အွမ်ရာ ပြုလုပ်နည်း လက်တွေ့နှင့် အကျဉ်းချုပ် ရှင်းလင်းချက် အသင် အွမ်ရာဟ်ကို မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။ ရိုးရှင်းသော ပညာပေး ဗီဒီယို။ အိဟ်ရာမ်ဝတ်ဆင်သည်မှ အိဟ်ရာမ်မှထွက်သည်အထိ အွမ်ရာကျင့်စဉ်များကို အစဉ်လိုက် ရှင်းပြထားသည့် ဗီဒီယိုဖြစ်ပြီး ရှင်းလင်းလွယ်ကူသော ပုံစံဖြင့် တင်ပြထားပါသည်။ ဤဗီဒီယိုကိုကြည့်ရှုပြီး မိမိ၏အွမ်ရာကို လွယ်ကူမှန်ကန်စွာ မည်သို့ပြုလုပ်ရမည်ကို လေ့လာလိုက်ပါ။ အွမ်ရာ ပြုလုပ်နည်း
အွမ်ရာပြုလုပ်လိုသူတိုင်းသည် မိမိအတွက် သတ်မှတ်ထားသော မီကာသ်မှ အိဟ်ရာမ်ပြုလုပ်ရန် ဝါဂျိဗ်ဖြစ်သည်။
မဝါကီးသ်ဟူသည် တမန်တော်မြတ် ﷺ က သတ်မှတ်တော်မူခဲ့သည့် နေရာများဖြစ်သည်။ ဟဂ်ျ သို့မဟုတ် အွမ်ရာ ပြုလုပ်ရန် ရည်ရွယ်သူများသည် ထိုနေရာမှ အိဟ်ရာမ်ပြုရန်ဖြစ်သည်။
မည်သူမဆို ဟဂ်ျနှင့်အွမ်ရာပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ထိုနယ်နမိတ်များအနက်မှ တစ်ခုကို ဖြတ်သန်းသွားမည်ဆိုပါက ၎င်းအပေါ် အိဟ်ရာမ်ပြုလုပ်ရန် ဝါဂျိဗ်ဖြစ်သည်။ ၎င်းအနေဖြင့် အိဟ်ရာမ်မပြုဘဲ ထိုနေရာမှ ဖြတ်ကျော်ခွင့်မရှိပါ။
မည်သူမဆို ထိုမီကာသ် နယ်နိမိတ်များထက် မက္ကဟ်မြို့နှင့် ပိုနီးသောနေရာတွင် ရှိပါက ဥပမာ ဂျိဒ်ဒါမြို့သားများကဲ့သို့ ၎င်းရှိနေသည့်နေရာသည် ၎င်းအတွက် မီကာသ်ပင်ဖြစ်သည်။ ထိုနေရာမှပင် ဟဂ်ျနှင့်အွမ်ရာအတွက် အိဟ်ရာမ်ပြုရမည်။
မက္ကဟ်မြို့သားများသည် ဟဂ်ျအတွက် အိဟ်ရာမ်ကို မက္ကဟ်မြို့ရှိ မိမိတို့၏ နေအိမ်များမှပင် ပြုလုပ်ရမည်။ အွမ်ရာအတွက်မူ ဟရမ်နယ်နိမိတ်အပြင်ဘက်ဖြစ်သည့် သန်အီးမ် သို့မဟုတ် အခြားအလားတူနေရာသို့ ထွက်ကာ အိဟ်ရာမ်ပြုရမည်။
လေယာဉ်ဖြင့် လာသူသည် မီကာသ်နှင့် တစ်တန်းထဲဖြစ်ပါက အိဟ်ရာမ်၏ နီယသ်ပြုရမည်။ ထို့ကြောင့် မီကာသ်နှင့် တစ်တန်းထဲမဖြစ်မီ ကြိုတင်ပြင်ဆင်ပြီး အိဟ်ရာမ်ဝတ်စုံကို ဝတ်ဆင်ရမည်၊ မီကာသ်နှင့် တစ်တန်းထဲဖြစ်သည့်အခါ ချက်ချင်းပင် အိဟ်ရာမ်၏ နိယသ်ပြုလိုက်ရမည်။ လေယာဉ်၏မြန်နှုန်းကြောင့် သလ်ဗိယဟ်ဆိုရမည့်နေရာကို လွတ်သွားမည်ကို စိုးရိမ်ပါက ဆင်ခြင်သည့်အနေဖြင့် မီကာသ်နှင့်တစ်တန်းထဲမဖြစ်မီအလျင် သလ်ဗိယဟ်ဆိုနိုင်သည်။ လေယာဉ်ကွင်းတွင် လေယာဉ်ဆိုက်သည်အထိ နောက်ဆိုင်း၍ နီယသ်ပြုခြင်း မပြုပိုင်ပါ။
