟ် ဘကရဟ် အာယသ် - ၁၇၇]
ထို့ပြင် ချိုတဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူ၍ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်မှ ထုတ်ပြန်ပို့ချသော(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအ ပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်နှင့်တကွ ယုံကြည်သူ ခပ်သိမ်းသူတို့သည် (တစ်ဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်း ကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါးတော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တစ်ပါးကိုမျှ ခွဲခြားခြင်းမပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။) [စူရဟ် ဘကရဟ် အာယသ် -၂၈၅]
ထို့ပြင် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ အို-သက်ဝင်ယုံကြည်သူ (မုအ်မင်န်)အပေါင်းတို့၊ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်)၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမန်တော်မြတ်(မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ)ကို ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်၏ ‘မလာအိကဟ်’ အပါးတော်စေတမန်များ၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များ၊ ထိုအရှင်မြတ်၏ရစူလ် တမန်တော်များနှင့် နောက်ဆုံးနေ့ကို ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် (လမ်းမှန်နှင့်) အလွန်ဝေးသော လမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိသွားပြီဖြစ်သည်။ [စူရဟ် နိစာအ် အာယသ် - ၁၃၆]
ထို့ပြင် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်တွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှအား သိတော်မူသည်ကို အသင်မသိသလော။ အမှန်စင်စစ် ထိုအရာများသည် မှတ်တမ်းတွင်ရှိသည်။ အမှန်စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အ တွက် လွယ်ကူသည်။ [စူရဟ် ဟဂ်ျ အာယသ် - ၇၀]
ဒုတိယအနေဖြင့်- ဟဒီးဆ်ဩဝါဒတော်တွင်လာရှိသည့်အ ထောက်အထားများဖြစ်သည်။ ၎င်းမှ အချိူ့သည် အီမာမ်မွတ်စ်လင်မ်မှ မိမိ၏ဆွဟီးဟ်ကျမ်းတွင် မုအ်မင်န်တို့၏ ခေါင်း ဆောင် အုမရ် (ရဿွိယလ္လာဟု အန်ဟု) ထံမှဆင့်ပြန်ထားသည့် မှန်ကန်ကျော်ကြားသော ဟဒီးဆ်ဖြစ်သည်။ (၎င်းဟဒီးဆ်တွင်) ဂျိဗ်ရီးလ် အလိုင်းဟိစ္စလာမ်မှ တမန်တော်မြတ် ( ﷺ ) အား အီမာန်နှင့်ပတ်သက်၍ မေးမြန်းရာ တမန်တော်မြတ်က ၎င်းအားဖြေကြားသည်မှာ- “အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်း ကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်း ကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏သက္ကဒီရ် အကောင်း၊ အဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။”[၁] ဟဒီးဆ်၊ အီမာမ် ဗုခါရီနှင့် အီမာမ်မွတ်စ်လင်မ်က ၎င်းဟဒီးဆ်ကို အဗူဟုရိုင်းရဟ်(ရဿွိယလ္လာဟုအန်ဟု) ထံမှ - အနည်းငယ်ကွဲလွဲမှုဖြင့် - ဆင့်ပြန်ထားပေသည်။ [၁] မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၈)
မွတ်စ်လင်မ်တစ်ဦးအပေါ်တွင် အလ္လာဟ်အရှင်မြတ်နှင့်ပတ် သက်သည့်ဝတ္တရားသော်လည်းကောင်း၊ ၎င်းနောက်သေပြီး နောက်တစ်ဖန် ပြန်လည်ရှင်ပြန်ထရမည့်နေ့နှင့် အခြားသောအကွယ်ကိစ္စရပ်များ အစရှိသည့် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) တို့က အသိပေးတင်ပြသည့်အရာများနှင့်ပတ်သက်ပြီး ယုံကြည်ခြင်းနှင့် အီမာန်သက်ဝင်ယုံကြည်ရန် အရေးကြီးသောအရာအားလုံးတို့သည် ဤအခြေခံအုတ်မြစ် (၆) ခုမှ ဆင့်ပွါးလာသည့်အကိုင်းအခက်များသာဖြစ်ပေသည်။
ဤအခြေခံအုတ်မြစ်ကြီး (၆) ခု၏ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ပထမ အခြေခံအချက် - အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ခြင်း။
၎င်းတွင် အချက်များစွာ ပါဝင်သည်။ ၎င်းတို့အနက် အချို့မှာ - အရှင်မြတ်သည် စစ်မှန်သည့်ကိုးကွယ်ရာအရှင်ဖြစ်တော်မူပြီး အခြားမည်သူမျှမပါဝင်ဘဲ အလုံးစုံသော ခဝပ်ကိုးကွယ်မှုကို ခံထိုက်သည့်အရှင်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ် သည်။ အဘယ့်ကြောင့်ဆိုသော် အရှင်မြတ်သည်အဖန်ဆင်းခံများအားဖန်ဆင်းတော်မူသောအရှင်၊ ၎င်းတို့အားကျေးဇူးပြုတော်မူသောအရှင်၊ စားနပ်ရိက္ခာချီးမြှင့်တော်မူသောအရှင်၊ ထို့ပြင်သူတို့၏အတွင်း၊ အပြင်၊ ကိစ္စအဝဝကို အကြွင်းမဲ့သိတော်မူသောအရှင်၊ ၎င်းတို့အနက်အမိန့်နာခံသူအား စဝါးဗ်ကုသိုလ်ချီးမြှင့်ခြင်းနှင့် အမိန့်ဖီဆန်သူအားအပြစ်ပေးနိုင်စွမ်းရှိသည့် အတွက်ကြောင့်ဖြစ်ပေသည်။
အလ္လာဟ်အရှင်မြတ်သည် ဂျင်န်နှင့်လူသားတို့ကို ဤခဝပ်ကိုး ကွယ်မှုအတွက် ဖန်ဆင်းတော်မူခဲ့ပြီး ၎င်းတို့အား ဤခဝပ်ကိုး ကွယ်မှုကိုပြုရန် အမိန့်ပေးတော်မူခဲ့ပေသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- (စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်း ကောင်း၊ မနုဿ လူသားတို့အားလည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရန်သာလျှင်ဖန်ဆင်းတော်မူခဲ့၏။) ငါအရှင်မြတ်သည် သူတို့ထံမှ စားနပ်ရိက္ခာကိုလည်း အလိုရှိတော်မူသည် မဟုတ်ပေ။ ငါအရှင်မြတ်အား သူတို့ ကျွေးမွေးကြရန်လည်းငါအရှင်မြတ်အလိုရှိတော်မူသည်မဟုတ်ပေ။ (၅၇) အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် ကိုယ်တော်တိုင်ကပင် စားနပ်ရိက္ခာ အလွန်ရက်ရောစွာပေးတော်မူသောအရှင်၊ အင်အားကို ပိုင်ဆိုင်တော်မူသောအရှင်၊ အလွန်ခိုင်မြဲ တောင့်တင်းတော်မူသောအရှင်၊ ဖြစ်တော်မူသည်။ [စူရဟ် ဇားရိယာသ် အာယသ် - ၅၆-၅၈]
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုဖန်ဆင်းမွေးမြူတော်မူသော (အလ္လာဟ်အရှင်မြတ်)အား ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့သောသူများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင် ကောင်းမှုဆောင်သောသူတော်မွန်များ ဖြစ်တန်ကြရာသတည်း။ (၂၁) အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင်သွားလာနိုင်ရန် အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင် မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံ အမျိုးမျိုးတို့ကို အသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲ ဖက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျင်းမပြုကြလင့်၊ (ထိုအလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်း မပြုအပ် ကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိပင်ဖြစ်ကြသည်။ (၂၂) [စူရဟ် ဗကရဟ် အာယသ် - ၂၁ -၂၂]
စင်စစ်အလ္လာဟ်အရှင်မြတ်သည် ဤအမှန်တရားကိုရှင်းပြ၍ ထိုအမှန်တရားဘက်သို့ ဖိတ်ခေါ်ရန်နှင့် ၎င်းနှင့်ဆန့်ကျင်သည့်အရာများမှသတိပေးတားမြစ်ရန် ရစူလ်တမန်တော်များအားစေလွှတ်တော်မူပြီး ကျမ်းဂန်များအားချပေးခဲ့ခြင်းဖြစ်ပေသည်၊ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသကဲ့သို့- (စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုး ကွယ်ကြလေကုန်ဟု (ဟောကြားစေတော် မူခဲ့လေသည်)။ [စူရဟ် နဟ်လ် အာယသ် - ၃၆]
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာ ဖြစ်သည်။ [စူရဟ် အန်ဗိယာ အာယသ် - ၂၅]
ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည် အကြင်ကျမ်းဂန်တော်တစ်ဆူတည်း၊ ထိုကျမ်းဂန်၏ အာယတ်တော်များသည် မြဲမြံခိုင်ခံ့အောင်ပြုလုပ်ပြီးဖြစ်ချေသည်။ ထို့ပြင်တဝထိုအာယတ်တော်များသည် ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်အထံတော်မှ အသေးစိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။ အကြောင်းမှာ အသင်တို့သည် အလ္လာဟ် အရှင်မြတ် မှလွဲ၍ (တစ်စုံတစ်ရာကို) မကိုးကွယ်ကြရန် ဖြစ် သည်။ အမှန်စင်စစ် ငါသည် အသင်တို့အတွက် အရှင်မြတ် ထံတော်မှ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းပေးသူ ဖြစ်သည်။ [စူရဟ် ဟူဒ် အာယသ် - ၁ -၂]
အိဗာဒသ် ခဝပ်ကိုးကွယ်မှု၏ သဘောတရားအစစ်အမှန်မှာ ဗန်ဒဟ်ကျေးကျွန်များ ပြုလုပ်သည့် ခဝပ်ကိုးကွယ်မှုများဖြစ်သော ဆုတောင်းခြင်း၊ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ခြင်း၊ ဆွလာသ်ဝတ်ပြုခြင်း၊ ဆွိယာမ်ဥပုဒ်စောင့်ထိန်းခြင်း၊ သားကောင်ဇဗဟ်ပြုလည်လှီးခြင်း၊ နဇရ်ကိုးခြင်းစသည်တို့အပြင် အခြားသော ခဝပ်ကိုးကွယ်မှုတိုင်းကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ ပြုလုပ်ခြင်းဖြစ်သည်။ ထိုအိဗာဒသ်များအားလုံးကို အရှင်မြတ်အပေါ် ပြည့်ဝသည့်ချစ်စိတ်၊ အရှင်မြတ်၏ကြီးကျယ်မှုရှေ့တွင် မိမိကိုယ်မိမိ နှိမ့်ချမှုနှင့်တကွ အကျိုးကုသိုလ်ကို မျှော်လင့်ပြီး၊ အပြစ်ဒဏ်ကို ကြောက်ရွံ့ကာ အရှင်မြတ်အရှေ့တွင် ရိုကျိုးမှုနှင့်တကွ ပြုလုပ်ခြင်းဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်အား လေ့လာဆင်ခြင်မည်ဆိုပါက ၎င်း ၏အများစုသည် ဤကြီးကျယ်မြင့်မြတ်လှသော အခြေခံမူနှင့်စပ်လျဉ်း၍ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ် သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသကဲ့သို့- (အို-နဗီတမန်တော်) ဧကန်အမှန် ငါအရှင်မြတ်သည်အသင်၏ ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။ ﴾ သတိပြုကြပါ။ သီးသန့် သက်သက် ဖြစ်သော ကိုးကွယ်မှု သည် အလ္လာဟ် အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ ထို့ပြင် အကြင်သူများသည် အရှင်မြတ် မှလွဲ၍ အခြား ကာကွယ် စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီး ၎င်းတို့သည် (ဤသို့ ပြောဆိုကြသည်) ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ်နှင့် နီးကပ်စေရန် အတွက်သာ ကျွန်ုပ်တို့သည် ၎င်းတို့အား ကိုး ကွယ်ကြပါသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သူတို့ အချင်းချင်း ကွဲလွဲ ငြင်းခုံနေကြသည့် ကိစ္စနှင့် ပတ်သက်၍ သူတို့၏ အကြားတွင် စီရင် ဆုံးဖြတ်တော်မူမည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် လိမ် လည်သူ၊ အလွန်ကျေးဇူးကန်းသူကို လမ်းမှန် ညွှန်ကြား ပြသတော်မူမည် မဟုတ်ပေ။ ﴿ [စူရဟ် ဇုမရ် အာယသ် - ၃ ]
ထို့ပြင် သန့်ရှင်းစင်ကြယ်တော်မူ၍ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - ထို့ပြင် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်က အမိန့် ပြဋ္ဌာန်းတော်မူသည်။ အသင်တို့သည် အရှင်မြတ် တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်း မှလွဲ၍ အခြားကို ကိုးကွယ်မှု မပြုရပေ။... [စူရဟ် အိစ်ရာအ် အာယသ် - ၂၃]
ထိုမှတစ်ပါး ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - သို့ဖြစ်ရာ ကာဖိရ်များသည် မနှစ်မြို့ကြလျှင်လည်း အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ် အတွက် သက်သက် ဖြစ်စေကြလျက် ကိုးကွယ်ကြပါ။ [စူရဟ် ဂါဖိရ် အာယသ် - ၁၄]
ထို့အတူပင် တမန်တော်မြတ်၏ စွန္နသ်တော်များကို လေ့လာဆင်ခြင်သူသည် ဤကြီးမားလှသော အခြေခံမူကို အလေး ထားကြောင်းကိုလည်း တွေ့ရှိရမည်ဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ခုအနေဖြင့် ဗုခါရီနှင့်မွတ်စ်လင်မ်ကျမ်းတွင် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)မှ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ် (ﷺ) က မိန့်ကြားတော်မူသည်မှာ - «အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။» [2]. [၂] ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၂၈၅၆) / မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၃၀)
အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ရာတွင် အဖန်ဆင်းခံများအပေါ်တွင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသည့်အရာအားလုံးနှင့် ၎င်းတို့အပေါ်တွင်အရှင်မြတ် ဖရဿွ်အဖြစ်သတ်မှတ်ပြဌာန်းထားသည့် ထင်ရှားပေါ်လွင်သည့် အစ္စလာမ်မဏ္ဏိုင်ကြီး (၅) ခုအား အီမာန်ယုံကြည်ခြင်းသည်လည်း အပါအဝင်ဖြစ်သည်။
၎င်းတို့မှာ- အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ ဆွလာသ် ဆောက်တည်ခြင်း၊ ဇကာသ် ပေးဆောင်ခြင်း၊ ရမဿွာန်လတွင် ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း၊ သွားရောက်ရန် တတ်စွမ်းနိုင်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သို့ သွားရောက် ဟဂ်ျပြုခြင်းနှင့် သန့်စင်သော ရှရီအသ်တရားတော်က ပြဋ္ဌာန်းထားသည့် အခြားသော ဖရ်ဿ်တာဝန်များ တို့ဖြစ်သည်။
ဤမဏ္ဍိုင်များအနက် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက် သေခံခြင်းသည် အကြီးကျယ်ဆုံးနှင့် အရေးကြီးဆုံးမဏ္ဍိုင်ဖြစ်သည်။ ထိုသက်သေခံခြင်းသည် အိဗာဒသ်ခဝပ်ကိုးကွယ်မှုအား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက် သီးသန့်ပြုလုပ်ရန်နှင့် ထိုအရှင်မြတ်မှအပအခြားတစ်စုံ တစ်ရာအား ခဝပ်ကိုးကွယ်ခြင်းမပြုရန် တောင်းဆိုပေသည်။ ဤသည်ပင် လာအိလာဟ အိလ္လလ္လာဟ် ၏ အစစ်မှန် သဘော တရားဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အဓိပ္ပါယ်မှာ- ပညာရှင်များ (ရဟိမဟွမုလ္လာဟ်) မိန့်ဆိုထားသည့်အတိုင်း- အလ္လာဟ်အရှင်မြတ်မှလွဲ၍ စစ်မှန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံယူထိုက်သည့် အရှင်မရှိ ဟူ၍ဖြစ်သည်။ သို့ရှိရာ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံနေရသည့် လူသား၊ ကောင်းကင်တမန်၊ ဂျင်န်၊ အစရှိသည့်အရာအားလုံးတို့သည် မှားယွင်းစွာကိုးကွယ်ခြင်း ခံနေရသည့် အရာများပင်ဖြစ်ပေသည်။ မှန်ကန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်သူမှာ တုဖက်နှိုင်းယှဉ်ခြင်းကင်းတော်မူသော တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သာလျှင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ "ထို (ကဲ့သို့ ကူညီတော်မူခြင်း)မှာမူ အလ္လာဟ် အရှင်မြတ်သည်သာလျှင် မှန်ကန်သည့် အရှင် ဖြစ်တော်မူပြီး အရှင်မြတ် မှလွဲ၍ သူတို့ ဟစ်ခေါ်ကြသည့် အရာများသည် မုချမှားသည့် အတွက်ကြောင့်..." [စူရဟ် ဟဂျ် အာယသ် - ၆၂]
အလ္လာဟ်အရှင်မြတ်သည် ဤအဓိကကျသည့် အခြေခံ အုတ် မြစ်ဖြစ်သော (အလ္လာဟ်တစ်ဆူတည်းအားခဝပ်ကိုးကွယ်ခြင်း) အတွက်ပင် ဂျင်န်နှင့်လူသားတို့အားဖန်ဆင်းခဲ့ပြီး၊ ၎င်းတို့အား ထိုအရာကိုပြုရန် အမိန့်ပေးတော်မူကာ၊ ထိုအရာအတွက် ရစူလ်တမန်တော်များအားစေလွှတ်ပြီး ကျမ်းဂန်များအားချပေးတော်မူခဲ့ကြောင်း ရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ပေရာ ကျွန်တစ်ဦးအနေဖြင့် မိမိအတွက် ထင်ရှားပေါ်လွင်စေရန် များစွာသော မွတ်စ်လင်မ်တို့သည် ဤအခြေခံအုတ်မြစ်အား လုံးဝ မသိနားမလည်ပဲ အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာတို့ကို ထိုအရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းနှင့် ထိုအရှင်မြတ်သာရသင့်ရထိုက်သည့်အခွင့်အရေးကို အခြားတစ်စုံတစ်ရာအတွက် သုံးစွဲလိုက်သည့်ထဲတွင် ကျရောက်နေသည်ကို ကောင်းစွာ စဉ်းစားဆင်ခြင် သုံးသပ်ရပေမည်။ အလ္လာဟ်အရှင်မြတ်သာကျွန်ုပ်တို့အား ကူညီစောင်မတော်မူပါစေ။
ဧကန်အမှန် အရှင်မြတ်သည် စကြာဝဠာကို ဖန်ဆင်းတော်မူသောအရှင်၊ ၎င်းတို့၏အရေးကိစ္စများကို စီမံခန့်ခွဲတော်မူသောအရှင်၊ မိမိ၏ အနန္တဉာဏ်တော်နှင့် တန်ခိုးတော်ဖြင့် ၎င်းတို့ကို မိမိအလိုရှိသလို အုပ်ချုပ်သူအဖြစ် ယုံကြည်ခြင်း၊ လောကီနှင့်လောကုတ္တရာအား စိုးပိုင်တော်မူသောအရှင်၊ စကြာဝဠာအပေါင်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုအရှင်မြတ်မှအပ အခြားမွေးမြူဖန်ဆင်းသည့်အရှင် မရှိကြောင်း ယုံကြည်ခြင်းသည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သော အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်မှုအနက်မှ ဖြစ်ပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့အားပြုပြင်ပြောင်းလဲမှုပေးရန်နှင့် ၎င်းတို့ နှစ်ဌာနစလုံးတွင် လွတ်မြောက်မှုရရန်နှင့် တည့်မှတ်မှန်ကန်မှုရှိစေရန်အလို့ငှါ ရစူလ်များကိုစေလွတ်၍ကျမ်းဂန်များကိုချပေးတော်မူခဲ့လေသည်။ ၎င်းအပြင် ဧကန်စင်စစ်ထိုအရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူပြီး တင်ပြပါ ကိစ္စရပ်များအားလုံး၌ အရှင်မြတ်နှင့် ဖက်ဆက်ယှဉ်တွဲကိုးကွယ်ရာဟူ၍အလျဉ်းမရှိပေ။ အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - အလ္လာဟ် အရှင်မြတ်သည်ပင် အရာအားလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည့် အပြင် အရှင်မြတ်သည်ပင် အရာ အား လုံး အပေါ်တွင် ထိန်းသိမ်းတော်မူသော အရှင်လည်း ဖြစ်တော်မူသည်။ [စူရဟ် ဇုမရ် အာယသ် - ၆၂]
အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်မှုအနက်မှ ထိုအရှင်မြတ်၏တန်ခိုး အာနုဘော်နှင့်ပြည့်စုံသော ကျမ်းဂန်တွင် လာရှိသော ၎င်း၏ သမာဓိပြည့်ဝသော ရစူလ်ထံမှ အ တည်ပြုလာရှိထားသော လှပတင့်တယ်သော နာမတော်များနှင့် မြင့်မားတော်မူသော ထိုအရှင်မြတ်၏ဂုဏ်တော်များအား အဓိပ္ပါယ်ပြောင်းလွဲခြင်း၊ ငြင်းပယ်ခြင်း၊ ပုံစံသတ်မှတ်ခြင်း၊ ပုံပမာခိုင်းနှိုင်းခြင်းတို့မပြုပဲ ယုံကြည်ခြင်းသည်လည်း ပါဝင်ပေသည်။ ...အရှင်မြတ်နှင့် တူသည့် အရာဟူ၍ မရှိပေ။ အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်တော်မူသော အရှင် ဖြစ်တော်မူသည်။ [စူရဟ် ရှုရာ အာယသ် - ၁၁]
သို့ဖြစ်ရာ ၎င်းဂုဏ်တော်များအပေါ် ရည်ညွန်းသည့်ကြီးကျယ်လှသောအဓိပ္ပာယ်များကို ပုံစံသတ်မှတ်ခြင်းမပြုပဲ လာရှိသည့်အတိုင်း လက်ခံအတည်ပြုယုံကြည်ရန် အရေးကြီးပေသည်။ ယင်းကြီးကျယ်လှသည့် အဓိပ္ပါယ်များသည်ပင် အလ္လာဟ်အ ရှင်မြတ်၏ဂုဏ်တော်များဖြစ်ရာ အရှင်မြတ်အား ၎င်း၏ဂုဏ်တော်များအနက်မှ တစ်စုံတစ်ရာကိုမှ အဖန်ဆင်းခံများနှင့် နှိုင်းယှဉ်ခြင်းမပြုပဲ ထိုအရှင်မြတ်နှင့်ထိုက်တန်သည့်အတိုင်း တင်စားပြောဆိုရန် အရေးကြီးပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်- သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက် ၍ ပုံပမာများ မခိုင်းနှိုင်းကြနှင့်။ အမှန်မှာ အလ္လာဟ် အရှင်မြတ်ပင် သိရှိတော်မူသည်။ ထို့ပြင် အသင်တို့မှာမူ မသိရှိကြပေ။ [စူရဟ် နဟလ် အာယသ် - ၇၄]
ဤသည်ပင် အလ္လာဟ်အရှင်မြတ်၏ နာမတော်များနှင့် ဂုဏ်တော်များနှင့်ပတ်သက်သည့် အဟ်လေစွန္နသ် ဝလ်ဂျမာအသ်များဖြစ်သည့် စွဟာဗဟ်၊ သာဗိအီးန်၊ သဗအ်သာဗိအီးန်တို့၏ အကီဒဟ် ယုံကြည်ချက်ပင်ဖြစ်သည်။ ၎င်းယုံကြည်ချက်ကိုသာ အိမာမ် အဗုလ် ဟစန် အရှ်အရီ ရဟိမဟွလ္လာဟ်က (အလ်မကာလားသ် အန်အဆွ်ဟာဘိလ် ဟဒီးဆ် ဝအဟ်လွစ်စွန္နဟ်) အမည်ရှိကျမ်းတွင်လက်ဆင့်ကမ်းတင်ပြခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင်အခြားပညာရှင်များလည်း ဤယုံကြည်ချက်ကိုသာ လက်ဆင့်ကမ်းတင်ပြထားခြင်းဖြစ်သည်။
အောင်ဇာအီ ရဟိမဟွလ္လာဟ် က ပြောကြားသည်မှာ- (အိမာမ်ဇုဟ်ရီနှင့် မက်ဟူးလ် တို့သည် ဂုဏ်တော်များနှင့်သက်ဆိုင်သည့် အာယသ်တော်များနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရသည်။ ထိုအခါ၎င်းတို့က အသင်တို့ ထိုအာယသ်တော်များ၏ (အဓိပ္ပာယ်များကို) လာရှိသည့်အတိုင်းလက်ခံကြဟု ဖြေကြားခဲ့သည်။) [၃] [၃]လာလ်ကာအီက ရှရ်ဟုအုဆူလ်အိအ်တိကွာဒ်ကျမ်း (၇၃၅) နှင့် အိဗ်နုအဗ်ဒုလ်ဗရ်က ဂျာမိအုလ်အိလ်မ် ဝဖဒ်လဟီကျမ်း (၁၈၀၁) တို့တွင် ဆင့်ပြန်ထားသည်။ သို့ရာတွင် အာယာသ်အဆွီဖာသ် အစား အဟဒီးဆ်များဟူသော စာသားဖြင့် လာရှိသည်။ ၎င်း၏စာသားမှာ- "ဤအဟဒီးဆ်များကို လာရှိသည့်အတိုင်း ဆင့်ပြန်ကြလော့၊ ၎င်းတို့နှင့်ပတ်သက်၍ အချေအ တင် မငြင်းခုံကြနှင့်" ဟူ၍ဖြစ်သည်။
အောင်ဇာအီ ရဟိမဟွလ္လာဟ် က ဤသို့လည်း ပြောကြားခဲ့သည်။ (ကျွန်ုပ်တို့နှင့် သာဗိအီးန်ပညာရှင်ကြီးအားလုံးတို့ သည် တစ်ညီတစ်ညွတ်တည်း လက်ခံအတည်ပြုကြသည်မှာ- အလ္လာဟ်အရှင်မြတ်သည် အရ်ရှ် ပလ္လင်တော်၏ အပေါ်တွင် ရှိတော်မူသည်။ ထို့ပြင် တမန်တော်မြတ် (စွလ္လလ္လာဟုအလိုင်းဟိ ဝစလ္လမ်) ၏ စွန္နသ်တော်များတွင် လာရှိသည့် အလ္လာဟ်အရှင်မြတ် ၏ ဂုဏ်တော်များအားလုံးကိုလည်း ယုံကြည်ပါသည်။) [၄] [၄] ဗိုင်ဟကီကျမ်း (အတ်စ်မာအ် ဝဆွီဖာသ်)၊ ဟဒီးစ်အမှတ် (၈၆၅)၊ အိမာမ် အိဗ်နေသိုက်မီယဟ်က အလ်ဟမဝီယဟ်ကျမ်း (စာ - ၂၆၉) ၌ ၎င်းစနဒ်အား စွဟီဟ်ဟု မှတ်ချက်ပြုထားသည်။ အိမာမ် ဇဟဗီက အလ်အရ်ဒ်ကျမ်း (၂ / ၂၂၃) ၌ ၎င်းစနဒ်တွင်ရှိသော ရာဝီများသည် ယုံကြည်စိတ်ချရသော အိမာမ်များဖြစ်သည်ဟု ဆိုခဲ့သည်။
ထို့ပြင် အလ်ဝလီးဒ် ဗင်န် မွတ်စ်လင်မ် (رحمه الله) က ပြောကြားသည်မှာ- (မာလိက်၊ အောင်ဇာအီ၊ လိုင်စ်ဗင်န် စအဒ်၊ စွဖ်ယားန်စောင်ရီ (ရဟိမဟွမွလ္လာဟ်) စသည့်ပညာရှင်ကြီးများသည် ဂုဏ်တော်များနှင့်ပတ်သက်၍လာရှိသည့် မိန့်ကြားချက်များအား မေးမြန်းခြင်းခံရသည်။ ထိုအခါ ၎င်းတို့အားလုံးက အသင်တို့ ထိုဂုဏ်တော်များအား လာရှိသည့်အတိုင်း လက်ခံကြလော့ဟု ဖြေကြားကြလေသည်။) [၅] [၅] လာလ်ကာအီ ၏ ရှရ်ဟ် အုဆူလ် အလ်အိအ်သိကွာဒ် ကျမ်း (၉၃၀)၊ ဗိုင်ဟကီ ၏ အလ်အက်စ်မာအ် ဝါစ်ဆွိဖားသ် ကျမ်း (၉၅၅)
အိမာမ်မာလိက်၏ဆရာ ရဗီအဟ် ဗင်န် အဗူအဗ်ဒွရ်ရဟ်မားန်သည် အိစ်သိဝါ (အရ်ရှ်ပလ္လင်ထက်တွင် အလ္လာဟ်အရှင်မြတ် စံမြန်းတော်မူခြင်း) နှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ၎င်းက အိစ်သိဝါးအ် (စံမြန်းတော်မူခြင်း) သည် (ကုရ်အာန် နှင့် စွန္နသ်တော်များတွင် ဖော်ပြထားသောကြောင့်) သိရှိနိုင်သည်။ အဘယ်သို့ စံမြန်းသည်ဆိုသည်ကိုမူ မသိရှိနိုင်ပေ။ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ထုတ်ပြန်ပို့ချတော်မူသော်ကြောင့် တမန်တော်မြတ်သည် ကျွန်ုပ်တို့ထံ ပို့ဆောင်ရန်တာဝန်ရှိပြီး ကျွန်ုပ်တို့အဖို့မှာမူ ထောက်ခံယုံကြည်ရန်အရေးကြီးပါသည်ဟု ဖြေကြားခဲ့သည်[၆]။ တစ်ဖန် အိမာမ်မာလိက် (ရဟိမဟုလ္လာဟ်)က ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းခံရသည့်အခါ ၎င်းက မိန့်တော်မူသည်။ "(အိစ်သိဝါးအ် (စံမြန်းတော်မူခြင်း)ဟူသည် နားလည်သိရှိနိုင်သည်။ မည်သို့စံမြန်းသည်ဆိုသည်ကိုတော့ မသိရှိနိုင်ပေ။ ၎င်းအပေါ် ယုံကြည်ခြင်းသည် ဝါဂျိဗ်ဖြစ်သည်။ ထိုအ ကြောင်းအရာနှင့် ပတ်သက်၍မေးမြန်းခြင်းသည် ဗိဒ်အသ်ဖြစ်သည်။) ထို့နောက် မေးခွန်းမေးသူအား (ကုရ်အာန်နှင့် စွန္နသ်တော်တွင် ဖော်ပြထားခြင်းမရှိသည်ကို မေးမြန်းသည့် အတွက်) အသင်သည်ယုံကြည်ချက်ပျက်ပြားနေသူတစ်ဦးဖြစ်ကြောင်းယူဆမိပါသည်ဟု မိန့်တော်မူ၍ ထိုင်ဝိုင်းမှထွက်သွားရန် အမိန့်ပေးခဲ့လေသည်။ [၇]." ဤ (ယုံကြည်ချက်) အတိုင်း မုအ်မင်န်တို့၏မိခင်မွန်ကြီး အွမ်မေ့စလမဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံမှလည်း ဆင့်ပြန်ချက်လာရှိသည်။ [၈] [၆] လာလ်ကာအီ၏ ရှရ်ဟ်အုဆူးလ်အေ့အ်သိကွာဒ်ကျမ်း (၆၆၅)၊ ဗိုင်ဟကီ၏ အလ်အက်စ်မာအ်ဝဆွိဖားသ်ကျမ်း (၈၆၈) [၇] လာလ်ကာအီ၏ ရှားရ်ဟ် ဥဆူလ် အလ်အေ့အ်သိကွာဒ်ကျမ်း (၆၆၄)၊ အဗူနိုအိုင်မ်၏ ဟိလ်ယသွလ် အောင်လီယာအ်ကျမ်း (၆ / ၃၂၅)၊ ဗိုင်ဟကီ၏ အက်စ်မာအ် ဝဆွီဖာသ်ကျမ်း (၈၆၇) [၈] မုဇက္ကီ၏ မုဇက္ကီယားတ်ကျမ်း (၂၉)၊ အိဗ်နေဗသ်သွဟ်၏ အိဗာနဟ်ကျမ်း (၁၂၀)၊ လာလကာအီ၏ ရှရ်ဟု အုဆူလ် အစ်အ်သိကွာဒ်ကျမ်း (၆၆၃)
အီမာမ် အဘူအဗ်ဒုရ်ရဟ်မာန် ဗင်န် အလ်မုဗာရက် (ရဟ်မသုလ္လာဟိအလိုင်ဟိ) က မိန့်ကြားခဲ့သည်- "(ကျွန်ုပ်တို့အား မွေး မြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အဖန်ဆင်းခံများနှင့်သီး ခြားဖြစ်တော်မူပြီး မိုးကောင်းကင်များ၏ အထက် အရ်ရှ်ပလ္လင်တော်ပေါ်တွင် ရှိကြောင်း ကျွန် တော်တို့သိရှိပါသည်။)" [၉] [၉] ဒါရမီကျမ်း၊ အရ်ရဒ်ဒု အလလ် ဂျဟ်မီယဟ် (၆၇)၊ ဗိုင်ဟကီကျမ်း၊ အလ်အက်စ်မာအ် ဝလ်ဆီဖာသ် (၉၀၃)
ဤကဏ္ဍနှင့်ပတ်သက်ပြီး အိမာမ်ကြီးများ၏ မိန့်ကြားချက်များ အမြောက်အများရှိသည်။ ၎င်းမိန့်ကြားချက်များအားလုံးကို ဤဟောပြောတင်ပြပို့ချမှုတွင် တင်ပြရန်မဖြစ်နိုင်ပေ။ မည်သူမဆို ထိုထက်ပို၍သိရှိလိုပါက အဟ်လွစ်စွန္နဟ် ပညာရှင်အသိသိရေးသားပြုစုထားသော ဤကဏ္ဍနှင့်သက်ဆိုင်သည့် စာအုပ်များအားလေ့လာပါ။ ဥပမာအားဖြင့် အိမာမ်အဟ်မဒ်၏သားဖြစ်သူ အဗ်ဒွလ္လာဟ်ရေး သားထားသည့် (ကိသာဗုစ် စွန္နဟ်) ကျမ်း၊ အိမာမ်မုဟမ္မဒ်ဗင်န်ခုဇိုင်မဟ်၏ (ကိသာဗုသ် သောင်းဝ်ဟီးဒ်) ကျမ်း အိမာမ်လာလ်ကာအီ၏ (ကိသာဗုစ် စွန္နဟ် ) ကျမ်း၊ အဗူဘကရ် အိဗ်နုအဘီအာစွင်မ်၏ (ကိသာဗုစ် စွန္နဟ် ) ကျမ်း၊ ရှိုင်ခွလ် အစ္စလာမ် အိဗ်နေ့သိုင်မိယဟ်၏ ဟမားသ်ပြည်နယ်သားတို့ရဲ့မေးမြန်းချက်အပေါ် ဖြေကြားသည့် အဖြေ၊ (ထိုဖြေကြားချက် သည်) အလွန်ပြောင်မြောက်၍အကျိုးမြားလှပေသည်။ အိမာမ်ကြီးသည် ထိုဖြေကြားချက်၌ အဟ်လွစ်စွန္နဟ် ဝင်တို့၏ယုံကြည်ချက်အားရှင်းလင်းတင်ပြပြီး၊ ၎င်းပညာရှင်တို့၏ မိန့်ကြားချက်များနှင့် အဟ်လွစ်စွန္နဟ် ပညာရှင်များ၏ပြောဆိုမိန့်ကြားချက်များမှန်ကန်ကြောင်း ၎င်းတို့၏ဆန့် ကျင်ဘက်အုပ်စုဝင်များပြောကြားသည့်အရာများမှား ယွင်းကြောင်း ထင်ရှားပေါ်လွင်စေမည့် တရားတော်လာအထောက်အထားများနှင့် ယုတ္တိတန်သော အထောက်ထားများကို တင်ပြထားပါသည်။
ဤအတိုင်းပင် ၎င်းသည် သူ၏ ရိစာလဟ် သဒမ္မုရီယဟ် ကျမ်းတွင် အဟ်လွစ်စွန္နဟ် တို့၏ အကီဒဟ် ယုံကြည်ချက်အားတရားတော်လာ အထောက်ထားများနှင့် ယုတ္တိကျသောအထောက်အထားများဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြထားသည်။ ထို့ပြင် ရည်ရွယ်ချက်မှန်ကန်ကာ၊ အမှန်တရားကို သိလိုသူတိုင်းအတွက် အမှန်ကို ဖော်ထုတ်ပြီး အမှားကိုတိုက်ဖျက်ကာ ဆန့်ကျင်ဘက်အုပ်စုများအားချေပထားသည်။ အချုပ်အားဖြင့် နာမတော်များနှင့် ဂုဏ်တော်များကဏ္ဍတွင် အဟ်လွတ်စ်စွန္နဟ် ဝလ်ဂျမာအဟ်၏ ယုံကြည်ချက်မှာ- ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က မိမိ၏ကျမ်းဂန်၌ အတည်ပြုထားသည့်အတိုင်း သို့မဟုတ် ထိုအရှင်မြတ်၏ရစူလ်တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိမိ၏စွန္နသ်တော်များတွင် အတည်ပြုထားသည့်အတိုင်း ပုံပမာခိုင်းနှိုင်းခြင်းမပြုပဲ အရှိတိုင်း အတည်ပြုလက်ခံကြပေသည်။ ထို့ပြင် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသောအရှင်မြတ်အား အဖန်ဆင်းခံတို့နှင့် ဆင်တူဖြစ်ခြင်းမှ ကင်းစင်ကြောင်း (ထိုသို့အဖန်ဆင်းခံတို့နှင့် ဆင်တူဖြစ်ခြင်းမှ ကင်းစင်ကြောင်းပြောဆိုရာတွင် ၎င်းဂုဏ်တော်များအား အပြီးတိုင် ငြင်းပယ်ရာလည်းမရောက်ရပေ) မြွက်ဆိုကြ၏။ သို့ရှိရာ ၎င်းတို့သည် ဝိရောဓိဖြစ်ခြင်းမှ ကင်းလွတ်အောင်မြင်ခဲ့ကြပေသည်။ အလ္လာဟ်အရှင်မြတ်ထံတော်မှ စွမ်းအားချီးမြှင့်မှုကြောင့် ၎င်းတို့သည် အထောက်အထားများအားလုံးကို လက်ခံကျင့်သုံးခဲ့ကြပေသည်။ အဘယ်ကြောင့်ဆိုသော် ရစူလ်တမန်တော်များယူဆောင်လာသောအမှန်တရားကို ခိုင်မြဲစွာဆုပ်ကိုင်ကာ ထိုအမှန်တရား (သာသနာ) အတွက် အစွန်းကုန်ကြိုးစားပြီး ၎င်းကိုရှာဖွေရာ၌ အလ္လာဟ်အရှင်မြတ်အတွက်သီးသန့်ပြုသူများနှင့်ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အားအမှန်တရားအတွက်စွမ်းအားချီးမြှင်ကာ ယင်းအမှန်တရား၏အထောက်အထားကိုလည်း ပေါ်လွင်ထင်ရှားစေခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်ပင်ဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- "ထိုသို့ မဟုတ်ပေ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အမှန်ကို အမှားပေါ်တွင် ပစ်ပေါက်တော်မူသည်။ ထို့ပြင် ထိုအမှန်က ၎င်းအမှား၏ (တည်မြဲနေသည့် အင်အား) ဦးနှောက်ကို ထုတ်ပစ်လိုက်သည်။ သို့ဖြစ်ရာထိုအမှားသည် ချက်ချင်းပျောက်ပျက်သွားတော့ သည်။..." [စူရဟ် အန်ဗီယာအ် အာယသ် - ၁၈]
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ထို့ပြင် (အနည်းငယ်စီ ဆိုင်းငံ့ ချပေးရသည့် အကြောင်းရင်းများ ထဲမှ တစ်ခုမှာ) သူတို့သည် အသင့်ထံသို့ (စောဒက တက်ရန်) စကားပုံပမာ တစ်စုံတစ်ခု ယူဆောင် လာကြသည့်အခါ ငါအရှင်မြတ်သည် တိကျမှန်ကန်သော ရှင်းလင်း ဖော်ပြချက်နှင့် ပိုမိုကောင်းမွန်သော ဖြေကြားချက်ကို အသင့်ထံ ပို့ဆောင်တော်မူရန် အတွက်ဖြစ်သည်။ [စူရဟ် ဖုရ်ကားန် အာယသ် - ၃၃]
အတ်စ်မားအ် ဝတ်စ်စိဖားသ် (နာမတော်များနှင့် ဂုဏ်တော်များအား ယုံကြည်လက်ခံသည့်) ကဏ္ဍတွင် အဟ်လွတ်စ်စွန္နဟ် အုပ်စုဝင်များ၏ယုံကြည်ချက်အား ဆန့်ကျင်သည့်သူကမူ ၎င်းတို့လက်ခံထားသည့်အရာနှင့် ၎င်းတို့ငြင်းပယ်သည့် အရာတိုင်းတွင် ထင်ရှားသော ဝိရောဓိ (ရှေ့နောက်မညီဆန့်ကျင်ကွဲပြားလျက်) ဖြစ်ကာ တရားတော်လာ အထောက်အထားများနှင့် ယုတ္တိကျသော အထောက်အထားများကို ဆန့်ကျင်မှုထဲ၌ မလွဲမသွေ ကျရောက်ပေမည်။ ဟာဖိဇ် အိဗ်နုကစီးရ် (ရဟိမဟုလ္လာဟ်) က သူ၏ကျော်ကြားသော သဖ်စီးရ်ကျမ်းတွင် ဤအကြောင်းအရာနှင့်ပတ်သက်၍ ကောင်းမွန်သော တင်ပြချက်ကို ဖော်ပြထားပေသည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့်- ဧကန်စင်စစ် အသင်တို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်၏။ ထိုအလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ခြောက်ရက်(နှင့် ညီမျှသောအချိန်)တွင် (ပြီးစီးအောင်) ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူသည်။... [စူရဟ် အအ်ရားဖ် အာယသ် - ၅၄]
အကျိုးများလှသည့် အတွက် ၎င်းအား ဤနေရာတွင်ပြန်လည်တင်ပြထိုက်ပေသည်။ ၎င်း(ရဟိမဟွလ္လာဟ်)က အောက်ပါအတိုင်း မိန့်ဆိုထားသည်မှာ -
(လူတို့အတွက်ဤကဏ္ဏနှင့်ပတ်သက်ပြီး အဆိုပေါင်းမြောက်များစွာရှိသော်လည်း ဤနေရာတွင် အကျယ်တဝင့် ဖော်ပြရန် မဖြစ်နိုင်ပါ။ ကျွန်ုပ်အနေဖြင့် ဤကဏ္ဏ၌ ရှေးဦး သူမွန်သူမြတ်များဖြစ်သည့် မာလိက်၊ အောင်ဇာအီ၊ စောင်ရီ၊ လိုင်းစ် ဗင်န် စအဒ်၊ ရှာဖီအီ၊ အဟ်မဒ် ဗင်န် ဟမ်ဗလ်၊ အိစ်ဟားက် ဗင်န် ရာဟဝိုင်းဟ်၊ အစရှိသည့် မွတ်စ်လင်မ်တို့၏ ရှေ့ဆောင်အိမာမ်များ ၏ လမ်းစဉ်အတိုင်းသာ လိုက်နာယုံကြည်လက်ခံပါမည်။ ထိုလမ်းစဉ်မှာ ဆွီဖားသ် ဂုဏ်တော်များအား ပုံစံသတ်မှတ်ခြင်း၊ (အဖန်ဆင်းခံများနှင့်) ခိုင်းနှိုင်းခြင်း၊ ယတိပြတ်ငြင်းပယ်ခြင်းတို့မပြုပဲ (ကုရ်အာန်နှင့် ဟဒီးစ်တွင်) လာရှိသည့်အတိုင်းလက်ခံယုံကြည်ခြင်းပင်ဖြစ်သည်။ နှိုင်းယှဉ်ချိန်ထိုးယူဆလေ့ရှိသည့် သူတို့၏ အသိတွင်လာရှိသည့် အပေါ်ယံအတွေးအမြင်များသည် အလ္လာဟ်အရှင်မြတ်အတွက် ပယ်ဖျက်ပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်နှင့် ဘယ်အဖန်ဆင်းခံတစ်စုံတစ်ရာကမျှ မတူနိုင်သလို၊ "...အရှင်မြတ်နှင့် တူသည့် အရာဟူ၍ မရှိပေ။ အရှင်မြတ် သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်တော်မူသော အရှင် ဖြစ်တော်မူသည်။"၊ [စူရဟ် ရှုရာ အာယသ် - ၁၁] တကယ်တော့ပညာရှင်များကမိန့်ကြားထားသည့်အတိုင်းသာဖြစ်ချေသည်။ - ၎င်းပညာရှင်များအနက် အိမာမ်ဗုခါရီ၏ ဆရာဖြစ်သူ (နုအိုင်းမ် ဗင်န် ဟမ်မားဒ် အလ်ခုဇာအီ) က အမိန့်ရှိသည်။ (မည်သူမဆိုအလ္လာဟ်အရှင်မြတ်အား အဖန်ဆင်းခံများနှင့်ခိုင်းနှိုင်းပြောဆိုပါက ကာဖိရ်ဖြစ်သွားမှာဖြစ်သလို အလ္လာဟ်အရှင်မြတ်သည် မိမိအတွက် ကိုယ်တော်တိုင်တင်စားခေါ်ဝေါ်ဖော်ပြထားသည့်ဂုဏ်ပုဒ်များကိုငြင်းဆန်ခြင်းပြုပါက ထိုသူသည်လည်း ကာဖိရ်ဖြစ်သွားပေမည်။) [၁၅] မိမိကိုယ်တော်တိုင်အတွက်အလ္လာဟ်ရှင်မြတ် တင်စားသုံးနှုံးထားသည့် ဂုဏ်တော်များ၊ ထိုအရှင်မြတ်၏ရစူလ်က (ထိုအရှင်မြတ်အတွက်) တင်စားခေါ်ဝေါ်သုံးစွဲထားသည့် ဂုဏ်တော်များတွင် နှိုင်းယှဉ်စရာဟူ၍ အလျဉ်းမရှိပေ။ အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များအား ရှင်းလင်းပြတ်သားသော အာယသ်တော်များနှင့်၊ မှန်ကန်တိကျသည့် ဟဒီးဆ်တော်များတွင်လာရှိသည့်အတိုင်း အလ္လာဟ်အရှင်မြတ်အတွက် မိမိ၏ဂုဏ်အရှိန်အဝါနှင့်အညီ ထိုက်တန်သည့်အတိုင်း အတည်ပြု လက်ခံယုံကြည်ပြီး၊ ထိုအရှင်မြတ်ဘက်တော်မှ ချို့တဲ့လျော့နည်းမှု အပြစ်အနာအဆာများကို ငြင်းပယ်ပါက ထိုသူသည် မှန်ကန်သည့်တရားလမ်းမှန်ကို လျှောက်လှမ်းသူသာဖြစ်ချေသည်။ [၁၁] အိဗ်နုကစီးရ် (ရဟိမဟုလ္လာဟ်) ၏ စကားရပ် ဤတွင် ပြီးဆုံးပြီဖြစ်သည်။ [၁၀] အိမာမ် ဇဟဗီ၏ အလ်အုလူးဝ်ကျမ်း (၄၆၄) ရှိုက်ခ်အလ်ဗာနီက မုခ်သဆွရ် အလ်အုလူးဝ်ကျမ်း (စာမျက်နှာ - ၁၈၄) ၌ ဤစနဒ်သည် စွဟီဟ်ဖြစ်ပြီး ၎င်းစနဒ်တွင်ရှိသော ရာဝီများ သည် ယုံကြည်စိတ်ချရပြီး လူသိများထင်ရှားသူများဖြစ်သည်ဟု ဆိုခဲ့သည်။ [၁၁] သဖ်စီးရ် အိဗ်နုကဆီးရ် - အတွဲ (၃) စာမျက်နှာ (၄၂၆၊ ၄၂၇)
အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ရာတွင် အီမာန် သည် နှုတ်ဖြင့်ဝန်ခံခြင်း၊ ကိုယ်လက်အစိတ်အပိုင်းများဖြင့် အမလ်ကျင့်ဆောင်ခြင်းနှင့် ကောင်းမှုပြုလုပ်ခြင်းကြောင့်တိုးလာပြီး အမိန့်ဖီဆန်ခြင်းကြောင့် လျော့နည်းမှုဖြစ်ခြင်း၊ မည်သည့်မွတ်စ်လင်မ်တစ်ဦးကိုမှ ကုဖရ်နှင့် ရှိရ်က်တို့ထက်နိမ့်သည့် ပြစ်မှုဒုစရိုက်ကြီးများဖြစ်သည့် ဇေနာလုပ်ခြင်း၊ ခိုးခြင်း၊ အတိုးစားခြင်း၊ အရက်သေစာ သောက်စားခြင်း၊ မိဘအမိန့်ဖီဆန်ခြင်း အစရှိသည့် ပြစ်မှုတစ်စုံတရာအား ပြုလုပ်ပိုင်ခွင့်ရှိသည်ဟု မယူဆဘဲ ကျူးလွန်မိပါက ၎င်းမွတ်စ်လင်မ်အား ကာဖိရ်ဟု သတ်မှတ်ခွင့်မရှိကြောင်း လက်ခံယုံကြည်ခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် (ဆွဗ်ဟားနဟူဝသအာလာ) မိန့်ကြားတော်မူသည့်အတိုင်း- အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် (အခြား တစ်စုံတစ်ရာကို) တွဲဖက်ကိုးကွယ်မှုကိုလွတ်ငြိမ်းချမ်းသာခွင့် လုံးဝပေးတော်မူမည် မဟုတ်ပေ။ ၎င်းပြင် ထိုတွဲဖက် ကိုးကွယ်ခြင်း မှလွဲ၍ အခြားပြစ်မှုများကိုမူ အရှင်မြတ် အလိုရှိတော်မူသော သူကို အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်... [စူရဟ် နိဆားအ် - အာယသ် ၄၈] မုသဝါသိရ် ဟဒီးဆ်တော်များတွင် တမန်တော်မြတ် (ﷺ) ထံမှ ဆင့်ပြန်ချက်လာရှိသည်။ ၎င်းတို့အနက်မှ ကိုယ်တော်မြတ် မိန့်ကြားတော်မူသည်မှာ - “အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏စိတ်နှလုံးအတွင်း၌ နမ်းစေ့မျှလောက်ပင် အီမာန်ယုံကြည်မှုရှိပါက ၎င်းအား ဂျဟန္နမ် ငရဲမီးမှ ထုတ်ပေးတော်မူမည်ဖြစ်သည်။” [၁၂] [၁၂] ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၂၂)၊ အဘူစအီးဒ် အလ်ခုဒ်ရီ (ရသွေ့ယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ထားသော ဟဒီးဆ်
ဒုတိယ အခြေခံ- ကောင်းကင်တမန်များကို အီမာန် သက်ဝင်ယုံကြည်ခြင်း၊
၎င်းတွင် အချက်နှစ်ချက် ပါဝင်သည်။ ၎င်းတို့မှာ- ပထမအချက်- ကောင်းကင်တမန်များအား ယေဘုယျအားဖြင့် သက်ဝင်ယုံကြည်ခြင်း။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်အားနာခံရန်အတွက် ကောင်းကင်တမန်များကို ဖန်ဆင်းတော်မူထားပြီး ၎င်းတို့အား အောက်ပါအတိုင်း တင်စားထား သည်ဟု သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။- ထို့ပြင် ၎င်းတို့က ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် သား သမီးပြုလုပ်တော်မူခဲ့သည်ဟု(စွပ်စွဲ) ပြောဆိုခဲ့ကြကုန် ၏။ အရှင်မြတ်သည် (အိမ်ထောင်မှုကိစ္စတို့မှ) လုံးဝကင်းစင်တော်မူသည်။ စင်စစ်မှာကား (ကောင်းကင်တမန်များသည် ထိုအရှင်မြတ်၏ သားသမီးများ မဟုတ်ကြချေ။ ထိုအရှင်မြတ်၏) မြင့်မြတ်သော ကျွန်များပင် ဖြစ်ကြကုန်၏။ (၂၆) ယင်း(ကောင်းကင်တမန်)တို့မူကား ထိုအရှင်မြတ်၏ရှေ့တော်သို့ကျူး၍ စကားပြောဆိုနိုင်ကြသည် အလျှင်းမဟုတ်ပေ။ ထို့ ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုသာ (တစ်သွေမတိမ်း)လိုက်နာ ဆောင်ရွက်ကြကုန်၏။ ၂၇ အရှင်မြတ်သည် သူတို့၏ ရှေ့၌ ရှိသော ကိစ္စရပ်များနှင့် သူတို့၏ နောက်ကွယ်၌ ရှိသော ကိစ္စရပ်များကို သိရှိတော်မူသည်။ ထို့ပြင် သူတို့သည် အရှင်မြတ် ကျေနပ်နှစ်သက်သည့်သူမှလွဲ၍ မည်သူ့အတွက်မျှ (ရှဖာအသ်) ကြားဝင်အသနားခံနိုင်ကြမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်အား ကြောက်ရွံ့မှုကြောင့် အမြဲ စိုးရိမ်လျက်ပင် ရှိကြသည်။(၂၈) [စူရဟ် အန်ဗိယာအ် အာယသ် - ၂၆-၂၈]
ကောင်းကင်တမန်တော်များမှာ အမျိုးအစားပေါင်းများစွာရှိပြီး၊ ၎င်းတို့အနက်အချို့မှာ အရ်ရှ်ပလ္လင်တော်အားထမ်းရန် တာဝန်ပေးအပ်ခြင်းခံရပြီး၊ အချို့မှာမူ ဂျန္နသ်နှင့် ဂျဟန္နမ်၏ တံခါးစောင့်များဖြစ်ကာ၊ နောက်တစ်ချို့မှာကား အဖန်ဆင်းခံတို့၏ အအ်မားလ်များအား မှတ်တမ်းတင်ရန်တာဝန်ပေးအပ်ခြင်းခံရပေသည်။ ဒုတိယအချက်- ကောင်းကင်တမန်များကို အသေးစိတ် အီမာန်သက်ဝင်ယုံကြည်ခြင်း။ ၎င်းမှာ ၎င်းတို့အနက် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်မြတ်တို့က အမည်ဖော်ပြထားသော ကောင်းကင်တမန်များကို သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ဥပမာ - ဝဟီယူဆောင်ဆင်းသက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဂျိဗ်ရီလ်၊ မိုးရွာသွန်းရန် တာဝန်ပေးအပ်ခြင်းခံရသည့် မီကာအီလ်၊ ငရဲဘုံကို ထိန်းသိမ်းစောင့်ရှောက်သူ မာလစ်က်နှင့် စူရ်တံပိုးခရာမှုတ်ရန် တာဝန်ပေးအပ်ခံရသည့် အိစ်ရာဖီလ်တို့ ဖြစ်သည်။ ၎င်းတို့အကြောင်းကို ခိုင်လုံသော ဟဒီးဆ်တော်များတွင် ဖော် ပြလာရှိသကဲ့သို့၊ ၎င်းတို့အနက် ဆွဟီးဟ်ကျမ်းတွင် လာရှိထားသည်မှာ- အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် နူးရ်ရောင်ခြည်ဖြင့် ဖန်ဆင်းခြင်းခံရသည်။ ဂျင်န်များသည် မီးခိုးမပါသော မီးတောက်ဖြင့် ဖန်ဆင်းခြင်းခံရပြီး အာဒမ် (အလိုင်းဟိစ္စလာမ်) ကတော့ အသင်တို့ (ကျမ်းမြတ်ကုရ်အာန်၌) တင်ပြခြင်းခံရသည့်အရာ (ရွှံ့စေး) ဖြင့်ဖန်ဆင်းခြင်းခံရပေသည်။[၁၃] အိမာမ် မွတ်စ်လင်မ်က ထိုဟဒီးဆ်ကို မိမိ၏ စွဟီးဟ်ကျမ်းတွင်ဆင့်ပြန်တင်ပြထားသည်။ [၁၃] မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၂၉၉၆)၊ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံမှ ဆင့်ပြန်ထားသော ဟဒီးဆ်။
တတိယ အခြေခံ - ကျမ်းဂန်များကို အီမာန် သက်ဝင်ယုံကြည်ခြင်း။ ၎င်းတွင်လည်း အချက်နှစ်ချက် ပါဝင်သည် -
ပထမအချက်။ ကျမ်းဂန်များအား ယေဘုယျအားဖြင့် သက် ဝင်ယုံကြည်ခြင်း။ ယင်းမှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နဗီ၊ ရစူလ်များအပေါ် ၎င်းသည် အမှန်တကယ်တည်ရှိတော်မူကြောင်း ရှင်းပြရန်နှင့် ထိုဘက်သို့ ဖိတ်ခေါ်ရန် အလို့ငှါ ကျမ်း ဂန်များ ချပေးတော်မူခဲ့ကြောင်း ယုံကြည်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။... [စူရဟ် ဟဒီးဒ် အာယသ် - ၂၅] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - လူသားအားလုံးသည် (ယုံကြည်မှုတူညီသည့်) အုပ်စုတစ်စုတည်းသာဖြစ်ခဲ့ကြသည်။ ထို့နောက် (စိတ်ဓာတ်များကွဲပြားပြီး အယူဝါဒကွဲပြားလာသောကြောင့်) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ထံ) နဗီတမန်တော်များကို သတင်းကောင်းပြောကြားသူများ၊ သတိပေးနှိုးဆော်သူများအဖြစ် စေလွှတ်တော်မူခဲ့သည်။ အရှင်မြတ်သည် ထိုနဗီတမန်တော်များနှင့်အတူ လူ သားတို့ အချင်းချင်း ကွဲပြားလျှက်ရှိသောကိစ္စများကို စီရင်ဆုံးဖြတ်ရန် မှန်ကန်သည့် ကျမ်းဂန်ကိုလည်း ချပေးတော်မူခဲ့သည်။... [စူရဟ် ဘကရဟ် အာယသ် - ၂၁၃]
ဒုတိယအချက်မှာ- ကျမ်းဂန်များအား အကျယ်တဝင့် သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ၎င်းမှာ ၎င်းကျမ်းဂန်များအနက် အလ္လာဟ်အရှင်မြတ် အမည်နာမကိုင်၍ တင်ပြထားသည့် ကျမ်း ဂန်များအား သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ပမာအားဖြင့် သောင်ရာသ်၊ အင်န်ဂျီးလ်၊ ဇဗူရ်၊ ကုရ်အာန် အစရှိသည့် ကျမ်း ဂန်များဖြစ်သည်။ ထို့ပြင် ကုရ်အာန်ကျမ်းမြတ်သည် ၎င်းကျမ်းဂန်များအနက် အမွန်မြတ်ဆုံးနှင့် နောက်ဆုံးကျမ်းဖြစ်ပြီး၊ ရှေးယခင်ကျမ်းများကို ထိန်းသိမ်းသော၊ ၎င်းကျမ်းများအား ထောက်ခံလျက်ရှိသော ကျမ်းဂန်ဖြစ်ကြောင်း ယုံကြည်ရမည်။ ၎င်းကျမ်းမြတ်သည် အွမ္မသ်ထုတစ်ရပ်လုံးအပေါ် ထိုကျမ်းမြတ်၏နောက်လိုက်မှုပြုရန်နှင့် ၎င်းအား စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အရာအဖြစ်သတ်မှတ်ရန် အရေးကြီးသည့်ကျမ်းဂန်လည်းဖြစ်ပေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ လာရှိသည့် စစ်မှန်သော စွန္နသ်တော်များသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ရစူလ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား ဂျင်န်နှင့် လူသားအားလုံးထံသို့ ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ၎င်းတို့အကြား ထိုကျမ်းဖြင့် စီရင်ဆုံးဖြတ်ရန် ၎င်းအပေါ်သို့ ဤကုရ်အာန်ကျမ်းမြတ်အား ချပေးတော်မူခဲ့ပြီး၊ စိတ်အတွင်းရောဂါများကို ပျောက်ကင်းစေသောဆေး၊ အရာခပ်သိမ်းအား ရှင်းလင်းတင်ပြပေးသည့်အရာအပြင် မုအ်မင်န်ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် သနားကရုဏာတော်အဖြစ် ပြုလုပ်ပေးတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- စင်စစ် ဤသည် ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်ဖြစ်သည်။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ (အဖြာဖြာ) နှင့် ပြည့်စုံသော ကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့) ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် (ထိုကျမ်းတော်မြတ်က မြစ်တားသော အမှုကိစ္စတို့မှလည်း) ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြမည်။ [စူရဟ် အန်အားမ် အာယသ် - ၁၅၅] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- ...ထို့ပြင် ငါအရှင်မြတ်သည် (ထိုသို့ သက်သေ ထွက်ဆိုနိုင်ရန် အတွက်) အသင်၏ အပေါ်တွင် (ကုရ်အာန်) ကျမ်းတော်မြတ်ကို အရာအားလုံး၏ ရှင်းလင်းချက်အဖြစ် လည်းကောင်း၊ မွတ်စ်လင်မ်များအတွက် လမ်းမှန် ညွှန်ကြား ပြသချက်အဖြစ် လည်းကောင်း၊ ကရုဏာတော်အဖြစ် လည်းကောင်း၊ သတင်း ကောင်းအဖြစ် လည်းကောင်း ချပေးတော်မူခဲ့သည်။ [စူရဟ် နဟလ် အာယသ် - ၈၉] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို-တမန်တော်) အသင် ပြောလိုက်ပါ- “အို- လူသား အပေါင်းတို့၊ အမှန်စင်စစ် ငါသည် အသင်တို့ အားလုံးထံသို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ စေလွှတ်တော်မူခြင်းခံရသော တမန်တော်ပင်ဖြစ်သည်။ မိုးကောင်းကင်များနှင့် မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်သာ ပိုင်ဆိုင်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထိုအရှင်မြတ်ပင် အသက်ရှင်စေတော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်ပင် အသက်သေစေတော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ အကြင်တမန်တော်ကို ယုံကြည်ကြပါ။ ထိုတမန်တော်သည် မည်သည့် လူသားတစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်းမရှိခဲ့သူ ဖြစ်သည်။ ထိုတမန်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ အာယသ်တော်များ (အရှင်မြတ်ချပေးတော်မူသော ကျမ်းဂန်များ)ကို ယုံကြည်သည်။ ၎င်းပြင် အသင်တို့သည် တရားလမ်းမှန် ရရှိရန်အတွက် ၎င်း(တမန်တော်၏ အမိန့်ပေးဆုံးမမှု)ကို လိုက်နာကြပါ။” (၁၅၈) (စူရဟ် အအ်ရားဖ် အာယသ် ၁၅၈) ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယာသ်တော်အမြောက်အများရှိပေသည်။
စတုတ္ထ အခြေခံ - ရစူလ်တမန်တော်များကို အီမာန် သက်ဝင်ယုံကြည်ခြင်း။
၎င်းတွင်လည်း အချက်နှစ်ချက် ပါဝင်သည် - ပထမအချက်။ ရစူလ်တမန်တော်များကို အကျဉ်းချုံး၍ အီမာန်သက်ဝင်ယုံကြည်ခြင်း။ ၎င်းမှာ မုချဧကန် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသောအလ္လာဟ်အရှင်မြတ်သည် ၎င်း (စေတမန်) တို့အနက်မှအချို့အားမိမိ၏ကျေးကျွန်များထံ သတင်းကောင်းပေးသူများ၊ သတိပေးနှိုးဆော်သူများ၊ မှန်ကန်သည့်တရားဒေသနာဘက်သို့ ဖိတ်ခေါ်သူများအဖြစ် စေလွှတ်တော်မူခဲ့ကြောင်းကို သက်ဝင်ယုံကြည်ရန်ဖြစ်သည်။ သို့ဖစ်ရာ အကြင်မည်သူမဆို ၎င်းရစူလ်တမန်တော်များ၏ (တရားလမ်းမှန်ဘက်သို့ဖိတ်ခေါ်မှုအား) လက်ခံခဲ့ပါက ဝမ်းမြောက်ပျော်ရွှင်ဖွယ်မှုအားဆွတ်ခူးရရှိမည်ဖြစ်ပြီး ၎င်းတို့၏ (ဖိတ်ခေါ်မှုအား) ဆန့်ကျင်ခဲ့ပါက နောင်တတရားနှင့် ဆုံးရှုံးမှုအားရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည် ။ ၎င်းတမန်တော်များအနက် အမွန်မြတ်ဆုံးနှင့် နောက်ဆုံးတမန်တော်မှာ ကျွန်ုပ်တို့၏ နဗီ မိုဟမ္မဒ် ဗင်န် အဗ်ဒွလ္လာဟ် (စွလ်လ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော် မူခဲ့လေသည်)။...) [စူရဟ် နဟ်လ် အာယသ် - ၃၆] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ငါအရှင်မြတ်သည်) ရစူလ် တမန်တော်များကို ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများ အဖြစ်နှင့် သတိပေးနှိုးဆော်သူများ အဖြစ် (စေလွှတ်တော်မူခဲ့သည်။ ထိုကဲ့သို့ စေလွှတ်တော်မူခဲ့ခြင်းသည်) တမန်တော်များ ရောက်ရှိလာကြပြီးနောက် အလ္လာဟ် အရှင်မြတ်၏ ရှေ့တော်၌ လူများအတွက် အကြောင်းပြချက် မရှိစေရန်ပင် ဖြစ်သည်။... [စူရဟ် နိဆားအ် အာယသ် - ၁၆၅] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း ဖြစ်ပေသည်။...) [စူရဟ် အဟ်ဇားဗ် အာယသ် - ၄၀]
ဒုတိယအချက် - ရစူလ်တမန်တော်များကို အသေးစိတ်အားဖြင့် အီမာန်သက်ဝင်ယုံကြည်ခြင်း။ ယင်းမှာ အလ္လာဟ်အရှင်မြတ် အမည်ဖော်ပြထားသော သို့မဟုတ် ရစူလ်တမန်တော်မြတ် (ﷺ) ထံမှ အမည်ဖော်ပြမှု အတည်ပြုထားသော ရစူလ်တမန်တော်များကို အသေးစိတ်နှင့် တိကျစွာ သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ဥပမာ- နူးဟ် (အလိုင်းဟိစ္စလာမ်)၊ ဟူးဒ် (အလိုင်းဟိစ္စလာမ်)၊ ဆွာလေ့ဟ် (အလိုင်းဟိစ္စလာမ်)၊ အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်) နှင့် အခြားသော တမန်တော်များဖြစ်သည်။ ၎င်းတို့အပေါ်၌လည်းကောင်း၊ ၎င်းတို့၏ ဆွေတော်မျိုးတော်များနှင့် နောက်လိုက်များအပေါ်၌လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ။
ပဉ္စမ အခြေခံ - နောက်ဆုံးနေ့ကို အီမာန် သက်ဝင်ယုံကြည်ခြင်း။
၎င်းတွင် ပါဝင်သည်မှာ -
အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အသိပေးတင်ပြထားသည့် သေဆုံးကွယ်လွန်ပြီးနောက် ဖြစ်လာမည့်အရာအားလုံးကို သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ဥပမာ - ကဗရ်တွင်း၌စမ်းသပ်စစ် ဆေးမှု၊ ကဗရ်ရဲ့အဇားဘ်နှင့် စည်းစိမ်၊ ကိယာမသ်နေ့ကြုံတွေ့ရမည့် ပြင်းထန်ခက်ခဲမှုများ၊ ကြောက်မက်ဖွယ်ရာများ၊ ပုလ်စိရားသ်၊ မီဇာန်ချိန်ခွင်၊ ဟိဆားဗ်စာရင်းအင်းစစ်ဆေးမှုနှင့် အစားပေးမှု၊ လူသားများကြား၌ (၎င်းတို့ပြုလုပ်ခဲ့သည့်အအ်မာလ်များ၏) မှတ်တမ်းများအားဖြန့်ကျဲထားပြီး အချို့မှာမိမိ၏ညာလက်ဖြင့်မိမိ၏မှတ်တမ်းယူပြီး (ဂျန္နသ်သို့ဝင်ရမည့်သူ) အချို့မှာမူ ဘယ်လက်ဖြင့်ယူမည် သို့မဟုတ် ၎င်း၏ နောက်ကျောဘက်မှ (ဂျဟန္နမ်လားရမည့်သူ) ပေးခြင်းခံရမည် - စသည်တို့ဖြစ်သည်။
ထို့အပြင် ကျွန်ုပ်တို့၏နဗီ မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အတွက်ဖြစ်သည့် ဟောင်းဇ်(ကောင်စရ်ရေကန်)၊ ဂျန္နသ်၊ ဂျဟန္နမ်၊ မုအ်မင်န်တို့သည် မိမိတို့အားဖန်ဆင်းမွေးမြူသည့်အရှင့်အား ဖူးမြော်ခွင့်နှင့် ထိုအရှင်မှ၎င်း (မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား) စကားပြောတော်မူခြင်း အစရှိသည့် ကျမ်းမြတ်ကုရ်အာန်နှင့် ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှလာရှိသော စစ်မှန်သော စွန္နသ်တော်တို့တွင် လာရှိသည့် အထက်ပါအကြောင်းအရာတို့ကို ယုံကြည်ခြင်းသည်လည်း ၎င်းအား သက်ဝင်ယုံကြည်ခြင်း၌ အပါ အဝင်ဖြစ်ပေသည်။ သို့ဖြစ်ရာ ထိုအရာများအားလုံးကို သက်ဝင်ယုံကြည်ရန်နှင့် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) တို့က ရှင်းလင်းတင်ပြထားသည့်အတိုင်း ထောက်ခံအတည်ပြုရန် အဖန်ဆင်းခံကျွန်အပေါ်၌ တာဝန်ရှိပေသည်။
ဆဋ္ဌမ အခြေခံ- သက္ကဒီရ်သတ်မှတ်ခြင်းအား သက်ဝင်ယုံကြည်ခြင်း
လေးခုသောအချက်အား ယုံကြည်ခြင်းပါဝင်ပေသည်။
ပထမအချက် - ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ် သည် ဖြစ်ပြီးခဲ့သည့် အရာများနှင့်လက်ရှိဖြစ်နေသည့်အရာများ၊ နောင်ဖြစ်လာမည့်အရာများအား အလုံးစုံကိုသိရှိတော်မူကြောင်း၊ ထို့ပြင်မိမိ၏ အဖန်ဆင်းခံကျေးကျွန်များရဲ့ အလုံးစုံသောအခြေနေများ၊ ၎င်းတို့၏စားနပ်ရိက္ခာများ၊ ၎င်းတို့နေရမည့် အသက်အတိုင်းအတာပမာဏများ၊ ၎င်းတို့လုပ်ဆောင်မည့်အမလ်များအစရှိသည့် အဖန်ဆင်းခံတို့၏အခြေနေအရပ်ရပ်ကို အကြွင်းမဲ့သိတော်မူပြီး ထိုအရှင်မြတ်အပေါ်မည့်သည့်အရာတစ်ခုကမျှ မဖုံးကွယ်နိုင်ကြောင်း သက်ဝင်ယုံကြည်ခြင်း။ အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- ﴾... ၎င်းပြင် ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းအားအကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူကြောင်းကို အသင်တို့ ကောင်းစွာသိရှိထားကြပါလေ။﴿ [စူရဟ် ဘကရဟ် အာယသ် - ၂၃] ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ...အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်စွမ်းဆောင်နိုင်တော်မူကြောင်းနှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အသိပညာနှင့် အမှန်ပင် လွှမ်းခြုံထားတော်မူကြောင်းကို အသင်တို့ သိရှိကြရန်အတွက်ဖြစ်သည်။ [စူရဟ် သွလားက် အာယသ် - ၁၂]
ဒုတိယအချက်မှာ- အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်ဆုံးဖြတ်သတ်မှတ်တော်မူခဲ့သည့်အရာအားလုံးကို ရေးမှတ်တော်မူထားပြီးဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း။ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- မြေကြီးက သူတို့ (၏ခန္ဓာကိုယ်များ)ထဲမှ (စားပြီး) လျော့နည်းစေမည့် (ဆွေးမြည့်သွားသည့်) အစိတ် အပိုင်းကို အမှန်စင်စစ် ငါအရှင်မြတ် သိရှိတော်မူသည်။ ထိုအရာပင် မကပေ၊ ငါအရှင်မြတ် ထံတော်တွင် ထိန်းသိမ်း စောင့်ရှောက်ထားသော မှတ်တမ်း စာအုပ်လည်း ရှိနေသေးသည်။ [စူရဟ် ကွားဖ် အာယသ် - ၄] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ...ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို ထင်ရှားသော မှတ်တမ်း စာအုပ်တွင် ရေးမှတ်ထားပြီး ဖြစ်သည်။ [စူရဟ် ယာစီးန် အာယသ် - ၁၂] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်တွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှအား သိတော်မူသည်ကို အသင်မသိသလော။ အမှန်စင်စစ် ထိုအရာများသည် မှတ်တမ်းတွင်ရှိသည်။ အမှန်စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။ [စူရဟ် ဟဂ်ျ အာယသ် - ၇၀]
တတိယအချက်မှာ- အမြဲထမြောက် အကောင်အထည်ပေါ်နေသည့် အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို သက်ဝင်ယုံကြည်ခြင်း။ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာသည် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ထိုအရှင်မြတ် အလိုမရှိသောအရာသည် ဖြစ်ပေါ်လာမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ် အမိန့်ရှိသည်မှာ- ...ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသည့်အရာအားပြုလုပ်တော်မူ၏။ [စူရဟ် ဟဂျ် အာယသ် - ၁၈] ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- အရှင်မြတ်၏ အမိန့်ကမူ တစ်စုံတစ်ခုကို အရှင်မြတ်သည် (ဖန်ဆင်းတော်မူရန်) ရည်ရွယ်တော်မူလျှင် ထိုအရာကို “ဖြစ်စေ”ဟု မိန့်လိုက်ရုံပင် ဖြစ်သည်။ ၎င်းနောက် ထိုအရာသည် ဖြစ်လာတော့သည်။ [စူရဟ် ယာစီးန် အာယသ် - ၈၂] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- စင်စစ်သော်ကား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှသာလျှင် အသင်တို့သည် အလိုရှိနိုင်ကြပေမည်တကား။ [စူရဟ် သက္ကဝီးရ် အာယသ် - ၂၉]
စတုတ္ထအချက်မှာ- အလ္လာဟ်အရှင်မြတ်သည် ရှိရှိသမျှသောအရာအားလုံးအား ဖန်ဆင်းတော်မူကြောင်း သက်ဝင်ယုံကြည်ခြင်း၊ ထိုအရှင်မြတ်မှအပ ဖန်ဆင်းပြုစုပျိုးထောင်သောအရှင်ဟူ၍အလျင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်- အလ္လာဟ် အရှင်မြတ်သည်ပင် အရာအားလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည့် အပြင် အရှင်မြတ်သည်ပင် အရာ အားလုံး အပေါ်တွင် ထိန်းသိမ်းတော်မူသော အရှင်လည်း ဖြစ်တော်မူသည်။ [စူရဟ် ဇုမရ် အာယသ် - ၆၂] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့သတိရကြလေကုန်။ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာပေးသည့် ဖန်ဆင်းသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိပါသေးသလော၊ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြလေသနည်း။ [စူရဟ် ဖာသွိရ် အာယသ် - ၃]
သို့ဖြစ်ရာ (သက္ကဒီးရ်) အကောင်းအဆိုး သတ်မှတ်ခြင်းအပေါ် အိမာန်သက်ဝင်ယုံကြည်ခြင်းသည် အဟ်လွစ်စွန္နဟ် ဝလ်ဂျမာအသ်တို့၏ ယုံကြည်ချက်ဖြစ်သည့်အတိုင်း ဤအချက်လေးချက်စလုံးအား အိမာန်သက်ဝင်ယုံကြည်ချက်တွင် ပါဝင်သည်။ ဒါပေမဲ့ ၎င်းအချက်တွေထဲမှအချို့ကိုငြင်းဆိုသော ဗိဒ်အာသီ(သာသနာတွင်အသစ်တီထွင်သူ) များသည်မယုံကြည်ကြပေ။
အလ္လာ့ဟ် အတွက် ချစ်ခြင်း၊ အလ္လာဟ်အတွက်မုန်းတီးမှုထားခြင်း၊ အလ္လာ့ဟ်အတွက် ရင်းနှီးမှုထားခြင်း နှင့် အလ္လာဟ်အတွက် ရန်ငြိုးမှုထားခြင်းတို့သည် အဟ်လွစ်စွန္နဟ်တို့ သက်ဝင်ယုံကြည်သည့် စစ်မှန်သည့် အကီဒဟ်ယုံကြည်ချက်တွင် အရေးကြီးသောအချက်များအနက်မှဖြစ်သည်။ ဤသည်မှာ ဝလာအ် နှင့် ဗရာအ် ယုံကြည်ချက်ပင်ဖြစ်ပြီး၊ ၎င်းသည် အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်မှုအနက်မှဖြစ်သည်။
