လောကကြီးကို မည်သူ ဖန်ဆင်းသနည်း။ ကျွန်ုပ်ကိုရော မည်သူကဖန်ဆင်းသနည်း။ အဘယ်ကြောင့်ဖန်ဆင်းရပါသနည်း။
ကျွန်ုပ်ဟာ လမ်းမှန်တရားပေါ်မှာရှိနေရဲ့လား။ မိုးကောင်းကင်များနှင့် မြေပထဝီများ၊ ထို့ပြင် ထိုအရာနှစ်ခုတွင်ရှိသော အတိုင်းအဆမရှိ များပြားလှသော အဖန်ဆင်းခံများကို မည်သူဖန်ဆင်းသနည်း။ မိုးကောင်းကင်နှင့်ကမ္ဘာမြေရှိ ဤမျှအနုစိတ်နိုင်ပြီး အလွန်တိကျခိုင်မာလှသော စနစ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ လူသားကို မည်သူဖန်ဆင်းသနည်း။ ထို့ပြင် ၎င်းတို့အား အမြင်အာရုံ၊အကြားအာရုံနဲ့ အသိပညာများကို ရှာဖွေဆည်းပူးနိုင်စွမ်းနှင့် တကယ့် အမှန်တရားများကို ဝေဖန်ပိုင်းခြားနိုင်သည့်အသိဉာဏ်ကို မည်သူကချီးမြှင့်ခဲ့သနည်း။
These files are generated automatically from the book's text; their layout may differ from the printed edition.
လောကကြီးကို မည်သူ ဖန်ဆင်းသနည်း။ ကျွန်ုပ်ကိုရော မည်သူကဖန်ဆင်းသနည်း။ အဘယ်ကြောင့်ဖန်ဆင်းရပါသနည်း။
ကျွန်ုပ်ဟာ လမ်းမှန်တရားပေါ်မှာရှိနေရဲ့လား။
မိုးကောင်းကင်များနှင့် မြေပထဝီများ၊ ထို့ပြင် ထိုအရာနှစ်ခုတွင်ရှိသော အတိုင်းအဆမရှိ များပြားလှသော အဖန်ဆင်းခံများကို မည်သူဖန်ဆင်းသနည်း။
မိုးကောင်းကင်နှင့်ကမ္ဘာမြေရှိ ဤမျှအနုစိတ်နိုင်ပြီး အလွန်တိကျခိုင်မာလှသော စနစ်ကို မည်သူဖန်ဆင်းခဲ့သနည်း။
လူသားကို မည်သူဖန်ဆင်းသနည်း။ ထို့ပြင် ၎င်းတို့အား အမြင်အာရုံ၊အကြားအာရုံနဲ့ အသိပညာများကို ရှာဖွေဆည်းပူးနိုင်စွမ်းနှင့် တကယ့် အမှန်တရားများကို ဝေဖန်ပိုင်းခြားနိုင်သည့်အသိဉာဏ်ကို မည်သူကချီးမြှင့်ခဲ့သနည်း။
အသင့်ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ဤမျှအသေးစိတ် တိကျ သေသပ်စွာ ဖန်ဆင်းပြီး အသင့်အား အလှပဆုံးပုံသဏ္ဌာန်ဖြင့် ပုံဖော်ပေးခဲ့သူမှာ မည်သူနည်း။
ကမ္ဘာလောကကြီးထဲမှာရှိနေတဲ့ အဖန်ဆင်းခံသက်ရှိတွေရဲ့ မတူကွဲပြားမှုတွေ၊အမျိုးအစားစုံလင်မှုတွေကို အကန့်အသတ်မရှိပေါ်လွင်ထင်ရှားစွာ ပြုလုပ်စီမံထားသူသည် မည်သူနည်းဆိုတာကို မိတ်ဆွေလေးလေးနက်စွာဆင်ခြင်ကြည့်ပါ။
ဤကြီးမားကျယ်ပြန့်သော စကြာဝဠာကြီးသည် နှစ်ပေါင်းများစွာတိုင် တိကျသေချာစွာ ထိန်းချုပ်ထားသည့် နိယာမများဖြင့် အဘယ်ကြောင့် စနစ်တကျ ရှိနေပြီး တည်တံ့နေသနည်း။
ရှင်သန်နေခြင်းနှင့်သေခြင်းတရား၊မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလဲဖြစ်ပေါ်နေခြင်း၊ နေ့ည၊ ဥတုရာသီတို့ကိုအစီစဉ်တကျဖြစ်ပေါ် ပြောင်းလဲနေစေသောဥပဒေသတွေကိုရော ဘယ်သူကချမှတ်ခဲ့ပါသနည်း။
ဤစကြာဝဠာက သူ့ကိုယ်သူဖန် ဆင်းလိုက်တာလား၊ ဒါမှမဟုတ် လုံးဝမရှိခြင်းဗလာနတ္တိကနေ ဖြစ်ပေါ်လာတာလား၊ ဒါမှမဟုတ်မတော်တဆဖြစ် တည်လာတာလား၊ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်။ (သို့တည်းမဟုတ် ၎င်းတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ယောက်မျှ မရှိဘဲ ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် (မိမိ တို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော။ သို့တည်းမဟုတ် ထိုသူတို့သည် မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းခဲ့ကြလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ယုံကြည်ကြသည် မဟုတ်ပေ။) ကုရ်အာန် (၅၂:၃၅-၃၆)
ကျွန်တော်တို့တွေက မိမိကိုယ်ကိုဖန်ဆင်းလိုက်တာလည်းမဟုတ်၊ မရှိခြင်းနတ္တိကနေဖြစ်လာတာလည်းမဟုတ်၊ ကြုံကြိုက်တိုက်ဆိုင်မှုတွေကနေ ဖြစ်လာတာလဲမဟုတ်ဘူးဆိုလျှင် ဒွိဟမရှိတဲ့အမှန်တရားက ဒီလောကစကြာဝဠာကြီးကို အလွန်အဆင့်မြင့်ပြီးဉာဏ်တော်အနန္တနဲ့ပြည့်စုံတဲ့ ဖန်ဆင်းရှင်တစ်ပါးက စီမံပြုလုပ်ဖန်ဆင်းလိုက်တယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီစကြာဝဠာက သူ့ကိုယ်သူ ဖန်ဆင်းတာမရှိခြင်း၊ နတ္တိကနေဖြစ်လာတာ၊ ဒါမှမဟုတ် ကြုံကြိုက်တိုက်ဆိုင်မှုတွေကနေ ဖြစ်ပေါ်လာတယ်ဆိုတာ မည်သို့မျှမဖြစ်နိုင်သည့် အတွက်ကြောင့်ပဲဖြစ်တယ်။
လူသားဟာ သူမမြင်မတွေ့ရတဲ့ ဉာဏ် စိတ်ဝိညာဉ်တို့၊စိတ်ရဲ့ခံစားချက်အဖုံဖုံနဲ့ချစ်ခြင်းမေတ္တာတို့စတဲ့အရာတွေကို အရှိတရားဖြစ်ဘာကြောင့်ယုံကြည်တာလဲ။ တကယ်တော့ အဲ့ဒီအရာတွေရဲ့အရှိသဘောထက် သက်ရောက်မှုအကျိုးဆက်ကြောင့်ယုံကြည်နေကြတာ မဟုတ်ပါသလား။ သို့ရှိရာ ဤလောက်ပင်ကြီးမားကျယ်ပြန့်လှသည့် စကြာဝဠာကို ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ဆန်းကျယ်လှသည့်ဖန်းဆင်းမှု၊ အံ့ဩဖွယ်စီမံမှုတွေ၊ ကြီးကျယ်ခန့်ညားမှုတွေ၊ ကရုဏာတရားတွေရဲ့သက်ရောက်မှုအကျိုးတရားတွေကို မြင်တွေ့နေပါလျက်နဲ့ ဖန်ဆင်းရှင်ကို ဘာကြောင့်များငြင်းဆန်နေသေးတာလဲ။
ကျွန်တော်တို့ရှေ့မှာရှိနေသည့်အဆောက် အဦးကြီးတစ်ခုကို မည်သူမှတည် ဆောက်ထားခြင်းမရှိဘဲ သူ့အလိုလိုပေါ်လာခြင်း၊ဒါမှမဟုတ် ဘာမှမရှိခြင်းက ဖြစ်ပေါ် (ဖန်တီး) လိုက်တာလို့ပြောရင် အသိဉာဏ်ရှိသူမည်သူတစ်ဦးတစ်ယောက်မျှပင် လက်ခံကြလိမ့်မည်မဟုတ်ပေ။ ဤမျှပင်ကြီးမားလှသည့်လောကစကြာဝဠာကြီးက ဖန်ဆင်းရှင်တစ်ဦးတစ်ယောက်မျှမရှိဘဲ ဖြစ်ပေါ်လာသည်ဟု အဆင်ခြင်မဲ့ပြောနေခြင်းကို အချို့သောသူတွေမည်သို့လက်ခံယုံကြည်နေကြသနည်း။ ဤမျှဟန်ချက်ညီညီနဲ့စနစ်တကျအသေးစိတ်ဖြစ်နေသော ဤပေါင်းစပ်လည်ပတ်နေမှုကြီးဟာ ရုတ်တရက်ဖြစ်လာပေါ်လာသည်ဟုဆိုလိုခြင်းသည် အသိဉာဏ်ရှိသူတစ်ဦးက မည်သို့လက်ခံနိုင်မည်နည်း။
ဤအချက်တွေအားလုံးဟာ ကျွန်တာ်တို့ကို ရလဒ်တစ်ခုတည်းဆီကို ညွန်ပြနေတယ်။ အဲ့ဒါဟာ ဘာလဲဆိုရင် ဒီလောကကြီးကို စီမံခန့်ခွဲနေတော်မူတဲ့ ဖန်ဆင်းရှင်တစ်ပါးရှိနေတယ်။ ထိုအရှင်ဟာတစ်ဆူတည်းတစ်ပါးတည်းဖြစ်တယ်။ ခဝပ်ကိုးကွယ်မှုဟူသမျှကိုလည်းအမှန်တကယ်ခံထိုက်တော်မူတဲ့အရှင်ဖြစ်တယ်။ ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအားလုံးတို့ဟာ မှားယွင်းမှုဧကန်ဖြစ်တဲ့အပြင် ကိုးကွယ်မှုကိုလည်းအမှန်တကယ်ခံထိုက်တဲ့သူတွေမဟုတ်ကြပါဘူး။
ကြီးမားမြင့်မြတ်လှတဲ့ ဖန်းဆင်းမွေးမြူတော်မူသောအရှင်
ဒီမှာ ခပ်သိမ်းကုန်သောအရာဟူသရွေ့ကို ဖန်ဆင်းပြုစုပျိုးထောင်ထားတဲ့ အရှင်တစ်ပါးရှိနေတယ်။ ထိုအရှင်မြတ်သာလျှင်အရာအားလုံးကိုတုဖက်မရှိစိုးမိုးအုပ်ချုပ်တော်မူပြီးအစီစဉ်တကျစီမံပေးနေတဲ့အရှင်ဖြစ်တယ်။သက်ရှိတိုင်းအတွက်လိုအပ်သမျှကိုချီးမြှင့်ထားတော်မူပြီးရှင်စေ၊သေစေတော်မူတဲ့အရှင်လည်းဖြစ်တယ်။ပထဝီမြေပြင်ကြီးကိုအဖန်ဆင်းခံသက်ရှိတို့ကောင်းမွန်စွာအသက်ရှင်နေထိုင်နိုင်ဖို့အတွက်ပြုလုပ်ဖန််ဆင်းပေးထားတယ်။ပြီးတော့ ကြီးမားခိုင်ခံ့ပြီးစနစ်ကျဟန်ချက်ညီလှတဲ့မိုးကောင်းကင်တွေကိုလည်းအဆင့်ဆင့်ဖန််ဆင်းထားတော်မူတယ်။ ဒါ့အပြင် နေ၊လ၊နက္ခတ်၊ဂြိုဟ်တာရာတွေနဲ့အတူနေ့နဲ့ညကိုလည်းပြုလုပ်ဖန်ဆင်းပေးထားတော်မူတယ်။အဲ့ဒီအသေးစိတ်ဆန်ပြီးစနစ်ကျဟန်ချက်ညီနေမှုက ထိုအရှင်မြတ်ရဲ့ကြီးကျယ်ကြောင်းမြင့်မြတ်ကြောင်းကို ညွှန်ပြနေတယ်ဆိုတာ ယုံမှားသံသယမရှိပါ။
ထိုအရှင်မြတ်သာလျှင် ကျွန်တော်တို့ အသက်ရှင်သန်ရေးအတွက်မရှိမဖြစ်လိုအပ်သောလေကို ကျွန်တော်တို့အဖို့ ထိန်းချုပ်ပေးတော်မူထားသည်။ကျွန်တော်တို့အပေါ် မိုးရေကို ရွာသွန်းစေပြီး မြစ်ချောင်းများ၊ ပင်လယ်သမုဒ္ဒရာများကို ကျွန်တော်တို့အသုံးချနိုင်ရန်အတွက် ပြုလုပ်ပေးထားသည်။ ထိုအရှင် မြတ်ကသာ ကျွန် တော်တို့မည်သည့်အရာကိုမှမစွမ်း ဆောင်နိုင်သေးသောကာလ အမေ့ဝမ်းဗိုက်ထဲကသန္ဓေသားဘဝမှာ ကျွန်တော်တို့ကို အစာအဟာရပေးကျွေးမွေး စောင့်ရှောက်တော်မူခဲ့သည်။ ထိုအရှင်မြတ်သည်သာကျွန်တော်တို့မွေးဖွားသည်မှ သေဆုံးသည်အထိ ကျွန်တော်တို့၏ သွေးကြောတွေထဲမှာ သွေးတွေကို လှည့်ပတ်စီးဆင်းနေစေတော်မူသည်။
ဤစီမံခန့်ခွဲဖန်ဆင်း တော်မူသော၊ အလွန့်အလွန်စားနရိက္ခာချီးမြှင့်တော်မူ သောသူသည် အလ္လာဟ် အရှင်မြတ်ပဲဖြစ်ပါသည်။
ထိုအရှင်မြတ်သာလျှင် စကြာဝဠာခပ်သိမ်းမှာ ကျွန် တော်တို့မြင်နေရ သောအရာများ၊မမြင်ရသောအရာများအားလုံးကို ဖန်ဆင်းခဲ့သည်။ တစ်ပါးတည်းသောဖန်ဆင်းရှင် အစစ်အမှန်ဖြစ် တော်မူသည်။အလ္လာဟ်အရှင်မြတ်မှအပအခြားအရာအားလုံးသည် အရှင်မြတ်၏ အဖန်ဆင်းခံများသာဖြစ်သည်။ထို့ကြောင့် ယင်းဖန််ဆင်းရှင်တစ်ပါးတည်းကသာ ကိုးကွယ်ဆည်းကပ်မှုအစုစုကိုခံထိုက်တော်မူ၏။ ထိုအရှင်မြတ်ကလွဲ၍အခြားခဝပ်ကိုးကွယ်ခံထိုက် သူဟူ၍မရှိ ပေ။ စိုးမိုးအုပ်ချုပ်မှု၊ ဖန်ဆင်းဖြစ်တည်စေမှု၊ စီမံကွပ်ကဲမှု၊ကိုးကွယ်ခံထိုက်မှုတို့တွင် အရှင်မြတ်နဲ့တုဖက်ယှဉ်ဖက်ဟူ၍လည်းအလျှင်းဧကန်မရှိပေ။
အကယ်၍ ဤလောကစကြာဝဠာကြီးထဲတွင်ဖန် ဆင်းရှင်နဲ့အတူ နောက်ထပ်စင် ပြိုင်ဘုရားတွေရှိသည်ဟု ကျွန်တော်တို့ မလွဲသာလို့ လက်ခံလိုက်ရတယ်ဆိုပါစို့။ ဒါဆိုရင်သေချာတာက လောကကြီးမုချပျက်စီးသွားခဲ့မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဖန်ဆင်းရှင်နှစ်ပါးက တချိန်တည်းမှာပဲ စကြာဝဠာရဲ့အရေးကိစ္စများကို စီမံခန့်ခွဲဖို့ဆိုတာ မဖြစ်နိုင်လို့ပဲ။ ဒီသ ဘောကိုပဲ အလ္လာဟ် အရှင်မြတ်က မိန့်မြွက်ထားတော်မူတယ်။ အကယ်၍သာ ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုတွင် အလ္လာဟ် အရှင်မြတ်အပြင် အခြား (ထာဝရတည်ရှိသော)ကိုးကွယ်ခံထိုက်သည့်အရှင်များရှိခဲ့ကြပါမူ(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးမှာ မလွဲဧကန် ပျက်စီးခဲ့ပြီးဖြစ်ကြပေမည်။ ကုရ်အာန် (၂၁:၂၂)