အိဟ်ရာမ်ပြုလုပ်နည်းနှင့် ၎င်း၏ အမိန့်ပညတ်ချက်များ
အိဟ်ရာမ်ပြုလုပ်လိုသူသည် -
၁။ ၎င်းအတွက် ရေချိုးခြင်းသည် စွန္နသ်ဖြစ်ပေသည်။
၂။ အမျိုးသားများအတွက် အမွှေးအကြိုင်သုတ်လိမ်းခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပါသည်၊ ခန္ဓာကိုယ်နှင့် မုတ်ဆိတ်မွေးတို့တွင် သုတ်လိမ်းရမည်၊ အိဟ်ရာမ်ဝတ်စုံတွင် မဟုတ်ပါ။
၃။ အိဟ်ရာမ်ဝတ်စုံကို မဖြစ်မနေ ဝတ်ဆင်ရမည်၊ ၎င်းမှာ အမျိုးသားများအတွက် အိဇားရ်နှင့် ရိဒါအ်တို့ ဖြစ်သည်၊ ၎င်းနှစ်ခုစလုံး သန့်ပြန့်၍ အဖြူရောင်ဖြစ်ခြင်း သို့မဟုတ် အသစ်ဖြစ်ခြင်းသည် စွန္နသ်ဖြစ်သည်။
အမျိုးသမီးသည် လှပမှုကိုဖော်ပြခြင်းမပြုဘဲ မိမိနှစ်သက်ရာအဝတ်အစားဖြင့် အိဟ်ရာမ်ဝတ်ဆင်နိုင်သည်။ သို့သော် သူမသည် နိကာဗ်နှင့် လက်အိတ်များ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရမည်၊ သူမ၏မျက်နှာနှင့် လက်များကို အခြားအရာတစ်ခုခုဖြင့် ဖုံးအုပ်ရမည်။
၄ ။ အိဟ်ရာမ်ဟူသည် ဟဂ်ျ သို့မဟုတ် အွမ်ရာ ကျင့်စဥ်သို့ ဝင်ရောက်ကြောင်း နိယသ်ပြုခြင်းဖြစ်သည်။ ထို့နောက် ဤသို့ရွတ်ဆိုရမည်။ လဗ်ဗိုင်းက အလ္လာဟွမ်းမ အွမ်ရသန် လဗ်ဗိုင်းက အလ္လာဟွမ်းမ အွမ်ရသန် အကယ်၍ အခြားသူကိုယ်စား အွမ်ရဟ်ပြုလုပ်သူဖြစ်ပါက ဤသို့ရွတ်ဆိုရမည်။ လဗ်ဗိုင်းကလ္လာဟွမ္မ အွမ်ရသန် အန်ဖုလားန်။ လဗ်ဗိုင်းကလ္လာဟွမ္မ အွမ်ရသန် အန်ဖုလားန်။
၅။ အိဟ်ရာမ်ပြုရန်ရည်ရွယ်သူသည် မိမိ၏ကျင့်ဆောင်မှုကို ပြီးဆုံးအောင် ဆောင်ရွက်ခြင်းကို ဟန့်တားမည့် အကြောင်းတစ်စုံတစ်ရာ ရှိလာမည်ကို စိုးရိမ်ပါက၊ ၎င်းအနေဖြင့် အိဟ်ရာမ်ပြုသည့်အခါတွင် စည်းကမ်းချက် သတ်မှတ်ခွင့်ရှိသည်။ သို့ဖြစ်၍ ဤသို့ဆိုရမည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အွမ်ရာပြုလုပ်ရန် အသင့်ရှိနေပါပြီ၊ အကယ်၍ ကျွန်တော်မျိုးအား တားဆီးမှုတစ်စုံတစ်ရာက တားဆီးခဲ့ပါလျှင် ကျွန်တော်မျိုး အိဟ်ရာမ်မှ ထွက်မည့်နေရာသည် အရှင်မြတ်က ကျွန်တော်မျိုးအား ရပ်တန့်စေတော်မူသည့်နေရာပင် ဖြစ်ပါသည်။ လဗ်ဗိုင်းက အလ်လာဟွမ်းမ အွမ်ရသန် ဝအိန် ဟဘဆနီ ဟာဘိဆွန် ဖမဟိလ်လီ ဟိုင်းစု ဟဘတ်စ်သနီ ထိုသို့ သတ်မှတ်ချက်ပြုထားပြီး မိမိ၏ကျင့်ဆောင်မှုကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်စေမည့် အတားအဆီးတစ်ခုခု ပေါ်ပေါက်လာပါက အိဟ်ရာမ်မှ ထွက်ခွင့်ရှိပြီး ၎င်းအပေါ်တွင် မည်သည့်တာဝန်မျှ မရှိပါ။