သို့ဖြစ်ရာ မုအ်မင်န်တစ်ဦးတစ်ယောက်သည် အခြားမုအ်မင်န်များအား ချစ်ခင်မှုထား၍ ၎င်းတို့နှင့် ရင်းနှီးစွာဆက်ဆံရမည်ဖြစ်ပြီး၊ ကာဖိရ်များအား မုန်းတီးကာ ၎င်းတို့နှင့် ရန်ငြိုးဖွဲ့ရပေမည်။ ဤအွမ္မသ်အတွင်းရှိမုအ်မင်န်တို့တွင်ထိပ်ဆုံး၌ရှိသူတို့မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်လိုက်တပည့်များဖြစ်သည့် ဆွဟာဗဟ်သာဝကကြီးများပင်ဖြစ်၏။ - (ဤသည်မှာ အဟ်လွစ်စွန္နဟ် ဝလ်ဂျမာအသ်တို့ထံတွင် သတ်မှတ်အတည်ပြုထားသည့်အတိုင်းပင်ဖြစ်သည်) - သို့ဖြစ်ရာ ၎င်းတို့သည် ဆွဟာဗဟ်ကြီးများအားချစ်ခင်ရင်းနှီးမှုထားပြီး၊ ၎င်းဆွဟာဗဟ်ကြီးများသည် နဗီတမန်တော်များပြီးနောက် အကောင်းဆုံး၊ အမွန်မြတ်ဆုံးလူသားများဖြစ်ကြသည်ဟု ယုံကြည်ချက်ထားရှိကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- အကောင်းဆုံးသော ခေတ်သမယမှာ ငါကိုယ်တော်မြတ်၏ ခေတ် (ဆွဟာဗဟ်ကြီးများ)၏ ဖြစ်သည်။ ထို့နောက် ၎င်းတို့၏အနောက်မှလာသည့် (သာဗီအီးန်တို့)၏ ခေတ်၊ တစ်ဖန်၎င်း (သာဗီအီးန်) တို့၏ အနောက်မှာလာသည့် သဘအ်သာဗီအီးန်တို့၏ ခေတ်ဖြစ်သည်။ [၁၄] ဤဟဒီးဆ်အား အိမာမ်ဗုခါရီနှင့်အိမာမ်မွတ်စ်လင်မ်ကမိမိတို့၏ ဆွဟီးဟ်ကျမ်း၌ ဆင့်ပြန်တင်ပြထားပေသည်။ [၁၄] ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၃၆၅၁) / မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၂၅၃၃)၊ အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူဒ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ထားသော ဟဒီးဆ်။
ထို့ပြင် အဟ်လွစ်စွန္နဟ်ဝင်များက ဆွဟာဗဟ်များအနက် အဗူဘက္ကရ်သခင်ကြီးသည် အမွန်မြတ်ဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် အုမရ်သခင်၊ ပြီးနောက် အွတ်စ်မားန်သခင်၊ ပြီးနောက် အလီသခင်တို့သည် အမွန်မြတ်ဆုံးဖြစ်ကာ၊ ၎င်းတို့အနောက်တွင် ဂျန္နသ်၏သတင်းကောင်းပါးခြင်းခံရသည့် ဆွဟာဗဟ်ကြီးများ၊ ၎င်းတို့ပြီးနောက် ကျန်ရှိဆွဟာဗဟ်များဖြစ်သည်ဟု အစဉ်တကျယုံကြည်ချက်ထားကြပေသည်။ (ရဿွိယလ္လာဟုအန်ဟွမ်း) ဆွဟာဗဟ်ကြီးများကြား၌ ဖြစ်ခဲ့သည့်ပြဿနာများတွင် မည်သည့်ဆွဟာဗီတစ်ပါးကိုမျှ ဝေဖန်ခြင်းမပြုဘဲ ၎င်းတို့သည် ထိုဖြစ်ပွားခဲ့သည့်ပြဿနာများ၌ မွတ်ဂျ်သဟိဒ် (မှန်ကန်မှုအတွက်အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြသူ) များအဖြစ်မှတ်ယူပြီး (ထိုကြိုးစားဆောင်ရွက်မှု၌) မှန်ကန်အောင် မြင်ခဲ့သူသည် အကျိုးကုသိုလ်နှစ်ခုရပြီး၊ မှားယွင်းချွတ်ချော်ခဲ့သူမှာ အကျိုးကုသိုလ်တစ်ခုရမည်ဟု လက်ခံယုံကြည်ချက်ထားရှိကြပေသည်။
၎င်းတို့သည် တမန်တော်မြတ် (ﷺ) အား အီမာန်သက်ဝင်ယုံ ကြည်ကြသည့် အဟ်လေ့ဘိုင်းသ် (မိသားစုဝင်များ) ကို ချစ်မြတ်နိုးပြီး ချစ်ခင်ရင်းနှီးမှုထားကြသည်။ ထို့ပြင် တမန်တော်မြတ် (ﷺ) ၏ ကြင်ယာတော်များဖြစ်ကြသော အွမ်မဟာသွလ် မုအ်မီနီးန် (မုအ်မင်န်တို့၏ မိခင်မွန်များ) ကိုလည်း ချစ် ခင်မှုထားပြီး ထိုကြင်ယာတော်များအားလုံးနှင့်ပတ်သက် ၍ ကျေ နပ်နှစ်သက်မှုထားရှိကြပေသည်။ ၎င်းတို့သည် တမန်တော်မြတ်(ﷺ)၏ ဆွဟာဗဟ်ကြီးများအား မုန်းတီးမှုထားကာဆဲရေးတိုင်းထွာမှုပြုလုပ်ပြီး အဟ်လေ့ဘိုင်းသ်များနှင့်ပတ်သက်ပြီး ၎င်းတို့ရှိသည့်အဆင့်ထက်ပို၍ မြင့်တင်ကာအစွန်းရောက် လေ့ရှိကြသော ရာဖီဇီ (အစွန်းရောက် ရှီအာ) တို့၏လမ်းစဉ်မှ ကင်းရှင်းကြောင်းထုတ်ဖော်ပြောဆိုကြ ၏။ ထိုအတိုင်းပင် တမန်တော်မြတ်၏ အဟ်လေ့ဘိုင်းသ် (မိသားစုဝင်) များအား အပြောအဆိုဖြင့်သော်လည်းကောင်း၊ လုပ်ရပ်အားဖြင့်သော်လည်းကောင်း၊ ဒုက္ခပေးကြသည့် (နဝါစွိဗ်) တမန်တော်မြတ်၏အိမ်တော်သားများအားရန်ငြိုးထားသူ များ တို့၏ လမ်းစဉ်မှလည်းကင်းရှင်းကြောင်းထုတ်ဖော်ပြောဆိုကြပေသည်။
သို့ဖြစ်၍ ကျွန်ုပ်တင်ပြခဲ့သော ဤအရာများအားလုံးသည် မှန်ကန်သည့်အကီဒဟ်ယုံကြည်ချက်တွင်အပါအဝင်ဖြစ်ချေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ရစူလ် မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဤစစ်မှန်သောယုံကြည်ချက်နှင့်အတူ စေလွှတ်တော်မူခဲ့ပေသည်။ ထို့ပြင်ဤအကီဒဟ်ယုံ ကြည်ချက်အား ယုံကြည်ထားရှိရမည်ဖြစ်ပြီး၊ စွဲမြဲစွာဆုပ်ကိုင်ထားကာ ၎င်းအကီဒဟ်ယုံကြည်မှုပေါ်တွင်ကြံ့ကြံ့ခိုင်ရပ်တည်လျက်၊ ထိုယုံကြည်ချက်နှင့်ဆန့်ကျင်သည့် အရာများမှ သတိ ထားရှောင်ကြဉ်ရမည်ဖြစ်သည်။ ၎င်းယုံကြည်ချက်သည်ပင် လွတ်မြောက်အောင်မြင်မှုရမည့်အုပ်စုဖြစ်သည့် အဟ်လွစ်စွန္နဟ် ဝလ်ဂျမာအသ်တို့၏ အကီဒဟ်ယုံကြည်ချက်ဖြစ်သည်။ ၎င်း (လွတ်မြောက်အောင်မြင်မှုရမည့်အဟ်လွစ်စွန္နဟ်) အုပ်စုနှင့်ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ "ငါကိုယ်တော်၏ အွမ္မသ်အတွင်းမှ အုပ်စုတစ်စုသည် အမှန်တရားပေါ်၌ အမြဲ လွှမ်းမိုးအောင်နိုင်လျက် ရှိနေပေမည်။ ၎င်းတို့အားမကူညီပဲစွန့်ပယ်ထားသူတို့သည် ၎င်းတို့အား မည်သို့မျှဆိုးကျိုးမသက်ရောက်နိုင်ပေ။ အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်(ကိယာမသ်) ဆိုက်ရောက်လာသည်အထိ ၎င်းတို့သည် ထိုအခြေအနေပေါ်တွင်သာ ရှိနေကြလိမ့်မည်။"[၁၅] အခြားဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ - "ငါကိုယ်တော်၏ အွမ္မသ်အတွင်းမှ အုပ်စုတစ်စုသည် အမှန်တရားပေါ်၌ အမြဲ အောင်နိုင်လျက်ရှိပေမည်။"[၁၆]၊ တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်။ ယဟူဒီတို့သည် အုပ်စု (၇၁) သင်း ကွဲခဲ့ပြီး၊ နဆ်ွရာနီ ခရစ်ယာန်တို့သည် အုပ်စု (၇၂) သင်း ကွဲခဲ့သည်။ ဤအွမ္မသ်သည် အုပ်စု (၇၃) သင်း ကွဲမည်ဖြစ်ပြီး အုပ်စုတစ်စုမှအပ ကျန်အုပ်စုများအားလုံးသည် ဂျဟန္နမ်သို့ လားရမည်ဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်များက ၎င်းအုပ်စုသည် အဘယ်သူများနည်းဟု မေးလျှောက်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ငါကိုယ်တော်နှင့် ငါကိုယ်တော်၏ နောက်လိုက်တပည့်သားများ ယခုရှိနေသည့် လမ်းစဉ်အတိုင်း ရှိမည့်အုပ်စုဖြစ်သည်ဟု မိန့်ကြားခဲ့ပေသည်။[၁၇] [၁၅] မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၁၉၂၀)၊ သောင်ဗာန် (ရသွီယလ္လာဟုအန်ဟု) ၏ ဆင့်ပြန်ချက်။ [၁၆] အိဗ်နေမာဂျဟ်ကျမ်း၊ ဟဒီးဆ်အမှတ် (၃၉၅၂)၊ သောင်ဗာန် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ထားသော ဟဒီးဆ်။အိဗ်နေဟစ်ဗ်ဗာန်ကျမ်း၊ ဟဒီးဆ်အမှတ် (၆၇၁၄) နှင့် မွတ်စ်သဒ်ရက်ကျမ်း၊ ဟဒီးဆ်အမှတ် (၈၆၅၃) တို့တွင် ထိုဤ ဟဒီးဆ်အား စွဟီဟ်ဟု မှတ် ချက်ပြုထား သည်။ [17] သိရ်မီဇီကျမ်း၊ ဟဒီးဆ်အမှတ် (၂၆၄၁)၊ အဗ်ဒွလ္လာဟ် ဗင်န် အမ်ရ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ခဲ့သည်။ အိမာမ် မနာဝီက ဖိုင်ဇွလ်ကဒီးရ်ကျမ်း (၅ / ၃၄၇) ၌ ၎င်းစနဒ်တွင် အဗ်ဒွရ်ရဟ်မာန် ဗင်န် ဇီယားဒ် အလ်အဖ်ရီကီ ပါဝင်ပြီး အိမာမ် ဇဟဗီက ၎င်းအား ဇအီးဖ်ဟု သတ်မှတ်ခဲ့ကြသည်ဟု ဆိုခဲ့သည်။ ရှိုက်ခ်အလ်ဗာနီက စွဟီဟ်အလ်ဂျာမိအ်ကျမ်း၊ ဟဒီးဆ်အမှတ် (၅၃၄၃) တွင် ထိုဟဒီးဆ်အား စွဟီဟ်ဟု မှတ်ချက်ပြုထားသည်။
စစ်မှန်သော အကီဒဟ် ယုံကြည်ချက်ကို ဆန့်ကျင်သော ယုံကြည်ချက်များ
ဤအကီဒဟ် ယုံကြည်မှုမှ သွေဖည်သွားကြသူများနှင့် ၎င်းယုံ ကြည်ချက်နှင့် ဆန့်ကျင်၍လျှောက်လမ်းကြသူများမှာ ပုံစံအ မျိုးမျိုးရှိပေသည်။ ၎င်းတို့အနက်အချို့မှာ ရုပ်တု၊ ဆင်းတုများအား ဆည်းကပ်ကိုးကွယ်ကြသူများ၊ အချို့မှာကား ကောင်းကင်တမန်များအား ဆည်းကပ်ကိုးကွယ်ကြပြီး၊ နောက်တချို့မှာ ဝလီသူတော်စင်များအား ကိုးကွယ်သူများဖြစ်ကြကာ၊ ဂျင်န်သတ္တဝါ၊ သစ်ပင်များ၊ ကျောက်တုံးများ အစရှိသည်တို့ကို ကိုးကွယ်ဆည်းကပ်ကြသူများလည်း ရှိကြပေသည်။ ဤသူများသည် ရစူလ်တမန်တော်တို့၏ဖိတ်ခေါ်မှုအား လက်မခံသည့်အပြင် ၎င်းတို့အားဆန့်ကျင်ကာရန်ပြုကြပေသည်။ ဤအတိုင်းပင် (ကုရိုင်းရှ်) လူမျိုးနှင့် အရဗ်လူမျိုးအသီးသီးတို့မှာ ကျွန်ုပ်တို့၏နဗီအား ပြုမူဆက်ဆံခဲ့ကြပေသည်။ ၎င်းတို့ သည် မိမိတို့၏ကိုးကွယ်ရာများထံတွင် လိုအပ်ချက်များ၊ မကျန်းမာသူများအတွက်သက်သာပျောက်ကင်းမှု၊ ၎င်းတို့၏ ရန်သူများအပေါ် အောင်နိုင်မှုတို့ကိုတောင်းခံလေ့ရှိခဲ့ကြ၏။ ထို့ပြင်၎င်းကိုးကွယ်ရာများအတွက် (ဇဗဟ်) လည်လှီးခြင်း၊ ၎င်းတို့အတွက် (နဇရ်) ကိုးခြင်းတို့ကိုပြုလုပ်ခဲ့ကြပေသည်။ တမန်တော်မြတ်သည် ၎င်းတို့အပေါ်၌ဤလုပ်ရပ်အားလက်မခံပဲအငြင်းဝင်သည့်အခါ ထိုသူတို့သည် အံ့ဩတကြီးဖြစ်ကြပြီး တမန်တော်မြတ်အားလက်မခံပဲငြင်းပယ်ကြလေတော့ သည်။ ထို့ပြင် ၎င်းတို့ကလျှောက်လွဲချက်ပေးကြသည်မှာ- ၎င်းသည် ကိုးကွယ်ရာ အမြောက်အမြားကို ကိုးကွယ်ရာတစ် ပါးတည်း ပြုလုပ်လိုက်သလော။ အမှန်စင်စစ် ဤသည် အ လွန် အံ့သြဖွယ်ရာ တစ်ခု ဖြစ်သည်။ [စူရဟ် ဆွားဒ် အာယသ် - ၅]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဖိတ်ခေါ်ခြင်း၊ ရှိရ်က်မှ သတိပေးတားမြစ်ခြင်း၊ ၎င်းတို့ဖိတ်ခေါ်ခံရသည့်အရာ ၏ အစစ်အမှန်သဘောတရားအား ရှင်းလင်းတင်ပြခြင်း အ ဆက်မပြတ်လုပ်ဆောင်ခဲ့ရာ နောက်ဆုံးတွင် ၎င်းတို့အနက်မှအချို့အား အလ္လာဟ်အရှင်မြတ်သည် ဟိဒါယသ် (လမ်းမှန်တရား) ချီးမြှင့်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာအတွင်းသို့ အုပ်စုလိုက်ဝင်ရောက်ကြသည်။ အလ္လာဟ်အရှင်မြတ်၏သာသနာမှာလည်း တမန်တော်မြတ်နှင့် ဆွဟာဗဟ်၊ သာဗီအီးန်ကြီးများရဲ့ စဥ်ဆက်မပြတ်ကြိုးပမ်းမှုအကြောင့် အခြားသောသာသနာများအားလုံးပေါ် လွှမ်းမိုးသွားခဲ့ပေသည်။ ခတစ်ဖန်ပြန်လည်၍ အခြေအနေများပြောင်းလဲလာကာ လူအများစုတွင် သာသနာနှင့်ပတ်သက်၍ ဂျိဟာလသ် (ပညာမဲ့မှု) များလွှမ်းမိုးလာပြီး များစွာသောသူတို့မှာ နဗီတမန်တော်များ၊ ဝလီသူတော်စင်များနှင့်ပတ်သက်၍ ကြည်ညိုလေးစားရာ၌ အစွန်းရောက်လာခြင်း၊ ၎င်းတို့အားဟစ်ခေါ်တသခြင်း၊ ၎င်းတို့ထံတွင်အကူအညီတောင်းခံခြင်း အစရှိသည့် ရှိရ်က် (အလ္လာဟ်နှင့်တန်းတူယှဉ်တွဲကိုးကွယ်) လုပ်ရပ်များကြောင့် အမှောင်ခေတ်တွင်ရှိခဲ့သည့် အယူဝါဒဘက်သို့ ပြန်လည်ရောက်ရှိသွားကြပေသည်။ ထို့ပြင် ၎င်းတို့သည် လာအိလာဟ အိလ္လလ္လာဟ် ၏အဓိပ္ပါယ်ကိုတောင် အရဗ်လူမျိုးကာဖိရ်များသိခဲ့သလို မသိရှိကြတော့ပေ။ အလ္လာဟ်အရှင်မြတ်သာ ကူညီစောင်မတော်မူနိုင်သောအရှင်ဖြစ်ပေသတည်း။
ထို့ပြင် ဤ (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုသည် ဂျိဟာလသ် (ပညာမဲ့မှု) လွှမ်းမိုးလာသည်နှင့်အမျှ နဗူဝသ်၏ ခေတ်အခါ သမယနှင့် ဝေးကွာလာသည့်အတွက် လူသားများတွင် ဆက် လက်၍ တွင်ကြယ်လာကာကျွန်ုပ်တို့၏ ဤမျက်မှောက်ခေတ်အထိရောက်ရှိလာပေတော့သည်။
ဤနောက်ပိုင်းခေတ်သမယတွင် ရှိသောသူတို့၏ ဆင်ခြင်ပေးမှုသည် ရှေးယခင်ပုဂ္ဂိုလ်များပေးခဲ့ကြသည့်ဆင်ခြင်ပေးမှုအတိုင်းပင်ဖြစ်၏။ ၎င်းတို့ပြောဆိုသည်မှာ- "...ဤအရာများသည် ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ် ထံတော်၌ ကြားဝင် အသနားခံပေးမည့် အရာများပင် ဖြစ်ကြသည်။..." [စူရဟ် ယူနွတ်စ် အာယသ် - ၁၈] ထို့ပြင် ၎င်းတို့ ဆိုကြသည်မှာ - ﴾...ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ်နှင့် နီးကပ်စေရန် အတွက်သာ ကျွန်ုပ်တို့သည် ၎င်းတို့အား ကိုးကွယ်ကြပါသည်။...﴿ [စူရဟ် ဇုမရ် အာယသ် - ၃] အလ္လာဟ်အရှင်မြတ်သည် ဤယုံမှားသံသယအား ပယ်ချတော်မူခဲ့ပြီး၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်စုံ တစ်ရာကို - ၎င်းသည် မည်သူပင်ဖြစ်ပါစေ - ခဝပ်ကိုးကွယ်ပါက ထိုသူသည် ‘မုရှ်ရိက်’ ဖက်စပ်ကိုးကွယ်သူ၊ ‘ကာဖိရ်’ သွေ ဖည်ငြင်းပယ်သူပင်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - "ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ်အား စွန့်ပြီး အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အား နစ်နာစေရန်လည်း မပြုလုပ်နိုင်ပေ၊ ၎င်းပြင် သူတို့အား အ ကျိုး ဖြစ်ထွန်းစေရန်လည်း မပြုလုပ်နိုင်ပေ။ ၎င်းနောက် သူတို့က ပြောဆိုကြသည်- “ဤအရာများသည် ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ် ထံတော်၌ ကြားဝင် အသနားခံပေးမည့် အရာများပင် ဖြစ်ကြသည်။”..." [စူရဟ် ယူနွတ်စ် အာယသ် - ၁၈] သို့ရှိရာ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား တုံ့ပြန်ချေပ မိန့်ဆိုသည်မှာ- (အို- တမန်တော်) ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ် အရှင်မြတ်အား မိုးကောင်းကင်များတွင် လည်းကောင်း၊ မြေပထဝီတွင် လည်းကောင်း၊ (အရှင်မြတ် မှလွဲ၍ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော အရှင် မရှိကြောင်း အရှင်မြတ် သိထားပါလျက်) အရှင်မြတ် မသိသော (မရှိသည့်) အရာများနှင့် ပတ် သက်၍ သတင်း ပေးနေကြသလော။ အရှင်မြတ်သည် သန့်ရှင်း စင်ကြယ်တော်မူသည့် အပြင် အရှင်မြတ်သည် သူတို့ တွဲဖက် ကိုးကွယ်သော အရာများထက် အလွန် မြင့်မား ထွတ် မြတ်လှတော်မူသည်။ [စူရဟ် ယူနွတ်စ် အာယသ် - ၁၈]
မြင့်မြတ်တော်မူသောအရှင်မြတ်က ဤအာယာသ်တော်၌ မိမိမှအပ အခြားသော နဗီတမန်တော်များ၊ ဝလီသူတော်စင်များ၊ သို့မဟုတ် အခြားသောအရာများအား ဆည်းကပ်ကိုးကွယ်ခြင်းကို ၎င်းတို့သည် ထို(ရှိရ်က်)အား အခြားမည်သည့်အ မည်တပ်သည်ဖြစ်ပါစေ အကြီးမားဆုံးသော ရှိရ်က် (ဖက်စက်ယှဉ်တွဲကိုးကွယ်မှု) သာဖြစ်ကြောင်း ရှင်းလင်းစွာ မိန့်တော်မူထားပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်- ﴾...ထို့ပြင် အကြင်သူများသည် အရှင်မြတ် မှလွဲ၍ အခြား ကာကွယ် စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီး ၎င်းတို့သည် (ဤ သို့ ပြောဆိုကြသည်) ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ်နှင့် နီးကပ်စေရန် အတွက်သာ ကျွန်ုပ်တို့သည် ၎င်းတို့အား ကိုးကွယ်ကြပါသည်။...﴿ [စူရဟ် ဇုမရ် အာယသ် - ၃] ထို့နောက် အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား တုံ့ပြန်ချေပ မိန့်ဆိုသည်မှာ- ﴾...အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သူတို့ အချင်းချင်း ကွဲလွဲ ငြင်းခုံနေကြသည့် ကိစ္စနှင့် ပတ်သက်၍ သူတို့၏ အကြားတွင် စီရင် ဆုံးဖြတ်တော်မူမည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် လိမ်လည်သူ၊ အလွန်ကျေးဇူးကန်းသူကို လမ်းမှန် ညွှန်ကြား ပြသတော်မူမည် မဟုတ်ပေ။...﴿ [စူရဟ် ဇုမရ် အာယသ် - ၃]
တင်ပြပါ အာယာသ်တော်များဖြင့် အလ္လာဟ်အရှင်မြတ်က ၎င်းတို့သည် မိမိမှအပအခြားတစ်စုံတစ်ရာအား ဆုတောင်းခြင်း၊ ကြောက်ရွံ့ရိုသေခြင်း၊ မျှော်လင့်ချက်ထားခြင်း စသည်တို့ဖြင့်ဆည်းကပ်ကိုးကွယ်ခြင်းသည် ထိုအရှင်မြတ်အားသွေဖည်ငြင်းပယ်ရာရောက်ကြောင်း ရှင်းလင်းဖော်ထုတ်တင်ပြတော်မူခဲ့၏။ ထို့ပြင်၎င်းတို့အနက် အဆိုးရွားဆုံးလိမ်လည်သူမှာ ဧကန်အမှန်ပင် ၎င်းတို့၏ကိုးကွယ်ရာအရာများသည် ၎င်းတို့အားအရှင်မြတ်နှင့်အလွန်ပင်နီးကပ်စေသည်ဟု ပြောဆိုသူပင်ဖြစ်ပေသည်။
စစ်မှန်သောယုံကြည်ချက်၊ ရစူလ်တမန်တော်များယူဆောင်လာသည့် အရာများနှင့် ဆန့်ကျင့်သည့်ယုံ ကြည်ချက် ပျက် ပြားစေသည့် အယူဝါဒများအနက် မျက်မှောက်ခေတ်တွင် ဘာသာမဲ့အယူဝါဒဘက်သို့ဖိတ်ခေါ်သူများအထဲမှ (မားက်စ်) နှင့် (လီနင်) တို့၏ နောက်လိုက်များဖြစ်ကြသည့် ဘုရားမဲ့ဝါဒီတို့၏ အယူဝါဒလည်း အပါအဝင်ဖြစ်သည်။ ၎င်းတို့သည် ထိုအယူဝါဒအား ဆိုရှယ်လစ်၊ ကွန်မြူနစ် Baathism ခေါ် အရဗ်ဆိုရှယ်လစ်ဝါဒ စသည့်မည်သည့်နာမည်ကိုပေးသည်ဖြစ်စေ ဤဘုရားမဲ့ဝါဒီတို့၏ ပင်မ အယူဝါဒမှာ- မည်သည့်ကိုးကွယ်ရာအရှင်ဟူ၍မရှိ၊ လောကီသက်တမ်းသည်သာ အဓိကဟူ၍ဖြစ်၏။
၎င်းတို့၏ အဓိကကျသည့် အယူဝါဒများအနက် ပြန်လည်ရှင်ပြန်ထမည့်နေ့၊ ဂျန္နသ်၊ ဂျဟန္နမ်နှင့် ဘာသာတရားအားလုံးအားငြင်းပယ်ခြင်းတို့ဖြစ်သည်။ ၎င်းတို့၏စာအုပ်စာပေများ၊ ၎င်းတို့ရှိနေသည့် အယူဝါဒအပေါ်လေ့လာလိုက်စားသူတိုင်းထိုအခြင်းအရာကို ဒွိဟသံသယမရှိသိနိုင်ပေသည်။ ဤအယူဝါဒသည် ကောင်းကင်ကျဘာသာတရားများအားလုံးနှင့်ဆန့်ကျင် ဘက်ဖြစ်ကာ ၎င်းဘာသာတရားများအားလက်ခံ ယုံကြည်ထားသူများအားလောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံးတွင်အဆိုးရွားဆုံးပျက်စီးနစ်နာဆုံးရှုံးစေမည့်ဘက်သို့ပို့ဆောင်စေမည့် အယူဝါဒဖြစ်ကြောင်းမည်သို့မျှသံသယမရှိပေ။
ထိုကဲ့သို့ အမှန်တရားနှင့်ဆန့်ကျင်သော အယူဝါဒများအနက် အချို့သော စူဖီများ၏ ၎င်းတို့ဝလီသူတော်စင်များဟုအမည် ပေးထားကြသည့်သူတို့သည် လောကီအားစီမံအုပ်ချုပ်မှု၌ အလ္လာဟ်အရှင်မြတ်နှင့်အတူစပ်တူပါဝင်အုပ်ချုပ်ပြီး၊ ကမ္ဘာလောက၏အရေးကိစ္စများတွင် အလိုရှိသလိုချယ်လှယ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ခြင်းသည်လည်းပါဝင်ပေသည်။ ထို့ပြင်၎င်းတို့သည်မိမိတို့၏ကိုးကွယ်ရာများအတွက်ဖန်တီးတီထွင်ထားသည့်အမည်နာမများဖြစ်သည့် ကုသုဗ်၊ အောင်သားဒ်၊ ဂေါင်းစ်အစရှိသည့်တို့ဖြင့်၎င်းဝလီသူတော်စင်များအားမည်ခေါ်ကြပေသည်။ ဤသည် ရူဘူဘီယသ် (ဖန်ဆင်းမွေးမြူခြင်း၊ ရှင်စေ၊ သေစေခြင်း၊ စားနပ်ရိက္ခာချီးမြှင့်ခြင်းအစရှိသည့် အလ္လာဟ်အရှင်မြတ်သာလျှင် တတ်စွမ်းနိုင်သည့်အရေးကိစ္စများ) နှင့်ပတ်သက်၍ ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပင်ဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ယှဉ်တွဲကိုးကွယ်မှုအမျိုးအစားများအနက် အဆိုးရွားဆုံးသော အမျိုးအစားပင်ဖြစ်သည်။
ဂျာဟိလီယသ်ခေတ်မှ ရှေးယခင်လူများ၏ ရှိရ်က်လုပ်ရပ်များအား လေ့လာသုံးသပ်၍၊ ၎င်းကို နှောင်းလူတို့အကြား ပျံ့နှံ့နေသောရှိရ်က်လုပ်ရပ်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကနှောင်းလူတို့၏ ရှိရ်က်လုပ်ရပ်များသည် ပိုမိုကြီးမားဆိုးရွားလှကြောင်းကို တွေ့ရှိရပေမည်။ ၎င်း၏ ရှင်းလင်းချက်မှာအောက်ပါအတိုင်းဖြစ်သည်။ ဂျာဟီလီယသ် အမိုက်ခေတ်ရှိ အာရပ်ကာဖိရ်များသည် အောက်ပါအချက်နှစ်ချက်ဖြင့် ထူးခြားထင်ရှားခဲ့ကြသည်။ ပထမအချက်မှာ - ၎င်းတို့သည် ရူဘူဘီယသ်တွင် ရှိရ်က် (ယှဉ်တွဲကိုးကွယ်ခြင်း) ပြုခဲ့ကြသည်မဟုတ်ဘဲ၊ ၎င်းတို့၏ ရှိရ်က်(ယှဉ်တွဲကိုးကွယ်ခြင်း)သည် ခဝပ်ကိုးကွယ်မှုတွင်သာ ဖြစ်ခဲ့သည်။ ရူဘူဘီယသ်ကိုမူ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ ဝန်ခံပြောဆိုခဲ့ကြသူများ ဖြစ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ﴾...ထို့ပြင် အကယ်၍ အသင်သည် “သူတို့အား မည်သူဖန်ဆင်းခဲ့သနည်း”ဟု သူတို့ကို မေးမြန်းလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်”ဟု အမှန်စင်စစ် ဖြေကြားကြလိမ့်မည်။...﴿ [စူရဟ် ဇွခ်ရွဖ် အာယသ် - ၈၇] ထို့ပြင် အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား) ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အား အာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်း ကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကို စိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကို သက်မဲ့မှ ထွက်စေ၍ သက်မဲ့ကို သက်ရှိမှ ထွက်စေသနည်း။ ထိုမှ တစ်ပါး မည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်းတို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်းတို့အား) အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။ [စူရဟ် ယူနွတ်စ် အာယသ် - ၃၁] ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယသ်တော်များသည် အလွန်ပင် များပြားလှပေသည်။
ဒုတိယအချက်မှာ - ၎င်းတို့၏ အေဗာဒသ်ခဝပ်ဆည်းကပ်မှု၌ ရှိရ်က်ယှဉ်တွဲကိုးကွယ်မှုသည် အမြဲတမ်းမဟုတ်ခဲ့ပေ။တကယ်တော့ ၎င်းသည် အဆင်ပြေချောင်လည်နေသည့်အခါတွင်သာဖြစ်၍ အခက်အခဲအကျပ်အတည်းကြုံကြိုက်ရသည့်အခါမျိုးတွင်မူ ၎င်းတို့သည် အလ္လာဟ်တစ်ဆူတည်းကိုသာ ရည်စူး၍ ခဝပ်ကိုးကွယ်ကြပေသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ထို့ပြင် သူတို့သည် သင်္ဘောပေါ် စီးနင်း လိုက်ပါကြသည့်အခါ အလ္လာဟ် အရှင်မြတ်ကိုသာ စိတ်စေတနာ ဖြူစင်စွာဖြင့် ဟစ်ခေါ် တသကြသည်။ ထို့နောက် အရှင်မြတ်သည် သူတို့အား ကယ်တင်ပြီး ကုန်းပေါ် ပို့လိုက်သည့်အခါ သူတို့သည် ချက်ချင်းပင် အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ကြတော့သည်။ [စူရဟ် အန်ကဗူးသ် အာယသ် - ၆၅]
နှောင်းပိုင်းမုရှ်ရိက်တို့သည် ရှေးယခင်လူများထက် ရှိရ်က်ပြုလုပ်ရာ၌ နှစ်ဆ တိုး၍လုပ်ဆောင်ခဲ့ကြသည်။ ပထမအချက်မှာ - ၎င်းတို့အနက်အချို့သည် ဖန်ဆင်းမွေးမြူတော်မူသောအရှင်အဖြစ် သတ်မှတ်ရာတွင် ရှိရ်က်(ယှဉ်တွဲကိုးကွယ်ခြင်း) ပြုကြခြင်းဖြစ်သည်။ ဒုတိယအချက်မှာ - ၎င်းတို့သည် အဆင်ပြေချောင်လည်သည့်အခါတွင်လည်းကောင်း၊ ကျပ်တည်းခက်ခဲသည့်အချိန်၌ လည်းကောင်း ရှိရ်က်ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူလက်ပွန်းတတီးနေကြသည့်သူများ၊ ၎င်းတို့၏အခြေအနေများအားစနစ်တကျလေ့လာသုံးသပ်ထားကြသူများ၊ ၎င်းတို့၏အီဂျစ်နိုင်ငံရှိဟူစိုင်းန်၊ ဘဒဝီတို့၏ကဗရ်၊ အဒ်န်တွင် အီဒရူးစ် ၏ကဗရ်၊ ယီမင်နိုင်ငံရှိ အလ်ဟာဒီ၏ကဗရ်၊ (ရှားမ်) ဆီးရိယားနိုင်ငံရှိ အိဗ်နေအရဗီ၏ကဗရ်၊ အိရားက်နိုင်ငံရှိ အဗ်ဒွလ်ကာဒိရ်ဂျီလာနီ၏ကဗရ်အစရှိသည့် ထင်ရှားကျော်ကြားသော ကဗရ်များတွင်ပြုလုပ်လေ့ရှိကြသည့်၎င်းတို့၏ လုပ်ရပ်များကို မျက်ဝါးထင်ထင်တွေ့မြင်ကြသူတို့အဘို့ ထိုအချက်ကိုကောင်းစွာသိရှိနိုင်ပေသည်။ အကြင် (ဝလီသူတော်စင်များ၏) ကဗရ်များနှင့်ပတ်သက်သည့်သူ အများစုမှာ အတိုင်းထက် အလွန်အကြည်အညိုလွန်ကဲအစွန်းရောက်ကြပြီး အလ္လာဟ်အရှင်မြတ်၏ များစွာသော (ဟတ်က်) ရပိုင်ခွင့်အား ချိုးဖောက်ကာ ထိုကဗရ်တွင်းရှိ သူတော်စင်များအတွက်သုံးစွဲခဲ့ကြပေသည်။ (တစ်နည်းရှိရ်က်ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြုလုပ်ခဲ့ကြပေသည်) ၎င်းတို့အားထိုလုပ်ရပ်အပေါ် ငြင်းပယ်ရှုံချသူ၊ သောင်ဝ်ဟီးဒ်၏ အစစ်အမှန်သဘောတရားကို၎င်းတို့အားရှင်းပြမည့်သူမှာ နည်းပါးလှချေသည်။ အကြင်သောင်ဝ်ဟီးဒ်တရားနှင့်အတူ အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်ကိုယ်တော့်၏အလျင်မှာရှိခဲ့ကြသည့် ရစူလ်တမန်တော်များအားစေလွှတ်တော်မူခဲ့ခြင်းဖြစ်ပေသည်။ (ထိုရစူလ်တမန်တော်များအားလုံးပေါ်သို့ငြိမ်းချမ်းသာယာမှုအပေါင်းနှင့်ကရုဏာတော်အပေါင်းခညောင်းပါစေ) ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် အလ္လာဟ်အတွက်သာဖြစ်၍၊ ထိုအရှင်မြတ်ဘက်တော်သို့သာ ကျွန်ုပ်တို့အားလုံးသည်ပြန်လှည့်ကြရမည်ဖြစ်သည်။
နာမတော်များ၊ ဂုဏ်တော်များကဏ္ဍတွင် စစ်မှန်သော အကီဒဟ်ယုံကြည်ချက်အားဆန့်ကျင်သည့် အယူဝါဒများအနက် အလ္လာဟ်အရှင်မြတ်အတွက် ဖော်ပြထားသော ပြီးပြည့်စုံသည့်ဂုဏ်တော်များအားအပြီးတိုင်ငြင်းဆန်ကာ အရှင်မြတ်အား မရှိသည့်အရာများ၊အစိုင်အခဲများ၊ လုံးဝမဖြစ်နိုင်သည့်အရာများဖြင့် တင်စားဂုဏ်ပုဒ်တပ်ခဲ့ကြသည့် ဂျဟ်မီယဟ်၊ မုအ်သဇိလဟ်နှင့်၎င်းတို့လမ်းစဉ်အတိုင်းလျှောက်လမ်းကြသည့် ဗိဒ်အသီအုပ်စုတို့၏ အယူဝါဒများလည်းအပါအဝင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏မဟုတ်မတရားပြောဆိုမှုမှအလွန်ပင် မြင့်မားတော်မူပြီး ကင်းစင်တော်မူသောအရှင်ဖြစ်တော်မူပေသည်။
ထိုအထဲတွင် အရှ်အရီတို့၏ ယုံကြည်ချက်ကဲ့သို့ ဂုဏ်တော်အ ချို့အားငြင်းပယ်ပြီး၊ အချို့အားလက်ခံကြသူများလည်း ပါ ဝင်သည်။ ၎င်းတို့သည် ၎င်းတို့ငြင်းဆိုထားသော ဂုဏ်တော်များကို တိမ်းရှောင်ပြီး ထိုဂုဏ်များနှင့်ပတ်သက်၍လာရှိသည့်အထောက်အထားများကို တလွဲအဓိပ္ပာယ်ဖွင့်ဆိုသကဲ့သို့ ၎င်းတို့ အတည်ပြုလက်ခံထားသော ဂုဏ်တော်များတွင်လည်း ထို သို့ပြုလုပ်ရန် လိုအပ်ပေသည်။ သို့ရှိရာ ၎င်းတို့သည် (ထိုသို့လွဲမှားစွာအဓိပ္ပါယ်ဖွင့်ဆိုမှုကြောင့်) တရားတော်လာအ ထောက်အထားများနှင့် ယုတ္တိတန်သောအထောက်အထားများကို ဆန့်ကျင်ကာ၊ အလွန်ပင်ဝိရောဓိ (ရှေ့နောက်မညီဆန့်ကျင်ကွဲပြားလျက်) ဖြစ်နေပေတော့သည်။
အဟ်လွတ်စ်စွန္နဟ် ဝလ်ဂျမာအဟ် အုပ်စုဝင်များကမူ အလ္လာဟ်အရှင်မြတ် မိမိအတွက် အတည်ပြုသတ်မှတ်ထားသည့် နာမတော်များနှင့် ဂုဏ်တော်များ သို့မဟုတ် ထိုအရှင်မြတ်၏ရစူလ်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရှင်မြတ်အတွက် အတည်ပြုသတ်မှတ်ပေးထားသည့် နာမတော်များနှင့် ဂုဏ်တော်များကို အလ္လာဟ်အရှင်မြတ်အတွက် ပြီး ပြည့်စုံသည့်ပုံစံအတိုင်း အတည်ပြုလက်ခံကြပြီး၊ ဂုဏ်တော်များအား ယတိပြတ်ငြင်းပယ်သည့် အယူဝါဒ၏ အနံ့အသက်မှ လွတ်ကင်းကာ အလ္လာဟ်အရှင်မြတ်အား အဖန်ဆင်းခံများနှင့် ဆင်တူခြင်းမှ ကင်းစင်ကြောင်း ပြောဆိုကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် အထောက်အထားများအားလုံးကို လက်ခံကျင့်သုံးကာ၊ လွဲမှားသည့် အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် ယတိပြတ်ငြင်းပယ်ခြင်းတို့ကိုလည်း မလုပ်ခဲ့ကြပေ။ ထို့အပြင် ၎င်းတို့မှအပ အခြား (ဗိဒ်အသီအုပ်စုဝင်များ) ကျရောက်ခဲ့သည့် ဝိရောဓိ (ရှေ့နောက်မညီ ဆန့်ကျင်ကွဲပြားလျက်) ဖြစ်ခြင်းမှလည်း လွတ်ကင်းပေသည်။ ထိုအကြောင်းအရာအား အရှေ့၌ ဖော်ပြခဲ့ပြီးဖြစ်သည်။
ဤသည်ပင်လွတ်မြောက်အောင်မြင်မှုနှင့် ဒွန်ယာအာခိရသ် နှစ်ဌာနစလုံးတွင်ဝမ်းမြောက်ပျော်ရွှင်မှုရမည့်လမ်းစဉ်ပင်ဖြစ်၍ ဤအွမ္မသ်၏ရှေးသူမွန်သူမြတ်တို့နှင့် အိမာမ်ကြီးများလျှောက်လမ်းခဲ့ကြသည့်ဖြောင့်မှတ် မှန်ကန်သည့်လမ်းစဉ်လည်းဖြစ် သည်။ ထို့ပြင် ဤအွမ္မသ်၏ရှေးယခင်ပုဂ္ဂိုလ်များ တည့်မှတ်ဖြောင့်ဖြူးခဲ့ကြသည့်အရာဖြင့်သာ ဤအွမ္မသ်၏ နှောင်းလူတို့မှာလည်းတည့်မှတ်မှန်ကန်မှုရနိုင်ပေမည်။ ၎င်းမှာ ကုရ်အာန်နှင့်စွန္နသ်တော်၏ နောက်လိုက်မှုပြုခြင်းနှင့်ထိုအရာနှစ်ခုအားဆန့် ကျင်သည်တို့ကိုစွှန့်လွှတ်ခြင်းပင်ဖြစ်သည်။ အနန္တတန်ခိုးတော်ဖြင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် အွမ္မသ် (မွတ်စ်လင်မ်ထု) အား မှန်ကန်သည့်တရား လမ်းမှန်သို့ပြန်လည်ပို့ဆောင်ပေးသနားတော်မူပြီး၊ ၎င်းအွမ္မသ်တွင် တရားလမ်းမှန်ဘက်သို့ဖိတ်ခေါ်မည့်သူများ အမြောက်အများ ပြုလုပ်ပေးသနားတော်မူပါစေကြောင်း ကျွန်ုပ်တို့ ထိုအရှင်မြတ်ထံတော်ပါးတွင် တောင်းဆုပြုပါသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအွမ္မသ်အား ဦးဆောင်မှုပြုသည့် ခေါင်းဆောင်များ၊ အိုလမာသာသနာ့ပညာရှင်များအား ရှိရ်က်လုပ်ရပ်အား တိုက်ဖျက်ရန်နှင့် အရေးယူဆောင်ရွက်ရန်၊ ၎င်းရှိရ်က်ဘက်သို့ရောက်စေသည့်အကြောင်းခံများနှင့်ပတ်သက်၍ သတိပေးတားမြစ်ရန် သောင်ဖီးက်စွမ်းအားပေးသနားတော်မူပါရန် ကျွန်ုပ်တို့ဆုတောင်းပြုအပ်ပါသည်။... ဧကန်စင်စစ် ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော၊ အလွန်တရာနီးကပ်တော်မူသော အရှင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် စွမ်းအားပေးသနားမှုကို ပိုင် ဆိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုအရှင်သည် ကျွန်ုပ်တို့အတွက် လုံလောက်တော်မူသော အရှင်၊ အကောင်းဆုံးသော တာဝန်ယူ စောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထို့ ပြင် အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမှအပ မကောင်းမှုမှ ရှောင်လွှဲနိုင်သော စွမ်းအားလည်းမရှိ၊ ကောင်းမှုပြုလုပ်နိုင်သော ခွန်အားစွမ်းပကားလည်း မရှိပါချေ။ အလ္လာဟ်အရှင်မြတ်၏ ဗန်ဒဟ် အစေတော်နှင့် တမန်တော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်တော်သူ အိမ်တော်သားများနှင့် သာဝကကြီးများအပေါ်သို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေ။
အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများထံ ဒုက္ခများမှကယ်တင်ရန် တောင်းခံသူ၏ ပညတ်ချက်နှင့်ပတ်သက်၍ သက်သေအထောက်အထားများ တင်ပြခြင်း
အဗ္ဗဒုလ်အဇီးဇ် ဗင်န် အဗ်ဒုလ္လာ ဗင်န် ဗားဇ်
ဤစာအုပ်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများထံ အကူအညီတောင်းခံခြင်းဆိုင်ရာ ပညတ်ချက်ကို ရှင်းလင်းတင်ပြထားပြီး၊ ဒုအာဆုတောင်းခြင်းနှင့် အကူအညီတောင်းခံခြင်းတို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်ရမည်ဖြစ်ကြောင်း အလေးအနက်ဖော်ပြထားပါသည်။ ထို့ပြင် (အိဗာဒသ်) ခဝပ်ကိုးကွယ်မှု သို့မဟုတ် ဒုအာဆုတောင်းခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများထံ ဦးတည်ခြင်းသည် (ရှစ်ရ်က်) ဖက်စပ်ယှဉ်တွဲမှုဖြစ်ကြောင်း ညွှန်ပြထားပါသည်။ တစ်ချို့သောအခြေအနေများတွင် လူအချို့က အလ္လာဟ်အရှင်မြတ်၏ ဝလီသူတော်စဉ်များ သို့မဟုတ် တမန်တော်မြတ် ﷺ ထံ အကူအညီတောင်းခံခြင်းဟု ထင်မြင်ကြသော်လည်း ထိုလုပ်ရပ်သည် ဒီန်၏ အခြေခံဖြစ်သော တောင်ဟီဒ် (အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကို ယုံကြည်ခြင်း) နှင့် ဆန့်ကျင်နေကြောင်း ရှင်းလင်းဖော်ပြထားပါသည်။
ဒုတိယမြောက် သဝဏ်လွှာ - တမန်တော်မြတ်(ﷺ)ထံမှ အခက်အခဲ ဒုက္ခများမှ လွတ်ကင်းစေရန် တောင်းခံခြင်းဆိုင်ရာ ပညတ်ချက်။
ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် ကိုယ်တော်၏ အိမ်တော်သူ အိမ်တော်သားများ၊ ဆွဟာဗဟ် သာဝကများနှင့် ကိုယ်တော်၏ လမ်းညွှန်ပြသမှုအတိုင်း လိုက်နာလျှောက်လှမ်းသူများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
"ထို့နောက် - ကူဝိတ်နိုင်ငံထုတ် 'အလ်မွဂျ်သမာအ်’ သတင်း စာ၏ ၁၉/၄/၁၃၉၀ ဟစ်ဂျရီ နေ့စွဲဖြင့် ထုတ်ဝေသော အမှတ် (၁၅) တွင် 'မဟာတမန်တော်မွေးနေ့အထိမ်းအမှတ်အဖြစ်' ဟူသော ခေါင်းစဉ်ဖြင့် ကဗျာစာသားအချို့ကို ဖော်ပြခဲ့ပါသည်။ အဆိုပါ ကဗျာစာသားများတွင် တမန်တော်မြတ် ﷺ ထံမှ တောင်းခံခြင်းနှင့် အကူညီရယူခြင်းများ ပါဝင်နေပါသည်။ သို့ပါ၍ လက်ရှိကြုံတွေ့နေရသော အကွဲအပြဲနှင့် သဘောထားကွဲလွဲမှုများမှ အွမ္မသ်ထုများကို ကယ်တယ်ရန်နှင့် လွတ်မြောက်မှုရရှိစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ ယင်းကဗျာတွင်ပါဝင်သော ကလောင်ရှင်အမည်မှာ အာမိနဟ် ဖြစ်သည်။ ကဗျာစာသားတွင် ဖော်ပြထားသော စာပိုဒ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ စစ်မီးကို မွှေးမြူလျက်၊ ထိုမီးလျှံတို့၏ အပူဒဏ်ကို ကိုယ်တိုင်ခါးစည်းခံစားနေရသော ဤလောကကမ္ဘာကြီးအား ကယ်တင်စောင့်ရှောက်တော်မူပါ။
အို တမန်တော်မြတ်၊ ကိုယ်တော်၏ အွမ္မဟ်ကို ကယ်တင်ပေးပါ။ သံသယ၏ အမှောင်ထုထဲတွင် အချိန်အတော်ကြာ လမ်းပျောက်လျက် ခရီးဆက်နေကြရပါသည်။
အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အွမ္မသ်အား ကယ်တင်စောင်မတော်မူပါ... ဝမ်းနည်းပူဆွေးမှု ဝင်္ကပါများအတွင်း ၎င်းတို့၏ မျှော်မှန်းချက်များ ပျောက်ဆုံးနေပါပြီ။
နောက်ဆုံး ကလောင်ရှင် အမျိုးသမီးက ဆက်လက်၍ ရေးသားထားသည်မှာ-
အလ္လာဟ်အရှင်မြတ်ထံတော်သို့ ဆု တောင်းပတ္ထနာပြုခဲ့သောအခါ ဘဒရ်နေ့တွင်... အရှင်မြတ်က ကူညီစောင်မတော်မူခြင်းကို အလျင်အမြန် ပေးသနားတော်မူခဲ့သကဲ့သို့ (ယခုလည်း) အသင်တမန်တော် အလျင်အ မြန် ချီးမြှင့်ပေးသနားတော်မူပါ။
သို့ဖြစ်၍ အားနည်းနိမ့်ကျမှုသည် ကြီး ကျယ်ခမ်းနားသော အောင်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ... ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၌ အသင်တို့ မမြင်နိုင်သော စစ်သည်တော်များ ရှိတော်မူပေသည်။
(ဤစာရေးသူမသည် တမန်တော်မြတ် (ﷺ) ထံသို့ ဤသို့လျှင် အသနားခံ တိုင်တည်လျက်၊ အွမ္မသ်အတွက် အောင်နိုင်မှုကို အလျင်အမြန် ပေးသနားရန် တောင်းဆိုခဲ့ပါသည်။ သို့ရာတွင် သူမသည် အောင်နိုင်ခြင်းဟူသည်မှာ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်း၏ လက်ဝယ်၌သာ ရှိပြီး၊ တမန်တော်မြတ် (ﷺ) အပါအဝင် မည်သည့် ဖန်ဆင်းခံ သတ္တဝါတို့၏ လက်ဝယ်တွင်မျှ မရှိကြောင်းကို မေ့လျော့နေခြင်း (သို့မဟုတ်) မသိနားမလည်ခြင်း ဖြစ်နေပါသည်။ ထိုအချက်နှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ထင်ရှားလှသော ကျမ်းတော်မြတ်၌ ဤသို့ မိန့်ကြားတော်မူခဲ့သည်မှာ ထို့ပြင် အကူအညီဆိုသည်မှာ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှလွဲ၍ မည်သူ၏ထံကမှ မဖြစ်ပေ။ (စူရဟ် အာလိအင်မ်ရာန်- အာယသ် ၁၂၆) ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့) အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီစောင်မတော်မူပါလျှင်၊ အသင်တို့အပေါ်၌ အောင်မြင် လွှမ်းမိုးမည့်သူဟူ၍ မည်သူ တစ်ဦး တစ်ယောက်မျှ ရှိတော့မည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အသင်တို့အား (ကူညီစောင်မတော်မူခြင်း မပြုဘဲ) စွန့်ပစ်ထားတော်မူပါလျှင်၊ ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးနောက် အသင်တို့အား ကူညီစောင်မမည့်သူသည် အဘယ်သူ ရှိပါသေးသနည်း။... (စူရဟ် အားလိအင်မ်ရာန်- အာယသ် ၁၆၀)
ဤဒုအာဆုတောင်းခြင်းနှင့် အကူအညီတောင်းခံခြင်း လုပ်ရပ်သည် အိဗာဒသ် ခဝပ်ကိုးကွယ်မှု၏ အမျိုးအစားများအနက်မှ ဖြစ်ပြီး ထိုအမျိုးအစားကို အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများအဖို့ အသုံးပြုလိုက်ခြင်းဖြစ်သည်။ ထိုအရာသည် မပြုပိုင်ကြောင်း ကျမ်းဂန်အထောက်အထားနှင့် အစ်ဂ်ျမာအ်အရ သိရှိထားပြီးဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံသတ္တဝါများကို မိမိအား ခဝပ်ကိုးကွယ်ရန်အတွက် ဖန်ဆင်းတော်မူခဲ့ပြီး၊ ထိုအိဗာဒသ် ခဝပ်ကိုးကွယ်မှုကိုရှင်းလင်းတင်ပြရန်နှင့် ထိုကိုးကွယ်ဆည်းကပ်မှုဘက်သို့ ဖိတ်ခေါ်ရန်အတွက် ရစူလ်တမန်တော်များအား စေလွှတ်တော်မူကာ ကျမ်းဂန်များကို ချပေးတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ- (စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အားလည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရန်သာလျှင်ဖန်ဆင်းတော်မူခဲ့၏။) (စူရဟ် ဇားရိယာသ်- အာယသ် ၅၆) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော် မူခဲ့လေသည်)။)... (စူရဟ် နဟလ်- အာယသ် ၃၆) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာ ဖြစ်သည်။ (စူရဟ် အန်ဗီယာအ်- အာယသ် ၂၅) ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည် အကြင်ကျမ်းဂန်တော်တစ်ဆူတည်း၊ ထိုကျမ်း ဂန်၏ အာယတ်တော်များသည် မြဲမြံခိုင်ခံ့အောင်ပြုလုပ်ပြီးဖြစ်ချေသည်။ ထို့ပြင်တဝထိုအာယတ်တော်များသည် ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်အထံတော်မှ အသေး စိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။ အကြောင်းမှာ အသင်တို့သည် အလ္လာဟ် အရှင်မြတ် မှလွဲ၍ (တစ်စုံတစ်ရာကို) မကိုးကွယ်ကြရန် ဖြစ်သည်။ အမှန်စင်စစ် ငါသည် အသင်တို့အတွက် အရှင်မြတ် ထံတော်မှ သတိပေးနှိုးဆော်သူနှင့် ဝမ်း မြောက်ဖွယ်ရာ သတင်းကောင်းပေးသူ ဖြစ်သည်။ (စူရဟ် ဟူဒ်- အာယသ် ၁ -၂ )
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ဤခိုင်မာတိကျ ရှင်းလင်းပြတ်သားသည့် အာယသ်တော်များတွင် ဂျင်န်နှင့်လူသားတို့ကို အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် ထိုအရှင်နှင့် ဖက်စပ်ရှင်တွဲကိုးကွယ်ရာအရှင်ဟူ၍မရှိစေဘဲ ခဝပ်ကိုးကွယ်ရန်အတွက်သာ ဖန်ဆင်းခဲ့ကြောင်း ရှင်းလင်းဖော်ပြတော်မူခဲ့သည်။ ထို့အပြင် ဤအိဗာဒသ် ခဝပ်ကိုးကွယ်မှုကိုပြုရန် အမိန့်ပေးစေခိုင်းရန်နှင့် ၎င်းနှင့်ဆန့်ကျင် ဘက်ဖြစ်သောအရာများကို တားမြစ်ရန်အတွက် ရစူလ်တမန်တော်များ (အလိုင်ဟိမွတ်စ်ဆလာမ်) အား စေလွှတ်တော်မူခဲ့ကြောင်း ရှင်းလင်းတင်ပြထားပေသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာတို့ကို မကိုးကွယ်စေရန်အတွက် အရှင်မြတ်သည် မိမိ၏ကျမ်းမြတ်တွင်ပါရှိသော အာယသ်တော်များအား ခိုင်မာတိကျစေတော်မူပြီး အကျယ်တဝင့် ရှင်းလင်းတင်ပြတော်မူခဲ့ကြောင်း အသိပေးမိန့်ကြားထားပေသည်။
သိရှိထားပြီးဖြစ်သည့်အတိုင်း ‘အိဗာဒသ်’ ခဝပ်ကိုးကွယ်မှုဟူသည် အလ္လာဟ်အရှင်မြတ်အား တစ်ဆူတည်းဟုသတ်မှတ် ကိုးကွယ်ဆည်းကပ်ခြင်းနှင့် အရှင်မြတ်ကလုပ်ရန်စေခိုင်းထားသည့်အရေးကိစ္စများတွင် ထိုအရှင်၏အမိန့်အားနာခံခြင်း၊ တားမြစ်တော်မူထားသည့် အရာတို့အားစွန့်လွှတ်ခြင်းပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် များစွာသော အာယသ်တော်များတွင် ၎င်းနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းထားပြီး အသိပေးတော်မူခဲ့သည်။ ၎င်းတို့အနက်မှ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- (စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် အာရုံစူးစိုက်ကာ ထိုအရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြရန် အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။) (စူရဟ် အလ်ဗိုင်ယိနဟ်- အာယသ် ၅) ထိုမှတစ်ပါး ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ထို့ပြင် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်က အမိန့် ပြဋ္ဌာန်းတော်မူသည်။ အသင်တို့သည် အရှင်မြတ် တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်း မှလွဲ၍ အခြားကို ကိုးကွယ်မှု မပြုရပေ။... (စူရဟ် အလ်အိစ်ရာ- အာယသ် ၂၃) ထို့ပြင် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ မုချအမှန် ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ် အရှင်မြတ်အားကိုလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။ သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ် သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။ (စူရဟ် ဇုမရ်- အာယသ် ၂ - ၃ )
ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယာသ်တော်အ မြောက်အများရှိပေသည်။ ၎င်းတို့အားလုံးသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုအား အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာ ရည်စူးသတ်မှတ်၍ ပြုလုပ်ရန်အရေးကြီးကြောင်းနှင့် တမန်တော်များဖြစ်စေ၊ အခြားသူများဖြစ်စေ ထိုအရှင်မြတ်မှအပ အခြားသောအရာများအား ခဝပ်ကိုးကွယ်ခြင်းကို စွန့်လွှတ်ရန် အရေးကြီးကြောင်း ညွှန်ပြနေပေသည်။
ဒုအာဆုတောင်းခြင်းသည် ခဝပ်ကိုးကွယ်မှု အမျိုးအစားများအနက် အရေးအကြီးဆုံးနှင့် အပြည့်စုံဆုံးဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ ထို့ကြောင့် ၎င်းအား အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းအတွက်သာ သီးသန့်ပြုလုပ်ရမည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသကဲ့သို့- သို့ဖြစ်ရာ ကာဖိရ်များသည် မနှစ်မြို့ကြလျှင်လည်း အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ် အတွက် သက်သက် ဖြစ်စေကြလျက် ကိုးကွယ်ကြပါ။ (စူရဟ် ဂါဖိရ်- အာယသ် ၁၄) ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ﴾ထို့ပြင် အမှန်စင်စစ် မတ်စ်ဂျိဒ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ် အရှင်မြတ်အတွက်ပင် ဖြစ်ခြင်းကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သူ့ကိုမျှ မကိုးကွယ်ကြနှင့်။﴿ (စူရဟ် ဂျင်န်- အာယသ် ၁၈) အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းထံ၌သာ ဒုအာဆုတောင်းရန်ဟူသည့် ဤလမ်းညွှန်ချက်တွင် နဗီတမန်တော်များနှင့် အခြားသူများအပါအဝင် ဖန်ဆင်းခံအားလုံး အကျုံးဝင်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အသင့်အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်နစ်နာစေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သော အရာများကို ဆုတောင်းပတ္ထနာ မပြုလေနှင့်။ အကယ်၍ အသင်သည် သို့ပြုခဲ့သော် အမှန်စင်စစ် အသင်သည် မတရားပြုသူများထဲတွင် အပါအဝင် ဖြစ်လိမ့်မည်။ (စူရဟ် ယူနွတ်စ်- အာယသ် ၁၀၆) ဤသည်မှာ တမန်တော်မြတ် (ﷺ) အား လိပ်မူထားခြင်းဖြစ် သည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ‘ရှိရ်က်’ မှ ကင်းလွတ်စေတော်မူခဲ့သည်မှာ ထင်ရှားပြီးဖြစ်သည်။ အမှန်စင်စစ် ယင်းသို့ မိန့်ဆိုခြင်း၏ ရည်ရွယ်ချက်မှာ အခြားသူများအား သတိပေးတားမြစ်ရန်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အသင့်အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်နစ်နာစေခြင်းကိုလည်းကောင်း မပြုစွမ်းနိုင်သောအရာများကို ဆုတောင်းပတ္ထနာ (ကိုးကွယ်ဆည်းကပ်ခြင်း) မပြုလေနှင့်။ အကယ်၍ အသင်သည် သို့ပြုခဲ့သော် အမှန်စင်စစ် အသင်သည် မတရားကျူးလွန်သူများထဲတွင် အပါအဝင် ဖြစ်လိမ့်မည်။ (စူရဟ် ယူနွတ်စ် အာယသ် ၁၀၆) ဤသည်ကား နဗီတမန်တော် ﷺ အား မိန့်ကြားထားသော စကားရပ်ဖြစ်သည်။ ၎င်းမှ ဆိုလိုရင်းမှာ အခြားသူများအား သတိပေးတားမြစ်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်အား (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်းမှ ကာကွယ်စောင့်ရှောက်တော်မူထားကြောင်း ထင်ရှားသိသာသောကြောင့်ဖြစ်သည်။ ထို့်နောက် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ သတိပေးတားမြစ်လျက် ဤသို့ မိန့်ကြားတော်မူခဲ့သည်။ (... သို့ဖြစ်ပေရာ အကယ်၍ အသင်သည် (ထိုသို့) ပြုလုပ်ခဲ့ပါလျှင် မုချစင်စစ် ထိုအခါ အသင်သည် မတရားကျူးလွန်သောသူတို့အနက်မှ (တစ်ဦး) ဖြစ်သွားပေမည်။) (ဇွလ်မ်) မတရားမှုဟု အကြွင်းမဲ့ သုံးနှုန်းပါက ၎င်း၏ ဆိုလို ရင်းမှာ ရှိရ်က်အက္ကဗရ် (အကြီးစား ရှိရ်က် ) ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် အမိန့်ရှိတော်မူထားသကဲ့သို့- ... ၎င်းပြင် သွေဖည်ငြင်းပယ်သောသူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြကုန်၏။ (စူရဟ် ဗကရဟ်- အာယသ် ၂၅၄) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (... ဧကန်စင်စစ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲ ကိုးကွယ်ခြင်းသည် အလွန်ကြီးလေးလှစွာသော မတရားကျူးလွန်မှုပင် ဖြစ်သည်။) (စူရဟ် လွတ်က်မာန်- အာယသ် ၁၃) အကယ်၍ အာဒမ်သားသမီးတို့၏ ခေါင်းဆောင်ဖြစ်တော်မူသော ကိုယ်တော်မြတ် (အလိုင်းဟစ်ဆွလာသု ဝတ်စလာမ်) သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများထံ ဟစ်ခေါ်တောင်းဆိုခဲ့မည်ဆိုလျှင် မတရားကျူးလွန်သူများအနက်မှ ဖြစ်သွားပေမည်။ ထို့ကြောင့်ပင် ကိုယ်တော်မှအပ အခြားသူများဆိုလျှင် အဘယ်ဆိုဖွယ်ရာ ရှိပါတော့မည်နည်း။
သို့ဖြစ်၍ ဤအာယသ်တော်များနှင့် အခြားသောအာယသ်တော်များအရ အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာများဖြစ်သည့် လူသေများ၊ သစ်ပင်များ၊ ရုပ်တုဆင်းတုများနှင့် အခြားအရာများထံ ဒုအာတောင်းခံခြင်းသည် အလ္လာဟ်အရှင်မြတ် (အဇ္ဇဝဂျလ်) အား ရှိရ်က် (တုဖက်နှိုင်းယှဉ်မှု) ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပေသည်။ ၎င်းလုပ်ရပ်သည် အိဗာဒသ် ခဝပ်ကိုးကွယ်မှု၌ အလ္လာဟ်အရှင်မြတ်အား သောင်ဟီးဒ် (တစ်ဆူတည်းအဖြစ် ကိုးကွယ်ယုံကြည်မှု) ကို ဆန့်ကျင်ခြင်းလည်းဖြစ်သည်။ ၎င်း (အိဗာဒသ် ခဝပ်ကိုးကွယ်မှု) သည်ပင် ဂျင်န်နှင့်လူသားတို့အား ဖန်ဆင်းခြင်းအပြင် ရစူလ်တမန်တော်များအား စေလွှတ်ခြင်းနှင့် ကျမ်းဂန်များအား ချပေးရခြင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ထို့ပြင် ယင်းလုပ်ရပ်သည် "လာအိလာဟ အိလ္လလ်လာဟ်" ၏ အဓိပ္ပါယ်ကိုလည်း ဆန့်ကျင်ပေသည်။ ၎င်း (လာအိလာဟ အိလ္လလ်လာဟ်) သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူ့အတွက်မျှ အိဗာဒသ် ခဝပ်ကိုးကွယ်မှုကို လက်မခံဘဲ ငြင်းပယ်ပြီး၊ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအဖို့သာ အတည်ပြုပေးပေသည်။ အလ္လာဟ်အရှင်မြတ် (စွဗ်ဟာနဟူဝသအာလာ) မိန့်ကြားတော်မူခဲ့သည်။ ထို (ကဲ့သို့ ကူညီတော်မူခြင်း)မှာမူ အလ္လာဟ် အရှင်မြတ်သည်သာလျှင် မှန်ကန်သည့် အရှင် ဖြစ်တော်မူပြီး အရှင်မြတ် မှလွဲ၍ သူတို့ ဟစ်ခေါ်ကြသည့် အရာများသည် မုချမှားသည့် အတွက်ကြောင့်နှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သာလျှင် အလွန် မြင့်မားတော်ပြီး ထွတ်မြတ်လှတော်မူသော အရှင်၊ အလွန်ကြီးကျယ် ထူးကဲ မြင့်မြတ်တော်မူသော အရှင် ဖြစ်တော်မူသည့် အတွက်ကြောင့် ဖြစ်သည်။ (၆၂) (စူရဟ် ဟဂျ်- အာယသ် ၆၂)
ဤသည်ကား သာသနာ၏အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။ ဤအခြေခံအုတ်မြစ် မှန်ကန်မှုရှိပြီးနောက်မှသာ အိဗာဒသ် ခဝပ်ကိုးကွယ်မှုများသည် မှန်ကန်မှုရှိမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ- ထို့ပြင် အမှန်စင်စစ် အသင်နှင့် အသင်၏ မတိုင်မီက သူများထံသို့ အမှန်ပင် ဝဟီ အမိန့် (ဤသို့) ချ ပေးခြင်းခံခဲ့ရသည်။ “အကယ်၍ အသင်သည် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်ခဲ့လျင်အမှန်စင်စစ် အသင်၏ လုပ်ရပ်များသည် အချည်းနှီး ဖြစ်သွားမည့်အပြင် အသင်သည် ဆုံးရှုံးသူများထဲတွင် အမှန်စင်စစ် အပါအဝင် ဖြစ်လိမ့်မည်။” (စူရဟ် ဇုမရ်- အာယသ် ၆၅) ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသောအရှင်မြတ်မိန့်တော်မူသည်မှာ- ...ထို့နောက် အကယ်၍ သူတို့သည် တစ်စုံတစ်ရာကို အလ္လာဟ် အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ခဲ့ကြလျှင် သူတို့ ပြုလုပ်ခဲ့သော ကောင်းမှုဟူသမျှသည် အမှန်စင်စစ် အချည်းနှီး အကျိုးမဲ့ ဖြစ်သွားခဲ့လိမ့်မည်။ (စူရဟ် အန်အာမ်- အာယသ် ၈၈)
အထက်ပါတင်ပြချက်များအရ အစ္စလာမ်သာသနာနှင့် (လာအိလာဟ အိလ္လလ္လာဟ်)ကို သက်သေခံခြင်းတို့တွင် ကြီးမားသော အုတ်မြစ်နှစ်ရပ် ရှိကြောင်း ရှင်းလင်းထင်ရှားပေသည် -
ပထမအချက်မှာ- အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ တုဖက်နှိုင်းယှဉ်မှုအလျှင်းမပြုဘဲ ခဝပ်ကိုးကွယ်ရန်ဖြစ်သည်။ သို့ဖြစ်၍ မည်သူမဆို ကွယ်လွန်သွားကြသော နဗီတမန်တော်များနှင့် အခြားသူများကို ဟစ်ခေါ်တောင်းဆိုပါက၊ သို့မဟုတ် ရုပ်တုဆင်းတုများ၊ သစ်ပင်များ၊ ကျောက်တုံးကျောက်ဆိုင်များနှင့် အခြားအဖန်ဆင်းခံများကို ဟစ်ခေါ်တောင်းဆိုပါက၊ သို့မဟုတ် ၎င်းတို့ထံမှ အကူအညီတောင်းခံပါက၊ သို့မဟုတ် သားကောင်များလှူဒါန်းခြင်းနှင့် သစ္စာဆိုခြင်းများဖြင့် ၎င်းတို့ထံ ချဉ်းကပ်ပါက၊ သို့မဟုတ် ၎င်းတို့အတွက် ဆွလာသ်ဝတ်ပြုပါက၊ သို့မဟုတ် ၎င်းတို့အား ဦးချ(စဂျ်ဒါ)ပြုပါက၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်မှအပ ၎င်းတို့ကို ကိုးကွယ်ရာအရှင်များအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့အား သန့်စင်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်သူများအဖြစ် ပြုလုပ်လိုက်ခြင်းဖြစ်ပြီး၊ 'လာအီလာဟ အိလ္လလ္လာဟ်' ၏ အဓိပ္ပါယ်ကို ဆန့်ကျင်ပယ်ဖျက်လိုက်ခြင်းပင်ဖြစ်သည်။
ဒုတိယအချက်မှာ - အလ္လာဟ်အရှင်မြတ်ကို အရှင်မြတ်၏ နဗီနှင့် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ရှရီအဟ် တရားလမ်းစဉ်အတိုင်းသာ ခဝပ်ကိုးကွယ်ရမည်ဖြစ်သည်။ မည်သူမဆို သာသနာတော်၌ အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားခြင်းမရှိသော ကိစ္စတစ်စုံတစ်ရာကို ဗိဒ်အဟ် တရားသစ်တီထွင်မည်ဆိုပါက ထိုသူသည် "မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်" ဟူသော သက်သေခံချက်၏ အဓိပ္ပာယ်ကို ပြည့်စုံစေမည်မဟုတ်ပေ။ ထိုသူ၏လုပ်ရပ်သည် ၎င်းအတွက် အကျိုးရှိမည်မဟုတ်ဘဲ ၎င်းထံမှ လက်ခံသဘောတူခြင်းခံရမည်လည်း မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့ပြုလုပ်ခဲ့ကြသော အပြုအမူများဘက်သို့ လှည့်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအပြုအမူများကို ကြဲဖြန့်ထားသော မြူမှုန့်များ ဖြစ်စေတော်မူမည်။ (စူရဟ် ဖုရ်ကာန်- အာယသ် ၂၃) အာယသ်တော်တွင် ဖော်ပြထားသော အမလ်ကျင့်ဆောင်မှုများ၏ ဆိုလိုရင်းမှာ အလ္လာဟ်အရှင်မြတ် (အဇ္ဇဝဂျလ်) နှင့် ယှဉ်တွဲကိုးကွယ်မှု (ရှိရ်က်) အပေါ်၌ ကွယ်လွန်ခဲ့သူ၏ အမလ်ကျင့်ဆောင်မှုများကို ဆိုလိုခြင်းဖြစ်သည်။
၎င်းတွင် အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားခြင်းမရှိသော ဗိဒ်အသ် တရားသစ်တီထွင်ထားသည့် လုပ်ရပ်များလည်း ပါဝင်ပါသည်။ အကြောင်းမူကား ထိုလုပ်ရပ်များသည် အရှင်မြတ် ၏ သန့်စင်မွန်မြတ်သော ရှရီအဟ် တရားလမ်းစဉ်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် လွင့်စင်သွားသော ဖုန်မှုန့်များကဲ့သို့ အချည်းနှီးဖြစ်သွားမည်ဖြစ် သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည့်အတိုင်း - မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ ဗုခါရီကျမ်း၊ မွတ်စ်လင်ကျမ်း
အချုပ်အားဖြင့်ဆိုရသော်- ဤစာရေးဆရာမသည် မိမိ၏ အကူအညီတောင်းခံခြင်းနှင့် ဒုအာဆုတောင်းခြင်းတို့ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ အာရုံပြုခဲ့ပြီး၊ စကြဝဠာခပ်သိမ်းကို မွေးမြူတော်မူသော အရှင်မြတ်ကို မျက်ကွယ်ပြုခဲ့သည်။ အောင်နိုင်မှု၊ အကျိုးယုတ်စေခြင်းနှင့် အကျိုးဖြစ်ထွန်းစေခြင်းတို့သည် ထိုအရှင်မြတ်၏ လက်ဝယ်တော်၌သာရှိပြီး အခြားမည်သူ့လက်၌မျှ ထိုအရာများမှ တစ်စုံတစ်ရာမျှ မရှိပါ။
ဤသည်ကား ကြီးမားဆိုးရွားလှသော မတရားဖိနှိပ်မှုပင်ဖြစ်ကြောင်း ယုံမှားသံသယမရှိပေ။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်သည် ချို့ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အရှင်မြတ်ထံ ဒုအာဆုတောင်းရန် အမိန့်ပေးထားပြီး၊ အရှင်မြတ်ထံ ဒုအာဆုတောင်းသူ၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်ဟု ကတိပေးထားကာ၊ ယင်းသို့ ဒုအာဆုတောင်းခြင်းမှ မာနထောင်လွှားသူများကို ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ကြရမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိ ပေးခြိမ်းခြောက်ထားသည်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်ကအမိန့်ရှိထားသည်မှာ - ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်း ကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် "ဂျဟန္နမ်"ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။ (စူရဟ် ဂါဖိရ်- အာယသ် ၆၀) ဆိုလိုသည်မှာ- ၎င်းတို့သည် အောက်ကျို့နှိမ့်ချကြသူများ ဖြစ်ကြသည်။ ဤမွန်မြတ်လှသော အာယသ်တော်သည် (ဒုအာ) ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်ကြောင်းနှင့် ယင်းမာန်မာနထောင်လွှားသူ၏ လားရာမည့် နေရာသည် (ဂျဟန္နမ်) ငရဲပင်ဖြစ်ကြောင်း ညွှန်ပြနေသည်။ အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုတောင်းခြင်းမှ မာနထောင်လွှားသူ၏ အခြေအနေသည် ဤသို့ဖြစ်ပါလျှင်၊ အရှင်မြတ်အား မျက်ကွယ်ပြု၍ အခြားသူထံ ဒုအာဆုတောင်းသူ၏ အခြေအနေသည် မည်သို့ရှိမည်နည်း။ အမှန်စင်စစ် အရှင်မြတ်သည် နီးကပ်တော်မူသောအရှင်၊ အရာခပ်သိမ်းအား ပိုင်ဆိုင်အုပ်စိုးတော်မူသောအရှင်၊ အရာခပ်သိမ်းအပေါ် တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်သည်။ အရှင်မြတ် (ဤသို့) မိန့်ကြားတော်မူသည့်အတိုင်းပင်- ﴾ထို့ပြင်တစ်ဝ [အို-နဗီတမန်တော်] ငါအရှင်မြတ်၏ကျွန်များ သည် ငါအရှင်မြတ်နှင့် ပတ်သက်၍ အသင့်ထံ မေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ) မုချဧကန် ငါအရှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ်စွာပင် ရှိတော်မူ၏။ ငါအရှင်သည် ဆုတောင်းပတ္ထနာ ပြုသူ၏ ဆု တောင်းပတ္ထနာပြုချက်ကို သဘောတူ လက်ခံတော်မူ၏။ သို့ဖြစ်လေရာ ယင်းသူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို လက်ခံနာယူ၍ ငါအရှင်မြတ်ကိုသာ ယုံကြည်မြတ်နိုးကြရမည်။ သို့မှသာလျှင် ယင်းသူတို့သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိကြသူများဖြစ်တန်ရာ၏။﴿ (စူရဟ် ဗကရဟ်- အာယသ် ၁၈၆) ဒုအာဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုဖြစ် ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆွဟီးဟ် ဟဒီးဆ်တော်၌ မိန့်ကြားတော်မူခဲ့သည်။ ထို့ပြင် မိမိ ၏ဦးရီးတော်၏သား ဖြစ်အသော အဗ်ဒုလ္လာဟ်ဗင်န် အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)ကိုလည်း မိန့်တော်မူခဲ့သည်- "အသင်သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို (လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့် ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ အသင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ အသင်အကူအညီတောင်းမည်ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။" သိရ်မိဇီကျမ်းနှင့် အခြားကျမ်းများတွင် လာရှိသည်။
ကိုယ်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်မှာ- “အကြင်သူသည် အလ္လာဟ်အရှင်နှင့်အတူ အခြားတစ်စုံတစ် ရာကို တန်းတူထားလျက် (ဟစ်ခေါ်ဆုတောင်း၍) သေဆုံးသွားသူသည် ဂျဟန္နမ် ငရဲသို့ ဝင်ရလိမ့်မည်။” ဤဟဒီးဆ်ကို အိမာမ် ဗုခါရီက မှတ်တမ်းတင်ဖော်ပြထားသည်။ ဆွဟီးဟ်ကျမ်းနှစ်စောင်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ မှ ဆင့်ပြန်ထားသည်မှာ ကိုယ်တော်သည် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟု လျှောက်ထားမေး မြန်းခြင်းခံရသည့်အခါ ဖြေကြားတော်မူသည်မှာ "«အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် အသင်သည် ထိုအရှင်မြတ်နှင့် ပြိုင်ဘက်ထားရှိခြင်းဖြစ်သည်။»" “နိဒ်ဒ် (النِّدّ) ဆိုသည်မှာ- တန်းတူဖြစ်သူ၊ အလားတူဖြစ်သူ၊ သို့မဟုတ် ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသူကို ဆိုလိုသည်။” သို့ဖြစ်ရာ မည်သူမဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာအား ဟစ်ခေါ်တောင်းဆိုလျှင်၊ သို့မဟုတ် ၎င်းထံမှ အကူအညီတောင်းခံလျှင်၊ သို့မဟုတ် ၎င်းအတွက် (နဇရ်) ကိုးလျှင်၊ သို့မဟုတ် ၎င်းအတွက် (ဇဗဟ်) လည်လှီးလျှင်၊ သို့မဟုတ် အထက်တွင် ဖော်ပြခဲ့သည်များအပြင် အခြားသော ခဝပ်ကိုးကွယ်မှုတစ်စုံတစ်ရာကို ၎င်းအတွက် ပြုလုပ်ဆက် ကပ်လျှင် ထိုသူသည် ၎င်းအား အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲကိုးကွယ်ရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ ၎င်းသည် နဗီဖြစ်စေ၊ ဝလီသူတော်စင်ဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ ဂျင်န်သတ္တဝါဖြစ်စေ၊ ရုပ်တုဖြစ်စေ၊ သို့မဟုတ် အခြားသော ဖန်ဆင်းခံများပင်ဖြစ်စေ အတူတူပင်ဖြစ်သည်။