ဖန်းဆင်းရှင်၊ အဆင့်ဆင့်မွေးမြူပြုစုပျိုး ထောင် တော်မူသည့်အရှင်၏ဂုဏ်တော်များ
နိစ္စထာဝရဖန်ဆင်းရှင်တွင် ရည်တွက်မရအောင်များပြားလှပြီးအရှင်မြတ်ရဲ့အနှိုင်းမဲ့ပြည့်စုံမှု၊ကြီးကျယ်မြင့်မြတ်မှုကိုဖော်ညွှန်းတဲ့အလွန်လှပတင့်တယ်ခန့်ညားသောနာမတော်ဂုဏ်တော်များရှိသည်။ အရှင့်မြတ်နာမတော်တွေထဲမှအချို့ကိုဖော်ပြပါမည်။ "အလ်ခါလိက်" ဖန်ဆင်းရှင်၊ "အလ္လာဟ်" တုဖက်ယှဉ်ဖက်၊ဂုဏ်ရည်တူဟူသရွေ့မှအလျှင်းကင်းစင်ပြီး ဆည်းကပ်ကိုးကွယ်မှုအစုစုကိုတစ်ပါးတည်းခံထိုက်တော်မူသည့်အရှင်၊ "အလ်ဟိုင်းယ်" အမြဲရှင်နေတော်မူ သောထာဝရအရှင်၊ "အလ်ကိုင်ယ်ယူးမ်" ထာဝရတည်ရှိလျက် ထိန်း သိမ်းစောင့်ရှောက်တော်မူ သောအရှင်၊ "အရ် ရဟီးမ်" အလွန့်အလွန်သနားကြင်နာတော်မူ သော်မဟာဂရုဏာတော်ရှင်၊ "အရ် ရဇ္ဇားက်" အလွန်ချီးမြှင့်ပေးကမ်းတော်မူေသာအရှင်၊ "အလ်ကရီးမ်" အတိုင်းအဆမဲ့ရက်ရောတော်မူ သောအရှင်။ ကုရ်အာန်ကျမ်းတော်မြတ်မှာ အလ္လာဟ်အရှင်မြတ်ထုတ်ဖော်မိန့်ကြားထားတော်မူတယ်။ အလ္လာဟ်အရှင်မြတ်သည် (သာလျှင် ခဝပ် ကိုးကွယ်ရာအရှင် ဖြစ်တော် မူ၏)။ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်းခံထိုက်သူဟူ၍ အလျှင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲရှင်နေတော်မူသောအရှင်၊(ထာဝရတည်ရှိလျက်ဝေနေယျအပေါင်းကိုလည်း) ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်ကို ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်းကောင်း မဖိစီးနိုင်ပေ။ အရှင်မြတ်သည်သာလျှင် အာကာသကောင်းကင်များနှင့်မြေ၌ရှိရှိသမျှသော(သက်ရှိသက်မဲ့) အရာ ဝတ္ထုဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။အရှင် မြတ်၏ခွင့်ပြုချက်မရှိဘဲ အရှင့်အထံတော်တွင် သူတစ်ပါးအတွက် ကြားဝင်အသနားခံတောင်းပန်ပေးနိုင်သူကားမည်သူ နည်း။ ထိုအရှင်မြတ်သည် သူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်း ကိစ္စအလုံးစုံကို အကြွင်းမဲ့ သိရှိတော်မူသည်။ သို့ရာတွင် ယင်းသူတို့သည် အရှင်မြတ်၏အသိတော်ထဲမှ အရှင်မြတ်အလိုရှိတော်မူသည်မှလွဲ၍တစ်စုံတစ်ရာကိုမျှဝန်းခြုံ၍မသိနိုင်ကြပေ။ အရှင်မြတ်၏ကုရ်စီတော်သည် အာကာသကောင်းကင်များနှင့်တကွကမ္ဘာမြေပြင်တခွင်လုံးကို ဝန်းခြုံလျက် ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိ စေသည် မဟုတ်ပေ။ စင်စစ်မူကား ထိုအရှင်မြတ်သည် အလွန်မြင့်မားကြီးကျယ်တော်မူသောအရှင်၊ ကြီးကဲထွတ်မြတ်တော်မူသောအရှင်ဖြစ်တော်မူသတည်း။ ကုရ်အာန် (၂:၂၅၅)
အလ္လာဟ်အရှင်မြတ်မိန့်တော်မူတယ်- (အို-တမန်တော်) အသင်ပြောပါ။ ထိုအလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းတစ်ပါးတည်းဖြစ်တော်မူ၏။ အရှင်မြတ်သည် လိုလားတောင့်အပေါင်းမှားလုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ နိစ္စထာဝရအရှင် ဖြစ်တော် မူ၏။ အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်းခံခဲ့ရသည်မ ဟုတ်ပေ။ ထိုမှတစ်ပါး အရှင်မြတ်တွင် ဂုဏ် ရည်တူသူဟူ၍ လည်း တစ်ဦးတစ်ယောက်မျှ မရှိပေ။ ကုရ်အာန်(၁၁၂:၁-၄)
ကိုးကွယ်ဆည်းကပ်မှုကို ခံထိုက်တဲ့ဖန်ဆင်းရှင်ဟာ ချွတ်ယွင်းချက်၊အားနည်းချက်ဟူသရွေ့မှကင်းစင်ကာ ပြီးပြည့်စုံခြင်းဂုဏ်တော်ရှင်ဖြစ်တယ်။
ဖန်ဆင်းရှင်၏ဂုဏ်တော်တွေများအနက် တစ်ခုဟာ အရှင်မြတ် သည် ကိုးကွယ်ဆည်းကပ်မှုအစုစုကိုခံထိုက်တော်မူ သောအရှင်ဖြစသည်။အရှင်မြတ်မှအပအခြားအရာအားလုံးသည်ဖန်ဆင်းရှင်၏ စီမံအုပ်ချုပ်မှုအောက်မှာရှိနေကာကျေပွန်စရာတာဝန်အသီးသီးနဲ့အဖန်ဆင်းခံများသာဖြစ်ကြပါတယ်။
ဒီ့အပြင်"အလ်ဟိုင်းယ်" အမြဲရှင်နေတော်မူ သောထာဝရအရှင်၊ "အလ်ကိုင်ယ်ယူးမ်" ထာဝရတည်ရှိလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူ သောအရှင်ဆိုတဲ့ဂုဏ်ဒြပ်တို့သည်လည်း ဖန်ဆင်းရှင်၏အနှိုင်းမဲ့ဂုဏ်တော်တွေထဲကဖြစ်သည်။ ထို့ကြောင့် စကြာဝဠာကြီးမှာရှိနေသည့်သက်ရှိအားလုံးတို့သည်ဖန်ဆင်းရှင်တစ်ပါးတည်းကသာ မရှိခြင်းအတိကနေရှင်သန် နေခြင်းအသက်ဓာတ်ကိုပေးကမ်းချီးမြှင့်ထားခြင်းဖြစ်သည်။အရှင်မြတ်ကသာ လူသားတွေရှင်သန်ရပ်တည်နိုင်ဖို့အဖက်ဖက်ကနေပံ့ပိုးပေးထားတော်မူသည်။ရှာဖွေစားသောက်နိုင်ရန်စားနပ်ရိက္ခာကိုလည်းလုံလုံလောက်လောက်ဖြည့်ဆည်းပေးထားသည်။ ဖန်ဆင်းရှင်က အမြဲရှင်နေတော်မူ သောထာဝရအရှင်ဖြစ်သည့်အတွက် သေဆုံးခြင်းနဲ့ပျက်သုဉ်းခြင်းဟာ ဖန်ဆင်းရှင်နဲ့အလျှင်းမသက်ဆိုင်တဲ့အရာဖြစ်၏။ထာဝရတည်ရှိလျက် ထိန်းသိမ်းစောင့်ရှောက်တော်မူသည့်အရှင်ဖြစ်တဲ့အတွက်အရှင်မြတ်ကို ငိုက်မျဉ်းခြင်းတို့၊ အိပ်စက်ခြင်းတို့ကဘယ်သောအခါမျှမဖိစီးနိုင်ပါ။
ထိုအရှင်၏ ဂုဏ်တော်များအနက်မှ " အလ် အလီးမ်" အလုံးစုံကိုအကြွင်းမဲ့သိတော်မူ သောအရှင် ဟူ၍ဖြစ်၏။ ထိုအရှင်မြတ်ထံတော်ပါး၌ ပထဝီမြေပြင်နဲ့အာကာသမိုးကောင်းမှာရှိတဲ့ဘယ်အရာကမျှဖုံးကွယ်တိမ်မြုပ်နေတယ်ဆိုပြီးမရှိပါ။
အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့မြင်တော်မူ သောအရှင်ဖြစ်သည်။ အရာခပ်သိမ်းနဲ့ပတ်သက်ပြီးကြားသိနေတော်မူတယ်။အရာခပ်သိမ်းကိုလည်းကြည့်မြင်နေတော်မူတယ်။လူသားရဲ့စိတ်ကမသိမသာပေါ်ပေါက်စေသောအရာတွေကိုရော စိတ်နှလုံးသားထဲမှာသိုဝှက်ဖုံးကွယ် လထားတဲ့အကြံအစည်တွေကိုပါ အကြွင်းမဲ့သိတော်မူတဲ့အရှင်ဖြစ်တယ်။အကြောင်းမှာ-ပထဝီမြေပြင်နှင့်အာကာ သမိုးကောင်းမှာရှိတဲ့ဘယ်အရာကမျှအလ္လာဟ့်ထံတော်မှာဖုံးကွယ်တိမ်မြုပ်နေတယ်ဆိုပြီးမရှိပါ။
အရှင်မြတ်သည်အနှိုင်းမဲ့တတ်စွမ်းနိုင်တော်မူ သောအရှင်ဖြစ်သည်။အရှင် မြတ်၏ စွမ်းပကားကိုဘယ်အရာကမှရပ်တန့်သွားအောင်မလုပ်နိုင်၊ အရှင့်၏အလိုတော်ကိုလည်းမည်သူတစ်ဦးတစ် ယောက်မှမပယ်ဖျက်နိုင်၊ မိမိအလိုရှိရာကိုပြုတော်မူပြီး မိမိအလိုတော်အတိုင်းတားမြစ်တော်မူသည်။ ရှေ့နောက်အစီအစဉ်ကိုလည်း စီမံချမှတ်နိုင်တော်မူသောအရှင်၊ အလွန်နက်နဲမြင့်မြတ်သော ဉာဏ်ပညာကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။
ဖန်ဆင်းခြင်း၊ရက်ရောစွာရိက္ခာပေးချီးမြှင့်ခြင်း၊အလုံးစုံကိုစိုးမိုးအုပ်ချုပ်စီမံပေးနေခြင်းတို့ဟာလည်း အရှင်မြတ်ရဲ့အလွန်မြင့်စွင့်ထွတ်မြတ်လှတဲ့ဂုဏ်တော်တွေထဲကဖြစ်တယ်။ ထိုအရှင်သည် အဖန်ဆင်းခံတို့အား ဖန်ဆင်းတော်မူပြီး၊ ၎င်းတို့အား စီမံခန့်ခွဲတော်မူသည်။ အဖန်ဆင်းခံအားလုံးဟာ အရှင်မြတ်ရဲ့လက်တော်ထဲမှာသာဖြစ်ပြီး ခပ်သိမ်းဟာအရှင်မြတ်ရဲ့လွှမ်းမိုးမှုအောက်မှာဖြစ်ပါတယ်။
အရှင်မြတ်၏ ဂုဏ်တော်များအနက်မှ တစ်ခုမှာ - ဒုက္ခ ရောက်နေသူ၏ ဆုတောင်းမှုကိုလက်ခံတော်မူသော၊ ပူဆွေးသောကရောက်နေသူကို ကူညီတော်မူသော၊ ဒုက္ခအခက်အခဲကို ဖယ်ရှားပေးတော်မူသော အရှင်ဖြစ်တော်မူသည်။ ဖန်ဆင်းခံတိုင်းသည် အခက် အခဲဒုက္ခနှင့် ကြုံတွေ့ရသောအခါ မလွဲ မသွေ ထိုအရှင်မြတ်ထံသို့သာ လှည့်ကြသည်။
ထို့ကြောင့်လူသား ၏ခဝပ်ဆည်းကပ်မှုအစုစုဟာဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းအတွက်သာ ဖြစ်တော် မသည်။အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာလျှင် ခဝပ်ဆည်းကပ်ကိုးကွယ်မှုကို ပြီးပြည့်စုံစွာ ခံထိုက်သည့် အရှင်ဖြစ်သည်။ ထိုအရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံရသော အရာအားလုံးတို့သည် မှားယွင်း စွာကိုးကွယ်ခြင်းခံရသည့်အရာများဖြစ်ပြီး၊ ၎င်းတို့သည် မပြည့်စုံခြင်း၊ ပျက်စီးခြင်းနဲ့ မရဏသေခြင်းတို့ကိုမုချရင်ဆိုင်ကြရမည့်သူများဖြစ်ကြသည်ပင်။
အလ္လာဟ်အရှင်မြတ် သည်ကျွန်တော်တို့တွေအရှင့်ရဲ့ကြီးကျယ်မြင့်မြတ်မှုတွေကိုသိမြင်ခံစားနိုင်ဖို့အသိဉာဏ်ကိုချီးမြှင့်ထားတော်မူသည်။ကျွန်တော်တို့ရဲ့ဖြစ်တည်မှုဗီဇ၊ပင်ကိုစရိုက်ထဲမှာ ကောင်းတာကိုချစ်တတ်ခြင်း၊မကောင်းတာကိုရွံရှာတတ်ခြင်း၊စိတ်နှလုံးဟာ အရှင့်ထံခိုလုံလိုက််ရင်အေးချမ်းတည်ငြိမ်မှု၊စိတ်လုံခြုံမှုကိုခံစားရခြင်းတို့ထည့်သွင်းပေးထားတော်မူတယ်။လူသားရဲ့အဲဒီ့မူလဖြစ်တည်မှုပင်က်ိုစိတ်ကိုက ဖန်ဆင်းရှင်ဟာပကတိပြည့်စုံတော်မူတဲ့အရှင်ဖြစ်ကြောင်း၊ အားနည်းချက်ဟူသရွေ့ကနေအလျှင်းကင်းစင်ကြောင်းကိုညွှန်ပြနေပါတယ်။
အသိဉာဏ်ရှိတဲ့လူတစ်ယောက်အနေနဲ့ ဘဝမှာ မိမိကိုအမှန်တကယ်ဖန်ဆင်းထားတော်မူတဲ့ပြည့်စုံကုန်လုံခြင်းအတိနဲ့ဘုရားသခင်အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာခဝပ်ကိုးကွယ်သင့်ပါသည်။စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့လူတစ်ယောက်အနေနဲ့ သူလို့ပဲမပြည့်စုံမှုတွေတစ်သီတစ်တန်းနဲ့အဖန်ဆင်းခံအချင်းချင်းကိုပဲဘာကြောင့်ထပ်ပြီးကိုးကွယ်နေအုံးမလဲ??ဒါမှမဟုတ်သူ့လောက်တောင်အဖြစ်မရှိဘဲနှိမ့်ကျတဲ့သတ်မဲ့အရုပ်တွေ၊ကျောက်တုံးကျောက်ခဲတွေကိုဘာကြောင့်ကိုးကွယ်နေမလဲ??