၆။ ထို့နောက် သလ်ဗိယဟ်ကို များများဆိုရမည်။ အို အလ္လာဟ်အရှင်မြတ် အရှင့်ထံတော်သို့ အကြွင်းမဲ့ လာရောက်ပါပြီ။ အရှင့်ထံတော်သို့ လာရောက်ပါပြီ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျင်းမရှိပါ အရှင့်ထံတော်သို့ လာရောက်ပါပြီ။ ဧကန်မလွဲ ချီးမွမ်းခြင်းနှင့် ကျေးဇူးတော်သည် အရှင်မြတ်အတွက်သာဖြစ်ပြီး စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာဖြစ်ပါသည်။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျင်းမရှိပါ။ လဗ်ဘိုက်က အလ်လာဟွမ်မ လဗ်ဘိုက်၊ လဗ်ဘိုက် လာ ရှရီးက လက လဗ်ဘိုက်၊ အင်န်နလ် ဟမ်ဒ ဝန်နိအ်မသ လက ဝလ်မွလ်က် လာ ရှရီးက လက။ အမျိုးသားသည် သလ်ဗိယဟ်အား အသံကျယ်ကျယ် ရွတ်ဆိုရမည်၊ အမျိုးသမီးသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သူစိမ်းယောက်ကျားများအကြားတွင် မရှိနေသရွေ့ဖြစ်ပါသည်။
၇။ အိဟ်ရာမ်ပြုထားသူသည် အိဟ်ရာမ်မှမထွက်မချင်း အိဟ်ရာမ်ပြုထားစဉ် မလုပ်ရန် တားမြစ်ထားသောအချက်များကို ရှောင်ကြဉ်ရမည်။
အိဟ်ရာမ်ပြုထားစဉ် မလုပ်ရန် တားမြစ်ထားသောအချက် သုံးမျိုး ရှိပါသည်။
ပထမ - အမျိုးသားများနှင့် အမျိုးသမီးများအတွက် ဟရာမ်ဖြစ်သော အပိုင်း။
ခန္ဓာကိုယ်၏ မည်သည့်နေရာမှမဆို အမွေးအမျှင်ရိတ်ခြင်း၊ ညှပ်ခြင်း၊ နှုတ်ခြင်း
လက်သည်း၊ ခြေသည်း အားလုံးကိုညှပ်ခြင်း သို့မဟုတ် အချို့ကိုညှပ်ခြင်း။
ခန္ဓာကိုယ် သို့မဟုတ် အိဟ်ရာမ်ဝတ်စုံ၌ အမွှေးအကြိုင်သုတ်လိမ်းခြင်း။
အမဲလိုက်ထားသော ကုန်းသတ္တဝါများကို သတ်ဖြတ်ခြင်း၊ မသတ်ဖြတ်သော်လည်း အမဲလိုက်ခြင်း။
မိမိအတွက်ဖြစ်စေ၊ အခြားသူအတွက်ဖြစ်စေ နိကာဟ်အတွက် ကမ်းလှမ်းခြင်း။
ကိုယ်လက်နှီးနှောခြင်းမပြုဘဲ အသားချင်းထိကပ်ကာ ပွေ့ ဖက်ကျီစယ်ခြင်း၊ ဥပမာ -နမ်းခြင်း၊ ရာဂစိတ်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်း။
ဒုတိယ - အမျိုးသားများအတွက် တားမြစ်ထားသော အပိုင်း