ဤနေရာတွင် တစ်စုံတစ်ဦးက ဤသို့မေးကောင်းမေးနိုင်ပေသည် - သက်ရှိထင်ရှားရှိပြီး မိမိရှေ့မှောက်တွင် ရှိနေသူတစ်ဦးအား ၎င်းစွမ်းဆောင်နိုင်သည့်အရာကို တောင်းဆိုခြင်းနှင့် ၎င်းစွမ်းဆောင်နိုင်သော ရုပ်ပိုင်းဆိုင်ရာကိစ္စများတွင် ၎င်းထံမှ အကူအညီတောင်းခံခြင်း၏ ပညတ်ချက်ကား အဘယ်နည်း။ အဖြေမှာ- ဤအရာသည် ရှိရ်က်မဟုတ်ပေ။ စင်စစ် ၎င်းသည် မွတ်စလင်မ်များအကြား ခွင့်ပြုထားသော သာမန်ကိစ္စရပ်များမှ ဖြစ်ပေသည်။ မူစာ(عَلَيْهِ السَّلَامُ)၏ဖြစ်ရပ်၌ အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ- (...ထိုအခါ ၎င်း၏အမျိုးသားဖြစ်သူသည် ၎င်း၏ရန်သူဖြစ်သူအပေါ် ၎င်းအား အကူအညီတောင်းခံလေသည်။...) (စူရဟ် အလ်ကဆွဆ်- အာယသ် ၁၅) ထိုအတိုင်းပင် မူစာ(عَلَيْهِ السَّلَامُ)၏ဖြစ်စဉ်တွင်လည်း အရှင်မြတ်က မိန့်တော်မူသည်မှာ- "သို့ဖြစ်ပေရာ ၎င်း(မူဆာ)သည် ယင်း(မြို့)မှ ကြောက်ရွံ့လျက်၊ (ဘေးအန္တရာယ်ကို) စောင့်ကြည့်လျက် ထွက်သွားလေသည်။..." (စူရဟ် အလ်ကဆွဆ်- အာယသ် ၂၁) လူတစ်ဦးသည် စစ်ပွဲနှင့် လူတို့ကြုံတွေ့ရသည့် အခြားသော ကိစ္စရပ်များတွင် မိမိ၏ အပေါင်းအဖော်များထံမှ အကူအညီတောင်းခံသကဲ့သို့ပင် ထိုကိစ္စရပ်များတွင် ၎င်းတို့သည် အချင်းချင်း လိုအပ်ကြသည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိုယ်တော်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကောင်းကျိုးဖြစ်စေရန် သို့မဟုတ် ဆိုးကျိုးဖြစ်စေရန် အာဏာမရှိကြောင်း မိမိ၏အွမ္မသ်တို့အား အသိပေးပြောကြားရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် သန့်ရှင်းစင်ကြယ်၍ ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်- (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ငါသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အားသာလျှင် ဆုတောင်းပတ္ထနာပြုပါ၏။ ၎င်းပြင် ငါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ထိုအရှင်မြတ်နှင့် တွဲဖက်ယှဉ်တွဲခြင်း မပြုချေ။ (အို- တမန်တော်) အသင် ပြောလိုက်ပါ- အမှန်စင်စစ် ငါသည် အသင်တို့၏ ဒုက္ခရောက်စေခြင်းကိုလည်းကောင်း၊ လမ်းမှန်ပေါ် ရောက်စေခြင်းကိုလည်းကောင်း မည်သည့်အရာမျှ တတ်စွမ်းနိုင်ခြင်း မရှိပေ။ (၂၂) (စူရဟ် ဂျင်န်- အာယသ် ၂၁ -၂၂) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့ထပ်မံ၍) ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းနှင့် မည်သည့် အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှ ပိုင်ဆိုင်သည် မဟုတ်ချေ။ အကယ်၍သာ ငါသည် မျက် ကွယ်၌ ရှိသည်တို့ကို သိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင် ရယူခဲ့ပေမည်။ ၎င်းပြင် ငါ၌ (မိမိသက်တမ်းတစ် လျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်း မဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသည်။ (၁၈၈) (စူရဟ် အအ်ရာဖ် - အာယသ် ၁၈၈)
ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယာသ်တော်အမြောက်အများရှိပေသည်။
တမန်တော်မြတ်(ﷺ)သည် မိမိ၏အရှင်မြတ်ထံမှတစ်ပါး အခြားမည်သူ့ထံ၌မျှ ဒုအာတောင်းခံလေ့မရှိကြောင်းမှာ အများသိထင်ရှားသောအချက်ပင်ဖြစ်သည်။ ဘဒရ်စစ်ပွဲနေ့၌ ကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံခဲ့ပြီး ရန်သူတို့အပေါ် အောင်နိုင်ရေးအတွက် အရှင်မြတ်ထံ အကူအညီတောင်းခံကာ ယင်းသို့တောင်းခံရာတွင် တစိုက်မတ်မတ် ဇွဲရှိရှိဖြင့် တောင်းခံခဲ့ပြီး ဤသို့ ရွတ်ဆိုတော်မူခဲ့ကြောင်း အတည်ပြုထင်ရှားခဲ့သကဲ့သို့ပင်ဖြစ်သည် - «يا رب! أنجز لي ما وعدتني» (အို- အရှင်မြတ်၊ ကျွန်တော်မျိုးကို အရှင်မြတ် ကတိပေးထားတော်မူသည့်အတိုင်း ဖြည့်ဆည်းပေးသနားတော်မူပါ။) မည်မျှအထိဆိုသော် ကြီးကျယ်မြင့်မြတ်သော အဆွေတော် အဗူဗကရ်အဆွစ်ဒီးက်(ရသွီယလ္လာဟုအန်ဟု)က “အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ ကိုယ်တော့်အတွက် လုံလောက်ပါပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့်ကို ကတိထားတော်မူသည့်အတိုင်း ဖြည့်ဆည်းပေးသနားတော်မူမည်သာဖြစ်ပါသည်” ဟု လျှောက်ထားခဲ့ရသည်အထိပင်ဖြစ်သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် အောက်ပါကျမ်းမြတ်အာယသ်တော်ကို ချပေးသနားတော်မူခဲ့သည် - (ပြန်လည်သတိရကြလေကုန်) အကြင်အခါဝယ်၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ကူညီစောင်မတော်မူရန် လျှောက်ထားပန်ကြားလျှက်ရှိကြသည်။ ၎င်းနောက် ထိုအရှင်မြတ်သည် အသင်တို့၏ပန်ကြားချက်ကို (လက်ခံတော်မူ၍) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး (ဆက်တိုက်) လာကြမည်ဖြစ်သော “မလာအိကဟ်ကောင်းကင် တမန် တစ်ထောင်ဖြင့် ကူညီစောင်မတော်မူမည်”ဟု ပြန်ကြားတော်မူခဲ့လေသည်။ [၉] (စူရဟ် အန်ဖားလ်- အာယသ် ၉) သို့ဖြစ်၍ ထိုအရှင်မြတ်သည် ဤအာယသ်တော်များတွင် ၎င်းတို့၏ ကူညီစောင်မတော်မူရန် လျှောက်ထားပန်ကြားချက်ကို ပြန်လည်အမှတ်ရစေတော်မူခဲ့သည်။ ထို့ပြင် ထိုအရှင်မြတ် သည် ၎င်းတို့၏ပန်ကြားချက်ကို လက်ခံတော်မူ၍၊ ကူညီစောင်မတော်မူခြင်းနှင့် စိတ်နှလုံး အေးချမ်းတည်ငြိမ်မှုအတွက် ဝမ်းမြောက်ဖွယ်သတင်း ပေးရန်အလို့ငှာ ၎င်းတို့အား “မလာအိကဟ်” ကောင်းကင်တမန်များဖြင့် ကူညီစောင်မတော်မူခဲ့ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ထို့ပြင် ကူညီစောင်မတော်မူခြင်းသည် “မလာအိကဟ်” ကောင်းကင်တမန်များထံမှ မဟုတ်ဘဲ၊ အမှန်စင်စစ် ထိုကူညီစောင်မတော်မူခြင်းသည် ထိုအရှင်မြတ် အထံတော်မှသာ ဖြစ်ကြောင်း ထိုအရှင်မြတ်က ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - အမှန်သော်ကား အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်ထံတော်မှသာလျှင်ဖြစ်၏... (စူရဟ် အာလိအင်မ်ရာန်- အာယသ် ၁၂၆) ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- အသင်တို့သည် ဗဒ်ရ် (စစ်ပွဲ၌) အင်အား ချည့်နဲ့နေခိုက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဧကန်အမှန် ကူညီတော်မူခဲ့သည်။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြမည်။ (စူရဟ် အာလိအင်မ်ရာန်- အာယသ် ၁၂၃) သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ဗဒရ်နေ့တွင် ၎င်းတို့အား ကူညီစောင်မတော်မူသောအရှင်မှာ အရှင်မြတ်ကိုယ်တော်တိုင်ပင် ဖြစ်တော်မူကြောင်းကို ဤအာယသ်တော်တွင် ရှင်းလင်းဖော်ပြတော်မူလေသည်။ ထို့ကြောင့် ၎င်းတို့အား ပေးသနားတော်မူခဲ့သော လက်နက်များနှင့် ခွန်အားများ၊ ထို့ပြင် ကူညီပံ့ပိုးရန် စေလွှတ်တော်မူခဲ့သော “မလာအိကဟ်” များ စသည့်အရာအားလုံးတို့သည် အောင်မြင်မှု၊ ဝမ်းမြောက်ဖွယ်ရာသတင်းနှင့် စိတ်နှလုံးများနှစ်သိမ့်အေးချမ်းရန်အတွက် အကြောင်းခံများသာဖြစ်ကြောင်းကို သိရှိရပေသည်။ ထိုအောင်မြင်မှုသည် ယင်းအရာများမှဖြစ်သည်မဟုတ်ပေ။ အမှန်သော်ကား အောင်မြင်မှုသည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ် အထံတော်မှသာလျှင်ဖြစ်၏။ သို့ဖြစ်ပါလျက် ဤစာရေးဆရာမ သို့မဟုတ် အခြားသူများသည် အရာခပ်သိမ်းကို ပိုင်စိုးတော်မူ၍ အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော စကြဝဠာခပ်သိမ်းကို မွေးမြူတော်မူသောအရှင်မြတ်အား မျက်ကွယ်ပြုကာ၊ မိမိတို့၏ အကူအညီတောင်းခံမှုနှင့် အောင်နိုင်မှုတောင်းခံခြင်းတို့ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ဦးလှည့်ရန် မည်သို့လျှင် ရဲတင်းဝံ့ကြသနည်း။
ဤသည်မှာ အဆိုးရွားဆုံးသော မိုက်မဲမှုများအနက်မှ တစ်ခုဖြစ်ရုံသာမက အကြီးမားဆုံးသော ရှစ်ရ်က်များအနက်မှ တစ်ခုဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့် စာရေးသူအနေဖြင့် အလ္လာဟ်အရှင်မြတ်ထံ စစ်မှန်သော သောင်ဗဟ်ပြုလုပ်ရန် တာဝန်ရှိသည်။ စစ်မှန်သော သောင်ဗဟ်ဟူသည် အချက်များစွာ ပါဝင်ပြည့်စုံရမည်ဖြစ်ပြီး ၎င်းတို့မှာ- ပထမအချက်- ကျူးလွန်ခဲ့မိသည့်အရာအပေါ် နောင်တရခြင်း။ ဒုတိယအချက်- ကျူးလွန်မိခဲ့သည့် အပြစ်များမှ စွန့်လွှတ်ခြင်း၊ တတိယအချက်မှာ- အလ္လာဟ်အရှင်မြတ်အား ရိုသေလေးမြတ်မှု၊ အရှင်မြတ်အတွက် သန့်စင်သောစေတနာထားရှိမှု၊ အမိန့်တော်များကို စွဲမြဲစွာလိုက်နာမှုနှင့် တားမြစ်ထားသည်များကို သတိထားရှောင်ကြဉ်မှုတို့ဖြင့် နောက်ထပ်မကျူးလွန်တော့ရန် အခိုင်အမာဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုပင် ဖြစ်သည်။ အကယ်၍ ပြစ်မှားမှုသည် အဖန်ဆင်းခံများ၏ ရပိုင်ခွင့်နှင့် သက်ဆိုင်နေပါက သီးသန့်ဖြစ်သော စတုတ္ထအချက်တစ်ချက် ရှိပါသေးသည်။ ၎င်းမှာ- စတုတ္ထအချက်။ ရပိုင်ခွင့်ရှိသူထံသို့ ယင်းရပိုင်ခွင့်ကို ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် ထိုသူထံမှ ခွင့်လွှတ်ကျေအေးမှု တောင်းခံခြင်း တို့ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဗန္ဒဟ်ကျေးကျွန်များအား သောင်ဗဟ် အမှားဝန်ချတောင်းပန်ရန်အတွက် အမိန့်ပေးတော်မူထားပြီး၊ ၎င်းတို့၏ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူမည်ဖြစ်ကြောင်း ကတိပေးထားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။) [၃၁] (စူရဟ် နူရ်- အာယသ် ၃၁) အလ္လာဟ်အရှင်မြတ်သည် (နဆ်ွရာနီ)ခရစ်ယာန်တို့နှင့်ပတ်သက်၍ မိန့်တော်မူသည်မှာ- (ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။ ၇၄) (စူရဟ် မာအိဒဟ်- အာယသ် ၇၄) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရား သဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ထိုသည့်ပြစ်မှုများကိုကျူးလွန်ပါမူ ထိုသူသည် (အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့်တွေ့ကြုံရမည်သာ။) ကိယာမတ်တရားစီရင်မည့်နေ့တွင် ၎င်းအဖို့ ပြစ်ဒဏ်တော် သည် အဆတိုး၍ ပေးခြင်းခံရမည်ဖြစ်ပြီး၊ ၎င်းသည် ထိုပြစ်ဒဏ်၌ သေးသိမ်ယုတ်ညံ့စွာဖြင့် အမြဲထာဝစဉ် နေရပေမည်။ ၆၉) ﴾သို့ရာတွင် အကြင်သူသည် (သတိသံဝေဂ နောင်တတရား ရရှိကာ အလ္လာဟ်အရှင်မြတ် အထံတော်၌) ဝန်ချတောင်းပန်ခဲ့သည့်ပြင် (အလ္လာဟ်အရှင်မြတ်အားလည်း) သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့မည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ မကောင်းမှုအပြစ်များကို ကောင်းမှုကုသိုလ်များအဖြစ် ပြောင်းလဲပေးသနားတော်မူမည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ ၇၀﴿ (စူရဟ် ဖုရ်ကာန်- အာယသ် ၇၀) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိ ကျွန်များ၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထိုမှ တစ်ပါးထိုအရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှတို့ကို သိတော်မူ၏။ ၂၅) (စူရဟ် ရှုရာ - အာယသ် ၂၅)
ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ﷺ)ထံမှ မှန်ကန်ခိုင်လုံစွာ လာရှိထားသော ဆင့်ပြန်ချက်တွင် ကိုယ်တော်မြတ် မိန့်ကြားတော်မူသည်မှာ- အစ္စလာမ်သာသနာသည် အစ္စလာမ်လက်မခံမီက ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ ထို့အတူ သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။
ဤအကျဉ်းရုံးထားသော စကားများကို ရေးသားပြုစုရခြင်းမှာ (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်း၏ အန္တရာယ် ကြီးမားလှသောကြောင့်လည်းကောင်း၊ ၎င်း(ရှိရ်က်)သည် အကြီးမားဆုံးသော အကုသိုလ်ပြစ်မှုကြီး ဖြစ်သောကြောင့်လည်းကောင်း၊ ဤစာရေးသူထံမှ ထွက်ပေါ်လာသည့် ရေးသားချက်များအပေါ် လှည့်စားခံရမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ကျွန်များအတွက် တာဝန်အရ အကြံဉာဏ်ပေး ဆုံးမလမ်းညွှန်မှု ပြုလုပ်ရန်အတွက်လည်းကောင်း ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ ၎င်းအားအကြောင်းခံပြီး အကျိုးဖြစ်ထွန်းစေရန်၊ ကျွန်ုပ်တို့၏ အခြေအနေများနှင့် မွတ်စ်လင်မ်များအားလုံး၏ အခြေအနေများကို ပြုပြင်ကောင်းမွန်စေရန်၊ ကျွန်ုပ်တို့အားလုံးကို သာသနာတော်၌ နားလည်သဘောပေါက်မှုနှင့် ထိုသာသနာအပေါ် ခိုင်မြဲမှုတို့ကို ချီးမြှင့်ပေးသနားတော်မူရန်၊ ကျွန်ုပ်တို့နှင့် မွတ်စ်လင်မ်များအား ကျွန်ုပ်တို့စိတ်ဆန္ဒများ၏ ဆိုးသွမ်းမှုများမှလည်းကောင်း၊ ကျွန်ုပ်တို့လုပ်ရပ်များ၏ မကောင်းမှုများမှလည်းကောင်း ကာကွယ်စောင့်ရှောက်တော်မူရန် ကျွန်တော်မျိုး ဆုတောင်းပတ္တနာပြုပါသည်။ ဧကန်စင်စစ် ထိုအရှင်သည် ၎င်းအရာများကို စီမံအုပ်ချုပ်တော်မူသော အရှင်ဖြစ်ပြီး ၎င်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။
အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် တမန်တော်ဖြစ်သော ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူအိမ်သားများနှင့် သာဝကတော်များအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။
တတိယ သဝဏ်လွှာ
ဂျင်န်များနှင့် ရှိုင်သွာန်များထံတွင် အကူအညီတောင်းခံခြင်းနှင့် ၎င်းတို့အတွက် နဇရ်ပြုခြင်းဆိုင်ရာ ပညတ်ချက်။
အဗ္ဗဒွလ်အဇီးဇ် ဗင်န် အဗ်ဒွလ္လာ ဗင်န် ဗာဇ် မှ ဤစာကို တွေ့မြင်ရမည့် မွတ်စ်လင်မ်များထံသို့- အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ ၎င်းတို့အား အရှင်မြတ်၏ သာသနာတော်ကို မြဲမြံစွာ ဆုပ်ကိုင်ထားရန်နှင့် ယင်းသာသနာအပေါ်၌ ခိုင်မြဲစွာ ရပ်တည်နိုင်ရန် စွမ်းဆောင်နိုင်မှု ချီးမြှင့်ပေးသနားတော်မူပါစေ။ အာမီးန်။
အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကရုဏာတော်အပေါင်း၊ မင်္ဂလာအပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။
ထို့နောက်တင်ပြလိုသည်မှာ- ညီနောင်အချို့သည် အသိပညာမဲ့သူအချို့ ပြုလုပ်နေကြသည့် လုပ်ရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်အား မေးမြန်းခဲ့ကြသည်။ ၎င်းလုပ်ရပ်များမှာ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာများထံ ဒုအာတောင်းခံခြင်း၊ အရေးကြီးသောကိစ္စရပ်များတွင် ၎င်းတို့ထံ အကူအညီတောင်းခံခြင်းတို့ဖြစ်ပြီး၊ ဥပမာအားဖြင့် ဂျင်န်များထံ ဒုအာတောင်းခံခြင်း၊ ၎င်းတို့ထံအကူအညီတောင်းခံခြင်း၊ ၎င်းတို့အတွက် နဇရ်ကိုးခြင်း၊ ဇဗဟ်လုပ်လည်လှီးခြင်း စသည်တို့ပင်ဖြစ်သည်။ ထို့အပြင် အချို့က "(အို-ခုနစ်ဦး)၊ ဆိုလိုသည်မှာ- ဂျင်န်ခေါင်းဆောင် ခုနစ်ဦးတို့ သူ့ကို ဖမ်းဆီးကြ၊ သူ၏အရိုးများကို ချိုးကြ၊ သူ၏သွေးကို သောက်ကြ၊ သူ့ကို ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ကြ၊ အို-ခုနစ်ဦး သူ့ကို ဤသို့ဤပုံ ပြုလုပ်ကြ" ဟုလည်း ဆိုကြသည်။ သို့မဟုတ် ၎င်းတို့အနက်မှ အချို့က (အို မွန်းတည့်ဂျင်န်၊ အို အဆွရ်ဂျင်န်၊ ၎င်းအား ဖမ်းယူကြလော့) ဟု ပြောဆိုခြင်းဖြစ်သည်။ ဤအရာကို တောင်ပိုင်းဒေသအချို့တွင် အများအပြားတွေ့ရှိရသည်။ ဤကိစ္စရပ်နှင့် ဆက်စပ်နေသည့်အရာများမှာ - နဗီတမန်တော်များ၊ သူတော်စင်များနှင့် အခြားသော သေသူများထံ ဒုအာတောင်းခံခြင်း၊ မလာအိကဟ်များထံ ဒုအာတောင်းခံခြင်းနှင့် ၎င်းတို့ထံအကူအညီတောင်းခံခြင်း စသည်တို့ဖြစ်သည်။ ဤကိစ္စရပ်များအားလုံးနှင့် ယင်းနှင့်ဆင်တူသောအရာများ သည် မိမိကိုယ်ကို အစ္စလာမ်သာသနာဝင်ဟု ခံယူထားသူ အများအပြားထံမှ ၎င်းတို့၏ မသိနားမလည်မှုကြောင့်ဖြစ်စေ၊ ယခင်လူများအား နောက်လိုက်ခြင်းကြောင့်ဖြစ်စေ ဖြစ်ပွားလျက်ရှိသည်။ အချို့ကမူ ဤကိစ္စအပေါ် ပေါ့ပေါ့ဆဆ သဘောထားကြပြီး "ဤသည်မှာ နှုတ်ဖျားမှ အလွယ်တကူ ထွက်သွားသောအရာမျှသာဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်းကို ရည်ရွယ်ခြင်းမရှိသလို၊ လက်ခံယုံကြည်ထားခြင်းလည်း မရှိပေ" ဟူ၍ အကြောင်းပြတတ်ကြသည်။
၎င်းက ကျွန်ုပ်အား ဆက်လက်မေးမြန်းခဲ့သည်မှာ - ထိုလုပ်ရပ်များကို ပြုလုပ်ကြောင်း လူသိများသူများနှင့် ထိမ်းမြားလက် ထပ်ခြင်း၊ ၎င်းတို့ ဇဗဟ်ပြုထားသော သားကောင်များ၊ ၎င်းတို့အပေါ် ဆွလာသ်ဝတ်ပြုပေးခြင်း၊ ၎င်းတို့နောက်မှ ဆွလာသ်ဝတ်ပြုခြင်းတို့နှင့်ပတ်သက်၍ မည်သို့ အမိန့်ဆုံးဖြတ်ချက်ရှိကြောင်း ဖြစ်သည်။ ထို့ပြင် ပယောဂဆရာများနှင့် အကြား အမြင်ဆရာများအား ထောက်ခံခြင်းနှင့်ပတ်သက်၍လည်း မေးမြန်းခဲ့သည်။ ဥပမာဆိုရသော် ခေါင်းပေါင်း၊ ဘောင်းဘီ၊ ခေါင်းမြီးခြုံပဝါနှင့် အလားတူအရာများကဲ့သို့ လူနာ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ထားသော အရာတစ်ခုခုကို ကြည့်ရှုစစ်ဆေးရုံမျှဖြင့် ရောဂါဝေဒနာနှင့် ၎င်း၏အကြောင်းရင်းများကို သိရှိကြောင်း ကြွေးကြော်သူများကဲ့သို့သော သူများကို ထောက်ခံခြင်းမျိုးဖြစ်သည်။
ဖြေကြားချက်မှာ- ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအဖို့သာတည်း။ ထို့နောက် ငြိမ်းချမ်းသာယာမှုအပေါင်းနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်) အပေါ်သို့ လည်းကောင်း၊ (ယင်းနဗီ၏နောက်တွင် မည်သည့်နဗီမျှ ပွင့်တော့မည်မဟုတ်ပေ။) ၎င်း၏ အိမ်တော်သူအိမ်တော်သားများနှင့် ဆွဟာဗဟ်သာဝကများအပေါ်သို့ လည်းကောင်း၊ ကိယာမတ်နေ့တိုင်အောင် ထိုသူတို့၏ လမ်းစဉ်ကို လိုက်နာကျင့်သုံးသူများအပေါ်သို့ လည်းကောင်း ကျရောက်တော်မူပါစေ။
ဆက်လက်တင်ပြရမည်ဆိုလျှင် - အလ္လာဟ်အရှင်မြတ်သည် ဂျင်န်နှင့်လူသားတို့အား အခြားမည်သူမျှမပါဝင်ဘဲ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် တောင်းဆုပြုခြင်း၊ အကူအညီတောင်းခြင်း၊ ဇဗဟ်လုပ်ခြင်း၊ နဇရ်ကိုးခြင်းအစရှိသည့် အခြားသော အိဗာဒသ်အမျိုးအစားအားလုံး၌ အရှင်မြတ်တစ်ဆူတည်းအား ရည်စူးသတ်မှတ်ကာ ပြုလုပ်ရန်အတွက် ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များကို ထို(သတင်းစကား)ဖြင့် စေလွှတ်တော်မူခဲ့ပြီး ၎င်းတို့အား ထိုသို့ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့အပြင် ဤအရာအား အကျယ်တဝင့် ရှင်းလင်းတင်ပြရန်၊ ထို(ကိုးကွယ်ဆည်းကပ်မှု)ဘက်သို့ ဖိတ်ခေါ်ရန်နှင့် လူသားတို့အား အလ္လာဟ်အရှင်မြတ်နှင့် ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်းနှင့် ထိုအရှင်မြတ်မှအပ အခြားအရာများကို ခဝပ်ကိုးကွယ်ခြင်းတို့မှ သတိပေးတားမြစ်ရန်အတွက် ကောင်းကင်ကျမ်းဂန်များအား ချပေးတော်မူခဲ့သည်။ ၎င်းကျမ်းဂန်များအနက် အကြီးကျယ်အမွန်မြတ်ဆုံးမှာ ကျမ်းမြတ်ကုရ်အာန်ပင်ဖြစ်သည်။ ဤသည်ပင် အခြေခံများ၏ အဓိကအခြေခံနှင့် ဒီန်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း သက်သေခံခြင်း၏ အလိုသဘောဖြစ်ပြီး၊ "အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူ မရှိကြောင်း" ၏ အစစ်အမှန် သဘောတရားလည်း ဖြစ်ပေသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာများအား ခဝပ်ကိုးကွယ်ခြင်းနှင့် ခဝပ်ကိုးကွယ်ခံထိုက်ခြင်းတို့ကို ပယ်ဖျက်ထားပြီး၊ ၎င်း (အိဗာဒသ်ခဝပ်ကိုးကွယ်မှု) အား အခြားဖန်ဆင်းခံများအနက်မှ အရှင်မြတ်မှအပ မည်သည့်အရာအတွက်မျှ မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ သီးသန့် အတည်ပြုထားခြင်းဖြစ်သည်။ ကျမ်းတော်မြတ် ကုရ်အာန်နှင့် တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်များတွင် ဤအချက်နှင့်သက်ဆိုင်သည့် သက်သေအထောက်အထား အမြောက်အများရှိပေသည်။ ၎င်းတို့အနက် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- (စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အားလည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရန်သာလျှင်ဖန်ဆင်းတော်မူခဲ့၏။) (စူရဟ် ဇားရိယာသ်- အာယသ် ၅၆) ထို့ပြင် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်က အမိန့် ပြဋ္ဌာန်းတော်မူသည်။ အသင်တို့သည် အရှင်မြတ် တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်း မှလွဲ၍ အခြားကို ကိုးကွယ်မှု မပြုရပေ။... (စူရဟ် အလ်အိစ်ရာအ်- အာယသ် ၂၃) ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ "(စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် အာရုံစူးစိုက်ကာ ထိုအရှင်မြတ်အား ကိုးကွယ်ဆည်း ကပ်ကြရန် အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ...)" (စူရဟ် ဗိုင်ယ်ယိနဟ်- အာယသ် ၅) ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်း ကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် "ဂျဟန္နမ်"ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။ (၆၀) (စူရဟ် ဂါဖိရ် - အာယသ် ၆၀) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (ထို့ပြင်တစ်ဝ [အို-နဗီတမန်တော်] ငါအရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့် ပတ်သက်၍ အသင့်ထံ မေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ) မုချဧကန် ငါအရှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ်စွာပင် ရှိတော်မူ၏။ ငါအရှင်သည် ဆုတောင်းပတ္ထနာ ပြုသူ၏ ဆု တောင်းပတ္ထနာပြုချက်ကို သဘောတူ လက်ခံတော်မူ၏။...) (စူရဟ် ဗကရဟ်- အာယသ် ၁၈၆)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်များတွင် ဂျင်န်နှင့်လူသားတို့ကို အရှင်မြတ်အား ခဝပ်ကိုးကွယ်ရန်အတွက်သာ ဖန်ဆင်းခဲ့ကြောင်း ရှင်းလင်းတင်ပြတော်မူခဲ့ပေသည်။ ၎င်းအပြင် အရှင်မြတ်သည် မိမိ၏ကျွန်များအား ၎င်းတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မှအပ အခြားမည်သူ့ကိုမျှ ခဝပ်ကိုးကွယ်မှုမပြုကြရန် ခိုင်မာပြတ်သားသော ကုရ်အာန်ကျမ်းမြတ်၌လည်းကောင်း၊ ရစူလ်တမန်တော် (၎င်းအပေါ်သို့ ဆွလားသ်ဂရုဏာတော်နှင့် စလာမ်ငြိမ်းချမ်းမှုအပေါင်း ကျရောက်ပါစေ) ၏ နှုတ်ကပတ်တော်မှတစ်ဆင့်လည်းကောင်း ပြဌာန်းတော်မူခဲ့သည်၊ (တနည်းဆိုရသော်) အမိန့်ပေးစေခိုင်းပြီး သေချာစွာမှာကြားတော်မူခဲ့ပေသည်။
အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်က ရှင်းလင်းဖော်ပြတော်မူသည်မှာ ဒုအာဆုတောင်းခြင်းသည် ကြီးကျယ်လှသည့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုတစ်ခုဖြစ်ပြီး၊ ယင်းကိုပြုလုပ်ရန် မောက်မာကြကုန်သောသူတို့သည် ငရဲဘုံသို့ ဝင်ရောက်ကြရမည်ဖြစ်သည်။ အရှင်မြတ်သည် မိမိ၏ ဗန္ဒဟ်ကျေးကျွန်တို့အား ထိုအရှင်မြတ်တစ်ပါးတည်းထံသာ တောင်းခံကြရန် အမိန့်ပေးတော်မူခဲ့ပြီး၊ အရှင်မြတ်သည် ၎င်းတို့၏အနီး အပါး၌ပင်ရှိတော်မူကာ ၎င်းတို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်ဖြစ်ကြောင်း အသိပေးတော်မူခဲ့သည်။ သို့ဖြစ်ပေရာ ဗန္ဒဟ်ကျေးကျွန်အားလုံးအပေါ်၌ မိမိတို့၏ အရှင်မြတ်ထံတော်၌သာ သီးသန့် ဒုအာတောင်းခံရန် မဖြစ်မနေ တာဝန်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ယင်း(ဒုအာ)သည် ၎င်းတို့အား ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သလို၊ လုပ်ဆောင်ရန်လည်း အမိန့်ပေးထားသည့် အိဗာဒသ် ခဝပ်ကိုးကွယ်မှု အမျိုးအစားတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်က အမိန့်ရှိထားသည်မှာ - (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား တစ်ဖန် ဤသို့) ပြောကြားပါ။ (အချင်းတို့) ငါ၏ ဆွလာသ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏ (အခြားသော) ခဝပ်ကိုးကွယ်မှု (အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန်သာလျှင် ဖြစ်သည်။ (၁၆၂) ﴾ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။ ၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။ ၁၆၃ (စူရဟ် အန္နအာမ်- အာယသ် ၁၆၂ - ၁၆၃)
အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ၎င်း၏ ဆွလာတ်ဝတ်ပြုခြင်း၊ ၎င်း၏ နုစုခ် (သားကောင်လှီးဖြတ်ခြင်း)၊ ၎င်း၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့သည် ဖက်စပ်ယှဉ်တွဲမှုမှ ကင်းစင်တော်မူသော စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ကြောင်း လူအများအား ရှင်းပြရန် အမိန့်ပေးတော်မူခဲ့သည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများအား ရည်သန်၍ သားကောင်လှီးဖြတ်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများအား ရည်သန်၍ ဆွလာတ်ဝတ်ပြုသူကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ်ကာ ယှဉ်တွဲကိုးကွယ်သူ ဖြစ်သွားပေသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဆွလာတ်ဝတ်ပြုခြင်းနှင့် သားကောင်လှီးဖြတ်ခြင်းတို့ကို ယှဉ်တွဲထားတော်မူပြီး၊ ၎င်းလုပ်ရပ်နှစ်ခုစလုံးသည် ဖက်စပ်ယှဉ်တွဲမှုမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းအတွက်သာ သီးသန့်ဖြစ်ကြောင်း အသိပေးရှင်းပြထားတော်မူသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ မည်သူမဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားဖြစ်သော ဂျင်န်များ၊ မလာအိကဟ်များ၊ သေဆုံးသွားသူများနှင့် အခြားသူများအတွက် ရည်စူး၍ ‘ဇဗဟ်’သားကောင် လှီးဖြတ်ပြီး ယင်းသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့နှင့် နီးကပ်မှုရရှိရန် ရည် ရွယ်ချက်ထားပါက၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာအတွက် ဆွလာသ်ဆောက်တည်သူကဲ့သို့ပင်ဖြစ်သည်။ ထို့ပြင် ဆွဟီးဟ် ဟဒီးဆ်တော်တွင် တမန်တော်မြတ် (အလိုင်းဟစ်ဆွလာသုဝတ်စလာမ်)က မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာအတွက် ရည်စူး၍ ‘ဇဗဟ်’သားကောင် လှီးဖြတ်သူသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးပါစေ။ အိမာမ်အဟ်မဒ်က ဆနဒ်ဟစန်ဖြင့် တွာရစ်က်ဗင်န်ရှိဟာဗ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်တင်ပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အမျိုးသားနှစ်ဦးသည် ရုပ်တုတစ်ခုရှိသော လူမျိုးစုတစ်စုအနီးမှ ဖြတ်သန်းသွားခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ထိုရုပ်တုအတွက် တစ်စုံတစ်ရာ ပူဇော်ပသခြင်းမပြုဘဲ ၎င်းကို ဖြတ်ကျော်ခွင့်မရှိပေ။ ထိုအခါ ထိုလူစုက ၎င်းတို့နှစ်ဦးအနက် တစ်ဦးအား ‘ပူဇော်လော့’ ဟု ပြောဆိုခဲ့ကြသည်။ ထိုသူက ‘ကျွန်ုပ်ထံတွင် ပူဇော်ရန် မည်သည့်အရာမျှ မရှိပါ’ ဟု ဖြေကြားခဲ့သည်။ သူတို့က ‘ယင်ကောင်တစ်ကောင်ဖြစ်ပါစေ ပူဇော်လော့’ ဟု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုသူသည် ယင်ကောင်တစ်ကောင်ကို ပူဇော်လိုက်၏။ ထိုအခါ သူတို့သည် သူ၏လမ်းကို ဖွင့်ပေးလိုက်ကြ၏။ ထို့နောက် ထိုသူသည် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရလေ၏။ ထို့နောက် သူတို့က အခြားတစ်ဦးအား ‘ပူဇော်လော့’ ဟု ပြောဆိုခဲ့ကြပြန်သည်။ ထိုသူက ‘ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ် (ဂျလ္လဂျလာလုဟ်)မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်အတွက်မျှ တစ်စုံတစ်ရာကို ပူဇော်ပသမည်မဟုတ်ပါ’ ဟု ဖြေကြားခဲ့သည်။ ထိုအခါ ၎င်းတို့သည် သူ၏လည်ပင်းကို ခုတ်ဖြတ်လိုက်ကြ၏။ ထို့နောက် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရလေ၏။”
အကယ်၍ ယင်ကောင်နှင့် ထိုကဲ့သို့သောအရာများဖြင့် ရုပ်တု၊ ဆင်းတုနှင့် အလားတူအရာများထံ ပူဇော်ချဉ်းကပ်သူသည် ရှိရ်က်ကျူးလွန်သူဖြစ်ပြီး ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရန် ထိုက်တန်သူဖြစ်သည်ဆိုပါက၊ ဂျင်န်သတ္တဝါ၊ကောင်းကင် တမန်များနှင့် ဝလီသူတော်စင်များထံ ဒုအာတောင်းခံသူများ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာအား ကာကွယ်စောင့်ရှောက်ရန်၊ သို့မဟုတ် မိမိ၏မကျန်းမာသူအား သက်သာပျောက်ကင်းမှုပေးရန်၊ သို့မဟုတ် မိမိ၏ တိရစ္ဆာန်များနှင့် စိုက်ခင်းများ ဘေးကင်းလုံခြုံရန် မျှော်လင့်လျက် ၎င်းတို့ထံ အကူအညီတောင်းခံသူ၊ ၎င်းတို့အတွက် နဇရ်ကိုးသူနှင့် ဇဗဟ်လုပ်လည်လှီးကာ ပူဇော်ချဉ်းကပ်သူများ၏ အခြေအနေမှာ မည်သို့ရှိမည်နည်း။ ထို့ပြင် ဂျင်န်သတ္တဝါများ၏ အန္တရာယ်မှ ကြောက်ရွံ့၍ဖြစ်စေ၊ ထိုကဲ့သို့သော အခြားအကြောင်းအရာများကြောင့်ဖြစ်စေ ဤသို့ပြုလုပ်သူများ၏ အခြေအနေမှာ မည်သို့ရှိမည်နည်း။ ဤလုပ်ရပ်နှင့် ဤကဲ့သို့သော လုပ်ရပ်များကို ပြုလုပ်သူသည် ရုပ်တုထံ ယင်ကောင်ကို ပူဇော်ချဉ်းကပ်ခဲ့သည့် ထိုသူထက်စာလျှင် ရှိရိက်ကျူးလွန်သူအဖြစ် ပို၍ထိုက်တန်ပြီး ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရန် ပို၍ပင် ထိုက်တန်သူဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။
ထိုအကြောင်းအရာနှင့်ပတ်သက်၍လည်း အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- မုချအမှန် ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။ သတိပြုကြပါ။ သီးသန့် သက်သက် ဖြစ်သော ကိုးကွယ်မှုသည် အလ္လာဟ် အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ ထို့ပြင် အကြင်သူများသည် အရှင်မြတ် မှလွဲ၍ အခြား ကာကွယ် စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီး ၎င်းတို့သည် (ဤသို့ ပြောဆိုကြသည်) ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ်နှင့် နီးကပ်စေရန် အတွက်သာ ကျွန်ုပ်တို့သည် ၎င်းတို့အား ကိုးကွယ်ကြပါသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သူတို့ အချင်းချင်း ကွဲလွဲ ငြင်းခုံနေကြသည့် ကိစ္စနှင့် ပတ်သက်၍ သူတို့၏ အကြားတွင် စီရင် ဆုံးဖြတ်တော်မူမည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် လိမ်လည်သူ၊ အလွန်ကျေးဇူးကန်းသူကို လမ်းမှန် ညွှန်ကြား ပြသတော်မူမည် မဟုတ်ပေ။ (စူရဟ် ဇုမရ်- အာယသ် ၁ - ၃) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ်အား စွန့်ပြီး အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အား နစ်နာစေရန်လည်း မပြုလုပ်နိုင်ပေ၊ ၎င်းပြင် သူတို့အား အကျိုး ဖြစ်ထွန်းစေရန်လည်း မပြုလုပ်နိုင်ပေ။ ၎င်းနောက် သူတို့က ပြောဆိုကြသည်- “ဤအရာများသည် ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ် ထံတော်၌ ကြားဝင် အသနားခံပေးမည့် အရာများပင် ဖြစ်ကြသည်။” (အို- တမန်တော်) ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ် အရှင်မြတ်အား မိုးကောင်းကင်များတွင် လည်းကောင်း၊ မြေပထဝီတွင် လည်းကောင်း၊(အရှင်မြတ် မှလွဲ၍ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော အရှင် မရှိကြောင်း အရှင်မြတ် သိထားပါလျက်) အရှင်မြတ် မသိသော (မရှိသည့်) အရာများနှင့် ပတ်သက်၍ သတင်း ပေးနေကြသလော။ အရှင်မြတ်သည် သန့်ရှင်း စင်ကြယ်တော်မူသည့် အပြင် အရှင်မြတ်သည် သူတို့ တွဲဖက် ကိုးကွယ်သော အရာများထက် အလွန် မြင့်မား ထွတ်မြတ်လှတော်မူသည်။” (၁၈) (စူရဟ် ယူနွတ်စ်- အာယသ် ၁၈)
ဤအာယာသ်တော်နှစ်ပါးသည် အလ္လာဟ်အရှင်မြတ်က မုရှ်ရိက်များသည် မိမိမှအပ ဖန်ဆင်းခံများအနက်မှ အချို့အား အားကိုးရာများအဖြစ် သတ်မှတ်ခဲ့ကြပြီး၊ အရှင်မြတ်နှင့်အတူ ၎င်းတို့အား ကြောက်ရွံ့ရိုသေခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ သားကောင်များကိုပူဇော်သတ်ဖြတ်ခြင်း၊ နဇရ်(သစ္စာ)ပြုခြင်း၊ ဆုတောင်းခြင်း စသည်တို့ဖြင့် ဆည်းကပ်ကိုးကွယ်ခဲ့ကြကြောင်းကို ရှင်းလင်းဖော်ထုတ်တင်ပြတော်မူခဲ့၏။ ၎င်းတို့က ထိုအားကိုးရာများသည် မိမိတို့အားခဝပ်ကိုးကွယ်သူများကို အရှင်မြတ်နှင့်အလွန်ပင်နီးကပ်စေသည်ဟူ၍လည်းကောင်း၊ အရှင်မြတ်အထံတော်တွင် ၎င်းတို့အတွက် အသနားခံပေးမည်ဟူ၍လည်းကောင်း ပြောဆိုကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား လိမ်လည်သူများဖြစ်ကြောင်း ဖော်ထုတ်တော်မူကာ ၎င်းတို့၏ လုံးဝမှားယွင်းနေမှုများကို ရှင်းလင်းပြသတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား လိမ်လည်သူများ၊ (ကာဖိရ်)သွေဖည်ငြင်းပယ်သူများနှင့် မုရှ်ရိက်များအဖြစ် သတ်မှတ်ခေါ်ဝေါ်တော်မူကာ၊ ထိုအရှင်မြတ်သည် ၎င်းတို့၏ ဖက်စပ်ကိုးကွယ်မှုမှ မိမိကိုယ်တော်တိုင် သန့်ရှင်းကင်းစင်တော်မူကြောင်းကို ဖော်ပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - ﴾...အရှင်မြတ်သည် ချိုတဲ့မှုအပေါင်းမှ သန့်ရှင်း စင်ကြယ်တော်မူသည့် အပြင် အရှင်မြတ်သည် သူတို့ တွဲဖက် ကိုးကွယ်သော အရာများထက် အလွန် မြင့်မား ထွတ်မြတ်လှတော်မူသည်။﴿ (စူရဟ် နဟ်လ်- အာယသ် ၁) သို့ဖြစ်၍ ဤအချက်အရ သိရှိရသည်မှာ- မည်သူမဆို မလာအိကဟ်ကိုဖြစ်စေ၊ နဗီကိုဖြစ်စေ၊ ဂျင်န်ကိုဖြစ်စေ၊ သစ်ပင်ကိုဖြစ်စေ၊ ကျောက်တုံးကိုဖြစ်စေ အလ္လာဟ်အရှင်မြတ်နှင့်အတူ ယှဉ်တွဲ၍ ဒုအာတောင်းခံလျှင်၊ ၎င်းထံ အကူအညီတောင်းခံလျှင်၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ၎င်း၏ ရှဖာအသ်ကို မျှော်လင့်၍ဖြစ်စေ၊ အရှင်မြတ်ထံတော်သို့ ပိုမိုနီးစပ်စေရန် မျှော်လင့်၍ဖြစ်စေ၊ သို့မဟုတ် ဖျားနာသူ ကျန်းမာပျောက်ကင်းရန် မျှော်လင့်၍ဖြစ်စေ၊ သို့မဟုတ် ပစ္စည်းဥစ္စာ ကာကွယ်စောင့်ရှောက်ရန်ဖြစ်စေ၊ သို့မဟုတ် မျက်ကွယ်ရောက်နေသူ ဘေးကင်းလုံခြုံရန်ဖြစ်စေ၊ သို့မဟုတ် ထိုကဲ့သို့သော အခြားကိစ္စရပ်များအတွက်ဖြစ်စေ နဇရ်ကိုးခြင်းနှင့် ဇဗဟ်လုပ်ခြင်းတို့ဖြင့် ၎င်းထံ ချဉ်းကပ်မည်ဆိုလျှင် မုချ ထိုသူသည် ဤကြီးလေးသော ရှိရ်က်နှင့် ဆိုးရွားလှသော ဘေးဒုက္ခတွင်းသို့ ကျရောက်သွားခြင်းပင်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူခဲ့သည်။ (ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်းပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြားပြစ်မှုဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။) (စူရဟ် နိစာအ်- အာယသ် ၄၈) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (မည်သူမဆို အလ္လာဟ် အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက် (ကိုးကွယ်)လျှင် အလ္လာဟ် အရှင်မြတ်သည် ထိုသူ့အတွက် ဂျန္နသ် သုခဘုံကို အမှန်ပင် ဟရာမ် ပြုလုပ် တားမြစ်ထားတော်မူမည်။ ၎င်းပြင် သူ၏ နေရာထိုင်ခင်းသည် ငရဲမီးပင် ဖြစ်သည်။ ထို့ပြင် မတရား ကျူးလွန်သော သူများအတွက် မည်သည့် ကူညီသူမျှ ရှိမည် မဟုတ်ပေ။ ၇၂) (စူရဟ် မာအိဒဟ်- အာယသ် ၇၂)
ကိယာမသ် တရားစီရင်မည့်နေ့၌ ရှဖာအသ် ကြားဝင်အသနား ခံပေးခြင်းသည် သောင်ဟီးဒ် သစ္စာဝါဒီများနှင့် အရှင်မြတ်အတွက်သာရည်စူးသူများအတွက်သာ ဖြစ်ပြီး ရှိရ်က်ပြုလုပ်သူများအတွက် မဟုတ်ပေ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)အား အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သောအခါ ကိုယ်တော်က မိန့်ကြားတော်မူသကဲ့သို့ပင် ဖြစ်သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်- “အကြင်သူသည် မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ ကလိမဟ်တော် ‘လာအိလာဟ အိလ္လလ္လာဟ်’အား ရွတ်ဆိုခဲ့ပါက” တမန်တော်မြတ် (صلى الله عليه وسلم) မိန့်ကြားတော်မူခဲ့သည်။ "တမန်တော်တိုင်းအတွက် ဧကန်မလွဲ လက်ခံတော်မူမည့် ဆုတောင်းတစ်ခုစီရှိသည်။ သို့ဖြစ်၍ တမန်တော်တိုင်းသည် မိမိတို့၏ဆုတောင်းကို အလျင်အမြန် တောင်းခံခဲ့ကြသည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် မိမိ၏ဆုတောင်းအား ကိယာမသ်နေ့တွင် မိမိ၏အွမ္မသ်များအတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးရန် သိမ်းဆည်းထားခဲ့သည်။ သို့ဖြစ်၍ ငါကိုယ်တော်၏အွမ္မသ်များအနက်မှ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် အခြားတစ်စုံတစ်ရာကို တွဲဖက်ယုံကြည်ကိုးကွယ်ခြင်းမပြုဘဲ သေဆုံးခဲ့လျှင် အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါက ထိုသူသည် ယင်း (ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း) ကို ရရှိမည်ဖြစ်သည်။"
ရှေးဦး မုရှ်ရိက်တို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဖန်ဆင်းရှင်နှင့် စားနပ်ရိက္ခာချီးမြှင့်တော်မူသောအရှင်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် နဗီတမန်တော်များ၊ အောင်လီယာသူတော်စင်များ၊ မလာအိကဟ်များ၊ သစ်ပင်များ၊ ကျောက်တုံးများနှင့် အခြားအလားတူအရာများအပေါ် မှီခိုဆည်းကပ်ခဲ့ကြသည်မှာ အထက်ပါ အာယသ်တော်များတွင် ဖော်ပြခဲ့ပြီးဖြစ်သကဲ့သို့ ၎င်းတို့က အလ္လာဟ်အရှင်မြတ်ထံတော်၌ မိမိတို့အတွက် အသနားခံတင်ပြပေးရန်နှင့် အရှင်မြတ်ထံတော်ပါးသို့ ပိုမိုနီးကပ်စေရန် မျှော်လင့်၍သာဖြစ်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ထိုအကြောင်းပြချက်ဖြင့် ခွင့်လွှတ်တော်မမူခဲ့ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကြီးကျယ်မြင့်မြတ်လှသော ကျမ်းတော်မြတ်ထဲတွင် ၎င်းတို့အား ငြင်းပယ်ရှုတ်ချတော်မူခဲ့ပြီး၊ ၎င်းတို့အား ကာဖိရ်များ နှင့် မုရှ်ရိက်များ ဟူ၍ ခေါ်ဝေါ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင်၎င်းတို့အနက် အဆိုးရွားဆုံးလိမ်လည်သူမှာ ဧကန်အမှန်ပင် ဤကိုးကွယ်ရာအရာများသည် ၎င်းတို့အတွက် အသနားခံတင်ပြပေးမည်ဖြစ်ပြီး ၎င်းတို့အား အလ္လာဟ်အရှင်မြတ်နှင့်အလွန်ပင်နီးကပ်စေသည်ဟု ယူဆပြောဆိုသူပင်ဖြစ်ပေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည်လည်း ၎င်းတို့အား ခွင့်လွှတ်တော်မမူခဲ့ပေ။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်တစ်ဆူတည်းအားသာ သီးသန့်ခဝပ်ကိုးကွယ်မှုပြုလုပ်လာသည်အထိ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ၎င်းတို့၏ ဤရှိရ်က်လုပ်ရပ်နှင့်ပတ်သက်၍ ၎င်းတို့အား စစ်မက်ပြုတိုက်ခိုက်တော်မူခဲ့သည်။ ၎င်းမှာ အောက်ပါ အလ္လာဟ်အရှင်မြတ်၏ မိန့်တော်မူချက်ကို လိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် တုဖက်ကိုးကွယ်မှု ပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သွားသည့်အထိ ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြပါ။... (စူရဟ် ဗကရဟ်- အာယသ် ၁၉၃) ရစူလ်တမန်တော်(ﷺ)မိန့်ကြားတော်မူသည်မှာ- "ငါကိုယ်တော်သည် (သွေဖည်ငြင်းပယ်သည့်) လူသားတို့အား ၎င်းတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း သက်သေခံလာသည်အထိ၊ ဆွလာသ် ဆောက်တည်လာသည်အထိ၊ ဇကာသ် ပေးဆောင်လာသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်ကြလျှင် ၎င်းတို့၏ အသက်ခန္ဓာနှင့် ၎င်းတို့၏ အိုးအိမ်စည်းစိမ်များကို ငါကိုယ်တော်ဘက်မှ ကာကွယ်ပြီးဖြစ်သည်။ သို့သော် အစ္စလာမ့် ဥပဒေကို ချိုးဖောက်လျှင် အရေးယူခံရမည်။ ၎င်းတို့အား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည်။" ကိုယ်တော်မြတ် (ﷺ) မိန့်တော်မူချက်၏ အဓိပ္ပါယ်မှာ- «အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို ၎င်းတို့ သက်သေခံသည်အထိ» ဆိုလိုသည်မှာ - ထိုအရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ဘဲ အလ္လာဟ်အရှင်မြတ်ကိုသာ သီးသန့် ခဝပ်ကိုးကွယ်ရန်ဖြစ်သည်။
မုရ်ှရိက်တို့သည် ဂျင်န်တို့ကို ကြောက်ရွံ့ကာ ၎င်းတို့ထံ ခိုလှုံလေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ဤအကြောင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည် အောက်ပါအမိန့်တော်ကို ချပေးသနားတော်မူခဲ့သည် - ၆။ ၎င်းပြင် စင်စစ်တမ်းကား လူတို့အနက်မှ ယောက်ျားအချို့တို့သည် ဂျင်န်သတ္တဝါတို့အနက်မှ ယောက်ျားအချို့ထံ၌ ခိုလှုံလေ့ရှိခဲ့ကြပေသည်။ သို့ဖြစ်ရာ ၎င်း(ဂျင်န်)တို့သည် ထိုသူ (လူ)တို့အား မိုက်မဲလွဲမှားမှုကိုသာ ပို၍တိုးပွားစေခဲ့ကြပေသည်။ (စူရဟ် ဂျင်န်- အာယသ် ၆) ဤအာယသ်တော်မြတ်နှင့်ပတ်သက်၍ တဖ်ဆီးရ်ပညာရှင်များက မိန့်ဆိုထားသည်မှာ- အလ္လာဟ်အရှင်မြတ် မိန့်တော်မူချက်၏ အလိုသဘောမှာ- ... သို့ဖြစ်ပေရာ ထို(ဂျင်န်)တို့သည် ယင်း(လူ)တို့အား မိုက်မဲမှုကိုသာ တိုးပွားစေခဲ့ကြကုန်၏။ ဆိုလိုသည်မှာ ထိတ်လန့်ကြောက်ရွံ့ခြင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် လူသားများသည် ၎င်းတို့ထံ ခိုလှုံကြသည်ကို မြင်သောအခါ ဂျင်န်တို့သည် မိမိတို့ကိုယ်ကို ကြီးကျယ်သည်ဟု မှတ်ယူကာ မာနထောင်လွှားလာကြသောကြောင့်ဖြစ်သည်။ ထိုအခါ လူသားများက ၎င်းတို့ကို ပိုမို၍ ခရားဝတ်ပြုလာကြစေရန်နှင့် ၎င်းတို့ထံ ပိုမိုခိုလှုံလာကြစေရန်အတွက် ၎င်းတို့သည် လူသားများကို ပို၍ ခြောက်လှန့်ထိတ်လန့်စေကြသည်။
အလ္လာဟ်အရှင်မြတ်သည် မွတ်စလင်မ်တို့အား ၎င်းအစား အရှင်မြတ်ထံတော်၌လည်းကောင်း၊ အရှင်မြတ်၏ ပြီးပြည့်စုံသော ကလိမာဟ်တော်များဖြင့်လည်းကောင်း ခိုလှုံခွင့်တောင်း ခံခြင်းကို အစားထိုးပေးသနားတော်မူခဲ့သည်။ ထို့ပြင် ယင်းနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က ချပေးသနားတော်မူကာ မိန့်တော်မူသည်မှာ- (ထို့ပြင် အကယ်၍ ရှိုင်သွာန်၏ထံမှ တစ်စုံတစ်ရာ အကြံပေး ချက်သည် အသင်(၏စိတ်နှလုံး)၌ သက် ရောက်ခဲ့ပါမူ အသင်သည် (ချက်ချင်းပင်) အလ္လာဟ် အရှင်မြတ်၏ကာကွယ်စောင့်ရှောက်မှုကို ဆည်းပူး ရှာဖွေ (ရယူ)ပါလေ။ စင်စစ် ထိုအရှင်မြတ်သည် (အလုံးစုံကို) အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိ တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ ၂၀၀) (စူရဟ် အအ်ရာဖ်- အာယသ် ၂၀၀) ထို့ပြင် ဘုန်းအာနုဘော်ကြီးမြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ ၁။ قُلْ أَعُوذُ بِرَبِّ الْفَلَقِ (အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ၊ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖန်ဆင်းတော်မူသော အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ တမန်တော်မြတ်(ﷺ)ထံမှ ခိုင်လုံစွာ လာရှိရာ ကိုယ်တော်မြတ် မိန့်တော်မူသည်မှာ- မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။
အထက်တွင် ဖော်ပြခဲ့သော အာယသ်တော်များနှင့် ဟဒီးဆ်တော်များအရ လွတ်မြောက်အောင်မြင်မှုကို ရှာဖွေလိုသူ၊ မိမိ၏ သာသနာကို ထိန်းသိမ်းလိုသူနှင့် အသေးစားဖြစ်စေ၊ အကြီးစားဖြစ်စေ ရှိရ်က်(ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု)မှ ကင်းလွတ်လိုသူတိုင်းသည် ကွယ်လွန်သေဆုံးသူများ၊ မလာအိကဟ်များ၊ ဂျင်န်များနှင့် အခြားသော ဖန်ဆင်းခံများအပေါ် တွယ်တာယုံကြည်ခြင်း၊ ၎င်းတို့ထံ ဒုအာတောင်းခံခြင်း၊ ၎င်းတို့ထံ အကာအကွယ်ယူခြင်း စသည်တို့သည် ဂျာဟိလီယဟ်ခေတ် မုရှ်ရစ်က်များ၏ လုပ်ရပ်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်အား ရှိရ်က်ပြုလုပ်ခြင်းများအနက် အဆိုးရွားဆုံးသောအရာဖြစ်ကြောင်းကို ကောင်းစွာသိရှိနားလည်နိုင်ပေသည်။ ထို့ကြောင့် ၎င်းလုပ်ရပ်များကို စွန့်လွှတ်ရန်၊ ယင်းတို့မှ သတိထားရှောင်ကြဉ်ရန်၊ စွန့်လွှတ်ကြရန် အချင်းချင်း တိုက်တွန်းမှာကြားရန်နှင့် ယင်းကို ပြုလုပ်သူများအား ဆန့်ကျင်တားမြစ်ရန် အရေးကြီးပေသည်။
လူအများကြား ဤရှိရ်က်လုပ်ရပ်များ ပြုလုပ်သည်ဟု ထင်ရှားသိရှိထားသူများနှင့်ပတ်သက်၍ - ၎င်းတို့သည် ထိုလုပ်ရပ်များမှ အလ္လာဟ်အရှင်မြတ်ထံတော်သို့ သောင်ဝ်ဘဟ်လုပ်ကြောင်း ထုတ်ဖော်ကြေညာပြီး၊ ဒုအာတောင်းခံခြင်းနှင့် အိဗာဒသ်ခဝပ်ကိုးကွယ်မှုများကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအဖို့သာ သီးသန့်မပြုလုပ်သရွေ့ ၎င်းတို့နှင့် အိမ်ထောင် ပြုခြင်း၊ ၎င်းတို့ ဇဗဟ်လုပ်ထားသောအသားကို စားသုံးခြင်း၊ ၎င်းတို့အပေါ် ဆွလာသ်ဝတ်ပြုပေးခြင်းနှင့် ၎င်းတို့၏နောက်မှ ဆွလာသ်ဝတ်ပြုခြင်းများကို ခွင့်မပြုပေ။ ဒုအာဆုတောင်းခြင်းသည် အိဗာဒသ်ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။ ပို၍ဆိုရလျှင် ယင်းအိဗာဒသ်၏ အနှစ်သာရပင်ဖြစ်သည်။ တမန်တော်မြတ် (صلى الله عليه وسلم) မိန့်ကြားတော်မူခဲ့သကဲ့သို့ပင် - ဒုအာဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။ ထို့ပြင် ကိုယ်တော်မြတ် (ﷺ) အခြားစကားရပ်တစ်ခုတွင် မိန့်ကြားတော်မူသည်မှာ- ဒုအာဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှု၏ အဆီအနှစ်ပင်ဖြစ်သည်။ မုရှ်ရိက်များနှင့် ထိမ်းမြားခြင်းနှင့်ပတ်သက်၍မူ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - အသင်တို့သည် ရှိရ်က် တွဲဖက်ယှဉ်တွဲကိုးကွယ်သော အမျိုးသမီးများအား သူမတို့ အီမာန်သက်ဝင်ယုံကြည်ခြင်း မရှိသမျှ ထိမ်းမြားခြင်းမပြုကြနှင့်။ ရှိရ်က် တွဲဖက်ယှဉ်တွဲကိုးကွယ်သော အမျိုးသမီးသည် အကယ်၍ အသင်တို့အား နှစ်သက်စရာဖြစ်စေခဲ့လျှင်လည်း အီမာန်သက်ဝင်ယုံကြည်သူ ကျွန်မတစ်ဦးသည် ထိုအမျိုးသမီးထက် ပို၍ကောင်းသည်။ ထို့အတူ ရှိရ်က် တွဲဖက်ယှဉ်တွဲကိုးကွယ်သော အမျိုးသားများအား သူတို့ အီမာန်သက်ဝင်ယုံကြည်ခြင်း မရှိသမျှ (မွတ်စ်လင်မ် အမျိုးသမီးများနှင့်) မထိမ်းမြားပေးကြနှင့်။ ရှိရ်က် တွဲဖက်ယှဉ်တွဲကိုးကွယ်သော အမျိုးသားသည် အကယ်၍ အသင်တို့အား နှစ်သက်စရာဖြစ်စေခဲ့လျှင်လည်း အီမာန်သက်ဝင်ယုံ ကြည်သူ ကျွန်တစ်ဦးသည် ထိုအမျိုးသားထက် ပို၍ကောင်းသည်။ ထိုသူများသည် ငရဲမီးဘက်သို့ ဖိတ်ခေါ်ကြသည်။ အလ္လာဟ်အရှင်မြတ်ကမူ မိမိ၏ဆန္ဒတော်ဖြင့် ဂျန္နသ်သုခဘုံနှင့် လွတ်ငြိမ်းချမ်းသာမှုဘက်သို့ ဖိတ်ခေါ်တော်မူသည်။ ထို့ပြင် ထိုအရှင်မြတ်သည် လူသားတို့ တရားရကြရန်အတွက် မိမိ၏အာယသ်တော်များကို ရှင်းလင်းပြသတော်မူသည်။ (စူရဟ် ဘကရဟ်- အာယသ် ၂၂၁) ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များအား ရုပ်တုများ၊ ဂျင်န်များ၊ မလာအိကဟ်များနှင့် အခြားသောအရာများကို ကိုးကွယ်သူများဖြစ်ကြသည့် ရှိရ်က် တွဲဖက်ယှဉ်တွဲကိုးကွယ်သော အမျိုးသမီးများအား သူမတို့သည် အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ သီးသန့်ခွဲခြား၍ ခယဝပ်တွား အိဗာဒသ်ပြုခြင်း၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ယူဆောင်လာခဲ့သောအရာများကို မှန်ကန်ကြောင်း ယုံကြည်လက်ခံခြင်းနှင့် ထိုတမန်တော်မြတ်၏ လမ်းစဉ်ကို လိုက်နာခြင်းတို့ဖြင့် အီမာန်သက်ဝင်ယုံကြည်ခြင်း မရှိသမျှ ထိမ်းမြားခြင်းမှ တားမြစ်ထားတော်မူသည်။ ထို့အတူ ရှိရ်က် တွဲဖက်ယှဉ်တွဲကိုးကွယ်သော အမျိုးသားများအား သူတို့သည် အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ သီးသန့်ခွဲခြား၍ ခယဝပ်တွား အိဗာဒသ်ပြုခြင်း၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မှန်ကန်ကြောင်း ယုံကြည်လက်ခံခြင်းနှင့် ထိုတမန်တော်မြတ်အား လိုက်နာခြင်းတို့ဖြင့် အီမာန်သက်ဝင်ယုံကြည်ခြင်း မရှိသမျှ မွတ်စ်လင်မ်အမျိုးသမီးများနှင့် ထိမ်းမြားပေးခြင်းမှလည်း တားမြစ်ထားတော်မူသည်။
အလ္လာဟ်အရှင်မြတ်က အသိပေးမိန့်ကြားတော်မူသည်မှာ - လွတ်လပ်သော မုရှ်ရစ်က်အမျိုးသမီးသည် သူမ၏ အလှအပနှင့် စကားအပြောအဆို ကောင်းမွန်မှုတို့ဖြင့် သူမအား ကြည့်ရှုသူနှင့် သူမ၏စကားကို နားထောင်သူတို့အား နှစ်သက်သဘောကျစေကာမူ၊ မုအ်မင်န် ကျွန်အမျိုးသမီးသည် ထိုလွတ်လပ်သော မုရှ်ရစ်က်အမျိုးသမီးထက် သာလွန်ကောင်းမွန်သည်။ ထို့ပြင် လွတ်လပ်သော မုရှ်ရစ်က်ယောကျ်ားသည် သူ၏ ရုပ်ရည်၊ စကားအပြောအဆို ကြွယ်ဝမှု၊ ရဲစွမ်းသတ္တိနှင့် အခြားသော အရည်အချင်းများဖြင့် သူ၏စကားကို နားထောင်သူနှင့် သူ့အား ကြည့်ရှုသူတို့အား နှစ်သက်သဘောကျစေကာမူ၊ မုအ်မင်န် ကျွန်ယောကျ်ားသည် ထိုလွတ်လပ်သော မုရှ်ရစ်က်ယောကျ်ားထက် သာလွန်ကောင်းမွန်သည်။ ထို့နောက် ဤသို့ သာလွန်ကောင်းမွန်ရခြင်း၏ အကြောင်းရင်းများကို အလ္လာဟ်အရှင်မြတ်က အောက်ပါ စကားရပ်တော်ဖြင့် ရှင်းပြတော်မူခဲ့သည် - "...ထိုသူတို့သည် ငရဲသို့ ဖိတ်ခေါ်ကြသည်။..." (စူရဟ် ဘကရဟ်- အာယသ် ၂၂၁) ယင်း၏ဆိုလိုရင်းမှာ တုဖက်ယှဉ်တွဲကိုးကွယ်သူ ယောက်ျားများနှင့် မိန်းမများကို ဆိုလိုသည်။ အကြောင်းမူကား ၎င်းတို့သည် မိမိတို့၏ ပြောဆိုမှုများ၊ လုပ်ရပ်များ၊ အကျင့်စရိုက်များနှင့် ကိုယ်ကျင့်တရားများဖြင့် ဂျဟန္နမ်ငရဲသို့ ဖိတ်ခေါ်သူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ သက်ဝင်ယုံကြည်သူ ယောက်ျားများနှင့် မိန်းမများမှာမူကား မိမိတို့၏ ကိုယ်ကျင့် တရားများ၊ ကောင်းမှုလုပ်ရပ်များနှင့် အကျင့်စရိုက်များဖြင့် ဂျန္နသ်သုခဘုံသို့ ဖိတ်ခေါ်သူများ ဖြစ်ကြသည်။ သို့ဖြစ်ရာ ဤသူတို့နှင့် ထိုသူတို့သည် မည်သို့လျှင် တန်းတူညီမျှ ဖြစ်နိုင်မည်နည်း။
မုရှ်ရစ်က်တို့အပေါ် ဆွလာသ်ဝတ်ပြုခြင်းအတွက်မူ ကြီးကျယ်မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်သည် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့နှင့်ပတ်သက်၍ မိန့်တော်မူသည်မှာ- ﴾အသင်သည် ၎င်းတို့အနက်မှ သေဆုံးသွားသော မည်သူတစ်ဦးတစ်ယောက်အတွက်ကိုမျှ ဘယ်တော့အခါမှ ဆွလာသ် မဆောက်တည်လေနှင့်။ ၎င်း၏ ကဗရ်သင်္ချိုင်းတွင်လည်း မရပ်တည်လေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ၎င်းအရှင်မြတ်၏ ရစူလ်တမန်တော်ကို ငြင်းပယ်ခဲ့ကြပြီး ဖာစိက်ဂ်များအဖြစ်နှင့် သေဆုံးသွားခဲ့ကြသည်။ ၈၄﴿ (စူရဟ် သောင်ဗဟ်- အာယသ် ၈၄) ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဤမွန်မြတ်လှသော အာယသ်တော်တွင် မုနာဖိက် (အရေခြုံမွတ်စ်လင်မ်) နှင့် ကာဖိရ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ၎င်းအရှင်မြတ်၏ ရစူလ်တမန်တော်ကို ငြင်းပယ်ခဲ့ကြသောကြောင့် ၎င်းတို့အတွက် ဆွလာသ်မဆောက်တည်ရကြောင်း ရှင်းလင်းစွာ ဖော်ပြထားတော်မူသည်။ ထို့အတူ ၎င်းတို့၏နောက်တွင် ဆွလာသ်မဆောက်တည်ရပေ။ ၎င်းတို့အား မွတ်စ်လင်မ်တို့အတွက် အိမာမ်ရှေ့ဆောင်များအဖြစ်လည်း မခန့်အပ်ရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ငြင်းပယ်မှု၊ ယုံကြည်စိတ်ချရမှု မရှိခြင်းနှင့် ၎င်းတို့နှင့် မွတ်စ်လင်မ်တို့၏အကြား ကြီးမားလှသော ရန်ငြိုးရန်စများ ရှိနေခြင်းတို့ကြောင့်ဖြစ်သည်။ ၎င်းပြင် ၎င်းတို့သည် ဆွလာသ်နှင့် အိဗာဒသ်ပြုသူများအနက်မှ မဟုတ်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကုဖ်ရ်နှင့် ရှိရ်က်တို့နှင့်အတူ မည်သည့်အမလ်ကျင့်ဆောင်မှုမျှ ကျန်ရှိမည်မဟုတ်ပေ။ ထိုအရာမှ ကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျွန်ုပ်တို့ ဆုမွန်ဒုအာ တောင်းခံကြပါသည်။ မွရှ်ရစ်က်များ လှီးဖြတ်ထားသည့်အရာများကို စားသုံးခြင်းနှင့်ပတ်သက်၍မူ အသေသားနှင့် မွရှ်ရစ်က်များ လှီးဖြတ်ထားသည့်အရာများကို တားမြစ်ထားကြောင်း ရှင်းလင်းဖော်ပြလျက် အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ﴾၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ) အနက်မှစားသုံးခြင်း မပြုကြကုန်လင့်။ ထို(တိရစ္ဆာန်များ)၏ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တ,သ(၍လှီးဖြတ်ခဲ့)ခြင်းမရှိခဲ့ချေ၊ ဤသည်(ကို စားသုံးခြင်း)ကား အမိန့်တော်ကို သွေဖည်ခြင်းပင်ဖြစ်သည်။ ထိုမှတစ်ပါး မလွဲဧကန် ‘ရှိုင်သွာန်’ တို့သည် အသင်တို့နှင့် အချေအတင် ပြောဆို ငြင်းခုံကြရန် အလို့ငှာ၊ မိမိတို့၏ အဆွေခင်ပွန်းများထံ ပြင်ပ ပယောဂ (ဒွိဟသံသယများ)ကို သွင်းပေးကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍ ၎င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ၊ မုချစင်စစ် အသင်တို့သည်လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်ကြမည်။ ၁၂၁﴿ (စူရဟ် အန္နအာမ်- အာယသ် ၁၂၁) သို့ဖြစ်ရာ ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော အရှင်မြတ်သည် မွတ်စ်လင်မ်တို့အား အသေသားစားခြင်းနှင့် မုရှ်ရစ်က် (တွဲဖက်ကိုးကွယ်သူ) လှီးဖြတ်ထားသော သားကောင်ကို စားသုံးခြင်းမှ တားမြစ်တော်မူသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း(မုရှ်ရစ်က်)သည် နဂျစ်(စ်) (မသန့်ရှင်းသူ) ဖြစ်သော ကြောင့်တည်း။ သို့ဖြစ်ရာ ၎င်း(သားကောင်)အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တသခဲ့လျှင်ပင်၊ သူလှီးဖြတ်ထားသော သားကောင်သည် အသေကောင်၏ ဟွတ်ကွမ် (ပြဋ္ဌာန်းချက်) တွင် အကျုံးဝင်ပေသည်။ အကြောင်းမူကား သူ၏နာမတော်တသခြင်းသည် ပျက်ပြယ်ပြီး မည်သည့်အကျိုးသက် ရောက်မှုမျှ မရှိသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်း(သို့တသခြင်း)သည် အိဗာဒသ် (ခဝပ်ကိုးကွယ်မှု) တစ်ရပ်ဖြစ်ပြီး၊ ရှစ်ရ်က် (တွဲဖက်ကိုးကွယ်မှု) သည် အိဗာဒသ်ကို ပျက်သုဉ်းစေကာ ပျက်ပြယ်စေသောကြောင့်ပင်ဖြစ်သည်။ ထိုမုရှ်ရစ်က်သည် သန့်ရှင်းမြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်သို့ သောင်ဗာဟ် (ဝန်ချတောင်းပန်ခြင်း) မပြုမချင်း (ဤအတိုင်းပင်ဖြစ်သည်)။ အလ္လာဟ်အရှင်မြတ်သည် အဲဟ်လွလ်ကိသာဗ်တို့၏ စားစရာများကို စားသုံးရန်ခွင့်ပြုထားကြောင်း မိန့်ကြားတော်မူသည်မှာ- ... ၎င်းပြင် ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသော သူတို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်ချေသည်။ ထိုနည်းတူစွာ အသင်တို့၏ စားသုံးဖွယ်ရာများသည်လည်း ထိုသူတို့အဖို့ (စားသုံး)ခွင့်ပြုပြီးဖြစ်၏။ ... (စူရဟ် မာအိဒဟ်- အာယသ် ၅) အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ကောင်းကင်ကျ သာသနာတော်ကို သက်ဝင်ယုံကြည်သည်ဟု ခံယူထားပြီး၊ မိမိတို့သည် တမန်တော် မူစာ (အလိုင်ဟိစ္စလာမ်) နှင့် တမန်တော် အီစာ (အလိုင်ဟိစ္စလာမ်) တို့၏ နောက်လိုက်များဖြစ်ကြောင်း ပြောဆိုကြသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့ဆိုရာတွင် လိမ်လည်နေကြသော်ငြားလည်း အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား လူသားအားလုံးထံသို့ စေလွှတ်တော်မူခြင်းဖြင့် ၎င်းတို့၏ သာသနာကို ပယ်ဖျက်၍ ပျက်ပြယ်စေတော်မူခဲ့သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ကြီးမားလှသော ဟစ်က်မသ် ဉာဏ်တော်နှင့် နက်နဲလှသော အကြောင်းတရားများကြောင့် အဲဟ်လေကိသားဗ် (ရဟူးဒ်၊ နစွာရာ) များ၏ အစားအစာများနှင့် ၎င်းတို့၏ အမျိုးသမီးများကို ကျွန်ုပ်တို့အတွက် ဟလာလ် ခွင့်ပြုတော်မူခဲ့သည်။ ထိုအချက်ကို ပညာရှင်များက ရှင်းလင်းပြသထားပြီးဖြစ်သည်။ (ဤအချက်သည်) တမန်တော်များ၊ သူတော်စင်များနှင့် အခြားသူများအပါအဝင် သေဆုံးသွားသူများနှင့် ရုပ်တုဆင်းတုများကို ခဝပ်ကိုးကွယ်ကြသော (မုရှ်ရိစ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်သူတို့နှင့်မူ ကွဲလွဲဆန့်ကျင်နေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ဘာသာတရားသည် မည်သည့်အခြေခံအုတ်မြစ်မျှမရှိဘဲ အမှန်ဟုထင်မှတ်ဖွယ်ရာအကြောင်းလည်းမရှိပေ။ အမှန်မှာ ၎င်းသည် အခြေခံကတည်းကပင် မှားယွင်းပျက်ပြယ်နေသောအရာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ သတ်ဖြတ်သောအကောင်များသည် အသေကောင်များသာဖြစ်ပြီး ၎င်းတို့ကို စားသုံးပိုင်ခွင့်မရှိပေ။