ခဝပ်ကိုးကွယ်ခြင်းခံရသောအရာသည် လူ၊ ရုပ်တု၊ သစ်ပင်၊ အဟိတ်တိရိစ္ဆာန်တို့ မဖြစ်သင့်ပါ။
ဖန်ဆင်းရှင်ဟာ မိုးကောင်းကင်တွေရဲ့အပေါ်အရ်ရှ် ပလ္လင်တော်ထက်စံမြန်းနေပြီး အဖန်ဆင်းခံတွေနဲ့သီးခြားရှိနေတော်မူတဲ့အရှင်ဖြစ်တယ်။ဖန်ဆင်းရှင်ဟာ အဖန်ဆင်းခံတွေနဲ့ဆင်တူမှုစိုးစဉ်းမျှမရှိပါ။ဖန်ဆင်းခံတွေထဲကတစ်စုံတစ်ရာကလည်း ဖန်ဆင်းရှင်နဲ့ဘာမျှတူဆင်မနေပါ။ဖန်ဆင်းရှင်ဟာ မိမိရဲ့အဖန်ဆင်းခံများအနက် ဘယ်သူ့ထဲကိုမှ ဝင်စားနေတာမဟုတ်သလို ဘယ်သူ့သဏ္ဍာန်ကိုမျှပုံဆောင်ထားတာလည်းမဟုတ်ပါ။
ဖန်ဆင်းရှင်နဲ့တူ သောအရာဟူ၍ တစ်စုံတစ်ရာမျှပင်မရှိပါ။ ထိုအရှင်မြတ်သာလျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ဒါ့အပြင် အရှင်မြတ်နဲ့ ဂုဏ်ရည်တူသူဟူ၍လည်းတစ်ဦးတစ်ယောက်မျှပင်မရှိပါ။အရှင်မြတ်ဟာလိုလားတောင်းတခြင်းလုံးဝကင်းတော်မူပြီး၊စားခြင်းသောက်ခြင်း၊အိပ်စက်ခြင်းတွေကနေလည်းကင်းရှင်းတော်မူတယ်။မြင့်မားကြီးကျယ်လှတော်မူသောနိစ္စထာဝရရှင်၊အနန္တအရှင်၊အနှိုင်းမဲ့ဖန်ဆင်းရှင်မှာ ဇနီးမယားရှိခြင်းနဲ့သားသမီးရှိခြင်းတွေဟာ မည်သို့မျှမဖြစ်တန်မအပ်စပ်တဲ့အရာတွေဖြစ်တယ်။ အနှိုင်းမဲ့ဂုဏ်တော်ရှင်၊အကြွင်းမဲ့တန်ခိုးတော်ရှင်မှာ လိုအပ်ချက်၊ မပြည့်စုံမှုတွေ၊အားနည်းချက်တွေ ဘယ်တော့မှရှိမနေပါဘူး။ရှိဖို့လည်းဖြစ်နိုင်ပါဘူး။
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ အို-လူခပ်သိမ်းတို့၊ ပမာတစ်ခု ခိုင်းနှိုင်းပြမည်ဖြစ်သည့်အတွက် အသင်တို့သည် ထိုအရာကို သေချာစွာ နားထောင်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့ ဟစ်ခေါ် တသ(ကိုးကွယ်ဆည်းကပ်လျက်ရှိ)ကြသည့်အရာများအားလုံးစုပေါင်း၍ (ကြိုးပမ်း)ကြလျှင်လည်း ယင်ကောင်တစ်ကောင်ကိုပင် လုံးဝ ဖန်ဆင်းနိုင်ကြမည်မဟုတ်ပေ။ ထို့ပြင် အကယ်၍ ထိုယင်ကောင်သည် သူတို့ထံမှ တစ်စုံတစ်ခု လုယူ(သုတ်ချီသွား)လျှင် သူတို့သည် ၎င်းအရာကိုပင် ယင်ကောင်ထံမှ ပြန်လုယူနိုင်ကြမည် မဟုတ်ပေ။ လိုလားဟစ်ခေါ်(ကိုးကွယ်ဆည်းကပ်)သူရော၊ လိုလားဟစ်ခေါ်(ကိုးကွယ်)ခံရသူပါ အားအင်ချည့်နဲ့ကြသည်တကား။ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ရိုသေကိုင်းရှိုင်းရန်တာဝန်ရှိသည်နှင့်အမျှ ရိုသေ ကိုင်းရှိုင်းမှုကိုမပြုကြပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားပြည့်စုံတော်မူသောအရှင်၊ တန်ခိုးအာနုဘော်တော်ဖြင့်အလွန်လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည်။ ကုရ်အာန် (၂၂:၇၃-၇၄)
ဤကြီးကျယ်မြင့်မြတ်လှတယ့် ဖန်ဆင်းရှင်က ကျွန်တော်တို့ကိုဘာအတွက်ဖန်ဆင်းလိုက်တာလဲ။ ကျွန်တော်တို့ဆီကနေ အရှင်မြတ်က ဘာကိုလိုလားတာလဲ။
အနန္တအသိဉာဏ်ပညာ၊အနှိုင်းမဲ့အမြော်အမြင်တို့နဲ့ပြည့်စုံလှတဲ့ဖန်ဆင်းရှင်ဟာ ဒီလောက် ကြီးမားအံ့ဩဖွယ်ကောင်းတဲ့အဖန်ဆင်းခံတွေကိုဘာရည်ရွယ်ချက်မှမရှိဘဲအချီးအနှီးအလဟဿဖန်းဆင်းထားမလား။
စင်စစ် ကျွန်ုပ်တို့ကို ဤမျှတိကျစွာ ဖန်ဆင်းပြီး မိုးမြေရှိရှိသမျှကို ကျွန်ုပ်တို့အတွက် ထိန်းချုပ်နိုင်နင်းစေထားတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အား ရည်ရွယ်ချက်မရှိဘဲ ဖန်ဆင်းတော်မူထားတယ်ဆိုတာ ဖြစ်နိုင်မလား။ ထို့ပြင် "ကျွန်ုပ်တို့အဘယ်ကြောင့် ဤ လောကတွင် ရှိနေရသနည်း"၊ "သေပြီးနောက် ဘာဖြစ်မည်နည်း"၊ "ကျွန်ုပ်တို့ကို ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း" စသည့် အရေးကြီးဆုံးမေးခွန်းများအတွက် အဖြေမပေးဘဲ ထားတော်မူသည်ဆိုသည်မှာ ဖြစ်နိုင်မလား။
လောကမှာ မတရားပြုရက်စက်ယုတ်မာခဲ့ပြီးလွတ်မြောက်နေသူတွေအတွက်ဘာပြစ်ဒဏ်မှမရှိဘူး၊ ကောင်းမြတ်တဲ့လူကောင်းလူမွန်တွေအတွက်ရော သုခချမ်းသာဆုလာဘ်တွေမရှိဘူးဆိုတာ ဖြစ်နိုင်မလား။
ဖန်ဆင်းရှင်အလ္လာအရှင်မြတ်အမိန့်ရှိတော်မူသည်။ အသင်တို့ကိုငါအရှင်မြတ်က အချည်းအနှီးအကျိုးမဲ့ဖန်ဆင်းတော်မူခဲ့သည်ဟု၊ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိကြမည်မဟုတ်ပေဟု ထင်မှတ်ခဲ့ကြသလော။ ကုရ်အာန် (၂၃:၁၁၅)
ဒါ့အပြင် ဖန်ဆင်းရှင်က ကျွန်တော်တို့အတွက်ပရောက်ဖက်တမန်တော်တွေကိုစေလွှတ်ပေးသည်။တမန်တော်တွေက ကျွန်ုပ်တို့၏ဘဝရည်ရွယ်ချက်ကိုရှင်းပြသည်။ ဖန်ဆင်းရှင်နဲ့မည်သည့်မည်ပုံနီးကပ်မှုရယူရမည်၊ဖန်ဆင်းရှင်ကိုအဘယ်ကဲ့သို့ကိုးကွယ်ရမည်ဆိုတာတွေနှင့်ပတ်သက်ပြီးလမ်းညွှန်ပြသခဲ့သည်။ဖန်ဆင်းရှင်က ကျွန်တော်တို့ လူသားတွေဆီမှမည်သည့်အရာကိုလိုချင်သလဲ၊ ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်၏ ကျေနပ်နှစ်သက်မှုကိုမည်သို့ရနိုင်မလဲ။သေဆုံးပြီးနောက်မှာ ကျွန်တော်တို့တွေဘယ်ကိုသွားကြရမှာလဲ ဆိုတာတွေကိုလည်းသင်ပြလမ်းညွှန်ပေးတော်မူတယ်။
ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ကနဗီတမန်တော်များကို အလ္လာဟ်အရှင်မြတ်က တစ်ပါးတည်းဖြစ်တော်မူကြောင်း နှင့်ကိုးကွယ်မှုအစုစုကိုလည်း တစ်ပါးတည်းသာခံထိုက်တော်မူကြောင်းသတင်းပေးရန်နှင့်ယင်းဖန်ဆင်းရှင်ကိုမည်သို့ခဝပ်ကိုး ကွယ်ရမည်ကိုသိရှိရန်၊ ထို့ပြင် ဖန်ဆင်းရှင်၏အမိန့်တော်တွေနှင့်တားမြစ်ချက်တွေကိုလည်းပို့ချပေးရန်၊ကျွန် တော်တို့ဘဝတွေအေးချမ်းသာယာဖို့၊နေ့ရက်တွေကျက်သရေင်္မဂလာဖြာဝေဖို့လိုက်နာဆောင်ကြဉ်းရမည့် စာရိတ္တမွန်တွေကိုလည်း သင်ကြားပေးရန် စေလွှတ် တော်မူခဲ့သည်။
ဖန်ဆင်းရှင်ဟာ များစွာသောတမန်တော်တွေကိုစေလွှတ်ပေးတော်မူတယ်။ပမာအားဖြင့်-နောဧ၊အဗရာဟမ်၊မောရှေး၊ယေရှုခရစ်တော်။ ပွင့်ပေါ်ခဲ့သမျှသောစေတမန်တော်အပေါင်းဟာ ဖန်ဆင်းရှင်ရဲ့ စေလွှတ်ခြင်းခံရတယ့် တမန်တော်များဖြစ်ကြောင်း၊ ၎င်းတို့ရဲ့မှန်ကန်မှုကို လူသားတွေသိနိုင်ရန်အတွက် ဖန်ဆင်းရှင်ဟာ တမန်တော်တွေကိုမိိမိရဲ့သက်သေလက္ခဏာတော်တွေ၊တန်ခိုးပြာဋိဟာတွေနဲ့ကူညီဆောင်မတော်မူခဲ့တယ်။ထိုတမန်တော်အပေါင်းရဲ့အချုပ်နောက်ဆုံး တမန်တော်ဟာ တမန်တော်မိုဟာမက်ဖြစ်တယ်။
ပွင့်လေသမျှသောတမန်တော်တွေအားလုံးရှင်းလင်းထင်းရှားစွာပြောပြခဲ့တာက-ဒီဘဝဟာစမ်းသပ်မှုတစ်ခုသာဖြစ်တယ်။ထာဝရမဟုတ်။အနိစ္စဖြစ် တယ်။တကယ့်စစ်မှန်တဲ့ရှင်သန်ခြင်းနဲ့အမြဲနေထိုင်ရမယ့်ဌာနေဟာသေပြီးနောက်မှသာဖြစ်တယ်။
သေပြီးနောက်ထာဝရသုခဘုံဟာ ဖန်းဆင်းရှင်းတစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ပြီးတုဖက်ယှဉ်တွဲကိုးကွယ်မှုမပြုခဲ့သူတွေ၊ပွင့်လေသမျှသော တမန်တော်အပေါင်းကိုသက်ဝင်ယုံကြည်သူတွေအတွက်ဖြစ်တယ်။ အပယ်ငရဲကိုတော့ဖန်ဆင်းရှင်ကိုသွေဖည်ငြင်းပယ်သူတွေ၊ဖန်ဆင်းရှင်နဲ့အတူ အခြားအဖန် ဆင်းခံတွေကိုဘုရားလုပ်ကိုးကွယ်သူတွေ၊ ဖန််ဆင်းရှင်စေလွှတ်တော်မူတဲ့ တမန်တော်အားလုံးကိုဖြစ်စေ၊တစ်ပါးတစ်လေကိုဖြစ်စေမယုံကြည်ငြင်းပယ်သူတွေအတွက်စီစဉ်ထားတော်မူတယ်။
ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်မိန့်တော်မူတယ်။ အို- အာဒမ်၏ သားသမီးအပေါင်းတို့၊ အကယ်၍ အသင်တို့ထံသို့ အသင်တို့ထဲမှပင် ငါအရှင်မြတ်၏အမိန့်တော်များကို အသင်တို့ရှေ့မှောက်၌ ရှင်းလင်းပြောပြကြသော တမန်တော်များ အမှန်စင်စစ် ရောက်လာခဲ့သောအခါ အကြင်သူသည် မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကြဉ်မည်၊အပြုအမူများကိုပြုပြင်နေထိုင်မည်ဆိုလျှင် ထိုသူတို့အပေါ်တွင် စိုးရိမ်ကြောင့်ကြမှုလည်းရှိလိမ့်မဟုတ်။သည့်အပြင် သူတို့သည် ပူဆွေးကြရမည်လည်းမဟုတ်ပေ။ သို့ရာတွင်မူကား အကြင်သူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကို ငြင်းပယ်ကြကုန်အံ့။ ၎င်းပြင် ထိုသူတို့သည် အမိန့်တော်များကို မထီလေးစားပြုလုပ်ကြကုန်အံ့။ ထို(ကဲ့သို့သော) သူတို့သာလျှင် ငရဲသားများဖြစ်ကြကုန်၏။၎င်းတို့သည် ငရဲ၌ပင် ထာဝစဉ် နေထိုင်ကြမည့်သူများ ဖြစ်ကြပေသည်။” ကုရ်အာန် (၇:၃၅၊၃၆)
ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်မိန့်တော်မူတယ်။ အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုဖန်ဆင်းမွေးမြူတော်မူသော (အလ္လာဟ်အရှင်မြတ်)အား ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့သောသူများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင် ကောင်းမှုဆောင်သောသူတော်မွန်များ ဖြစ်တန်ကြရာသတည်း။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင် သွားလာနိုင်ရန် အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူသည်။ ထို့ပြင်ယင်းမိုးကောင်းကင်မှပင် မိုးကိုရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံ အမျိုးမျိုးတို့ကို အသင်တို့အဖို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊ သို့ဖြစ်ရာ အသင်တို့သည် သိလျက်နှင့် (အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်။ ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့် အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။ အကယ်၍ အသင်တို့သည် (သစ္စာဝါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်မှလွဲ၍အသင်တို့အား ကူညီ ယိုင်းပင်းသက်သေခံပေးမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။ အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှ ဝေးစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားငြင်းပယ်ကြသော) ကာဖိရ် မိစ္ဆာဒိဋ္ဌိ များနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံးများ ဖြစ်ချေသည်။ ထိုမီးသည် ငြင်းပယ်သူများအတွက် အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသည်။ (အို-နဗီတမန်တော်) အသင်သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သောသူများအား ဝမ်းမြောက်စရာမင်္ဂလာသတင်းကောင်းကို ပေးလော့။ ဧကန်ဆတ်ဆတ် ထိုသို့သော သီလဝန္တ ပုဂ္ဂိုလ်များ(စံစားနေထိုင်ရန် အလို့ငှာ) ဂျန္နတ် အမတသုခဘုံများ သည်အသင့်ရှိ၏။ ထိုသုခဘုံများအောက်၌ စမ်းရေချောင်းများလည်း (အယဉ်တွေတွေ) စီးဆင်းလျက်ရှိ၏။သုခဘုံသားများအား ထိုသုခဘုံ၏ သစ်သီးဝလံ များကို တည်ခင်းကျွေးမွေးသည့် အခါတိုင်း၌ အကျွန်ုပ်တို့သည် ဤသစ်သီးဝလံမျိုးကို ယခင် ကလည်းကျွေးမွေးခြင်းခံခဲ့ရသည်ဟု ဆိုကြအံ့၊ ထိုနောက် ထိုသုခဘုံသားများသည်(ရသာခြားနား၍) သဏ္ဌာန် တူမျှသော သစ်သီးဝလံများ တည်ခင်းကျွေးမွေးခြင်းကိုလည်း ခံစားကြရဦးအံ့၊ ထိုသုခဘုံသားများအဖို့သုခဘုံထဲတွင် သန့်စင်သော ကြင်ရာကြင်ဘက် များသည်လည်း ရှိဦးအံ့၊ ထို့ပြင်သူတို့သည် ထိုသုခဘုံများ၌ ထာဝစဉ်စံမြန်းလျက်နေထိုင်စံစားကြရအံ့။ ကုရ်အာန် (၂:၂၁မှ၂၅ထိ)
ခေတ်အဆက်ဆက်တမန်တော်အများအပြားကိုဘာကြောင့်စေလွှတ်ခဲ့တာလဲ???