ဦးခေါင်းကို ဦးထုပ်၊ ခေါင်းပေါင်း ကဲ့သို့ ခေါင်းဖြင့် ထိကပ်သည့် အရာတစ်ခုခုဖြင့် ဖုံးအုပ်ခြင်း။ ထို့အတူ ဦးခေါင်းအပေါ်၌ ခြုံထည် သို့မဟုတ် ဦးခေါင်းအား ဖုံးအုပ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသည့် အရာတစ်ခုခုကို တင်ခြင်း။
ခန္ဓာကိုယ် ပုံသဏ္ဌာန်အလိုက် ချုပ်ထားသော ပုံမှန်အဝတ်အစားများကို ဝတ်ဆင်ခြင်း။ ဥပမာ- ခန္ဓာကိုယ်နှင့် ကိုက်ညီအောင်ချုပ်ထားသော အဝတ်များ၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ စသည်တို့ဖြစ်သည်။
တတိယ - အမျိုးသမီးများအတွက် တားမြစ်ထားသောအပိုင်း
နိကာဗ်၊ ဗုရ်ကအ် (သို့မဟုတ်) နိကာဗ်နှင့်ဆင်တူသည့် မျက်နှာကိုအုပ်သည့် အရာများကို ဝတ်ဆင်ခြင်း။ သို့သော် အမျိုး သမီးများအနေဖြင့် သူစိမ်းအမျိုးသားများရှေ့တွင် မိမိ၏ မျက်နှာကို ယင်းအရာများမဟုတ်ဘဲ အခြားအရာတစ်ခုခုဖြင့် ဖုံးအုပ်ထားရမည်။
အမျိုးသမီးများအား လက်နှစ်ဘက်တွင် လက်အိတ်ဝတ်ဆင်ခြင်းကိုတားမြစ်ထား သည်။ သို့သော် အမျိုးသမီးသည် သူစိမ်းအမျိုးသားများရှေ့တွင် မိမိလက်နှစ်ဘက်ကို ဖုံးအုပ်ထားရမည်။
အွမ်ရဟ်ပြုသူသည် ကအ်ဗဟ်ကျောင်းတော်အား သွဝါဖ်လှည့်ခြင်းဖြင့် မိမိ၏အွမ်ရဟ်ကို စတင်သည်။
ကအ်ဗဟ်ကျောင်းတော်ကို သွဝါဖ်လှည့်ရန်အတွက် သန့်ရှင်းစင်ကြယ်မှုရှိရန် စည်းကမ်းသတ်မှတ်ထားပါသည်။
အိဟ်ရာမ်ပြုထားသူသည် ဟရာမ်ဝတ် ကျောင်းတော်သို့ ဝင်သည့်အခါ မိမိ၏ ညာခြေဖြင့်ဝင်ခြင်းမှာ ၎င်းအဖို့ စွန္နသ်ဖြစ်သည်။ ထို့နောက် ဗလီအဝင်ဒုအာကို ရွတ်ဆိုရမည်။ ၎င်းမှာ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအတွက် အရှင်မြတ်၏ ကရုဏာတံခါးများကို ဖွင့်လှစ်ပေးတော်မူပါ။ အလ်လာဟွမ်မဖ်သဟ် လီ၊ အဘ်ဝါဘ ရဟ်မသိက်
ကအ်ဗဟ်ကျောင်းတော်ကိုမြင်တွေ့ရသောအခါ သလ်ဗိယဟ်ရွတ်ဆိုမှုအားရပ်လိုက်ရမည်။
သွဝါဖ်စတင်ရန် ရည်ရွယ်သောအခါ အိဿ်ွသွိဗာအ် ပြုလုပ်ရန် စွန္နသ်ဖြစ်သည်။ မိမိ၏အပေါ်ဝတ်ရုံအလယ်ပိုင်းကို ညာဘက်ချိုင်းအောက်တွင်ထားကာ အစွန်းနှစ်ဖက်ကို ဘယ်ဘက်ပခုံးပေါ်တွင် တင်ထားရမည်၊ သွဝါဖ်ပြုလုပ်ပြီးပါက ခြုံထည်အားပုံမှန်အတိုင်း ပခုံးနှစ်ဘက်ကို ပြန်လည်ဖုံးအုပ်ရမည်။ အဘယ်ကြောင့်ဆိုသော် အိဿ်ွသွိဗာအ်ကို သွဝါဖ်တွင်သာ ပြုလုပ်ရသည်။