သို့သော် လူတစ်ဦးသည် မိမိစကားပြောဆိုနေသူကို (သင့်အား ဂျင်န်ဖမ်းပါစေ)၊ (သင့်အား ဂျင်န်ဖမ်းခေါ်သွားပါစေ)၊ (ရှိုင်သွာန် သင့်အား သယ်ဆောင်ပျံသန်းသွားပါစေ) စသည့် အလားတူစကားရပ်များကို ပြောဆိုခြင်းသည် ဆဲဆိုခြင်းနှင့် စော်ကားခြင်း အပါအဝင်ဖြစ်သည်။ အခြားသော ဆဲဆိုစော်ကားမှု အမျိုးအစားများကဲ့သို့ပင် ထိုသို့ပြောဆိုခြင်းကို မွတ်စ်လင်မ်များအကြား ခွင့်မပြုထားပါ။ ထိုသို့ပြောဆိုသူသည် ဂျင်န်တို့က လူသားများအပေါ် အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်နှင့် အလိုတော်မပါဘဲ ပြုမူစီမံနိုင်သည်ဟု ယုံကြည်ထားမှလွဲ၍ ၎င်းသည် ရှိရ်က် (ယှဉ်တွဲကိုးကွယ်မှု) တွင် အကျုံးမဝင်ပါ။ သို့ဖြစ်၍ မည်သူမဆို ဂျင်န် သို့မဟုတ် အခြားသော အဖန်ဆင်းခံများနှင့် ပတ်သက်၍ ထိုသို့ ယုံကြည်မည်ဆိုလျှင် ထိုသူသည် ဤယုံကြည်မှုကြောင့် ကာဖိရ်(ငြင်းပယ်သူ) ဖြစ်သွားပေမည်။ အကြောင်းမူကား ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို စိုးပိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းတို့အပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်နှင့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးကို ဖြစ်စေနိုင်တော်မူသောအရှင် ဖြစ်သည်။ အရှင်မြတ်၏ ခွင့်ပြုတော်မူချက်၊ အလိုတော်နှင့် ကြိုတင်သတ်မှတ်ထားသော သတ်မှတ်ချက်မပါဘဲ မည်သည့်အရာမျှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။ ဘုန်းတော်အနန္တ ကြီးမြတ်တော်မူသော အရှင်မြတ်က ဤကြီးကျယ်မြင့်မြတ်လှသော အခြေခံမူကို လူသားတို့အား အသိပေးရန် မိမိ၏ တမန်တော်မြတ် ﷺ အား အမိန့်ပေးလျက် ဤသို့ မိန့်ကြားတော်မူသည် - (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့ထပ်မံ၍) ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းနှင့် မည်သည့် အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှ ပိုင်ဆိုင်သည် မဟုတ်ချေ။ အကယ်၍သာ ငါသည် မျက်ကွယ်၌ရှိသည်တို့ကို သိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင်ရယူခဲ့ပေမည်။ ၎င်းပြင် ငါ၌ (မိမိအသက်တမ်းတစ်လျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်း မဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသည်။ (၁၈၈) (စူရဟ် အအ်ရာဖ်- အာယသ် ၁၈၈) သို့ဖြစ်ရာ အဖန်ဆင်းခံလောကကြီး၏ ခေါင်းဆောင်နှင့်အမြင့်မြတ်ဆုံးဖြစ်တော်မူသော တမန်တော်မြတ်(အလိုင်းဟိစ်ဆလာတုဝတ်စလာမ်)သည်ပင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အရမှအပ မိမိကိုယ်ကို ကောင်းကျိုးဖြစ်စေရန် သို့မဟုတ် ဆိုးကျိုးဖြစ်စေရန် အာဏာမရှိပါက၊ အခြားသော အဖန်ဆင်းခံများသည် ဘယ်လိုများ ပြုနိုင်ပါလိမ့်မလဲ။ ဤအဓိပ္ပာယ်ပါရှိသော အာယသ်တော်များစွာ ရှိပေသည်။
အကွယ်အကြောင်းအရာများကို ဟောကြားလေ့ရှိသည့် အရ်ရာဖ်များ၊ ဂျာဒူပယောဂဆရာများ၊ နက္ခတ်ဗေဒဆရာများနှင့် ၎င်းတို့နှင့်အလားတူသူများအား မေးမြန်းခြင်းသည် ခွင့်မပြုပိုင်သော မကောင်းမှုဒုစရိုက် ဖြစ်သည်။ ၎င်းတို့၏ ဟောကြားချက်များကို ထောက်ခံခြင်းသည် ပို၍ပြင်းထန်ဆိုးရွားသော ဒုစရိုက်ဖြစ်သည်။ အမှန်စင်စစ် ၎င်းလုပ်ရပ်သည် ကုဖ်ရ် သွေဖည်ငြင်းပယ်မှု၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤသို့ မိန့်ကြားတော်မူထားသောကြောင့် ဖြစ်သည်- မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။ ဤဟဒီးဆ်တော်ကို အိမာမ်မွတ်စ်လင်က မိမိ၏ စွဟီးဟ်ကျမ်းတွင် ဆင့်ပြန်ထားသည်။ ၎င်းဆွဟီးဟ်ကျမ်း၌ပင် မုအာဝိယဟ်ဗင်န်အလ်ဟကမ် အစ်စလမီ (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်(ﷺ)သည် ဗေဒင်ဆရာများထံ သွားရောက်ခြင်းနှင့် ၎င်းတို့အား မေးမြန်းခြင်းကို တားမြစ်တော်မူခဲ့သည်။
ထို့ပြင် ဆွနန်ကျမ်းရှင်များက တမန်တော်မြတ်(ﷺ)ထံမှ ဆင့်ပြန်တင်ပြထားရာ၊ တမန်တော်မြတ်(ﷺ)မိန့်တော်မူသည်မှာ- "မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။" ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် ဟဒီးဆ်တော်အမြောက်အများရှိပေသည်။ သို့ဖြစ်၍ မွတ်စ်လင်မ်များအပေါ်တွင် တာဝန်ရှိသည်မှာ ဆေးကုသသည့်အမည်ခံ၍ဖြစ်စေ၊ အခြားအမည်ဖြင့်ဖြစ်စေ အကွယ်ရှိအကြောင်းအရာများကို ဟောကြားခြင်းနှင့် မွတ်စ်လင်မ်များအား လှည့်ဖြားခြင်းများကို လုပ်ကိုင်နေကြသည့် ဗေဒင်လက္ခဏာဆရာများ၊ အကြားအမြင်ဆရာများနှင့် အခြားသော လှည့်စားသူများထံ မေးမြန်းခြင်းမှ သတိထားရှောင်ကြဉ်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုလုပ်ရပ်ကို တားမြစ်တော်မူခဲ့ပြီး ယင်းနှင့်ပတ်သက်၍ သတိပေးတော်မူခဲ့သောကြောင့်ဖြစ်သည်။ ဆေးပညာဟူသော အမည်ခံ၍ အချို့သောသူများက အကွယ်ရှိအကြောင်းအရာများကို သိရှိကြောင်း ကြွေးကြော်ခြင်းသည်လည်း ထိုကိစ္စရပ်များတွင် အကျုံးဝင်သည်။ ယင်းမှာ လူနာ(အမျိုးသား)၏ ခေါင်းပေါင်း၊ လူနာ(အမျိုးသမီး)၏ ခေါင်းမြီးခြုံပဝါ သို့မဟုတ် ထိုကဲ့သို့သောအရာများကို နမ်းရှူပြီးနောက် ဤလူနာ(အမျိုးသား) သို့မဟုတ် ဤလူနာ (အမျိုး သမီး)သည် ဤသို့ ပြုလုပ်ခဲ့သည်၊ ထိုသို့ လုပ်ဆောင်ခဲ့သည်ဟု ပြောဆိုခြင်းဖြစ်သည်။ အဆိုပါပြောဆိုမှုများသည် လူ နာ၏ ခေါင်းပေါင်းနှင့် အလားတူအရာများတွင် မည်သည့် လက္ခဏာရပ်မျှ မပြသဘဲ ပြောဆိုသော အကွယ်ရှိအ ကြောင်းအရာများပင် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့က ၎င်းအား ဆေးပညာ၊ ရောဂါအမျိုးအစားများနှင့် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများကို ကျွမ်းကျင်သိရှိသူဟု ပြောဆိုလာကြစေရန် သာမန်လူထုအား လှည့်စားရန်သာဖြစ်သည်။ ၎င်းသည် လူနာများအား ဆေးဝါးအချို့ကိုလည်း ပေးကောင်းပေးမည်ဖြစ်ပြီး၊ တစ်ခါတစ်ရံ ထိုသို့ပေးလိုက်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်စီမံမှုဖြင့် ရောဂါပျောက်ကင်းသွားခြင်းနှင့် တိုက်ဆိုင်သွားသည့်အခါ လူတို့က ၎င်း၏ဆေးဝါးကြောင့် ပျောက်ကင်းသွားသည်ဟု ထင်မှတ်ကြလေသည်။ တစ်ခါတစ်ရံတွင် ရောဂါသည် ဆေးကုသပေးသည်ဟု အယောင်ဆောင်သူအား အစေခံကြသော အချို့သော ဂျင်န်များနှင့် ရှိုင်သွာန်မိစ္ဆာကောင်များ၏ ပယောဂကြောင့် ဖြစ်တတ်သည်။ ၎င်းတို့သည် မိမိတို့သိရှိထားသော အချို့သော အကွယ်မှအရာများအကြောင်းကို ထိုသူအား သတင်းပေးကြသည်။ ထို့ကြောင့် ထိုသူသည် ယင်းအပေါ် မှီခိုအားထားပြီး၊ ဂျင်န်များနှင့် ရှိုင်သွာန်မိစ္ဆာကောင်များ နှစ်သက်သည့် ခဝပ်ကိုးကွယ်မှုမျိုးဖြင့် ၎င်းတို့အား ကျေနပ်စေသည်။ ထိုအခါ ၎င်းတို့သည် ထိုလူနာထံမှ ဖယ်ခွာသွားကြပြီး၊ ၎င်းအား ပူးကပ်၍ ဒုက္ခပေးနှောင့်ယှက်ထားမှုများကို စွန့်လွှတ်လိုက်ကြသည်။ ဤသည်ကား ဂျင်န်များ၊ ရှိုင်သွာန်မိစ္ဆာကောင်များနှင့် ၎င်းတို့ကို အသုံးချသူများနှင့်စပ်လျဉ်း၍ လူသိများထင်ရှားသော ကိစ္စရပ်ဖြစ်သည်။
မွတ်စ်လင်မ်များအပေါ်တွင်လည်း တာဝန်ရှိသည်မှာ - ထိုအရာကို သတိထားရှောင်ကြဉ်ရန်၊ ၎င်းကို စွန့်လွှတ်ရန် အချင်းချင်း ဆုံးမတိုက်တွန်းကြရန်၊ အလ္လာဟ်အရှင်မြတ်အား အားကိုး အားထားပြုရန်နှင့် ကိစ္စရပ်အားလုံး၌ အရှင်မြတ်အပေါ် ယုံကြည်အားထားရန် ပင်ဖြစ်သည်။ ရွတ်က်ယဟ်မန်းမှုတ်ကုသခြင်း၊ ခွင့်ပြုထားသော ဆေးဝါးများကို သုံးစွဲခြင်းနှင့် လက်တွေ့ကျ၍ ယုတ္တိတန်သော အကြောင်းခံများဖြင့် လူနာအား စမ်းသပ်စစ်ဆေးကာ ရောဂါကို အတည်ပြုပေးသော ဆရာဝန်များထံတွင် ကုသမှုခံယူခြင်းတို့သည် အပြစ်မရှိပေ။ အမှန်တကယ်ပင် တမန်တော်မြတ် ﷺ က ဤသို့ မိန့်ကြားတော်မူခဲ့သည်မှာ မှန်ကန်ပေသည် - "အလ္လာဟ်အရှင်မြတ်သည် မည်သည့်ရောဂါဝေဒနာကိုမျှ ၎င်းအတွက် သက်သာပျောက်ကင်းစေမည့်အရာကို မချပေးဘဲ ကျရောက်စေတော်မမူခဲ့ပေ။ ထိုအရာကို သိရှိသူက သိရှိပေမည်၊ မသိရှိသူက မသိရှိဘဲနေပေမည်။" ကိုယ်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်မှာ- ရောဂါဝေဒနာတိုင်းအတွက် ဆေးဝါးရှိသည်။ အကယ်၍ ဆေး ဝါးသည် ရောဂါဝေဒနာနှင့် ကိုက်ညီသွားပါက အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် သက်သာပျောက်ကင်းသွားမည်ဖြစ်သည်။ ကိုယ်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တို့ အသင်တို့သည် ဆေးဝါးကုသမှု ခံယူကြလေကုန်၊ ၎င်းပြင် ဟရာမ် (တားမြစ်ထားသောအရာ) ဖြင့် ဆေးဝါးကုသခြင်းကို မပြုကြလေနှင့်။ ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် ဟဒီးဆ်တော်အမြောက်အများရှိပေသည်။
အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များအားလုံး၏ အခြေအနေများကို ပြုပြင်ပြောင်းလဲပေးသနားတော်မူရန်၊ ၎င်းတို့၏ စိတ်နှလုံးများနှင့် ခန္ဓာကိုယ်များအား ဆိုးသွမ်းမှုအပေါင်းမှ ကုသပျောက်ကင်းစေတော်မူရန်၊ ၎င်းတို့အား တရားလမ်းမှန်ပေါ်၌ စုစည်းစေတော်မူရန်နှင့် ကျွန်ုပ်တို့နှင့် ၎င်းတို့အား လမ်းမှားသို့ရောက်စေသော ဖိသ်နဟ်စမ်းသပ်မှုများမှလည်းကောင်း၊ ရှိုင်သွာန်နှင့် ၎င်း၏အပေါင်းအပါများအား နာခံခြင်းမှလည်း ကောင်း ကာကွယ်စောင့်ရှောက်တော်မူရန် ကျွန်ုပ်တို့ ထိုအရှင်မြတ်ထံတော်ပါးတွင် ဆုတောင်းပတ္တနာပြုအပ်ပါသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စွမ်း ဆောင်နိုင်တော်မူသောအရှင် ဖြစ်ပေသည်။ အမြင့်မြတ်ဆုံးနှင့် အကြီးကျယ်ဆုံးဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှတစ်ပါး အခြားမည်သည့် အစွမ်းအစနှင့် ခွန်အားမျှ မရှိပေ။
အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့် တမန်တော်ဖြစ်သော ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူအိမ်သားများနှင့် သာဝကတော်များအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။
သဝဏ်လွှာ(၄)
ဗိဒ်အသ် တရားသစ်တီထွင်မှုများနှင့် ရှိရ်က် (အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်မှု) များ ပါဝင်သော ရွတ်ဖတ်ပွားများမှုများဖြင့် အိဗာဒသ် ခဝပ်ကိုးကွယ်မှု ပြုလုပ်ခြင်းနှင့်ပတ် သက်သည့် ပညတ်ချက်။
အဗ္ဗဒွလ်အဇီးဇ် ဗင်န် အဗ်ဒွလ္လာဟ် ဗင်န် ဗာဇ် မှ လေးစားအပ်ပါသော ညီနောင် (.........) သို့၊ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကောင်းမှုအဝဝကို ကျင့်ဆောင်နိုင်ရန် စွမ်းအားပေးတော်မူပါစေ၊ အာမီးန်။
အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကရုဏာတော်အပေါင်း၊ မင်္ဂလာအပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။
ထို့နောက် - အသင်တို့၏ မွန်မြတ်လှသောစာလွှာသည် ကျွန်ုပ်ထံသို့ ရောက်ရှိလာခဲ့ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား မိမိ၏ လမ်းမှန်တရားနှင့် ဆက်သွယ်ပေးတော်မူပါစေ။ ထိုစာလွှာ၌ ပါဝင်သောအသိပေးချက်များအရ အသင်တို့၏တိုင်းပြည်တွင် အလ္လာဟ်အရှင်မြတ်အထံတော်မှ မည်သည့်သက်သေအထောက်အထားကိုမျှ ချပေးသနားတော်မူခဲ့ခြင်းမရှိသော (အော်ရ်ဝါဒ်) ရွတ်ဖတ်ဖွယ်ရာများကို စွဲကိုင်ကျင့်သုံးနေကြသည့် လူအချို့ရှိနေကြောင်း၊ ၎င်းအရာများအနက် အချို့မှာ (ဗိဒ်အသ်) သာသနာ၌လုပ်ကြံဖန်တီးထားသောအရာများဖြစ်ပြီး အချို့မှာ (ရှစ်ရ်က်) အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်မှုများ ဖြစ်ကြကြောင်း၊ ထို့ပြင် ၎င်းတို့သည် ထိုအရာများကို (အမီးရွလ်မို့အ်မိနီးန်) သက်ဝင်ယုံကြည်သူများ၏ခေါင်းဆောင် အလီဗင်န်အဗီသွာလစ်ဗ် (ရသွီယလ္လာဟုအန်ဟ်) နှင့် အခြားပုဂ္ဂိုလ်များထံသို့ ရည်ညွှန်းပြောဆိုကြကြောင်းကို သိရှိရပါသည်။ ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ် ထံတော်သို့ နီးကပ်မှုရယူခြင်း ဖြစ်သည်ဟု ယူဆလျက် ထိုဝရ်ဒ်များကို ဇိကိရ် မဂျ်လစ်စ်များတွင်ဖြစ်စေ၊ သို့မဟုတ် ဗလီကျောင်းတော်များ၌ မဂ်ရိဗ်ဆွလာသ်ပြီးနောက်တွင်ဖြစ်စေ ရွတ်ဖတ်ကြသည်။ ဥပမာအားဖြင့် သူတို့က ပြောဆိုကြသည်- “အလ္လာဟ် အရှင်မြတ်၏ ဟက္က်ဖြင့်၊ အို- အလ္လာဟ် အရှင်မြတ်၏ ရိဂျာလ်(သူတော်စင်)တို့၊ အလ္လာဟ် အရှင်မြတ်၏ အကူအညီဖြင့် ကျွန်ုပ်တို့အား ကူညီကြပါ၊ ၎င်းပြင် အလ္လာဟ် အရှင်မြတ်အားဖြင့် ကျွန်ုပ်တို့အား ကူညီသူများ ဖြစ်ကြပါ။” ၎င်းတို့က ဤသို့ပြောဆိုကြသကဲ့သို့ပင်ဖြစ်သည်- "အို- ကွတ်သ်ဗ်သူတော်စင်ကြီးများ၊ အို- အရှင်သခင်ကြီးများ၊ အို- ကျွန်တော်မျိုးတို့အား ကူညီမစတော်မူသော အရှင်တို့၊ ကျွန်တော်မျိုးတို့၏ ပန်ကြားချက်ကို ဖြေကြားတော်မူပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှဖာအသ်ပြုပေးတော်မူပါ။ ဤသည်ကား အရှင်တို့၏ရှေ့မှောက်၌ ရပ်နေသော အရှင်တို့၏ ကျွန်တော်မျိုးပင်ဖြစ်ပါသည်။ အရှင်တို့၏ တံခါးဝ၌ အမြဲခစားလျက်ရှိပါသည်။ မိမိ၏ ချို့ယွင်းအားနည်းမှုများအတွက်လည်း ကြောက်ရွံ့လျက်ရှိပါသည်။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ကို ကယ်တင်စောင်မတော်မူပါ။ ကျွန်တော်မျိုးအတွက် ကိုယ်တော်မှအပ သွားရောက်ခိုလှုံရာဟူ၍ အခြားမရှိပါ။ ကိုယ်တော့်ထံမှသာ တောင်းဆုများ ပြည့်ဝရရှိနိုင်ပါသည်။ ကိုယ်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ အနီးကပ်သူတော်စင်များ ဖြစ်ကြပါသည်။ ရှဟီးဒ်များ၏ခေါင်းဆောင် ဟမ်ဇာသခင်အား အကြောင်းခံ၍လည်းကောင်း၊ အရှင်တို့အနက်မှ ကျွန်တော်မျိုးတို့အတွက် ကူညီမစမည့်သူတိုင်းအား အကြောင်းခံ၍လည်းကောင်း (တောင်းပန်ပါ၏)။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ကို ကယ်တင်စောင်မတော်မူပါ။" ၎င်းတို့က ဤသို့ ပြောကြားသကဲ့သို့ပင်- "အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ တန်ခိုးအာဏာတော်ဆိုင်ရာ လျှို့ဝှက်ချက်များ ပွင့်ဟလာစေရန်နှင့် အရှင်မြတ်၏ ကရုဏာတော်ဆိုင်ရာ အလင်းရောင်များ ဖြာထွက်လာစေရန် အကြောင်းခံအဖြစ် အရှင်မြတ် ပြုလုပ်ပေးတော်မူခဲ့ပြီး၊ ထို့ကြောင့် အရှင်မြတ်၏ ရှေ့တော်မှောက်မှ ကိုယ်စားလှယ်တော်အဖြစ်လည်းကောင်း၊ အရှင်မြတ်၏ ဇာတ်တော်ဆိုင်ရာ လျှို့ဝှက်ချက်များ၏ ခလီဖှာအဖြစ်လည်းကောင်း ဖြစ်လာခဲ့သော ကိုယ်တော်မြတ်အား ချီးမွမ်းတော်မူပါ။"
မည်သည့်အရာသည် ဘစ်ဒ်အသ် (အသစ်တီထွင်မှု) ဖြစ်သည်၊ မည်သည့်အရာသည် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှု ဖြစ် သည် နှင့် ဤဒိုအာကို တောင်းခံသော အီမာမ်၏အနောက်တွင် ဆွလာသ်ဝတ်ပြုခြင်း အထမြောက်မှု ရှိ၊ မရှိတို့ကို ရှင်းလင်းဖော်ပြပေးရန် အသင်တို့၏ လိုလားချက်များအားလုံးကို သိရှိထားပြီးဖြစ်ပါသလော။
အဖြေမှာ - ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအဖို့သာတည်း။ ထို့နောက် ငြိမ်းချမ်းသာယာမှုအပေါင်းနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်) အပေါ်သို့လည်း ကောင်း၊ (ယင်းနဗီ၏နောက်တွင် မည်သည့်နဗီမျှ ပွင့်တော့မည်မဟုတ်ပေ။) ကိုယ်တော်၏ အိမ်တော်သူအိမ်တော်သားများနှင့် သာဝကများအပေါ်သို့လည်းကောင်း၊ တရားစီရင်တော်မူမည့်နေ့တိုင်အောင် ကိုယ်တော်၏ လမ်းစဉ်ကို လိုက်နာကျင့်သုံးသူများအပေါ်သို့လည်းကောင်း ကျရောက်တော်မူပါစေ။
ထို့နောက် ဆက်လက်တင်ပြရမည်ဆိုလျှင်- အသင်သိမှတ်ထားပါလေ -အလ္လာဟ်အရှင်မြတ်သည် သင့်အား လမ်းမှန်ပို့ချပေးသနားတော်မူပါစေ- အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံသတ္တဝါများအား ဖန်ဆင်းတော်မူခြင်းနှင့် ရစူလ်တမန်တော် (عَلَيْهِمُ الصَّلَاةُ وَالسَّلَامُ) များအား စေလွှတ်တော်မူခဲ့ခြင်းမှာ ထိုအရှင်မှအပ အခြားသောအရာများအားလုံးကို ဖယ်ကြဉ်၍ တစ်ဆူတည်းဖြစ်တော်မူသော၊ တုဖက်နှိုင်းယှဉ်ခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်အတွက်သာ ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အားလည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရန်သာလျှင်ဖန်ဆင်းတော်မူခဲ့၏။) (စူရဟ် ဇားရိယာသ်- အာယသ် ၅၆)
အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည့်အတိုင်း အိဗာဒသ်ဟူသည် အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ တမန်တော်မြတ် မုဟမ္မဒ် (ﷺ) အား အမိန့်နာခံခြင်းဖြစ်သည်။ ထိုသို့နာခံရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်အပေါ် ယုံကြည်ခြင်း၊ လုပ်ရပ်များတွင် အလ္လာဟ်အရှင်မြတ်အဖို့သာ ရည်စူးလုပ်ဆောင်ခြင်း (အိခ်လားစ်) ရှိခြင်း၊ အလ္လာဟ်အရှင်မြတ်အား အလွန်တရာ ချစ်မြတ်နိုးခြင်းနှင့် ထိုအရှင်မြတ်မှအပ အခြားမည်သူ့ကိုမျှမထားဘဲ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းအတွက်သာလျှင် ပြီးပြည့်စုံစွာ နိမ့်ချရိုကျိုးခြင်းတို့အပေါ် အခြေခံလျက် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်တို့ အမိန့်ပေးစေခိုင်းထားသောအရာများကို လုပ်ဆောင်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်တို့ တားမြစ်ထားသောအရာများကို စွန့်လွှတ်ရှောင်ကြဉ်ခြင်းအားဖြင့် ပြုလုပ်ရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်ခွန်းတော်မူသကဲ့သို့ - ထို့ပြင် အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်က အမိန့် ပြဋ္ဌာန်းတော်မူသည်။ အသင်တို့သည် အရှင်မြတ် တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်း မှလွဲ၍ အခြားကို ကိုးကွယ်မှု မပြုရပေ။... (စူရဟ် အိစ်ရာအ်- အာယသ် ၂၃) ဆိုလိုသည်မှာ အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန် အမိန့်ပေးမှာကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ချီးမွမ်းထောမနာခြင်း ဟူဟူသမျှသည် စကြဝဠာ အပေါင်းတို့ကို (မဖြစ်ပေါ်မီကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့်) ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။ ၂ (အလ္လာဟ်အရှင်မြတ်သည်) မပြတ်မစဲ သနားကြင်နာညှာတာ တော်မူသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူ၏။ ၃ တရားစီရင်တော်မူသောနေ့၏ အရှင်မြတ် ၄ အရှင်မြတ်ကိုသာလျှင် ကျွန်တော်မျိုးတို့ ကိုးကွယ်ဆည်းကပ်ခြင်းပြုပါ၏။ အရှင်မြတ်ထံတော်၌သာ ကျွန်တော်မျိုးတို့ အကူအညီများကို တောင်းခံကြပါ၏။ ၅ (စူရဟ် ဖာသိဟဟ်- အာယသ် ၂ - ၅) ထို့ကြောင့် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူပြီး မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်များအားဖြင့် ထိုအရှင်မြတ်သည် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သည့် တစ်ပါးတည်းသောအရှင်ဖြစ်ပြီး အရှင်မြတ်တစ်ပါးတည်းထံမှသာ အကူအညီတောင်းခံရမည်ဖြစ်ကြောင်း ရှင်း လင်းစွာ ဖော်ပြတော်မူခဲ့သည်။ ဘုန်းတော်ကြီးမြတ်တော်မူသော အရှင်မြတ် မိန့်တော်မူသည်မှာ- မုချအမှန် ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။ သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။... (စူရဟ် ဇုမရ်- အာယသ် ၂ - ၃) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - သို့ဖြစ်ရာ ကာဖိရ်များသည် မနှစ်မြို့ကြလျှင်လည်း အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ် အတွက် သက်သက် ဖြစ်စေကြလျက် ကိုးကွယ်ကြပါ။ (စူရဟ် ဂါဖိရ်- အာယသ် ၁၄) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ﴾ထို့ပြင် အမှန်စင်စစ် မတ်စ်ဂျိဒ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ် အရှင်မြတ်အတွက်ပင် ဖြစ်ခြင်းကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သူ့ကိုမျှ မကိုးကွယ်ကြနှင့်။၁၈ ﴿ (စူရဟ် ဂျင်န်- အာယသ် ၁၈) ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယသ်တော်အ မြောက်အများရှိပေသည်။ ၎င်းတို့အားလုံးက အိဗာဒသ် ခဝပ်ကိုးကွယ်မှုအား အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာ ပြုလုပ်ရန်အရေးကြီးကြောင်း ညွှန်ပြနေပေသည်။
ဧကန်အမှန် ဒုအာဆုတောင်းခြင်း အမျိုးအစားအားလုံးသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်ကြောင်း အများသိရှိပြီးဖြစ်သည်။ သို့ဖြစ်၍ ဤမွန်မြတ်လှသော အာယသ်တော်များနှင့် ၎င်းတို့၏ ဆိုလိုရင်းအဓိပ္ပါယ်များကို လိုက်နာကျင့်သုံးသည့်အနေဖြင့် လူသားများအနက် မည်သူတစ်ဦးတစ်ယောက်မျှ မိမိ၏ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှအပ အခြားမည့်သူ့ထံတွင်မျှ ဒုအာတောင်းခံခွင့်မရှိသလို၊ ထိုအရှင်မြတ်ထံမှအပ အခြားမည်သူ့ထံတွင်မျှ အကူအညီတောင်းခံခွင့်နှင့် ကယ်တင်စောင်မရန် တောင်းခံခွင့်လည်း မရှိပါ။ ဤသည်မှာ သက်ရှိထင်ရှား မျက်မှောက်၌ရှိနေသော ဖန်ဆင်းခံများ တတ်စွမ်းနိုင်သည့် သာမန်ကိစ္စရပ်များနှင့် ထိတွေ့ခံစားနိုင်သော အကြောင်းတရားများမှအပ ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုတွင် အကျုံးမဝင်ပေ။ အမှန်တကယ်တော့ လူတစ်ဦးသည် အသက်ထင်ရှားရှိပြီး စွမ်းဆောင်နိုင်သော အခြားလူတစ်ဦးထံ ၎င်းတတ်စွမ်းနိုင်သည့် သာမန်ကိစ္စရပ်များတွင် အကူအညီတောင်းခံခြင်းကို နဆ် (ကျမ်းလာအထောက်အထား) နှင့် အစ်ဂျ်မာအ် (တညီတညွတ်တည်း သဘောတူညီချက်) အရ ခွင့်ပြုထားသည်။ ဥပမာအားဖြင့်- သားသမီး၊ အစေခံ သို့မဟုတ် ခွေး၏ အန္တရာယ်ကို တွန်းလှန်ရန်အတွက် ၎င်းထံ အကူအညီတောင်းခံခြင်း သို့မဟုတ် ဒုက္ခများမှကယ်တင်ရန် တောင်းခံခြင်းနှင့် အခြားအလားတူ ကိစ္စရပ်များ ဖြစ်သည်။ ၎င်းသည် လူတစ်ဦးက မိမိ၏အိမ်ကို ဆောက်လုပ်ရာတွင်၊ သို့မဟုတ် မိမိ၏ကားကို ပြုပြင်ရာတွင်၊ သို့မဟုတ် ထိုကဲ့သို့သော ကိစ္စရပ်များ၌ သက်ရှိထင်ရှားရှိပြီး၊ မျက်မှောက်တွင်ရှိကာ၊ စွမ်းဆောင်နိုင်သော အခြားလူတစ်ဦးထံမှဖြစ်စေ၊ သို့မဟုတ် အဝေးတွင်ရောက်ရှိနေသူထံမှဖြစ်စေ စာရေးသားဆက်သွယ်ခြင်းနှင့် အခြားအလားတူ အာရုံငါးပါးဖြင့် သိနိုင်သည့် အကြောင်းခံများမှတစ်ဆင့် အကူအညီတောင်းခံသကဲ့သို့ ဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ခုမှာ- လူသားက ဂျိဟာဒ်သက်စွန့် ကြိုး ပမ်းမှုနှင့် စစ်ပွဲ စသည်တို့တွင် မိမိ၏ အပေါင်းအသင်းများထံမှ အခက်အခဲ ဒုက္ခများမှ လွတ်ကင်းစေရန် တောင်းခံခြင်း ဖြစ်သည်။ ဤကဏ္ဍနှင့်စပ်လျဉ်း၍ မူစာ(عَلَيْهِ الصَّلَاةُ وَالسَّلَامُ)၏ဖြစ်ရပ်၌ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- (...ထို့နောက် ၎င်း၏အမျိုးသားဖြစ်သူသည် ၎င်း၏ရန်သူဖြစ်သူအပေါ် (အနိုင်ရရန်) ၎င်းထံ အကူအညီ တောင်းခံခဲ့လေသည်။...) (စူရဟ် အလ်ကစွက်စ်- အာယသ်၂၈:၁၅)
သို့သော် သေသူများ၊ ဂျင်န်များ၊ မလာအိကဟ်များ၊ သစ်ပင်များနှင့် ကျောက်တုံးများထံ အကူအညီတောင်းခံခြင်းသည် ရှိရ်က်အက်ဗရ် (အကြီးစား ရှိရ်က် တုဖက်နှိုင်းယှဉ်ကိုးကွယ်မှုပင်) ဖြစ်သည်။ ၎င်းလုပ်ရပ်သည် ရှေးခေတ် မွရှ်ရစ်က်များက ၎င်းတို့၏ ကိုးကွယ်ရာများဖြစ်သော အွဇ်ဇာ၊ လားသ် နှင့် အခြားအရာများအပေါ် ပြုမူခဲ့ကြသည့် လုပ်ရပ်မျိုးပင်ဖြစ်သည်။ ထိုနည်းတူစွာပင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သူမျှ မစွမ်းဆောင်နိုင်သော ကိစ္စရပ်များဖြစ်သည့် မကျန်းမာသူများကို ရောဂါပျောက်ကင်းမှုပေးရန်၊ နှလုံးသားများကို တရားလမ်းမှန်ပြသပေးရန်၊ ဂျန္နသ်သို့ ဝင်ရောက်ခွင့်ပေးရန်၊ ငရဲမီးမှ လွတ်မြောက်ခွင့်ပေးရန် စသည့်ကိစ္စရပ်များကို ဝလီဖြစ်သည်ဟု ယုံကြည်ထားသော သက်ရှိထင်ရှားသူများထံ အကူအညီတောင်းခံခြင်းသည်လည်း အလားတူပင်ဖြစ်သည်။
ယခင်ဖော်ပြခဲ့ပြီးသော အာယသ်တော်များအပြင် ၎င်းတို့ကဲ့သို့ လာရှိသည့် အခြားသောအာယသ်တော်များနှင့် ဟဒီးဆ်တော်များအားလုံးကလည်း အရေးကိစ္စတိုင်း၌ နှလုံးသားများကို အလ္လာဟ်အရှင်မြတ်ဘက်သို့သာ လှည့်ရန်နှင့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုအား အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာ ရည်စူးသတ်မှတ်၍ ပြုလုပ်ရန်အရေးကြီးကြောင်း မီးမောင်းထိုးပြနေပေသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံကျွန်များသည် ထိုအရာအတွက်သာ ဖန်ဆင်းခြင်းခံခဲ့ရပြီး ထိုအရာကိုပြုလုပ်ရန် အမိန့်ပေးစေခိုင်းခြင်း ခံခဲ့ရပေသည် (-ယခင်အာယသ်တော်များတွင် ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်းပင်-)။ ထို့အပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်းကို မပြုကြလေနှင့်။... (စူရဟ် နိစာအ်- အာယသ် ၃၆) ထို့ပြင် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ (ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက် ဖြစ်စေလျက် အာရုံစူးစိုက်ပြီး ကိုးကွယ်ကြရန်၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှလွဲ၍ အခြား မည်သည့် အရာမျှ အမိန့်ပေးခြင်း ခံခဲ့ကြရသည် မဟုတ်ပေ)။ (စူရဟ် ဗိုင်ယ်ယိနဟ်- အာယသ် ၅) မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သော ဟဒီးဆ်တော်၌ တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ဤဟဒီးဆ်အား အိမာမ်ဗုခါရီနှင့်အိမာမ်မွတ်စ်လင်မ်ကမိမိတို့၏ ဆွဟီးဟ်ကျမ်း၌ ဆင့်ပြန်တင်ပြထားပေသည်။ အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည့် ဟဒီးဆ်တော်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- «အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ လားရမည်။» (ဗုခါရီကျမ်း) ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ် ကျမ်းတွင် အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) မှဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်(ﷺ)သည် မုအာဇ်(رَضِيَ اللّٰهُ عَنْهُ)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- "ဧကန်အမှန် အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော အရှင်မရှိကြောင်းကို သက်သေခံရန် ပထမဦးဆုံး ဖိတ်ခေါ်ပါလေ။" အခြားစကားရပ်တစ်ရပ်တွင် လာရှိသည်မှာ - "«အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့် အရှင်မရှိကြောင်းနှင့် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ၎င်းတို့အား တင်ပြဖိတ်ခေါ်ပါ။»" ဗုခါရီကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ - «အသင်သည် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန် ပထမဦးဆုံး ဖိတ်ခေါ်ပါလေ။» ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်းတွင် သွာရိက် ဗင်န် အရှီးမ် အလ်အရှ်ဂျအီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်။ အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်(ဂျလ္လဂျလာလုဟ်)နှင့်သာ သက်ဆိုင်ပေသည်။ ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် ဟဒီးဆ်တော်အမြောက်အများရှိပေသည်။
ဤသောင်ဟီးဒ် တရားတော်သည် အစ္စလာမ်သာသနာ၏ အခြေအမြစ်ဖြစ်သည်။ ၎င်းသည် သာသနာ၏ အခြေခံအုတ်မြစ်၊ ကိစ္စအရပ်ရပ်၏ ပင်မအချက်နှင့် အရေးအကြီးဆုံးသော တာဝန် (ဖရ်ဇ်) ဖြစ်သည်။ ထို့ပြင် ၎င်းသည် ဂျင်န်နှင့် လူသားတို့ကို ဖန်ဆင်းရခြင်း၏ ဟစ်က်မသ် (ရည်ရွယ်ချက်) ဖြစ်သကဲ့သို့၊ ရစူလ်တမန်တော်များအားလုံး (အလိုင်ဟိမုစ္စလာမ်) ကို စေလွှတ်တော်မူရခြင်း၏ ဟစ်က်မသ်လည်းဖြစ်သည်။ ယင်းကို ညွှန်ပြနေသော အာယသ်တော်များသည် အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်းဖြစ်သည်။ ၎င်းတို့အနက် အလ္လာဟ်အရှင်မြတ်၏ အောက်ပါ မိန့်ဆိုချက်လည်း ပါဝင်သည် - (စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အားလည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရန်သာလျှင်ဖန်ဆင်းတော်မူခဲ့၏။) (စူရဟ် ဇားရိယာသ်- အာယသ် ၅၆) ထို့ပြင် အထက်ပါအချက်၏သက်သေအထောက်အထားများအနက် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- (စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုး ကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ ...) (စူရဟ် နဟလ်- အာယသ် ၃၆) ထို့ပြင် ချို့တဲ့မှုအပေါင်းမှ သန့်စင်ကြယ်တော်မူသော၊ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာ ဖြစ်သည်။ (စူရဟ် အန်ဗိယာ- အာယသ် ၂၅) ထို့ပြင်အရှင်မြတ်သည် နူးဟ်၊ ဟူဒ်၊ ဆွာလိဟ်နှင့် ရှုအိုင်ဗ် (အလိုင်ဟိမွတ်စလာမ်)တို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့က မိမိတို့၏အမျိုးသားများအား ပြောကြားခဲ့ကြသည်မှာ - ( ... အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ (အခြား)ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ... ) (စူရဟ် အအ်ရာဖ်- အာယသ် ၇:၅၉) ယခင်အာယသ်တော်နှစ်ခုက ညွှန်ပြထားသည့်အတိုင်း ဤသည်ကား ရစူလ်တမန်တော်များအားလုံး၏ ဖိတ်ခေါ်ခြင်းပင်ဖြစ်သည်။ ရစူလ်တမန်တော်များသည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် ထိုအရှင်မှအပ (မှားယွင်းစွာ) ကိုးကွယ်ခံနေရတဲ့ အရာအားလုံးကို စွန့်လွှတ်ငြင်းပယ်ရန် အမိန့်ပေးခဲ့ကြောင်းကို ရစူလ်တမန်တော်များ၏ ရန်သူများကပင် ဝန်ခံခဲ့ကြသည်။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က အာဒ်လူမျိုးများ၏ ဖြစ်ရပ်တွင် ၎င်းတို့က ဟူးဒ်(عَلَيْهِ الصَّلَاةُ وَالسَّلَامُ)အား ပြောဆိုခဲ့ကြကြောင်း မိန့်ကြားတော်မူသည်မှာ- ﴾...ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်၍ မိမိတို့၏ အဖ၊ ဘိုးဘေး၊ ဘီဘင်တို့ ကိုးကွယ်ခဲ့ကြသည့် (ဘုရား)များကိုစွန့် လွှတ်ရန် အသင်သည် ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့ပါသလော...﴿ (စူရဟ် အအ်ရာဖ်- အာယသ် ၇၀) ကျွန်ုပ်တို့၏ တမန်တော်မြတ် မုဟမ္မဒ် (ﷺ) သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်အပ ၎င်းတို့ခဝပ်ကိုးကွယ်နေကြသော မလာအိကဟ်များ၊ သူတော်စင်များ၊ ရုပ်တုဆင်းတုများ၊ သစ်ပင်များနှင့် အခြားသောအရာများကို စွန့်လွှတ်ရန် ဖိတ်ခေါ်ခဲ့သောအခါ၊ ကုရိုင်းရ်ှတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ၎င်းသည် ကိုးကွယ်ရာ အမြောက်အမြားကို ကိုးကွယ်ရာတစ်ပါးတည်း ပြုလုပ်လိုက်သလော။ အမှန်စင်စစ် ဤသည် အလွန် အံ့သြဖွယ်ရာ တစ်ခု ဖြစ်သည်။ (စူရဟ် ဆွားဒ်- အာယသ် ၅) အလ္လာဟ်အရှင်မြတ်က ၎င်းတို့နှင့်ပတ်သက်၍ မိန့်တော်မူသည်မှာ- အမှန်စင်စစ် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင် မရှိ ဟု ပြောဆိုခံရသည့်အခါ ထိုသူတို့သည် မောက်မာပလွှားခဲ့ကြသည်။ ၎င်းပြင် ထိုသူတို့က “ဧကန်မလွဲ ကျွန်ုပ်တို့သည် ရူးသွပ်သော ကဗျာဆရာတစ်ဦးအတွက် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်လွှတ်ကြမည့်သူများလော” ဟု ပြောဆိုကြကုန်၏။ (စူရဟ် ဆွာဖ်ဖာသ်- အာယသ် ၃၅-၃၆) ဤအကြောင်းအရာကို ညွှန်ပြသည့် အာယသ်တော် အမြောက်အများရှိပေသည်။
ကျွန်ုပ်တို့ တင်ပြခဲ့သော အာယသ်တော်များနှင့် ဟဒီးဆ်တော်များအရ (အလ္လာဟ်အရှင်မြတ်သည် သင်နှင့် ကျွန်ုပ်အား သာသနာကို နားလည်သဘောပေါက်ရန်နှင့် စကြဝဠာခပ်သိမ်းကို မွေးမြူတော်မူသောအရှင်၏ ဟပ်က်-အခွင့်အရေးများကို ထိုးထွင်းသိမြင်နိုင်ရန် သောင်ဖီးက်ချီးမြှင့်တော်မူပါစေ) သင်၏မေးခွန်းတွင် ရှင်းလင်းဖော်ပြထားသည့် ဤဒုအာများနှင့် အကူအညီတောင်းခံမှု အမျိုးအစားများအားလုံးသည် ရှိရ်က်အက်ဗရ် (ကြီးလေးသော ရှိရ်က်တုဖက်နှိုင်းယှဉ်မှု) အမျိုးအစားများအနက်မှပင် ဖြစ်ကြောင်း သင့်အတွက် ထင်ရှားရှင်းလင်းသွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းလုပ်ရပ်များသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားသူအား အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခြင်းဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူမျှ မစွမ်းဆောင်နိုင်သော ကိစ္စရပ်များကို သေသူများနှင့် မျက်ကွယ်၌ရှိနေသူများထံ တောင်းခံခြင်းဖြစ်သောကြောင့်ဖြစ်သည်။ ထိုလုပ်ရပ်သည် ရှေးယခင်လူတို့၏ ရှိရ်က်ထက်ပင် ပို၍ဆိုးရွားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ရှေးယခင်လူတို့သည် သာယာချမ်းမြေ့ချိန်၌သာ ရှိရ်က်ပြုလေ့ရှိကြသောကြောင့်ဖြစ်သည်။ သို့ရာတွင် ခက်ခဲမှုဒုက္ခများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့ သည် အလ္လာဟ်အရှင်မြတ်ကိုသာ သီးသန့် ခဝပ်ကိုးကွယ်ကြသည်။ အကြောင်းမှာ ၎င်းတို့သည် အခြားမည်သူမျှမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ၎င်းတို့အား ခက်ခဲဒုက္ခမှ လွတ်မြောက်စေရန် စွမ်းဆောင်နိုင်တော်မူကြောင်းကို သိရှိကြသောကြောင့်ဖြစ်သည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က မိမိ၏ ထင်ရှားပြတ်သားသော ကျမ်းမြတ်တွင် ထိုယှဉ်တွဲကိုးကွယ်သူ ‘မုရှ်ရစ်က်’ များနှင့် ပတ်သက်၍ မိန့်ကြားတော်မူထားသကဲ့သို့ပင် ဖြစ်သည်- ထို့ပြင် သူတို့သည် သင်္ဘောပေါ် စီးနင်း လိုက်ပါကြသည့်အခါ အလ္လာဟ် အရှင်မြတ်ကိုသာ စိတ်စေတနာ ဖြူစင်စွာဖြင့် ဟစ် ခေါ် တသကြသည်။ ထို့နောက် အရှင်မြတ်သည် သူတို့အား ကယ်တင်ပြီး ကုန်းပေါ် ပို့လိုက်သည့်အခါ သူတို့သည် ချက် ချင်းပင် အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ကြတော့သည်။ (စူရဟ် အန်ကဗူးသ်- အာယသ် ၆၅) အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား အခြားအာယသ်တော်တစ်ပါးတွင် မိန့်တော်မူသည်မှာ- ထို့ပြင် ပင်လယ်၌ အသင်တို့အား ဘေးအန္တရာယ် ကျရောက်သည့်အခါ (အလ္လာဟ်) အရှင်မြတ်မှတစ်ပါး အသင်တို့ ဟစ် ခေါ်တသကြသော အရာအားလုံးတို့သည် ပျောက်ကွယ်သွားကြကုန်၏။ ထို့နောက် အရှင်မြတ်သည် အသင်တို့အား ကယ်တင်ပြီး ကုန်းပေါ် ပို့လိုက်သည့်အခါ အသင်တို့သည် မျက်နှာလွှဲဖယ်သွားကြ၏။ စင်စစ်တမူကား လူသားသည် အလွန်တရာ ကျေးဇူးကန်းသောသူ ဖြစ်ပေသည်။ (စူရဟ် အစ္စရာအ်- အာယသ် ၆၇)
အကယ်၍ ဤနောက်ပိုင်းခေတ်သမယတွင် ရှိသော ယှဉ်တွဲကိုးကွယ်သူတို့အနက်မှ တစ်စုံတစ်ယောက်က- “ဧကန်စင်စစ် ကျွန်ုပ်တို့သည် ထိုသူတို့က ၎င်းတို့ကိုယ်တိုင် အကျိုးပြုမည်၊ ၎င်းတို့ကိုယ်တိုင် ကျွန်ုပ်တို့၏ မကျန်းမာသူများကို ရောဂါပျောက်ကင်းမှုပေးမည်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ကျွန်ုပ်တို့အား အကျိုး ဖြစ်ထွန်းစေမည်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ကျွန်ုပ်တို့အား နစ်နာစေမည်ဟု ရည်ရွယ်ခြင်း မဟုတ်ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့ ရည်ရွယ်သည်မှာ ထိုကိစ္စရပ်များနှင့်ပတ်သက်၍ အလ္လာဟ် အရှင်မြတ် ထံတော်၌ ၎င်းတို့၏ ကြားဝင် အသနားခံပေးခြင်းကိုသာ ဖြစ်ပါသည်” ဟု ပြောဆိုလာခဲ့မည်ဆိုလျှင်-
သို့ဖြစ်ပါ၍ ၎င်းအား ဤသို့ ဖြေကြားရမည်ဖြစ်သည်- ဧကန်စင်စစ် ဤသည်မှာ ရှေးယခင် သွေဖည်ငြင်းပယ်သူများ၏ ရည်ရွယ်ချက်နှင့် အလိုဆန္ဒပင်ဖြစ်ပေသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ကိုးကွယ်ရာများသည် ကိုယ်ပိုင်အစွမ်းဖြင့် ဖန်ဆင်းခြင်း၊ ရိက္ခာပေးသနားခြင်း၊ ကောင်းကျိုးဆောင်ကြဉ်းပေးခြင်း၊ သို့တည်းမဟုတ် ဆိုးကျိုးသက်ရောက်စေခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်ဟူ၍ အလျင်းမဟုတ်ပေ။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်တွင် ၎င်းတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြတော်မူထားသည့်အရာက ယင်းအချက်ကို ချေဖျက်ထားပေသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ထိုကိုးကွယ်ရာများ၏ ကြားဝင်အသနားခံပေးမှုနှင့် အဆင့်အတန်းကိုသာ အလိုရှိခဲ့ကြပြီး၊ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်နှင့် အလွန်ပင်နီးကပ်စေရန်အတွက်သာ ရည်ရွယ်ခဲ့ကြခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ် ရှင်းလင်းတင်ပြတော်မူသည်မှာ- "ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ်အား စွန့်ပြီး အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အား နစ်နာစေရန်လည်း မပြုလုပ်နိုင်ပေ၊ ၎င်းပြင် သူတို့အား အကျိုး ဖြစ်ထွန်းစေရန်လည်း မပြုလုပ်နိုင်ပေ။ ၎င်းနောက် သူတို့က ပြောဆိုကြသည်- “ဤအရာများသည် ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ် ထံတော်၌ ကြားဝင် အသနားခံပေးမည့် အရာများပင် ဖြစ်ကြသည်...”" (စူရဟ် ယူနွတ်စ်- အာယသ် ၁၈) ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဤသို့ မိန့်ဆိုခြင်းဖြင့် တုံ့ပြန်တော်မူခဲ့သည်- ...(အို- တမန်တော်) ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ် အရှင်မြတ်အား မိုးကောင်းကင်များတွင် လည်းကောင်း၊ မြေပထဝီတွင် လည်းကောင်း၊(အရှင်မြတ် မှလွဲ၍ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော အရှင် မရှိကြောင်း အရှင်မြတ် သိထားပါလျက်) အရှင်မြတ် မသိသော (မရှိသည့်) အရာများနှင့် ပတ်သက်၍ သတင်း ပေးနေကြသလော။ အရှင်မြတ်သည် သန့်ရှင်း စင်ကြယ်တော်မူသည့် အပြင် အရှင်မြတ်သည် သူတို့ တွဲဖက် ကိုးကွယ်သော အရာများထက် အလွန် မြင့်မား ထွတ်မြတ်လှတော်မူသည်။” (စူရဟ် ယူနွတ်စ်- အာယသ် ၁၈) ထို့ကြောင့် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်မှာ- မိုးကောင်းကင်များနှင့် မြေပထဝီတွင် ဖက်စပ်ကိုးကွယ်သူများ ရည်ရွယ်ထားသကဲ့သို့ အရှင်မြတ်ထံတော်၌ အသနားခံတင်ပြပေးမည့်သူ ရှိနေသည်ဟု အရှင်မြတ် သိရှိတော်မမူပေ။ အလ္လာဟ်အရှင်မြတ်က ၎င်းတည်ရှိနေမှုကို သိရှိတော်မမူသောအရာသည် လုံးဝတည်ရှိခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်အပေါ် မည်သည့်အရာတစ်ခုကမျှ ဖုံးကွယ်တိမ်မြုပ်နေသည်ဟူ၍ မရှိသောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ဤကျမ်းဂန်တော်ကို ချပေးတော်မူခြင်းသည် အကြွင်းမဲ့ တန်ခိုးအာဏာနှင့် ပြည့်စုံတော်မူသော၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်ပေသည်။ (၁) (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင်၏ထံသို့ ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်မှုနှင့်တကွ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။ သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ် သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။ (စူရဟ် ဇုမရ်- အာယသ် ၁ - ၃ )
ဤနေရာတွင် သာသနာ၏ အဓိပ္ပါယ်သည် အိဗာဒသ်ဖြစ် သည်။ ၎င်းမှာ ယခင်ကဖော်ပြခဲ့သည့်အတိုင်း အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်(ဆွ)အား အမိန့်နာခံခြင်းဖြစ်သည်။ ၎င်းတွင် ‘ဒုအာ’ ဆုတောင်းခြင်း၊ အခက်အခဲ ဒုက္ခများမှ လွတ် ကင်းရန် တောင်းခံခြင်း၊ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ ‘ဇဗဟ်’ သားကောင်လှီးခြင်းနှင့် ‘နဇရ်’ကိုးခြင်းတို့ ပါဝင်ပြီး ထိုနည်းတူစွာ ၎င်းတွင် ‘ဆွလာသ်’ ဝတ်ပြုခြင်း၊ ‘ဆွောင်မ်’ ဥပုသ်စောင့်ထိန်းခြင်းတို့ အပါအဝင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်တို့ မိန့်ကြားတော်မူထားသော အခြားသောအရာများလည်း ပါဝင်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုမှာ ထိုအရှင်မြတ်တစ်ဆူတည်းအတွက်သာဖြစ်ကြောင်းနှင့် ကျေးကျွန်များအပေါ်တွင် ထိုအိဗာဒသ် ခဝပ်ကိုးကွယ်မှုအား ဘုန်းတော်ကြီးမြတ်တော်မူသော အရှင်မြတ်အတွက်သာ ရည် စူးသတ်မှတ်၍ပြုလုပ်ရန် တာဝန်ရှိကြောင်း ရှင်းလင်းပြသတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိဗာဒသ် ခဝပ်ကိုးကွယ်မှုအား အရှင်မြတ်အတွက်သာ ရည်စူးသတ်မှတ်၍ ပြုလုပ်ရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အမိန့်ပေးတော်မူခြင်းသည် ဤအွမ္မသ်ဝင်များအားလုံးကို အမိန့်ပေးတော်မူခြင်းပင် ဖြစ်သောကြောင့်တည်း။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် (ကာဖိရ်)သွေဖည်ငြင်း ပယ်သူတို့နှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြတော်မူပြီး မိန့်တော်မူသည်မှာ- ထို့ပြင် အကြင်သူများသည် အရှင်မြတ် မှလွဲ၍ အခြား ကာကွယ် စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီး ၎င်းတို့သည် (ဤသို့ ပြောဆိုကြသည်) ကျွန်ုပ်တို့အား အလ္လာဟ် အရှင်မြတ်နှင့် နီးကပ်စေရန် အတွက်သာ ကျွန်ုပ်တို့သည် ၎င်းတို့အား ကိုးကွယ်ကြပါသည်။ (စူရဟ် ဇုမရ်- အာယသ် ၃) သို့ရှိရာ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား တုံ့ပြန်ချေပ မိန့်ဆိုသည်မှာ- ...အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သူတို့ အချင်းချင်း ကွဲလွဲ ငြင်းခုံနေကြသည့် ကိစ္စနှင့် ပတ် သက် ၍ သူတို့၏ အကြားတွင် စီရင် ဆုံးဖြတ်တော်မူမည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် လိမ်လည်သူ၊ အလွန်ကျေးဇူးကန်းသူကို လမ်းမှန် ညွှန်ကြား ပြသတော်မူမည် မဟုတ်ပေ။ (စူရဟ် ဇုမရ်- အာယသ် ၃) သန့်ပြန့်စင်ကြယ်တော်မူသောအရှင်မြတ်က ဤမွန်မြတ်လှသောအာယာသ်တော်၌ အသိပေးတင်ပြထားတော်မူသည်မှာ- ဧကန်စင်စစ် (ကာဖိရ်)သွေဖည်ငြင်းပယ်သူတို့သည် ထိုအရှင်မြတ်မှအပ အခြားသော ဝလီသူတော်စင်များအား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်မှာ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေရန်အတွက်သာ ဖြစ်ပေသည်။ ဤသည်မှာ ရှေးယခင်နှင့် ယခုခေတ်ရှိ (ကာဖိရ်)သွေဖည်ငြင်းပယ်သူတို့၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုအရာအား ဤသို့ မိန့်ကြားချက်ဖြင့် ပယ်ချတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ...အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမသ်နေ့တွင်) သူတို့ အချင်းချင်း ကွဲလွဲ ငြင်းခုံနေကြသည့် ကိစ္စနှင့် ပတ် သက်၍ သူတို့၏ အကြားတွင် စီရင် ဆုံးဖြတ်တော်မူမည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် လိမ်လည်သူ၊ အလွန်ကျေးဇူးကန်းသူကို လမ်းမှန် ညွှန်ကြား ပြသတော်မူမည် မဟုတ်ပေ။ (စူရဟ် ဇုမရ်- အာယသ် ၃) သို့ဖြစ်ပေရာ ၎င်းတို့၏ကိုးကွယ်ရာအရာများသည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်နှင့် အလွန်ပင်နီးကပ်စေသည်ဟု ပြောဆိုခြင်းမှာ ၎င်းတို့၏လိမ်လည်မှုဖြစ်ကြောင်းနှင့် ထိုအရာများအား ခဝပ်ကိုးကွယ်ခြင်းသည် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ်ရာရောက်ကြောင်းကို အလ္လာဟ်အရှင်မြတ်က ရှင်းလင်းဖော်ထုတ်တင်ပြတော်မူခဲ့၏။ ဤသည်ကို သုံးသပ်ကြည့်ခြင်းအားဖြင့် အနည်းငယ်မျှ ခွဲခြားဆင်ခြင်နိုင်စွမ်းရှိသူတိုင်း သိရှိနိုင်မည်မှာ ရှေးယခင်က (ကာဖိရ်) သွေဖည်ငြင်းပယ်သူတို့၏ သွေဖည်ငြင်းပယ်မှုသည် နဗီတမန်တော်များ၊ အောင်လီယာသူတော်စင်များ၊ သစ်ပင်များ၊ ကျောက်တုံးများနှင့် အခြားသော ဖန်ဆင်းခံများကို အလ္လာဟ်အရှင်မြတ်နှင့် ၎င်းတို့ကြားတွင် ကြားခံများအဖြစ် သတ်မှတ်ခြင်းကြောင့်သာ ဖြစ်ပေသည်။ ထို့ပြင် သူတို့ ယုံကြည်ကြသည်မှာ ဘုရင်များထံ၌ ဝန်ကြီးများက ကြားဝင် အသနားခံပေးသကဲ့သို့ ထိုအရာများသည် သန့်ရှင်းစင်ကြယ်၍ ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်၏ ခွင့်ပြုချက်နှင့် ကျေနပ်နှစ်သက်မှု မပါဘဲ သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုန်းတန်ခိုးကြီးမားတော်မူသော အရှင်မြတ်အား ဘုရင်များ၊ ခေါင်းဆောင်များနှင့် ခိုင်းနှိုင်းခဲ့ကြသည်။ ၎င်းတို့က "ဘုရင်နှင့် ခေါင်းဆောင်တစ်ဦးဦးထံ လိုအပ်ချက်တစ်စုံတစ်ရာရှိသူသည် ထိုဘုရင်၏ ရင်းနှီးသူများနှင့် ဝန်ကြီးများမှတစ်ဆင့် ကြားဝင်အသနားခံတင်ပြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အလ္လာဟ်အရှင်မြတ်ထံတော်သို့ ထိုအရှင်မြတ်၏ နဗီတမန်တော်များနှင့် သူတော်စင်များအား ခဝပ်ကိုးကွယ်ခြင်းဖြင့် ချဉ်းကပ်ကြခြင်းဖြစ်သည်" ဟု ပြောဆိုခဲ့ကြသည်။ ဤသည်မှာ အမှားများအနက် အဆိုးရွားဆုံးသောအမှားပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်နှင့် တူညီသောအရာဟူ၍ တစ်စုံတစ်ရာမရှိပေ၊ အရှင်မြတ်အား မိမိ၏ဖန်ဆင်းခံများနှင့်လည်း နှိုင်းယှဉ်၍မရနိုင်ပေ။ ထို့ပြင် ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ အရှင်မြတ်ထံတော်တွင် ကြားဝင်အသနားခံခွင့်မရှိပေ။ အရှင်မြတ်သည်လည်း သောင်ဟီးဒ် သက်ဝင်ယုံကြည်သူများမှအပ အခြားမည်သူ့ကိုမျှ ခွင့်ပြုတော်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ သနားကြင်နာသူခပ်သိမ်းတို့ထက် အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့တော်မမူသကဲ့သို့ စိုးရိမ်ထိတ်လန့်တော်မူခြင်းလည်း မရှိပေ။ အကြောင်းမှာ ထိုအရှင်မြတ်သည် မိမိ၏ဗန္ဒဟ်ကျေးကျွန်များအပေါ် အကြွင်းမဲ့လွှမ်းမိုးစိုးမိုးတော်မူသောအရှင်၊ ၎င်းတို့အပေါ် မိမိအလိုတော်ရှိသည့်အတိုင်း စီမံခန့်ခွဲတော်မူသောအရှင် ဖြစ်သောကြောင့်ဖြစ်ပါသည်။ ဘုရင်များနှင့် ခေါင်းဆောင်များမှာမူ ထိုသို့မဟုတ်ဘဲ၊ ၎င်းတို့သည် အရာရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့ မစွမ်းဆောင်နိုင်သည့် ကိစ္စများတွင် ၎င်းတို့အား ကူညီရန် ၎င်းတို့၏ ဝန်ကြီးများ၊ အနီးကပ်လူယုံတော်များနှင့် စစ်သည်တော်များထဲမှ ကူညီမည့်သူ လိုအပ်ပေသည်။ ထို့အတူ ၎င်းတို့မသိရှိသောသူများ၏ လိုအပ်ချက်များကို ၎င်းတို့ထံ တင်ပြပေးမည့်သူ လိုအပ်သကဲ့သို့၊ ၎င်းတို့ထံမှ ကရုဏာသက်ညှာမှု တောင်းခံပေးရန်နှင့် ကျေနပ်နှစ်သက်မှုရယူပေးရန်အတွက်လည်း ၎င်းတို့၏ ဝန်ကြီးများနှင့် အနီးကပ်လူယုံတော်များထဲမှ လုပ်ဆောင်ပေးမည့်သူများကို လိုအပ်ပေသည်။ မြင့်မားကြီးကျယ်လှတော်မူသော ဖန်ဆင်းရှင်ဟာ မိမိရဲ့အဖန်ဆင်းခံအားလုံးအပေါ် လိုလားတောင်းတခြင်းလုံးဝကင်းတော်မူတယ်။ အရှင်မြတ်ဟာ ထိုအဖန်ဆင်းခံတွေအပေါ် သူတို့ရဲ့မိခင်များထက်ပင် သာ၍ သနားကြင်နာတော်မူတယ်။ အရှင်မြတ်ဟာ တရားမျှတစွာစီမံအုပ်ချုပ်တော်မူသောအရှင်ဖြစ်ပြီး၊ မိမိရဲ့အမြော်အမြင်တော်၊ အသိပညာတော်နဲ့ တန်ခိုးတော်တို့နဲ့အညီ အရာခပ်သိမ်းကို ၎င်းတို့နဲ့သင့်လျော်ရာနေရာများမှာ ထားရှိတော်မူတယ်။ ဒါ့ကြောင့် အရှင်မြတ်ကို အဖန်ဆင်းခံတွေနဲ့ မည်သည့်ရှုထောင့်၊ ဘယ်လိုနည်းနဲ့မျှ နှိုင်းယှဉ်ခြင်းဟာ မဖြစ်တန်မအပ်စပ်တဲ့အရာဖြစ်ပါတယ်။ ထို့ကြောင့် ချွတ်ယွင်းချက်အပေါင်းမှ ကင်းစင်၍ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျမ်းတော်မြတ်တွင် ရှင်းလင်းဖော်ပြထားတော်မူသည်မှာ- မွတ်ရ်ှရစ်က်များသည် အရှင်မြတ်အား ဖန်ဆင်းတော်မူသောအရှင်၊ ရက်ရောစွာရိက္ခာပေးချီးမြှင့်တော်မူသောအရှင်၊ အလုံးစုံကိုစိုးမိုးအုပ်ချုပ်စီမံပေးနေတော်မူသောအရှင် ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။ ထို့ပြင် အရှင်မြတ်သည်သာလျှင် အခက် အခဲကြုံတွေ့နေရသူများကို တုံ့ပြန်ဖြေကြားပေးတော်မူသောအရှင်၊ ဆင်းရဲဒုက္ခများကို ဖယ်ရှားပေးတော်မူသောအရှင်၊ အသက်ရှင်စေတော်မူသောအရှင်နှင့် သေဆုံးစေတော်မူသောအရှင် ဖြစ်ကြောင်း စသည့် ချွတ်ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူသော အရှင်မြတ်၏ အခြားသော လုပ်ဆောင်ချက်များကိုပါ ဝန်ခံထွက်ဆိုခဲ့ကြသည်။ အမှန်တကယ်ပင် မုရ်ှရိက်တို့နှင့် ရစူလ်တမန်တော်များအကြား အငြင်းပွားမှုသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုအား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ရည်စူးသတ်မှတ်ကာ ပြုလုပ်ခြင်း၌ပင် ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် အကယ်၍ အသင်သည် “သူတို့အား မည်သူဖန်ဆင်းခဲ့သနည်း”ဟု သူတို့ကို မေးမြန်းလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်”ဟု အမှန်စင်စစ် ဖြေကြားကြလိမ့်မည်။ ...) (စူရဟ် ဇုခ်ရုဖ်- အာယသ် ၈၇) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား) ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အား အာကာသမိုး ကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်း မဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသ နည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကို သက်မဲ့မှ ထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်းတို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆို ဖြေကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား) အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။ (စူရဟ် ယူနွတ်စ်- အာယသ် ၃၁) ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယာသ်တော်အမြောက်အများရှိပေသည်။
ရစူလ်တမန်တော်များနှင့် အွမ္မသ်များအကြားရှိ အငြင်းပွားမှုသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုအား အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာ ရည်စူးသတ်မှတ်၍ ပြုလုပ်ရန် ကိစ္စနှင့်ပတ်သက်၍သာဖြစ်ကြောင်း ညွှန်ပြနေသည့် အာယသ်တော်များကို အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ- (စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော် မူခဲ့လေသည်)။...) (စူရဟ် နဟလ်- အာယသ် ၃၆) ထို့ပြင် ၎င်းအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယသ်တော်များ။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျမ်းတော်မြတ် ကုရ်အာန် နေရာများစွာတွင် ရှဖာအသ်ကြားဝင်အသနားခံပေးမှု အ ကြောင်းအရာကို ရှင်းပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူလေသည်။ ﴾... အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ အရှင့်အထံတော်တွင် သူတစ်ပါးအတွက် ကြားဝင်အသနားခံ တောင်းပန်ပေးနိုင်သူကား မည်သူနည်း ...﴿ (စူရဟ် ဗကရဟ်- အာယသ် ၂၅၅) ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ထို့ပြင် မိုးကောင်းကင်များတွင် မလာအိကဟ်ကောင်းကင် တမန်များ မြောက်များစွာ ရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုရှိတော်မူ၍ ကျေနပ်နှစ်သက်တော်မူသောသူအတွက် ခွင့်ပြုတော်မူပြီးနောက်မှလွဲ၍ သူတို့၏ ကြားဝင် အသနားခံပေးမှုသည် အနည်းငယ်မျှ အကျိုးရှိမည်မဟုတ်ပေ။ (စူရဟ် နဂျ်မ် - အာယသ် ၂၆ )
ထို့ပြင် ကောင်းကင်တမန်များ၏ ဂုဏ်အင်လက္ခဏာများကို ဖော်ပြရာတွင် မိန့်ကြားတော်မူသည်မှာ - ...ထို့ပြင် သူတို့သည် အရှင်မြတ် ကျေနပ်နှစ်သက်သည့်သူ မှလွဲ၍ မည်သူ့အတွက်မျှ (ရှဖာအသ်) ကြားဝင်အသနားခံ နိုင်ကြမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် အရှင်မြတ်အား ကြောက်ရွံ့မှုကြောင့် အမြဲ စိုးရိမ်လျက်ပင် ရှိကြသည်။ (စူရဟ် အန်ဗီယာအ်- အာယသ် ၂၈)
အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များထံမှ ကုဖ်ရ်(ငြင်းပယ်မှု)ကို ကျေနပ်နှစ်သက်တော်မူမည်မဟုတ်ဘဲ၊ ၎င်းတို့ထံမှ ကျေးဇူးတင်ခြင်းကိုသာ ကျေနပ်နှစ်သက်တော်မူမည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ကျေးဇူးတင်ခြင်းဆိုသည်မှာ အရှင်မြတ်အား တစ်ပါးတည်းဟူ၍ ယုံကြည်လက်ခံခြင်းနှင့် အရှင်မြတ်ကို အမိန့်နာခံကာ ကျင့်ဆောင်ခြင်းပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (အကယ်၍သာ အသင်တို့သည် ငြင်းပယ်ကြသည်ရှိသော် အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အသင်တို့အား လိုလားတောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသ တည်း။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ကျွန်တို့အဖို့ ငြင်းပယ်ခြင်းကို နှစ်သက်တော်မမူချေ။ သို့ရာတွင် အကယ် ၍သာ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိကြ၍) ကျေးဇူးတင်ရှိကြပါမူ ထိုအရှင်မြတ်သည် ထို(ကျေးဇူးသိတတ်ခြင်း)ကို အသင်တို့အဖို့ နှစ်သက်တော်မူပေမည်။ ...) (စူရဟ် ဇုမရ်- အာယသ် ၇)
ဗုခါရီသည် ၎င်း၏ ဆွဟီးဟ်ကျမ်းတွင် အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည် “မည်သူမဆို ကလိမဟ်တော် ‘လာအိလာဟ အိလ္လလ္လာဟ်’ (အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော အရှင်မရှိ) အား စိတ်နှလုံးသားထဲမှ ဖြူစင်စွာ ရွတ်ဆိုပါက” (သို့) ကိုယ်တော်မြတ်မိန့်တော်မူသည်မှာ- "အရှင်မြတ်၏ (ဇာသ်) မူလပကတိတော်မှ။"
ဆွဟီးဟ်ကျမ်းတွင် အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ﷺ) ကမိန့်ကြားတော်မူသည်။ "တမန်တော်တိုင်းအတွက် ဧကန်အမှန် လက်ခံတော်မူမည့် ဒုအာတစ်ခုစီရှိသည်။ သို့ဖြစ်ရာ တမန်တော်တိုင်းသည် မိမိတို့၏ဒုအာကို အလျင်အမြန် တောင်းဆိုခဲ့ကြသည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ငါကိုယ်တော်၏ဒုအာကို ကိယာမသ်နေ့တွင် ငါကိုယ်တော်၏အွမ္မသ်အတွက် ရှဖာအသ် ကြားဝင်အသနားခံပေးရန် သိမ်းဆည်းထားခဲ့သည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါက ငါကိုယ်တော်၏အွမ္မသ်ထဲမှ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ယင်း (ရှဖာအသ်) ကို ရရှိမည်ဖြစ်သည်။" ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် ဟဒီးဆ်တော်အမြောက်အများရှိပေသည်။
ကျွန်ုပ်တို့ တင်ပြခဲ့ပြီးသော အာယသ်တော်များနှင့် ဟဒီးဆ်တော်များအားလုံးသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုသည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်၏ ဟတ်က် (ရပိုင်ခွင့်) သာဖြစ်ကြောင်း၊ ၎င်း(အိဗာဒသ်)မှ တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်မှအပ နဗီတမန်တော်များအတွက်ဖြစ်စေ၊ အခြားသူများအတွက်ဖြစ်စေ သုံးစွဲခွင့်မရှိကြောင်းနှင့် ရှဖာအသ် (အသနားခံတင်ပြခြင်း) သည်လည်း ဂျလ်လဂျလာလဟူ (ဘုန်းတော်အနန္တဖြင့် ပြည့်စုံတော်မူသော) အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူကြောင်း ညွှန်ပြနေပေသည်။ အလ္လာဟ်(ဆွဗ်ဟားနဟူ)အရှင်မြတ် မိန့်ဆိုထားသကဲ့သို့ပင် - "(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ကြားဝင်အသနားခံခွင့် အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်ပိုင်သာလျှင် ဖြစ်ပေသည်။..." (စူရဟ် ဇုမရ်- အာယသ် ၄၄) မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းကို ရပိုင်ခွင့်မရှိပေ။ အ ရှင်မြတ်က ရှဖာအတ်ပြုသူအား ခွင့်ပြုတော်မူပြီး ရှဖာအတ်ပြုခံရသူအပေါ် နှစ်သက်ကျေနပ်တော်မူပြီးမှသာ ရပိုင်ခွင့်ရှိသည်။ ချွတ်ယွင်းမှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော ထိုအရှင်မြတ်သည် -ယခင်က ဖော်ပြခဲ့သည့်အတိုင်း- တောင်ဟီးဒ် (တစ်ဆူတည်းကိုးကွယ်ခြင်း) မှလွဲ၍ အခြားမည်သည့်အရာကိုမျှ နှစ်သက်ကျေနပ်တော်မူမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ - ‘မုရှ်ရိက်’ ဖက်စပ်ကိုးကွယ်သူတို့အတွက် ကြားဝင် အသနားခံပေးမှုတွင် မည်သည့် အခွင့်အရေးမျှ မရှိပေ။ ဤသည်ကို အလ္လာဟ်အရှင်မြတ်က ရှင်းလင်းစွာ မိန့်တော်မူသည်မှာ - "သို့ဖြစ်၍ ကြားဝင်အသနားခံပေးမည့် သူများ၏ (ရှဖာအသ်) ကြားဝင်အသနားခံမှုသည် သူတို့အား အကျိုးပေးမည် မဟုတ်ပေ။" (စူရဟ် မုဒ်ဒဆ်ဆိရ်- အာယသ် ၄၈) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - မတရားကျူးလွန်သူတို့အတွက် မည်သည့် ရင်းနှီးသော မိတ်ဆွေမျှ ရှိမည်မဟုတ်သည့်အပြင်၊ စကားကို နာခံလက်ခံခြင်းခံရမည့် အသနားခံပေးသူလည်း ရှိမည်မဟုတ်ပေ။ (စူရဟ် ဂါဖိရ်- အာယသ် ၁၈)