ဖန်ဆင်းရှင်ဟာ လူမျိုးတိုင်းအတွက် တမန်တော်အသီးသီးကိုစေလွှတ်တော််မူခဲ့တယ်။ ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်က လူမျိုးစုတိုင်းအတွက် သတိပေးနိုးဆော်သူ တမန်တော်တစ်ပါးကို စေလွှတ်ခဲ့တယ်။ ထို တမန်တော်ဟာ လူတွေကို တစ်ပါးတည်းသောဖန်ဆင်းရှင်ကိုသာခပ်ဝပ်ကိုးကွယ်ရမယ်ဆိုတဲဲ့သစ္စာတရားဘက်ကိုဖိတ်ခေါ်ရန်နှင့် ဖန်ဆင်းရှင်ပြဋ္ဌာန်းထားတဲ့အမိန့်တော်တွေနဲ့တားမြစ်ထားတဲ့မကောင်းမှုဒုစရိုက်တွေနဲ့ပတ်သက်ပြီးဟောပြောပို့ချပေးရန်အတွက်ဖြစ်တယ်။ပွင့်လေသမျှသောမဟာလူသားတမန်တော်အပေါင်းရဲ့အဓိကအကျဆုံးနဲ့အရေးအကြီးဆုံးရည်ရွယ်ချက်မှာ-ဖန်ဆင်းရှင်တစ်ပါးတည်းကိုသာကိုးကွယ်ဆည်းကပ်ဖို့ဖြစ်တယ်။ လူမျိုးတစ်မျိုးမျိုးဟာ ဒီအချက်ကို စွန့်လွှတ်လာပြီ၊ဝိရောဓိဖြစ်လာပြီ၊သူတို့တမန်တော်ရဲ့စကားကိုဥပေက္ခာပြုမျက်နှာလွှဲလာပြီဆိုရင် ဖန်ဆင်းရှင်က သူတို့ရဲ့အယူအမှားအကျင့်အမှားတွေကိုတည့်မှတ်ပေးဖို့ နောက်ထပ်တမန်တော်တစ်ပါးစေလွှတ်ပေးလေ့ရှိခဲ့တယ်။ ရောက်ရှိလာတဲ့တမန်တော်ကသူတို့ကို ဖြောင့်မတ်တဲ့မူလအရှိတရား၊လမ်းမှန်တရား၊ဓမ္မတရားနဲ့ ဖန်ဆင်းရှင်တစ်ပါးတည်းကိုသာနာခံကိုးကွယ်မှုသစ္စာတရားဆီပြန်လည်ရောက်လာဖို့ဖိတ်ခေါ်လမ်းညွှန်တော်မူတယ်။ ဒီအစဉ်အလာဟာ နောက်ဆုံးတမန်တော်ချုပ်မုဟမ္မဒ်ကိုမစေလွှတ်ခင်အထိဖြစ်ခဲ့တယ်။ ဖန်ဆင်းရှင်ဟာ တမန်တော်မုဟမ္မဒ်ကိုစေလွှတ်ပြီးတမန်တော်စေလွှတ်ခြင်းကိုအဆုံးသတ်ခဲ့တယ်။တမန်တော်မုဟမ္မဒ်ဟာ ပြီးပြည့်စုံတဲ့သာသနာနဲ့အတူကမ္ဘာဆုံးသည့်တိုင်လူသားထုတစ်ရပ်လုံးနဲဲ့အကိုက်ညီဆုံး၊ အပြည့်စုံဆုံးတရားလမ်းစဥ်ကိုယူ ဆောင်လာတော်မူတယ်။ အဲ့ဒီ တရားလမ်းစဉ်ဟာယခင်ရှိခဲ့တဲ့ တရားလမ်းစဉ်များကို ပယ်ဖျက်တော်မူတယ်။ဒီလမ်းစဉ်ထာဝရအမြဲတည်တံ့ဖို့အတွက် ဖန်ဆင်းရှင်ကိုယ်တော်တိုင်ကတာဝန်ယူထားတော်မူတယ်။
လူတစ်ယောက်ဟာဖန်ဆင်းရှင်စေလွှတ်ခဲ့သမျှတမန်တော်အပေါင်းကို မယုံကြည်သမျှကာလပတ်လုံး စစ်မှန်တဲ့ယုံကြည်သူမဖြစ်နိုင်ပါ။
ထိုတမန်တော်တွေကို စေလွှတ်ခဲ့တာဟာဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်ဖြစ်တယ်။ ထိုတမန်တော်တွေကိုယုံကြည်ဖို့၊နာခံဖို့လူသားထုတစ်ရပ်လုံးကိုမိန့်ထားတာလည်း ဖန်ဆင်းရှင်ပဲဖြစ်တယ်။ တမန်တော်တစ်ပါးပါးကို ငြင်းဆန်တာဟာ တမန်တော်အားလုံးကိုငြင်းသကဲ့သို့ဖြစ်တယ်။ လောကမှာ မိမိကိုဖန်ဆင်းထားတဲ့အရှင်ရဲ့သတင်းစကားကိုပုန်ကန်ငြင်းဆန်တာလောက်ကြီးလေးတဲ့ပြစ်မှုအဘယ်မှာရှိနိုင်လေမလဲ။ လူသားအနေနဲ့သုခဘုံကိုဝင်ရောက်စံမြန်းလိုတယ်ဆိုရင် ဖန်ဆင်းရှင်ရဲ့သတင်းစကားကိုဆောင်ယူလာပေးတဲ့တမန်တော်အားလုံးကို ယုံကြည်လက်ခံဖို့အရေးကြီးပါတယ်။
ဒီခေတ်မှာရှိတဲ့ လူတစ်ယောက်ချင်းစီဟာဖန်ဆင်းရှင်ဖြစ်တဲ့အလ္လာဟ့်ကိုယုံကြည်ရပါမယ်။ဖန်ဆင်းရှင်ရဲ့သတင်းတော်ဆောင်တမန်တော်အားလုံးကိုယုံကြည်ရပါမယ်။ သေဆုံးပြီးနောက်ပြန်လည်ရှင်ထရမယ့်နောင်တမလွန်နေ့ကိုယုံကြည်ရပါမယ်။ ဒီအချက်တွေအားလုံးပြည့်ဝဖို့ဆိုလျှင် လူသားတိုင်းဟာ ထာဝရတည်တံ့ နေမယ့် အံ့ဖွယ်ထူးခြားပြောင်မြောက်လှသော၊တန်ခိုးတော်နဲ့ပြည့်စုံလှသော ကုရ်အာန်ကျမ််းတော်မြတ်ဖြင့် ကူညီအားပေးအားေ မြာက်ပြုခြင်းခံထားရတယ့်နောက်ဆုံးတမန်တော်ချုပ်မုဟမ္မဒ်ကိုယုံကြည်ရပါမယ်။တမန်တော်မုဟမ္မဒ်ရဲ့နောက်ကိုလိုက်ရပါမယ်။ ထိုကျမ်းမြတ်အား ကမ္ဘာပျက်သုန်းတဲ့အထိ ထိန်းသိမ်းဖို့ ဖန်ဆင်းရှင် အလ္လာဟ်ရှင်မြတ်ကိုယ်တော်တိုင်တာဝန်ယူထားတော်မူတယ်။
ဖန်ဆင်းရှင်ဟာ ကုရ်အာန်ကျမ်းတော်ထဲမှာမိန့်ဆိုထားတယ်။ဘယ်သူမဆို ဖန်ဆင်းရှင် စေလွှတ်တဲ့တမန်တော်တွေထဲက တမန်တော်တစ်ပါးပါးကို ယုံကြည်ဖို့ငြင်းဆန်မယ်ဆိုရင်အဲ့ဒီသူဟာ ဖန်ဆင်းရှင်ကိုလည်းမယုံကြည်ရာရောက် တယ်။ဖန်ဆင်းရှင်ရဲ့သတင်းစကားတွေကိုလည်းငြင်းပယ်ရာရောက်တယ်။ ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့ကို ငြင်းပယ်ကြကုန်သည်။ ၎င်းပြင် သူတို့သည် (ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိရာ၌လည်း) အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်တို့ကိုခွဲခြား(ယုံကြည်)လိုကြသည်။ ထိုမျှမကသေးချေ၊ သူတို့သည် ငါတို့သည် အချို့ (တမန်တော်များ) ကို ယုံကြည်ကြကုန်၏။ သို့ရာတွင် အချို့ (တမန်တော်များ) ကိုမူ ငြင်းပယ်ကြသည်ဟူ၍လည်း ပြောဆိုကြကုန်သည်။ ထိုမှတစ်ပါးတုံ ၎င်းတို့သည် ယင်း (သွေဖည်ငြင်းပယ်မှုနှင့်ယုံကြည်မှု) ၏အကြားတွင် နည်းလမ်းတစ်ခုကိုလည်း ပြုလုပ်လိုကြကုန်သတည်း။ (သို့ဖြစ်ပေရာ) ထိုသူတို့သည်သာလျှင် မုချ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြကုန်၏။ ငါအရှင်မြတ်သည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ဂုဏ်ရည်သေးသိမ် စေသောအပြစ်ဒဏ်ကို အဆင်သင့် ပြင်ဆင်ထားရှိတော်မူပြီး ဖြစ်ချေသတည်း။ ကုရ်အာန် (၄:၁၅၀-၁၅၁)
ဒါကြောင့်ကျွန်တော်တို့ မွစ်လင်မ်တွေဟာ ဖန်ဆင်းရှင်ဖြစ်တယ့် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြပါတယ်။ သေပြီး နောက်ပြန်လည်ရှင်ထရမယ့်နောင်တမလွန်နေ့ကိုလည်း ယုံကြည်ကြပါတယ်။ ဖန်ဆင်းရှင်ရဲ့သတင်းတော်ဆောင်တမန်တော်အားလုံးနှင့် လွန်လေပြီးသော ကျမ်းဂန်များကိုလည်း ယုံကြည်ကြပါတယ်။ တမန်တော် (မုဟမ္မဒ်) သည် မိမိထံသို့ မိမိကိုဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်ခဲ့လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်းယုံကြည်ကြလေသည်။ (တမန်တော်မုဟမ္မဒ်နှင်ယုံကြည်သူအားလုံး)တို့သည်(တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်အပါးတော်အပေါင်းကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းကိုလည်းကောင်း၊ ယုံကြည်ကြကုန်၏။ (သူတို့ကပြောဆိုကြည်သည်မှာ) ကျွန်တော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တစ်ပါးကိုမျှခွဲခြားခြင်း မပြုကြပါ။(အားလုံးကိုယုံကြည်ကြပါသည်။)ထိုမှတစ်ပါး ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌)လျှောက်ထားပန်ကြားကြသည်။ ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာကြပါပြီ။ ထို့ပြင်(ကြားနာသည့်အတိုင်း) လိုက်နာကြပါပြီ။ အို-ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ်လိုလားတောင့်တကြပါသည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်။ ကုရ်အာန် (၂:၂၈၅)
ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲ။
ကုရ်အာန်ကျမ်းတော်မြတ်ဆိုတာ နောက်ဆုံးတမန်တော်မုဟမ္မဒ်အပေါ်ချပေးခြင်းခံရတဲ့ဖန်ဆင်းရှင်ရဲ့အနှိုင်းမဲ့စကားတော်၊ဖန်ဆင်းရှင်ရဲ့မုက္ခပဌ် တော်ဖြစ်တယ်။ကုရ်အာန်ကျမ်းစာဟာ တမန်တော်မုဟမ္မဒ်ကဖန်ဆင်းရှင်ရဲ့စေတမန်တော်ဖြစ်ကြောင်းကိုသက်သေခံနေတဲ့အကြီးမားဆုံးတန်ခိုးတော်ဖြစ်တယ်။ကုရ်အာန်ကျမ်းတော်မြတ်ဟာ ကျင့်သုံးလိုက်နာရမယ့်ပညတ်တော်အရာတွင် မှန်ကန်တိကျသလို၊ ကုရ်အာန်ထဲရှိအကြောင်းအရာ၊ သတင်းစကားတို့မှာလည်း မှန်ကန်တိကျတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖန်ဆင်းရှင်ရဲ့စကားမဟုတ်ဘူးလို့ မဟုတ်မမှန်ငြင်းပယ်သူတွေကိုဖန်ဆင်းရှင်က ကုရ်အာန်ကဲ့သို့ကျမ်းစာတစ်အုပ်၊ဒါမှမဟုတ်ကဏ္ဍတစ်ခုလောက်ပင်တူအောင်ယူဆောင်လာဖို့စိန်ခေါ်ထားတော်မူတယ်။ သို့သော် ကုရ်အာန်ကဲ့သို့ကြီး ကျယ်သော၊လူသားရဲ့နှစ်ဘဝနှစ်ဌာနစလုံးနဲ့သက်ဆိုင်တယ့်အ ကြောင်းအရာများနှင့် မဖြစ်မနေယုံကြည်ရမယ်အစစ်အမှန်ယုံကြည်မှုတရားများ အားလုံးပါဝင်တဲ့ကျမ်းစာကဏ္ဍတစ်ခုဖန်တီးယူဆောင်လာဖို့ဘယ်လူသားတစ်ဦးတစ်ယောက်မျှမတတ်စွမ်းနိုင်ခဲ့ကြပါ။ ကုရ်အာန်ကျမ်းစာဟာ လူသားနဲ့ဖန်ဆင်းရှင်အကြားထားရှိရမယ့်ဝတ္တရားတွေ၊ လူသားဟာမိမိအပေါ်မိမိကျေပွန်ရမယ်တာဝန်တွေ၊ လူသားအချင်းချင်းကြားမှာထားရှိရမယ့်စည်းကမ်းနည်းနားတွေ၊ပြုလုပ်ရမယ့်အမိန့်ပညတ်တွေ၊ ရှောင်ကြဉ်ရမယ့်မကောင်းမှုတွေအားလုံးကိုအကျွယ်ဝဆုံး၊အရိုးရှင်းဆုံး၊အပြေပြစ်ဆုံး၊ အလှပဆုံးပုံစံနဲ့ဖော်ပြလမ်းညွှန်တော်မူတယ်။ ဒီထက်မကသေးပါ။ ကုရ်အာန်ကျမ်းစာထဲမှာများစွာသော အသိဉာဏ်ဆိုင်ရာ အထောက်အထားများ၊ အသိပညာအမြော်အမြင်တွေ၊ အရှိတရားတွေလည်းပါဝင်နေသေးတယ်။ အထက်ပါအချက်တွေအားလုံးကိုဆင်ခြင်ကြည့်ရင်ကုရ်အာန်ကျမ်းစာဟာ လူသားတို့ ဖန်တီးရေးဆွဲထားမှုဘယ်လိုမှမဖြစ်နိုင်ကြောင်း၊ ခပ်သိမ်းကုန်သောလူသားတို့ရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ မုက္ခပါဌ်တော်၊လမ်းညွှန်တော်သာဖြစ်ကြောင်းထင်ရှားလှပါသည်။
အစ္စလာမ်ဆိုတာဘာလဲ။
အစ္စလာမ်ဟူသည် (လောကစကြာဝဠာအပေါင်းကိုဖန်ဆင်းတော်မူသော)အလ္လာဟ်အရှင်တစ်ပါးတည်းထံသို့ယုံကြည်အပ်နှင်းခြင်းနှင့် ထိုအရှင်၏ကြီးကျယ်မြင့်မြတ်မှုကိုနှလုံးသွင်းကာချစ်မြတ်နိုးခြင်းအတိဖြင့်နာခံသစ္စာပြုခြင်းဖြစ်တယ်။ ဒါ့အပြင်ဖန်ဆင်းရှင် ချမှတ်ပြဌာန်းထားတယ့် တရားလမ်းစဥ်ကို ကျေနပ်နှစ်သက်လက်ခံခြင်းနှင့် ဖန်ဆင်းရှင် အလ္လာဟ် တစ်ပါးတည်းကလွဲပြီးအခြားအရာများအား ခဝပ်ကိုးကွယ်မှုကို စွန့်လွှတ်ငြင်းပယ်ခြင်းကိုခေါ်ပါသည်။