သွဝါးဖ်ကို ဟဂ်ျရေအတ်စ်ဝဒ်မှ စတင် သည်။
ဟဂ်ျရေအတ်စ်ဝဒ်အား ညာလက်ဖြင့် ထိကိုင်၍ နမ်းရှုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ နမ်းရှုပ်ရန် မလွယ်ပါက ၎င်းအား မိမိ၏လက်ဖြင့် ထိကိုင်ကာ ထိုလက်ကိုနမ်းရှုပ်ရမည်။ အကယ်၍ ထိုသို့ပြုလုပ်ရန်မလွယ်ကူပါက မိမိတွင်ရှိသည့် အရာတစ်ခုခု ဥပမာ တောင်ဝှေးစသည်တို့ဖြင့်ထိကာ ထိုအရာအားနမ်းရှုပ်ရမည်။ ထိုသို့ပြုလုပ်ရန်လည်း မလွယ်ကူပါက ဟဂ်ျရေအတ်စ်ဝဒ်ရှိရာဘက်သို့ မျက်နှာမူ၍ ထိုဘက်သို့ လက်ဖြင့် အိရှာရဟ် ညွှန်ပြခြင်း ပြုလုပ်ရမည်။ သို့သော် လက်အား နမ်းရှုပ်ခြင်းမပြုရပေ။ ပို၍သင့်မြတ်သည်မှာ လူများကို ဒုက္ခမပေးရန်နှင့် မိမိလည်း ဒုက္ခမရောက်စေရန် တိုးဝှေ့ခြင်းမပြုရန် ဖြစ်ပါသည်။
ဟဂ်ျရေအတ်စ်ဝဒ်ကို လက်ဖြင့်ထိသည်အခါဖြစ်စေ၊ အေရှာရဟ် (ညွှန်ပြခြင်း) လုပ်သည့်အခါဖြစ်စေ အောက်ပါအတိုင်း ရွတ်ဆိုခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။ အလ္လာအရှင်မြတ်သည် အကြီးမားဆုံးဖြစ်တော်မူသည်။ အလ္လာဟု အတ်က်ဗရ်။
ထို့နောက် ညာဘက်သို့လှည့်၍ ကအ်ဗဟ်ကျောင်းတော်အား မိမိ၏ ဘယ်ဘက်တွင် ထားရမည်။ ရုက်နိယမာနီထောင့်သို့ ရောက်လျှင် ၎င်းအား နမ်းရှုပ်ခြင်းမပြုဘဲ ထိကိုင်ရမည်။ အကယ်၍ အဆင်မပြေပါက တိုးဝှေ့ခြင်းမပြုရ၊ ၎င်းဘက်သို့ လက်ဖြင့်ညွှန်ပြခြင်းလည်း မပြုရ။
(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌ လည်း ကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာမင်္ဂလာများကို ပေးသနားတော်မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါ။) ရဗ္ဗနာ အာသိနာ ဖိဒ်ဒုန်ယာ ဟဆနဟ် ဝဖိလ် အာခိရသိ ဟဆနဟ် ဝကိနာ အာဿာဘန်နာရ်၊
ရုက်နိယမာနီနှင့် ဟဂ်ျရေအတ်စ်ဝဒ် နှစ်ခုကြားတွင် အောက်ပါဒုအာကို ရွတ်ဆိုရမည်။
သွဝါဖ်လှည့်ရာတွင် ဟဂ်ျရေအတ်စ်ဝဒ်နားမှ ဖြတ်သွားတိုင်း ၎င်းအား လက်ဖြင့် အိရှာရဟ်ပြုလုပ်ပြီး ရွတ်ဆိုရမည်– အလ္လာဟု အတ်က်ဗရ် အလ္လာဟု အတ်က်ဗရ်
မိမိသွဝါဖ်၏ကျန်နေရာများတွင် မိမိနှစ် သက်ရာ ဇိကိရ်၊ ဒုအာ၊ ကုရ်အာန် အာယသ်များ ရွတ်ဖတ်နိုင်သည်။