ယေဘုယျအားဖြင့် မတရားမှုဟူသည် အလ္လာဟ်အရှင်မြတ်နှင့် ‘ရှိရ်က်’ ယှဉ်တွဲကိုးကွယ်မှုပင်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသည့်အတိုင်း- ﴾... သွေဖည်ငြင်းပယ်သောသူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြကုန်၏။...﴿ (စူရဟ် ဗကရဟ်- အာယသ် ၂၅၄) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (... ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော မတရားကျူးလွန်မှုပင် ဖြစ်ပေသတည်း။) စူရဟ် လွတ်က်မာန်- အာာယသ်၁၃)
မေးခွန်းတွင် အသင်ဖော်ပြထားသည့် ဗလီကျောင်းတော်များနှင့် အခြားနေရာများ၌ အချို့သောဆူဖီများ ရွတ်ဆိုလေ့ရှိသည့် စကားရပ်မှာ- "အို- အလ္လာဟ်အရှင်မြတ်၊ ကိုယ်တော်ရှင်၏ တန်ခိုးအာဏာတော်ဆိုင်ရာ လျှို့ဝှက်ချက်များ ပွင့်ဟလာစေရန် အကြောင်းခံအဖြစ်လည်းကောင်း၊ ကိုယ်တော်ရှင်၏ ရဟ်မသ်ကရုဏာတော် အလင်းရောင်များ ဖြာထွက်လာစေရန်အတွက်လည်းကောင်း ကိုယ်တော်ရှင်သတ်မှတ်ထားတော်မူသော၊ သို့ဖြစ်၍ အရှင်မြတ်၏ ကိုယ်စားလှယ်တော်အဖြစ်လည်းကောင်း၊ ကိုယ်တော်ရှင်၏ ဇာသ်တော်ဆိုင်ရာ လျှို့ဝှက်ချက်များကို ဆက်ခံသူ (ခလီဖဟ်) အဖြစ်လည်း ကောင်း ဖြစ်လာခဲ့သူအပေါ်သို့ ဆွလာသ်ပို့သတော်မူပါ။" စသည်ဖြင့် ဖြစ်သည်။
အဖြေမှာ ဤသို့ဖြစ်သည်။ ဤစကားနှင့် အခြားအလားတူသော စကားများသည် ကျွန်ုပ်တို့၏ တမန်တော်မြတ် မုဟမ္မဒ် (ﷺ) သတိပေးတားမြစ်တော်မူခဲ့သည့် အတိုင်းထက်အလွန် ပြုလုပ်ခြင်းနှင့် ဟိတ်ဟန်ဖြင့်စကားပြောခြင်း အမျိုးအစားတွင် ပါဝင်သည်။ ဆွဟီးဟ် မွတ်စလင်မ်ကျမ်း၌ အဗ်ဒွလ္လာဟ် အိဗ်နု မတ်စ်အူးဒ် (ရသွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ထားသည်မှာ တမန်တော်မြတ် (ﷺ)မိန့်ကြားတော်မူသည်။ အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။
အိမာမ် ခသ်သွာဗီ (رحمه الله) က ပြောကြားသည်မှာ- အစွန်းရောက်သူမှာ - အရာတစ်ခု၌ အလွန်အကျွံ နက်ရှိုင်းစွာ ဝင်ရောက်သူ၊ ၎င်းအကြောင်းကို ရှာဖွေစုံစမ်းရာတွင် ဟန် ဆောင်မှုပြုသူဖြစ်သည်။ ထိုအရာသည် မိမိတို့နှင့် မသက်ဆိုင်သည့် ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ကြပြီး မိမိတို့၏ ဉာဏ်ရည်များ မမီနိုင်သော အရာများတွင် ဝင်ရောက်ငြင်းခုံကြသည့် အဟ်လွလ်ကလာမ်များ၏ လမ်းစဉ်များအတိုင်းပင် ဖြစ်သည်။
အဗူ အစ်စအာဒါသ် အစ်ဗ်နုလ်အဆီးရ်က ပြောကြားခဲ့သည်။ သူတို့သည် စကားပြောဆိုရာတွင် အလွန်အကျွံပြုလုပ်သူများ၊ အစွန်းရောက်သူများနှင့် မိမိတို့၏လည်ချောင်းအဆုံးမှ အသံထုတ်၍ စကားပြောဆိုသူများ ဖြစ်ကြသည်။ ၎င်းဝေါဟာရသည် ပါးစပ်၏အထက်ပိုင်း (အာခေါင်) ကိုဆိုလိုသော 'အန်နသွအ်' မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့နောက်ပိုင်းတွင် ၎င်းကို စကားအားဖြင့်ဖြစ်စေ၊ လုပ်ရပ်အားဖြင့်ဖြစ်စေ အလွန်အကျွံပြုလုပ်သူတိုင်းအတွက် အသုံးပြုလာခဲ့သည်။
ဘာသာစကားဆိုင်ရာ အီမာမ်ကြီးများအနက်မှ ဤအီမာမ်နှစ်ပါး၏ တင်ပြချက်များအရ၊ ကျွန်ုပ်တို့၏ တမန်တော်၊ ကျွန်ုပ်တို့၏သခင် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ် ဆွလာသ်နှင့် စလာမ် မေတ္တာပို့သသည့် ဤပုံစံသည် တားမြစ်ထားသော အလွန်အကျွံပြုလုပ်ခြင်းနှင့် အစွန်း ရောက်ခြင်းတို့တွင် အပါအဝင်ဖြစ်ကြောင်း အသင်နှင့်တကွ အနည်းငယ်မျှသော အမြော်အမြင်ရှိသူတိုင်းအတွက် ရှင်းလင်းထင်ရှားပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ မွတ်စလင်မ်တစ်ဦးအတွက် ပြဋ္ဌာန်းထားသည်မှာ တမန်တော်မြတ် (ﷺ)အပေါ် ဆွလာသ်နှင့် စလာမ်ပို့သရာ၌ ကိုယ်တော်မြတ်ထံတော်မှ အတည်ပြုသတ်မှတ်ထားသည့် ပုံစံအတိုင်းသာ တိကျစွာ လိုက်နာလုပ်ဆောင်ရန်ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည်ပင် အခြားအရာများ မလိုအပ်တော့ဘဲ လုံလောက်မှုရှိပေသည်။
၎င်းတို့အနက် ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း (ဆွဟီးဟ်ကျမ်းနှစ်ကျမ်း)တွင် ကအ်ဗင်န် အုဂ်ျရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ထားသည်မှာ ဆွဟာဗဟ်များ (ရဿွိယလ္လာဟုအန်ဟွမ်)က “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိုယ်တော့်အပေါ် ဆွလာသ်ပို့သရန် အမိန့်ပေးတော်မူပါသည်။ သို့ဖြစ်ပါ၍ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။” ဟု လျှောက်ထား မေးမြန်းခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ - အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဆွလ်လိုင်းသ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်၊ ဝဗာရိက် အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဗားရက်သ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်။ အဓိပ္ပါယ်။ ။ အသင်တို့သည် ဤသို့ဆိုကြလော့- အို-အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်းကို တမန်တော်အိဗ်ရာဟီးမ် (عَلَيْهِ السَّلَامُ)နှင့် အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။ ထိုမှတပါး တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်းကို တမန်တော်အိဗ်ရာဟီးမ် (عَلَيْهِ السَّلَامُ)နှင့် အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။"
ဆွဟီးဟ်ကျမ်းနှစ်ကျမ်းတွင် အဗူဟုမိုက်ဒ် အတ်စ်စာအိဒီ (ရသွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ထားသည်မှာ- ၎င်းတို့က “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။” ဟု လျှောက်ထား မေး မြန်းခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ - " အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာ အဇ်ဝါဂျိဟီ ဝဇုရ်ရိယျသိဟီ ကမာဆွလ်လိုင်းသ အလာ အားလိအိဗ်ရာဟီးမ်၊ ဝဗာရိက် အလာမုဟမ္မဒ် ဝအလာ အဇ်ဝါဂျိဟီ ဝဇုရ်ရိယျသိဟီ ကမာဗားရက်သ အလာ အားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်။" အဓိပ္ပါယ်။ ။ (အသင်တို့သည် ဤသို့) ဆိုကြလော့- အို-အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်းကို တမန်တော်အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ထိုမှတပါး တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်းကို တမန်တော်အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။
ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်းတွင် အဗူမတ်စ်အူးဒ် အလ်အန်ဆွာရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဗရှီးရ် ဗင်န်စအ်ဒ်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိုယ်တော့်အပေါ် ဆွလာသ်ပို့သရန် အမိန့်ပေးတော်မူပါသည်။ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။ဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က တိတ်ဆိတ်စွာ နေတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ- "«အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဆွလ်လိုင်းသ အလာအားလိအိဗ်ရာဟီးမ်၊ ဝဗာရိက် အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဗားရက်သ အလာအားလိအိဗ်ရာဟီးမ ဖိလ်အာလမီးန်း အင်န်နကဟမီးဒုမ်မဂျီးဒ်၊ ဝတ်စလာမု ကမာအလင်မ်သုမ်» အဓိပ္ပါယ်။ ။ «အသင်တို့ ဤသို့ဆိုကြလော့- အို-အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်းကို တမန်တော်အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ထိုမှတပါး တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်းကို စကြာဝဠာခပ်သိမ်းတို့တွင် တမန်တော်အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။ စလာမ်ပို့သခြင်းမှာမူ အသင်တို့သိရှိထားသည့်အတိုင်းပင်ဖြစ်သည်။»"
ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ဆင့်ပြန်ချက်လာရှိထားသည့် ဤစာသားများ၊ ယင်းနှင့်ဆင်တူသော စာသားများနှင့် အခြားသော စာသားများသည် မွတ်စ်လင်မ်တစ်ဦးအတွက် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဆွလာသ်နှင့် စလာမ် မေတ္တာပို့သရာတွင် အသုံးပြုသင့်သော စာသားများပင်ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိနှင့်စပ်လျဉ်း၍ မည်သည့်စာသားများကို အသုံးပြုရန် သင့်လျော်သည်ကို လူသားတို့အနက် အသိဆုံးသူ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့ အတူ ကိုယ်တော်မြတ်သည် မိမိ၏အရှင်မြတ်နှင့်စပ်လျဉ်း ၍လည်း မည်သည့်စာသားများကို အသုံးပြုသင့်သည်ကို လူသားတို့အနက် အသိဆုံးသူပင် ဖြစ်ပေသည်။
သို့သော် မေးခွန်းတွင် ဖော်ပြထားသည့် စကားလုံးများကဲ့သို့သော အတိုင်းထက်အလွန်ချဲ့ကားထားသော၊ အသစ်တီထွင်ထားသော စကားလုံးများနှင့် မှန်ကန်မှုမရှိသော အဓိပ္ပာယ်သက်ရောက်နိုင်သည့် စကားလုံးများကို မသုံးစွဲသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် အတိုင်းထက်အလွန်ချဲ့ကားခြင်းများ ပါဝင်နေခြင်းနှင့် မှားယွင်းသော အဓိပ္ပာယ်များဖြင့် အနက်ဖွင့်ဆိုခံရနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရွေးချယ်တော်မူပြီး ၎င်း၏အွမ္မသ်အား ညွှန်ကြားတော်မူခဲ့သည့် စကားလုံးများနှင့် ဆန့်ကျင်နေသောကြောင့်လည်း ဖြစ်သည်။ ကိုယ်တော်မြတ်သည် ဖန်ဆင်းခံများအနက် အသိပညာအကြွယ်ဝဆုံး၊ အကောင်းဆုံး လမ်းညွှန်ပြသသူနှင့် ချဲ့ကားခြင်းမှ အကင်းကွာဆုံး ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသည်။ ကိုယ်တော်မြတ်အပေါ် ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အကောင်းမြတ်ဆုံးသော ဆွလာသ်နှင့် စလာမ် သက်ရောက်ပါစေ။
ဤသို့ဖြင့် သောင်ဟီးဒ်၏ အစစ်အမှန်သဘောတရား၊ ရှစ်ရ်က်၏ အစစ်အမှန်သဘောတရားနှင့် ဤကဏ္ဍတွင် အစောပိုင်း မုရှ်ရစ်က်များနှင့် နှောင်းပိုင်း မုရှ်ရစ်က်များ ရှိခဲ့သည့်အခြေ အနေတို့ကြား ကွာခြားချက်တို့ကို ရှင်းလင်းတင်ပြရာ၌ လည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် တရားတော်နှင့်အညီ ဆွလဝါသ်ပို့သရမည့် ပုံစံကို ရှင်းလင်းတင်ပြရာ၌ လည်းကောင်း ကျွန်ုပ်တင်ပြခဲ့သော သက်သေအထောက်အထားများသည် အမှန်တရားကို ရှာဖွေသူအတွက် လုံလောက်ပြည့်စုံ၍ ကျေနပ်လက်ခံနိုင်ဖွယ်ရာ ဖြစ်လိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ သို့သော် မည်သူမဆို အမှန်တရားကို သိရှိရန် ဆန္ဒမရှိပါက ထိုသူသည် မိမိ၏ စိတ်အလိုဆန္ဒကိုသာ လိုက်စားသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - သို့ဖြစ်၍ အကယ်၍ ၎င်းတို့သည် အသင်(တမန်တော်)အား မထူးမနာခံကြလျှင် ၎င်းတို့သည် မိမိတို့၏ အလိုဆန္ဒများကိုသာ လိုက်နာနေကြကြောင်းကို အသင်သိမှတ်လေလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ တရားလမ်းမှန် မပါရှိဘဲ မိမိ၏ အလိုဆန္ဒကို လိုက်နာသောသူထက် ပို၍ လမ်းလွဲသူကား မည်သူရှိအံ့နည်း။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုကျူးလွန်သောသူများအား တရားလမ်းမှန် ပြသတော်မူမည် မဟုတ်ပေ။ (၅၀) (အလ်ကစွက်စ်- အာယသ် ၅၀)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ﷺ)အား လမ်းမှန်တရား၊ စစ်မှန်သောသာသနာနှင့်တကွ စေလွှတ်တော်မူခဲ့ခြင်းနှင့်စပ်လျဉ်း၍ လူတို့တွင် နှစ်မျိုးကွဲသွားကြောင်း ဤမွန်မြတ်သောအာယတ်တော်တွင် ရှင်းပြတော်မူထားသည်မှာ-
တစ်မျိုးမှာ - အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်အား နာခံလိုက်နာသူဖြစ်သည်။
ဒုတိယအမျိုးအစား- မိမိ၏ အလိုဆန္ဒနောက်သို့ လိုက်သူ။ ထို့နောက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဟိဒါယသ် လမ်းမှန်တရားမပါဘဲ မိမိ၏အလိုဆန္ဒနောက်သို့ လိုက်သူထက်ပို၍ လမ်းမှားသူဟူ၍ မရှိကြောင်း အရှင်မြတ်က မိန့်ကြားသည်။
သို့ဖြစ်ပါ၍ ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ မိမိအလိုဆန္ဒနောက်သို့ လိုက်ခြင်းမှ အာဖီယသ်ကို ကျွန်ုပ်တို့ တောင်းခံပန်ကြားပါ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ အခြားသော ညီနောင်များကိုလည်းကောင်း အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏တမန်တော်မြတ် ﷺ အား နာခံကြည်ဖြူသူများအဖြစ်လည်းကောင်း၊ အရှင်မြတ်၏ ပညတ်တော်အား ရိုသေလေးစားသူများအဖြစ်လည်းကောင်း၊ အရှင်မြတ်၏ ပညတ်တော်နှင့် ဆန့်ကျင်သည့် ဘိဒ်အသ်များနှင့် အလိုဆန္ဒများ အားလုံးမှ သတိပေးတားမြစ်သူများအဖြစ်လည်းကောင်း ပြုလုပ်ပေးသနားတော်မူရန် ကျွန်ုပ်တို့ ဆုတောင်းပတ္တနာပြုအပ်ပါသည်။ ဧကန်စင်စစ် ထိုအရှင်သည် အလွန်ရက်ရောပေးကမ်းတော်မူသည် အရှင်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည်မိမိ၏ အစေတော်နှင့် ရစူလ်တမန်တော်မြတ်ဖြစ်သော ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်တော်သူအိမ်တော်သားများ၊ ဆွဟာဗဟ် သာဝကကြီးများအပေါ်သို့လည်း ကောင်း၊ ကိယာမသ်နေ့ထိတိုင် ကိုယ်တော်၏နောက်သို့ ကောင်းမှုနှင့်တကွ နောက်လိုက်ကြသူများ အပေါ်သို့လည်း ကောင်း၊ ကောင်းချီးမင်္ဂလာ ချပေးသနားတော်မူပါစေ။
ဗိဒ်အသ် တရားသစ်တီထွင်မှုများမှ သတိပေးတားမြစ်ခြင်း
အဗ္ဗဒုလ်အဇီးဇ် ဗင်န် အဗ်ဒုလ္လာ ဗင်န် ဗားဇ်
ဤစာအုပ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်နှင့် တမန်တော်မြတ် ﷺ ၏ စွန္နသ်တော်တို့တွင် လာရှိထားခြင်းမရှိသော မောင်လူးဒ်ပွဲတော်များ ကျင်းပခြင်းနှင့် အခြားသော ဗိဒ်အသ် တရားသစ်တီထွင်မှုများမှ ရှောင်ကြဉ်ရန် သတိပေးထားသည်။ ထို့ပြင် ဤစာအုပ်သည် ကုရ်အာန်ကျမ်းတော်မြတ်နှင့် စွန္နသ်တော်တို့မှ ရှရီအသ်ဆိုင်ရာ သက်သေအထောက်အထားများကို အခြေခံထားပြီး၊ သာသနာတွင် ပြဋ္ဌာန်းထားခြင်းမရှိသော မည်သည့် ဖြည့်စွက်မှုကိုမဆို မဖြစ်မနေ ရှောင်ကြဉ်ရမည့် ဗိဒ်အသ် တရားသစ်တီထွင်မှုအဖြစ် သတ်မှတ်ထားသည်။
သဝဏ်လွှာ (၅)
တမန်တော်မွေးနေ့ အခမ်းအနားကျင်းပခြင်းနှင့် အခြားသော မွေးနေ့ပွဲများဆိုင်ရာပညတ်ချက်။
ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ အိမ်တော်သူ၊ အိမ်တော်သားများနှင့် ဆွဟာဗဟ် သာဝကများအပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ လမ်းညွှန်မှုကို လိုက်နာကျင့်သုံးသူများအပေါ်သို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေ။
ဆက်လက်၍ တင်ပြရမည်မှာ- တမန်တော်မြတ်(ﷺ)၏ မွေး နေ့အခမ်းအနားကျင်းပခြင်း၊ ထိုသို့ကျင်းပနေစဉ်အတွင်း ကိုယ်တော်မြတ်အတွက် မတ်တတ်ရပ်ခြင်း၊ ကိုယ်တော်မြတ်အပေါ် စလာမ်မေတ္တာပို့သခြင်းနှင့် မော်လွဒ်အခမ်းအနားများတွင် ပြုလုပ်လေ့ရှိသော အခြားသောကိစ္စရပ်များ၏ ဟွကွမ် (ပညတ်ချက်)များနှင့် ပတ်သက်၍ များစွာသောသူတို့ထံမှ ထပ်ခါတလဲလဲ မေးမြန်းမှုများ ရှိခဲ့ပါသည်။
အဖြေမှာ ဤသို့ဖြစ်သည်- တမန်တော်မြတ်(ﷺ)နှင့် အခြားသူများ၏ မွေးနေ့အခမ်းအနားကျင်းပခြင်း မပိုင်ပါ။ အ ကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် သာသနာတွင် အသစ်ထွင်ထားသော ဗိဒ်အသ်ဖြစ်သောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်(ﷺ)၊ ခုလဖာအေရာရှီဒီးန်များနှင့် အခြားသော ဆွဟာဗဟ်များ (رضوان الله عليهم) သာမက မြင့်မြတ်သောခေတ်ကာလများတွင် ၎င်းတို့အား ကောင်း မွန်စွာ လိုက်နာခဲ့ကြသည့် တာဗေအီးန်များသည်လည်း ထိုကဲ့သို့ မပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူသားများအနက် စွန္နသ်လမ်းစဉ်ကို အသိဆုံးသူများဖြစ်ကြပြီး နှောင်းလူများထက် တမန်တော်မြတ် (ﷺ) အားပို၍ချစ်မြတ်နိုးသူများနှင့် ကိုယ်တော်၏တရားတော်ကို ပို၍အပြည့်အဝ လိုက်နာသူများ ဖြစ်ကြသည်။ ထို့ပြင် ရှင်းလင်းထင်ရှားသော ကုရ်အာန်ကျမ်းမြတ်၌ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ-
ထို့ပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်က ပေးခဲ့သည်ကို ယူကြလေကုန်။ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တားမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေ ကုန်။... [စူရဟ် ဟရှရ် အာယသ် - ၇] ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- သို့ဖြစ်ပေရာ (တမန်တော်မြတ်၏) အမိန့်တော်ကို သွေဖည်ငြင်းပယ်ကြကုန်သော သူတို့သည် မိမိတို့အပေါ်၌ ပြစ်ဒဏ်တစ်စုံတစ်ရာ သက်ရောက်မည်ကို လည်းကောင်း၊ သို့တည်း မဟုတ် မိမိတို့အပေါ်၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တော် သက်ရောက်မည်ကို လည်းကောင်း သတိထားကြရပေမည်။ [စူရဟ် နူရ် အာယသ် - ၆၃] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ကြောက်ရွံ့သည့်ပြင် အလ္လာဟ်အရှင်မြတ်အား များစွာအောက်မေ့တသ သတိရလျက်ရှိသူ၏အဖို့ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိပေသည်။) [စူရဟ် အဟ်ဇာဗ် အာယသ်-၂၁] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အီမာန်သက်ဝင်ယုံကြည်ရာတွင် အွမ္မတ်သားအားလုံးတို့ထက်) ရှေးဦးပထမ ဖြစ်ကြကုန်သော မုဟာဂျီရိန်(သာဝကကြီး)များသည်လည်းကောင်း၊ အန်ဆွာရ် (သာဝကကြီး) များသည်လည်ကောင်း၊ ထို(မုဟာဂျီရိန်နှင့် အန်ဆွာရ်) တို့၏နောက်သို့ ကောင်းမွန်စွာ လိုက်ရဲကြသူတို့သည်လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အပေါ်၌ ကျေနပ်တော်မူခဲ့လေပြီ၊ ထိုသူတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ခဲ့ကြလေပြီ၊ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူခဲ့လေသည်။ထိုဥယျာဉ်များ၏အောက်၌ စမ်းချောင်းများ စီးတွေလျက်ရှိကြပေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင် စံမြန်းလျက်ရှိကြပေမည်။ ဤကား ကြီးကျယ် မြင့်မြတ်လှသော အောင်မြင်မှုပင်တည်း။) [စူရဟ် သောင်ဗဟ် အာယသ် - ၁၀၀] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ...ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။... [စူရဟ် မာအိဒဟ်: အာယသ် - ၃] ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယာသ်တော်အမြောက်အများရှိပေသည်။ တမန်တော်မြတ်(ﷺ)မိန့်တော်မူခဲ့ကြောင်း အခိုင်အမာလာရှိသည်မှာ- "မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တရားသစ်တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။" ဆိုလိုသည်မှာ- ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်သည်။ ထို့ပြင် အခြားဟဒီးဆ်တော်တစ်ပုဒ်တွင် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- «အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက်တွင် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြကုန်။ ထိုစွန္နသ်လမ်းစဉ်ကို အံသွားဖြင့် ခိုင်မြဲစွာကိုက်ထားကြလေကုန်။ ထို့ပြင် အသင်တို့သည် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြလေကုန်။ ဧကန်မုချ တရားသစ်တီထွင်မှုတိုင်းသည် ဗိဒ်အသ်ဖြစ်ပြီး၊ ဗိဒ်အသ်တိုင်းသည် လမ်းမှားပင်ဖြစ်၏။» ဤဟဒီးဆ်တော်နှစ်ရပ်တွင် ဗိဒ်အသ် တရားသစ်တီထွင်ခြင်းနှင့် ၎င်းတို့အား လိုက်နာကျင့်သုံးခြင်းတို့မှ ရှောင်ကြဉ်ရန် ပြင်းထန်စွာ သတိပေးတားမြစ်ထားသည်။
ဤကဲ့သို့သော မောင်ဝ်လုဒ်များအား တရားသစ်တီထွင်ပြုလုပ်ခြင်းမှ နားလည်ရသည်မှာ- ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဤအွမ္မသ်အတွက် သာသနာတော်ကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးတော်မမူခဲ့ပေ။ ထို့ပြင် ရစူလ်တမန်တော်မြတ် (အလိုင်းဟိစ်ဆွလာသုဝစ္စလာမ်) သည်လည်း အွမ္မသ်အနေဖြင့် ပြုလုပ်ကျင့်သုံးအပ်သည့်အရာများကို ပို့ချပေးတော်မမူခဲ့ဘဲ နောက်ဆုံးတွင် ဤနှောင်းလူတို့ ရောက်ရှိလာကာ ထိုလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်နှင့် ၎င်းတို့အား နီးကပ်အောင် ပြုလုပ်ပေးမည့်အရာဖြစ်သည်ဟု ဆင်ခြင်ပေးပြောဆိုလျက် အလ္လာဟ်အရှင်မြတ် ခွင့်ပြုတော်မမူခဲ့သော ကိစ္စရပ်များကို အရှင်မြတ်၏ ရှရီအသ်ပညတ်တော်၌ တရားသစ်တီထွင်ခဲ့ကြသည် ဟူ၍ပင် ဖြစ်ပေသည်။ ဤသည်မှာ သံသယကင်းစွာပင် အလွန်ကြီးမားသော အန္တရာယ်တစ်ခုဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်(ﷺ)အပေါ် ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် သာသနာတော်အား ပြီးပြည့်စုံအောင်ပြုလုပ်ခဲ့ပြီး ၎င်းတို့အပေါ် ကျေးဇူးတော်များကို ပြည့်ဝစေခဲ့သည်။ တမန်တော်မြတ်(ﷺ)သည်လည်း ရှင်းလင်းပြတ်သားသော သတင်းစကားကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် ဂျန္နသ်(သုခဘုံ)သို့ ပို့ဆောင်ပေးမည့်၊ ငရဲမီးမှ ကင်းဝေးစေမည့် မည်သည့်လမ်းစဉ်ကိုမဆို သာသနာဝင်များအား ရှင်းလင်းပြသခြင်းမရှိဘဲ ချန်ထားခဲ့သည်ဟူ၍ မရှိပေ။ အဗ်ဒွလ္လာဟ် ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ထားသော ဆွဟီးဟ်ဟဒီးဆ်တော်တွင် အတည်ပြုထားသည့်အတိုင်း ၎င်းကပြောကြားခဲ့သည်။ တမန်တော်မြတ်(ﷺ) မိန့်တော်မူသည်မှာ- «အလ္လာဟ်အရှင်မြတ်သည် မည်သည့် နဗီတမန်တော်ကိုမဆို စေလွှတ်တော်မူခဲ့ရာ၌၊ ထိုတမန်တော်အပေါ်တွင် မိမိ၏ နောက်လိုက်အွမ္မသ်များအား ၎င်းတို့အတွက် မိမိသိရှိထားသော ကောင်းမှုများကို လမ်းညွှန်ပြသပေးရန်နှင့် ၎င်းတို့အတွက် မိမိသိရှိထားသော မကောင်းမှုများမှ သတိပေးခြိမ်းခြောက်ရန်မှာ မလွဲမသွေ တာဝန်တစ်ရပ်ပင် ဖြစ်သည်။» ဤဟဒီးဆ်တော်ကို အိမာမ်မွတ်စ်လင်မ်က မိမိ၏ စွဟီးဟ်ကျမ်းတွင် ဆင့်ပြန်ထားသည်။
ကျွန်တော်တို့၏ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နဗီတမန်တော်များအနက် အမွန်မြတ်ဆုံးနှင့် နောက်ဆုံးနဗီတမန်တော်ဖြစ်ပြီး သာသနာတော်ကို ပို့ချခြင်းနှင့် သွန်သင်ဆုံးမခြင်းတို့တွင် အပြည့်ဝဆုံးဖြစ်တော်မူကြောင်းမှာ အားလုံးအသိပင်ဖြစ်သည်။ အကယ်၍သာ မောင်ဝ်လုဒ်(မွေးနေ့)ပွဲ ကျင်းပခြင်းသည် အလ္လာဟ်အရှင်မြတ် နှစ်သက်သဘောကျတော်မူသော သာသနာ(၏ အစိတ်အပိုင်းတစ်ခု) ဖြစ်ခဲ့မည်ဆိုလျှင် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အွမ္မသ်အတွက် ရှင်းလင်းပြသတော်မူခဲ့မည်ဖြစ်သည်။ သို့မဟုတ် သက်တော်ထင်ရှားရှိစဉ် ကိုယ်တော်တိုင် ပြုလုပ်တော်မူခဲ့မည်၊ သို့မဟုတ် ကိုယ် တော်၏ ဆွဟာဗဟ်များ(ရဿွိယလ္လာဟုအန်ဟွမ်)က ပြုလုပ်ခဲ့ကြမည်ဖြစ်သည်။ သို့ရာတွင် ထိုအရာများအနက်မှ မည်သည့်အရာမျှ ဖြစ်ပေါ်ခဲ့ခြင်း မရှိသောအခါ ၎င်းသည် အစ္စလာမ်သာသနာမှ လုံးဝမဟုတ်ကြောင်း သိရှိရသည်။ အမှန်စင်စစ် ၎င်းသည် ဟဒီးဆ်တော်များတွင် အထက်က ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိ၏အွမ္မသ်အား သတိပေးတားမြစ်တော်မူခဲ့သည့် သာသနာတွင် အသစ်တီထွင်ထားသောအရာများအနက်မှ ဖြစ်သည်။ ဤကဏ္ဍနှင့်ပတ်သက်သည့် အာယာသ်တော်များနှင့် ဟဒီးဆ်တော်များ အမြောက်အများရှိပေသည်။
ဖော်ပြပါ သက်သေအထောက်အထားများနှင့် အခြားသော အထောက်အထားများကို လိုက်နာလျက် ပညာရှင်အုပ်စုတစ်စုသည် မောင်ဝ်လုဒ်ကျင်းပခြင်းများကို ကန့်ကွက်ရန်နှင့် ယင်းမှ သတိပေးတားမြစ်ရန် ရှင်းလင်းစွာ မိန့်ဆိုထားသည်။သို့ရာ တွင် နောက်ပိုင်းပညာရှင်အချို့က သဘောထားကွဲလွဲခဲ့ကြသည်။ ၎င်းတို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် အလွန်အကျွံချီးမွမ်းခြင်း၊ အမျိုးသမီးများနှင့် အမျိုးသားများ ရောနှောခြင်း၊ တူရိယာပစ္စည်းများ အသုံးပြုခြင်းနှင့် သန့်စင်မွန်မြတ်သော ရှရီအသ်တရားတော်က ကန့် ကွက်ထားသည့် အခြားသောအရာများကဲ့သို့သော မကောင်းမှုတစ်စုံတစ်ရာ မပါဝင်ပါက ယင်းကို ခွင့်ပြုခဲ့ကြပြီး၊ ၎င်းသည် ကောင်းမွန်သော ဗိဒ်အသ်များထဲမှ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။
ရှရီအသ်၏ စည်းမျဉ်းမှာ - လူသားတို့ အငြင်းပွားကြသော ကိစ္စရပ်များကို အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်နှင့် ၎င်း၏ တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်တော်ထံသို့ ပြန်ပို့ရန်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားသကဲ့သို့ပင် ဖြစ်သည် - အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များနှင့် မိမိတို့အနက်မှ အာဏာပိုင်များ၏ အမိန့်ကို လိုက်နာကြလေကုန်။ တစ်ဖန်အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာ ကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့ကြသော်၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ် အထံတော်နှင့် ရစူလ်တမန်တော်၏ထံသို့ ပြန်လည်၍ ပို့သကြလေကုန်။ ဤ(သို့ပြုလုပ်ခြင်း) သည် (အသင်တို့အဖို့ ဤမျက်မှောက်လောကီဘဝ၌) အမွန်မြတ်ဆုံး ဖြစ်သည့်အပြင်၊ (နောက်တမလွန်ဘဝ၌ လည်း) အကျိုးအာနိသင်အားဖြင့် အကောင်းဆုံးပင် ဖြစ်သည်။ [စူရဟ် နိစာအ် အာယသ် - ၅၉] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ၎င်းပြင် အသင်တို့သည် ကိစ္စတစ်စုံတစ်ခုနှင့် ပတ်သက်၍ ကွဲလွဲခဲ့ကြလျှင် ၎င်း၏ စီရင်ဆုံးဖြတ်ချက်သည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာ ရှိပေသည်။ ... [စူရဟ် ရှုရာ အာယသ် - ၁၀]
ကျွန်ုပ်တို့သည် ဤပြဿနာ၊ ဆိုလိုသည်မှာ မွေးနေ့အခမ်း အနားများကျင်းပခြင်းကို အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်ထံသို့ ပြန်လည်ရည်ညွှန်းခဲ့ရာ၊ ထိုကျမ်းတော်၌ ရစူလ်တမန်တော်(ﷺ) ယူဆောင်လာသည့်အရာများနှင့် ပတ်သက်၍ ကိုယ်တော်၏နောက်လိုက်ရန် ကျွန်ုပ်တို့အား အမိန့်ပေးထားကြောင်း၊ ကိုယ်တော်တားမြစ်ထားသည့် အရာများမှ ရှောင် ကြဉ်ရန် သတိပေးတားမြစ်ထားကြောင်း၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ဤအွမ္မသ်အတွက် ၎င်းတို့၏ သာသနာကို ပြီးပြည့်စုံစေတော်မူခဲ့ပြီဖြစ်ကြောင်း သတင်းပေးထားသည်ကို တွေ့ရှိရသည်။ ဤအခမ်းအနားကျင်းပခြင်းသည် ရစူလ်တမန်တော်(ﷺ) ယူဆောင်လာသည့်အရာများထဲမှ မဟုတ်ပေ။ သို့ဖြစ်ရာ ၎င်းသည် အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့အတွက် ပြီးပြည့်စုံစေတော်မူခဲ့ပြီး၊ ၎င်းနှင့်ပတ်သက်၍ ရစူလ်တမန်တော်၏ နောက်လိုက်ရန် ကျွန်ုပ်တို့အား အမိန့်ပေးထားတော်မူသော သာသနာမှ မဟုတ်ပေ။
ထိုကိစ္စကို ကျွန်ုပ်တို့သည် တမန်တော်မြတ် (ﷺ) ၏ စွန္နသ်လမ်းစဉ်သို့ ထပ်မံ၍ ပြန်လည်တိုက်ဆိုင်စစ်ဆေးခဲ့ရာ၊ ကိုယ် တော်မြတ်ကိုယ်တိုင် ထိုသို့ပြုလုပ်ခဲ့ကြောင်း၊ သို့မဟုတ် ပြု လုပ်ရန် အမိန့်ပေးခဲ့ကြောင်းနှင့် ကိုယ်တော်၏ ဆွဟာဗဟ်များ (ရဿွိယလ္လာဟုအန်ဟုမ်) တို့ထံမှ ထိုကဲ့သို့ပြုလုပ်ခဲ့ကြောင်း မတွေ့ရှိရပေ။ သို့ဖြစ်၍ ၎င်းသည် သာသနာတွင် ပါဝင်ခြင်းမရှိကြောင်းကို ကျွန်ုပ်တို့ သိရှိရပါသည်။ အမှန်တကယ်တွင် ၎င်းသည် အသစ်တီထွင်ထားသော ဗိဒ်အသ် တရားသစ်တီထွင်မှုပင်ဖြစ်ပြီး၊ ကျမ်းရလူများဖြစ်ကြသော ယဟူဒီများနှင့် ခရစ်ယာန်တို့အား ၎င်းတို့၏ အီးဒ်ပွဲတော်များတွင် တုပခြင်းပင် ဖြစ်သည်။
သို့ဖြစ်၍ အနည်းငယ်မျှသော ဉာဏ်အမြော်အမြင်ရှိပြီး အမှန်တရားကို လိုလားကာ တရားမျှတစွာ ရှာဖွေသူတိုင်းအတွက် ထင်ရှားသည်မှာ- မော်လူးဒ်ပွဲတော်များ ကျင်းပခြင်းသည် အစ္စလာမ်သာသနာမှ မဟုတ်ပေ။ အမှန်မှာ ၎င်းသည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ် ﷺ တို့က ရှောင်ကြဉ်ရန် အမိန့်ပေးထားပြီး သတိပေးတားမြစ်ထားသော ဗိဒ်အဟ် တရားသစ်တီထွင်မှုပင် ဖြစ်သည်။ ထို့ပြင် အရပ်ဒေသအသီးသီးရှိ လူသားများအနက် ယင်းကိုပြုလုပ်သူများပြားခြင်းကြောင့် အသိဉာဏ်ရှိသူသည် လှည့် စားမခံသင့်ပေ။ အမှန်တရားသည် ပြုလုပ်သူများပြားခြင်းဖြင့် သိရှိနိုင်မည်မဟုတ်ဘဲ သာသနာ့အထောက်အထားများဖြင့်သာ သိရှိနိုင်မည်ဖြစ်သည်။ ယဟူဒီများနှင့် ခရစ်ယာန်များနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ထို့ပြင် ၎င်းတို့က ပြောဆိုကြသည်မှာ ဂျန္နသ် သုခဘုံသို့ ယဟူ ဒီဘာသာဝင် သို့မဟုတ် နဆွ်ရာနီဘာသာဝင်တို့မှလွဲ၍ မည်သူမျှ လုံးဝ ဝင်ရောက်ရမည်မဟုတ်။ ထိုပြောဆိုချက်သည် ၎င်းတို့၏ လိုချင်တပ်မက်မှုမျှသာဖြစ်သည်။ (အို-နဗီတမန်တော်) အသင်ပြောကြားပါ အသင်တို့သည် (ဤအကြောင်းနှင့် စပ် လျဉ်း၍) မှန်ကန်စွာပြောဆိုသူများ ဖြစ်ကြလျှင် ခိုင်လုံသည့်သက်သေ အထောက်အထား ယူဆောင်လာခဲ့ကြပါ။ [စူရဟ် ဗကရဟ် အာယသ် - ၁၁၁] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (စင်စစ်သော်ကား အကယ်၍သာ အသင်သည် ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသော သူတို့၏စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့ သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲချော်မှောက်မှားစေကြမည်။) [စူရဟ် အန္နအာမ် အာယသ် - ၁၁၆]
ထို့ပြင် ဤမွေးနေ့အခမ်းအနားကျင်းပခြင်း အများစုသည် ဗိဒ်အသ် တရားသစ်တီထွင်မှု ဖြစ်သည့်အပြင် အမျိုးသားနှင့် အမျိုးသမီးများ ရောနှောခြင်း၊ သီချင်းများနှင့် တူရိယာများ အသုံးပြုခြင်း၊ မူးယစ်စေတတ်သောအရာများနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းနှင့် အခြားသော မကောင်းမှုဒုစရိုက်များကဲ့သို့ အခြားသော တားမြစ်ထားသောအရာများ ပါဝင်ခြင်းမှ ကင်းလွတ်ခြင်းမရှိပေ။ ထိုအထဲတွင် ယင်းထက်ပို၍ ကြီးလေးသောအရာလည်း ဖြစ် ပွားနိုင်သည်။ ၎င်းမှာ ရှိရ်က်အက္ကဗရ် (ရှိရ်က် အကြီး) ပင်ဖြစ်သည်။ ယင်းမှာ တမန်တော်မြတ် ﷺ သို့မဟုတ် အခြားသော အဝ်လီယာသူတော်စင်များအပေါ် အလွန်အကျွံ အစွန်း ရောက်ခြင်း၊ ၎င်းတို့ထံ ဒုအာတောင်းခံခြင်း၊ ကယ်တင်ရန် အကူအညီတောင်းခံခြင်း၊ ထောက်ပံ့ကူညီမှုတောင်းခံခြင်း၊ ၎င်းတို့သည် အကွယ်အရာကို သိသည်ဟု ယုံကြည်ခြင်း စသည့် ကုဖ်ရ်ဆိုင်ရာ ကိစ္စရပ်များကို ကျူးလွန်ခြင်းဖြစ်သည်။ ဤလုပ်ရပ်များကို လူအများစုသည် တမန်တော်မြတ် ﷺ ၏ မောင်ဝ်လုဒ်ကျင်းပချိန်များတွင်လည်းကောင်း၊ အောင်ဝ်လီယာသူတော်စင်များဟု ၎င်းတို့ သတ်မှတ်ခေါ်ဆိုထားသူများအတွက် ကျင်းပချိန်များတွင်လည်းကောင်း၊ ကျူးလွန်လေ့ရှိကြသည်။ တမန်တော်မြတ် ﷺ ထံမှ ခိုင်လုံစွာ ဆင့်ပြန်ထား သည်မှာ ကိုယ်တော်က မိန့်ကြားတော်မူခဲ့သည်။ ""အသင်တို့သည် သာသနာတွင် အစွန်းရောက်ခြင်းမှ ရှောင် ကြဉ်ကြလော့။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား သာသနာတွင် အစွန်းရောက်ခြင်းက ပျက်စီးစေခဲ့ခြင်းဖြစ်သည်။"" တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်။ နဆ်ွရာနီတို့သည် မရ်ယမ်၏သားတော် (အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသ ကဲ့သို့ သင်တို့သည်လည်း ငါကိုယ်တော်အားအတိုင်းထက် အလွန် ကြည်ညိုအမွှမ်းတင်ခြင်း မပြုကြလေနှင့်။ ငါကိုယ် တော်သည် ကျွန်တစ်ဦးသာဖြစ်သည်။ ထို့ကြောင့် ငါကိုယ် တော်အားအလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဟူ၍သာ အသင်တို့ပြောဆိုကြပါ။ အီမာမ် ဗုခါရီက ၎င်းဟဒီးဆ်ကို အုမရ်(ရဿွိယလ္လာဟုအန်ဟု) ထံမှ မိမိ၏ စွဟီးဟ်ကျမ်းတွင် ဆင့်ပြန်ထားပေသည်။
အံ့ဩဖွယ်ကောင်းပြီး ထူးဆန်းသောကိစ္စတစ်ခုမှာ လူများစွာသည် ဤဗိဒ်အသ် တရားသစ်တီထွင်မှုဖြစ်သော ပွဲတော်များသို့ တက်ရောက်ရန် တက်ကြွကြိုးပမ်းကြပြီး ယင်းအ တွက် ကာကွယ်ပြောဆိုကြသော်လည်း၊ အလ္လာဟ်အရှင်မြတ်က မိမိတို့အပေါ် မဖြစ်မနေတာဝန် သတ်မှတ်ထားတော်မူသော ဂျွမ်အဟ်နှင့် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုရန်တက်ရောက် ခြင်းများမှ ကင်းကွာနေကြခြင်းပင်ဖြစ်သည်။ ၎င်းတို့အနေ ဖြင့် ထိုကိစ္စကို လုံးဝအလေးမထားကြသည့်အပြင်၊ မိမိတို့သည် ကြီးလေးသော မကောင်းမှုတစ်ရပ်ကို ကျူးလွန်နေသည်ဟုလည်း မယူဆကြပေ။ ထိုသို့ဖြစ်ရခြင်းမှာ အီမာန်ယုံကြည်မှု အားနည်းခြင်း၊ မှန်ကန်သောအသိအမြင် နည်းပါးခြင်းနှင့် အပြစ်ဒုစရိုက် အမျိုးမျိုးတို့ကြောင့် နှလုံး သားများပေါ်တွင် အမည်းစက်များ ဖုံးလွှမ်းသွားခြင်းတို့ကြောင့် ဖြစ် သည်ဆိုသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ကျွန်ုပ်တို့နှင့်တကွ အခြားသော မွတ်စ်လင်မ်အားလုံးအတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဘေးကင်းလုံခြုံမှုကို တောင်းခံပါသည်။
ထိုအချက်များအနက်မှတစ်ခုမှာ - အချို့သူများသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မော်လူးဒ်အခမ်းအနားသို့ တက်ရောက်လာသည်ဟု ထင်မြင်ယူဆကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကိုယ်တော်မြတ်အား နှုတ်ခွန်းဆက်သရန်နှင့် ကြိုဆိုရန်အလို့ငှာ မတ်တပ်ရပ်ကြပေသည်။ ဤသည်မှာ အကြီးမားဆုံးသော အမှားနှင့် အကျည်း တန်ဆုံးသော အမိုက်အမဲမှုများအနက်မှပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိယာမသ်နေ့ မတိုင်မီ မိမိ၏ကဗရ်မှ ထွက်လာမည်မဟုတ်ပေ။ လူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အဆက်အသွယ်ပြုမည်မဟုတ်သလို၊ ၎င်းတို့၏ စုဝေးမှုများသို့လည်း တက်ရောက်မည်မဟုတ်ပေ။ စင်စစ်အားဖြင့် ကိုယ်တော်မြတ်သည် ကိယာမသ်နေ့အထိ မိမိ၏ကဗရ်အတွင်း၌သာ တည်ရှိနေမည်ဖြစ်သည်။ကိုယ်တော်၏ဝိညာဉ်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ အပါးတော်၊ ဂုဏ်အသရေရှိသော နေရာဌာနဖြစ်သည့် အမြင့်မြတ်ဆုံးသော 'အအ်လာ အီလ္လီယီးန်' တွင် ရှိနေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည့်အတိုင်းပင် - (ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ထို့နောက်တွင် အမှန်ပင် သေဆုံးကြရမည့်သူများ ဖြစ်သည်။) ထို့နောက် အမှန်စင်စစ် အသင်တို့သည် ကိယာမသ်နေ့တွင် ရှင်ပြန်ထကြရဦးမည် ဖြစ်သည်။ [စူရဟ် မုအ်မိနူန် အာယသ် - ၁၅ - ၁၆]
တမန်တော်မြတ်(ﷺ)မိန့်ကြားတော်မူသည်မှာ- "ကိယာမတ်နေ့တွင် ငါကိုယ်တော်သည် ကဗရ်မြေပုံပွင့်ထွက် ၍ (ရှင်ပြန်ထမြောက်လာမည့်) ပထမဦးဆုံးသူဖြစ်သည်။ ထို့ပြင် ပထမဦးဆုံး ရှဖာအသ်(ကြားဝင်အသနားခံပေး)မည့်သူဖြစ်ပြီး၊ ပထမဦးဆုံး ရှဖာအသ်ကြားဝင်အသနားခံမှု လက်ခံခြင်းခံရမည့်သူလည်း ဖြစ်သည်။" တမန်တော်မြတ်အပေါ်သို့ ၎င်း၏အရှင်မြတ်ထံမှ အမွန်မြတ်ဆုံး ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
သို့ဖြစ်၍ ဤမွန်မြတ်လှသော အာယသ်တော်နှစ်ပါး၊ မွန်မြတ်လှသော ဟဒီးဆ်တော်နှင့် ၎င်းတို့၏ အဓိပ္ပါယ်နှင့်အညီ လာရှိသော အခြားအာယသ်တော်များနှင့် ဟဒီးဆ်တော်များ အား လုံးက နဗီတမန်တော် (ﷺ) နှင့် အခြားသော ကွယ်လွန်သူများသည် ကိယာမသ်နေ့၌သာ မိမိတို့၏ ကဗရ်သင်္ချိုင်းများမှ ထွက်ကြမည်ဖြစ်ကြောင်း ညွှန်ပြနေသည်။ ဤသည်မှာ မွတ်စ်လင်မ် ပညာရှင်များအကြား တညီတညွတ်တည်း သဘောတူလက်ခံထားသော ကိစ္စရပ်ဖြစ်ပြီး ၎င်းတို့အကြား ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်အငြင်းပွားမှုမျှ မရှိပေ။ သို့ဖြစ်ပေရာ မွတ်စ်လင်မ်တိုင်းသည် ဤကိစ္စရပ်များကို သတိ ပြုအလေးထားရန်နှင့် အလ္လာဟ်အရှင်မြတ်ထံတော်မှ မည်သည့်အထောက်အထားမျှ ချပေးသနားထားခြင်းမရှိသည့် အသိပညာမဲ့သူများနှင့် ၎င်းတို့ကဲ့သို့သောသူများ တီထွင်ထားသော (ဗိဒ်အသ်) တရားသစ်တီထွင်မှုများနှင့် အခြေအမြစ်မရှိသည့် ယုံကြည်မှုများမှ ရှောင်ကြဉ်ရန် အရေးကြီးပေသည်။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အကူအညီတောင်းခံရာအရှင်ဖြစ်၍ ထိုအရှင်မြတ်အပေါ်၌သာ ယုံကြည်ပုံအပ်ရမည်ဖြစ်သည်။ ထို့ပြင် ထိုအရှင်မြတ်(၏ အကူအညီ)မှအပ မည်သည့်စွမ်းအင်နှင့် မည်သည့်ခွန်အားမျှ မရှိပေ။
ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ်၌ ဆွလာသ်နှင့် စလာမ် ပို့သခြင်းနှင့် ပတ်သက်၍မူ၊ ၎င်းသည် အရှင်မြတ်နှင့်နီးကပ်မှုရရှိစေမည့် အကောင်းဆုံးသော ကောင်းမှုကုသိုလ်များနှင့် ကောင်းမြတ်သော ကျင့် ဆောင်မှုများအနက်မှ တစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသကဲ့သို့ - ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်းပြုကြလေကုန်။ [စူရဟ် အဟ်ဇာဗ် အာယာသ် - ၅၆] တမန်တော်မြတ်(ﷺ)မိန့်တော်မူသည်မှာ- «အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။» ၎င်းအား အချိန်အားလုံးတွင် ရွတ်ဆိုရမည်ဖြစ်သည်။ ဆွလာသ်တိုင်း၏ နောက်ဆုံးတွင် ပို၍အလေးထားရမည်ဖြစ်သည်။ ထိုမျှမက သာသနာ့ပညာရှင်တစ်စု၏အဆိုအရ ဆွလာသ်တိုင်း၏ နောက်ဆုံးတရှဟ်ဟုဒ်တွင် ရွတ်ဆိုရန် ဝါဂျိဗ်ဖြစ်သည်။ ၎င်းစွန်နသ်ဖြစ်ခြင်းသည် နေရာများစွာ၌ ပို၍လေးနက်မှုရှိသွားပေသည်။ ၎င်းတို့မှာ - အဇာန်ပေးပြီးနောက်၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အမည်နာမတော်ကို ဖော်ပြချိန်၊ ဂျုမုအဟ်နေ့နှင့် ၎င်း၏ညတို့တွင် ဖြစ်သည်။ ထိုအကြောင်းကို ဟဒီးဆ်တော်များစွာတွင်လည်း ဖော်ပြထားသည်။
ကျွန်ုပ်တို့နှင့်တကွ အခြားမွတ်စ်လင်မ်များအားလုံးကို မိမိ၏သာသနာတော်၌ သာသနာ့အသိပညာရရှိရန်နှင့် ထိုသာသနာတော်အပေါ်၌ ခိုင်မြဲစွာရပ်တည်နိုင်ရန် သောင်ဝ်ဖီးက် စွမ်းအားပေးသနားတော်မူရန်၊ ထို့ပြင် အားလုံးအပေါ်သို့ စွန္နသ်တော်အား စွဲမြဲစွာလိုက်နာရန်နှင့် ဗိဒ်အသ်မှ ရှောင်ကြဉ်ရန်အတွက် ကျေးဇူးပြုတော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဆုတောင်းပတ္တနာပြုအပ်ပါသည်။ ဧကန်အမှန်ပင် ထိုအရှင်မြတ်သည် အလွန်တရာ ရက်ရောတော်မူသောအရှင် ဖြစ်တော်မူသည်။
ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော်များအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
သဝဏ်လွှာ (၆)
အစ္စရာအ်နှင့် မေအ်ရာဂျ်ည ကျင်းပခြင်းနှင့် သက်ဆိုင်သည့် အမိန့်ပညတ်ချက်။
ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်တော်သူ၊ အိမ်တော်သားများနှင့် ဆွဟာဗဟ် သာဝကများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
ထို့နောက် - အစ္စရာအ်နှင့် မိအ်ရာဂ်ျသည် အရှင်မြတ်၏ ရစူလ်တမန်တော် မုဟမ္မဒ်(ﷺ)၏ မှန်ကန်မှုကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်(ဂျလ်လဂျလာလုဟူ) ထံတော်ပါး၌ ကိုယ်တော်မြတ်၏ အဆင့်အတန်း ကြီးမားမြင့်မြတ်မှုကို လည်းကောင်း ညွှန်ပြနေသည့် အလ္လာဟ်အရှင်မြတ်၏ အလွန်ပင်ကြီးကျယ်လှသည့် သက်သေလက္ခဏာတော်များအနက်မှ ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ ထိုနည်းတူစွာပင် ယင်းသည် အလ္လာဟ်အရှင်မြတ်၏ အံ့မခန်းစွမ်းအားတော်ကို လည်းကောင်း၊ အရှင်မြတ်(ဆွဗ်ဟာနဟူဝသအာလာ)သည် ဖန်ဆင်းခံအားလုံးတို့အပေါ် အလွန်မြင့်မြတ်တော်မူကြောင်းကို လည်းကောင်း ပြသနေသည့် သက်သေသာဓကများအနက်မှ ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်(ဆွဗ်ဟာနဟူဝသအာလာ)က မိန့်ဆိုထားတော်မူသည်မှာ - (အပြစ်အနာအဆာ ခပ်သိမ်းတို့မှ) သန့်ရှင်းကင်းစင်တော်မူသော အရှင်မြတ်သည် မိမိကျွန်တော်(တမန်တော်မြတ်မုဟမ္မဒ်)အား ညဉ့်အချိန်၌ မတ်စ်ဂျစ်ဒ်ဟရာမ်မှ ယင်း၏ပတ်ဝန်းကျင်အား ငါအရှင်မြတ် မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေတော်မူခဲ့သော မတ်စ်ဂျစ်ဒ်အက္ကဆွာသို့ ခရီးပို့ဆောင်တော်မူခဲ့၏။ (ထိုသို့ ခရီးပို့ဆောင်တော်မူခြင်းမှာ) ၎င်းအား ငါအရှင်မြတ်၏ အာယတ်တော်များကို ပြသအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်မှာကား ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ [စူရဟ် အစ္စရာအ် အာယသ် - ၁]
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ﷺ)သည် မိုးကောင်းကင်များသို့ ခေါ်ဆောင်ခြင်းခံရပြီး သတ္တမမြောက်မိုးကောင်းကင်ကို ကျော်လွန်သည်အထိ ကိုယ်တော်မြတ်အတွက် ၎င်း၏တံခါးများကို ဖွင့်လှစ်ပေးခြင်းခံရကြောင်း အခိုင်အမာ ဆင့်ပြန်ထားပေသည်။ ထို့နောက် အရှင်မြတ်သည် ကိုယ်တော်မြတ်အား အလိုတော်ရှိသည့်အတိုင်း စကားပြောဆို မိန့်ကြားတော်မူခဲ့ပြီး ၎င်းအပေါ်၌ ‘ဆွလာသ်’ (၅) ကြိမ်ကို ‘ဖရ်ဿွ်’အဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် အစပထမတွင် ဆွလာသ်အကြိမ် (၅၀) ကို ဖရ်ဿွ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ သို့ရာတွင် ငါတို့၏ တမန်တော်မြတ် မုဟမ္မဒ်(ﷺ)သည် အရှင်မြတ်ထံတော်သို့ အဖန်တလဲလဲ သွားရောက်ကာ (၅) ကြိမ်အဖြစ် သတ်မှတ်ပေးတော်မူသည်အထိ လျှော့ပေါ့ပေးရန် တောင်းခံတော်မူခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် ‘ဖရ်ဿွ်’အနေဖြင့် (၅) ကြိမ်ဖြစ်သော်လည်း အကျိုးကုသိုလ်အနေဖြင့် (၅၀) ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမှုတစ်ခုသည် ၎င်းနှင့်အလားတူ (၁၀)ဆနှင့် ညီမျှသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတော်များအားလုံးအတွက် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်ခြင်းများ ထိုက်တန်တော်မူပေသည်။
အစ္စရာအ်နှင့် မိအ်အရာဂျ် ဖြစ်ပေါ်ခဲ့သော ဤညနှင့်ပတ်သက် ၍ ရဂျဗ်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ တိကျစွာသတ်မှတ်ချက်သည် ဆွဟီးဟ်ဟဒီးဆ်တော်များတွင် လာရှိထားခြင်းမရှိပါ။ ထိုညကို သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ လာရှိသမျှသော အကြောင်းအရာအားလုံးသည် ဟဒီးဆ်ပညာရှင်များအလိုအရ တမန်တော်မြတ် (ﷺ) ထံမှ တိကျခိုင်လုံမှုမရှိပါ။ လူသားများအား ထိုညကို မေ့လျော့စေခြင်းတွင် အလ္လာဟ်အရှင်မြတ်၏ ကြီးမားလှသော ဉာဏ်တော်ပါရှိသည်။ အကယ် ၍ ထိုညကို တိကျစွာသတ်မှတ်ချက် ခိုင်လုံခဲ့လျှင်ပင် မွတ်စလင်မ်များအနေဖြင့် ယင်းညအား မည်သည့် ဝတ်ပြုကိုးကွယ်မှုဖြင့်မျှ သီးသန့်ပြုလုပ်ခွင့်မရှိပေ။ ထို့ပြင် ယင်းညအား ပွဲလမ်း သဘင် ကျင်းပပြုလုပ်ခွင့်လည်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ﷺ) နှင့် ဆွဟာဗဟ်များ (ရသွိယလ္လာဟုအန်ဟွမ်) တို့သည် ယင်းညအား ပွဲလမ်း သဘင် ကျင်းပခဲ့ခြင်းမရှိသလို၊ ၎င်းညအား မည်သည့်အရာနှင့်မျှ သီးသန့်ပြုလုပ်ခဲ့ခြင်း မရှိသောကြောင့်ဖြစ်သည်။ အကယ်၍ ၎င်းညအား အခမ်းအနားကျင်းပခြင်းသည် တရားတော်အရ ကောင်းမြတ်သည့် ကိစ္စဖြစ်လျှင်၊ တမန်တော်မြတ် (ﷺ)သည် အွမ္မသ်(နောက်လိုက်များ)အတွက် နှုတ်ကပတ်တော်ဖြင့်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်မှုဖြင့်ဖြစ်စေ၊ ရှင်းလင်းပြသခဲ့မည်သာဖြစ်သည်။ အကယ်၍ ထိုသို့လုပ်ဆောင်မှု တစ် စုံတစ်ရာရှိခဲ့ပါက ထင်ရှားကျော်ကြား လူသိများခဲ့မည်ဖြစ်ပြီး၊ ဆွဟာဗဟ်(ရသွိယလ္လာဟုအန်ဟွမ်)များကလည်း ကျွန်ုပ်တို့ထံသို့ ဆင့်ပြန်ခဲ့ကြမည်သာဖြစ်သည်။ အကြောင်း မူကား ၎င်းတို့သည် အွမ္မသ်အတွက် လိုအပ်သမျှအရာအားလုံးကို ၎င်းတို့၏ တမန်တော်မြတ်(ﷺ)ထံမှ ဆင့်ပြန်ခဲ့ကြပြီး သာ သနာတော်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ လစ်ဟင်းချန်လှပ်ထားခဲ့ခြင်းမရှိပေ။ ထိုမျှမက ၎င်းတို့သည် ကောင်း မြတ်သောအရာဟူသရွေ့ကို အမြဲဦးစွာလုပ်ဆောင်သူများ ဖြစ်ကြသည်။ သို့ဖြစ်ရာ အကယ်၍ ဤညအား အခမ်းအနားကျင်းပခြင်းသည် တရားတော်အရ ကောင်းမြတ်သည့် ကိစ္စဖြစ်လျှင်၊ ၎င်းတို့သည် လူသားအားလုံးထက်ပို၍ ထိုအရာကို ဦးစွာလုပ် ဆောင်ကြမည်သာဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူ သားတို့အပေါ် စေတနာအထားဆုံးနှင့် အကောင်းဆုံးလမ်းညွှန်ဆုံးမပေးတော်မူသူ ဖြစ်တော်မူ၏။ ကိုယ်တော်သည် သာသနာ့တာဝန်ကို အပြည့်စုံဆုံး ပို့ဆောင်တော်မူခဲ့ပြီး အမာနသ် (ယုံကြည်အပ်နှံထားသောတာဝန်) ကိုလည်း ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့၏။ အကယ်၍သာ ဤညကို ကြီးကျယ်မြင့် မြတ်အောင်ပြုခြင်းနှင့် အထူးတလည်ကျင်းပခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာတော်မှ ဖြစ်ခဲ့မည်ဆိုလျှင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းကို လျစ်လျူရှုထားတော်မူမည် မဟုတ်သလို ဖုံးကွယ်ထားတော်မူမည်လည်း မဟုတ်ပေ။ သို့ရာတွင် ထိုကဲ့သို့သော လုပ်ဆောင်ချက်မျိုး လုံးဝမရှိခဲ့သည့်အတွက် ထိုညအား အထူးတလည်ကျင်းပခြင်းနှင့် ကြီးကျယ်မြင့်မြတ်အောင် ဂုဏ်ပြုခြင်းတို့သည် အစ္စလာမ်သာသနာနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ထင်ရှားသိသာပေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤအွမ္မသ်အတွက် ၎င်းတို့၏ ဒီန်သာသနာတော်ကို ပြီးပြည့်စုံစေတော်မူခဲ့ပြီး ၎င်းတို့အပေါ် မိမိ၏ နေအ်မသ်(ကျေးဇူးတော်)ကိုလည်း ပြီးပြည့်စုံစေတော်မူခဲ့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ် ခွင့်ပြုတော်မမူသောအရာကို သာသနာတော်၌ အသစ်တီထွင်ပြဋ္ဌာန်းသူတို့အား ပြင်းထန်စွာ ကန့်ကွက်ပြစ်တင်ထားတော်မူ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ် (စွဗ်ဟာနဟုဝသအာလာ)က ရှင်းလင်းထင်ရှားလှသော မိမိ၏ကျမ်းမြတ်တွင် ဤသို့ မိန့်ကြားတော်မူသည် - ...ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့် အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။... [စူရဟ် မာအိဒဟ် အာယသ် - ၃] ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- သို့တည်းမဟုတ် ၎င်းတို့၌ အလ္လာဟ်အရှင်မြတ် ခွင့်ပြုတော်မမူသော ဘာသာတရားကို ၎င်းတို့အဖို့ ပြဋ္ဌာန်းပေးကြသည့် ကိုးကွယ်ရာများ ရှိကြသလော။ ၎င်းပြင် အကယ်၍သာ (ကိယာမသ်နေ့တိုင်အောင် ရွှေ့ဆိုင်းထားမည်ဟူသော) အဆုံး အဖြတ် စကားတော်သာ မရှိခဲ့ပါလျှင် ၎င်းတို့၏ အကြားတွင် စီရင် ဆုံးဖြတ်ပြီး ဖြစ်ပေမည်။ အမှန်စင်စစ် မတရား ကျူး လွန်သူတို့အဖို့ နာကျင်ဖွယ်ရာဖြစ်သော ပြစ်ဒဏ်သည် ရှိပေသည်။ [စူရဟ် ရှုရာ - အာယာသ် - ၂၁]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ ခိုင် လုံသော ဟဒီးဆ်တော်များတွင် အတည်ပြုလာရှိသည်မှာ သာသ နာဝင်များအား ၎င်း၏ ကြီးမားလှသော အန္တရာယ်ကို သတိ ပေးရန်နှင့် ၎င်းကိုကျူးလွန်ခြင်းမှ ရှောင်ကြဉ်စေရန်အတွက် (ဗိဒ်အသ်) တရားသစ်တီထွင်မှုများမှ ရှောင်ကြဉ်ရန် သတိပေးထားပြီး ၎င်းသည် လမ်းမှားပင်ဖြစ်ကြောင်း ရှင်းလင်းစွာ မိန့်ကြားထားခြင်းပင်ဖြစ်သည်။ ၎င်းတို့အနက် ဆွဟီးဟ်ကျမ်းနှစ်ကျမ်း၌ အတည်ပြုလာရှိသော အအေရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှတစ်ဆင့် ဆင့်ပြန်ထားသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- "မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။" မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာတွင် ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ စွဟီးမွတ်စ်လင်မ်ကျမ်း၌ ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ﷺ)သည် ဂျုမုအဟ်နေ့ ခုသ်ဗဟ်မိန့်ခွန်းတွင် မိန့်ကြားတော်မူလေ့ရှိသည်မှာ- "ထို့နောက် (ဆက်လက်တင်ပြလိုသည်မှာ) အကောင်းဆုံးသော စကားတော်မှာ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ဖြစ်ပြီး၊ အကောင်းဆုံးသော လမ်းစဉ်မှာ တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းစဉ်ပင်ဖြစ် သည်။ အဆိုးဝါးဆုံးသော ကိစ္စရပ်များမှာ (သာသနာ၌) အသစ်တီ ထွင်ထားသော အရာများဖြစ်ပြီး၊ ‘ဗိဒ်အသ်’ တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားမှုပင်ဖြစ်သည်။" အိမာမ် နစာအီက မိမိ၏ကျမ်းတွင် ဂျိုင်ယိဒ်စနဒ်ဖြင့် လမ်းမှားမှုတိုင်းသည် ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ စွနန်ကျမ်းများတွင် အလ်အိရ်ဗာဿ်ွ ဗင်န်ဆာရိယဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စိတ် နှလုံးများကို ကြောက်ရွံ့စေကာ မျက်လုံးများမှ မျက်ရည်များစီးကျစေသည့်ဆုံးမစကားမျိုး ကျွန်တော်တို့အား မိန့်ကြားတော်မူခဲ့သည်။ ထိုအခါကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား မှာတမ်းစကားမိန့်ကြားတော်မူပါဟုလျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- "ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် ကျွန်တစ်ဦးအား သင်တို့အပေါ်၌ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည်(ငါကိုယ်တော် ကွယ်လွန်ပြီးနောက်) အသက်ထင်ရှားရှိနေမည်ဆိုပါက မြောက်မြားစွာသော ကွဲလွဲမှုများကိုမြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် ငါကိုယ်တော်မရှိသည့်နောက် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို စွဲမြဲစွာဆုပ်ကိုင်ထားပြီး အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။ ထို့ပြင် အသင်တို့သည် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြပါ။ ဧကန်မုချ တရားသစ်တီထွင်မှုတိုင်းသည် (ဗိဒ်အသ်) ဖြစ်ပြီး၊ (ဗိဒ်အသ်) တိုင်းသည် လမ်းမှားမှုပင်ဖြစ်သည်။" ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် ဟဒီးဆ်တော်အမြောက်အများရှိပေသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွဟာဗဟ် သာဝကများနှင့် ၎င်းတို့နောက်မှ ကောင်းမြတ်သော ရှေးသူတော်စင်ကြီး(စလဖ်)များထံမှ အခိုင်အမာ ရရှိထားသည်မှာ - ဗိဒ်အသ် တရားသစ်တီထွင်မှုများမှ ရှောင်ကြဉ်ရန် သတိပေးခြင်းနှင့် ယင်းအပေါ် ပြင်းထန်စွာ တားမြစ်ခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်း(ဗိဒ်အသ်)သည် သာသနာတွင် အပိုထပ်မံဖြည့်စွက်ခြင်း၊ အလ္လာဟ်အရှင်မြတ် ခွင့်ပြုတော်မမူသော တရားကို ပြဋ္ဌာန်းခြင်းဖြစ်သည့်အပြင်၊ အလ္လာဟ်အရှင်မြတ်၏ ရန်သူများဖြစ်ကြသော ယဟူဒီများနှင့် နဆွာရာများ သည် ၎င်းတို့၏ သာသနာတွင် အပိုထပ်မံဖြည့်စွက်ပြီး အလ္လာဟ်အရှင်မြတ် ခွင့်ပြုတော်မမူသောအရာကို တရားသစ်တီထွင်သကဲ့သို့ ၎င်းတို့အား အတုယူခြင်းလည်းဖြစ်သည်။ ထို့ပြင် ၎င်း၏ အကျိုးဆက်သည် အစ္စလာမ်သာသနာအား ချို့ယွင်းချက်ဖြစ်စေခြင်းနှင့် သာသနာသည် ပြီးပြည့်စုံမှုမရှိဟု စွပ်စွဲခြင်းပင်ဖြစ်သည်။ ဤလုပ်ရပ်တွင် ကြီးမားသော ဖောက်ပြန်ပျက်စီးမှု၊ ဆိုးရွားသော မကောင်းမှုနှင့် အလ္လာဟ်အရှင်မြတ် (ဂျလ္လဂျလာလဟူ)၏ မိန့်ဆိုချက်ကို ဆန့်ကျင် ဘက်ပြုမှုတို့ ပါဝင်နေသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ...ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။... [စူရဟ် မာအိဒဟ်: အာယသ် - ၃] ဗိဒ်အသ် တရားသစ်တီထွင်မှုများမှ ရှောင်ကြဉ်ရန် သတိပေးထားပြီး ၎င်းတို့မှ ကင်းဝေးစေရန် တားမြစ်ထားသည့် တမန်တော်မြတ်(အလိုင်းဟိစ်ဆလာတုဝတ်စ်စလာမ်)၏ ဟဒီးဆ်တော်များအား အတိအလင်း ဆန့်ကျင်ခြင်းပင် ဖြစ်သည်။
သို့ဖြစ်၍ ကျွန်ုပ်တို့ တင်ပြခဲ့သော အထောက်အထားများ သည် အမှန်တရားကို ရှာဖွေသူအတွက် ဤတရားသစ်အား ငြင်းပယ်ရန် (ဆိုလိုသည်မှာ အစ္စရာအ်နှင့် မိအ်အ်ရာဂျ် ညမြတ်ကို ကျင်းပဆင်နွှဲသည့် တရားသစ်ပင်ဖြစ်သည်)၊ ယင်းတရားသစ်မှ သတိပေးတားမြစ်ရန်နှင့် ၎င်းသည် အစ္စလာမ်သာသနာနှင့် အလျဉ်း သက်ဆိုင်မှုမရှိကြောင်း သိရှိရန် လုံ လောက်၍ ကျေနပ်လက်ခံနိုင်ဖွယ် ဖြစ်လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။
အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များအား ဆုံးမစကား ပြောကြားရန်နှင့် ၎င်းတို့အတွက် သာသနာ၌ အလ္လာဟ်အရှင်မြတ်၏ တရားဥပဒေပြဌာန်းချက်များကို ရှင်းလင်းတင်ပြရန် တာဝန်ပေးသတ်မှတ်ထားပြီး၊ အသိပညာအား ဖုံးကွယ်ထားခြင်းကို တားမြစ်ထားသောကြောင့်၊ လူအချို့က သာသနာဟုပင် ထင်မှတ်လာကြသည်အထိ တိုင်းပြည်များစွာတွင် ပျံ့နှံ့နေသော ဤဗိဒ်အသ် တရားသစ်တီထွင်မှုနှင့်ပတ်သက်၍ ကျွန်ုပ် ၏ မွတ်စ်လင်မ်ညီနောင်များအား သတိပေးရန် လိုအပ်သည်ဟု ကျွန်ုပ်ရှုမြင်ပါသည်။
အလ္လာဟ်အရှင်မြတ်ထံ၌တောင်းဆုပြုပါ၏။ ထိုအရှင်သည် မွတ်စ်လင်မ်အားလုံး၏ အခြေအနေများကို ပြုပြင်ပြောင်းလဲပေးတော်မူ၍ ၎င်းတို့အား သာသနာ့အသိပညာအား ချီးမြှင့်တော်မူပါစေ။ ထို့နောက် ကျွန်ုပ်တို့နှင့် ၎င်းတို့အား အမှန်တ ရားကို လက်ကိုင်ပြုရန်နှင့် ယင်းအပေါ်၌ ခိုင်မြဲစွာရပ်တည်ရန်၊ ထို့ပြင် ယင်းနှင့်ဆန့်ကျင်သောအရာများကို စွန့်လွှတ်နိုင်ရန် သောင်ဝ်ဖီးက် စွမ်းအားပေးတော်မူပါစေ။ ဧကန်အမှန် ထိုအရှင်မြတ်သည် ထိုအရာတို့အားပိုင်ဆိုင်တော်မူပြီး အရှင်မြတ်သည်သာ ထိုအရာများအပေါ်စွမ်းဆောင် နိုင်တော်မူသောအရှင်ဖြစ်ပေသည်။
အလ္လာဟ်အရှင်မြတ်၏ ကျွန်တော်ရင်းနှင့် တမန်တော်ဖြစ်သော ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်း ကောင်း၊ ကိုယ်တော်၏ အိမ်သူအိမ်သားများနှင့် သာဝကတော်များအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာ၊ ငြိမ်းချမ်းသာယာမှုနှင့် မင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။
သဝဏ်လွှာ (၇)
ရှအ်ဗာန်လ၏ တစ်ဝက်မြောက်ညကို ကျင်းပခြင်း၏ အမိန့်ပညတ်ချက်
ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် ကျွန်ုပ်တို့အတွက် သာသနာတော်ကို ပြီးပြည့်စုံစေတော်မူပြီး၊ ကျွန်ုပ်တို့အပေါ် ကျေးဇူးတော်ကို ပြည့်ဝစုံလင်စေတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ နဗီနှင့် ရစူလ်တမန်တော်ဖြစ်တော်မူသော၊ သောင်ဗဟ်(ဝန်ခံတောင်းပန်ခြင်း)နှင့် ကရုဏာတော်၏ နဗီတမန်တော် မုဟမ္မဒ်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