ဖန်ဆင်းရှင် အလ္လာဟ်ဟာ တမန်တော်တွေကို သတင်းစကားတစ်ခုတည်းဖြင့် စေလွှတ်တော်မူခဲ့တယ်။ ထိုသတင်းစကားမှာ ဖန်ဆင်းရှင် အလ္လာဟ်ကတစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် ထိုအရှင်နှင့် ဖက်စပ်ရှင်တွဲကိုးကွယ်ရာအရှင်ဟူ၍မရှိကြောင်းနှင့် ထိုအရှင်မှအပ (မှားယွင်းစွာ) ကိုးကွယ်ခံနေရတဲ့ အရာအားလုံးကို ငြင်းပယ်ဖို့ရန်အတွက် ဖိတ်ခေါ်ခြင်းဖြစ်သည်။
အစ္စလာမ်သည်ပွင့်လေခဲ့သမျှသော တမန်တော်အပေါင်းရဲ့သာသနာဖြစ်သည်။ တမန်တော်အပေါင်းဟာယုံကြည်ခြင်းသစ္စာတရားတစ်ခုတည်းဆီသို့သာဖိတ်ခေါ်ခဲ့ကြပြီး၊ကျင့်ကြံပြုမူမှုတွေမှာသာ (ခေတ်အလိုက်၊လူမျိုးအလိုက် အနည်းငယ်မတူ) ကွဲပြားကြသည်။ အခုခေတ်မွတ်စ်လင်မ်များသည် တမန်တော်အပေါင်းယူ ဆောင်လာသော စစ်မှန်သည့် တစ်ခုတည်းသောသာသနာကို ဆုပ်ကိုင်ထားသူများဖြစ်ကြသည်။ အစ္စလာမ့်၏ သတင်းစကားသည်ဒီနေ့ခေတ်မှာ လိုက်နာရမယ့်တစ်ခုတည်းသောလူ့ဘဝတည်ဆောက်မှုလမ်းညွှန်ဖြစ်ပြီးနောက်ဆုံးသတင်းစကားလည်း ဖြစ်သည်။ ၎င်းသသည် လူခပ်သိမ်းကိုဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ထံမှသတင်းစကားလည်းဖြစ်သည်။ တမန်တော်အဗရာဟမ်၊ မောရှေ၊ ယေရှူတို့ကိုစေလွှတ်တော်မူခဲ့သည့်အရှင်ကသာ တမန်တော်မုဟမ္မဒ်ကိုနောက်ဆုံးတမန်တော်အဖြစ်စေလွှတ်တော်မူသည်။ တမန်တော်မုဟမ္မဒ်ဟာ ပြီးပြည့်စုံတဲ့အစ္စလာမ်သာသနာနဲ့အတူကမ္ဘာဆုံးသည့်တိုင်လူသားထုတစ်ရပ်လုံးနှင့်အကိုက်ညီဆုံးလမ်းညွှန်တရားကိုဆောင်ယူလာတော်မူသည်။ အဲ့ဒီလမ်းညွှန်မှုသည် ယခင်ရှိခဲ့သည့် တရားလမ်းစဉ်များကို ဖျက်သိမ်းပလပ်တော်မူသည်။
ယနေ့ခေတ် အစ္စလာမ်သာသနာကလွဲပြီး လူတို့ကိုးကွယ်နေကြသည့် အခြားဘာသာတရားများသည် လူလုပ် ဘာသာတရားတွေသာဖြစ်သည်။ တချို့ ( ဂျူး၊ ခရစ်ရှန်ကဲ့သို့ ) ကောင်းကင်ကျဘာသာတရားတွေရှိပေမယ့်လည်း လူတွေရဲ့အတွေးခေါ်တွေ၊ပုံပြင်ဒဏ္ဍာရီတွေ၊ ဘိုးဘွားဘီဘင်ကျင့်ထုံးတွေ၊ ရိုးရာတွေ၊လူတွေရဲ့စီရင်ထုံးတွေ၊ လိုသလိုအတိုးအလျှော့လုပ်ခဲ့မှုတွေရဲ့လက်လျှိုပြောင်းလည်းမှုကြောင့်မူလအရှိတရားနဲ့ဝေးကွာသွားပြီးအရင်းခံသစ္စာတရားကနေသွေဖြည်ကာ အရောရောအထွေးထွေးဖြစ်သွားခဲ့ချေပြီ။
မွစ်လင်မ်တွေရဲ့အစ္စလာမ်သာသနာကတော့ဒီကနေ့ထိ နှစ်ပေါင်း၁၄၀၀ကျော်အောင်မပြောင်းမလဲဘဲရိုးရှင်းစွာတည်ရှိနေတဲ့တစ်ခုတည်းသောသာသနာဖြစ်ပါသည်။ မွစ်လင်မ်တွေရဲ့ခဝပ်ကိုးကွယ်မှုများဟာလည်းတစ်ခုတည်းဖြစ်သည်။ ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာခဝပ်ကိုးကွယ်ကြသည်။ အားလုံးတစ်နေ့ကိုငါးကြိမ်’ဆွလားသ်’လို့ခေါ်တဲ့ဝတ်ပြုမှုကိုပြုကြသည်။ တစ်နှစ်တစ်ကြိမ်ချမ်းသာသူတွေကဆင်းရဲသူဆင်းရဲသားညီအစ်ကိုမောင်နှမတွေကို’ဇကားသ်’လို့တဲ့ဓမ္မကြေးပေးကြသည်။တစ်နှစ်မှာ’ရမဿွာန်’တစ်လဥပုသ်သီလစောင့်ကြသည်။ အသင့်အနေဖြင့် ၎င်းတို့ရဲ့ တစ်ခုတည်းသောဘဝလမ်းညွှန်ကျမ်း၊လူ့ဘဝတည်ဆောက်မှုဥပဒေကျမ်းဖြစ်ပြီးပြောင်းလဲပြင်ဆင်မှုစိုးစဉ်းအလျှင်းမရှိဘဲကမ္ဘာ့နေရာဒေသအသီးသီးမှာတစ်မျိုးတည်း၊တစ်ပုံစံတည်းရှိနေတဲ့ကုရ်အာန်ကျမ်းစာကို အလေးအနက်စဉ်းစားဆင်ခြင်သုံးသပ်ကြည့်ပါလေ။ ဖန်ဆင်းရှင်အလ္လာဟ်အရှင်ကမိန့်တော်မူသည်။ ယနေ့သော် ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ထို့နောက် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။ သို့ရာတွင် မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့်အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်းမရှိဘဲ (တားမြစ်ထားသောအရာများကို စားသုံးမိပါက) မချွတ်ဧကန် အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ ကုရ်အာန် (၅:၃)
ဖန်ဆင်းရှင်ကမိန့်တော်မူတယ်။ (အို-တမန်တော်မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ်ကျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန် ကျမ်းတော်မြတ်)ကိုလည်းကောင်း၊တမန်တော် အစ်ဗ်ရာဟီမ်၊ တမန်တော်အစ္စမာအီလ်၊တမန်တော်အစ္စဟာက်၊ တမန်တော်ယအ်ကူဗ်နှင့်(သူ၏)သားမြေး၊ မြစ်တို့ အပေါ်၌ ကျရောက်လာသောဒေသနာတော်များကို လည်းကောင်း၊ယုံကြည်ကြပါသည်။ ထို့ပြင် တမန်တော်မူစာ၊တမန်တော်အီစာနှင့်အခြားတမန်တော်အပေါင်းတို့ကို၎င်းတို့၏ဖန်ဆင်းမွေးမြူရှင်အထံတော်မှ ပေးသနားတော်မူသောဒေသနာတော်များကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။(တဖန် ယင်းကဲ့သို့ ယုံကြည်ရာ၌) ထိုနဗီတမန်တော် အပေါင်းတို့အနက် တပါးနှင့် တပါး ခွဲခြားခြင်း အလျှင်း မပြုကြပါ။အမှန်သော်ကား အကျွန်ုပ်တို့သည် ထို (တစ်ဆူတည်းသော) (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များ)ကို လိုက်နာသောမုစ်လင်မ်များ ဖြစ်ကြပါသည်။ ထို့ပြင် မည်သူမဆို အစ္စလာမ် သာသနာမှတစ်ပါး အခြားသာသနာ တစ်ရပ် ရပ်ကို ရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ (သူရှာဖွေသော သာသနာသည် အရှင်မြတ်အထံတော်၌) လက်ခံသဘောတူတော်မူခြင်းကိုအလျှင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ဆုံးရှုံးသူများအနက်တစ်ဦးအပါအဝင်ဖြစ်ပေမည်။ ကုရ်အာန် (၃:၈၄-၈၅)
အစ္စလာမ်သာသနာသည် လူသားတစ်ယောက်၏ ဘဝမှာရှုထောင့်ပေါင်းစုံကနေလိုအပ်သည့်ကဏ္ဍအသီးသီးအတွက်ပြည့်စုံလုံလောက်တဲ့သာသနာဖြစ်တယ်။ လူတစ်ဦးချင်းစီရဲ့ပင်ကိုယ်စရိုက်၊ အသိဉာဏ်နဲ့ကိုက်ညီတယ်။ ဖြောင့်မတ်တဲ့စိတ်ဝိညာဉ်တိုင်းကလက်ခံနိုင်တယ်။ အလုံးစုံကိုဖန်ဆင်းမွေးမြူတော်မူတဲ့အရှင်ကမိမိအဖန်ဆင်းခံကျေးကျွန်တွေအတွက်ချမှတ်ပြဋ္ဌာန်းထားတဲ့လမ်းညွှန်တော်ဖြစ်တယ်။ အစ္စလာမ်ဟာ လူသားကိုနှစ်ဘဝနှစ်ဌာနသာယာအေးချ မ်းပြီးပျော်ရွှင်စေမယ့်သာသနာဖြစ်တယ်။ အစ္စလာမ်မှာလူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုအလျှင်းမရှိပါ။ လူတိုင်းဟာ’လူ’ဆိုတဲ့ဖြစ်တည်မှုအောက်မှာအတူတူသာဖြစ်တယ်။ အစ္စလာမ်မှာလူတစ်ဦးနဲ့တစ်ဦးမြင့်မြတ်မှုကိုသူကောင်းမြတ်တာတွေကိုဘယ်လောက်လုပ်လဲ၊ ကောင်းမြတ်တဲ့အကျင့်တွေကိုဘယ်လောက်ကျင့်လဲဆိုတာနဲ့ပဲတိုင်းတာပါတယ်။
ဖန်ဆင်းရှင်ကမိန့်တော်မူသည်။ မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေယုံကြည်သူအဖြစ်နှင့်ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ခဲ့သော် မလွဲဧကန်ငါအရှင်မြတ်သည်ထိုသူအား သန့်ရှင်းစင်ကြယ်သောအသက်ရှင်ခြင်းမျိုးဖြင့်အသက်ရှင်စေတော်မူမည်။ ထိုမှတစ်ပါးမုချငါအရှင်မြတ်သည် ထိုသူတို့ကို သူတို့ကျင့်မူဆောက်တည်ခဲ့ကြသောလုပ်ရပ်များထက်ပိုမိုကောင်းမွန်သောကုသိုလ်အကျိုးကိုချီးမြှင့်တော်မူပေမည်။ ကုရ်အာန် (၁၆:၉၇)
အစ္စလာမ်သည် အေးချမ်းသာယာပြီးပျော်ရွှင်စေသောလမ်းစဉ်ဖြစ်သည်။
အစ္စလာမ်သည် ပွင့်လေသမျှသောတမန်တော်အပေါင်း၏သာသနာဖြစ်သည်။ လူသားထုတစ်ရပ်လုံးအတွက်ဖန်ဆင်းရှင်ချမှတ်ပေးထားသည့်သာသနာလည်းဖြစ်သည်။ အရဗ်လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ပါ။
အစ္စလာမ်သည် လောကီဘဝမှာစစ်မှန်တဲ့ငြိမ်းချမ်းမှု၊ သာယာပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးမည့်သာသနာဖြစ်သည်။ နောင်ဘဝရဲ့ထာဝရသုခချမ်းသာကိုလည်းရှိစေမည့်သာသနာဖြစ်သည်။
အစ္စလာမ်သည် လူသားရဲ့စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ရဲ့လိုအပ်ချက်အထွေထွေကိုဖြည့်ဆည်းပေးပြီးလူသားနဲ့သက်ဆိုင်တဲ့ပြဿနာအခက်အခဲ၊အကျပ် အတည်းအားလုံးကိုဖြေရှင်းပေးနိုင်တဲ့တစ်ခုတည်းသောသာသနာလည်းဖြစ်သည်။ အရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့၏။အသင်တို့နှစ်ဦးသည် ယင်းဂျန္နသ်အမတသုခဘုံမှ ဆင်းသွားကြလေကုန်။ အသင်တို့(၏သားသမီးများ) အနက် တစ်ဦးသည်တစ်ဦး၏ ရန်သူပင်ဖြစ်ပေမည်။ ထို့နောက် အကယ်၍ အသင်တို့ထံ ငါအရှင်မြတ်အထံတော်မှ တစ်စုံတစ်ရာ တရားလမ်းညွှန်ရောက်ရှိ လာသောအခါ မည်သူမဆို ငါအရှင်မြတ်၏ တရားလမ်းညွှန်အတိုင်း လိုက်နာခဲ့မူ ထိုသူသည် လမ်းမှားလိမ့်မည်လည်းမဟုတ်ပေ။ ဆင်းရဲဒုက္ခ (ပျက်စီးဆုံးရှုံးခြင်းနှင့်)တွေ့ကြုံကံဆိုးမိုးမှောင်ကြရမည်လည်း မဟုတ်ပေ။ သို့ရာတွင် မည်သူမဆို ငါအရှင်မြတ်၏ တရားဒေသနာတော်မှ မျက်နှာလွှဲခဲ့ပါမူ ဧကန်မလွဲ ထိုသူ့၌ကျပ်တည်းသော အသက်မွေးမြူမှုရှိပေမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ့ကို ကိယာမသ်နေ့တွင် မျက်ကန်းအဖြစ် ရှင်ပြန်ထစေတော်မူမည်ဖြစ်သည်။ ကုရ်အာန် (၂၀:၁၂၃-၁၂၄)
အစ္စလာမ်သာသနာထဲကိုဝင်ရောက်မည်ဆိုပါက ကျွန်ုပ်မည်သည့်အကျိုး ကျေးဇူးတွေခံစားရမလဲ။