အကယ်၍ မိမိအတွက် အဆင်ပြေလွယ် ကူပါက သွဝါဖ်၏ ပထမသုံးပတ်တွင်သာ ရမလ်လုပ်ခြင်းသည် စွန္နသ်ဖြစ်သည်။ ခြေလှမ်းစိတ်စိတ်ဖြင့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းဖြင့်၊ ကျန်ရှိသော လေးပတ်တွင်မူ ခပ်သွက်သွက် လျှောက်ရန် မလိုပါ။
သွဝါဖ်ပြီးဆုံးသွားပါက အကယ်၍ အ ဆင်ပြေလွယ်ကူပါက မကာမိအိဗ်ရာဟီမ်၏ နောက်တွင် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုခြင်းသည် မွန်မြတ်ပါသည်။ မလွယ်ကူပါက ဗလီဝတ်ကျောင်းတော်၏ မည်သည့်နေရာတွင်မဆို ဝတ်ပြုနိုင်သည်။ ပထမရကအသ်တွင် စူရဟ်ဖာသိဟဟ် ဖတ်ပြီးနောက် ဖတ်ရမည်မှာ- ကုလ် ယာအိုင်းယုဟလ် ကာဖီရူန် ဒုတိယ ရကအသ်တွင် စူရဟ်ဖာသိဟဟ် ဖတ်ပြီးနောက် ဖတ်ရမည်မှာ - ကုလ် ဟုဝလ်လွာဟု အဟဒ်
သွဝါဖ်နှင့် သွဝါဖ်ပြီးနောက် ဝတ်ပြုရသည့် ဆွလာသ် နှစ်ရကအသ်ကို ဝတ်ပြုပြီးပါက စအီလုပ်သည့်နေရာသို့ သွားရမည်။ ဆွဖာတောင်နှင့် နီးကပ်လာလျှင် ဖတ် ရွတ်ရမည်မှာ အိးန္နတ်(စ်ွ) ဆွဖါ ဝလ်မရ်ဝသ မိန့်ရှအာအိရိလ်လာဟ် ထို့နောက် အောက်ပါအတိုင်း ရွတ်ဆိုရမည်။ အလ္လာဟ်အရှင်မြတ် အစပြုတော်မူခဲ့သည့်အရာဖြင့် ကျွန်တော်မျိုးအစပြုပါ၏။ အဗ်ဒအု ဘိမာ ဘဒအလ္လာဟု ဘိဟီ
ထို့နောက် ကစ်ဗ်လာ (ကအ်ဗဟ်ကျောင်းတော်) ဘက်သို့ မျက်နှာမူခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး ဤသို့ ဆိုရမည်။ ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိ။ စိုးပိုင်မှုနှင့် ချီးမွမ်းထောမနာခြင်းအပေါင်းသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ် သည် အရာခပ်သိမ်းကိုစွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိပါ။ အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပါသည်။ ထိုအရှင်မြတ်သည် မိမိ၏ ကတိတော်အား တည်စေတော်မူခဲ့၏။ ထို့ပြင် မိမိ၏ ကျေးကျွန်အား ကူညီစောင်မတော်မူခဲ့၏။ အရှင်မြတ် တစ်ပါးတည်းသာလျှင် ရန်သူ့တပ်များအား ရှုံးနိမ့်စေတော်မူသော အရှင်ဖြစ်ပါသည်။ လာအိလာဟ အိလ္လ်လ္လာဟု ဝဟ်ဒဟူ လာရှရီက လဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်းဒု ဝဟုဝ အလာကုလ်လိ ရှိုင်အိန် ကဒီးရ်၊ လာအိလာဟ အိလ္လ်လ္လာဟု ဝဟ်ဒဟ်၊ အန်းဂျဇ ဝအ်ဒဟ်၊ ဝနဆွရ အဗ်ဒဟ်၊ ဝဟဇမလ် အဟ်ဇာဗ ဝဟ်ဒဟ်၊ ၎င်းအား သုံးကြိမ်တိုင်တိုင် ဆိုရမည်၊ ထိုကြားထဲတွင် ဒုအာတောင်းရမည်။