၎င်းနောက် - အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်။ ...ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့် အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။... [စူရဟ် မာအိဒဟ် - အာယသ် - ၃] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - "သို့တည်းမဟုတ် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ် ခွင့်ပြုတော်မမူသော အရာများကို ဘာသာတရားအဖြစ် ၎င်းတို့အတွက် ပြဋ္ဌာန်းပေးသော တွဲဖက်ကိုးကွယ်ရာများ ရှိနေကြသလော။" [စူရဟ် ရှုရာ - အာယာသ် - ၂၁] ဆွဟီးဟ်ကျမ်းနှစ်စောင်တွင် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။" စွဟီးမွတ်စ်လင်ကျမ်း၌ ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ﷺ)သည် ဂျုမုအဟ် ခုသ်ွဗဟ်တွင် မိန့်ကြားတော်မူလေ့ရှိသည်မှာ- ဆက်လက်၍ တင်ပြရသော်- အကောင်းဆုံးသော စကားမှာ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ဖြစ်ပြီး၊ အကောင်းဆုံးသော လမ်းစဉ်မှာ တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းစဉ်ပင်ဖြစ်သည်။ အဆိုးရွားဆုံးသော ကိစ္စရပ်များမှာ (သာသနာတွင်) အသစ်တီထွင်ထားသော အရာများဖြစ်ပြီး၊ ‘ဗိဒ်အသ်’ တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားမှုပင်ဖြစ်သည်။ ဤအဓိပ္ပာယ်ကိုဆောင်သော အာယသ်တော်များနှင့် ဟဒီးဆ်တော်များစွာရှိပေသည်။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဤအွမ္မသ်အတွက် သာသနာတော်ကို ပြီးပြည့်စုံအောင်ပြုလုပ်ပေးတော်မူခဲ့ပြီး ၎င်းတို့အပေါ် ကျေးဇူးတော်များကို ပြည့်ဝစေခဲ့ကြောင်းကို အထင်အရှား ညွှန်ပြနေပေသည်။ ထို့ပြင် မိမိ၏ နဗီတမန်တော်မြတ်(ﷺ)သည် သာသနာတော်ကို အပြည့်အဝပို့ချပြီးသည့်နောက်နှင့် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းပေးတော်မူခဲ့သည့် ပြောဆိုမှုများနှင့် လုပ်ဆောင်မှုများအားလုံးကို ဤအွမ္မသ်အတွက် ရှင်းလင်းပြသပြီးသည့်နောက်မှသာလျှင် ကွယ်လွန်တော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ကိုယ်တော်၏နောက်ပိုင်းတွင် လူတို့က အသစ်တီထွင်ပြီး အစ္စလာမ်သာသနာတော်၌ ပါဝင်သည်ဟုသတ်မှတ်ကြသည့် ပြောဆိုမှု သို့မဟုတ် လုပ်ဆောင်မှုဟူသမျှသည် (ဗိဒ်အသ်) တရားသစ်တီထွင်မှုများပင်ဖြစ်ပြီး၊ ၎င်းတို့၏ရည်ရွယ် ချက် ကောင်းမွန်နေစေကာမူ ထိုလုပ်ရပ်သည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်သည်။ ဤအကြောင်း အရာကို ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွဟာဗဟ် သာဝကများ သိရှိနားလည်ခဲ့ကြသည်။ ထို့အတူ ၎င်းတို့၏ နောက်ပိုင်းရှိ အစ္စလာမ့်ပညာရှင်များလည်း ထိုနည်းတူပင် သိရှိခဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် (ဗိဒ်အသ်) တရားသစ်တီထွင်မှုများကို ဆန့်ကျင်ငြင်းပယ်ခဲ့ကြပြီး ထိုအရာများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းခဲ့ကြသည်။ ဤအကြောင်းကို စွန္နသ်တော်များကို ဂုဏ်ပြုမြှင့်တင်ခြင်းနှင့် ဗိဒ်အသ်ကို ဆန့်ကျင်ငြင်းပယ်ခြင်းဆိုင်ရာ ကျမ်းများပြုစုခဲ့ကြသော အိဗ်နုဝဿွာဟ်၊ သွရ်သူရှီ၊ အဗူရှာမဟ်နှင့် အခြားသောပညာရှင် အားလုံးကလည်း ဖော်ပြခဲ့ကြသည်
လူအချို့ တီထွင်ထားသော ဗိဒ်အသ်များအနက်မှ တစ်ခုမှာ ရှအ်ဗာန်လ၏ တစ်ဝက်မြောက်ညအား ကျင်းပဆင်နွှဲသည့် ဗိဒ်အသ်နှင့် ထိုနေ့အား သီးသန့်သတ်မှတ်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းတို့ ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအတွက် မှီခိုအား ထားနိုင်လောက်သည့် ခိုင်လုံသော အထောက်အထား မရှိပေ။ ယင်းည၏ ထွတ်မြတ်မှုနှင့်ပတ်သက်၍ အားနည်းသော ဟဒီးဆ်တော်များ လာရှိထားသော်လည်း ၎င်းတို့အပေါ် မှီခိုအား ထားရန် မပိုင်ပေ။
၎င်းတွင် ဆွလာသ်ဝတ်ပြုခြင်း၏ ထွတ်မြတ်မှုနှင့်ပတ်သက်၍ လာရှိထားသောအရာများနှင့်စပ်လျဉ်း၍ ဆိုရသော်၊ ထိုအရာအားလုံးသည် လုပ်ကြံဖန်တီးထားသောအရာများသာ ဖြစ် သည်။ ယင်းအချက်ကို သာသနာ့ပညာရှင်အများအပြားက ထောက်ပြသတိပေးခဲ့ကြသည့်အတိုင်းပင်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါက ၎င်းတို့၏ ပြောကြားချက်အချို့ကို ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။
၎င်းတွင်လည်း ရှာမ်ဒေသခံ ဆလဖ်အချို့နှင့် အခြားပုဂ္ဂိုလ်များထံမှ ဆင့်ပြန်ချက်များ လာရှိသည်။
သာသနာ့ပညာရှင်အများစု တညီတညွတ်တည်း သဘောတူညီထားသည်မှာ ၎င်းအား အခမ်းအနားကျင်းပခြင်းသည် ဗိဒ်အဟ် တရားသစ်တီထွင်မှုပင်ဖြစ်သည်။ ထို့ပြင် ၎င်း၏ထွတ် မြတ်မှုနှင့်ပတ်သက်၍ လာရှိထားသော ဟဒီးဆ်များအားလုံးသည် ခိုင်မာမှုမရှိပေ။ အချို့မှာ လုပ်ကြံဖန်တီးထားခြင်းဖြစ် သည်။ ဤအချက်ကို သတိပေးတင်ပြခဲ့သူများအနက် ဟာဖိဇ် အိဗ်နေရဂျဗ် က ၎င်း၏ (လသွာအိဖွလ်မအာရိဖ်) ကျမ်း၌ လည်းကောင်း၊ အခြားသောပညာရှင်များက လည်းကောင်း ပါဝင်သည်။ ထင်ရှားသိရှိထားသည့်အတိုင်း ခိုင်မာမှုမရှိသော ဟဒီးဆ်များကို မှန်ကန်ခိုင်လုံသည့် သက်သေအထောက် အထားများဖြင့် ၎င်း၏မူလအခြေခံ အတည်ဖြစ်ပြီးသား အိဗာဒသ် ခဝပ်ကိုးကွယ်မှုများတွင်သာ လက်တွေ့လိုက်နာကျင့်သုံးနိုင်ပေသည်။ ရှာအ်ဗာန်လ၏ တစ်ဝက်မြောက်ညအား ကျင်းပခြင်းနှင့်ပတ်သက်၍မူ ခိုင်မာမှုမရှိသော ဟဒီးဆ်များဖြင့် မှီငြမ်းနိုင်လောက်သည်အထိ မှန်ကန်ခိုင်လုံသည့် အခြေခံဟူ၍ မရှိပေ။ အီမာမ် အဘူအလ်အဗ်ဘားစ် ရှိုင်းခုလ်အစ္စလာမ် အိဗ်နေသိုက်မီးယဟ် (ရဟိမဟုလ္လာဟ်) က ဤကြီးကျယ်မွန်မြတ်သော စည်းမျဉ်းကို ဖော်ပြမိန့်ဆိုခဲ့သည်။
အို-အဆွေစာရှူသူ၊ ဤကိစ္စနှင့် ပတ်သက်၍ ပညာရှင်အချို့က ပြောဆိုထားသည်များကို သင့်ထံသို့ ကျွန်ုပ် လက်ဆင့်ကမ်း တင်ပြပါမည်။ သို့မှသာ စာဖတ်သူအနေဖြင့် ထိုကိစ္စအပေါ် ရှင်းလင်းစွာ သိရှိနားလည်နိုင်မည်ဖြစ်သည်။
သာသနာ့ပညာရှင်များ (အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ် ကရုဏာသက်ရောက်တော်မူပါစေ) အားလုံးက တညီ တညွတ်တည်း သဘောတူညီထားကြသည်မှာ - လူတို့အကြား အငြင်းပွားကြသည့် ကိစ္စရပ်များကို အလ္လာဟ်အရှင်မြတ် (ဂျလ်လဂျလာလုဟူ) ၏ ကျမ်းမြတ်(ကုရ်အာန်)နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ စွန္နသ်တော်ထံသို့ ပြန်လည်တင်ပြအဆုံးအဖြတ်ခံယူရန်မှာ ဝါဂျိဗ်တာဝန်ဖြစ်သည်။ ထို(ကုရ်အာန်နှင့်စွန္နသ်တော်) နှစ်ရပ်လုံးကဖြစ်စေ သို့မဟုတ် ၎င်းတို့အနက်မှတစ်ခုခုကဖြစ်စေ အဆုံးအဖြတ်ပေးထားသည့်အရာသည် လိုက်နာရန် ဝါဂျိဗ်တာဝန်ဖြစ်သော ရှရီအဟ်တရားတော်ပင်ဖြစ်သည်။ ၎င်းတို့ကို ဆန့်ကျင်သည့်အရာမှန်သမျှအား ပယ်ချရန် အရေးကြီးပေသည်။ ထိုနှစ်ရပ်လုံးတွင် မပါရှိသော ခဝပ်ကိုးကွယ်မှု (အိဗာဒသ်) များသည် ဘိဒ်အသ် (သာသနာတွင်အသစ်တီထွင်မှု) ဖြစ်ပြီး ၎င်းအား ပြုလုပ်ပိုင်ခွင့်မရှိပေ။ ထိုအရာဘက်သို့ ဖိတ်ခေါ်ခြင်းနှင့် အားပေးထောက်ခံခြင်းတို့မှာ ဆိုဖွယ်ရာပင် မရှိပေ။ အလ္လာဟ်အရှင်မြတ် (ဆွဗ်ဟာနဟုဝသအာလာ) က ဤသို့ မိန့်ကြားတော်မူသည်- အို- သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များနှင့် မိမိတို့အနက်မှ အာဏာပိုင်များ၏ အမိန့်ကို လိုက်နာကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် တစ်စုံတစ် ရာ ကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့ကြသော်၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်၏ အထံတော်နှင့် ရစူလ်တမန်တော်၏ထံသို့ ပြန်လည်၍ ပို့သကြလေကုန်။ ဤ(သို့ပြုလုပ်ခြင်း)သည် (အသင်တို့အဖို့ ဤမျက်မှောက်လောကီဘဝ၌) အမွန်မြတ်ဆုံး ဖြစ်သည့်အပြင်၊ (နောင်တမလွန်ဘဝ၌လည်း) အကျိုးအာနိသင်အားဖြင့် အကောင်းဆုံးပင် ဖြစ်သည်။ [စူရဟ် နိစာအ် အာယသ်- ၅၉] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - အသင်တို့သည် ကိစ္စတစ်စုံတစ်ခုနှင့် ပတ်သက်၍ ကွဲလွဲငြင်းခုံခဲ့ကြလျှင် ထိုကိစ္စကို စီရင်ဆုံးဖြတ်ခြင်းသည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာ ရှိ၏။... [စူရဟ် ရှုရာ - အာယာသ် - ၁၀] အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အို-နဗီတမန်တော်) အသင်သည် (လူခပင်း တို့အား ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြည် မြတ်နိုးကြပါမူ ငါ၏အမိန့်သြဝါဒများကို အစဉ် တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်) အသင်တို့အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူမည်။ ထို့ပြင်တစ်ဝ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူမည်။... [စူရဟ် အားလိအင်မ်ရာန်- အာယာသ်- ၃၁] ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (သို့ဖြစ်ပေရာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ‘ကစမ်’၊ ထိုသူတို့သည် မိမိတို့အချင်းချင်း အငြင်းပွားသော ပြဿနာနှင့် စပ်လျဉ်း၍ အသင့်အား ခုံသမာဓိတင်မြှောက်ခြင်း မရှိသမျှ ကာလပတ်လုံး၊ ပြီးနောက် ၎င်းတို့သည် အသင်စီရင်ခဲ့သော ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မိမိတို့ စိတ်တွင်းဝယ်၊ မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်ပြင် (ယင်းစီရင်ဆုံးဖြတ်ချက်ကို) အပြည့်အစုံ (ကြည်ဖြူစွာ)လက်ခံနာယူခြင်း မရှိသမျှ ကာလပတ်လုံး ထိုသူတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ ဖြစ်နိုင်ကြမည် မဟုတ်ပေ။) [စူရဟ် နိစာအ် အာယသ် - ၆၅] ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယသ်တော်အ မြောက်အများရှိပေသည်။ ၎င်းတို့သည် သဘောထားကွဲလွဲသည့် ကိစ္စရပ်များအား ကျမ်းဂန်နှင့် စွန္နသ်တော်ထံသို့ မလွဲမသွေ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းနှင့် ထိုနှစ်ပါး၏ ဆုံးဖြတ်ချက်အပေါ် မလွဲမသွေ ကျေနပ်နှစ်သက်လက်ခံရမည်ဖြစ်ကြောင်း တိကျသော ပြဋ္ဌာန်းချက်များပင် ဖြစ်ပေသည်။ ထို့ပြင် ယင်းသို့ပြုလုပ်ခြင်းသည် အီမန်သက်ဝင်ယုံကြည်ခြင်း၏ တောင်းဆိုချက်ဖြစ်ပြီး၊ အစေခံကျွန်များအတွက် ပစ္စုပ္ပန်နှင့် တမလွန်ဘဝတို့၌ ပိုမိုကောင်းမွန်ကာ၊ အဆုံးသတ်ရလဒ်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသည်။
အလ်ဟာဖိဇ် အိဗ်နေ ရဂျဗ် (رحمه الله) က သူ၏ကျမ်းဖြစ်သော (လသွာအိဖုလ် မအာရိဖ် ကျမ်း) တွင် ဤကိစ္စနှင့်ပတ်သက်၍ ရှေ့တွင် တင်ပြခဲ့သည့် စကားရပ်များအပြီး၌ အောက်ပါအတိုင်း ပြောကြားသည်မှာ-
ရှအ်ဗာန်လ၏ တစ်ဝက်မြောက်ညကို ရှာမ်ဒေသခံ တာ ဗေအီများဖြစ်ကြသော ခါလစ်ဒ် ဗင်န် မအ်ဒါန်၊ မက်ဟူးလ်၊ လုက်မာန် ဗင်န် အာမိရ်နှင့် အခြားသူ များသည် အလေးအမြတ်ထားလေ့ရှိပြီး ထိုညတွင် အိဗာဒသ်ခဝပ်ကိုးကွယ်မှုများကို အထူးအားထုတ် ကြိုးပမ်းပြုလုပ်လေ့ရှိကြသည်။ လူအများသည် ယင်းည၏ ထွတ်မြတ်မှုနှင့် ဂုဏ်မြင့်မြတ်မှုတို့ကို ထိုသူများထံမှတစ်ဆင့် လက်ခံရယူခဲ့ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ အစ္စရာအီလီယားသ် ဆင့်ပြန်ချက်များ ၎င်းတို့ထံ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။ ထို့နောက် ၎င်းတို့မှတစ်ဆင့် ထိုအကြောင်းအရာသည် တိုင်းပြည်အရပ်ရပ်သို့ ကျော်ကြားပျံ့နှံ့သွားသောအခါ လူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ သ ဘောထားကွဲလွဲခဲ့ကြသည်။ လူအချို့က၎င်းတို့ထံမှ ထိုအရာကို လက်ခံခဲ့ကြပြီး ၎င်းအား ဂုဏ်ပေးလေး စားရာတွင် ၎င်းတို့နှင့် သဘောတူခဲ့ကြသည်။ ထိုသူတို့အနက် ဘတ်ဆွရာမြို့မှ အိဗာဒသ်ပြုသူများ အုပ်စုတစ်စုနှင့် အခြားသူများလည်း ပါဝင်ပေသည်။ ဟီဂျာဇ်ဒေသရှိ အာလင်မ်ပညာရှင်အများစုက ထိုအရာကို ငြင်းပယ်ခဲ့ကြသည်။ ၎င်းတို့အနက် အသွာအ်နှင့် အိဗ်နုအဘီမုလိုင်ကဟ်တို့ ပါဝင်သည်။ အဗ်ဒုရ်ရဟ်မာန်ဗင်န်ဇိုက်ဒ်ဗင်န်အဆ်လမ်ကလည်း ၎င်းကို မဒီနဟ်မြို့သား ဖကီးဟ်ပညာရှင်များထံမှ ဆင့်ပြန်ထားသည်။ ယင်းမှာ အိမာမ်မာလစ်က်၏ နောက် လိုက်များနှင့် အခြားသူများ၏ အဆိုရလည်းဖြစ် သည်။ ၎င်းတို့က ထိုအရာအားလုံးသည် ဗိဒ်အသ်ဖြစ်သည်ဟု ဆိုကြသည်။
၎င်းကိုအသက်သွင်းခြင်း (ခဝပ်ကိုးကွယ်မှုပြုခြင်း) ပုံစံနှင့်ပတ်သက်၍ ရှာမ်(ဒေသရှိ သာသနာ့ပညာရှင်များက အဆိုနှစ်ရပ် ကွဲလွဲခဲ့ကြသည်မှာ-
၎င်းတို့အနက်မှ ပထမအချက်မှာ- ဗလီများ၌ ဂျမာအသ်အစု အဝေးဖြင့် ထိုညကို ညဉ့်မအိပ်ဘဲ အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုခြင်းသည် လိုလားအပ်သောအရာဖြစ်သည်။ ခါလစ်ဒ် ဗင်န် မအ်ဒါန်၊ လူကမားန် ဗင်န် အာမိရ်နှင့် အခြားသူတို့သည် ထိုညတွင် ၎င်းတို့၏အကောင်းဆုံးသော အဝတ် အစားများကို ဝတ် ဆင်ကြပြီး အမွှေးနံ့သာများ အသုံးပြုကာ စူရ်မာဆွဲလေ့ရှိကြသည်။ ထို့ပြင် ၎င်းတို့သည် ထိုည၌ ဗလီတွင် (အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုရန်) မတ်တတ်ရပ်လေ့ရှိကြသည်။ အစ္စဟားက် ဗင်န် ရာဟဝိုင်ဟိ သည်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့နှင့် သဘောတူညီခဲ့သည်။ ဗလီဝတ်ကျောင်းတော်များ၌ ၎င်းဆွလာသ်အား လူစုလူဝေးဖြင့် ဝတ်ပြုခြင်းနှင့်ပတ်သက်၍ ၎င်းက မိန့်ဆိုခဲ့သည်မှာ - ထိုသို့ပြုလုပ်ခြင်းသည် အသစ်တီထွင်မှု မဟုတ်ပေ။ ဤအချက်ကို ဟရ်ဗ် အလ်ကိရ်မာနီ က သူ၏ မစာအိလ် ကျမ်းတွင် ဆင့်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအချက်မှာ - ၎င်းအချိန်အခါများတွင် ဆွလာသ်ဝတ်ပြုရန်၊ တရားဟောပြောရန်နှင့် တောင်းဆုဒုအာပြုရန်အတွက် ဗလီဝတ်ကျောင်းတော်များ၌ လူစုလူဝေးဖြင့် စုဝေးခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သည်။ သို့သော် လူတစ်ဦးသည် မိမိတစ် ယောက်တည်း သီးသန့်ဆွလာသ်ဝတ်ပြုခြင်းမှာမူ မနှစ်မြို့ဖွယ်မဟုတ်ပေ။ ဤသည်မှာ ရှာမ်ဒေသခံတို့၏ အီမာမ်၊ ဥပဒေသပညာရှင်(ဖကီဟ်)နှင့် သာသနာ့ပညာရှင်(အာလင်မ်)ဖြစ်သော အောင်ဇာအီ၏ မိန့်ဆိုချက်ဖြစ်သည်။ အင်ရှာအလ္လာဟုသအာလာ (အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါက) ဤသည်သာလျှင် (မှန်ကန်မှုနှင့်) အနီးစပ်ဆုံးဖြစ်သည်။ ၎င်းက ဆက်လက်၍ ဤသို့ဆိုသည်- "ရှအ်ဗာန်လဝက်ညနှင့်ပတ်သက်၍ အီမာမ်အဟ်မဒ်ထံမှ မည်သည့်စကားရပ်ကိုမျှ မသိရှိရပေ။ သို့ရာတွင် အီးဒ်နှစ်ည၌ ဆွလာသ်ဝတ်ပြုခြင်းနှင့်စပ်လျဉ်း၍ ၎င်းထံမှဆင့်ပြန်ထားသော ရီဝါယတ်နှစ်ခုမှတစ် ဆင့် ထို(ရှအ်ဗာန်လဝက်)ညတွင် ဆွလာသ်ဝတ်ပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်းနှင့်ပတ်သက်၍ ၎င်းထံမှ ရီဝါယတ်နှစ်ခု ကောက်နုတ်ရရှိနိုင်သည်။ အကြောင်းမူကား ၎င်းသည် (ရီဝါယတ်တစ်ခုတွင်) ထိုည၌ ဂျမာအတ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းကို မွတ်စ်သဟဗ်အဖြစ် မသတ်မှတ်ခဲ့ပေ။ အဘယ် ကြောင့်ဆိုသော် ယင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် ၎င်း၏ဆွဟာဗဟ်များထံမှ ဆင့်ပြန်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။" "(ရီဝါယသ်တစ်ခု၌) ၎င်းကို မွတ်စ်သဟဗ်ဖြစ်သည်ဟု သတ် မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် တာဗိအီးန်များအ နက်မှဖြစ်သော အဗ်ဒုရ်ရဟ်မာန် အိဗ်နု ယဇီးဒ် အိဗ်နု အလ်အတ်စ်ဝဒ် သည် ထိုသို့ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့အ တူပင် လတစ်ဝက်ညတွင် ကိယာမ်ဆောက်တည်ခြင်းနှင့်ပတ် သက်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် ကိုယ်တော်၏ ဆွဟာဗဟ်သာဝကများထံမှ မည်သည့်အရာမျှ သက်သေအတည်ပြုနိုင်ခြင်း မရှိပေ။ သို့သော် ရှာမ်ဒေသခံ ထင်ရှားသော ဖကီဟ်ပညာရှင်ကြီးများအနက်မှ တာဗိအီးန်တစ်စုထံမှမူ ထိုအရာနှင့်ပတ်သက်၍ သက်သေအတည်ပြုနိုင်ပေသည်။"
ဟာဖိဇ် အိဗ်နုရဂျဗ် (ရဟိမဟုလ္လာဟ်) ၏ ကောက်နုတ်တင်ပြလိုသော စကားရပ် ပြီးဆုံးသွားပြီဖြစ်သည်။ ၎င်းစကားရပ်၌ ရှအ်ဗာန်လ၏ တစ်ဝက်မြောက်ည (ဆယ့်ငါးရက်မြောက်ည) နှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ထံတော်မှဖြစ်စေ၊ ဆွဟာဗာဟ်များ (ရဿွိယလ္လာဟုအန်ဟွမ်) ထံမှဖြစ်စေ တစ်စုံတစ်ရာမျှ မှန်ကန်ခိုင်လုံစွာ ဆင့်ပြန်ထားခြင်းမရှိကြောင်း သူက ရှင်းလင်းစွာ ဖော်ပြထားသည်။
သို့ရာတွင် အောင်ဇာအီ (ရဟိမဟုလ္လာဟ်) က ၎င်းအား တစ် သီးပုဂ္ဂလ ဆောက်တည်ခြင်းသည် မွတ်စ်သဟဗ် (နှစ်လိုဖွယ်) ဖြစ်သည်ဟု ရွေးချယ်ခဲ့ခြင်းနှင့် ဟာဖိဇ် အိဗ်နုရဂျဗ်က ဤအဆိုကို ရွေးချယ်ခဲ့ခြင်းသည် ထူးဆန်းပြီး အားနည်းသောအဆို ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရှရီအဟ် တရားတော်၏ အထောက်အထားများဖြင့် ခွင့်ပြုထားသည့်အရာဖြစ်ကြောင်း အတည်မပြုနိုင်သော မည်သည့်ကိစ္စကိုမဆို မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်၌ တရားသစ်တီထွင်ရန် ခွင့်မပြုသောကြောင့်ဖြစ်သည်။ ယင်းလုပ်ရပ်ကို တစ်ဦးတည်းပြုလုပ်သည်ဖြစ်စေ သို့မဟုတ် အများစုပေါင်း၍ ပြုလုပ်သည်ဖြစ်စေ၊ လျှို့ဝှက်စွာ ပြုလုပ် သည်ဖြစ်စေ သို့မဟုတ် ထုတ်ဖော်၍ ပြုလုပ်သည်ဖြစ်စေ (ခွင့်ပြုမည်မဟုတ်ပေ)။ ၎င်းမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ယေဘုယျသက်ရောက်မှုရှိသော ဤမိန့်ကြားချက်ကြောင့် ဖြစ်သည်- အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာတွင် ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ ဗိဒ်အသ် တရားသစ်တီထွင်မှုများကို ငြင်းပယ်ရန်နှင့် ၎င်းတို့မှ ရှောင်ကြဉ်ရန် သတိပေးထားကြောင်း ညွှန်ပြနေသည့် အခြားသော သက်သေအထောက်အထားများ။
အိမာမ် အဗူဗက်ရ် အလ်တွရ်တူရှီ (رحمه الله) က ၎င်း၏ကျမ်းဖြစ်သော «အလ်ဟဝါဒိစ် ဝလ်ဗိဒ်အဟ်» တွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။
အစ်ဗ်နုဝဿွဟ်က ဇိုင်ဒ် ဗင်န် အတ်စ်လမ်ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ဆိုသည်မှာ- “ကျွန်ုပ်တို့၏ ဆရာသခင်များနှင့် ဖစ်ကဟ်ပညာရှင်ကြီးများအနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ရှအ်ဗာန်လဝက်အား အလေးထားသည်ကို ကျွန်ုပ်တို့ မတွေ့မြင်ခဲ့ရပါ။ ၎င်းတို့သည် မက်ဟူးလ်၏ ဟဒီးဆ်တော်ကိုလည်း အလေးမထားခဲ့ကြပါ။ ထို့ပြင် ၎င်း (ရှအ်ဗာန်လဝက်) သည် အခြားသောညများထက် ပို၍ထူးကဲမွန်မြတ်မှုရှိသည်ဟုလည်း မယူဆခဲ့ကြပါ။”
အိဗ်နု အဗီ မုလိုင်ကဟ် အား ပြောပြခဲ့သည်မှာ - ဇိယာဒ် အန်နုမိုင်ရီ က ဤသို့ ပြောဆိုနေသည် - "«ဧကန်အမှန် ရှအ်ဗာန်လ၏ တစ်ဝက်မြောက်ည၏ အကျိုးဆုလာဘ်သည် ကဒ်ရ်ညမြတ်၏ အကျိုးဆုလာဘ်ကဲ့သို့ပင် ဖြစ်ပေသည်»၊" ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- “အကယ်၍ ကျွန်ုပ်သည် ၎င်းအား ကြားခဲ့ရပြီး ကျွန်ုပ်၏လက်ထဲ၌ တုတ်တစ်ချောင်း ရှိနေမည်ဆိုပါက ကျွန်ုပ်သည် ၎င်းအား ရိုက်လိုက်မည်ဖြစ်သည်။” ဇိယာဒ်သည် တရားဟောပြောသူတစ်ဦး ဖြစ်သည်။ ဤတွင် ရည်ရွယ်ထားသော တင်ပြချက် ပြီးဆုံးသွားပြီ။
အလ္လာမဟ် ရှောင်ကာနီ (رحمه الله) က အလ်ဖဝါအစ်ဒုလ် မဂျ်မူးအဟ် ကျမ်း၌ ပြောကြားထားသည်မှာ -
"ဟဒီးဆ်- “အို အလီ၊ အကြင်သူသည် ရှအ်ဗာန်လ၏ တစ်ဆယ့်ငါးရက်မြောက်ညတွင် ဆွလာသ် (၁၀၀) ရကအသ်ဆောက်တည်ကာ ရကအသ်တိုင်း၌ စူရဟ်ဖာသိဟဟ် နှင့် 'ကွလ်ဟုဝလ္လာဟုအဟဒ်' ကို ဆယ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အတွက် လိုလားချက်တိုင်းကို ဖြည့်ဆည်းပေးတော်မူမည်ဖြစ်သည်။” စသဖြင့်။" ၎င်းသည် လုပ်ကြံဟဒီးဆ်ဖြစ်သည်။ ၎င်းလုပ်ရပ်ကို ပြုလုပ်သူရရှိမည့် အကျိုးကုသိုလ်များနှင့်ပတ်သက်၍ ၎င်း၏ တိကျစွာဖော်ပြထားသော စာသားများအရ ခွဲခြားသိမြင်နိုင်စွမ်းရှိသူ မည်သူမဆို ၎င်းသည် လုပ်ကြံထားခြင်းဖြစ်ကြောင်းကို သံသယဖြစ်မည်မဟုတ်ပေ။ ထို့ပြင် ၎င်းအား ဆင့်ပြန်သူများသည်လည်း မည်သူမည်ဝါဖြစ်ကြောင်း မသိရသူများ ဖြစ်ကြသည်။ ၎င်းကို ဒုတိယနှင့် တတိယ ဆင့်ပြန်ချက်များမှ ဆင့်ပြန်ထားသော်လည်း ၎င်းတို့အားလုံးသည် လုပ်ကြံထားခြင်းများသာဖြစ်ပြီး၊ ဆင့်ပြန်သူများသည်လည်း မည်သူမည်ဝါဖြစ်ကြောင်း မသိရသူများပင်ဖြစ်သည်။ ၎င်းက «အလ်မုခ်သဆွရ်» ကျမ်းတွင် ဆိုသည်မှာ- ရှအ်ဗာန်လလယ်၏ ဆွလာသ်ဝတ်ပြုခြင်းနှင့် ပတ်သက်သော ဟဒီးဆ်သည် ဗာသွိလ် ဖြစ်သည်။ ထို့ပြင် အလီ မှ ဆင့်ပြန်တင်ပြထားသည့် အိစ်ဗ်နုဟိဗ်ဗာန်ကျမ်းလာ «ရှအ်ဗာန်လလယ်ညသို့ ရောက်သောအခါ အသင်တို့သည် ထိုညတွင် (မအိပ်ဘဲ) ဆွလာသ်ဝတ်ပြုကြလော့၊ ထိုနေ့တွင် ရိုဇာစောင့်ထိန်းကြလော့» ဟူသည့် ဟဒီးဆ်သည် ဿွအီးဖ် အဆင့်ရှိသည်။ “အလ်-လာအာလိအ်” ကျမ်းတွင် မိန့်ဆိုထားသည်မှာ - “ရှအ်ဗာန်လဝက်၌ ဆူရဟ်အိခ်လာဆ် (၁၀) ကြိမ်ဖြင့် ရကအသ် (၁၀၀) ဆောက်တည်ခြင်း” နှင့်ပတ်သက်၍ ဒိုင်လမီနှင့် အခြားပညာ ရှင်များ ဆင့်ပြန်ထားသောဟဒီးဆ်တွင် အကျိုးဆုလာဘ်များကို အကျယ်တဝင့် ဖော်ပြထားသော်လည်း ၎င်းသည် လုပ်ကြံဖန်တီးထားသော ဟဒီးဆ်ဖြစ်သည်။ ထို့ပြင် ယင်းဟဒီးဆ်၏ ဆင့်ပြန်မှုလမ်းကြောင်း သုံးခုစလုံးတွင် ပါဝင်သော ဆင့်ပြန်သူအများစုသည် (မည်သူမည်ဝါဖြစ်ကြောင်း) မသိရသူများနှင့် အားနည်းသူများ ဖြစ်ကြသည်။ ၎င်းက - “စူရာဟ်အိခ်္လာဆ်ကို အကြိမ် (၃၀) ဖတ်ရွတ်၍ (၁၂) ရကအသ်ဆောက်တည်ရမည်” ဟု ဆိုထားသည်။ ဤအဆိုသည် လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်။ “(၁၄) ရကအသ်ဆောက်တည်ရမည်” ဟူသောအဆိုသည်လည်း လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်။
အမှန်တကယ်ပင် (အိဟ်ယာအ်)ကျမ်းရှင်နှင့် အခြားသူများကဲ့သို့သော ဖုကဟာအ်(ဖစ်ကဟ်ပညာရှင်)တစ်စု၊ ထို့အတူ မုဖတ်စ်စိရ်(ကုရ်အာန်အနက်ဖွင့်ဆိုသူ)အချို့တို့သည် ဤဟဒီးဆ်ကြောင့် ယုံမှတ်မှားခဲ့ကြသည်။ ဤည (ဆိုလိုသည်မှာ - ရှအ်ဗာန်လ၏ တစ်ဝက်မြောက်ည)၏ ဆွလာသ်နှင့်ပတ်သက်၍ ပုံစံအမျိုးမျိုးဖြင့် ဆင့်ပြန်ထားမှုများရှိရာ၊ ၎င်းတို့အားလုံးသည် ဗာသွိလ်(မှားယွင်းသော)နှင့် မော်သွူအ်(လုပ်ကြံဖန်တီးထားသော) အရာများသာဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဗကီးအ်သို့ ကြွရောက်တော်မူခြင်း၊ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လဝက်ညတွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ဆင်းသက်တော်မူပြီး ကလ်ဗ်မျိုးနွယ်စုဝင်တို့၏ သိုး၊ ဆိတ်များ၏ အမွေးအရေအတွက်ထက်မက ပိုမိုများပြားသောသူတို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူကြောင်းတို့နှင့်ပတ်သက်၍ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံမှ သီရ်မိဇီကျမ်းတွင် ဆင့်ပြန်ထားသော ဟဒီးဆ်တော်နှင့် ဤအချက်သည် ဆန့်ကျင်မှုမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤစကားရပ်သည် ထိုညတွင် လုပ်ကြံဖန်တီးထားသော ဆွလာသ်ဝတ်ပြုခြင်းနှင့်သာ သက်ဆိုင်နေသောကြောင့်ဖြစ်သည်။ အမှန်စင်စစ် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)၏ ဤဟဒီးဆ်တွင် အားနည်းချက်နှင့် ကွင်းဆက်ပြတ်တောက်မှု ရှိနေပေသည်။ ထို့အတူ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သော ညဥ့်ဆွလာသ်ဝတ်ပြုခြင်းနှင့်စပ်လျဉ်းသည့် အလီ(ရဿွိယလ္လာဟုအန်ဟု)၏ ဟဒီးဆ်သည် ၎င်း၌ ကျွန်ုပ်တို့ဖော်ပြခဲ့သည့်အတိုင်း အားနည်းချက်ရှိနေသော်လည်း ဤဆွလာသ်သည် လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်ဟူသော အချက်နှင့် ဆန့်ကျင်မှုမရှိပေ။ လိုရင်းကောက်နုတ်ချက် ပြီးဆုံး၏။
ဟာဖိဇ် အီရာကီက ဤသို့ဆိုသည်- "လိုင်လသွန်နစ်စ်ဖ်ည၏ ဆွလာသ်နှင့်ပတ်သက်သော ဟဒီးဆ်သည် တမန်တော်မြတ် (ﷺ) ၏အပေါ် လုပ်ကြံဖန်တီးထားခြင်းဖြစ်ပြီး ကိုယ်တော် ၏အပေါ် လိမ်လည်လီဆယ်ထားခြင်းဖြစ်သည်။" အိမာမ်နဝဝီက (အလ်မဂျ်မူအ်) ကျမ်းတွင် မိန့်ကြားသည်မှာ- "ရဂျဗ်လ၏ ပထမဆုံး သောကြာနေ့ညဉ့် မဂ်ရိဗ်နှင့် အီရှာအကြားတွင် ဝတ်ပြုရသည့် (၁၂) ရကအသ်ပါဝင်သော ဆွလာသ်သုရ်ရဂါအိဗ်ဟု လူသိများသည့် ဆွလာသ်နှင့် ရှအ်ဗာန်လ၏ လဝက်ညဉ့်တွင် ဝတ်ပြုရသည့် (၁၀၀) ရကအသ်ဆွလာသ်၊ ဤဆွလာသ်နှစ်ခုစလုံးသည် ငြင်းပယ်အပ်သော ဗစ်ဒ်အသ်များ ဖြစ်သည်။ (ကူသွလ်ကုလူဗ်) နှင့် (အိဟ်ယာအု အုလူမိဒ်ဒီန်) ကျမ်းတို့တွင် ၎င်းဆွလာသ်နှစ်ခုအကြောင်းကို ဖော်ပြထားခြင်းကြောင့်လည်းကောင်း، ယင်းကျမ်းတို့၌ ဖော်ပြထားသော ဟဒီးစ်တော်များကြောင့်လည်းကောင်း လှည့်စားမခံသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာအားလုံးသည် မမှန်ကန်သောကြောင့် ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ ပညတ် ချက်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားကာ ၎င်းတို့အား မွတ်စ်သဟဗ်ဖြစ်သည်ဟု စာတမ်းများ ရေးသားပြုစုခဲ့သော အချို့သောအိမာမ်များကြောင့်လည်း လှည့်စားမခံသင့်ပေ။ အကြောင်းမှာ ၎င်းတို့သည် ယင်းကိစ္စတွင် မှားယွင်းနေသောကြောင့် ဖြစ်သည်။"
ရှိုင်ခ် အိမာမ် အဗူမုဟမ္မဒ် အဗ်ဒွရ်ရဟ်မာန် ဗင်န် အစ္စမာအီးလ် အလ်မက္ကဒစီ သည် ၎င်းနှစ်ခုအား ပယ်ဖျက်ခြင်းနှင့်ပတ်သက် ၍ တန်ဖိုးရှိလှသော ကျမ်းတစ်စောင်ကို ရေးသားပြုစုခဲ့ပြီး၊ ထိုကျမ်း၌ အလွန်ပြောင်မြောက်စွာနှင့် အကောင်းမွန်ဆုံး တင်ပြထားပါသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး ပညာရှင်များ၏ မိန့်ကြားချက်များ အမြောက်အများရှိသည်။ အကယ်၍ ကျွန်ုပ်တို့အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ လေ့လာတွေ့ရှိခဲ့ရသမျှသော မိန့်ကြားချက်များအားလုံးကို တင်ပြရမည်ဆိုလျှင် အကြောင်း အရာသည် အလွန်ရှည်လျားသွားပေမည်။ သို့ဖြစ်ရာ အမှန်တရားကို သိလိုသူအတွက် ကျွန်ုပ်တို့ တင်ပြခဲ့သည့်အရာများတွင်ပင် လုံလောက်မှုနှင့် ကျေနပ်လက်ခံနိုင်မှု ရှိကောင်းရှိပေမည်။
အထက်တွင် တင်ပြခဲ့သည့် အာယသ်တော်များ၊ ဟဒီးဆ်တော်များနှင့် အာလင်မ်ပညာရှင်များ၏ မိန့်ဆိုချက်များမှတစ်ဆင့် အမှန်တရားကို ရှာဖွေသူအတွက် ထင်ရှားပေါ်လွင်လာသည် မှာ- ရှအ်ဗာန်လလယ်ညတွင် ဆွလာသ်ဝတ်ပြုခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ အထူးတလည်ကျင်းပခြင်းနှင့် ထိုနေ့ကို သီးသန့်သတ်မှတ်၍ ရိုဇာထားခြင်းသည် အာလင်မ်ပညာရှင်အများစု၏ အမြင်တွင် အလွန်မှားယွင်းသည့် ဗိဒ်အသ်တစ်ခု ဖြစ်သည်။ သန့်စင်မွန်မြတ်သော ရှရီအသ်ပညတ်တော်တွင် ၎င်းအတွက် မည်သည့်အခြေခံမျှ မရှိပေ။ စင်စစ် ဤသည်မှာ (အလ္လာဟ်အရှင်မြတ် နှစ်သက်ကျေနပ်တော်မူသော) ဆွဟာဗာများ၏ ခေတ်ကာလနောက်ပိုင်းမှ အစ္စလာမ်တွင် တီထွင်ဖြစ်ပေါ်လာသော အရာဖြစ်သည်။ ဤကိစ္စနှင့် အခြားသောကိစ္စရပ်များတွင် အမှန်တရားကို ရှာဖွေသူများအတွက် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အောက်ပါအမိန့်တော်သည်ပင် လုံလောက်ပေသည်။ ...ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။... [စူရဟ် မာအိဒဟ် အာယသ် - ၃] ၎င်းနှင့် အဓိပ္ပာယ်တူညီသော အာယသ်များနှင့် တမန်တော်မြတ်(ﷺ)မိန့်တော်မူသည်မှာ- မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ ၎င်းနှင့် အဓိပ္ပာယ်တူ လာရှိထားသော ဟဒီးဆ်တော်များ။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်းတွင် အဗူဟုရိုင်ရဟ် (رضي الله عنه) က ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ﷺ) မိန့်ကြားတော်မူသည်။ “အသင်တို့သည် အခြားညများအနက်မှ ဂျုမုအဟ်ညကို ညဉ့်ယံဝတ်ပြုခြင်းဖြင့် သီးသန့်မပြုကြနှင့်။ ထို့ပြင် အခြားနေ့ရက်များအနက်မှ ဂျုမုအဟ်နေ့ကိုလည်း ရိုဇာဥပုသ်စောင့်ထိန်းခြင်းဖြင့် သီးသန့်မပြုကြနှင့်။ သို့ရာတွင် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် (အစကတည်းက) ရိုဇာဥပုသ်စောင့်ထိန်းနေကျဖြစ်ပါက ထိုသူသည် (ထိုနေ့တွင်လည်း) ရိုဇာဥပုသ်စောင့်ထိန်းခွင့်ရှိသည်။” အကယ်၍ ညများအနက်မှ တစ်ညညအား ခဝပ်ကိုးကွယ်မှု (အိဗာဒသ်) တစ်ခုခုပြုရန် သီးသန့်သတ်မှတ်ခြင်းသည် ပိုင်ခွင့်ရှိခဲ့မည်ဆိုလျှင်၊ အခြားညများထက် ဂျုမုအဟ်(သောကြာ)ညသည် ပို၍ထိုက်တန်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ ဆင့်ပြန်ထားသော ဆွဟီးဟ် (ခိုင်လုံသော) ဟဒီးဆ်တော်များ၏ အတိအလင်း ပြဋ္ဌာန်းချက်အရ ထိုည၏နေ့သည် နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့ပင်ဖြစ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညများအနက်မှ ၎င်းညအား ကိယာမ် (ညပိုင်းအိဗာဒသ်) ပြုလုပ်ရန် သီးသန့်သတ်မှတ်ခြင်းကို သတိပေးတားမြစ်တော်မူသောအခါ၊ ထိုအချက်သည် သီးသန့်သတ်မှတ်ထားကြောင်း ညွှန်ပြနေသည့် ခိုင်လုံသော သက်သေသာဓက (ဒလီလ်) မရှိဘဲ အခြားသောညများအနက်မှ မည်သည့်ညကိုမျှ မည်သည့်အိဗာဒသ်ဖြင့်မျှ သီးသန့်သတ်မှတ်ခြင်း မပြုပိုင်ကြောင်းကို ပို၍ပင် ညွှန်ပြနေပေသည်။
ကဒရ်ညမြတ်နှင့် ရမဿွာန်လ၏ ညများတွင် အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုလုပ်ခြင်းနှင့် ယင်းညများ၌ အထူးအားထုတ်ကြိုးပမ်းရန် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ယင်းအချက်ကို သတိပေးလမ်းညွှန်တော်မူခဲ့ပြီး၊ မိမိ၏ အွမ္မသ် (နောက်လိုက်များ) အား ယင်းညများ၌ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း ထိုသို့ လက်တွေ့ပြုလုပ်တော်မူခဲ့သည်။ ဆွဟီးဟ်ကျမ်းနှစ်စောင်တွင် လာရှိသည့်အတိုင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- မည်သူမဆို ရမဿွာန်လတွင် အီမာန်ယုံကြည်မှုနှင့်တကွ အ ကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။ ထို့ပြင် မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။ အကယ်၍ ရှအ်ဗာန်လ၏ တစ်ဝက်ည၊ သို့မဟုတ် ရဂျဗ်လ၏ ပထမဆုံး ဂျုမုအဟ်ည၊ သို့မဟုတ် အစ္စရာအ်နှင့် မိအ်ရာဂျ်ညတို့အား အခမ်းအနားကျင်းပခြင်း သို့မဟုတ် အိဗာဒသ်ခဝပ်ကိုးကွယ်မှု တစ်ခုခုဖြင့် သီးသန့်ပြုလုပ်ခြင်းသည် တရားတော်အရ ကောင်းမြတ်သည့် ကိစ္စဖြစ်လျှင်၊ တမန်တော်မြတ် (ﷺ) သည် အွမ္မသ်အား ထိုအရာကို ညွှန်ကြားပြသမည်သာဖြစ် သည်။ သို့မဟုတ် ကိုယ်တော်တိုင် ပြုလုပ်မည်သာဖြစ်သည်။ အကယ်၍ ထိုသို့ တစ်စုံတစ်ရာ ရှိခဲ့လျှင် ဆွဟာဗဟ်များက အွမ္မသ်ထံသို့ လက်ဆင့်ကမ်း ပို့ဆောင်ပေးခဲ့မည်သာဖြစ်ပြီး၊ ၎င်းတို့ထံမှ ဖုံးကွယ်ထားမည်မဟုတ်ပေ။ ၎င်းတို့သည် နဗီတမန်တော်များ(အလိုင်းဟိမွစ်ဆလာသုဝတ်စလာမ်) ပြီးနောက် အကောင်းမြတ်ဆုံးသော လူသားများဖြစ်ကြပြီး လူသားများအပေါ် အကျိုးအလိုလားဆုံးသူများ ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်(ﷺ)၏ ဆွဟာဗဟ်များအပေါ် နှစ်မြို့ကျေနပ်တော်မူပါစေ၊ ၎င်းတို့အားလည်း နှစ်မြို့ကျေနပ်စေတော်မူပါစေ။
ရဂျဗ်လ၏ ပထမဆုံး ဂျုမုအဟ်ည၏ ထွတ်မြတ်မှုနှင့် ပတ် သက်၍သော်လည်းကောင်း၊ ရှအ်ဗာန်လ တစ်ဝက်ညနှင့် ပတ်သက်၍သော်လည်းကောင်း တမန်တော်မြတ်(ﷺ) နှင့် ၎င်း၏ဆွဟာဗဟ်များ (ရသွေ့ယလ္လာဟုအန်ဟုမ်) ထံမှ မည်သည့်အရာမျှ အတည်ပြုလာရှိထားခြင်းမရှိကြောင်းကို ယခင်က ပညာရှင်များ၏ မိန့်ဆိုချက်များမှတစ်ဆင့် သင်သိရှိခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ ထိုညနှစ်ညအား ကျင်းပဆင်နွှဲခြင်းသည် အစ္စလာမ်သာသနာတွင် အသစ်တီထွင်ထားသော ဗိဒ်အဟ် တရားသစ်တီထွင်မှု တစ်ရပ်ဖြစ်ကြောင်းကို သိရှိရသည်။ ထိုနည်းတူစွာ ထိုညများတွင် တစ်စုံတစ်ရာသော အိဗာဒသ် ခဝပ်မှုဖြင့် သီးသန့်သတ်မှတ်ခြင်းသည်လည်း ရှုတ်ချဖွယ်ကောင်းသော ဗိဒ်အဟ် တရားသစ်တီထွင်မှုပင်ဖြစ်သည်။ ထိုနည်းတူစွာပင် လူအချို့က အစ္စရာအ်နှင့် မိအ်ရာဂျ်ညဟု ယုံကြည်ကြသော ရဂျဗ်လ၏ (၂၇) ရက် ညအား သီးသန့်ခွဲ ခြား၍ ခဝပ်ကိုးကွယ်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းကို ခွင့်မပြုပေ။ ထို့အတူ ယခင်ဖော်ပြပါ အထောက်အထားများအရ ထိုညအား ကျင်းပခြင်းကိုလည်း ခွင့်မပြုပေ။ ထိုညကို အတိ အကျ သိရှိခဲ့လျှင်ပင် ဤသို့ (ခွင့်မပြုခြင်း) ဖြစ်ရာ၊ ထိုညသည် မည်သည့်ညဖြစ်ကြောင်း မသိရှိရဟူသော ပညာရှင်များ၏ မှန်ကန်သည့် အဆိုအရဆိုလျှင်ကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ ၎င်းသည် ရဂျဗ်လ (၂၇) ညဖြစ်သည်ဟု ဆိုသူများ၏အဆိုသည် မှားယွင်းသောအဆိုဖြစ်ပြီး၊ မှန်ကန်စိတ်ချရသော ဟဒီးဆ်တော်များတွင် အခြေအမြစ် တစ်စုံတစ်ရာ မရှိပါ။ အောက်ပါအတိုင်း ဆိုခဲ့သူ၏စကားသည် အလွန်ကောင်းမွန်လှပေသည်-
အကောင်းဆုံးသော ကိစ္စရပ်များမှာ မှန်ကန်သော လမ်းညွှန်မှုအပေါ်ရှိ လွန်လေပြီးသော အရာများဖြစ်ပြီး... အဆိုးဆုံးသော ကိစ္စရပ်များမှာ ဗိဒ်အသ် တရားသစ်တီထွင်မှုများ ဖြစ်သည်။
ကျွန်ုပ်တို့နှင့်တကွ မွတ်စ်လင်မ်ထုတစ်ရပ်လုံးကို စွန္နသ်တော်အား မြဲမြံစွာဆုပ်ကိုင်ထားရန်၊ ထိုစွန္နသ်တော်ပေါ်၌ အမြဲတစေရပ်တည်နိုင်ရန်နှင့် ထိုစွန္နသ်တော်နှင့် ဆန့်ကျင်သောအရာများမှ သတိပြုရှောင်ကြဉ်နိုင်ရန် သောင်ဝ်ဖီးက် စွမ်းအားပေးသနားတော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းဆုပြုအပ်ပါသည်။ ဧကန်အမှန်ပင် ထိုအရှင်မြတ်သည် အလွန်တရာ ရက်ရောတော်မူသောအရှင် ဖြစ်တော်မူသည်။
ကျေးကျွန်တော်နှင့် ရစူလ်တမန်တော်ဖြစ်သော ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော်အားလုံးအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။
သဝဏ်လွှာ (၈)
ဆက်နွှယ်ထားသော ဝဆွီယသ်သည် လိမ်လည်လုပ်ကြံထားခြင်းဖြစ်ကြောင်း အရေးကြီးသော သတိပေးချက်။
တမန်တော်မြတ်(ﷺ)၏ မြင့်မြတ်သော ဟရမ်ကျောင်းတော် ၏ အစေခံ ရှိုင်းခ် အဟ်မဒ်
အဗ္ဗဒွလ်အဇီးဇ် ဗင်န် အဗ်ဒွလ္လာဟ် ဗင်န် ဗာဇ် မှ ဤစာကို ဖတ်ရှုသိရှိကြမည့် မွတ်စ်လင်မ်များထံသို့- အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အစ္စလာမ်သာသနာဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် ၎င်းတို့အား အသိပညာမဲ့ပြီး အောက်တန်းကျသူများ၏ လုပ်ကြံဖန်တီးမှုများ၏ ဆိုးကျိုးများမှ ကာကွယ်စောင့်ရှောက်တော်မူပါစေ။ အာမီးန်။
အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း၊ ကရုဏာတော်အပေါင်း၊ မင်္ဂလာအပေါင်း အသင်တို့အပေါ်သို့ ကျရောက်ပါစေ။
ဆက်လက်၍တင်ပြရသော် - ကျွန်ုပ်သည် မွန်မြတ်လှသော နဗဝီဟရမ်ကျောင်းတော်၏အစေခံ ရှိုခ်အဟ်မဒ်ထံ ရည်ညွှန်းထားသည့် စာတစ်စောင်ကို ဖတ်ရှုလေ့လာခဲ့ရပါသည်။ ၎င်း၏ ခေါင်းစဉ်မှာ- «ဤသည်မှာ မဒီနဟ်မုနောင်ဝရဟ်မြို့တော်မှ မွန်မြတ်လှသော နဗဝီဟရမ်ကျောင်းတော်၏အစေခံ ရှိုခ်အဟ်မဒ်ထံမှပေးပို့သော (ဝစွီယသ်)မှာတမ်းစာ» ဟူ၍ဖြစ်ပြီး ၎င်းစာထဲတွင် ဤသို့ဆိုထားသည်-
"ကျွန်ုပ်သည် သောကြာနေ့ည၌ မအိပ်ဘဲ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်လျက်ရှိခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ မွန်မြတ်လှသော ဂုဏ်တော်နာမတော်များကို ဖတ်ရွတ်ပြီးစီးသွားသောအခါ အိပ်စက်ရန် ပြင်ဆင်ခဲ့သည်။ ထိုအခါ ကုရ်အာန်အာယသ်တော်များနှင့် မြင့်မြတ်သော ပညတ်ချက်များကို ယူဆောင်လာတော်မူသော၊ စကြဝဠာခပ်သိမ်းအတွက် ကရုဏာတော်ရှင်ဖြစ်တော်မူသော ကျွန်ုပ်တို့၏အရှင်သခင်၊ တင့်တယ်ရွှန်းလဲ့သော မျက်နှာတော်ပိုင်ရှင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဖူးမြင်ခဲ့ရသည်။ ကိုယ်တော်က "အို ရှိုင်းခ်အဟ်မဒ်" ဟု မိန့်တော်မူခဲ့ရာ၊ ကျွန်တော်မျိုးက "လဗ်ဗိုက်(က်) (အမိန့်ရှိပါ) အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အို အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံများအနက် အမြင့်မြတ်ဆုံးသော ကိုယ်တော်" ဟု လျှောက်ထားခဲ့သည်။" ထိုသူက ကျွန်ုပ်အား ပြောကြားခဲ့သည်မှာ - ကျွန်ုပ်သည် လူတို့၏ အကျည်းတန်ဆိုးရွားသော လုပ်ရပ်များကြောင့် ရှက်ရွံ့မိပါသည်။ ထို့ပြင် ကျွန်ုပ်၏ အရှင်မြတ်နှင့် မလာအိကဟ်များကိုလည်း ကျွန်ုပ် မရင်ဆိုင်ဝံ့ပါ။ အဘယ်ကြောင့်ဆိုသော် ဂျုမုအဟ်တစ်နေ့မှ နောက်ဂျုမုအဟ်တစ်နေ့အထိ လူပေါင်း တစ်သိန်းခြောက်သောင်းတို့သည် အစ္စလာမ်သာသနာပေါ်တွင်မရှိဘဲ သေဆုံးခဲ့ကြသောကြောင့်ဖြစ်သည်။ - ထို့နောက် လူတို့ကျူးလွန်ခဲ့ကြသော ပြစ်မှုဒုစရိုက်အချို့ကို ၎င်းက ဖော်ပြခဲ့သည်။ ထို့နောက် ၎င်းက "- ဤ(ဝစွီယသ်)ဆုံးမဩဝါဒမှာတမ်းမှုသည် တန်ခိုးအာဏာကြီးမားတော်မူပြီး အာဏာစက်လွှမ်းမိုးတော်မူသော အရှင်မြတ်ထံမှ ၎င်းတို့အပေါ်ထားရှိသော သနားကညရုဏာတစ်ရပ်ပင် ဖြစ်သည်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုနောက် ကိယာမသ်၏ နိမိတ်လက္ခဏာအချို့ကို ဖော်ပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ- "အို- ရှိုင်းခ်အဟ်မဒ်၊ ၎င်းတို့အား ဤ ‘ဝစွီယသ်’ သေတမ်းစာကို အသိပေးတင်ပြလော့။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လောင်ဟေမဟ်ဖူဇ်မှ ကဒရ်၏ ကလောင်တံဖြင့် ကူးယူထားခြင်းဖြစ်သော ကြောင့်ဖြစ်သည်။ မည်သူမဆို ယင်းကို ရေးသားပြီး တစ်မြို့မှတစ်မြို့သို့၊ တစ်နေရာမှတစ်နေရာသို့ ပေးပို့ပါက ထိုသူအ တွက် ဂျန္နသ်သုခဘုံ၌ နန်းတော်တစ်ဆောင် တည်ဆောက်ပေးမည်ဖြစ်သည်။ မည်သူမဆို ယင်းကို ရေးသားပြီး မပေးပို့ပါက ကိယာမသ်နေ့၌ ၎င်းအပေါ် ငါကိုယ်တော်၏ ရှဖာအသ်သည် ဟရာမ် ဖြစ်သွားမည်ဖြစ်သည်။" မည်သူမဆို ၎င်းကိုရေးသားပြီး ထိုသူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ချမ်းသာကြွယ်ဝစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် အကြွေးတင်နေသူဖြစ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အကြွေးများကို ပြေလည်စေတော်မူမည်ဖြစ်သည်။ သို့မဟုတ် ၎င်းအပေါ်၌ အပြစ်တစ် စုံတစ်ရာရှိနေပါက ဤမှာကြားချက်၏ ကောင်းချီးမင်္ဂလာကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူနှင့် ၎င်း၏ မိဘနှစ်ပါးတို့အား အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများအနက်မှ မည်သူမဆို ၎င်းကို မရေးမှတ်ခဲ့လျှင် လောကနှင့် နောင်တမလွန်ဘဝ၌ ၎င်း ၏ မျက်နှာသည် မည်းနက်သွားမည်ဖြစ်သည်။ ၎င်းက ပြောကြားသည်မှာ- “ ‘ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏’ ဟု သုံးကြိမ်တိုင်တိုင် ကျိန်ဆိုပါသည်၊ ဤအရာသည် အမှန်တရားပင်ဖြစ်သည်။ အ ကယ်၍ ကျွန်ုပ်သည် လိမ်လည်သူဖြစ်ခဲ့ပါက ဤလောကမှ အစ္စလာမ်သာသနာဝင် မဟုတ်သူအဖြစ် ထွက်ခွာရပါစေ။ မည် သူမဆို ယင်းကို ယုံကြည်လက်ခံပါက ငရဲမီး၏ အပြစ်ဒဏ်မှ လွတ်ကင်းမည်ဖြစ်ပြီး၊ မည်သူမဆို ၎င်းကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ပါက သာသနာကို ငြင်းပယ်သူ (ကာဖိရ်) ဖြစ်သွားချေပြီ။”
ဤသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် လုပ်ကြံဖန်တီးထားသည့် ဝစွီယသ်တွင် ပါရှိသောအရာများ၏ အနှစ်ချုပ်ဖြစ်သည်။ ကျွန်တော်တို့သည် ဤလုပ်ကြံဖန်တီးထားသည့် ဝစွီယသ်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အကြိမ်ပေါင်းများစွာ ကြားခဲ့ရပြီးဖြစ် သည်။ ယင်းကို လူအများကြားတွင် အခါအားလျော်စွာ ဖြန့်ချိလျက်ရှိပြီး သာမန်လူအများစုကြားတွင် ပျံ့နှံ့စေလျက်ရှိသည်။ ထို့ပြင် ၎င်း၏စကားလုံးအသုံးအနှုန်းများတွင်လည်း ကွဲလွဲမှုများရှိသည်။ ထိုမုသားပြောဆိုသူက ၎င်းသည် တမန်တော်မြတ်(ﷺ)အား အိပ်မက်၌ မြင်မက်ခဲ့ပြီး ကိုယ်တော်မြတ်က ၎င်းအား ဤမှာကြားချက်ကို ပေးအပ်ခဲ့သည်ဟု ဆိုသည်။ အို-စာဖတ်သူ၊ ကျွန်ုပ်တို့ သင့်အား တင်ပြခဲ့သည့် ဤနောက်ဆုံးထုတ် စာ စောင်ထဲ၌ ထိုလုပ်ကြံဖန်တီးသူက မိမိသည် အိပ်ရာဝင်ရန် ပြင်ဆင်နေချိန်တွင် တမန်တော်မြတ်(ﷺ)အား မြင်တွေ့ခဲ့သည်ဟု ဆိုထားသည်။ ဆိုလိုသည်မှာ- ၎င်းသည် ကိုယ်တော်မြတ်အား နိုးကြားနေချိန်၌ မြင်တွေ့ခဲ့ခြင်းပင်ဖြစ်သည်။
ဤမဟုတ်မမှန် လုပ်ကြံပြောဆိုသူသည် ဤမှာကြားချက်(ဝဆွီယသ်)တွင် အကြောင်းအရာများစွာကို စွပ်စွဲပြောဆိုထားလေသည်။ ၎င်းတို့သည် အထင်ရှားဆုံးသော လိမ်လည်မှုများနှင့် အသိသာဆုံးသော အမှားများပင်ဖြစ်သည်။ အင်န်ရှာအလ္လာဟ် (အလ္လာဟ်အရှင်မြတ် အလိုတော်ရှိပါက) မကြာမီ ဤစာစုတွင် ၎င်းတို့နှင့်ပတ်သက်၍ အသင့်အား ကျွန်ုပ် သတိပေးမည်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များတွင်လည်း ၎င်းတို့နှင့်ပတ် သက်၍ ကျွန်ုပ် သတိပေးခဲ့ပြီးဖြစ်ကာ၊ ၎င်းတို့သည် အထင်ရှားဆုံးသော လိမ်လည်မှုများနှင့် အသိသာဆုံးသော အမှားများဖြစ်ကြောင်း လူသားတို့အား ရှင်းလင်းတင်ပြခဲ့ပြီးဖြစ် သည်။ သို့ဖြစ်ရာ ဤနောက်ဆုံးထုတ်ဝေထားသောစာစောင်ကို ကျွန်ုပ်လေ့လာတွေ့ရှိရသောအခါ၊ ၎င်း၏မှားယွင်းမှုများက ထင်ရှားလွန်းနေပြီး ၎င်းအား မဟုတ်မမှန်လုပ်ကြံပြောဆိုသူသည်လည်း လိမ်လည်ရာတွင် အလွန်တရာ ရဲတင်းလွန်းသောကြောင့် ၎င်းနှင့်ပတ်သက်၍ ရေးသားရန် ကျွန်ုပ်တုံ့ဆိုင်းနေခဲ့သည်။ ထို့ပြင် ၎င်း၏မှားယွင်းမှုသည် အနည်းငယ်မျှသော အသိဉာဏ် သို့မဟုတ် မှန်ကန်သော ပင်ကိုသဘာဝစိတ်ထား ရှိသူများကိုပင် အယုံသွင်းနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်မှတ်ခဲ့ပေ။ သို့သော် ၎င်းသည် လူအများအကြား ပျံ့နှံ့နေပြီး ၎င်းတို့အ ချင်းချင်းကြား ဖြန့်ဝေနေကြကာ အချို့က ယုံကြည်နေကြကြောင်း ညီနောင်များစွာက ကျွန်ုပ်အား အသိပေးခဲ့သည်။ သို့ဖြစ်၍ မည်သူတစ်ဦးတစ်ယောက်မျှ လှည့်စားမခံရစေရန်အတွက် ၎င်း၏မမှန်ကန်ကြောင်းနှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်းကို ရှင်းလင်းတင်ပြရန် ကျွန်ုပ်ကဲ့သို့သောသူများအနေဖြင့် ၎င်းနှင့်ပတ်သက်၍ ရေးသားရန် တာဝန်ရှိသည်ဟု မြင်မိသည်။ သာသနာ့ပညာနှင့် အီမာန်ယုံကြည်မှုရှိသူများ သို့မဟုတ် ဖြောင့်မတ်သော စိတ်ဝိညာဉ်နှင့် မှန်ကန်သော အသိဉာဏ်ရှိသူတို့သည် ထိုအရာကို စဉ်းစားသုံးသပ်ကြည့်မည်ဆိုပါက ၎င်းသည် ရှုထောင့်များစွာမှ မုသားနှင့် လုပ်ကြံဖန်တီးထားမှုသာဖြစ်ကြောင်း သိမြင်လာမည်ဖြစ်သည်။
ကျွန်ုပ်သည် ဤလုပ်ကြံလီဆယ်ချက်ကို အမည်တပ်ခံရသူ ရှိုင်းခ်အဟ်မဒ်၏ ဆွေမျိုးအချို့အား ဤဝဆွီယသ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းက ကျွန်ုပ်အား ဖြေကြားခဲ့သည်မှာ- ယင်းသည် ရှိုင်းခ်အဟ်မဒ်အပေါ် လိမ်လည်လုပ်ကြံထားခြင်းသာဖြစ်ပြီး သူသည် ထိုစကားများကို အလျဉ်းပြောကြားခဲ့ခြင်းမရှိကြောင်း ပင်ဖြစ်သည်။ အဆိုပါ ရှိုင်းခ် အဟ်မဒ်သည် လွန်ခဲ့သောကာလအတန်ကြာကတည်းက ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ အကယ်၍ ကျွန်တော်တို့အနေဖြင့် အဆိုပါ ရှိုင်းခ် အဟ်မဒ် သို့မဟုတ် ၎င်းထက် ပို၍ကြီးကဲသူတစ်ဦးဦးက မိမိသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အိပ်မက်၌ဖြစ်စေ၊ နိုးကြားနေစဉ်တွင်ဖြစ်စေ ဖူးတွေ့ခဲ့ရပြီး ကိုယ်တော်မြတ်က မိမိအား ဤမှာတမ်းစကားကို မှာတမ်းတော်မူခဲ့သည်ဟု ပြောဆိုလာသည်ဟု မှတ်ယူလိုက်လျှင်ပင်၊ ထိုသူသည် မုသားစကားပြောသူဖြစ်သည် သို့မဟုတ် ၎င်းအား ထိုသို့ပြောဆိုခဲ့သူမှာ ရှိုင်သွာန်သာဖြစ်ပြီး ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မဟုတ်ကြောင်းကို ကျွန်တော်တို့ အသေအချာ သိရှိရမည်ဖြစ်သည်။ ယင်းအတွက် အကြောင်းရင်းများစွာရှိသည့်အနက် အချို့မှာ -
ပထမတစ်ခုမှာ - တမန်တော်မြတ် (ﷺ) အား ကွယ်လွန်ပြီးနောက်တွင် နိုးကြားနေချိန်၌ ဖူးတွေ့နိုင်မည်မဟုတ်ပေ။ အသိပညာမဲ့သော ဆူဖီများအနက်မှ နဗီတမန်တော်မြတ် (ﷺ) အား နိုးကြားနေချိန်၌ ဖူးတွေ့ရသည်ဟု လည်းကောင်း၊ သို့မဟုတ် ကိုယ်တော်သည် မော်လွဒ်အခမ်းအနားသို့ တက်ရောက်သည်ဟု လည်းကောင်း၊ သို့မဟုတ် ယင်းကဲ့သို့သောအရာများကို ထင်မှတ်ပြောဆိုသူသည် အလွန်တရာ အရုပ်ဆိုး အကျည်းတန်သော အမှားကို ကျူးလွန်မိပြီဖြစ်သည်။ ၎င်းအပေါ် အလွန်တရာ လှည့်စားခြင်းခံရပြီဖြစ်ကာ ကြီးမားလှသော အမှားကြီးထဲသို့ ကျရောက်သွားပြီဖြစ်သည်။ ၎င်းပြင် ကိသာဗ် (ကျမ်းတော်မြတ်)၊ စွန္နသ်တော်နှင့် ပညာရှင်များ၏ အိဂျ်မာအ် (တညီတညွတ်တည်း သဘောတူညီချက်) တို့ကို ဆန့်ကျင်လိုက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသူများသည် ကိယာမသ်နေ့တွင်သာလျှင် ၎င်းတို့၏ ကဗရ်များမှ ထွက်လာကြမည်ဖြစ်ပြီး ဤလောကတွင် မဟုတ်ပေ။ ထိုအရာနှင့်ဆန့်ကျင်၍ ပြောဆိုသူသည် ထင်ရှားစွာ မုသားပြောသူ သို့မဟုတ် အမှားအမှန် ရောထွေးရှုပ်ထွေးအောင် လှည့်စားခံထားရသော အမှားလုပ်သူသာဖြစ်သည်။ ၎င်းသည် သူတော် စင်ဖြစ်သော ရှေးပညာရှင်ကြီးများ သိရှိခဲ့ကြပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အပေါင်းအဖော်များနှင့် ၎င်းတို့အား ကောင်းမွန်စွာ နောက်လိုက်ခဲ့ကြသူများ လျှောက်လှမ်းခဲ့ကြသည့် အမှန်တရားကို မသိရှိသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။ (ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ထို့နောက်တွင် အမှန်ပင် သေဆုံးကြရမည့်သူများ ဖြစ်သည်။ ထို့နောက် အမှန်စင်စစ် အသင်တို့သည် ကိယာမသ်နေ့တွင် ရှင်ပြန်ထကြရဦးမည် ဖြစ်သည်။ [စူရဟ် မုအ်မိနူးန် အာယသ် - ၁၅ - ၁၆] တမန်တော်မြတ်(ﷺ)မိန့်ကြားတော်မူသည်မှာ- "“ကိယာမတ်နေ့တွင် ကမ္ဘာမြေကြီးကွဲအက်၍ ပထမဦးဆုံး ထွက်လာမည့်သူသည် ငါကိုယ်တော်ပင်ဖြစ်သည်။ ထို့ပြင် ငါကိုယ်တော်သည် ပထမဦးဆုံး ရှဖာအသ်(ကြားဝင်အသနားခံပေး)မည့်သူဖြစ်ပြီး ပထမဦးဆုံး ရှဖာအသ်(ကြားဝင်အသ နားခံပေး)မှုကို လက်ခံခြင်းခံရမည့်သူလည်း ဖြစ်သည်။”" ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယသ်တော်များနှင့် ဟဒီးဆ်တော်များ အမြောက်အများရှိပေသည်။
ဒုတိယအချက်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သက်တော်ထင်ရှားရှိစဉ်၌ဖြစ်စေ၊ ကွယ်လွန်ပြီးနောက်၌ဖြစ်စေ အမှန်တရားနှင့် ဆန့်ကျင်သောအရာကို မိန့်ကြားတော်မူမည်မဟုတ်ပေ။ ဤမှာတမ်းစကားသည် ကိုယ် တော်၏ ရှရီအသ်ပညတ်တော်ကို ထင်ရှားစွာ ဆန့်ကျင်နေသည်။ ထိုသို့ဆန့်ကျင်နေခြင်းမှာ (အောက်တွင်ဖော်ပြမည့်အတိုင်း) အချက်များစွာအရ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အိပ်မက်ထဲတွင် ဖူးတွေ့နိုင်ကောင်း ဖူးတွေ့နိုင်ပေသည်၊ မည်သူမဆို တမန်တော်မြတ်အား ကိုယ်တော်၏ မွန်မြတ်သော ရုပ်ဆင်းသဏ္ဍန်အတိုင်း အိပ်မက်၌ မြင်မက်ပါက ထိုသူသည် တမန်တော်မြတ်အား အမှန်တကယ် မြင်တွေ့ခဲ့ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခိုင်လုံမွန်မြတ်သော ဟဒီးဆ်တော်၌ လာရှိသည့်အတိုင်း ရှိုင်တွာန်သည် ကိုယ်တော်၏ ရုပ်ဆင်းသဏ္ဍန်ကို အသွင်မယူနိုင်သောကြောင့်ဖြစ်၏။ သို့ရာတွင် အဓိကအရေးအကြီးဆုံးအချက်မှာ အိပ်မက်မြင်မက်သူ၏ အီမာန်ယုံကြည်မှု၊ မှန်ကန်မှု၊ ဖြောင့်မတ်တည်ကြည်မှု၊ တိကျသေချာမှု၊ ဘာသာတရားကိုင်းရှိုင်းမှုနှင့် ယုံကြည်စိတ်ချရမှုတို့အပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ကိုယ်တော်၏ ရုပ်ဆင်းသဏ္ဍန်အတိုင်း မြင်မက်ခဲ့သလော၊ သို့မဟုတ် အခြားသောသဏ္ဍန်ဖြင့် မြင်မက်ခဲ့သလော ဆိုသည့်အချက်ပင်ဖြစ်သည်။
အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သက်တော်ထင်ရှားရှိစဉ်က မိန့်ကြားခဲ့သော ဟဒီးဆ်တော်တစ်ပုဒ်သည် ယုံကြည်စိတ်ချရသော၊ ဖြောင့်မတ်မှန်ကန်သော၊ မှတ်ဉာဏ်စွမ်းအားကောင်းသူများ၏ လမ်းကြောင်းမှတဆင့် မဟုတ်ဘဲ လာရှိခဲ့မည်ဆိုလျှင် ၎င်းကို မှီခိုအားထားမည် မဟုတ်သလို သက်သေအထောက်အထားအဖြစ်လည်း အသုံးပြုမည်မဟုတ်ပေ။ သို့မဟုတ် ထိုဟဒီးဆ်တော်သည် ယုံကြည်စိတ်ချရသော၊ မှတ်ဉာဏ်စွမ်းအားကောင်းသူများ၏ လမ်းကြောင်းမှတဆင့် လာရှိခဲ့သော်လည်း ၎င်းတို့ထက် မှတ်ဉာဏ်စွမ်းအားပိုကောင်းသူ၊ ပို၍ယုံကြည်စိတ်ချရသူ၏ ဆင့်ပြန်ချက်နှင့် ဆန့်ကျင်ကွဲလွဲနေပြီး၊ ထိုကွဲလွဲမှုသည် ဆင့်ပြန်ချက်နှစ်ခုစလုံးအား ပေါင်းစပ်၍ မရနိုင်သော ကွဲလွဲမှုမျိုးဖြစ်နေမည်ဆိုလျှင်၊ ၎င်းနှစ်ခုအနက် တစ်ခုမှာ ‘မန်စူခ်’ (ပယ်ဖျက်ခံရသော ဆင့်ပြန်ချက်) ဖြစ်၍ ၎င်းကို လိုက်နာကျင့်သုံးမည်မဟုတ်ပေ။ ဒုတိယတစ်ခုမှာ ‘နာစိኽ်’ (ပယ်ဖျက်သော ဆင့်ပြန်ချက်) ဖြစ်၍ ၎င်းကို လိုက်နာကျင့်သုံးမည်ဖြစ်သည်။ သို့ရာတွင် ဤသို့သတ်မှတ်ခြင်းကို ၎င်း၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်နိုင်မည့် အခြေအနေမျိုး၌သာ ပြုလုပ်မည်ဖြစ်သည်။ အကယ်၍ (ဆင့်ပြန်ချက်နှစ်ခုစလုံးကို) ပေါင်းစပ်၍လည်းမရ၊ နာစိ၊ မန်စူခ် အနေဖြင့်လည်း သတ်မှတ်၍ မရနိုင်ပါက မှတ်ဉာဏ်စွမ်းအား ပို၍နည်းပါးပြီး ဖြောင့်မတ်မှန်ကန်မှု ပို၍အားနည်းသူ၏ ဆင့်ပြန်ချက်ကို မလွဲမသွေ ပယ်ချရမည်ဖြစ်သည်။ ထို့ပြင် ၎င်းကို ‘ရှာဇ်’ (စည်းမျဉ်းမှသွေဖည်ကွဲလွဲနေသော ဆင့်ပြန်ချက်) ဟု သတ်မှတ်စီရင်ကာ ၎င်းအပေါ် လိုက်နာကျင့်သုံးမည် မဟုတ်ပေ။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်း မသိရသကဲ့သို့ ၎င်း၏ ဖြောင့်မတ်မှန်ကန်မှုနှင့် ယုံကြည်စိတ်ချရမှုကိုလည်း မသိရှိရသော ဝစွီယသ်(မှာတမ်းစကား)ဆိုလျှင် မည်သို့ရှိမည်နည်း။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အဆိုပါဝစွီယသ်၌ ရှရီအသ်တရားတော်နှင့် ဆန့်ကျင်ကွဲလွဲသည့်အရာ တစ်စုံတစ်ရာ မပါဝင်ခဲ့လျှင်ပင် ၎င်းကိုပယ်ချရန်နှင့် လျစ်လျူရှုထားရန် အမှန်တကယ်ပင် ထိုက်တန်ပေသည်။ သို့ဖြစ်ရာ ၎င်းဝစွီယသ်တွင် မှားယွင်းကြောင်းကို ပြသနေသည့် မြောက်မြားစွာသော အကြောင်းအရာများ ပါဝင်နေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် လိမ်လည်လုပ်ကြံထားခြင်းနှင့် အလ္လာဟ်အရှင်မြတ် ခွင့်ပြုတော်မမူသော သာသနာရေးဆိုင်ရာ ပြဋ္ဌာန်းမှုများ ပါဝင်နေမည်ဆိုပါက မည်သို့ဖြစ်မည်နည်း။
ထို့ပြင် တမန်တော်မြတ်(ﷺ)မိန့်တော်မူသည်မှာ- အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ ငါကိုယ်တော်မပြောဆိုခဲ့သည်ကို ပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။ ဤမှာကြားချက်(ဝဆွီယသ်)ကို လုပ်ကြံဖန်တီးသူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ပြောဆိုခဲ့ခြင်းမရှိသောအရာကို ကိုယ်တော်မြတ် ပြောဆိုခဲ့သည်ဟု စွပ်စွဲခဲ့ပြီး၊ ကိုယ်တော်မြတ်နှင့်ပတ်သက်၍ အလွန်အန္တရာယ်ကြီးမားပြီး ပေါ်လွင်ထင်ရှားသော မုသားကို လိမ်လည်ပြောဆိုခဲ့သည်။ အကယ်၍ ၎င်းအနေဖြင့် အမြန်တောဝ်ဗဟ်(ဝန်ချတောင်းပန်ခြင်း) မပြုလုပ်ခဲ့ဘဲ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်သည့် ဤမှာကြားချက်သည် မုသားဖြစ်ကြောင်းကို လူတို့အား ထုတ်ဖော်အသိပေးခြင်း မပြုလုပ်ခဲ့ပါက ၎င်းသည် ဤကြီးမားသော ခြိမ်းခြောက်မှုနှင့် အလွန်ပင်ထိုက်တန်သူဖြစ်သွားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူမဆို လူတို့အကြား မမှန်ကန်သောအရာကို ဖြန့်ဝေပြီး ယင်းကို သာသနာတော်မှဖြစ်သည်ဟု စွပ်စွဲပြောဆိုပါက၊ ထိုလိမ်လည်မှုအတွက် ၎င်း၏တောဝ်ဗဟ်ပြုလုပ်ခြင်းသည် လူအများသိအောင် ထုတ်ပြန်ကြေညာပြီး အမှန်ကို ထုတ်ဖော်ပြသမှသာလျှင် မှန်ကန်အထမြောက်မည်ဖြစ်သည်။ သို့မှသာလျှင် ၎င်းသည် မိမိလိမ်လည်ထားမှုမှ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းနှင့် မိမိကိုယ်တိုင် လိမ်လည်ခဲ့ကြောင်းကို လူတို့သိရှိနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အောက်ပါအမိန့်တော်ကြောင့်ဖြစ်သည်။ မုချဧကန် အကြင်သူတို့သည် ငါအရှင်မြတ်ချပေးတော်မူသော ထင်ရှားသော သက်သေလက္ခဏာတော်များနှင့် တရားလမ်းညွှန်ချက်များကို ငါအရှင်မြတ် က လူများအတွက် ကျမ်းဂန်ထဲတွင် ရှင်းလင်းစွာ ဖော်ပြပြီးသည့်နောက်မှပင် ထိမ်ချန်ခဲ့ကြသည်။ ထိုသူတို့အား အလ္လာဟ်အရှင်မြတ်က ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။ ၎င်းပြင် ကျိန်ဆဲသူများကလည်း ထိုသူတို့ကို ကျိန်ဆဲကြသည်။ သို့ရာတွင် အကြင်သူတို့သည် အမှားဝန်ချတောင်းပန်ကြပြီး (မိမိတို့ကိုယ်ကို) ပြုပြင်ကာ (မိမိတို့ဖုံးကွယ်ခဲ့သော အမှန်တရားကိုယ်ကို) ထုတ်ဖော်ပြောကြားမည်ဆိုလျှင် ငါအရှင်မြတ်သည် ထိုသူတို့၏ အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူမည်။ စင်စစ် ငါအရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားညှာတာတော်မူသောအရှင်ဖြစ်တော်မူသည်။ (၁၆၀) [စူရဟ် ဗကရဟ် အာယာသ် - ၁၅၉ - ၁၆၀] ဤအာယသ်တော်မြတ်၌ အလ္လာဟ်အရှင်မြတ် ရှင်းလင်းဖော် ပြထားသည်မှာ - အကြင်သူသည် အမှန်တရားမှ တစ် စုံတစ်ရာကို ဖုံးကွယ်ထားပါက၊ ၎င်းသည် ပြုပြင်ပြောင်းလဲခြင်းနှင့် ရှင်းလင်းဖော်ပြခြင်းများ မပြုမချင်း ထိုအရာအတွက် ၎င်း၏ ဝန်ချတောင်းပန်မှု (သောင်ဝ်ဗဟ်)သည် အထမြောက်မည်မဟုတ်ပေ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော် မုဟမ္မဒ် (ﷺ) အား စေလွှတ်တော်မူခြင်းဖြင့်လည်းကောင်း၊ ၎င်းထံသို့ အရှင်မြတ် ဝဟ်ယီ ချပေးသနားတော်မူခဲ့သည့် ပြီးပြည့်စုံသော (ရှရီအဟ်) တရားလမ်းစဉ်ဖြင့်လည်းကောင်း မိမိ၏ကျေးကျွန်များအဖို့ သာသနာတော်ကို ပြည့်စုံစေတော်မူခဲ့ပြီး ၎င်းတို့အပေါ် ကျေးဇူးတော်များကို အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ထို့ပြင် အရှင်မြတ်သည် ကိုယ်တော်မြတ်အား (သာသနာတော်ကို) ပြီးပြည့်စုံစေခြင်းနှင့် ရှင်းလင်းဖော်ပြခြင်းများ ပြုပြီးနောက်မှသာလျှင် အရှင်မြတ်ထံတော်သို့ ပြန်လည်ရုပ်သိမ်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့် အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။ [စူရဟ် မာအိဒဟ် အာယသ် - ၃]
ဤဝဆွီယသ်(မှာတမ်းစကား)ကို လုပ်ကြံဖန်တီးသူသည် ဆယ့်လေးရာစုတွင် ပေါ်ပေါက်လာခဲ့ပြီး၊ လူသားတို့အား သာသနာသစ်တစ်ရပ်ဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်လေသည်။ ယင်းအပေါ်အခြေခံ၍ သူ၏တရားလမ်းစဉ်ကို လိုက် နာကျင့်သုံးသူများအတွက် ဂျန္နသ်(သုခဘုံ)သို့ ဝင်ရောက်ရမည်ဖြစ်ပြီး၊ သူ၏တရားလမ်းစဉ်ကို မလိုက်နာသူများအတွက် ဂျန္နသ်(သုခဘုံ)မှ တားမြစ်ခံရကာ ငရဲမီးသို့ ဝင်ရောက်ရမည်ဖြစ်သည်။ သူသည် မိမိလုပ်ကြံဖန်တီးထားသော ဤဝစွီယသ်ကို ကျမ်းတော်မြတ်ကုရ်အာန်ထက် ပိုမိုကြီးမြတ်ပြီး ပိုမိုမွန်မြတ်သောအရာအဖြစ် သတ်မှတ်လိုပေသည်။ အကြောင်းမှာ ၎င်းထဲတွင် သူက ဤသို့ လုပ်ကြံဖန်တီးထားလေသည်- မည်သူမဆို ၎င်းကို ရေးကူး၍ တစ်မြို့မှတစ်မြို့သို့ သို့မဟုတ် တစ်နေရာမှတစ်နေရာသို့ ပေးပို့ပါက ထိုသူအတွက် ဂျန္နသ်(သုခဘုံ)၌ နန်းတော်တစ်ဆောင် တည်ဆောက်ပေးခံရမည်ဖြစ်ပြီး၊ မည်သူမဆို ၎င်းကို ရေးကူး၍ မပေးပို့ပါက ကိယာမသ်နေ့တွင် ထိုသူ၏ အပေါ် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ရှဖာအသ်(အသနားခံပေးခြင်း)သည် တားမြစ်ပိတ်ပင်ခံရမည်ဖြစ်သည်။ ဤသည်ကား အဆိုးရွားဆုံးသော လိမ်လည်မှုများအနက်မှဖြစ်သည်။ ၎င်းပြင် ဤမှာကြားချက်သည် လိမ်လည်မှုဖြစ်ကြောင်း၊ ယင်းကို ကြံဖန်လီဆယ်သူ၏ အရှက်အကြောက်ကင်းမဲ့မှုနှင့် လိမ်လည်ရာတွင် ၎င်း၏ကြီးမားသော ရဲတင်းမှုတို့အတွက် အထင်ရှားဆုံးသော သက်သေအထောက်အထားများအနက်မှဖြစ်သည်။ အကြောင်းမူကား ကျမ်းမြတ်ကုရ်အာန်ကို ရေးသား၍ တစ်မြို့မှတစ်မြို့သို့ သို့မဟုတ် တစ်နေရာမှတစ်နေရာသို့ ပေးပို့သူပင်လျှင်၊ ထိုသူသည် ကျမ်းမြတ်ကုရ်အာန်နှင့်အညီ လိုက်နာကျင့်သုံးခြင်းမရှိပါက ထိုကဲ့သို့သော မွန်မြတ်မှု(အကျိုးဆုလာဘ်)ကို ရရှိမည်မဟုတ်ချေ။ သို့ဖြစ်ပါလျှင် ဤကြံဖန်လီဆယ်မှုကို ရေးသားသူနှင့် တစ်မြို့မှတစ်မြို့သို့ ပေးပို့ဖြန့်ဝေသူသည် မည်သို့လျှင် ရရှိနိုင်မည်နည်း။ အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်ကို မရေးသားခဲ့သည့်အပြင် တစ်တိုင်းပြည်မှ အခြားတစ်တိုင်းပြည်သို့ မပေးပို့ခဲ့လျှင်လည်း၊ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အီမာန်သက်ဝင်ယုံကြည်ပြီး ကိုယ်တော်၏ ရှရီအဟ်လမ်းစဥ်ကို နောက်လိုက်မှုပြုသူဖြစ်ပါက၊ ကိုယ်တော် ၏ ရှဖာအသ်ပြုခြင်းမှ ပိတ်ပင်ခံရမည်မဟုတ်ပေ။ ဤမှာတမ်းစာတွင် ပါရှိသော ဤလုပ်ကြံပြောဆိုချက် တစ်ခုတည်းကပင် ၎င်းမှာတမ်းစာ မှားယွင်းကြောင်းကိုလည်း ကောင်း၊ ၎င်းကိုဖြန့်ဝေသူ၏ လိမ်လည်မှု၊ သူ၏အရှက်မဲ့မှု၊ သူ၏မိုက်မဲမှုနှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ယူဆောင်လာတော်မူသော လမ်းညွှန်မှုတရားတော်များကို သိနားလည်ခြင်းမှ အလှမ်းဝေးနေမှုတို့ကိုလည်းကောင်း ညွှန်ပြရန်အတွက် လုံလောက်ပေသည်။