အစ္စလာမ်သာသနာထဲကိုဝင်ရောက်ခြင်းဖြင့် ကြီးမားလှတဲ့အကျိုးတရားတွေကိုမိတ်ဆွေအနေနဲ့ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီအထဲကအချို့မှာ-
- လူသားအနေနဲ့ လောကမှာ စိတ်အလိုဆန္ဒ၊ လောဘ၊ အဖျက်အမှောင့်မိစ္ဆာနဲ့ရမ္မက်တဏှာတို့ရဲ့ကျေးကျွန်ဖြစ်နေတဲ့ဘဝကနေ အရာရာကိုစိုးပိုင်တော်မူတဲ့တစ်ဆူတည်းသောဖန်ဆင်းရှင်ရဲ့ကျေးကျွန်ဖြစ်ခွင့်ရမယ်။ ဒါဟာလူသားတစ်ယောက်အတွက်ခမ်းနားတဲ့အောင်မြင်မှု၊ ကြီးမာတဲ့ဂုဏ်သိက္ခာပါပဲ။
-နောင်တမလွန်ဘဝမှာလည်း ဖန်ဆင်းရှင်ရဲ့ကျေနပ်နှစ်သက်မှုနဲ့အတူခွင့်လွှတ်ချမ်းသာပေးမှုကိုထပ်မံရရှိမယ်။ ထာဝရအေးချမ်းသာယာမှု၊ ထာဝရစည်းစိမ်ချမ်းသာတွေနဲ့အတူသုခဘုံကိုလည်းဝင်ရောက်စံမြန်းရမှာဖြစ် တယ်။ အပယ်ငရဲကနေလည်းကယ်တင်လွတ်မြောက်ခွင့်ကိုရရှိမယ်။
-ယုံကြည်သူအနေနဲ့တမလွန်ဘဝမှာ တမန်တော်တွေ၊ သစ္စာရှင်တွေ၊အာဇာနည်သူရဲကောင်းတွေ၊ သူမွန်သူမြတ်တွေနဲ့အတူရှိခွင့်ရမည်။ဘယ်လောက်တောင်မှကောင်းလိုက်တဲ့ အဖော်ဖြစ်ခွင့်လဲ! မယုံကြည်သူအနေနဲ့တော့ မိစ္ဆာတွေ၊ အဖျက်အမှောင့်ပြုသူတွေ၊ အပြစ်အကုသိုလ်သားတွေ၊ ဒုစရိုက်သမားတွေနဲ့အတူရှိလိမ့်မည်။
-ဖန်ဆင်းရှင်ချီးမြှင့်မည့် သုခဘုံထဲဝင်ရောက်ရမည့်သူတွေဟာ-ထာဝရစည်းစိမ် ချမ်းသာ၌ နေထိုင်ကြရမည်။ သေခြင်း၊ နာခြင်း၊ အိုခြင်း၊ ပူဆွေးခြင်း၊ သောကဆိုက်ရောက်ခြင်းတို့အလျှင်းရှိမှာမဟုတ်။ လိုအင်ဆန္ဒအားလုံးကို မကျွင်းမကျန်ဖြည့်ဆည်းပေးခြင်းကိုခံရလိမ့်မည်။ ငရဲကျမည့် သူများအနေနဲ့တော့ စဉ်ဆက်မပြတ်ပြင်းပြနာကျင်ဖွယ်ဖြစ်သောအပြစ်ပေးခြင်းတွေနဲ့အမြဲထာဝရအကုသိုလ်တွေရဲ့ပြစ်ဒဏ်ကိုခံစားနေရမှာဖြစ်သည်။
-ဖန်ဆင်းရှင်ချီးမြှင့်မည့် သုခဘုံမှာ လူသားတို့၏ မျက်လုံးတွေကတစ်ခါမျှမမြင်ဖူးသော၊ နားတွေကတစ်မျှမကြားဖူးသော၊ စိတ်နှလုံးတွေထဲမှာပင် တစ်ကြိမ်တစ်ခါမျှအတွေးမသက်ရောက်ဖူးသောစည်းစိမ်ချမ်းသာ၊ အမတသုခတို့ရှိလိမ့်မည်။ ၎င်းနှင့်ပတ်သက်၍ လာရှိသော ကျမ်းလာ အထောက် အထားများအနက်မှ အချို့မှာ- ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ပြောပြမိန့်ဆိုတော်မူသည်။ မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေယုံကြည်သူအဖြစ်နှင့်ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ခဲ့သော် မလွဲဧကန်ငါအရှင်မြတ်သည်ထိုသူအား သန့်ရှင်းစင်ကြယ်သောအသက်ရှင်ခြင်းမျိုးဖြင့်အသက်ရှင်စေတော်မူမည်။ ထိုမှတစ်ပါး မုချငါအရှင်မြတ်သည် ထိုသူတို့ကို သူတို့ကျင့်မူဆောက်တည်ခဲ့ကြသောလုပ်ရပ်များထက်ပိုမိုကောင်းမွန်သောကုသိုလ်အကျိုးကိုချီးမြှင့်တော်မူပေမည်။ ကုရ်အာန် (၁၆:၉၇) ဖန်ဆင်းရှင်ကအမိန့်ရှိတော်မူတယ်။ စင်စစ်သော်ကား သူတို့အဖို့ သူတို့ပြုလုပ်ကျင့်မူခဲ့ကြသည်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်စွာထားရှိပြီးဖြစ်သော မျက်စိအေးမြကြည်လင်မှုကို မည်သူတဦးတစ်ယောက်မျှ မသိပြီတကား။ ကုရ်အာန် (၃၂:၁၇)
အစ္စလာမ်သာသနာကိုလက်မခံလိုက်လျှင် ကျွန်တော့်အတွက်ဘာတွေဆုံးရှုံးသွားမလဲ။
လူသားအနေနဲ့ဘဝမှာအကြီးကျယ်ဆုံးအသိပညာ၊ အမြင့်မြတ်ဆုံးအသိတရားဖြစ်တဲ့မိမိအားဖန်ဆင်းထားတဲ့အရှင်ကိုသိရှိခြင်းဆိုတဲ့အသိထူးအမြင်ထူးကိုဦီးစွားဆုံးရှုံးရလိမ့်မယ်။ ပြီးတော့လူသားကိုလောကမှာစိတ်လုံခြုံမှု၊ စိတ်နှလုံးသားရဲ့တည်ငြိမ်အေးချမ်းမှု၊ အမြဲထာဝစဉ်စံစားရမယ့်နောင်တမလွန်ဘဝရဲ့စည်းစိမ်ချမ်းသာသုခတွေကိုရရှိစေမယ့်မိမိရဲ့အရှင်သခင်ကိုယုံကြည်သက်ဝင်ခြင်းဆိုတဲ့သစ္စာတရားကိုလည်းဆုံးရှုံးရလိမ့်မယ်။
လူသားဟာ ဖန်ဆင်းရှင်ချပေးတော်မူတဲ့အထူးကဲဆုံး၊အပြည့်စုံဆုံးကျမ်းစာဖြစ်တဲ့ကုရ်အာန်ကျမ်းမြတ်ရဲ့ လေ့လာဆည်းပူးလိုက်နာခွင့်ကနေလက်မဲ့ဖြစ်ရလိမ့်မယ်။ ဤကြီးကျယ်မြင့်မြတ် သော ကုရ်အာန်ကျမ်းမြတ်အားသက်ဝင်ယုံကြည်ရခြင်းကိုလည်းလက်လွှတ်ဆုံးရှုံးရလေမယ်။
လူသားအနေနဲ့ပွင့်လေသမျှသောမဟာလူသားတမန်တော်အပေါင်းကိုယုံကြည်နောက်လိုက်မှုပြုရခြင်း၊သုခဘုံမှာသူတို့နဲ့ဆုံစည်းခွင့်ရခြင်းကိုလည်းဆုံးရှုံးရလေမယ်။ငရဲမှာမိစ္ဆာတွေ၊အဖျက်အမှောင့်ပြုသူတွေ၊အပြစ် အကုသိုလ်သားတွေ၊ဒုစရိုက်သမားတွေနဲ့သာအတူရှိရလိမ့်မယ်။ဆိုးရွားလိုက်လေသောနေရာထိုင်ခင်းနဲ့အကျည်းတန်လိုက်လေသောဆုံစည်းမှုပါတကား။
ဖန်ဆင်းရှင်ကအမိန့်ရှိတော်မူတယ်။ (အို-တမန်တော်)အသင်ပြောကြားလိုက်ပါ။မိမိကိုယ်ကိုလည်းကောင်း၊မိမိတို့အိမ်သူအိမ်သားများကိုလည်းကောင်း၊ရှင်ပြန်ထမည့်နေ့တွင် ဆုံးရှုံးအောင်လုပ်ကြသောသူတို့သာလျှင်စင်စစ်ဆုံးရှုံးသူများ ဖြစ်ကြကုန်၏။ သတိပြုကြလေကုန်။ ဤသည်သာလျှင် ထင်ရှားလှစွာသော ဆုံးရှုံးမှုပင်။ ၎င်းတို့၏အထက်တွင်လည်း မီးဖြင့်ပြီးသောအမိုးများရှိကြပေမည်။ ၎င်းတို့၏ အောက်တွင်လည်းမီးဖြင့်ပြီးသောအခင်းများရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်က မိမိကျွန်အပေါင်းအားကြောက်ရွံ့စေထားတော်မူသော(ပြစ်ဒဏ်)ပင်ဖြစ်၏။သို့ဖြစ်ပေရာ အို-ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ကုရ်အာန် (၃၉:၁၅-၁၆)
တမလွန်ဘဝမှာအောင်မြင်လိုသူ၊ လွတ်မြောက်မှုကိုလိုလားသူဟာအစ္စလာမ်သာသနာရဲ့အေးရိပ်ဆာယာအောက်ကိုဝင်ရောက်ခိုလုံဖို့အရေးကြီးပါတယ်။တမန်တော်မုဟမ္မဒ်အနောက်ကိုလိုက်ဖို့လည်းအရေးကြီးပါတယ်။
ပွင့်လေသမျှသော တမန်တော်အပေါင်း တို့သည်တစ်ညီတစ်ညွတ်တည်းရှိခဲ့သောအမှန်တရားတစ်ခုမှာ- တစ်ဆူတည်းသောဖန်ဆင်းရှင် အလ္လာဟ်အရှင် မြတ်ကို သက်ဝင်ယုံကြည်သူ၊ဖန်ဆင်းရှင် အလ္လာဟ်နဲ့မည်သည့်တစ်စုံ တစ်ရာကိုမျှဖက်စပ်ကိုးကွယ်မှုမပြုသူ။ (ဖန်ဆင်းရှင်ကလူသားတို့အဖို့ လမ်းပြကြယ်တွေအဖြစ်စေလွှတ်လိုက်တော်မူသော) တမန်တော်အပေါင်းကို ယုံကြည်သူ မွစ်လင်တွေသာ တမလွန်ဘဝ၏လွတ်မြောက်မှုကိုရရှိမှာဖြစ်ပြီး၊ ခေတ်ဆက်ဆက်တွင်တမန်တော်တွေကိုယုံကြည်ခဲ့သူ၊နောက် လိုက်မှုပြုခဲ့သူ၊သစ္စာ ပြုထောက်ခံခဲ့သူများသာ ငရဲမှလွတ်မြောက်ပြီးထာဝရသုခဘုံမှာဝင်ရောက်စံမြန်းကြရလိမ့်မည်ဖြစ်သည်။
တမန်တော် မောရှေခေတ်မှာရှိခဲ့သောသူများအနက် မောရှေကို ယုံကြည်ခဲ့ကြသည်။ တမန်တော်မောရှေ၏ သွန်သင်မှုနောက်ကို လိုက်ခဲ့ကြသည်။ သူတို့သည် တမန်တော်မောရှေခေတ်၏ကောင်းမြတ်သည့်ယုံ ကြည်သူမွတ်စ်လင်မ်တွေဖြစ်ကြသည်။ သို့သော် လည်း ဖန်ဆင်းရှင်ကတမန်တော်ယေရှူကိုစေလွှတ်ပြီးမှာတော့ မောရှေရဲ့နောက်လိုက်တပည့်သားတွေအနေနဲ့ယေရှူခရစ်တော်ကိုယုံကြည်ကာ ခရစ်တော်၏ အမိန့်ကိုလိုက်နာပြီးခရစ်တော်၏အနောက်ကိုလိုက်ရပါမည်။ ခရစ်တော်ခေတ်မှာခရစ်တော်ရဲ့အနောက်ကိုတစ်စိတ်တစ်လက်နဲ့ဖြူစင်စွာလိုက်ခဲ့ကြသူတွေဟာ တမန်တော်ယေရှူခေတ်ရဲ့ကောင်းမြတ်တဲ့ယုံကြည်သူမွတ်စ်လင်မ်တွေဖြစ်ကြသည်။ ခရစ်တော်ကိုငြင်းဆန်ခဲ့ကြသူတွေ၊ခရစ်တော်နောက်ကိုမလိုက်နိုင်ဘူး၊ တမန်တော်မောရှေရဲ့သာသနာအတိုင်းပဲဆက်နေမယ်လို့သွေဖည်ပြောဆိုခဲ့သူတွေဟာ ဖန်ဆင်းရှင်စေလွှတ်လိုက်သော တမန်တော်တစ်ပါးကိုငြင်းဆန်လိုက်တဲ့အတွက်ဘယ်လိုမှပြည့်ဝစစ်မှန်သည့်ယုံကြည် သူမဖြစ်နိုင်တော့ပါ။ တမန်တော်ယေရှူရဲ့နောက်မှာတော့ ဖန်ဆင်းရှင်ဟာ တမန်တော်မုဟမ္မဒ်ကိုနောက်ဆုံးတမန်တော်အဖြစ်စေလွှတ်တော်မူတယ်။ဒါကြောင့် လူသားထုတစ်ရပ်လုံးအနေနဲ့တမန်တော်မုဟမ္မဒ်ကိုယုံကြည်လိုက်နာရပါမယ်။တမန်တော်မောရှေကိုစေလွှတ်ခဲ့တာလည်းဖန်ဆင်းရှင်ပဲဖြစ်တယ်။တမန်တော်ယေရှူကိုစေလွှတ်တာလည်းဖန်ဆင်းရှင်ပဲဖြစ်တယ်။ ထိုဖန်ဆင်းရှင်ကပဲ တမန်တော်မုဟမ္မဒ်ကိုနောက်ဆုံးတမန်တော်ချုပ်အဖြစ်စေလွှတ်တော်မူတယ်။ဒါကြောင့် တမန်တော်မုဟမ္မဒ်ရဲ့သတင်းစကားကိုငြင်းပယ်ပြီးတမန်တော်မောရှေရဲ့သာသနာ၊ ဒါမှမဟုတ် တမန်တော်ယေရှူရဲ့သာသနာအတိုင်းပဲဆက်နေမယ်လို့သွေဖည်ပြောဆိုသူဟာဘယ်လိုမှပြည့်ဝစစ်မှန်တဲ့ယုံကြည်သူမဖြစ်နိုင်တော့ပါ။
လူတစ်ယောက်အနေနဲ့ ကျွန်တော်မွစ်လင်တွေကိုလေးစားပါတယ်လို့ပြောဆိုရုံ၊အလှူအတန်းလေးလုပ်ရုံ၊ မရှိဆင်းရဲသားများကိုကူညီရုံလောက်နဲ့တမလွန်မှာမလွတ်မြောက်နိုင်ပါ။ သူ့အနေနဲ့ ဖန်ဆင်းရှင်ကို သက်ဝင်ယုံကြည်ရန်၊ ထို့ပြင် ဖန်ဆင်းရှင်ချပေးခဲ့တဲ့ကျမ်းဂန်များ၊ ပွင့်ပေါ်ခဲ့သောတမန်တော်အပေါင်းနဲ့နောင်တမလွန်ဘဝကိုယုံကြည်မှုမရှိမချင်းဖန်ဆင်းရှင်က သူ့ရဲ့သူရပ်တွေကိုလက်ခံသဘောတူတော်မူမှာမဟုတ်ပါ။ (ယုံကြည်ခြင်းနဲ့ပြုလုပ်ကျင့်ကြံတို့မှုထပ်တူကျမှသာမိမိရဲ့ကောင်းမှုတွေကဖန်ဆင်းရှင်ရဲ့ထံလက်ခံခြင်းခံရမှာဖြစ်တယ်။) ဒီလောကမှာ-မိမိကိုဖန်ဆင်းထားတဲ့အရှင်ကိုငြင်းပယ်တာ၊ဖန်ဆင်းရှင်နဲ့အတူအခြားအရာတွေကိုတုဖက်ယှဉ်ဖက်ပြုပြီးဖက်စပ်ကိုးကွယ်တာ၊ဖန်ဆင်းရှင်ရဲ့သတင်းစကားကိုပစ်ပယ်ငြင်းဆန်တာ၊ဖန်ဆင်းရှင်စေလွှတ်လိုက်တဲ့နောက်ဆုံးတမန်တော်ကိုယုံကြည်လက်ခံမှုမရှိတာထက်ကြီးလေးတဲ့ပြစ်မှုအဘယ်မှာရှိနိုင်လေဦးမလဲ။
ဂျူးဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်နဲ့အခြားသူတွေထဲက တမန်တော်မုဟမ္မဒ်ပွင့်ပေါ်လာတာကို ကြားသိပြီး နောက် ငြင်းဆန်မယ်၊ တမန်တော်ကိုမယုံကြည်ဘူး၊ အစ္စလာမ်သာသနာထဲကိုဝင်ရောက်ဖို့ငြင်းဆန်မယ်ဆိုပါက ထာဝရငရဲလားရမှာဖြစ်တယ်။ ဒါဟာဖန်ဆင်းရှင်ရဲ့အမိန့်တော်ပြဋ္ဌာန်းချက်ဖြစ်တယ်။ ဘယ်လူသားတစ်ယောက်ရဲ့ဆုံးဖြတ်သတ်မှတ်ချက်မျှမဟုတ်ပါ။ ဖန်ဆင်းရှင်ကမိန့်မြွက်တော်မူတယ်။ ရှေးအထက်ကျမ်းဂန်ရရှိသူတို့အနက်မှလည်းကောင်း၊တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်သူတို့အနက်မှလည်း ကောင်း၊ သွေဖည် ငြင်းငြင်းပယ်ခဲ့ကြကုန်သော သူတို့မှာ ဧကန်အမှန်ငရဲ၏ မီးထဲသို့ အမြဲထာဝစဉ် နေထိုင် ခံစားကြရသူများအဖြစ်လားကြရပေမည်။ ထိုသူတို့ကား အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင် ဖြစ်ကြကုန်၏။ ကုရ်အာန် (၉၈:၆)
လူသားတို့အတွက်ဖန်ဆင်းရှင်ထံမှနောက်ဆုံး သတင်းစကားလည်းကျရောက်ခဲ့ပေပြီ။ သို့ဖြစ်ရာ အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ကြားသိရခဲ့သူတိုင်း၊ နောက်ဆုံးတမန်တော်မုဟမ္မဒ်ယူဆောင်လာသောသတင်းစကားကို ကြားသိခဲ့ရသူတိုင်းဟာ တမန်တော်မုဟမ္မဒ်အပေါ်သက်ဝင်ယုံကြည်ရမှာဖြစ်တယ်။ တမန်တော်မုဟမ္မဒ်၏နောက်ကိုလိုက်ပြီး၊ တမန်တော့်အမိန့်ကိုနာခံရမည်။ တမန်တော်တားမြစ်တာတွေကိုရှောင်ကြဉ်ရပါမည်။ တစ်ဦးတစ်ယောက်အနေနဲ့ဖန်ဆင်းရှင်ရဲ့နောက်ဆုံးသတင်းစကားကိုကြားပြီး နောက်ပိုင်းမှာလည်း မယုံကြည်ဘဲလျစ်လျူရှူဥပေက္ခာပြုခဲ့မယ်ဆိုရင် သူရဲ့ပြုမူသမျှကိုဖန်ဆင်းရှင်က အသိအမှတ်ပြုလက်ခံတော်မူမှာမဟုတ်ပါ။ တမန်လွန်မှာလည်းအရှင့်ရဲ့ပြစ်ဒဏ်ခတ်မှုနဲ့ရင်ဆိုင်ရပါလိမ့်မည်။
အထက်ပါအချက်၏သက်သေအထောက်အထားများအနက် ဖန်ဆင်းရှင်၏ မိန့်ချွေချက်မှာ- ထို့ပြင် မည်သူမဆို အစ္စလာမ် သာသနာမှလွဲ၍အခြားသာသနာ တစ်ရပ် ရပ်ကို ရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ (သူရှာဖွေသော သာသနာသည်အရှင် မြတ်အထံတော်တွင်) လက်ခံသဘောတူတော်မူခြင်းကိုအလျှင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ ၌လည်း ဆုံးရှုံးသူများအနက်တစ်ဦးအပါအဝင်ဖြစ်ပေမည်။ ကုရ်အာန် (၃:၈၅)
မွတ်စ်လင်မ်တစ်ယောက်ဖြစ်ရန် ကျွန်တော် ဘာတွေလုပ်ရမလဲ။
အစ္စလာမ်သာသနာထဲကိုဝင်ရောက်လာဖို့အတွက်အခြေခံကျသောဤမဏ္ဍိုင်ကြီး(၆)ချက်ကိုသက်ဝင်ယုံကြည်ရပါမည်။
၁။ အလ္လာဟ်အရှင်မြတ်ကိုသက်ဝင်ယုံကြည်ရပါမည်။ အရှင်မြတ်ဟာ ခပ်သိမ်းကိုဖန်ဆင်းဖြစ်တည်စေတော်မူသောအရှင်၊ လောကအပေါင်းကိုရိက္ခာချီးမြှင့်တော်မူအရှင်၊ လောကဓာတ်ကြီးတစ်ခုလုံးကိုအစီစဥ်တကျလည်ပတ်နေအောင်စီမံအုပ်ချုပ်နေတော်သောအရှင်၊ အလုံးစုံကိုစိုးပိုင်တော်သောအရှင်အဖြစ်ယုံကြည်ရပါမယ်။ ဒီအတွက်ကြောင့်အရှင်မြတ်တစ်ပါးတည်းသာခပ်ဝပ်ကိုးကွယ်ဆည်းကပ်မှုအစုစုကိုအကြွင်းမဲ့ခံထိုက်တော်မူတယ်။ ထိုအရှင်နှင့်တုဖက်ယှဉ်ဖက်ဟူ၍အလျှင်းမရှိပါ။ဖန်းဆင်ရှင်အလ္လာဟ်အရှင်မြတ်သည် ဇနီးမယားရှိခြင်း၊သားသမီးရှိခြင်းမှကင်းရှင်းတော်မူတယ်။ အရှင်မြတ်နှင့်ဂုဏ်ရည်တူသူ၊ ဆင်တူသူဟူ၍လည်းတစ်ဦးတစ်ယောက်မျှမရှိပါ။ အရှင်မြတ်ကလွဲပြီးအခြားသောလူလုပ်ကိုးကွယ်ရာအားလုံးဟာမှားယွင်းမှုသာဖြစ်ကြောင်းလို့သက်ဝင်ယုံကြည်ရပါမယ်။
၂။ ဖန်ဆင်းရှင်၏အဖန်ဆင်းခံတွေထဲက ကောင်းကင်တမန်တော်တွေကိုယုံကြည်ရပါမည်။ အရှင်မြတ်ဟာသူတို့ကို လင်းရောင်ခြည်နဲ့ဖန်ဆင်းထားတော်မူသည်။ သူတို့တွေမှာဖန်ဆင်းရှင်ခန့်အပ်ထားတဲ့တာဝန်အသီးသီးရှိပြီးတချို့ဟာ လောကမှာဖန်ဆင်းရှင်စေလွှတ်လိုက်တဲ့မဟာလူသားတမန်တော်တွေထံဗျာဒိတ်တော်တွေကိုပို့ဆောင်ပေးရသည်။
၃။ ပွင့်ပေါ်ခဲ့သမျှတမန်တော်အပေါင်းထံဖန်ဆင်းရှင်ချပေးတော်မူခဲ့တဲ့ကျမ်းဂန်အားလုံးကိုယုံကြည်ရပါမယ်။ (ဥပမာ-ပြောင်းလဲပြင်ဆင်ခြင်းမခံရခင်က သောင်ရားသ်ကျမ်း၊အင်န်ဂျီလ်ကျမ်း) ထို့ပြင် နောက်ဆုံးကျမ်းဂန်ဖြစ်တယ့် ကုရ်အာန်ကျမ်းမြတ်ကိုယုံကြည်ရပါမယ်။
၄။ တမန်တော်အပေါင်းကိုလည်းယုံကြည်ရပါမယ်။ နောဧ၊ အေဗရာဟမ်၊မောရှေ၊ ယေရှူ၊ ၎င်းတို့အနက် နောက်ဆုံးဖြစ်တယ့် တမန်တော် မုဟမ္မဒ်စတဲ့တမန်တော်အားလုံးကိုယုံကြည်ရပါမယ်။ ၎င်းတမန်တော်များ အားလုံးဟာ လူသားတွေဖြစ်တယ်။တမန်တော်အပေါင်းဟာ ဖန်ဆင်းရှင်၏ ဘက်တော်မှ ရွေးချယ် စေလွှတ်မှုဖြစ်ကြောင်း၊မှန်ကန်ကြောင်းကို လူတွေသိနိုင်ရန်အတွက်တမန်တော်တွေကိုဖန်ဆင်းရှင်ကမိိမိရဲ့သက်သေလက္ခဏာတော်တွေ၊တန်ခိုးပြာဋိဟာတွေနဲ့ကူညီဆောင်မတော်မူခဲ့တယ်။
နောက်ဆုံးနေ့ (ကိယာမတ်နေ့) ကို သက်ဝင်ယုံကြည်ခြင်းဆိုသည်မှာ (ထိုနေ့တွင်) အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးအစမှအဆုံးတိုင်ရှိခဲ့ကြတဲ့လူသားအားလုံးကို ပြန်လည်ရှင်ပြန်ထစေတော်မူပြီး မိမိ၏ဖန်ဆင်းခံများအကြား တရားစီရင်မည်။ ယုံကြည်သူများကို ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေမည်။ ကာဖိရ်များ (သွေဖီငြင်းပယ်သူများ) ကိုမူ ငရဲမီးထဲသို့ ထည့်သွင်းမည်ဖြစ်ကြောင်းကို သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
၆။ နဖူးစာ သတ်မှတ်ချက်ကိုယုံကြည်ရပါမယ်။အရှင် မြတ်ဟာ အတိတ်မှာဖြစ်ခဲ့တဲ့အရာ၊ပစ္စုပ္ပန်မှာဖြစ်နေတဲ့အရာ၊အနာဂတ်မှာဖြစ်ပျက်မယ့်အရာအလုံးစုံကိုအစမှအဆုံးတိုင်အကြွင်းမဲ့သိရှိတော်မူတယ်။ဖန်ဆင်းရှင်ဟာမိမိသိရှိတော်မူတဲ့အတိုင်း အစီစဉ်တကျသတ်မှတ်ရေးဆွဲတော်မူကြောင်း၊မိမိရဲ့အလိုတော်အတိုင်းဖန်ဆင်းမွေးမြူပြီးဖြစ်တည်စေတော်မူကြောင်းကိုလည်းယုံကြည်ရပါမယ်။
ဆုံးဖြတ်ချက်ချဖို့တုံ့ဆိုင်းမနေပါနဲ့မိတ်ဆွေ
ဒီလောကကြီးဟာနိစ္စထာဝရအမြဲမဟုတ်ပေ။
အလှတရားတွေလည်းအချိန်တန်ရင်ယိုယွင်းပျက်စီးသွားမှာဖြစ်သလိုစိတ် အလိုရမ္မက်တွေလည်းတစ်ချိန်ချိန်ဆိတ်သုဉ်းသွားမှာဖြစ်ပါတယ်။
များမကြာမီ လောကမှာမိမိတို့ပြုခဲ့သမျှ၊ ကြိုတင်ပို့နှင့်ခဲ့သမျှအတွက်စစ်ဆေးမေးမြန်ခြင်းကိုခံရမယ့် နေ့ဟာ ဆိုက်ရောက်လာမှာဖြစ်တယ်။ ထိုဒီနေ့သည် လူခသိမ်းတို့စားရင်းအင်းစစ်ဆေးခံရမည့်ကမ္ဘာ့တရားခွင်နေ့ဖြစ်သည်။ ဖန်ဆင်းရှင်ကမိန့်မှာတော်မူသည်မှာ- ၎င်းပြင် (မှတ်တမ်း)စာအုပ်များသည် (ထိုသူတို့ရှေ့၌) ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း(မှတ်တမ်း)စာအုပ်များ၌ (ရေးသား၍ထားသော) အကြောင်းအရာများကြောင့် ထိတ်လန့်လျက် ရှိနေကြသည်ကို တွေ့မြင်ပေမည်။ ထို့ပြင် သူတို့က ပြောဆိုညည်းညူကြမည်။ဪ-ကျွန်ုပ်တို့အကျိုးနည်းပျက်စီးရလေခြင်း၊ ဤ(မှတ်တမ်း)စာအုပ်သည် မည်သို့သော စာအုပ်ပါနည်း။ ဤစာအုပ်သည် မည်သည့် သေးငယ်သော(ပြစ်မှု) တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ မည်သည့်ကြီးလေးသော (ပြစ်မှု)တစ်စုံတစ်ရာကိုမျှလည်းကောင်း၊ ခြွင်းချန်ထားခြင်းမပြုပဲ ရေတွက် (မှတ်သား ထား)ခဲ့လေသည်။ထိုမှတစ်ပါး သူတို့သည် မိမိတို့ကျင့်မူခဲ့သမျှတို့ကိုလည်း (မိမိတို့)ရှေ့ဝယ် အသင့်ရောက်ရှိ နေသည်ကို တွေ့ရှိကြရပေမည်။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာမူကား မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတရားပြုလုပ်တော် မူမည်မဟုတ်ပေ။ ကုရ်အာန် (၁၈:၄၉)
အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခြင်းမရှိသူ့၏နေရာထိုင်ခင်းသည်ထာဝရငရဲသာဖြစ်မည်ဟု ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်က ကြိုတင်သတိပေး မြွက်ကြားထား၏။
သို့ဖြစ်ရာ (တမလွန်ဘဝ၏) ဆုံးရှုံးမှုသည် လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးဖြစ်မှာမဟုတ်ပေ။ ဆုံးရှုံးမှုနှင့်ပေးဆပ်ရမှုအလွန်ကြီးမားလိမ့်မည်။ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ ထို့ပြင် မည်သူမဆို အစ္စလာမ် သာသနာမှလွဲ၍အခြားသာသနာ တစ်ရပ်ရပ်ကို ရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ (သူရှာဖွေသော သာသနာသည်အရှင် မြတ်အထံတော်တွင်) လက်ခံသဘောတူတော်မူခြင်းကိုအလျှင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ ၌လည်း ဆုံးရှုံးသူများအနက်တစ်ဦးအပါအဝင်ဖြစ်ပေမည်။ ကုရ်အာန် (၃:၈၅)
အစ္စလာမ်သာသနာဟာ ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်သဘောတူလက်ခံထားတဲ့တစ်ခုတည်းသောသာသနာဖြစ်တယ်။အစ္စလာမ်မှလွဲ၍အခြားသောခဝပ်ဆည်းကပ်ယုံကြည်မှုတစ်ခုခုဟာအရှင်မြတ်ထံတော်တွင်သာသာနာအဖြစ်လက်ခံခြင်းခံရမှာမဟုတ်ပါ။
အလ္လာဟ်အရှင်မြတ်သာ ကျွန်တော်တို့အားလုံးကိုဖန်ဆင်းထားတော်မူသည်။ ထိုအရှင်မြတ်ဆီကိုသာ ကျွန်တော်တို့အားလုံးပြန်လည်သွားကြရမယ်။ ဒီလောကီဘဝဆိုတာကျွန်တော်တို့အတွက်စမ်းသပ်မှုတစ်ခုသာဖြစ်သည်။
လူသားဟာ ကောင်းစွာ ယုံကြည်နားလည်ထားရမည်မှာ- လောကီဘဝဆိုတာတိုတောင်းလှပြီးအိပ်မက်တစ်ခုပမာပါပဲ။ သေခြင်းတရားဘယ်ချိန် ဆိုက်ရောက်လာမလဲဆိုတာဘယ်သူတစ်သူတစ်ဦးတစ်ယောက်မျှမသိနိုင်ပေ။