ထို့နောက် ဆွဖာတောင်ပေါ်မှဆင်း၍ မရ်ဝဟ်သို့ လမ်းလျှောက်သွားရမည်။ အစိမ်းရောင်အမှတ်အသားနေရာသို့ ရောက်ပါက အမျိုးသားများသာ ခပ်သွက်သွက်ပြေးရမည်။ ဒုတိယအစိမ်းရောင် အမှတ်အသားနေရာသို့ ရောက်လျှင် လမ်းလျှောက်ရမည်။
မရ်ဝဟ်တောင်သို့ ရောက်လျှင် ဆွဖာတောင်ပေါ်တွင် ပြုလုပ်ခဲ့သည့် အတိုင်းပြုလုပ်ရမည်။ သက်ဗီရ်ဆိုခြင်း၊ ဒုအာပြုခြင်း၊ ရွတ်ဖတ်ခြင်း၊ ကအ်ဗဟ်ကျောင်းတော်ဘက်သို့ မျက်နှာမူခြင်း
ထို့နောက် မရ်ဝဟ်တောင်မှ ဆင်း၍ ဆွဖာတောင်သို့ လမ်းလျှောက်သွားရမည်။ အစိမ်းရောင်အမှတ်အသားနေရာသို့ ရောက်ပါက ခပ်သွက်သွက်ပြေးရမည်။ ဒုတိယအစိမ်းရောင် အမှတ်အသားနေရာသို့ ရောက်လျှင် လမ်းလျှောက်ရမည်။
ဤနည်းလမ်းအတိုင်း ခုနစ်ပတ် ပြီး ပြည့်စုံသည်အထိ ပြုလုပ်ရမည်၊ ၎င်း၏ ဆွဖာမှ မရ်ဝဟ်သို့ သွားခြင်းသည် စအီတစ်ကြိမ်ဖြစ်ပြီး၊ မရ်ဝဟ်မှ ဆွဖာသို့ ပြန်သွားခြင်းသည် နောက်တစ်ကြိမ်ဖြစ်သည်။ ဆွဖာမှ စတင်ပြီး မရ်ဝဟ်တွင် အဆုံးသတ်ရပါမည်။
စအီပြေးနေစဉ်မိမိနှစ်သက်ရာ ဇိကိရ်၊ ဒုအာ၊ ကုရ်အာန် အာယသ်များ ရွတ်ဖတ်နိုင်သည်။
ဦးခေါင်းရိတ်သည့်ပုံစံနှင့် ဆံပင်ညှပ်ရမည့်ပုံစံ
အွမ်ရာပြုသူသည် သွဝါဖ်၊ စအီ ပြုလုပ်ပြီးနောက် အမျိုးသားဖြစ်ပါက ဦးခေါင်းရိတ်ရန် သို့မဟုတ် ဆံပင်ညှပ်ရန် တာဝန် ရှိသည်။ ဦးခေါင်းတစ်ခုလုံးကို ရိတ်ခြင်း သို့မဟုတ် ဆံပင်ညှပ်ခြင်းမှာ ဝါဂျိဗ်ဖြစ်သည်။
အမျိုးသမီးသည် မိမိဆံပင်အဖျားများကို လက်တစ်ဆစ်ခန့် ညှပ်ရမည်။
ဤနည်းဖြင့် အွမ်ရာပြုလုပ်ခြင်း ပြီးမြောက်သွားပါပြီ။
မီကားသ်၏ အမိန့်ပညတ်ချက်များ
မြို့ ဇွလ်ဟုလိုင်ဖဟ် ဇာသုအိရ်က် ဂျုဟ်ဖဟ်
ယလမ်လမ် ကရ်နွလ်မနာဇိလ် အဲဟ်ရာမ်ပြုလုပ်ရသည့် နယ်နိမိတ်များ
မက္ကဟ်မြို့တော် မီကာသ် မက္ကာဟ်မြို့အနီးရှိသူ၏ အိဟ်ရာမ် သူ၏နေရာ
မက္ကာဟ်မြို့သားများ၏ အိဟ်ရာမ်။ ဟဂ်ျအတွက် ၎င်းတို့၏အိမ်များမှ အွမ်ရာအတွက် သန်အီးမ်
လေယာဉ်ဖြင့် လာသူ၏ အိဟ်ရာမ် မီကာသ်နှင့် တပြေးတည်း မရောက်မီ အိဟ်ရာမ်ဝတ်စုံ ဝတ်ဆင်ရမည်။ တစ်တန်းတည်းရောက်ရှိသောအခါ အိဟ်ရာမ်အတွက် နီယသ်ပြုရမည်။ သလ်ဗိယဟ်ကို စတင်ရွတ်ဆိုရမည်။ အိဟ်ရာမ်ပြုလုပ်ခြင်းကို လေယာဉ်ကွင်းရောက်သည်အထိ နောက်ဆိုင်းခြင်း မပြုပိုင်ပါ။