အထက်တွင် ဖော်ပြခဲ့သည်တို့အပြင် ဤ ဝစွီယသ် တွင် အခြားသောအကြောင်းအရာများလည်း ပါဝင်သေးသည်။ ၎င်းတို့အားလုံးသည် ဤ ဝစွီယသ်၏ မှားယွင်းကြောင်းနှင့် လိမ်လည်ထားကြောင်းကို ညွှန်ပြနေသည်။ ၎င်းကို လုပ်ကြံဖန်တီးသူက အမှန်ဖြစ်ကြောင်း အကြိမ်တစ်ထောင် သို့မဟုတ် ထို့ထက်မက ကျိန်ဆိုစေကာမူ၊ မိမိပြောဆိုသည်မှာ အမှန်ဖြစ်ကြောင်း ပြသရန် အကြီးမားဆုံးသော ပြစ်ဒဏ်နှင့် အပြင်းထန်ဆုံးသော ညှဉ်းဆဲမှုများ မိမိအပေါ် ကျရောက်ပါစေဟု မိမိကိုယ်ကို ကျိန်စာတိုက်စေကာမူ၊ သူသည် မှန်ကန်သူမဟုတ်ပေ။ ၎င်း ဝစွီယသ် သည်လည်း မှန်ကန်မည်မဟုတ်ပေ။ စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍၊ ထပ်မံ၍ အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ ကျိန်ဆိုရပါလျှင် အကြီးမားဆုံးနှင့် အရုပ်ဆိုးအကျည်းတန်ဆုံးသော အမှားသာလျှင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ ကျွန်ုပ်တို့ထံ၌ ရောက်ရှိနေကြသော မလာအိကဟ်များအား သက်သေထားပါသည်။ ဤစာကို ဖတ်ရှုရသော မွတ်စ်လင်မ်တိုင်း သိရှိထားရမည်မှာ - ဤ သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်(ဂျလ္လာ ဂျလာလဟူး)နှင့် တွေ့ဆုံသည့်အခါ ကျွန်ုပ်တို့ တင်ပြမည့် သက်သေခံချက်ဖြစ်သည် - ဧကန်မုချ ဤမှာတမ်းစကားသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ﷺ)အပေါ် လိမ် လည်မှုနှင့် လုပ်ကြံဖန်တီးမှုပင်ဖြစ်သည်။ ဤသို့လိမ်လည်သူအား အလ္လာဟ်အရှင်မြတ်သည် အရှက်ကွဲစေတော်မူ၍ ၎င်းနှင့်ထိုက်တန်သည့်အတိုင်း အရေးယူဆောင်ရွက်တော်မူပါစေ။
အထက်တွင် ဖော်ပြခဲ့သည်များအပြင် ဖော်ပြထားသော ၎င်း၏စာသားမှ အချက်များစွာက ဤဝဆွီယသ်သည် လိမ်လည်မှုဖြစ်ကြောင်းနှင့် မှားယွင်းကြောင်းကို ညွှန်ပြနေသည်။ ၎င်းတို့မှာ
၁။ ယင်းတွင် ၎င်း၏ ဆိုထားချက်မှာ- (သောကြာနေ့တစ်နေ့မှ နောက်သောကြာနေ့တစ်နေ့အတွင်း လူပေါင်း တစ်သိန်းခြောက် သောင်းတို့သည် အစ္စလာမ်သာသနာပေါ်တွင်မဟုတ်ဘဲ သေဆုံးသွားခဲ့ကြသည်) ဟူသော စကားဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ဤအရာသည် အကွယ်လောက (ဂိုက်ဗ်) အသိပညာတွင် ပါဝင်သောကြောင့်ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ် (ﷺ) ကွယ်လွန်တော်မူပြီးနောက် ကိုယ်တော်မြတ်ထံ ဝဟီကျရောက်မှုသည်လည်း ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။ ကိုယ်တော်မြတ်သည် သက်တော်ထင်ရှားရှိစဥ်ကပင် အကွယ်လောက (ဂိုက်ဗ်) ကို သိတော်မမူခဲ့ပေ။ သို့ဖြစ်ရာ ကွယ်လွန်တော်မူပြီးနောက် မည်သို့လျှင် သိနိုင်ပါမည်နည်း။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အား ဤသို့) ပြော ဆိုပါလေ။ (အို-အချင်းတို့) ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိသည်ဟူ၍လည်း ကျွန်ုပ်သည် အသင်တို့အား ပြောဆိုသည်မဟုတ်။ ကျွန်ုပ်သည် အကွယ်၌ရှိသည် တို့ကိုမြင်သည် (ဟူ၍လည်း ပြောဆိုသည်)မဟုတ်။... [စူရဟ် အန်အာမ် အာယသ် - ၅၀] ထို့ပြင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ (အသင်သည် ပြောကြားပါလေ။ (အချင်းတို့)အကွယ်၌ရှိသော အရာများကို အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ မိုးကောင်း ကင်၌ရှိသူတို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသူတို့သည် လည်းကောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှပင် မသိချေ။...) [စူရဟ် နမ်လ် အာယသ် - ၆၅] ဆွဟီးဟ် ဟဒီးဆ်တော်တစ်ရပ်တွင် တမန်တော်မြတ်(ﷺ)က မိန့်ကြားတော်မူသည်မှာ "ကိယာမသ်နေ့၌ လူအချို့သည် ငါကိုယ်တော်၏ ကောင်ဆရ်ရေကန်မှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ကျွန်တော်မျိုး၏သာဝကများ၊ ကျွန်တော်မျိုး၏သာဝကများဟု လျှောက်ထားမည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်မရှိတော့သည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်မသိပေ။ ထိုအခါ ကောင်းမြတ်သော ကျွန်တော်မျိုး လျှောက်ထားခဲ့သကဲ့သို့ ငါကိုယ်တော်က လျှောက်ထားမည်မှာ- ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့ (၏အကြောင်း) ကို သိရှိသူဖြစ်ပါသည်။ တစ်ဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့ (၏ အကြောင်း) ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။ [အလ်မာအိဒဟ်: ၁၁၇]"
ဒုတိယအချက်မှာ- (ဤမှာတမ်းသည် မှားယွင်းပျက်ပြယ်ကြောင်းနှင့် လိမ်လည်မှုဖြစ်ကြောင်း သက်သေပြနေသည့် အချက်များအနက်မှဖြစ်သော) ၎င်းတွင် ဆိုထားသည့် စကားရပ်ဖြစ်သည် - "(အကြင်သူသည် ၎င်းကို ရေးသားခဲ့ပြီး ဆင်းရဲသားဖြစ်ပါက အလ္လာဟ်အရှင်မြတ်သည် သူ့အား ချမ်းသာကြွယ်ဝစေတော်မူမည်။ သို့မဟုတ် အကြွေးတင်နေသူဖြစ်ပါက အလ္လာဟ်အရှင်မြတ်သည် သူ၏အကြွေးကို ကင်းရှင်းစေတော်မူမည်။ သို့မဟုတ် သူ၏အပေါ်၌ အပြစ်ရှိနေပါက အလ္လာဟ်အရှင်မြတ်သည် ဤမှာတမ်း၏ ဘရကသ်ဖြင့် သူနှင့်သူ၏မိဘနှစ်ပါးအား ခွင့်လွှတ်တော်မူမည်) စသည်ဖြင့် ဖော်ပြထားခြင်းပင်ဖြစ်သည်။" ဤသည် အကြီးကျယ်ဆုံးသော လိမ်လည်မှုများအနက်မှ ဖြစ်ပြီး၊ ၎င်းအား လုပ်ကြံဖန်တီးသူ၏ လိမ်လည်မှုနှင့် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ကျေးကျွန်များအပေါ် ရှက် ကြောက်မှုကင်းမဲ့ခြင်းအတွက် အထင်ရှားဆုံးသော အ ထောက်အထားပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စရပ်သုံးခုသည် ကုရ်အာန်ကျမ်းမြတ်ကို ရေးသားရုံမျှဖြင့် မရရှိနိုင်ရာ၊ ဤမှားယွင်းသော ဝဆွီယသ်(မှာတမ်း)ကို ရေးသားသူသည် မည်သို့လျှင် ရရှိနိုင်မည်နည်း။ အမှန်စင်စစ် ဤယုတ်မာသူသည် လူတို့အား ရောထွေးမှုဖြစ်စေရန်နှင့် ဤဝစွီယသ်(မှာတမ်း)အပေါ် စွဲလမ်းနေစေရန်သာ အလိုရှိသည်။ ထိုမှသာ ၎င်းတို့သည် ယင်းကိုရေးသားကြပြီး ဤလုပ်ကြံထားသော မွန်မြတ်သည့်အကျိုးကျေးဇူးကို စွဲလမ်းလာကြကာ၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် ပြဋ္ဌာန်းပေးထားတော်မူသော အကြောင်းခံများကို စွန့်လွှတ်ကြမည်ဖြစ်သည်။ စင်စစ် အရှင်မြတ်သည် ထိုအကြောင်းခံများကို ချမ်းသာပြည့်စုံမှုရရှိရန်၊ အကြွေးဆပ်နိုင်ရန်နှင့် အပြစ်အကုသိုလ်များ ခွင့်လွှတ်ခံရရန် ဆိုက်ရောက်စေမည့်အရာများအဖြစ် ဖန်တီးပေးထားတော်မူသည်။ သို့ဖြစ်၍ အကူအညီမဲ့ကျရှုံးခြင်း၏ အကြောင်းခံများ၊ စိတ်အလိုဆန္ဒနှင့် ရှိုင်သွာန်အား နာခံခြင်းတို့မှ အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျွန်ုပ်တို့ ခိုလှုံကြပါ၏။
တတိယအချက်မှာ- ဤဝစွီယသ် (မှာတမ်းစာ) မမှန်ကန်ကြောင်း ဖော်ပြနေသည့် အချက်များအနက်မှဖြစ်ပြီး၊ ၎င်းတွင် သူဆိုထားသည်မှာ - (အလ္လာဟ်အရှင်မြတ်၏ ကျွန်များအနက်မှ မည်သူမဆို ၎င်းအား မရေးသားပါက သူ၏မျက်နှာသည် ဒွန္နယာနှင့် အာခိရသ်တွင် မည်းနက်သွားမည်ဖြစ်သည်။) ၎င်းသည်လည်း အဆိုးရွားဆုံးသော လိမ်လည်ခြင်းများအနက်မှဖြစ်ပြီး၊ ဤဝစွီယသ် မှားယွင်းကြောင်းနှင့် ၎င်းကိုလုပ်ကြံသူ၏ လိမ်လည်ခြင်းအပေါ် အထင်ရှားဆုံးသော သက်သေသာဓကများအနက်မှပင် ဖြစ်သည်။ ဆယ့်လေးရာစုတွင် အမည်မသိလူတစ်ဦး ယူဆောင်လာခဲ့သော ဤဝစွီယသ်ကို ရေးသားရန် ဆင်ခြင်ဉာဏ်ရှိသူတစ်ဦး၏ ဆင်ခြင်ဉာဏ်က မည်သို့လျှင် လက်ခံနိုင်မည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် လုပ်ကြံလိမ်လည်ထားပြီး၊ ၎င်း(ဝစွီယသ်)ကို မရေးသားသူသည် လောကီနှင့် နောင်တမလွန်တွင် မျက်နှာ မည်းရမည်ဖြစ်ကာ၊ ရေးသားသူမှာမူ ဆင်းရဲပြီးနောက် ချမ်းသာလာမည်၊ အကြွေးများထူပြောနေပြီးနောက် အကြွေးကင်းစင်သွားမည်၊ ထို့ပြင် သူကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များသည်လည်း ခွင့်လွှတ်ခြင်းခံရမည်ဟု ယူဆထားပေသည်။
(အို-အလ္လာဟ်အရှင်မြတ်) အရှင်မြတ်သည် ချိုတဲ့မှုအပေါင်းမှသန့်ရှင်းစင်ကြယ်တော်မှုပါသည်။ဤသည်မှာ ကြီးမားလှသော မုသားလီဆယ်မှုကြီးပင် ဖြစ်ပါသည်!! အမှန်စင်စစ် သက်သေအထောက်အထားများနှင့် လက်တွေ့အခြေအနေတို့က ဤမုသားကို ကြံဖန်လီဆယ်ပြောဆိုသူ၏ လိမ်လည်မှုကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပေါ်၌ ၎င်း၏ ရဲတင်းဝံ့မှု ကြီးမားလှခြင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် လူသားများအပေါ် ၎င်း၏ရှက်ရွံ့မှု နည်းပါးခြင်းကိုလည်း ကောင်း သက်သေခံလျက်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကို မရေးသားခဲ့ကြသည့် များစွာသော လူမျိုးများရှိကြပြီး ၎င်းတို့၏ မျက်နှာများသည် မည်းနက်သွားခဲ့ခြင်း မရှိပေ။ အလားတူပင် ဤနေရာ၌ အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူမျှ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော လူအုပ်ကြီးသည် ယင်းကို အကြိမ်ပေါင်းများစွာ ရေး သားခဲ့ကြသော်လည်း ၎င်းတို့၏ အကြွေးများသည် ကျေပွန်သွားခြင်း မရှိခဲ့သလို ၎င်းတို့၏ ဆင်းရဲမွဲတေမှုသည်လည်း ကင်းစင်ပပျောက်သွားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် စိတ်နှလုံးများ တိမ်းစောင်းသွားခြင်းနှင့် ပြစ်မှုဒုစရိုက်များ ဖုံးလွှမ်းသွားခြင်းတို့မှ အလ္လာဟ်အရှင်မြတ်ထံတော်၌ အကာအကွယ် တောင်းခံအပ်ပါသည်။ အကောင်းမြတ်ဆုံးနှင့် အကြီးကျယ်ဆုံးသော ကျမ်းစာဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်ကို ရေးသားသူအတွက်ပင် မြင့်မြတ်လှသော တရားတော် (ရှရီအသ်) ၌ ဤဂုဏ်ပုဒ်များနှင့် အကျိုးဆုလာဘ်များကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပေ။ သို့ဖြစ်ပေရာ အမျိုးမျိုးသော မမှန်ကန်မှုများနှင့် အမျိုးမျိုးသော သစ္စာကင်းမဲ့ငြင်းပယ်မှု (ကုဖ်ရ်) ဆိုင်ရာ စာသားများစွာ ပါဝင်လျက်ရှိသော၊ မဟုတ်မမှန် ကြံဖန်လီဆယ်ထားသည့် မှာတမ်းစာကို ရေးသားသူအနေဖြင့် (ယင်းအကျိုးခံစားခွင့်များကို) မည်သို့လျှင် ရရှိနိုင်မည်နည်း။ စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါတကား)!! ထိုအရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားကို ရဲတင်းစွာ ကြံဖန်လီဆယ်၍ ပြောဆိုသူအပေါ် ထိုအရှင်မြတ်၏ သည်းခံခွင့် လွှတ်တော်မူမှုသည် အလွန်ပင် ကြီးမားလှပါတကား။
စတုတ္ထအချက်မှာ - ဤဝစွီယသ်(မှာတမ်းစကား)သည် အမှားယွင်းဆုံးသောအရာနှင့် အထင်ရှားဆုံးသော မုသာဖြစ်ကြောင်း ညွှန်ပြနေသည့်အချက်များအနက်မှ တစ်ချက်မှာ - ၎င်းတွင် ဤသို့ဆိုထားခြင်းဖြစ်သည်။ “မည်သူမဆို ၎င်းအား ယုံကြည်လက်ခံလျှင် ငရဲမီးအပြစ်ဒဏ်မှ လွတ်ကင်းမည်ဖြစ်ပြီး၊ ၎င်းအား မုသားဟုငြင်းပယ်သူသည် ကာဖိရ်(သက်ဝင်ယုံကြည်မှုကင်းမဲ့သူ) ဖြစ်သွားမည်ဖြစ်သည်။” ၎င်းသည်လည်း မုသားပြောဆိုရာတွင် အကြီးမားဆုံးသော ရဲတင်းမှုတစ်ရပ်ဖြစ်ပြီး အဆိုးရွားဆုံးသော အမှားတစ်ရပ်ဖြစ်သည်။ ဤလုပ်ကြံဖန်တီးသူသည် လူခပ်သိမ်းအား ၎င်း ၏လုပ်ကြံပြောဆိုချက်များကို အမှန်ဟုယုံကြည်ရန် ဖိတ်ခေါ်နေပြီး ထိုသို့ယုံကြည်ခြင်းဖြင့် သူတို့သည် ငရဲမီး၏ ပြစ်ဒဏ်မှ လွတ်မြောက်မည်ဖြစ်ကြောင်းနှင့် ထို(လုပ်ကြံချက်)ကို မဟုတ်မမှန်ဟု ငြင်းပယ်သူသည် ကုဖ်ရ် (သွေဖည်ငြင်းပယ်မှု) ကျူး လွန်သူဖြစ်ကြောင်း အခိုင်အမာဆိုထားသည်။ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ပြောရလျှင် ဤမုသား စကားပြောသူသည် အလ္လာဟ်အရှင်မြတ်အပေါ် ကြီးမားလှသော လုပ်ကြံဖန်တီးမှုကို ပြုလုပ်ခဲ့ပေသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ပြောရလျှင် ၎င်းသည် မှန်ကန်မှုမရှိသည့်စကားကို ပြောဆိုခဲ့သည်။ အမှန်စင်စစ် ၎င်းကို ငြင်းပယ်သူသည်မဟုတ်ဘဲ ယုံကြည်လက်ခံသူသာလျှင် ‘ကုဖ်ရ်’ထိုက်ရန် ထိုက်တန်သူဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မည်သည့်မှန်ကန်မှုအခြေခံမျှမရှိသော လုပ် ကြံဖန်တီးမှု၊ မှားယွင်းမှုနှင့် မုသားစကားဖြစ်သောကြောင့်တည်း။ ၎င်းစကားသည် မုသားစကားဖြစ်ကြောင်းနှင့် ထိုသို့လုပ်ကြံဖန်တီးသူသည်လည်း မုသားစကားပြောသူဖြစ် ကြောင်း ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်အား သက် သေထား၍ ပြောဆိုပါသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားတော်မမူသောအရာကို လူသားတို့အတွက် ပြဋ္ဌာန်းပေးလိုပြီး၊ သာသနာ၌ မပါဝင်သောအရာများကို ၎င်းတို့၏သာသနာအတွင်းသို့ သွတ်သွင်းလိုပေသည်။ အမှန်တကယ်တော့ အလ္လာဟ်အရှင်မြတ်သည် ဤလုပ်ကြံဖန်တီးမှုမတိုင်မီ ရာစုနှစ် ဆယ့်လေးခုကတည်းကပင် ဤအွမ္မသ်အတွက် သာသနာကို အပြည့်အဝ ပြီးပြည့်စုံစေတော်မူခဲ့ပြီး ဖြစ်ပေသည်။ အို- စာဖတ်သူများနှင့် ညီနောင်တို့၊ သတိပြုကြကုန်။ ဤကဲ့သို့သော ကြံဖန်လီဆယ်ပြောဆိုမှုများကို ယုံကြည်ခြင်းနှင့် ၎င်းတို့သည် အသင်တို့အကြား၌ ပြန့်နှံ့သွားခြင်းမှ အသင်တို့သည် ရှောင်ကြဉ်ကြကုန်။ အကြောင်းမူကား အမှန်တရားတွင် အ လင်းရောင်ရှိပေရာ၊ ၎င်းကို ရှာဖွေသူအတွက် လုံးဝရောထွေးမှုရှိမည်မဟုတ်ပေ။ သို့ဖြစ်ပါ၍ အမှန်တရားကို ၎င်း၏ အ ထောက်အထားနှင့်တကွ ရှာဖွေကြပါ။ အသင်တို့အတွက် ရှုပ်ထွေးနေသော ကိစ္စရပ်များနှင့်ပတ်သက်၍ သာသနာ့ပညာရှင်များအား မေးမြန်းကြပါ။ မုသားပြောသူများ၏ ကျိန်ဆိုမှုများဖြင့် လှည့်ဖြားမခံကြပါနှင့်။ အမှန်ပင် ကျိန်ဆဲခံရသော အစ်ဗ်လီးစ်သည် အသင်တို့၏အမိအဖဖြစ်သော အာဒမ်နှင့် ဟောင်ဝါတို့အား မိမိသည် ၎င်းတို့နှစ်ဦးအတွက် ကောင်းကျိုးလိုလားသူများအနက်မှဖြစ်ကြောင်း ကျိန်ဆိုပြခဲ့လေသည်။ အမှန်စင်စစ် သူသည် အကြီးမားဆုံးသော သစ္စာဖောက်သူနှင့် မုသားပြောသူများအနက် အလွန်မုသားပြောသူပင်ဖြစ်သည်။ ၎င်းအကြောင်းကို အလ္လာဟ်အရှင်မြတ်က ဤသို့ ပြန်လည်မိန့်ကြားတော်မူထားသည်- ၎င်းပြင် ယင်း(ရှိုင်သွာန် မိစ္ဆာကောင်သည်) ၎င်တို့(ဇနီးမောင်နှံ) နှစ်ဦး၏ရှေ့ဝယ် “ဧကန်မလွဲ ကျွန်ုပ်သည် အသင်တို့နှစ်ဦး၏ ကောင်းရာကောင်းကြောင်းကို လိုလားသူသာလျှင် ဖြစ်ပါသည်” ဟု ကျိန်ဆိုလေ၏။ [စူရဟ် အအ်ရာဖ် အာယသ် - ၂၁] သို့ဖြစ်၍ ၎င်းအားလည်းကောင်း၊ လုပ်ကြံပြောဆိုသူများဖြစ်သည့် ၎င်း၏နောက်လိုက်များအားလည်းကောင်း သတိထားရှောင်ကြဉ်ကြလေကုန်။ အဘယ့်ကြောင့်ဆိုသော် ၎င်းနှင့် ၎င်း ၏နောက်လိုက်များတွင် သွေးဆောင်ဖြားယောင်းရန်နှင့် လမ်း လွဲစေရန်အတွက် မမှန်ကန်သော ကျိန်ဆိုမှုများ၊ သစ္စာ ဖောက်သော ကတိကဝတ်များနှင့် လှပအောင်ခြယ်မှုန်းထားသော စကားများ အများအပြားပင် ရှိနေသောကြောင့်ဖြစ်သည်။ ဤလုပ်ကြံလီဆယ်ပြောဆိုသူမှ မကောင်းမှုများ ပေါ်လွင်ထင် ရှားလာခြင်းနှင့် ပတ်သက်၍ ဖော်ပြခဲ့သည့်အရာမှာမူ အမှန်တကယ်ဖြစ်ပျက်နေသည့် ကိစ္စရပ်ပင်ဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်နှင့် သန့်စင်သောစွန္နသ်တော်တို့က ယင်းတို့မှ ရှောင်ကြဉ်ကြရန် အထူးပင် သတိပေးတားမြစ်ထားပြီး၊ ၎င်းတို့နှစ်ခုစလုံး၌ တရားလမ်းမှန်ညွှန်ပြမှုနှင့် လုံလောက်မှုတို့ ပါရှိပေသည်။
ကိယာမသ်၏ နိမိတ်လက္ခဏာများနှင့်ပတ်သက်၍ ဖော်ပြထားချက်များနှင့်စပ်လျဉ်း၍မူ၊ တမန်တော်မြတ်၏ ဟဒီးဆ်တော်များ၌ ဖြစ်ပေါ်လာမည့် ကိယာမသ်၏ နိမိတ်လက္ခဏာများကို ရှင်းလင်းဖော်ပြထားပြီးဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်ကလည်း ၎င်းတို့အနက်မှ အချို့ကို ရည်ညွှန်းပြသထားသည်။ သို့ဖြစ်ရာ ၎င်းတို့ကို သိရှိလိုသူတိုင်းသည် စွန္နသ်ကျမ်းစာများရှိ သက်ဆိုင်ရာနေရာများနှင့် အသိပညာရှင်များ၊ အီမာန်သက်ဝင်ယုံကြည်သူတို့ ပြုစုရေးသားထားသော ကျမ်းများတွင် တွေ့ရှိနိုင်ပေသည်။ လူတို့အနေဖြင့် ဤကဲ့သို့သော လိမ်လည်လုပ်ကြံသူ၏ ရှင်းလင်းတင်ပြချက်၊ ၎င်း၏ လှည့်စားမှုနှင့် အမှန်တရားကို အမှားဖြင့် ရောနှောမှုမျိုးကို မည်သို့မျှ လိုအပ်ချက်မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်ကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း၊ အခြားသောမွတ်စ်လင်များအားလုံးကိုလည်း ကောင်း ရှိုင်တွာန်မိစ္ဆာများ၏ မကောင်းမှုအန္တရာယ်မှလည်း ကောင်း၊ လမ်းမှားစေသူတို့၏ ဖိသ်နာ(စုံစမ်းနှောင့်ယှက်မှု) များမှလည်းကောင်း၊ လမ်းလွဲသူတို့၏ သွေဖည်မှုများမှလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ရန်သူဖြစ်ကြသော မှားယွင်းမှုပြုသူတို့၏ လှည့်စားမှုများမှလည်းကောင်း ကာကွယ်စောင့်ရှောက်တော်မူပါစေ။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏အလင်းရောင်ကို ၎င်းတို့၏ပါးစပ်များဖြင့် ငြိမ်းသတ်ရန်နှင့် လူသားများအပေါ် ၎င်းတို့၏ သာသနာကို ရောထွေးရှုပ်ထွေးသွားစေရန် လိုလားကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ရန်သူများဖြစ်ကြသည့် ရှိုင်တွာန်မိစ္ဆာများနှင့် ၎င်းတို့၏နောက်လိုက်များဖြစ်ကြသော (ကုဖ်ရ်)သွေဖည်ငြင်းပယ်သူများနှင့် ဘုရားမဲ့ဝါဒီများက မနှစ်မြို့ကြသော်ငြား လည်း၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အလင်းရောင်ကို ပြီးပြည့်စုံစေတော်မူမည့်အရှင်၊ မိမိ၏သာသနာကို ကူညီထောက်ပံ့တော်မူမည့် အရှင်မြတ်ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များ၏ အခြေအနေများကို ပြုပြင်ပြောင်းလဲပေးတော်မူရန်၊ ၎င်းတို့အား အမှန်တရားအပေါ် လိုက်နာနိုင်စွမ်းနှင့် ထိုအမှန်တရားပေါ်၌ ခိုင်မြဲစွာရပ်တည်နိုင်စွမ်း ချီးမြှင့်တော်မူရန်၊ ထို့ပြင် အပြစ်ဒုစရိုက်အပေါင်းမှ အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ သောင်ဝ်ဗာဟ်(ဝန်ချတောင်းပန်ခြင်း) ပြုနိုင်ရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျွန်ုပ်တို့ ဆုတောင်းပတ္တနာပြုအပ်ပါသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အလွန်တရာ ဝန်ချတောင်းပန်မှုကို လက်ခံတော်မူသော၊ အလွန်တရာ ကရုဏာထားတော်မူသော၊ အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်တို့ (မှီခိုအားထားရန်)အ လို့ငှါ လုံလောက်တော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ် သည် ယုံပုံအားထားရာ အကောင်းဆုံး အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ မကောင်းမှုမှ ရှောင်ကြဉ်နိုင်ခြင်းနှင့် ကောင်းမှုများ ကျင့်ဆောင်နိုင်ခြင်းသည် ကြီးကျယ်မြင့်မြတ်သော အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးသနားတော်မူခြင်းကြောင့်သာ ဖြစ်သည်။
ချီးမွမ်းခြင်း ဟူသမျှသည် စကြဝဠာအပေါင်းကို ဖန်ဆင်းမွေး မြူတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ပါ သည်။ မှန်ကန်၍ ယုံကြည်စိတ်ချရသော မိမိ၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူသော ကိုယ်တော်မြတ်အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်တော်သူ အိမ်တော်သားများနှင့် အဆွေတော်သာဝကကြီးများအပေါ်သို့လည်းကောင်း၊ ကိယာမသ်နေ့ထိတိုင် ၎င်းတို့၏နောက်သို့ ကောင်းမှုနှင့်တကွလိုက်ကြသူများ အပေါ်သို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
ဂျာဒူ စုန်းပယောဂ၊ ဗေဒင်လက္ခဏာကြည့်ခြင်းနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၏ ပညတ်ချက်
အဗ္ဗဒုလ်အဇီးဇ် ဗင်န် အဗ်ဒုလ္လာ ဗင်န် ဗားဇ်
ဤစာအုပ်သည် အစ္စလာမ်သာသနာတွင် စုန်းပယောဂပြုစားခြင်းနှင့် ဗေဒင်လက္ခဏာဟောကြားခြင်းတို့သည် ဟရာမ်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။ ထို့ပြင် ဂျာဒူစုန်းပယောဂဆရာများနှင့် ဗေဒင်လက္ခဏာဆရာများထံ သွားရောက်ခြင်းနှင့် ၎င်းတို့အား ထောက်ခံယုံကြည်ခြင်းတို့မှ သတိပေးတားမြစ်ထားပြီး၊ ယင်းလုပ်ရပ်များသည် လူတစ်ဦးခြင်းကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းကိုဖြစ်စေ ဆိုးကျိုးသက်ရောက်စေသည့် ကုဖ်ရ်လုပ်ရပ်များဖြစ်ကြောင်း အတည်ပြုဖော်ပြထားသည်။ ထို့အတူ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားရန်နှင့် မန်းမှုတ်ခြင်းနှင့် ဇိကိရ်များကဲ့သို့သော တရားဝင်ကုထုံးများကို အသုံးပြုရန် တိုက်တွန်းထားသည်။
စာစဉ် (၉) - စုန်းပယောဂပြုစားခြင်း၊ ဗေဒင်လက္ခဏာဟောကြားခြင်းနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော ကိစ္စရပ်များဆိုင်ရာ ပညတ်ချက် [၁]
[1] ဤဝဆွီယသ်ကို ဟိဂျ်ရီ ၁၄၀၂ ခုနှစ်တွင် ပညာရပ်ဆိုင်ရာ သုတေသနများ၊ အိဖ်သာအ်၊ ဒအ်ဝဟ်ဖိတ်ခေါ်မှုနှင့် ညွှန်ကြားရေး အထွေထွေဦးစီးဌာနမှ စာစောင်အမှတ် ၁၇ တွင် ထုတ်ဝေဖြန့်ခဲ့သည်။
ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအဖို့သာတည်း။ ထို့နောက် ငြိမ်းချမ်းသာယာမှုအပေါင်းနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်) အပေါ်သို့ (ယင်းနဗီ၏နောက်တွင် မည်သည့်နဗီမျှ ပွင့်တော့မည်မဟုတ်ပေ။) ကျရောက်တော်မူပါစေ။ ဤသို့ ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့ပြုပြီးနောက် တင်ပြလိုသည်မှာ-
မကြာသေးမီကာလများအတွင်း မိမိတို့ကိုယ်ကို ဆေးကုသတတ်သည်ဟုဆိုကာ ဂျာဒူစုန်းပယောဂ သို့မဟုတ် ဗေဒင်လက္ခဏာနှင့် အကွယ်အကြောင်းအရာဟောကြားခြင်း နည်းလမ်းများဖြင့် ကုသပေးနေကြသည့် လှည့်စားသူများ များပြားလာခြင်း၊ ၎င်းတို့သည် အချို့သော တိုင်းပြည်များတွင် ပျံ့နှံ့လာပြီး အသိပညာနည်းပါးသည့် ရိုးအသောသူများအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်လာခြင်းတို့ကို ထောက်ရှု၍ အလ္လာဟ်အရှင်မြတ်အပေါ် သစ္စာစောင့်သိမှုနှင့် ၎င်း၏အစေခံကျွန်များအား သတိပေးလမ်းညွှန်မှုပြုသည့်အနေဖြင့်၊ ထိုလုပ်ရပ်များတွင် အစ္စလာမ်သာသနာနှင့် မွတ်စလင်များအပေါ် မည်မျှကြီးမားသော အန္တရာယ်ရှိနေကြောင်းကို ရှင်းပြရန် လိုအပ်သည်ဟု ကျွန်ုပ်မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်များတွင် အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာများအပေါ် မှီခိုယုံကြည်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ ၎င်း၏ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အမိန့်တော်တို့ကို ဆန့်ကျင်ခြင်းများ ပါဝင်နေသောကြောင့်ဖြစ်သည်။
သို့ဖြစ်ပါ၍ အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံလျက် ကျွန်ုပ် ပြောပါမည်- ပညာရှင်အားလုံး၏ သဘောတူညီချက်အရ ဆေးကုသမှုခံယူခြင်းသည် ပြုပိုင်သည်။ မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ၎င်း၏ရောဂါကို စစ်ဆေးရှာဖွေပေးရန်နှင့် ဆေးပညာရပ်၌ ဆရာဝန်သိရှိနားလည်ထားသည့်အတိုင်း တရားတော်အရခွင့်ပြုထားသော သင့်လျော်သည့် ဆေးဝါးများဖြင့် ကုသပေးရန်အတွက် ခန္ဓာကိုယ်တွင်းရောဂါကုဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ အာရုံကြောဆရာဝန် သို့မဟုတ် ယင်းကဲ့သို့သော ဆရာဝန်များထံသို့ သွားရောက်ခွင့်ရှိသည်။ အကြောင်းမှာ ယင်းလုပ်ရပ်သည် သာမန်အကြောင်းခံများကို ရယူခြင်းကဏ္ဍမှဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းနှင့် မဆန့်ကျင်ပေ။ အလ္လာဟ်အရှင်မြတ်သည် ရောဂါကို ချပေးတော်မူပြီး ယင်းရောဂါနှင့်အတူ ဆေးဝါးကိုလည်း ချပေးတော်မူသည်။ ထိုအရာကို သိရှိနားလည်သူက သိရှိနားလည်ပြီး၊ မသိရှိသူကမူ မသိရှိပေ။ သို့ရာတွင် အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် သက်သာပျောက်ကင်းမှုကို ၎င်းတို့အပေါ် တားမြစ်ထားသောအရာများတွင် ထားရှိတော်မမူပေ။
ဖျားနာသူအနေဖြင့် မိမိ၏ရောဂါကို သိရှိရန်အတွက် အကွယ်အကြောင်းအရာသိကြောင်း ကြွေးကြော်သော ဗေဒင်၊ နက္ခတ်၊ အကြားအမြင်ဆရာများထံ သွားရောက်ခြင်းမပိုင်ပေ။ ထို့အတူ ၎င်းတို့ဟောကြားသည့်အရာများကို ထောက်ခံခြင်းသည်လည်း မပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အကွယ်ကိစ္စများကို မှန်းဆ၍ ပြောဆိုကြခြင်း သို့မဟုတ် မိမိတို့အလိုရှိရာအတွက် ဂျင်န်များကို ပင့်ခေါ်၍ ၎င်းတို့ထံမှ အကူအညီရယူကြခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အကွယ်ကို သိကြောင်းကြွေးကြော်ခဲ့မည်ဆိုလျှင် ထိုသူများ၏ ပြဋ္ဌာန်းချက်မှာ (ကုဖ်ရ်) ငြင်းပယ်မှုနှင့် လမ်းလွဲမှုပင်ဖြစ်သည်။
အိမာမ်မွတ်စ်လင်က မိမိစွဟီးကျမ်း၌ ဆင့်ပြန်တင်ပြခဲ့သည်။ တမန်တော်မြတ်(ﷺ)မိန့်တော်မူသည်မှာ- "မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။"
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။" အဗူဒါဝူဒ်ကျမ်းနှင့် ဆနန်ကျမ်းလေးစောင်တို့တွင် လာရှိပြီး၊ ဟာကင်မ်ကျမ်းက မှန်ကန်ကြောင်း အတည်ပြုထားကာ၊ တမန်တော်မြတ် ﷺ ထံမှ အောက်ပါစကားရပ်ဖြင့် ဆင့်ပြန်ထားသည် - "မည်သူမဆို အကွယ်အကြောင်းအရာသိကြောင်း ကြွေးကြော်သူ သို့မဟုတ် အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။"
ထို့ပြင် အင်မ်ရာန် ဗင်န် ဟုဆွိုင်းန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ "အတိတ်နိမိတ်ဆိုးကောက်သူ၊ အတိတ်နိမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှ မဟုတ်ပေ။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။" အိမာမ်ဗတ်ဇ်ဇားရ်သည် ဤဟဒီးစ်အား ကောင်းမွန်သော ဆင့်ပြန်ချက် (စနဒ်) ဖြင့် ဆင့်ပြန်ခဲ့သည်။
ဤဟဒီးဆ်တော်များတွင် အကြားအမြင်ဆရာ၊ ဗေဒင်လက္ခဏာဆရာ၊ ဂျာဒူပယောဂဆရာများနှင့် ၎င်းတို့ကဲ့သို့သော သူများထံ သွားရောက်ခြင်း၊ ၎င်းတို့အား မေးမြန်းခြင်းနှင့် ထောက်ခံခြင်းတို့ကို တားမြစ်ထားသည်။ ထို့ပြင် ထိုသို့ပြုလုပ်ခြင်းအတွက် သတိပေးခြိမ်းခြောက်မှုလည်း ပါရှိသည်။
သို့ဖြစ်၍ အချို့သောကိစ္စရပ်များ၌ ၎င်းတို့၏စကား မှန်ကန်နေခြင်းအပေါ်၌လည်းကောင်း၊ ၎င်းတို့ထံ လာရောက်သူ များပြားမှု အပေါ်၌ လည်းကောင်း လှည့်စားခံရခြင်းမျိုး မပြုပိုင်ပါ။ အကြောင်းမူကား ၎င်းတို့သည် မသိနားမလည်သူများဖြစ်ကြပြီး လူအများအနေဖြင့် ၎င်းတို့၏လှည့်စားမှုကို ခံယူခြင်း မပြုပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းတွင် ကြီးမားလှသော မကောင်းမှု၊ ကြီးမားသော အန္တရာယ်နှင့် ဆိုးရွားသော နောက်ဆက် တွဲအကျိုးဆက်များ ပါဝင်နေသော ကြောင့်လည်းကောင်း၊ ၎င်းတို့သည် မုသားစကားပြောဆိုသူ၊ အပြစ်ကျူးလွန်သူများ ဖြစ်ကြသောကြောင့် လည်း ကောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့ထံ သွားရောက်ခြင်း၊ ၎င်းတို့အား မေးမြန်းခြင်းနှင့် ၎င်းတို့အား ထောက်ခံယုံကြည်ခြင်းတို့ကို တားမြစ်တော်မူခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဤဟဒီးဆ်တော်များတွင် ဗေဒင်လက္ခဏာကြည့်သူနှင့် ဂျာဒူပယောဂပြုသူတို့သည် ငြင်းပယ်သူ (ကာဖိရ်) များဖြစ်ကြောင်း သက်သေအထောက်အထား ပါရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ဦးသည် အကွယ်၏အသိပညာကို သိကြောင်း ကြွေးကြော်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ကုဖုရ် (သွေဖည်ငြင်းပယ်မှု) ပင်ဖြစ်သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်မှအပ ဂျင်န်များအား ခစားခြင်းနှင့် ခဝပ်ကိုးကွယ်ခြင်းမပြုဘဲ ၎င်းတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ မရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ ဤလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်အား ကုဖုရ်ငြင်းပယ်ခြင်းနှင့် အရှင်မြတ်အား တွဲဖက်ကိုးကွယ်မှု (ရှစ်ရ်က်) ပြုခြင်းပင်ဖြစ်သည်။ အကွယ်ကိုသိကြောင်း ၎င်းတို့၏ ကြွေးကြော်မှုအပေါ် ထောက်ခံသူသည်လည်း ၎င်းတို့ကဲ့သို့ပင်ဖြစ်သည်။ မည်သူမဆို ထိုလုပ်ရပ်များကို ကျူးလွန်သူများထံမှ လက်ခံရယူခဲ့ပါက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ထိုသူနှင့် ကင်းရှင်းတော်မူသည်။
ထို့အတူ အစ္စလာမ်ဘာသာဝင်တစ်ဦးအနေဖြင့် ၎င်းတို့က ကုသမှုဟုဆိုသော အရာများကို လိုက်နာခံယူခြင်း မပြုပိုင်ပေ။ ဥပမာအားဖြင့် ၎င်းတို့၏ အဆောင်လက်ဖွဲ့များဖြင့် မန်းမှုတ်ခြင်း သို့မဟုတ် ခဲရည်လောင်းခြင်းနှင့် ၎င်းတို့ ပြုလုပ်လေ့ရှိသည့် ထိုကဲ့သို့သော အခြေအမြစ်မရှိသည့် အယူသီးမှုများပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်သည် ဗေဒင်လက္ခဏာကြည့်ခြင်းနှင့် လူတို့အား လှည့်စားခြင်းပင်ဖြစ်သည်။ ယင်းကို ကျေနပ်လက်ခံသူသည် ၎င်းတို့၏ မှားယွင်းမှုနှင့် (ကုဖ်ရ်) ငြင်းပယ်မှုတို့တွင် ကူညီပေးရာရောက်ပေသည်။
ထို့အတူပင် မိမိ၏ သား သို့မဟုတ် ဆွေမျိုးသားချင်းသည် မည်သူနှင့် လက်ထပ်မည်ကိုဖြစ်စေ၊ သို့မဟုတ် ဇနီးမောင်နှံနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုများအကြား၌ ချစ်ခင်ကြင်နာမှုနှင့် သစ္စာရှိမှု၊ သို့မဟုတ် ရန်လိုမုန်းတီးမှုနှင့် ကွဲကွာမှု စသည်တို့နှင့်ပတ်သက်၍ဖြစ်စေ မေးမြန်းရန် ၎င်းတို့ထံသို့ သွားရောက်ခြင်းမှာ မည်သည့် မွတ်စလင်တစ်ဦးတစ်ယောက်အတွက်မျှ မပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည် အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှ မသိနိုင်သော အကွယ်နှင့်သက်ဆိုင်သည့်အရာ ဖြစ်သည့်အတွက် ဖြစ်သည်။
သို့ဖြစ်ပါ၍ အုပ်ချုပ်သူများ၊ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူများနှင့် အခြားသော အာဏာနှင့် လုပ်နိုင်စွမ်းရှိသူတိုင်းအပေါ်တွင် ဗေဒင်လက္ခဏာဆရာများနှင့် ၎င်းတို့ကဲ့သို့ အကွယ်အကြောင်းအရာဟောကြားသူများဆီသို့ သွားခြင်းကို တားမြစ်ကန့်ကွက်ရန်၊ ဈေးများနှင့် အခြားနေရာများတွင် ထိုသို့သော လုပ်ရပ်များကို ပြုလုပ်သူများအား တားဆီးရန်၊ ၎င်းတို့အား အပြင်းထန်ဆုံး တားမြစ်ကန့်ကွက်ရန်နှင့် ၎င်းတို့ဆီသို့ သွားသူများကိုလည်း တားမြစ်ကန့်ကွက်ရန် တာဝန်ရှိပါသည်။
ထိုနည်းတူစွာ စုန်းပယောဂပြုစားခြင်းသည်လည်း (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှုဖြစ်သည့် တားမြစ်ထားသော ကိစ္စရပ်များအနက်မှဖြစ်သည်။ မလာအိကဟ် ကောင်းကင်တမန် နှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- ( ထိုကောင်းကင်တမန်နှစ်ပါးက ကျွန်ုပ်တို့သည် စမ်းသပ်မှုသာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် (စုန်းပယောဂအတတ်ကို လိုက်စားကာ) ကုဖ်ရ် သွေဖည်ငြင်းပယ်မှုမပြုကြနှင့်ဟု မပြောသမျှ မည်သူ့ကိုမှ မသင်ကြားပေးပါ။ ထို့နောက် ၎င်းတို့သည် ထိုကောင်းကင်တမန်နှစ်ပါးထံမှ ဇနီး မောင်နှံနှစ်ဦးကို ပြတ်စဲစေသောအတတ်ကို သင်ယူကြသည်။ အမှန်စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်မရှိဘဲ မည်သူ့ကိုမျှ ထိုအတတ်ဖြင့် ဘေး အန္တရာယ်မပြုနိုင်ကြပေ။ အမှန်တကယ်တွင် ၎င်းတို့သည် မိမိတို့အား အကျိုးမဖြစ်ထွန်းစေဘဲ ဆုံးရှုံးစေသည့်အရာကိုသာ သင်ယူလိုက်ကြသည်။ အမှန်စင်စစ် ထို(စုန်းပယောဂ) အတတ်ကို သင်ယူသူများသည် နောင်တမလွန်ဘဝတွင် မည်သည့် (အကျိုးကုသိုလ်) ဝေစုမျှ မရရှိသည်ကို ထို(ယဟူဒီ)တို့ သိရှိပြီးဖြစ်သည်။ ၎င်းတို့ မိမိတို့အသက်နှင့် လဲလှယ်၍ သင်ယူဆည်းပူးထားသော စုန်းပယောဂ အတတ်များသည် အဘယ်မျှ ဆိုးယုတ်လိုက်သနည်း။ ဤသည်ကို ၎င်းတို့သိကြလျှင် ကောင်းလေစွ။) စူရဟ် ဗကရဟ် - (၂:၁၀၂)
သို့ဖြစ်ရာ ဤအာယသ်တော်များသည် ဂျာဒူပယောဂသည် ကုဖ်ရ်ဖြစ်ကြောင်းနှင့် ဂျာဒူပယောဂဆရာများသည် ဇနီးမောင်နှံနှစ်ဦးကြားတွင် ကွဲကွာသွားအောင် ပြုလုပ်ကြကြောင်းကို ညွှန်ပြနေပေသည်။ ထို့ပြင် ဂျာဒူပယောဂသည် ပင်ကိုယ်အားဖြင့် ( တစ်ဦးတစ်ယောက်အား ) ကောင်းကျိုး၊ ဆိုးကျိုးဖြစ်အောင် ပြုလုပ်နိုင်စွမ်းမရှိပဲ အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်သတ်မှတ်ချက်နှင့် စကြာဝဠာဆိုင်ရာ ခွင့်ပြုချက် ( အမိန့်တော် )ဖြင့်သာထိရောက်အောင် ပြုလုပ်နိုင်စွမ်းရှိပေသည်ဟုလည်း ညွှန်ပြနေပေသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးနှင့် ဆိုးကျိုးကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်သောကြောင့် ပင်ဖြစ်သည်။
ထို့ပြင် အာယသ်တော်က ညွှန်ပြနေသည်မှာ- စုန်းပယောဂအတတ်ကို သင်ယူသူများသည် မိမိတို့အား အကျိုးမဖြစ်ထွန်းစေဘဲ ဆုံးရှုံးစေသည့်အရာကိုသာ သင်ယူကြခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် မည်သည့် (အကျိုးကုသိုလ်) ဝေစုမျှ ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ- (မည်သည့် အကျိုးခံစားခွင့်နှင့် ဝေစုမျှ ရရှိမည်မဟုတ်ပေ)။ ဤသည် ကြီးမားသည့် သတိပေးခြိမ်းခြောက်မှုဖြစ်ပြီး လောကီနှင့် နောင်တမလွန်ဘဝတို့တွင် ၎င်းတို့ ပြင်းထန်စွာ ဆုံးရှုံးနစ်နာရမည့်အကြောင်းနှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အနည်းငယ်မျှသော တန်ဖိုးဖြင့် ရောင်းစားခဲ့ကြကြောင်းကို ညွှန်ပြနေသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အား ပြစ်တင်ရှုတ်ချကာ ဤသို့ မိန့်တော်မူထားသည်- (...၎င်းပြင် စင်စစ်ဧကန် ထိုသူတို့သည် မိမိတို့ကိုယ်ကို ရောင်းစားခဲ့ကြသော အရာသည် ဆိုးယုတ် သိမ်ဖျင်းလှပေသည်။ အကယ်၍ သူတို့သည် သိနားလည်ခဲ့ကြလျှင် (မည်မျှကောင်းလေမည်နည်း။) စူရဟ် ဗကရဟ် - (၂:၁၀၂) ဤနေရာတွင် ရှိယာအ် ဟူသည် ရောင်းခြင်းဟူသော အဓိပ္ပါယ်ဖြစ်သည်။
ဧကန်အမှန်ပင် (မုရှ်ရိစ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်သူများထံမှ ဤအသိပညာများကို အမွေဆက်ခံခဲ့ကြပြီး၊ အသိဉာဏ်အားနည်းသူများအား ထိုအရာများဖြင့် လှည့်စားရှုပ်ထွေးစေခဲ့ကြသော ဤလုပ်ကြံလီဆယ်သူများကြောင့် ဆုံးရှုံးနစ်နာမှုသည် အလွန်ကြီးမားလာခဲ့ပြီး အခြေအနေမှာလည်း ပိုမိုဆိုးရွားလာခဲ့ပေသည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပိုင်သာဖြစ်ကြပြီး ထိုအရှင်မြတ်ထံတော်သို့သာ ပြန်လည်သွားရောက်ကြမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် လုံလောက်တော်မူသောအရှင်ဖြစ်ပြီး အကောင်းဆုံးတာဝန်ယူ စောင့်ရှောက်တော်မူသောအရှင် ဖြစ်ပေသည်။
ကျွန်ုပ်တို့သည် မှော်ဆရာများ၊ ဗေဒင်ဆရာများနှင့် အခြားသော လှည့်စားသူများ၏ မကောင်းမှုအန္တရာယ်မှ ငြိမ်းချမ်းသာယာမှုနှင့် ဘေးကင်းလုံခြုံမှုကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံပါ၏။ ထို့ပြင် အနန္တတန်ခိုးတော်ဖြင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များအား ၎င်းတို့၏မကောင်းမှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးတော်မူရန်၊ ထို့ပြင် အဖန်ဆင်းခံကျွန်များအနေဖြင့် ၎င်းတို့၏ အန္တရာယ်နှင့် ယုတ်မာဆိုးသွမ်းသောလုပ်ရပ်များမှ ကင်းဝေးသက်သာခွင့်ရရှိရန်အလို့ငှာ၊ အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များအား အုပ်ချုပ်သည့် ခေါင်းဆောင်များအား ၎င်းတို့ကို သတိထားရှောင်ကြဉ်ရန်နှင့် ၎င်းတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ပညတ်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် သောင်ဖီးက်စွမ်းအားပေးသနားတော်မူပါရန် ကျွန်ုပ်တို့ ထိုအရှင်မြတ်ထံတော်ပါးတွင် တောင်းဆုပြုအပ်ပါသည်။ ဧကန်စင်စစ် ထိုအရှင်သည် အလွန်ရက်ရောပေးကမ်းတော်မူသော အရှင်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအတွက် ဂျာဒူစုန်းပယောဂ မကျရောက်မီ ၎င်း၏ဆိုးကျိုးအန္တရာယ်မှ ကာကွယ်နိုင်မည့်နည်းလမ်းများကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ယင်းဂျာဒူစုန်းပယောဂ ကျရောက်ပြီးနောက်တွင်လည်း ကုသရမည့်နည်းလမ်းများကို ၎င်းတို့အတွက် ရှင်းလင်းပြသပေးတော်မူခဲ့သည်။ ယင်းမှာ အရှင်မြတ်ဘက်မှ ၎င်းတို့အပေါ်ထားရှိသည့် ကရုဏာတော်၊ ကျေးဇူးပြုတော်မူခြင်းနှင့် ၎င်းတို့အပေါ် ပေးသနားထားသည့် နိအ်မသ်တော်ကို ပြီးပြည့်စုံစေခြင်းပင်ဖြစ်သည်။
အောက်ပါတို့သည် ဂျာဒူစုန်းပယောဂ မကျရောက်မီ ၎င်း၏အန္တရာယ်မှ ကာကွယ်နိုင်မည့် အရာများနှင့် ကျရောက်ပြီးနောက် ကုသနိုင်မည့် ရှရီအသ်ပညတ်တော်အရ ခွင့်ပြုထားသော ကိစ္စရပ်များကို ရှင်းလင်းဖော်ပြချက်ဖြစ်သည်။ ၎င်း၏ ရှင်းလင်းဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဂျာဒူပယောဂ မကျရောက်မီ ၎င်း၏အန္တရာယ်မှ ကာကွယ်ရန်အကြောင်းခံများ။ ၎င်းတို့အနက် အရေးအကြီးဆုံးနှင့် အကျိုးအများဆုံးမှာ ရှရီအသ်တွင် ပြဋ္ဌာန်းထားသော ဇိက်ရ်တော်များ၊ စွန္နသ်တော်လာ ဒုအာများနှင့် အကာအကွယ်တောင်းခံသည့် စူရဟ်များဖြင့် အကာအကွယ်ယူခြင်းဖြစ်သည်။ ၎င်းတို့အနက်တစ်ခုမှာ ဖရ်ဇ်နမာဇ်တိုင်းတွင် စလာမ်လှည့်ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန်၌ ကြီးကျယ်မြင့်မြတ်ဆုံးသော အာယသ်တော်ဖြစ်သည့် အာယသုလ်ကုရ်စီကို ဖတ်ရွတ်ခြင်းဖြစ်သည်။ ယင်းအာယသ်မှာ အလ္လာဟ်အရှင်မြတ်၏ အောက်ပါမိန့်ခွန်းတော်ဖြစ်သည်။ (အလ္လာဟ်အရှင်မြတ်သည် (သာလျှင် ခဝပ် ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်း ခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်း စောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်းကောင်း မဖိစီးနိုင်ပေ။ ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့် မြေ၌ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာ ဝတ္ထုဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံ တောင်းပန်ပေးနိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်းကိစ္စ အလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ် သိရှိတော်မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်းကိစ္စမှအပ တစ်စုံတစ်ရာကိုမျှဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင်မြတ်၏ ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွ ကမ္ဘာမြေပြင်တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိစေသည် မဟုတ်ပေ။ စင်စစ်တမူကား ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲထွတ်မြတ်တော်မူသော အရှင်တည်း။) (စူရဟ် ဗကရဟ်၊ အာယသ် : ၂၅၅) ထို့ပြင် ၎င်းကို ညအိပ်ရာဝင်သည့်အခါ၌လည်း ဖတ်ရွတ်ရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤသို့ မိန့်တော်မူခဲ့ကြောင်း မှန်ကန်ခိုင်လုံစွာ လာရှိသည်- "မည်သူမဆို အာယသုလ်ကုရ်စီကို ည၌ရွတ်ဖတ်လျှင် ၎င်းအပေါ် အလ္လာဟ်အရှင်မြတ်ထံတော်မှ စောင့်ရှောက်သူတစ်ပါး အမြဲရှိနေမည်ဖြစ်ပြီး နံနက်မိုးလင်းသည်အထိ မည်သည့်ရှိုင်သွာန်မျှ ၎င်းအနီးသို့ ချဉ်းကပ်နိုင်မည်မဟုတ်ပေ။"
ထို့ပြင် ၎င်းတို့အနက် အချို့မှာ အောက်ပါစူရဟ်များကို ဖတ်ရန်ဖြစ်သည်- "(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထိုအလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။" ( စူရဟ် အိခ်လားဆွ်၊ အာယသ် : ၁ )၊ နှင့် ၁။ (قُل أَعُوذُ بِرَبِّ ٱلفَلَقِ)၊ [စူရဟ် ဖလတ်က် အာယသ် - ၁]၊ နှင့် ( (အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ။ ကျွန်တော်မျိုးသည် အကာအကွယ်ယူပါ၏။ လူခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အားဖြင့်။၁) [ စူရဟ် နားစ် : ၁ ] ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင် ရွတ်ဖတ်ရမည်ဖြစ်ပြီး၊ ဤစူရဟ်သုံးခုကို နေ့အစ ဖဂ်ျရ်ဆွလာသ်ပြီးနောက်နှင့် ညအစ မဂ်ရိဗ်ဆွလာသ်ပြီးနောက်တို့တွင် သုံးကြိမ်စီ ရွတ်ဖတ်ရမည်။
ထိုအထဲတွင် ညဦးပိုင်း၌ စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ရွတ်ဖတ်ခြင်းလည်း ပါဝင်သည်။ ၎င်းအာယသ်နှစ်ခုမှာ အလ္လာဟ်အရှင်မြတ်၏ အောက်ပါဗျာဒိတ်တော်များ ဖြစ်သည် - (ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိထံသို့ မိမိအားမွေးမြူတော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချသော(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ ယင်းရစူလ်တမန်တော် မုဟမ္မဒ်နှင့်တကွ ယုံကြည်သူခပ်သိမ်းတို့သည် (တစ်ဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါးတော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကိုလည်းကောင်း ယုံကြည်ကြကုန်၏။ (ထို့ပြင်ယင်းသူတို့က) ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တစ်ပါးကိုမျှ ခွဲခြားခြင်းမပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။) ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာကြပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသောအရှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါသည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ) နောက်ဆုံးစခန်းသည်လည်း အရှင်မြတ်၏ အထံတော်၌ပင်ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။၂၈၅) စူရဟ်အဆုံးထိ ရွတ်ဖတ်ရမည်။ (စူရဟ် ဗကရဟ်: အာယသ်-၂၈၅)
တမန်တော်မြတ်(ﷺ)ထံမှ မှန်ကန်သည့်ဆင့်ပြန်ချက်ဖြင့် လာရှိထားပြီး ကိုယ်တော်က မိန့်တော်မူသည်မှာ- "မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။" အလိုသဘောမှာ (အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံးဖြစ်တော်မူ၏)- မကောင်းမှုဟူသရွေ့မှ ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။ ထို့ပြင် နေ့နှင့်ည အချိန်တို့တွင်လည်းကောင်း၊ အဆောက်အအုံ၌ဖြစ်စေ၊ ကန္တာရ၌ဖြစ်စေ၊ ဝေဟင်၌ဖြစ်စေ၊ ပင်လယ်ပြင်၌ဖြစ်စေ မည်သည့်နေရာ၌မဆို စခန်းချသည့်အခါတိုင်း “(အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။)” ဟူသော ဒုအာကို အများအပြား ရွတ်ဆို၍ ခိုလှုံရမည်ဖြစ်သည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်- "မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။"
၎င်းတို့အနက်မှ တစ်ခုမှာ- မွတ်စ်လင်မ်တစ်ဦးသည် နေ့၏ပထမအပိုင်းစတင်ချိန်နှင့် ည၏ပထမအပိုင်းစတင်ချိန်တို့တွင် အောက်ပါဒုအာကို သုံးကြိမ်စီ ရွတ်ဆိုရန်ဖြစ်သည် - بِسْمِ اللهِ الَّذِي لَا يَضُرُّ مَعَ اسْمِهِ شَيءٌ فِي الأَرْضِ وَلَا فِي السَّمَاءِ، وَهُوَ السَّمِيعُ العَلِيمُ အဓိပ္ပါယ်။ ။အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ ထိုအရှင်မြတ်၏နာမတော်ဖြင့် ကမ္ဘာမြေပြင်၌လည်းကောင်း၊ ကောင်းကင်ဘုံ၌လည်းကောင်း မည်သည့်အရာကမျှ အန္တရာယ်မပြုနိုင်ပါ။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ကြားတော်မူသော၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူ၏။
တမန်တော်မြတ် ﷺ ထံမှ ၎င်းနှင့်ပတ်သက်၍ တိုက်တွန်းထားခြင်းသည် မှန်ကန်ခိုင်လုံမှုရှိသောကြောင့်ဖြစ်ပြီး၊ ၎င်းသည် အဆိုးဟူသမျှမှ ဘေးအန္တရာယ်ကင်းရှင်းစေမည့် အကြောင်းတရားဖြစ်သောကြောင့်လည်း ဖြစ်သည်။
(၂) ဂျာဒူပယောဂ ပြုစားခံရပြီးနောက် ကုသသည့်နည်းလမ်းများ၊ ၎င်းတွင်လည်း နည်းလမ်းများစွာ ရှိပေသည်။
ပထမ- အလ္လာဟ်အရှင်မြတ်ထံတော်၌ များစွာကျိုးနွံနှိမ့်ချခြင်းနှင့် ဘေးအန္တရာယ်များကို ဖယ်ရှားပေးရန်၊ အခက်အခဲဒုက္ခများကို ကင်းဝေးစေရန် အရှင်မြတ်ထံ တောင်းခံခြင်း။
ဒုတိယ- မြေကြီး၊ တောင် သို့မဟုတ် အခြားနေရာများတွင် ဂျာဒူစုန်းပယောဂ ပြုစားထားသည့်အရာ ရှိသည့်နေရာကို သိရှိရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ ထိုအရာကို ရှာဖွေသိရှိပြီး ဖော်ထုတ်ကာ ဖျက်စီးပစ်လိုက်ပါက ဂျာဒူစုန်းပယောဂသည် ပျက်ပြယ်သွားမည်ဖြစ်သည်။ ဤသည် ဂျာဒူစုန်းပယောဂအား ကုသရာတွင် အကျိုးအသက်ရောက်မှု အရှိဆုံးသော ကုသမှုများအနက်မှဖြစ်သည်။
၃။ ရှရီအသ်တရားတော်လာ ဇိကိရ်များနှင့် အချိန်နှင့်ရွတ်ဖတ်ရသည့်ဒုအာများဖြင့် မန်းမှုတ်ခြင်း။ ၎င်းတို့မှာ များစွာရှိပါသည်။ ၎င်းတို့အနက်မှ အချို့မှာ -
ရစူလ်တမန်တော်(ﷺ)၏ မှန်ကန်ခိုင်လုံသည့် မိန့်ကြားချက်တွင် လာရှိသည်မှာ- "အို- အလ္လာဟ်အရှင်မြတ်၊ အို လူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘေးဒုက္ခကို ဖယ်ရှားတော်မူပါ။ ပြင်းထန်သည့် ဝေဒနာကို ကင်းဝေးစေတော်မူပါ။ ရောဂါကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းမှုကို ပေးနိုင်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။" ထိုဒုအာကို သုံးကြိမ် ရွတ်ဖတ်ရမည်။
ဤကဏ္ဍနှင့် ပတ်သက်၍ ဂျစ်ဗ်ရီလ် (အလိုင်ဟစ္စလာမ်) က တမန်တော်မြတ် (ﷺ) အား ရွတ်ဖတ်၍ မန်းမှုတ်ပေးတော်မူခဲ့သော မန်းမှုတ်ခြင်းလည်း လာရှိသည်။ ၎င်းမှာ အောက်ပါအတိုင်း ရွတ်ဖတ်တော်မူခြင်း ဖြစ်သည် - "အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ပါ၏၊ အသင့်အား အန္တရာယ်ပြုသော အရာအားလုံးမှ၊ သက်ရှိတိုင်း၏ မကောင်းသော ဘေးအန္တရာယ်မှ သို့မဟုတ် မနာလိုဝန်တိုသူ၏ မျက်စိမှ (ကင်းဝေးစေရန် မန်းမှုတ်ပါ၏)။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သက်သာပျောက်ကင်းစေတော်မူပါစေ။ အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် ကျွန်ုပ်သည် အသင့်အား မန်းမှုတ်ကုသပေးပါ၏။" ထိုသို့ သုံးကြိမ်တိုင်တိုင် ပြုလုပ်ရမည်။
၎င်းအပြင် -(ဤသည်မှာ မိမိ၏ဇနီးဖြစ်သူနှင့်အတူ ပေါင်းစင်းဆက်ဆံခြင်းမှ တားဆီးခံထားရသော အမျိုးသားတစ်ဦးအတွက် အကျိုးရှိသော ကုသမှုတစ်ခုဖြစ်သည် ) ဇီးရွက်အစိမ်း ခုနစ်ရွက်ကို ယူ၍ ကျောက်ခဲ သို့မဟုတ် အလားတူအရာတစ်ခုခုဖြင့် ထောင်းရမည်။ ထို့နောက် ၎င်းတို့ကို အိုးခွက်တစ်ခုထဲတွင် ထည့်၍ ၎င်းအပေါ်သို့ ရေချိုးရန်အတွက် လုံလောက်သောရေကို လောင်းထည့်ရမည်။ ထို့နောက် ထိုရေတွင် အောက်ပါ စူရဟ်များကို ရွတ်ဖတ်ရမည် -
အာယသုလ်ကုရ်စီ၊ قُل يَٰٓأَيُّهَا ٱيهالكَٰفِرُونَ ( စူရဟ် ကာဖိရူးန်)၊ قُل هُوَ ٱللَّهُ أَحَدٌ ( စူရဟ် အိခ်လားဆွ် )၊ قُل أَعُوذُ بِرَبِّ ٱلفَلَقِ [စူရဟ် ဖလတ်က် ]နှင့် قُل أَعُوذُ بِرَبِّ ٱلنَّاسِ [ စူရဟ် နားစ် ]၊
ထို့နောက် စူရဟ်အအ်ရားဖ် တွင်ပါရှိသော စုန်းပယောဂနှင့်သက်ဆိုင်သည့် အာယသ်များကို ရွတ်ဖတ်ရမည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် အောက်ပါအာယသ်ဖြစ်သည်- (ထိုအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာထံ အသင်သည် မိမိတောင်ဝှေးကို ပစ်ချလော့ ဟူ၍ အမိန့်တော် ထုတ်ပြန်တော်မူခဲ့လေသည်၊ (သို့ဖြစ်ရာ နဗီတမန်တော် (မူစာ) သည် မိမိတောင်ဝှေးကို ပစ်ချလေရာ) ထိုတောင်ဝှေးသည် ရုတ်တစ်ရက် (မြွေနဂါးကြီးဖြစ်လာပြီး) ထိုမျက်လှည့်ဆရာများ လှည့်စားကြသည့် အရာများကို မျိုလေတော့သည်။ (၁၁၇) သို့ဖြစ်ပေရာ အမှန်သည်ထင်ရှားခဲ့ပြီ၊ ၎င်းပြင် ထို (ပဉ္စလက်ဆရာ)တို့ ပြုလုပ်ထားသော အမှုကိစ္စတို့ သည် အချည်းနှီး ပျက်စီးသွားချေပြီ။ (၁၁၈) သို့ဖြစ်၍ ၎င်း(ဖစ်ရ်အောင်န်နှင့် ယင်း၏ မှူးမတ်) တို့သည် ထိုနေရာ၌ပင် အရေးရှုံးနိမ့်ခဲ့သည့် ပြင် သေးသိမ်စွာ လှည့်ပြန်ကြရသည်။ (119) စူရဟ် အအ်ရာဖ်-(၇:၁၁၇-၁၁၉)
ထို့ပြင် စူရဟ်ယူနွတ်စ် တွင်ပါရှိသော အာယသ်များကို လည်း ရွတ်ဖတ်ရမည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် အောက်ပါအာယသ်ဖြစ်သည်- (ထို့ပြင် ဖိရ်အောင်န်က ငါ့ထံသို့ (တစ်ဖက်ကမ်းခတ်) ကျွမ်းကျင် တတ်မြောက်သော ပဉ္စလက်ဆရာအပေါင်းတို့ကို (ရှာဖွေ) ခေါ်ဆောင်လာကြလော့ဟု ပြောဆိုခဲ့လေသည်။ ( ၇၉ ) ထို့နောက် ပဉ္စလက်ဆရာတို့ ရောက်လာကြသောအခါ (တမန်တော်) မူစာက ၎င်းတို့အား၊ အသင်တို့ ပစ်ချမည့်အရာများကို ပစ်ချလေကုန်ဟု ပြောကြားလေ၏။ (၈၀) ထို့နောက် ၎င်း (ပဉ္စလက်ဆရာ)တို့သည် ပစ်ချကြသောအခါ တမန်တော် (မူစာ) က၊ အသင်တို့ ဆောင်ယူခဲ့ကြသော အရာသည် ပဉ္စလက်ပင် ဖြစ်ချေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ယင်း (ပဉ္စလက်) ကို ပျက်ပြယ်စေတော်မူမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူတို့၏ လုပ်ရပ်ကို ကောင်းမွန်အောင် ပြုပြင်ပေးတော်မူမည် မဟုတ်ချေ ဟု ပြောကြားလေ၏။ (၈၀) ၎င်းပြင် အပြစ်ရှိသူ(မွရှ်ရစ်က်)တို့သည် နှစ်သက်ကြမည် မဟုတ်သော်လည်း အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမိန့်တော်များဖြင့် အမှန်သည် အမှန်ပင်ဖြစ်ကြောင်း ထင်ရှားစေတော်မူမည်။ (၈၂) [စူရဟ် ယူနွတ်စ် အာယသ် - ၇၉-၈၂]၊
ထို့နောက် စူရဟ်သွာဟာ တွင် ပါရှိသော အောက်ပါ အာယသ်တော်များကိုလည်း ရွတ်ဖတ်ရမည်- (ထိုပဉ္စလက်ဆရာများက အို-မူစာ အသင် သည် (မိမိ ၏တောင်ဝှေးကို ဦးစွာပထမ) ချပြပါ။ သို့မဟုတ် ကျွန်ုပ်တို့သည် ဦးစွာပထမ ချပြသူများ ဖြစ်ရပါမည်လောဟု ပြောဆိုကြ၏။ ထိုအခါ တမန်တော်(မူစာ)က၊ အသင်တို့သည် ပင်လျှင် ပစ်ချလေကုန်ဟု ပြောကြားလေ၏။ ထိုအခါ ၎င်းတို့၏ ပဉ္စလက်အတတ်ကြောင့် ၎င်းတို့၏ ကြိုးများနှင့် ဒုတ်များသည် ပြေးလွှားနေကြသည်ဟု ထို(တမန်တော်မူစာ၏) မျက်စိထဲ၌ ထင်မြင်လာလေသည်။ ၆၆ ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိ၏ စိတ်ထဲ၌ ကြောက်ရွံ့ခြင်းကို ခံစားခဲ့ရလေသည်။ ၆၇ ငါအရှင်မြတ် မိန့်တော်မူခဲ့၏- "အလျင်း မကြောက်ရွံ့လေနှင့်၊ မလွဲဧကန် အသင်သည်သာလျှင် အမြင့်မားဆုံး ဖြစ်ပေမည်။" ၆၈ ၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည် ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။) (၆၉) စူရဟ် သွာဟာ-(၂၀:၆၅-၆၉)
ဖော်ပြထားသည်များကို ရေတွင် ဖတ်ရွတ်ပြီးနောက် ထိုရေမှ သုံးငုံသောက်၍ ကျန်ရှိသောရေဖြင့် ရေချိုးရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အင်ရှာအလ္လာဟ် ရောဂါဝေဒနာသည် ပပျောက်သွားမည်ဖြစ်သည်။ အကယ်၍ လိုအပ်လာပါက ရောဂါဝေဒနာ ပပျောက်သွားသည်အထိ နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်နှင့်အထက် အသုံးပြုခြင်းမှာ အပြစ်မရှိပေ။
သို့ဖြစ်ပေရာ ဤဇိက်ရ်တော်များ၊ အကာအကွယ်ယူသည့် ဒိုအာများနှင့် နည်းလမ်းများသည် ဂျာဒူပယောဂ၏ ဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များမှ အကာအကွယ်ရရန် အကြီးမားဆုံးသော အကြောင်းခံများအနက်မှဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို စိတ်ရင်းအမှန်၊ အီမာန်ယုံကြည်မှု၊ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှု၊ ထိုအရှင်မြတ်အပေါ် မှီခိုအားထားမှုနှင့် ၎င်းတို့၏ အဓိပ္ပာယ်ညွှန်ပြချက်များအပေါ် စိတ်နှလုံးပွင့်လင်းကြည်လင်မှုတို့ဖြင့် စွဲမြဲစွာ ကျင့်သုံးဖတ်ရွတ်သူများအတွက် ၎င်း ဇိကိရ်၊ ဒုအာများသည် ဂျာဒူပယောဂ ကျရောက်ပြီးနောက် ယင်းကို ဖယ်ရှားရန် အကြီးမားဆုံးသော လက်နက်လည်း ဖြစ်ပေသည်။
ဤသည်ကား ဂျာဒူပယောဂမှ ကာကွယ်ရန်နှင့် ကုသရန်အတွက် တတ်စွမ်းသမျှ ရှင်းလင်းတင်ပြထားသော အကြောင်းအရာများပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အောင်မြင်မှုကို ချီးမြှင့်တော်မူသောအရှင် ဖြစ်တော်မူပေသည်။
ဤနေရာတွင် အရေးကြီးသည့် ကိစ္စရပ်တစ်ခု ရှိလာသည်။ ၎င်းမှာ ဂျင်န်များအတွက် ရည်စူး၍ သားကောင်လှီးခြင်း သို့မဟုတ် အခြားသော ချဉ်းကပ်မှုများဖြင့် ၎င်းတို့ထံ ချဉ်းကပ်မှုရယူကာ ဆောင်ရွက်သည့် စုန်းပယောဂဆရာများ၏ လုပ်ရပ်ဖြင့် ဂျာဒူစုန်းပယောဂကို ကုသခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် ပြုပိုင်ခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည် ရှိုင်သွာန်၏လုပ်ရပ်ပင်ဖြစ်သည်။ ထို့ပြင် ၎င်းသည် ရှိရ်က်အက္ကဗရ် (ရှိရ်က် အကြီး) ပင်ဖြစ်သည်။ ထိုနည်းတူစွာ ဗေဒင်လက္ခဏာဆရာများ၊ အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူများနှင့် လှည့်စားသူများအား မေးမြန်း၍သော်လည်းကောင်း၊ ၎င်းတို့ပြောဆိုသည့်အရာများကို အသုံးပြု ၍သော်လည်းကောင်း ကုသခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အီမာန်သက်ဝင်ယုံကြည်သူများ မဟုတ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် အကွယ်၏အသိပညာကို သိနားလည်ကြောင်း ကြွေးကြော်ကာ လူသားတို့အပေါ် လှည့်စားကြသည့် မကောင်းမှုဒုစရိုက်ကိုပြုသော လိမ်လည်သူများ ဖြစ်သောကြောင့်ဖြစ်သည်။ ဤစာစောင်၏ အစပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည့်အတိုင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ၎င်းတို့ထံ သွားရောက်ခြင်း၊ ၎င်းတို့အား မေးမြန်းခြင်းနှင့် ၎င်းတို့၏ ဟောကြားချက်များကို ထောက်ခံခြင်းတို့ကို တားမြစ်တော်မူခဲ့သည်။ သို့ဖြစ်၍ ၎င်းကို သတိပြုရှောင်ကြဉ်ရန် အရေးကြီးသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ မှန်ကန်ခိုင်လုံသည့် ဆင့်ပြန်ချက်ဖြင့် လာရှိသည်- ၎င်းမှာ နုရှ်ရဟ်(ဂျာဒူစုန်းပယောဂအား ဂျာဒူစုန်းပယောဂဖြင့် ပြန်ဖြေပေးခြင်း)နှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခြင်းခံရသည့်အခါ ကိုယ်တော်မြတ်က ဤသို့ မိန့်ကြားတော်မူခဲ့သည်- "၎င်းသည် ရှိုင်သွာန်၏ လုပ်ရပ်ဖြစ်သည်။" အိမာမ်အဟ်မဒ်နှင့် အိမာမ်အဗူဒါဝူးဒ်တို့က ဤဟဒီးစ်အား ကောင်းမွန်သော စနဒ်ဖြင့် ဆင့်ပြန်ထားပါသည်။
နုရှ်ရဟ်ဟူသည် ဂျာဒူစုန်းပရောဂပြုစားခံရသူထံမှ ဂျာဒူစုန်းပရောဂအား ဖြေပေးခြင်းဖြစ်သည်။ ဤမိန့်ကြားချက်ဖြင့် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရည်ရွယ်တော်မူသည်မှာ ဂျာဟိလိယသ် အစ္စလာမ်မတိုင်မီခေတ်က ပြုလုပ်သည့် နုရှ်ရဟ်ကိုဖြစ်သည်။ ၎င်းမှာ ဂျာဒူစုန်းပရောဂအား ဖြေပေးရန် ဂျာဒူစုန်းပရောဂဆရာထံ တောင်းဆိုခြင်း သို့မဟုတ် အခြား ဂျာဒူစုန်းပရောဂဆရာတစ်ဦးထံမှ အလားတူ ဂျာဒူဖြင့် ဖြေပေးခြင်းဖြစ်သည်။
သို့ရာတွင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ၎င်းအား မန်းမှုတ်ခြင်း၊ တရားတော်လာ အကာအကွယ်တောင်းခံသည့် ဒုအာများ ဖတ်ရွတ်ခြင်းနှင့် ခွင့်ပြုထားသည့် ဆေးဝါးတို့ဖြင့် ဖြေပေးခြင်းမှာ အပြစ်မရှိပေ။ အလ္လာမဟ် အိဗ်နုလ်ကိုင်ယင်မ်က ထိုအကြောင်းကို တင်ပြခဲ့ပြီး၊ ရှိုင်ခ် အဗ်ဒုရ်ရဟ်မာန် ဗင်န် ဟဆန် (ရဟိမဟုမလ္လာဟ်)ကလည်း ဖသ်ဟုလ်မဂျီးဒ်ကျမ်းတွင် ထိုအကြောင်းကို တင်ပြထားသည်။ ၎င်းတို့နှစ်ဦးအပြင် အခြားသော ပညာရှင်များကလည်း ထိုအကြောင်းကို အတိအလင်း တင်ပြထားကြသည်။
အလ္လာဟ်အရှင်မြတ်ထံ၌ တောင်းဆုပြုပါ၏။ ထိုအရှင်သည် မွတ်စ်လင်မ်များအား မကောင်းမှုအားလုံးမှ ကင်းဝေးနိုင်ရန် သောင်ဝ်ဖီးက် စွမ်းအားပေးတော်မူပါစေ။ ထို့ပြင် ၎င်းတို့၏ သာသနာကို ထိန်းသိမ်းကာကွယ်ပေးတော်မူ၍၊ ၎င်းတို့အား သာသနာ့အသိပညာကို ချီးမြှင့်တော်မူပြီး၊ အရှင်မြတ်၏ တရားတော်ကို ဆန့်ကျင်သောအရာ အားလုံးမှလည်း ကင်းဝေးစေတော်မူပါစေ။
အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်တော်နှင့် ရစူလ်တမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူအိမ်သားများနှင့် သာဝကတော်များအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
ကဗရ်သင်္ချိုင်းများပေါ်တွင် မတ်စ်ဂျစ်ဒ်(ဗလီဝတ်ကျောင်းတော်)များ ဆောက်လုပ်ခြင်းကို သတိပေးတားမြစ်ခြင်း။
အဗ္ဗဒုလ်အဇီးဇ် ဗင်န် အဗ်ဒုလ္လာ ဗင်န် ဗားဇ်
ဤစာအုပ်တွင် နဗီတမန်တော်များ၊ ဝလီသူတော်စင်များ၏ ကဗရ်များပေါ်တွင် မတ်စ်ဂျစ်ဒ်(ဗလီဝတ်ကျောင်းတော်)များ ဆောက်လုပ်ခြင်းကို သတိပေးထားပြီး၊ ထိုလုပ်ရပ်သည် (ရှိရ်က်)ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုနှင့် အစွန်းရောက်မှုဘက်သို့ ကျရောက်စေသည့် အကြောင်းခံများထဲမှဖြစ်ကြောင်း အတည်ပြုထားသည်။ ထို့ပြင် ဤစာအုပ်သည် ထိုလုပ်ရပ်ကို သတိပေးထားသည့် ရှရီအသ်ဆိုင်ရာ သက်သေအထောက်အထားများကို အခြေခံထားပြီး၊ သောင်ဟီးဒ် ကို ထိန်းသိမ်းရန်အတွက် မှန်ကန်ဖြောင့်မတ်သော ရှရီအသ်တရားတော်ကို လိုက်နာရန် လိုအပ်ကြောင်းကို အလေးအနက်ထား တင်ပြထားသည်။
စာစဉ်အမှတ် (၁၀) - ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းကို သတိပေးတားမြစ်ခြင်း။
အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။ ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်တော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ်အပေါ်သို့ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
ဆက်လက်တင်ပြလိုသည်မှာ- ကျွန်ုပ်သည် အစ္စလာမ့်သိပ္ပံပညာရပ်များအဖွဲ့ချုပ် မဂ္ဂဇင်း အမှတ်စဉ် (၃) ၏ (တစ်လတာ မွတ်စလင်မ် သတင်းများ) ကဏ္ဍတွင် ဖော်ပြပါရှိသည်ကို ဖတ်ရှုလေ့လာခဲ့ရပါသည်။ ၎င်းမှာ- ဂျော်ဒန်နိုင်ငံရှိ အစ္စလာမ့်သိပ္ပံပညာရပ်များအဖွဲ့ချုပ်သည် မကြာသေးမီက ရိုဟိုက်ဘ် ကျေးရွာ၌ ရှာဖွေတွေ့ရှိခဲ့သော ကဟ်ဖ် (လိုဏ်ဂူ) ၏အပေါ်တွင် ဗလီဝတ်ကျောင်းတော်တစ်ဆူ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်းနှင့် ယင်း ကဟ်ဖ် သည် ကုရ်အာန် တွင် ဖော်ပြပါရှိသော ကဟ်ဖ် (စူရဟ် ကဟဖ်တွင်ပါရှိသော ဂူတွင်းသားများ) သားများ အိပ်စက်ခဲ့ကြသည့် နေရာဖြစ်သည်ဟု ဆိုကြကြောင်း ပင်ဖြစ်ပါသည်။ (ကိုးကားချက် ပြီး၏။)
အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ဖန်ဆင်းခံကျွန်များအတွက် အကြံဉာဏ်ပေးခြင်းသည် မဖြစ်မနေထမ်းဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်သောကြောင့်၊ ဂျော်ဒန်နိုင်ငံရှိ အစ္စလာမ့်သိပ္ပံအဖွဲ့အစည်းထံသို့ အဆိုပါမဂ္ဂဇင်း၌ပင် စကားတစ်ခွန်းပါးရန် ကျွန်ုပ်ဆုံးဖြတ်ခဲ့ပါသည်။ ၎င်း၏ အဓိကအကြောင်းအရာမှာ အဆိုပါဂူပေါ်တွင် ဗလီတစ်လုံးဆောက်လုပ်ရန် ရည်ရွယ်ထားမှုကို အကောင်အထည်မဖော်ရန် ထိုအဖွဲ့အစည်းအား အကြံပေးတိုက်တွန်းခြင်းပင်ဖြစ်သည်။ အကြောင်းမှာ နဗီတမန်တော်များ၊ ဝလီသူတော်စင်များ၏ ကဗရ်များနှင့် ၎င်းတို့၏ အမွေအနှစ်နေရာများပေါ်တွင် ဗလီများဆောက်လုပ်ခြင်းသည် ပြီးပြည့်စုံသော အစ္စလာမ့်ရှရီအသ်တရားတော်က ပိတ်ပင်တားမြစ်ထားပြီး သတိပေးထားသည့်အပြင် ယင်းလုပ်ရပ်ကို ကျူးလွန်သူအား လအ်နသ်ပြုထားသောအရာများထဲမှ ဖြစ်သောကြောင့်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်သို့ရောက်စေသည့် အကြောင်းခံများထဲမှ ဖြစ်ပြီး၊ နဗီတမန်တော်များ၊ ဝလီသူတော်စင်များနှင့် ပတ်သက်၍ အကြည်အညိုလွန်ကဲကာအစွန်းရောက်ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ အစ္စလာမ့်တရားလမ်းစဥ်တွင် ပါရှိသည့်အရာများ၏ မှန်ကန်မှုကို လက်တွေ့ဖြစ်ရပ်တို့က သက်သေခံလျက်ရှိပြီး၊ ၎င်းတရားလမ်းစဉ်သည် အလ္လာဟ်အရှင်မြတ် (ဂျလ္လဂျလာလုဟု) ထံတော်မှဖြစ်ကြောင်း သက်သေအထောက်အထားဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ယူဆောင်လာပြီး အွမ္မသ်ထံသို့ ပို့ချပေးခဲ့သော အရာများနှင့်ပတ်သက်၍ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မှန်ကန်မှုအပေါ် ထင်ရှားသောသက်သေနှင့် ပြတ်သားခိုင်လုံသော အထောက်အထားပင်ဖြစ်သည်။ အစ္စလာမ့်ကမ္ဘာ၏ အခြေအနေများနှင့် ကဗရ်သင်္ချိုင်းများပေါ်တွင် စဂျ်ဒဟ်ဦးချရာ နေရာများ ဆောက်လုပ်ခြင်း၊ ယင်းတို့ကို အလေးအမြတ်ထားခြင်း၊ ခင်းကျင်းပြင်ဆင်ခြင်း၊ အလှဆင်ခြင်းနှင့် ယင်းတို့အတွက် ထိန်းသိမ်းစောင့်ရှောက်သူများ ထားရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုနှင့် အကြည်ညိုလွန်ကဲခြင်းတို့ကို သုံးသပ်ကြည့်သူတိုင်းသည် ထိုအရာများသည် ရှိရ်က်ဘက်သို့ ရောက်ရှိစေသောအကြောင်းရင်းများထဲမှ ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရာများကို ပိတ်ပင်တားမြစ်ခြင်းနှင့် ယင်းကဲ့သို့ ဆောက်လုပ်ခြင်းမှ သတိပေးတားမြစ်ခြင်းသည် အစ္စလာမ့်ရှရီအသ် (သာသနာ့ဥပဒေ) ၏ ကောင်းမွန်မြင့်မြတ်မှုများထဲမှ ဖြစ်ကြောင်းကိုလည်းကောင်း သေချာပေါက် သိရှိနားလည်မည်ဖြစ်သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်၍ လာရှိထားသည်များအနက် ဟဒီးစ်ပညာရှင်ကြီးနှစ်ပါးဖြစ်သော အိမာမ်ဗုခါရီနှင့် အိမာမ်မွတ်စ်လင်မ် (ရဟ်မသွလ္လာဟိအလိုင်ဟိမာ) တို့က အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံမှ ဆင့်ပြန်တင်ပြခဲ့ကြသည်။ သူမကပြောကြားသည်မှာ- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "“ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။” အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ- ကိုယ်တော်မြတ်သည် မိမိ၏နောက်လိုက်သားတို့အား ၎င်း(ယဟူဒ်၊နဆွာရာ)တို့လုပ်ကြသကဲ့သို့(မလုပ်ကြရန်) သတိပေးခြိမ်းခြောက်တော်မူသည်။ သခင်မက ဆက်လက်မိန့်ကြားခဲ့သည်မှာ- ထိုသို့ ဖြစ်လာမည်ကို မစိုးရိမ်ရပါက ကိုယ်တော်၏ကဗရ်အား ပေါ်လွင်ထင်ရှားစွာ ထားမည်ဖြစ်သည်။ သို့သော် ကိုယ်တော်သည် ကဗရ်အား စဂ်ျဒဟ်ဦးချရာနေရာအဖြစ် သတ်မှတ်မည်ကို စိုးရိမ်ခဲ့သည်။" ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း၌ပင် လာရှိသည်မှာ- အွမ်မုစလမဟ် နှင့် အွမ်မုဟဗီဗဟ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့သည် အီသီယိုးပီးယားနိုင်ငံတွင် ၎င်းတို့ မြင်တွေ့ခဲ့သည့် နဆွ်ရာနီ ဘုရားကျောင်းအကြောင်းနှင့် ထိုကျောင်းထဲ၌ ၎င်းတို့ မြင်တွေ့ခဲ့ရသည့် ရုပ်ပုံများအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား တင်ပြခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင်တစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကိုကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။"
ဆဟီးဟ်မွတ်စ်လင်မ်ကျမ်းတွင် ဂျွန်ဒုဗ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိရလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြသည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ်(ﷺ) မကွယ်လွန်မီ (၅) ရက်အလိုတွင် မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်- "ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းလွှတ်ခွင့်တောင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချ အဗူဗကရ်(ရဿွိယလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။ ကောင်းစွာသတိပြုကြလေကုန် အသင်တို့အလျင်ရှိခဲ့ကြသော သူတို့သည် ၎င်းတို့နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ကောင်းစွာသတိပြုကြလေကုန် သင်တို့သည် ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် မပြုလုပ်ကြနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းအား ငါကိုယ်တော် သင်တို့အား တားမြစ်တော်မူသည်။" ဤကဏ္ဍနှင့် ပတ်သက်၍ ဟဒီးစ်တော် အမြောက်အများရှိပေသည်။
မဇ်ဟဗ်လေးပါးစလုံးမှ မွတ်စ်လင်မ်ပညာရှင် အီမာမ်ကြီးများနှင့် အခြားသော ပညာရှင်များသည် ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ပြုလုပ်ခြင်းကို တားမြစ်ထားကြောင်း အတိအလင်း မိန့်ဆိုခဲ့ကြပြီး၊ ထိုသို့ပြုလုပ်ခြင်းကိုလည်း သတိပေး တားမြစ်ခဲ့ကြသည်။ ယင်းသို့ သတိပေးတားမြစ်ရခြင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်တော်ကို လိုက်နာကျင့်သုံးသောအားဖြင့်လည်းကောင်း၊ အွမ္မသ်သားတို့အနေဖြင့် ၎င်းတို့မတိုင်မီက ယဟူဒီများနှင့် နတ်စွ်ရာနီများထဲမှ အစွန်းရောက်သူများနှင့် ဤအွမ္မသ်ထဲမှ ၎င်းတို့ကဲ့သို့သော လမ်းလွဲသူများ ကျရောက်ခဲ့သည့် အမှားမျိုးတွင် ကျရောက်သွားမည်ကို လမ်းညွှန်ဆုံးမ သတိပေးသောအားဖြင့်လည်းကောင်း ဖြစ်သည်။
ထို့အတွက်ကြောင့် ဂျော်ဒန်နိုင်ငံရှိ အစ္စလာမ့်အသိပညာရပ်များဆိုင်ရာ အဖွဲ့အစည်းနှင့် အခြားသောမွတ်စ်လင်မ်များအပေါ်၌ စွန္နသ်တော်ကို ဆုပ်ကိုင်ထားရန်၊ အိမာမ်ကြီးများ၏ လမ်းစဉ်အတိုင်း လိုက်နာလျှောက်လှမ်းရန်နှင့် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ တမန်တော် သတိပေးထားသည့်အရာများမှ သတိထားရှောင်ကြဉ်ရန် အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာ၌သာ ဗန္ဒဟ်ကျေးကျွန်များအတွက် တည့်မှတ်မှန်ကန်မှု၊ ဝမ်းမြောက်ပျော်ရွှင်မှုနှင့် ဒွန်ယာအာခိရသ် နှစ်ဌာနစလုံးတွင် လွတ်မြောက်အောင်မြင်မှု ရှိနေသောကြောင့်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ လူအချို့သည် အဟ်လေကဟ်ဖ် (ဂူတွင်းသားများ) ၏ ဖြစ်ရပ်တွင် ပါရှိသော အရှင်မြတ်၏ အောက်ပါ အာယသ်တော်ကို အထောက်အထားပြု ကိုးကားကြသည်- (... ၎င်းတို့၏ အရေးကိစ္စအပေါ်၌ လွှမ်းမိုးနိုင်သူတို့က “ကျွန်ုပ်တို့သည် ၎င်းတို့အပေါ်၌ ဝတ်ပြုရာ ဗလီကျောင်းတော်တစ်ကျောင်းကို ဧကန်အမှန် ပြုလုပ်ကြမည်” ဟု ပြောဆိုခဲ့ကြသည်။ ) စူရဟ် ကဟ်ဖ်-(၁၈:၂၁)
၎င်းနှင့်စပ်လျဉ်း၍ အဖြေမှာ- အလ္လာဟ်အရှင်မြတ်သည် ထိုခေတ်ကာလရှိ ခေါင်းဆောင်များနှင့် သြဇာအာဏာရှိသူများက ဤစကားကို ပြောဆိုခဲ့ကြကြောင်း ပြန်လည်မိန့်ကြားတော်မူထားခြင်းသာဖြစ်ပြီး၊ သူတို့အပေါ် ကျေနပ်လက်ခံ၍ အတည်ပြုပေးခြင်းမျိုး မဟုတ်ပေ။ အမှန်စင်စစ် (ကျမ်းမြတ်ကုရ်အာန်၌ ၎င်းတို့၏ စကားကို ပြန်လည်မိန့်ကြားတင်ပြထားခြင်းမှာ) ၎င်းတို့၏ လုပ်ရပ်နှင့်ပတ်သက်၍ ကဲ့ရဲ့ရှုတ်ချရန်၊ အပြစ်တင်ရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက်သာ ဖြစ်သည်။ ဤအချက်အပေါ် သက်သေပြနေသည်မှာ- ဤအာယသ်တော် ချပေးခြင်းခံရသည့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လူသားတို့အနက် အသိဆုံးသူပင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် မိမိ၏ အွမ္မသ်(နောက်လိုက်များ)အား ကဗရ်သင်္ချိုင်းများအပေါ် ဗလီဝတ်ကျောင်းတော်များ ပြုလုပ်တည်ဆောက်ခြင်းမှ တားမြစ်တော်မူခဲ့ပြီး၊ ထိုသို့ပြုလုပ်ခြင်းမှ ၎င်းတို့အား သတိပေးတော်မူခဲ့ကာ၊ ထိုသို့ပြုလုပ်သူအား ကျိန်စာတိုက်၍ ရှုတ်ချတော်မူခဲ့သည်။
အကယ်၍ ထိုလုပ်ရပ်သာ ပြုလုပ်ပိုင်ခွင့်ရှိမည်ဆိုလျှင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုကိစ္စနှင့်ပတ်သက်၍ ဤမျှ ကြီးမားပြင်းထန်စွာ သတိပေးတားမြစ်တော်မူမည် မဟုတ်ပေ။ ထို့ပြင် ထိုသို့ပြုလုပ်သူအား လအ်နသ်ကျိန်ဆဲသည်အထိ အလေးအနက်ထား မိန့်ကြားတော်မူမည် မဟုတ်သလို၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ဖန်ဆင်းခံများအနက် အဆိုးရွားဆုံးသူများတွင် ပါဝင်ကြောင်းကိုလည်း မိန့်ကြားတော်မူမည် မဟုတ်ပေ။ အမှန်တရားကို ရှာဖွေသူတစ်ဦးအဖို့ ဤသည်ပင်လျှင် လုံလောက်မှုနှင့် ယုံကြည်လက်ခံနိုင်စရာ ဖြစ်ပေသည်။ အကယ်၍ ကဗရ်များအပေါ်တွင် ဗလီဝတ်ကျောင်းတော်များ တည်ဆောက်ခြင်းသည် ကျွန်ုပ်တို့မတိုင်မီ လွန်လေပြီးသောသူများအတွက် ခွင့်ပြုပိုင်ခွင့်ရှိခဲ့သည်ဟု ယူဆလျှင်ပင်၊ ထိုကိစ္စတွင် ၎င်းတို့အား အတုယူလုပ်ဆောင်ရန် ကျွန်ုပ်တို့အတွက် မပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ရှရီအသ်တရားလမ်းစဉ်သည် လွန်လေပြီးသော တရားလမ်းစဉ်များကို ရုပ်သိမ်းပယ်ဖျက်လိုက်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နောက်ဆုံးရစူလ်တမန်တော် ဖြစ်တော်မူပြီး၊ ကိုယ်တော်၏ ရှရီအသ်တရားလမ်းစဥ်သည် ပြီးပြည့်စုံ၍ အလုံးစုံအတွက် ဖြစ်ပေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကဗရ်များအပေါ်တွင် ဗလီဝတ်ကျောင်းတော်များ တည်ဆောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့အတွက် ကိုယ်တော့်အား ဆန့်ကျင် ပိုင်ခွင့်မရှိပေ။ ကိုယ်တော်၏ နောက်လိုက်ရန်၊ ကိုယ်တော်ယူဆောင်လာသည့်အရာများကို လက်ကိုင်ပြုကျင့်သုံးရန်နှင့် ၎င်းနှင့် ဆန့်ကျင်နေသော ရှေးဟောင်း တရားလမ်းစဉ်များနှင့် ပြုလုပ်သူတို့က ကောင်းမြတ်သည်ဟု မှတ်ယူထားသော ဓလေ့ထုံးတမ်းများကို စွန့်လွှတ်ရန် ကျွန်ုပ်တို့အပေါ်တွင် တာဝန်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ရှရီအသ်တရားလမ်းစဉ်ထက် ပြီးပြည့်စုံသော အရာဟူ၍မရှိသလို၊ ရစူလ်တမန်တော်မြတ်(ﷺ)၏ လမ်းညွှန်ပြသမှုထက် ပိုမိုကောင်းမွန်သော လမ်းညွှန်ပြသမှုဟူ၍လည်း မရှိသောကြောင့် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်ထံ၌ တောင်းဆုပြုပါ၏။ ထိုအရှင်သည် ကျွန်ုပ်တို့နှင့်တကွ မွတ်စ်လင်မ်အားလုံးတို့အား စကားပြောဆိုမှုများနှင့် လုပ်ဆောင်မှုများတွင်လည်းကောင်း၊ အပြင်ပန်းနှင့် အတွင်းစိတ်တို့တွင်လည်းကောင်း၊ ထို့ပြင် အခြားသော ကိစ္စအရပ်ရပ်တို့တွင်လည်း ကောင်း အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံမည့်အချိန်တိုင်အောင် မိမိ၏သာသနာတော်အပေါ်၌ တည်တံ့ခိုင်မြဲရန်နှင့် မိမိ၏ရစူလ်တမန်တော် မုဟမ္မဒ် (ထိုတမန်တော်မြတ်အပေါ်၌ ကောင်းချီးမင်္ဂလာများနှင့် ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်တော်မူပါစေ) ၏ ရှရီအသ်တရားတော်အား မြဲမြံစွာစွဲကိုင်ထားနိုင်ရန် သောင်ဝ်ဖီးက် စွမ်းအားပေးသနားတော်မူပါစေ။ ဧကန်အမှန်ပင် ထိုအရှင်မြတ်သည် အမြဲကြားသိတော်မူသောအရှင်၊ အနီးကပ်ဆုံးရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်သည့် မုဟမ္မဒ်အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူအိမ်သားများနှင့် သာဝကတော်များအပေါ်သို့လည်းကောင်း၊ ကိယာမသ်နေ့ထိတိုင် ကိုယ်တော်၏ လမ်းညွှန်ပြသမှုအတိုင်း လိုက်နာကျင့်သုံးသူများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
ဗလီဝတ်ကျောင်းတော်များတွင် သေသူတို့အား ဒဖန်ပြုမြှုပ်နှံခြင်း
အဗ္ဗဒုလ်အဇီးဇ် ဗင်န် အဗ်ဒုလ္လာ ဗင်န် ဗားဇ်
ဤကျမ်းစာအုပ်သည် ဗလီထဲတွင် သေသူတို့အား မြှုပ်နှံခြင်းကို တားမြစ်ထားကြောင်း ရှင်းလင်းဖော်ပြထားသည်။ အကြောင်းမှာ ယင်းသည် ရှိရ်က် ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုကို ဖြစ်စေမည့် အကြောင်းခံပင် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ်နှင့် စွန္နသ်တော်တို့တွင် လာရှိထားသည်များကို အခြေခံ၍ တမန်တော်မြတ် ﷺ နှင့် ၎င်း၏ ဆွဟာဗဟ်များ ပြုလုပ်ခဲ့သကဲ့သို့ မွတ်စ်လင်မ်တို့အား မိမိတို့၏ ကွယ်လွန်သူများကို ဗလီအပြင်၌ မြှုပ်နှံခြင်းသည် ဝါဂျိဗ်တာဝန်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။
စာစဉ်(၁၁) ဗလီများတွင် ကွယ်လွန်သူများအား ဒဖန်ပြု မြှုပ်နှံခြင်း။
အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်တော်မူသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ အိမ်သူအိမ်သားများအပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ လမ်းညွှန်မှုအတိုင်း လိုက်နာကျင့်သုံးသူများအပေါ်သို့လည်းကောင်း ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။ ဤသို့ ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့ပြုပြီးနောက် တင်ပြလိုသည်မှာ-
ဟစ်ဂျရီ ၁၇ / ၄ / ၁၄၁၅ ရက်စွဲဖြင့် ထုတ်ဝေသော «အလ်ခရ်သူးမ်» သတင်းစာကို ကျွန်ုပ် ဖတ်ရှုလေ့လာခဲ့ရာ၊ ၎င်းတွင် စိုင်ယစ်ဒ် မုဟမ္မဒ်ဟစန် အလ်အိဒ်ရီစီအား အွမ်မေဒရ်မာန်မြို့ရှိ ၎င်းတို့၏ ဗလီဝတ်ကျောင်းတော်အတွင်း ၎င်း၏ဖခင်ဘေး၌ မြှုပ်နှံခြင်းနှင့် ပတ်သက်သည့် ကြေညာချက်တစ်ရပ် ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်... စသဖြင့်။
အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များအား ဆုံးမလမ်းညွှန်မှုပေးရန်နှင့် မကောင်းမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ရှင်းလင်းပြသရန် တာဝန်ပေးထားတော်မူသည့်အတွက်၊ ဗလီဝတ်ကျောင်းတော်များအတွင်း၌ မြှုပ်နှံခြင်းမပိုင်ကြောင်း သတိပေးရန် ကျွန်ုပ်ဆုံးဖြတ်ခဲ့ပါသည်။ စင်စစ် ၎င်းသည် ရှိရ်က်ဘက်သို့ ရောက်ရှိစေသောအကြောင်းရင်းများထဲမှ ဖြစ်သည့်အပြင်၊ အလ္လာဟ်အရှင်မြတ် ပြစ်တင်ရှုတ်ချတော်မူသော ယဟူဒီ၊ နဆ်ွရာနီတို့၏ လုပ်ရပ်များထဲမှလည်း ဖြစ်သည်။ ယင်းလုပ်ရပ်များကြောင့် ၎င်းတို့အား ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “လအ်နသ်” ပို့ထားတော်မူသည်။ ၎င်းနှင့်ပတ်သက်၍ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံမှ ဆင့်ပြန်ထားသော ဆွဟီးဟ်ကျမ်းနှစ်စောင်တွင် လာရှိသည့်အတိုင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားတော်မူခဲ့သည်။ “ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”။ ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်းတွင် ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ "သတိပြုကြလေကုန်၊ ဧကန်မုချ အသင်တို့မတိုင်မီက ရှိခဲ့ကြသူတို့သည် မိမိတို့နဗီတမန်တော်များနှင့် သူတော်စင်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ သတိပြုကြလေကုန်၊ အသင်တို့သည် ကဗရ်များကို ဦးချရာနေရာများအဖြစ် မသတ်မှတ်ကြနှင့်။ ဧကန်မုချ ငါကိုယ်တော်သည် အသင်တို့အား ထိုသို့ပြုလုပ်ခြင်းမှ တားမြစ်တော်မူသည်။" ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် ဟဒီးဆ်တော်အမြောက်အများရှိပေသည်။
သို့ဖြစ်ပါ၍ နေရာတိုင်းရှိ မွတ်စ်လင်မ်များအာဏာပိုင်အစိုးရများဖြစ်စေ၊ ပြည်သူများဖြစ်စေ အားလုံးအပေါ်တွင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေရန်၊ အရှင်မြတ် တားမြစ်ထားသောအရာများကို သတိထားရှောင်ကြဉ်ရန်နှင့် မိမိတို့၏ ကွယ်လွန်သေဆုံးသူများကို မတ်စ်ဂျိဒ်များ၏ အပြင်ဘက်၌ မြုပ်နှံရန် အရေးကြီးပေသည်။ နဗီတမန်တော်မြတ် ﷺ နှင့် ၎င်း၏ ဆွဟာဗဟ်များ رضي الله عنهم တို့သည် ကွယ်လွန်သေဆုံးသူများကို မတ်စ်ဂျိဒ်များ၏ အပြင်ဘက်၌ မြုပ်နှံခဲ့ကြသကဲ့သို့ပင် ဖြစ်သည်။ ထိုနည်းတူစွာ ၎င်းတို့အား ကောင်းမွန်စွာ လိုက်နာကျင့်သုံးသူတို့သည်လည်း ထိုနည်းတူပင် ဖြစ်ပေသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် အဆွေတော်နှစ်ပါးဖြစ်သော အဗူဗကရ်နှင့် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)တို့၏ ကဗရ်များသည် တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်အတွင်း ရှိနေခြင်းမှာ ဗလီများအတွင်း ကွယ်လွန်သူများကို မြုပ်နှံရန်အတွက် အထောက်အထားတစ်ရပ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိမိ၏အိမ်၌ပင် -အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)၏ အိမ်၌- မြုပ်နှံခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဆွေတော်နှစ်ပါးကိုလည်း တမန်တော်မြတ်နှင့်အတူ မြုပ်နှံခဲ့ခြင်းဖြစ်သည်။ ဟိဂ်ျရီပထမရာစုနှစ် အကုန်တွင် ဝလီးဒ်ဗင်န်အဗ်ဒွလ်မလစ်က်သည် ဗလီဝတ်ကျောင်းတော်ကို တိုးချဲ့သောအခါ ထိုအခန်းကို ဗလီအတွင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ အသိပညာရှင်များက ၎င်း၏ထိုသို့ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ သို့ရာတွင် ထိုသို့ပြုလုပ်ခြင်းသည် ဗလီတိုးချဲ့ခြင်းအတွက် အဟန့်အတားမဖြစ်စေကြောင်းနှင့် ယင်းကိစ္စရပ်မှာ ရှင်းလင်းပြီး လွဲမှားစွာနားလည်ဖွယ်ရာ မရှိကြောင်းကို ၎င်းက ယူဆခဲ့သည်။
သို့ဖြစ်ရာ မွတ်စ်လင်မ်တိုင်းအတွက် ထင်ရှားရှင်းလင်းသွားသည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် ကိုယ်တော့် အပေါင်းအပါနှစ်ပါး(ရဿွိယလ္လာဟုအန်ဟုမာ)တို့ကို ဗလီထဲ၌ မြုပ်နှံခဲ့ခြင်းမဟုတ်ပေ။ ဗလီချဲ့ထွင်မှုကြောင့် ၎င်းတို့အား ဗလီထဲသို့ ထည့်သွင်းလိုက်ရခြင်းသည် ဗလီများ၌ မြုပ်နှံခွင့်ရှိကြောင်းအတွက် အထောက်အထားမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဗလီထဲ၌ ရှိနေခြင်းမဟုတ်ဘဲ တမန်တော်မြတ်(အလိုင်းဟိဆွလာသွဝစလ္လာမ်)၏ အိမ်၌သာ ရှိနေသောကြောင့်ဖြစ်သည်။ ထို့ပြင် ဝလီးဒ်၏လုပ်ရပ်သည် ဤကိစ္စနှင့်စပ်လျဉ်း၍ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အထောက်အထားပြုရန် မသင့်လျော်သောကြောင့်ဖြစ်သည်။ အမှန်တကယ် အထောက်အထားဟူသည် ကုရ်အာန်၊ စွန္နသ်နှင့် အွမ္မသ်၏ စလဖ်(ရှေးယခင်ပညာရှင်ကြီး)များ၏ အိဂျ်မာအ် (တညီတညွတ်တည်း သဘောတူညီချက်) တို့တွင်သာ ရှိပေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ် နှစ်မြို့ကျေနပ်တော်မူပါစေ။ ထို့ပြင် ကျွန်ုပ်တို့အား ၎င်းတို့၏လမ်းစဉ်ကို ကောင်းမွန်မှန်ကန်စွာ လိုက်နာကျင့်သုံးသူများအဖြစ် ပြုလုပ်ပေးသနားတော်မူပါစေ။
အကြံဉာဏ်ပေးရန်နှင့် မိမိတာဝန်ကို ကျေပွန်စေရန်အတွက် ၎င်းကို ၁၄/ ၅/ ၁၄၁၅ ဟစ်ဂျရီ တွင် ရေးသားပြုစုခဲ့သည်။
အလ္လာဟ်အရှင်မြတ်သည်သာ စွမ်းအားပေးသနားမှုကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ်သို့ လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူအိမ်သားများနှင့် သာဝကတော်များအပေါ်သို့ လည်းကောင်း၊ ၎င်းတို့အား ကောင်းမွန်စွာ လိုက်နာသူများအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
မုဟမ္မဒ် ﷺ ၏ ရှရီအသ်တရားတော်မှ သွေဖည်ထွက်ခွာခွင့်ရှိသည်ဟု ထင်မြင်ယူဆသူသည် ကာဖိရ်ဖြစ်ခြင်းနှင့် လမ်းလွဲသူဖြစ်ကြောင်း ရှင်းလင်းဖော်ပြချက်။
အဗ္ဗဒုလ်အဇီးဇ် ဗင်န် အဗ်ဒုလ္လာ ဗင်န် ဗားဇ်
ဤစာအုပ်သည် မုဟမ္မဒ် ﷺ ၏ ရှရီအသ်တရားတော်မှ သွေဖည်ထွက်ခွာခွင့်ရှိသည်ဟု ဆိုသူများသည် ကာဖိရ်ဖြစ် ကြောင်း ရှင်းလင်းပြသထားပြီး၊ ဂျူးများနှင့် ခရစ်ယာန်များသည် ၎င်းတို့၏ ဘာသာတရားအပေါ် ဆက်လက်ရပ်တည်နိုင်သည်ဟူသော အချို့သော စာရေးဆရာများ၏ ပြောဆိုချက်ကို ရှုတ်ချထားသည်။ ထို့ပြင် တမန်တော်မြတ် ﷺ ၏ သာသနာသည် လူသားတစ်ရပ်လုံးအတွက် လွှမ်းခြုံထားကြောင်းနှင့် ကျမ်းတော်မြတ်နှင့် စွန္နသ်တော်တို့တွင် လာရှိထားသည့်အတိုင်း အစ္စလာမ်သာလျှင် တစ်ခုတည်းသော မှန်ကန်သည့် ဘာသာတရားဖြစ်ကြောင်းကို ခိုင်မာစွာ အတည်ပြုထားသည်။
စာစဉ် (၁၂) - မည်သူတစ်ဦးတစ်ယောက်အတွက်မဆို တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှရီအသ်တရားတော်မှ ခွဲထွက်ပိုင်ခွင့်ရှိသည်ဟု ယူဆသူသည် ကာဖိရ်ဖြစ်ခြင်းနှင့် လမ်းလွဲသူဖြစ်ကြောင်း ရှင်းလင်းတင်ပြခြင်း။
ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်သည်။ နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များ၏ နောက်ဆုံးပိတ်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်တော်သူ အိမ်တော်သားများနှင့် အဆွေတော်သာဝကကြီးများအားလုံးအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
ထို့နောက် ကျွန်ုပ်အနေဖြင့် ဟစ်ဂျရီ ၅/ ၆/ ၁၄၁၅ ရက်စွဲ၊ စောင်ရေအမှတ် ( ၅၈၂၄ ) ပါ "အရှ်ရရ်ကွလ်အောင်စတ်" သတင်းစာတွင် ဖော်ပြပါရှိသော ဆောင်းပါးကို ဖတ်ရှုလေ့လာခဲ့ရပါသည်။ ၎င်းဆောင်းပါးကို မိမိကိုယ်ကို အဗ်ဒွလ်ဖတ်သာဟ် အလ်ဟာယိက် ဟု အမည်ပေးထားသူက ( မှားယွင်းသော နားလည်သဘောပေါက်မှု ) ဟူသော ခေါင်းစဉ်အောက်တွင် ရေးသားထားခြင်းဖြစ်သည်။
ဆောင်းပါး၏ အနှစ်ချုပ်မှာ- ၎င်းသည် အစ္စလာမ်သာသနာ၌ မသိမဖြစ် သိထားရမည့်အရာ၊ ကျမ်းဂန်အထောက်အထားနှင့် အများသဘောတူညီချက်တို့ကို ငြင်းပယ်ထားခြင်းဖြစ်သည်။ ၎င်းအချက်မှာ တမန်တော် မုဟမ္မဒ်(ﷺ) ယူဆောင်လာသော သတင်းစကားသည် လူသားအားလုံးဆီသို့ ဖြစ်သည်ဟူသောအချက်ပင်ဖြစ်သည်။ ထို့ပြင် ၎င်း၏ပြောဆိုချက်မှာ မည်သူမဆို တမန်တော် မုဟမ္မဒ်(ﷺ)၏နောက်ကိုမလိုက်ဘဲ၊ တမန်တော်မြတ်၏အမိန့်ကို မနာခံဘဲ၊ ယဟူဒီ (သို့မဟုတ်) နဆ်ွရာနီ အဖြစ်သာ ဆက်လက်ရှိနေမည်ဆိုလျှင် မှန်ကန်သော သာသနာပေါ်တွင် ရှိနေသည်ဟု ဆိုခြင်းဖြစ်သည်။ ထို့နောက် သွေဖည်ငြင်းပယ်သူများနှင့် အမိန့်ဖီဆန်သူများအား ပြစ်ဒဏ်ပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်၏ ဉာဏ်အမြှော်မြင်တော်အပေါ် စော်ကားပုတ်ခတ်ထားပြီး၊ ထိုသို့ပြစ်ဒဏ်ပေးခြင်းကို အကျိုးမဲ့အချည်းနှီးဖြစ်သည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။
၎င်းသည် ရှရီအသ်ဆိုင်ရာ အထောက်အထားစာသားများကို လွဲမှားစွာပုံဖျက်ခဲ့ပြီး သက်ဆိုင်မှုမရှိသောနေရာများတွင် အသုံးပြုခဲ့ကာ မိမိ၏ စိတ်အလိုဆန္ဒအတိုင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ ထို့ပြင် တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ရိစာလသ် တာဝန်သည် ခပ်သိမ်းသောသူတို့နှင့် သက်ဆိုင်ကြောင်းကို လည်းကောင်း၊ ကိုယ်တော်မြတ်အကြောင်း ကြားသိလျက်နှင့် ကိုယ်တော်မြတ်နောက်သို့ မလိုက်နာသူသည် ကာဖိရ် (ငြင်းပယ်သူ) ဖြစ်ကြောင်းကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာမှတစ်ပါး အခြားမည်သည့်သာသနာကိုမျှ လက်ခံတော်မူမည် မဟုတ်ကြောင်းကို လည်းကောင်း ညွှန်ပြနေသည့် ရှရီအသ်ဆိုင်ရာ သက်သေများနှင့် ရှင်းလင်းပြတ်သားသော စာသားများမှစ၍ ၎င်းကျောခိုင်းခဲ့သည့် အခြားသော ရှင်းလင်းပြတ်သားသည့် အထောက်အထားများကိုပါ မျက်ကွယ်ပြုခဲ့သည်။ ယင်းမှာ မသိနားမလည်သူများသည် ၎င်း၏စကားများဖြင့်လှည့်စားခံရစေရန်အတွက်ပင် ဖြစ်ပေသည်။ ထိုသူလုပ်ခဲ့သော ဤလုပ်ရပ်သည် အတိအလင်း ‘ကုဖ်ရ်’ ဖြစ်ပြီး အစ္စလာမ်သာသနာမှ ထွက်သွားခြင်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ငြင်းပယ်ခြင်းလည်းဖြစ်သည်။ ထိုအချက်ကို ပညာရှင်များနှင့် အီမာန်သက်ဝင်ယုံကြည်သူများအနက်မှ ဆောင်းပါးကို ဖတ်ရှုသူတိုင်း သိရှိနိုင်ပေသည်။
အုပ်ချုပ်သည့် အာဏာပိုင်၏ တာဝန်မှာ - ၎င်းအား နောင်တရ ဝန်ချတောင်းပန်စေရန်အတွက် တရားရုံးသို့ လွှဲပြောင်းပေးရန်နှင့် သန့်ရှင်းမွန်မြတ်သော တရားတော်၏ ပြဋ္ဌာန်းချက်နှင့်အညီ ၎င်းအပေါ် စီရင်ချက်ချရန် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော် မုဟမ္မဒ် (ﷺ)၏ ‘ရိစာလသ်’ ရစူလ်ဖြစ်ခြင်းသည် အားလုံးနှင့် သက်ဆိုင်ကြောင်းကိုလည်းကောင်း၊ ဂျင်န်နှင့် ‘အင်စာန်’ လူသားအားလုံးတို့အပေါ်တွင် ကိုယ်တော့်အား နောက်လိုက်မှုပြုရန် တာဝန်ရှိကြောင်းကိုလည်းကောင်း ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်။ မွတ်စ်လင်မ်များအနက် အနည်းဆုံးသော အသိပညာရှိသူပင်လျှင် ဤအချက်ကို မသိဘဲမနေပေ။
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- "(အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အား ဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ပေသည်။ မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်ခြင်းတို့သည် ထိုအရှင်မြတ်၌သာလျှင် ရှိချေသည်။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောအရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ပင်လျှင် အသက်ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် အသက်သေစေတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ အကြင်စာပေမသင်ကြားဖူးသော ရစူလ်နဗီတမန်တော်အား ယုံကြည်ကြလေကုန်။ ထိုရစူလ် နဗီတမန်တော်မြတ်သည် (မိမိ ကိုယ်တိုင်လည်း) အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ယုံကြည်လေသည်။ ၎င်းပြင် အသင်တို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏အမိန့် တော်များ)ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြမည်။ ၁၅၈" (စူရဟ် အအ်ရားဖ် : အာယသ် ၁၅၈) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - "ဤကုရ်အာန်ကျမ်းမြတ်သည် ငါကိုယ်တော်ထံသို့ ထုတ်ပြန်ပို့ချခြင်းခံရပေသည်။ ၎င်းဖြင့် အသင်တို့အားလည်းကောင်း၊ ၎င်းကျမ်းမြတ်ရောက်ရှိလာသော သူများကိုလည်းကောင်း သတိပေးနှိုးဆော်ရန်အတွက်ဖြစ်ပေသည်။" (စူရဟ် အန်အားမ် : အာယသ် ၁၉) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- "(အို-နဗီတမန်တော်) အသင်သည် (လူခပင်း တို့အား ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြည် မြတ်နိုးကြပါမူ ငါ၏အမိန့်သြဝါဒများကို အစဉ် တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်) အသင်တို့အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူမည်။ ထို့ပြင်တစ်ဝ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူမည်။ စင်စစ် အလ္လာဟ် အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊ အစဉ်သနား ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူပေသည်။ (၃၁)" (စူရဟ် အာလိအင်မ်ရားန်: အာယသ် ၃၁) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- "ထို့ပြင်တဝ မည်သူမဆို အစ္စလာမ် သာသနာမှတစ်ပါး အခြားသာသနာ တစ်ရပ်ရပ်ကို ရှာဖွေစူးစမ်းပါမူ ထိုသူ၏ထံမှ (ထိုသူရှာဖွေသော သာသနာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌) လက်ခံသဘောတူတော်မူခြင်းကိုအလျင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ဆုံးရှုံးသူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေမည်။" (စူရဟ် အာလိအင်မ်ရားန် : အာယသ် ၈၅) အလ္လာဟ်အရှင်မြတ်မိန့် တော်မူသည်- "(အို-နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သောလူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူအဖြစ် လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။" (စူရဟ် စဗအ် : အာယသ်၂၈) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- (စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာတော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။ ၁၀၇) ( စူရဟ် အန်ဗိယာအ် : အာယသ် ၁၀၇) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- " .... ထိုမှတစ်ပါး အသင်သည် ကျမ်းဂန် ( သောင်ရာသ်နှင့်အင်န်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ကိုလည်းကောင်း၊ စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ် မုရှ်ရိက်)တို့ကိုလည်းကောင်း၊ (အိုအချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံသော မွတ်စ်လင်မ်များ ဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တဖန် အကယ်၍သာ ယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မွတ်စ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြပေမည်။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ် သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင် အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ) ၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသည်။" (စူရဟ် အာလိအင်မ်ရားန် : အာယသ်၂၀) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- "အကြင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါသည်။ ထိုအရှင်မြတ်သည် အရှင်မြတ်၏ ကျွန်အပေါ်တွင် ထိုကျွန်အနေဖြင့် စကြဝဠာ အပေါင်းတို့အား သတိပေးနှိုးဆော်သူဖြစ်ရန်အတွက် အမှားအမှန် ခွဲခြားပေးသောအရာ (ကျမ်းဂန်ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။" (စူရဟ် ဖုရ်ကားန် : အာယသ် ၁)
အိမာမ်ဘုခါရီနှင့် အိမာမ်မွတ်စ်လင်မ်က ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်။ (ငါကိုယ်တော်နှင့် ရန်သူများကြားတွင် ) တစ်လတာခရီးအကွာအဝေး ရှိသည့်တိုင် (ရန်သူများ၏ စိတ်နှလုံးများထဲသို့ ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့်) ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ငါကိုယ်တော့်အတွက် ကမ္ဘာမြေကြီးဟာ စဂ်ျဒဟ်ဦးချရာ နေရာအဖြစ်လည်းကောင်း၊ သန့်ပြန့်စင်ကြယ် စေသောအရာ အဖြစ်လည်းကောင်း ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် ငါကိုယ်တော်ရဲ့ အွမ္မသ်သားများအနက် မည်သူမဆို ဆွလာသ်ဝတ်ပြုချိန် ရောက်လျှင် (မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ) ဆွလာသ်ဝတ်ပြုရမည်။ ငါကိုယ်တော့်အတွက် စစ်သုံ့ပန်းပစ္စည်းများသည် ဟလာလ်( ခွင့်ပြုထားသည့်အရာအဖြစ် )သတ်မှတ်ခံရသည်။ ၎င်းသည် ငါကိုယ်တော့်အရင် မည်သူ့အတွက်မျှ ဟလာလ် မဖြစ်ခဲ့ပေ။ ငါကိုယ်တော်သည် ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် ) ကို ချီးမြှင့်ခြင်း ခံခဲ့ရတော်မူသည်။(ယခင်က) စေလွှတ်ခြင်းခံခဲ့ရသည့် နဗီတမန် တော်သည် မိမိ၏ လူမျိုးစုထံသို့သာ သီးသန့် စေလွှတ်ခြင်း ခံရသည်။ သို့ရာတွင် ငါကိုယ်တော်သည် လူသားအားလုံးထံသို့ စေလွှတ်ခြင်းခံရတော် မူသည်။"
ဤသည်ကား ကျွန်ုပ်တို့၏ တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရိစာလသ်သည် လူသားအားလုံးနှင့် လွှမ်းခြုံသက်ဆိုင်ကြောင်း ရှင်းလင်းပြတ်သားသော ဖော်ပြချက်ဖြစ်သည်။ ကိုယ်တော်၏ ရှရီအသ်တရားလမ်းစဥ်ဖြင့် လွန်လေပြီးသော ရှရီအသ်တရားလမ်းစဥ်အားလုံး ပယ်ဖျက်ခြင်းခံလိုက်ရပြီဖြစ်သည်။ ထို့ပြင် မည်သူမဆို တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား နောက်လိုက်မှုမပြုဘဲ၊ ကိုယ်တော်၏ အမိန့်ကို မနာခံခဲ့သော် ထိုသူသည် ကာဖိရ်ငြင်းပယ်သူ၊ ပုန်ကန်သူဖြစ်ပြီး အရှင်မြတ်၏ ပြစ်ဒဏ်နှင့် ထိုက်တန်သူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- (...ထို့ပြင် အုပ်စုများအနက်မှ အကြင်သူသည် ယင်း(ကျမ်းမြတ်)ကို သွေဖည်ငြင်းပယ်ပါမူ ထိုသူ၏ ကတိထားရာဌာနသည် ငရဲမီးပင် ဖြစ်ပေမည်။...) (စူရဟ် ဟူဒ် ၁၇) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - "သို့ဖြစ်ပေရာ ထို (တမန်တော်မြတ်၏) အမိန့်တော်ကို သွေဖည်ငြင်းပယ်သော သူတို့သည် မိမိတို့အပေါ်၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ သက်ရောက်မည်ကို သော်လည်းကောင်း၊ သို့တည်းမဟုတ် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တော် သက်ရောက်မည်ကို သော်လည်းကောင်း သတိထားကြလေကုန်။" (စူရဟ် နူရ် ၆၃) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - "သို့ရာတွင် အကြင်မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များနှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကို သွေဖည်ငြင်းပယ်၍ ထိုအရှင်မြတ်၏ စည်းမျဉ်းဥပဒေများကိုလည်း ကျူးကျော်ဖောက်ဖျက်သည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းသူအား (ငရဲ) မီးထဲသို့ ဝင်ရောက်စေတော်မူမည်။ ထိုသူသည် ယင်း (ငရဲမီး) ထဲ၌ ထာဝစဉ်နေထိုင်ရပေမည်။ ၎င်းပြင် ထိုသူအဖို့ ဂုဏ်အသရေ ပျက်ပြားစေသော အပြစ်ဒဏ်သည်လည်းရှိပေသည်။ (၁၄)" (စူရဟ် နိစာအ် : ၁၄) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - “ထို့ပြင်တဝ မည်သူမဆို ယုံကြည်ခြင်းအစား မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းကို လဲလှယ်ယူပါမူ မလွဲဧကန် ထိုသူသည် ဖြောင့်မတ်မှန်ကန်သော တရား လမ်းမှ လမ်းမှားသို့ ရောက်ရှိခဲ့ချေပြီ။” (စူရဟ် ဗကရဟ် : ၁၀၈) ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယာသ်တော်အမြောက်အများရှိပေသည်။
ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်(ﷺ)အား နာခံခြင်းကို အရှင်မြတ်အား နာခံခြင်းနှင့် ယှဉ်တွဲထားတော်မူသည်။ ထို့ပြင် အစ္စလာမ်သာသနာမှအပ အခြားသာသနာကို ယုံကြည်လက်ခံသူသည် ဆုံးရှုံးသူဖြစ်ကြောင်းနှင့် ထိုသူ့ထံမှ မည်သည့်အစားပေးမှုနှင့် လျော်ကြေးကိုမျှ လက်ခံတော်မူမည်မဟုတ်ကြောင်းကို ရှင်းလင်းဖော်ပြတော်မူခဲ့သည်။ အရှင်မြတ် အမိန့်ရှိတော်မူသည်မှာ - "ထို့ပြင် မည်သူမဆို အစ္စလာမ် သာသနာမှလွဲ၍အခြားသာသနာ တစ်ရပ်ရပ်ကို ရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ (သူရှာဖွေသော သာသနာသည်အရှင်မြတ်အထံတော်တွင်) လက်ခံသဘောတူတော်မူခြင်းကိုအလျှင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ဆုံးရှုံးသူများအနက်တစ်ဦးအပါအဝင်ဖြစ်ပေမည်။" (စူရဟ် အာလိအင်မ်ရားန် : ၈၅) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - "မည်သူမဆို ရစူလ်တမန်တော်၏ အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသည်မည်၏။" (စူရဟ် နိဆားအ် : ၈၀) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - "အသင်သည် (ယင်းသူတို့အား) ပြောကြားပါလေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ တဖန် အကယ်၍ အသင်တို့သည် သွေဖည် ကျောခိုင်း၍ လွှဲရှောင်သွားကြပါမူ၊ ဧကန်စင်စစ် ထိုရစူလ်တမန်တော်၏အပေါ်၌ ၎င်းအား ပေးအပ်ထားသော တာဝန်သာရှိ၍၊ အသင်တို့အပေါ်၌လည်း အသင်တို့အား ပေးအပ်ထားသော တာဝန်သာ ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထို (ရစူလ်တမန်တော်) ၏ အမိန့်တော်များကို လိုက်နာကြပါလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။" (စူရဟ် နူးရ် : ၅၄) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - "ရှေးအထက်ကျမ်းဂန် ရရှိသူတို့အနက်မှလည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်သူတို့အနက်မှလည်းကောင်း၊ သွေဖည်ငြင်းပယ်ခဲ့ကြကုန်သော သူတို့မှာ ဧကန်အမှန် ဂျဟန္နမ်ငရဲ၏ မီးထဲသို့ အမြဲထာဝစဉ် နေထိုင် ခံစားကြရသူများအဖြစ် လားကြရပေမည်။ ထိုသူတို့ကား အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင် ဖြစ်ကြကုန်၏။" (စူရဟ် ဗိုင်ယ်ယိနဟ် : ၆)
ထို့ပြင် အိမာမ်မွတ်စ်လင်မ်က ၎င်း၏ ဆွဟီးဟ်ကျမ်းတွင် ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ﷺ)မိန့်ကြားတော်မူသည်မှာ- "အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။"
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာသို့ မဝင်ရောက်သူများ၏ သာသနာသည် တရားမဝင်ကြောင်းကို မိမိ၏ လက်တွေ့လုပ်ရပ်နှင့် နှုတ်အပြောတို့ဖြင့် ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် အခြားသော ကာဖိရ်များကို စစ်တိုက်ခိုက်တော်မူခဲ့သကဲ့သို့ ယဟူဒီများနှင့် နဆ်ွရာနီများကိုလည်း စစ်တိုက်ခိုက်တော်မူခဲ့သည်။ ထို့ပြင် ၎င်းတို့အနက်မှ ဂျိဇ်ယာ (အခွန်) ပေးဆောင်သူများထံမှ ယင်းကို လက်ခံရယူတော်မူခဲ့သည်။ ဤသို့ပြုလုပ်ခြင်းမှာ ကျန်ရှိနေသော ၎င်းတို့၏လူများထံ ဒအ်ဝသ် (သာသနာ့ဖိတ်ခေါ်မှု) ရောက်ရှိခြင်းကို ၎င်းတို့က မတားဆီးနိုင်စေရန်အတွက် လည်းကောင်း၊ ၎င်းတို့အနက်မှ အစ္စလာမ်သာသနာသို့ ဝင်ရောက်လိုသူများသည် မိမိတို့၏ လူမျိုးများက မိမိတို့အား ဟန့်တားမည်၊ (သို့မဟုတ်) တားဆီးပိတ်ပင်မည်၊ (သို့မဟုတ်) သတ်ဖြတ်မည်ကို ကြောက်ရွံ့ရခြင်းကင်းစွာဖြင့် အစ္စလာမ်သာသနာသို့ ဝင်ရောက်နိုင်စေရန်အတွက် လည်းကောင်း ဖြစ်ပေသည်။
အိမာမ်ဗုခါရီနှင့် အိမာမ်မွတ်စ်လင်မ်တို့က အဗူဟုရိုင်ရဟ် (رضي الله عنه) ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြသည်မှာ - ကျွန်ုပ်တို့သည် ဗလီဝတ်ကျောင်းတော်၌ ရှိနေစဉ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ﷺ) ထွက်လာကာ မိန့်ကြားတော်မူသည်- “သင်တို့သည် ယဟူဒီ (ဂျူး)များထံသို့ သွားကြလော့။” ထို့နောက် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ထွက်ခွာသွားကြရာ ဗိုက်သုလ်မိဒ်ရာစ် (ကျမ်းစာသင်ကျောင်း) သို့ ရောက်ရှိခဲ့ကြသည်။ ထိုအခါ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မတ်တပ်ရပ်တော်မူပြီး ၎င်းတို့အား ခေါ်ကာ “အို- ယဟူဒီ (ဂျူး) အပေါင်းတို့၊ အသင်တို့သည် အစ္စလာမ်သာသနာကို လက်ခံကြလော့၊ (သို့ဆိုလျှင်) အသင်တို့ ဘေးကင်းလုံခြုံကြလိမ့်မည်” ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ၎င်းတို့က “အို- အဗူလ်ကာစင်မ်၊ အသင်သည် ဟောကြားပို့ဆောင်ပြီးဖြစ်ပါသည်” ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်းတို့အား “ငါကိုယ်တော် လိုလားသည်မှာ ထိုအရာပင်ဖြစ်သည်။ အသင်တို့သည် အစ္စလာမ်သာသနာကို လက်ခံကြလော့၊ (သို့ဆိုလျှင်) အသင်တို့ ဘေးကင်းလုံခြုံကြလိမ့်မည်” ဟု မိန့်ကြားတော်မူသည်။ ၎င်းတို့က “အို- အဗူလ်ကာစင်မ်၊ အသင်သည် ဟောကြားပို့ဆောင်ပြီးဖြစ်ပါသည်” ဟု လျှောက်ထားခဲ့ကြပြန်ရာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်းတို့အား “ငါကိုယ်တော် လိုလားသည်မှာ ထိုအရာပင်ဖြစ်သည်။” ဟု မိန့်ကြားတော်မူသည်။ ထို့နောက် တတိယအကြိမ်တွင်လည်း ထိုအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။" ဟဒီးဆ်။
ဆိုလိုရင်းမှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ယဟူဒီဘာသာဝင်များရှိရာ ၎င်းတို့၏ ဘာသာရေးစာသင်ကျောင်းသို့ ကြွမြန်းသွားတော်မူခဲ့ပြီး၊ ၎င်းတို့အား အစ္စလာမ်သာသနာသို့ ဖိတ်ခေါ်တော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အား မိန့်ကြားတော်မူသည်မှာ- "အစ္စလာမ်သာသနာကို လက်ခံကြလော့၊ အသင်တို့ ဘေးကင်းလုံခြုံကြလိမ့်မည်"။ ကိုယ်တော်သည် ယင်းသို့ ၎င်းတို့အား ထပ်ခါတလဲလဲ မိန့်ကြားတော်မူခဲ့သည်။
ထို့အတူပင် ဟီရက်လ်ထံသို့ မိမိ၏သဝဏ်လွှာကို ပေးပို့စေလွှတ်၍ ၎င်းအား အစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်တော်မူခဲ့၏။ အကယ်၍ ၎င်းက ငြင်းဆန်ခဲ့ပါက ၎င်းငြင်းဆန်မှုကြောင့် အစ္စလာမ်ကို ငြင်းဆန်ကြသူများ၏ အပြစ်သည် ၎င်းအပေါ်တွင် ကျရောက်မည်ဖြစ်ကြောင်းကိုလည်း အသိပေးတင်ပြတော်မူခဲ့၏။ ဗုခါရီနှင့် မွတ်စ်လင်မ်တို့က ၎င်းတို့၏ ဆွဟီးဟ်ကျမ်းနှစ်စောင်တွင် ဆင့်ပြန်ထားသည်မှာ - ဟီရက်လ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သဝဏ်လွှာကို ယူဆောင်လာစေပြီး ဖတ်ရှုခဲ့ရာ ၎င်းတွင် ဤသို့ပါရှိလေသည်။ "အနန္တကရုဏာတော်ရှင်၊ အလွန်သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မုဟမ္မဒ်ထံမှ ရူးမ်တို့၏အကြီးအကဲ ဟေရက်လ်ထံသို့၊ တရားလမ်းမှန်ကို လိုက်နာသူအပေါ်၌ ငြိမ်းချမ်းသာယာခြင်းအပေါင်း သက်ရောက်ပါစေ။ ထို့နောက် ဆက်လက်၍ဖော်ပြလိုသည်မှာ- ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား အစ္စလာမ်၏ ဖိတ်ခေါ်ချက်ဖြင့် ဖိတ်ခေါ်ပါ၏။ အသင်သည် အစ္စလာမ်သာသနာကို လက်ခံပါလေ၊ သို့မှသာ အသင်သည် ငြိမ်းချမ်းလုံခြုံမှုကို ရရှိပေမည်။ ထို့ပြင် အသင်သည် အစ္စလာမ်သာသနာကို လက်ခံပါလေ၊ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အကျိုးဆုလဒ်ကို နှစ်ကြိမ်တိုင်တိုင် ချီးမြှင့်တော်မူမည်။ သို့ရာတွင် အကယ်၍ အသင်သည် (အစ္စလာမ် သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားပါလျှင်၊ ဧကန်အမှန် အသင့်အပေါ်ဝယ် အရီစီယီးန် (ရောမပြည်သား)တို့၏ အပြစ်သည် ကျရောက်ပေမည်။ ထို့ပြင် (အို-ကျမ်းဂန် ရရှိသူအပေါင်းတို့၊ အသင်တို့သည် ကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံးလက်ခံထားသည့်) တူညီသော စကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မခဝပ်မကိုးကွယ်ခြင်း၊ ငါတို့သည် တစ်စုံတစ်ခုသော အရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည်အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသော အရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မွတ်စ်လင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသောမွတ်စ်လင်မ်များပင်ဖြစ်ကြောင်း အသင်တို့ ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။ 64) (စူရဟ် အာလိအင်မ်ရားန် : ၈၅)
ထို့နောက် ၎င်းတို့သည် ကျောခိုင်းပြီး အစ္စလာမ်သာသနာသို့ ဝင်ရောက်ခြင်းကို ငြင်းဆန်ခဲ့ကြသောအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့် သာဝကကြီးများ (ရသွီယလ္လာဟုအန်ဟွမ်) သည် ၎င်းတို့အား တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့အပေါ် ဂျိဇ်ရဟ် (ကာကွယ်ရေး အခွန်) ကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။
(၎င်းတို့၏ မှားယွင်းသော သာသနာကို) တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ သာသနာဖြင့် ပယ်ဖျက်ပြီးနောက် ၎င်းတို့ လမ်းမှားရောက်နေကြောင်းနှင့် မှားယွင်းသောသာသနာပေါ်တွင် ရှိနေကြောင်းကို အတည်ပြုရန်အတွက်၊ အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်တစ်ဦးအား နေ့စဉ်နေ့တိုင်း၊ ဆွလာသ်တိုင်းနှင့် ရကအသ်တိုင်းတွင် စစ်မှန်၍ လက်ခံတော်မူခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူရန် အရှင်မြတ်ထံတော်တွင် တောင်းခံရန် အမိန့်ပေးတော်မူသည်။ ၎င်းမှာ အစ္စလာမ်သာသနာပင် ဖြစ်သည်။ ထို့ပြင် အမျက်တော်စူးရှခြင်း ခံကြရသူများ၏လမ်းမှ ကင်းဝေးစေတော်မူရန် အတွက်လည်း တောင်းခံရန် အမိန့်ပေးတော်မူထားသည်။ ၎င်းတို့မှာ- ယဟူဒီများနှင့် ၎င်းတို့ကဲ့သို့ မိမိတို့သည် မှားယွင်းမှုအပေါ်၌ ရှိနေကြောင်းကို သိလျက်နှင့် ထိုအပေါ်၌ပင် ဆက်လက်စွဲကိုင်ထားသူများ ဖြစ်ကြသည်။ ၎င်းပြင် အသိပညာမရှိဘဲ ခဝပ်ကိုးကွယ်မှုပြုကြသည့် လမ်းမှားသူများ၏လမ်းမှ ကင်းဝေးစေတော် မူရန်အတွက်လည်းတောင်းခံရန် အမိန့်ပေးတော်မူထား သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို တရားလမ်းမှန်ပေါ်တွင်ရှိသည်ဟု ဆိုကြသော်လည်း အမှန်စင်စစ် ၎င်းတို့သည် လမ်းမှားပေါ်၌သာ ရှိနေကြသည်။ ၎င်းတို့ကား နဆ်ွရာနီ (ခရစ်ယာန်) များ၊ ၎င်းပြင် လမ်းလွဲမှုနှင့် အသိပညာကင်းမဲ့မှုတို့ဖြင့် ခဝပ်မှုပြုကြသော ၎င်းတို့နှင့်ဆင်တူသည့် အခြားသော အုပ်စုဝင်များပင် ဖြစ်ကြသည်။ ဤအရာအားလုံးသည် အစ္စလာမ်သာသနာမှအပ အခြားသော ဘာသာတရားတိုင်းသည် မှားယွင်းမှုဧကန်ဖြစ်ကြောင်းနှင့် အစ္စလာမ်သာသနာမှတစ်ပါး အခြားသောလမ်းစဉ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူတိုင်းသည် လမ်းမှားသို့ရောက်နေသူဖြစ်ကြောင်းကို မွတ်စလင်မ်တိုင်း သိရှိယုံကြည်ရန်အတွက်ဖြစ်သည်။ ထိုသို့ မယုံကြည်သူသည် မွတ်စလင်မ်များအနက်မှ မဟုတ်ပေ။ ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်၏စွန္နသ်တော်တွင် ဤကဏ္ဍနှင့်သက်ဆိုင်သည့် အထောက်အထားများစွာရှိပေသည်။
သို့ဖြစ်ပါ၍ ဆောင်းပါးရှင် -အဗ်ဒွလ်ဖတ်တာဟ်- သည် စစ်မှန်သော သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်မှုကို အလျင်အမြန်ပြုရန်နှင့် မိမိ၏သောင်ဝ်ဗဟ်ပြုမှုကို ထုတ်ပြန်ကြေညာသည့် ဆောင်းပါးတစ်ပုဒ်ရေးသားရန် တာဝန်ရှိသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတော်တွင် စစ်မှန်သော သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်မှုပြုပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဝ်ဗဟ်ကို လက်ခံတော်မူမည်ဖြစ်သည်။ ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းတော်အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ- "ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။" (စူရဟ် နူးရ် : ၃၁) ထို့ပြင် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်- "၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တသ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်ကြသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ထိုပြစ်မှုများကိုကျူးလွန်ပါမူ ထိုသူသည် (အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့်တွေ့ကြုံရမည်သာ ဖြစ်သည်။ ၆၈ ကိယာမသ်နေ့၌ ထိုသူ့အဖို့ အပြစ်ဒဏ်သည် နှစ်ဆတိုး၍ ပေးခြင်းခံရမည့်အပြင်၊ ထိုသူသည် ယင်း(အပြစ်ဒဏ်)၌ပင် ယုတ်ညံ့သေးသိမ်စွာဖြင့် ထာဝစဉ် ခံစားရမည်။ ၆၉ သို့ရာတွင် အကြင်သူသည် (သတိသံဝေဂ နောင်တတရား ရရှိကာ) ဝန်ချတောင်းပန်ပြီး သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်များကို ကျင့်မူခဲ့မည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ မကောင်းမှုများကို ကောင်းမှုများဖြင့် လဲလှယ်ပေးသနားတော်မူမည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ "(၇၀) (စူရဟ် ဖွရ်ကာန် : ၆၈-၇၀) တမန်တော်မြတ်(ﷺ)မိန့်ကြားတော်မူခဲ့သည်မှာ- "အစ္စလာမ်သာသနာသည် အစ္စလာမ်လက်မခံမီက ကျူးလွန်ခဲ့သည့် အပြစ်များကို ပယ်ဖျက်ပေးသည်။ ထို့အတူ ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သည့် အပြစ်များကို ပယ်ဖျက်ပေးသည်။" ထို့ပြင် ကိုယ်တော်မြတ် (ﷺ) မိန့်တော်မူသည်- “အပြစ်အကုသိုလ်မှ သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်သူသည် အပြစ်အကုသိုလ် မရှိသူကဲ့သို့ ဖြစ်သည်။”
ဤအကြောင်းအရာနှင့်သက်ဆိုင်သည့် အာယသ်တော်များနှင့် ဟဒီးဆ်တော်များ အမြောက်အများရှိပေသည်။
ကျွန်တော်မျိုးတို့အား အမှန်ကို အမှန်ဟူ၍ သိမြင်အောင်ပြသတော်မူရန်နှင့် ထိုအမှန်တရားအပေါ် လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူရန်၊ အမှားကို အမှားဟူ၍ သိမြင်အောင်ပြသတော်မူရန်နှင့် ထိုအမှားမှ ရှောင်ကြဉ်နိုင်စွမ်း ချီးမြှင့်တော်မူရန်၊ ကျွန်တော်မျိုးတို့အပေါ်၌လည်းကောင်း၊ စာရေးသူ အဗ်ဒွလ်ဖသာဟ် အပေါ်၌လည်းကောင်း၊ မွတ်စ်လင်မ်များ အားလုံးအပေါ်၌ လည်းကောင်း စစ်မှန်သော သောင်ဝ်ဗဟ် အား ချီးမြှင့်ပေးသနားတော်မူရန်၊ ထို့ပြင် လမ်းမှားသို့ရောက်စေသော ဖိသ်နဟ်များနှင့် စိတ်အလိုဆန္ဒနှင့် ရှိုင်သွာန်အား လိုက်နာခြင်းတို့မှ ကျွန်တော်မျိုးတို့အားလုံးကို ထိန်းသိမ်းကာကွယ်ပေးတော်မူရန် ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျွန်တော်မျိုး တောင်းခံအပ်ပါသည်။ ဧကန်အမှန် ထိုအရှင်မြတ်သည် ထိုအရာတို့အားပိုင်ဆိုင်တော်မူပြီး အရှင်မြတ်သည်သာ ထိုအရာများအပေါ်စွမ်းဆောင် နိုင်တော်မူသောအရှင်ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော်များအပေါ်သို့ လည်းကောင်း၊ တရားစီရင်တော်မူမည့်နေ့တိုင်အောင် ၎င်းတို့အား ကောင်းမွန်စွာ လိုက်နာကျင့်သုံးသူများအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေ။
Related books
All books
ثلاثة الأصول وأدلتها73 languagesثلاثة الأصول وأدلتها
هذا الكتاب هو متن صغير أساسي يبين فيه التوحيد والدين والنبوة، يبين هذه المعاني الثلاثة الأساسية المهمة في فهم العقيدة، وفي دراستها دراسة سليمة وصحيحة. وهو كتاب مختصر، لكنه كتاب مبارك؛ لأنه سهل العبارة ومركز وموجه، وليس فيه أي تعقيد أو إشكالات. فالإنسان بمجرد أن يقرأ الكتاب يستطيع أن يفهمه، ويستطيع أن يعرف المعاني المتضمنة فيه. هذا الكتاب قبل أن يبدأ الشيخ في الأصول الثلاثة قدم لذلك بأربعة مسائل، ثم بعد ذلك بثلاثة مسائل أخرى، ثم شرع في الأصول الثلاثة، وهي التي يجب على كل مسلم أن يتعلمها، وهي التي يسأل عنها العبد في قبره: من ربك؟ وما دينك؟ ومن نبيك؟ ألفها رحمه الله للمبتدئين واجتهد في تسهيلها واختصارها حتى خرجت بأحسن حلة وأعظم فائدة؛ يفهم بها الصغير، ولا يستغني عنها الكبير فعم نفعها، وكثر خيرها؛ لعظم قدر موضوعاتها وشرف محتواها.
الدروس المهمة لعامة الأمة78 languagesالدروس المهمة لعامة الأمة
يهدف الكتاب إلى تعليم المسلمين أساسيات دينهم بطريقة مبسطة وشاملة. يتناول مجموعة من الدروس المهمة مثل قراءة الفاتحة وقصار السور، وأركان الإسلام والإيمان، وأقسام التوحيد والشرك، وشروط وأركان وواجبات الصلاة، بالإضافة إلى مبطلاتها، مع بيان مختصر لشروط الوضوء وفروضه ونواقضه. كما يسلط الضوء على التحلي بالأخلاق الإسلامية والآداب الشرعية، ويقدم إرشادات لطيفة حول تجهيز الميت والصلاة عليه ودفنه.
نبذة في العقيدة الإسلامية (شرح أصول الإيمان)75 languagesنبذة في العقيدة الإسلامية (شرح أصول الإيمان)
رسالة لطيفة تتناول أصول العقيدة الإسلامية بأسلوب مبسط وميسر. تبدأ بمقدمة حول أهمية علم التوحيد، كونه أشرف العلوم وأجلّها، ثم تتناول مفهوم الدين الإسلامي وأركانه الخمسة: الشهادتان، والصلاة، والزكاة، والصوم، والحج. كما يشرح الإيمان بالله، وملائكته، وكتبه، ورسله، واليوم الآخر، ويؤكد على أهمية التوحيد في بناء دين المسلم بشكل سليم. الكتاب يهدف إلى تعزيز الفهم الصحيح للعقيدة الإسلامية وتطبيقها في حياة المسلم اليومية.
အစ္စလာမ်သာသနာတော်ဟာ89 languagesအစ္စလာမ်သာသနာတော်ဟာ
အနန္တကရုဏာတော်ရှင်၊ မဟာကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ် အရှင်မြတ်ရဲ့နာမတော်နဲ့အစပြုပါတယ်။ မိတ်ဆွေအနေနဲ့ မိမိကိုယ်မိမိ မေးမြန်းဖူးပါသလား။ မိုးကောင်းကင်တွေ၊ ပထဝီမြေပြင်နဲ့ သူတို့ထဲမှာရှိတဲ့ ကြီး မားဆန်းကျင်တဲ့အရာတွေကိုဘယ်သူကဖန်ဆင်းလိုက်တာလဲ။ ဒီလောက်ထူး ခြားဆန်းပြားပြီးရှူထွေးလှတဲ့အစီစဉ်တွေ၊ တိကျခိုင်မာပြီး အလွန်အနုစိတ်ကျတဲ့ဖြစ်တည်မှုနဲ့ဟန်ချက်ကျကျမျှခြေညီနေမှုကြီးကိုရော ဘယ်သူကပြုလုပ်ဖန်တီးထားတာလဲ။