အိဟ်ရာမ်ပြုလုပ်နည်းနှင့် ၎င်း၏အမိန့်ပညတ်ချက်များ။
အမွှေးအကြိုင်သုတ်လိမ်းခြင်း
အမျိုးသမီးများအတွက်မဟုတ်ဘဲ အမျိုးသားများအတွက်သာ ခန္ဓာကိုယ် မုတ်ဆိတ်မွေး အဝတ်အစား
အိဟ်ရာမ်ဝတ်စုံ ဝတ်ဆင်ခြင်း။ လုံချည်နှင့် ခြုံထည် အမျိုးသား အဖြူနှစ်ခု အမျိုးသမီး သူမအလိုရှိရာ အဝတ်အစား အလှအပများကို ဖော်ပြသူမဟုတ်သူ နိကာဗ် လက်အိတ်နှစ်ဖက်
အွမ်ရာအတွက် အိဟ်ရာမ်ပြုခြင်း။
နိယသ်တွင် စည်းကမ်းသတ်မှတ်ခြင်း။
ခွင့်ပြုထားပြီး ၎င်းအပေါ်၌ မည်သည့် အပြစ်တစ်စုံတစ်ရာမျှမရှိပါ။
အိဟ်ရာမ်ပြုထားစဉ် မလုပ်ရန် တားမြစ်ထားသောအချက်များကို ရှောင်ကြဉ်ခြင်း။
အိဟ်ရာမ်မှမထွက်မခြင်း အိဟ်ရာမ်၌ တားမြစ်ထားသောအချက်များ။ အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် တားမြစ်ထားသည်။ မိမိအတွက်ဖြစ်စေ၊ အခြားသူအတွက်ဖြစ်စေ နိကာဟ်အတွက် ကမ်းလှမ်းခြင်း။ နိကာဟ်ပြုခြင်း အမျိုးသားများအတွက် ဟရာမ်ဖြစ်သည်။ အမျိုးသားများ အမျိုးသမီးများအတွက် တားမြစ်ထားသည်။
သွဝါဖ်ပြုလုပ်နည်း သွဝါဖ်ပြုလုပ်ရန်အတွက် သန့်ရှင်းစင် ကြယ်မှုရှိရန် သတ်မှတ်ထားသည်။
အိဿ်ွသွိဗာအ် အိဿ်ွသွိဗာအ်သည် သွဝါဖ်အတွက်သာဖြစ်သည်။ ဟဂ်ျရေအတ်စ်ဝဒ်မှ သွဝါးဖ်ကို စတင်သည်။
ရုက်နိယမာနီနှစ်ခုကြားတွင် ရွတ်ဖတ်ရမည့် ဒုအာ
ဇိကိရ် ဒုအာ ဆုတောင်းခြင်း ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း (ရမ်လ်) ခပ်သုတ်သုတ်လျှောက်ခြင်းအား တရားတော်၌ ပြဌာန်ထားခြင်း။ ပထမသုံးပတ်တွင်
မကာမိ အိဗ်ရာဟီမ်၏ နောက်တွင် ဆွလာသ်ဝတ်ပြုခြင်း။ လွယ်ကူပါက
ထို့ပြင် အသင်တို့သည် တမန်တော် အိဗ်ရာဟီမ် ရပ်တည်သည့်နေရာကို ဆွလာသ်ဝတ်ပြုရာ နေရာအဖြစ် သတ်မှတ်ကြပါ
(၃) ကြိမ် ပြေးသည် လမ်းလျှောက်သည် အစိမ်းရောင် အမှတ်အသား သက္ကဗီရ် ကအ်ဗဟ်ကျောင်းတော် ဘက်သို့မျက်နှာမူခြင်း။ ခုနှစ်ကြိမ် စွဖါမှ မရ်ဝါသို့ သွားခြင်းသည် တစ်ကြိမ်ဖြစ်သည်။ လှည့်ပတ်သည့်အကြိမ် (၁) ဦးခေါင်းရိတ်သည့်ပုံစံနှင့် ဆံပင်ညှပ်ရမည့်ပုံစံ
အမျိုးသားများအတွက် ဦးခေါင်းရိတ်ခြင်း နှင့် ဆံပင်ညှပ်ခြင်းသည် ဝါဂျစ်ဗ် တာဝန်ဖြစ်သည်။ ဦးခေါင်းတစ်ခုလုံးအား အကျုံးဝင်သည်။ အမျိုးသမီးများအတွက် ဆံပင်အနည်း ငယ်ညှပ်ရန် တာဝန်ရှိခြင်း။ အမျိုးသမီးများ