ရှင်ပြန်ထရမည့်ကမ္ဘာ့တရားခွင်နေ့မှာကလူသားကို ဖန်ဆင်းရှင်က”လောကီဘဝမှာအမှန်တရား၊ သစ္စာတရားရဲ့အနောက်ကိုဘာကြောင့်မလိုက်ခဲ့တာလဲ၊ နောက်ဆုံးတမန်တော်မုဟမ္မဒ်ရဲ့အနောက်ကိုဘာကြောင့်မလိုက်ခဲ့တာလဲ”လို့မေးမြန်တဲ့အခါသူ့အနေနဲ့ဘာအဖြေပေးမလဲ။
လောကမှာရှိစဉ်က အစ္စလာမ်သာသနာကိုလက်ခံလိုက်နာဖို့၊ ကျောခိုင်းမှုမပြုဖို့၊သွေဖည်ငြင်းပယ်သူဟာအပယ်ငရဲမှာထာဝရဆုံးရှုံးခြင်းနဲ့ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့လျက်နဲ့အမှန်တရားကိုစွန့်ပစ်ငြင်းဆန်ခဲ့သူအနေနဲ့ ဖန်ဆင်းရှင်ကိုဘာဖြေရှင်းချက်ပေးလေမလဲ။
ဖန်ဆင်းရှင်က အမိန့်ရှိတော်မူသည်။ သို့ရာတွင် ငါအရှင်၏တရားဒေသနာတော်များကို လိမ်လည်ထားသည့် တရားဒေသနာတော်များ ဖြစ်သည်ဟုစွပ်စွဲ၍ (ငါအရှင်ကို) ငြင်းပယ်သူများသည် ငရဲသားများဖြစ်ကြသည်။ ယင်းသူတို့သည် ထိုငရဲတွင် ထာဝစဉ်ခံစားကြရမည့်သူများဖြစ်သည်။ ကုရ်အာန် (၂:၃၉)
အဲ့ဒီနေ့မှာ အမှန်တရားကိုစွန့်ပြီးဘိုးဘွားဘီဘင်တွေလုပ်ခဲ့လို့လိုက်လုပ်ရတာပါလို့လွန်လေသွားတဲ့သူတွေကိုခေါင်းပုံချပြီးအယူခံဝင်ကာဆင်ခြေပေးလို့ရမှာမဟုတ်ဘူး။
အစ္စလာမ်သာသနာထဲကိုဝင်ရောက်ဖို့ငြင်းဆန်ခဲ့တဲ့လူအများအစုဟာ မိမိတို့ကျင်လည်ဖြတ်သန်းနေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုကြောက်ရွံ့စိုးရိမ်လို့ဖြစ်ကြောင်း ဖန်ဆင်းရှင်ကပြောပြထားတော်မူသည်။
နောက်လူတစ်အုပ်စုကတော့ သူတို့ဘိုးဘွားတွေဆီကနေအမွှေရထားတဲ့ယုံကြည်ချက်တွေ၊ သူတို့ရဲ့ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကနေရှာဖွေရရှိထားပြီးသူတို့ရဲ့နေ့စဉ်ဘဝမှာအသားကျအနည်ထိုင်နေပြီဖြစ်တဲ့ကိုးကွယ် ယုံကြည်မှုတွေ ကြောင့်အစ္စလာမ်သာသနာရဲ့အေးရိပ်အောက်ကိုလာရောက်ကြဖိုငြင်းဆန်တတ်ကြပါတယ်။ များစွာသောသူတို့မှာမူ အစွဲအလမ်းကြီးမှုတွေ၊အမှားကိုဆိုးမွှေအဖြစ်စိတ် အလိုလိုက်ပြီးဆက်လက်ကာကွယ်နေမှုတွေကြောင့်အစ္စလာမ်သာသနာရဲ့အေးရိပ်အောက်ကိုလာရောက်ကြဖိုငြင်းဆန်တတ်ကြပါသည်။
အဲ့ဒီသူတွေအားလုံး ဖန်ဆင်းရှင်ရဲ့ရှေ့တော်မှောက်မှာ အကြောင်းပြချက်တွေဆင်ခြေတွေပေးဖို့ ဘာသက်သေအထောက်အထားမှရှိမှာမဟုတ်ပါ။
ဘာသာမဲ့တစ်ယောက်အတွက် ကျွန်တော်ဟာ ဘာမှမကိုးကွယ်တဲ့မိသားစုမှာမွေးဖွားခဲ့တာဖြစ်လို့ ဘာသာမဲ့တစ်ယောက်အဖြစ်ဆက်ရှိခဲ့တာပါလို့ အကြောင်းရှာဆင်ခြေပေးလို့ရမှာမဟုတ်ပါ။ သူ့အနေနဲ့ ဖန်ဆင်းရှင် ချီးမြှင့်ထားတဲ့ ဦးနှောက်နဲ့အသိဉာဏ်ကိုအသုံးပြုရမှာဖြစ်တယ်။မိုးကောင်းကင်နဲ့မြေပထဝီရဲ့ကြီးကျယ်ခမ်းနားမှုတွေကိုဆင်ခြင်တွေးတောပြီး အသိဉာဏ်နဲ့ယှဉ်ကာဒီလောကိုဖန်ဆင်းဖြစ်တည်စေထားတဲ့အရှင်တစ်ပါးရှိကြောင်းကို သိအောင်အားထုတ်ရမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ ရုပ်တုဆင်းတု၊ ကျောက်ချပ်အုပ်ခွက်တွေကိုကိုးကွယ်ကြတဲ့သူတွေလည်း ဘိုးစဉ်ဘောင်ဆက်လုပ်ခဲ့လို့ပါဆိုပြီး တခြားသူတွေကိုခေါင်းပုံကာအယူခံဝင်ဆင်ခြေပေးလို့ရမှာမဟုတ်ပေ။ သူ့အနေနဲ့အမှန်တရားကိုအမြဲရှာဖွေဆည်းပူးနေရင်း”ငါဘာကြောင့်သက်မဲ့ရုပ်ဝတ္ထုတွေ၊ ကျောက်တုံးကျောက်ဆိုင်တွေ၊ ငါပြောတာလဲမကြား၊ ငါလုပ်တာလည်းမမြင်၊ ငါ့ကိုဘာကောင်းကျိုးဆိုးကျိုးမှမပေးနိုင်တဲ့အရာတွေကိုခဝပ်ကိုးကွယ်နေမိတာလဲ”လို့မိမိကိုယ်မိမိအစဉ်မေးမြန်းစစ်ဆေးအဖြေရှာနေရမှာဖြစ်တယ်။
ဒီအတိုင်းပဲခရစ်ယာန်ဘာသာဝင်တွေအနေနဲ့လည်း ဗီဇသဘာဝဖြစ်တည်မှု၊အသိတရား၊ဆင်ခြင်ဉာဏ်နဲ့ဆန့်ကျင်ဖိီလာနေတဲ့ယုံကြည်ချက်တွေနဲ့ပတ်သက်ပြီးစဉ်းစားဆင်ခြင်သင့်တယ်။”ဘုရားသခင်အနေနဲ့အပြစ်မဲ့တဲ့မိမိရဲ့သားကို တခြားသူတွေကအပြစ်အကုသိုလ်ကျူးလွန်တာနဲ့ပဲ ဘာလို့သေစေလိုက်တာလဲ။ဒါဟာမတရားမှုဖြစ်တယ်။ ပြီးတော့ ဘယ်လူသားကရောဘုရားရဲ့သားကို ကားစင်တင်ပြီးသတ်လို့ရလေမလဲ။ အရာရာကိုတက်စွမ်းနိုင်တော်မူတဲ့ ဖန်ဆင်းရှင်ဘုရားသခင်ကရော မိမိရဲ့သားကိုအသက်မသေစေဘဲလူသားတွေကိုခွင့်လွှတ်ချမ်းသာခွင့်ပေးနိုင်စွမ်းမရှိဘူးလား။ဘုရားသခင်က မိမိရဲ့သားကိုလူတချို့ရဲ့ကားစင်တင်ပြီးရက်စက်စွာသတ်ဖြတ်ခြင်းကနေကာကွယ်နိုင်စွမ်းမရှိပေဘူးလား။ဘာကြောင့်များမကာကွယ်ပေးလိုက်တာလဲ။”စသဖြင့်မိမိယုံကြည်ချက်နဲ့ပတ်သက်ပြီးရှာဖွေစမ်းစစ်နေရပါမယ်။
အသိဉာဏ်ပညာရှိတစ်ယောက်အနေနဲ့အမှန်တရားနောက်ကို လိုက်ဖို့အရေးကြီးတယ်။ မှားယွင်းတယ့်လမ်းစဥ်ပေါ်မှာရှိခဲ့တဲ့ဘိုးဘွားဘီဘင်တွေရဲ့နောက်ကိုမျက်ကန်းနောက်လိုက်မှုမပြုရပါ။
အစ္စလာမ်သာသနာကိုလက်ခံလိုသော်လည်း ဆွေမျိုးသားချင်းမိတ်ဆွေအပေါင်းအသင်းတို့က ဖယ်ကြဉ်မှာ၊ ဒုက္ခပေးမှာကိုစိုးရိမ်ရလျှင်ဘာလုပ်ရမလဲ။
အစ္စလာမ်သာသနာကိုလက်ခံလိုသော်လည်းပတ်ဝန်းကျင်အသိုင်းအဝိုင်းကဖယ်ကြဉ်ဒုက္ခပေးမှာကို စိုးရိမ်ရတယ်ဆိုလျှင် ၎င်းအဖို့ အစ္စလာမ်သာသနာကိုလက်ခံပြီး မိမိ အစ္စလာမ်သာသနာကို လက်ခံလိုက်သည့်အကြောင်းကို (လူများအား အသိမပေးဘဲ) ဖုံးကွယ်ထားခွင့်ရှိသည်။ အချိန်တစ်ခု ရောက်လာတယ့်အခါ ဖန်ဆင်းရှင်ရဲ့ကူညီစောင်မမှုနဲ့မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်တဲ့အနေအထားဖြစ်လာတယ်၊ လွယ်ကူမှုနဲ့ကြုံဆုံလာတယ်ဆိုလျှင်တော့ လူသိရှင်ကြားထုတ်ဖော်ပြီး အစ္စလာမ်သာသနာနဲ့လမ်းစဉ်ကိုပေါ်ပေါ်တင်လျှောက်လှမ်းရပါမည်။
လူသားအနေနဲ့အရေးအကြီးဆုံးအချက်က အစ္စလာမ်သာသနာကို ချက်ခြင်းလက်ခံလိုက်ဖို့ပဲဖြစ်တယ်။ ကိုယ့်အတွက်အခက်အခဲတွေ၊ ပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်ခြေရှိရင်မိမိရဲ့ အစ္စလာမ်သာသနာကို လက်ခံယုံကြည်မှုနှင့်ပတ်သက်ပြီးကိုယ့်အနီးနာမှာရှိတဲ့လူတွေကိုအသိပေးပြောပြဖို့အရေးတကြီးမလိုအပ်ပါ။
အစ္စလာမ်သာသနာကိုလက်ခံလိုက်သူတစ်ယောက်ဟာကမ္ဘာမှာသန်းပေါင်းများစွာရှိနေတဲ့မွတ်စ်လင်မ်တွေနှင့်ညီရင်းအစ်ကိုမောင်ရင်းနှမဖြစ်သွားတဲ့အတွက်ဘာမှအားငယ်စရာမလိုတော့ပါ။ ကိုယ့်မြို့ကိုယ့်ဒေသမှာရှိတဲ့ဗလီတွေ၊ အစ္စလာမစ်အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီးအကြံအဉာဏ်တွေရယူလို့ရတယ်။ လိုအပ်တဲ့အကူအညီတွေတောင်းလို့ရတယ်။ မိတ်ဆွေရဲ့ဆက် သွယ်မေးမြန်မှုဟာသူတို့ကိုဝမ်းမြောက်စေပါလိမ့်မယ်။
အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူသည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်ရှိသော် ထိုအရှင်မြတ်သည် ထိုသူတို့၏အဖို့ ထွက်မြောက်ရာနည်းလမ်းကို ပြုလုပ်၍ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထိုသူအား ထိုသူ မထင်မှတ်ထားသောနေရာမှ စားနပ်ရိက္ခာကို ချီးမြှင့် ပေးသနားတော်မူပေမည်။ ကုရ်အာန် (၆၅:၂-၃)
အို-အဆွေစာရှူသူ
ကျွန်တော်တို့ကို မရေမတွက်နိုင်အောင်များပြားလှတဲ့စည်းစိမ်တွေ၊ကျွန်တော်တို့ရှင်သန်ရပ်တည်ဖို့အတွက်အစာအဟာတွေကို အမေ့ဗိုက်ဝမ်းကြာသိုက်ထဲရှိစဉ်ကပင်ပေးကမ်းကျွေးမွေးခဲ့ပြီး၊ကျွန်တော်တို့အသက်ရှင်ဖို့နေ့စဉ်ရှူရှိုက်နေရတဲ့လေကိုလည်းကျွန်တော်တို့အတွက်ချီးမြှင့်ထားတော်တဲ့အရှင်သခင်ရဲ့ကြေနပ်နှစ်သက််မှုထက် ဖန်ဆင်းခံကျွန်လူသားတွေရဲ့အရေးပေးမှု၊နှစ်သက််မှုကပိုအရေးကြီးလေမလားမိတ်ဆွေ။
လောကီဘဝရောတမလွန်ဘဝမှာပါအောင်မြင်ဖို့အတွက်ကျွန်ုပ်တို့အနေဖြင့်မမြဲလှပြီးတဒင်္ဂတစ်ခဏမျှသာဖြစ်တဲ့လောကရဲ့ဇိမ်ကျမှု၊ အပျော်အပါးတချို့ကိုမစတေးသင့်ပေဘူးလား မိတ်ဆွေ။ မုချစွန့်လွှတ် အနစ်နာခံစတေးသင့်တာပေါ့ မိတ်ဆွေ။
လူသားတစ်ယောက်အတွက်အတိတ်မှာရှိခဲ့တဲ့မှားယွင်ချွတ်ချော်မှုတွေကပစ္စုပ္ပန်နဲ့အနာဂတ်မှာပြန်လည်ပြင်ဆင်ဖို့ အမှန်တရားကိုလက်ခံဖို့ မှန်တဲ့လမ်းကိုလျှောက်လှမ်းဖို့ မှန်ရာကိုပြုမူကျင့်ကြံနေထိုင်ဖို့အတားအဆီးမဖြစ်ထိုက်ပါဘူး။
ဒါကြောင့်ဒီနေ့မှာပဲစစ်မှန်တဲ့ယုံကြည်သူတစ်ယောက်ဖြစ်လိုက်ဖို့သင့်ပါတယ်မိတ်ဆွေ။အမျိုးမျိုးနှောက်ယှက်ဖျက်စီးမည့်အဖျက်အမှောင့်မိစ္ဆာရဲ့ရန် ဆွယ်အသွယ်သွယ်ကြောင့်အမှန်တရားကိုလက်ခံဖို့အတားအဆီးမဖြစ်ပါစေနဲ့။
ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ကမိန့်ကြားတော်မူသည်။ အို- လူခပ်သိမ်းတို့၊ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အသင်တို့ဆီသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော တမန်တော်မုဟမ္မဒ်သည်)ဧကန်မလွဲ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ထိုအရှင်မြတ် (၏ ဒီန်သာသနာတော် အစ္စလာမ်) ကို မြဲမြံခိုင်ခံ့စွာဆုပ်ကိုင်ထားရှိကြလျှင် ထိုသူတို့အား မကြာမြင့်မီအရှင်မြတ်သည် မိမိကရုဏာတော် (တည်းဟူသောအမတသုခဘုံ) နှင့် ကျေးဇူးတော်တွင်းသို့ ဝင်ရောက်စေတော်မူမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသူတို့အား မိမိအထံတော်သို့ (ရောက်ရှိနိုင်ရန်) ဖြောင့်မတ်သော (တရား) လမ်းကိုလည်း ညွှန်ကြားပြသပို့ဆောင်တော်မူမည်။ ကုရ်အာန် (၄:၁၇၄-၁၇၅)
မိတ်ဆွေရဲ့ဘဝမှာအကြီးအကျယ်ဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုချဖို့အဆင်သင့်ဖြစ်ပြီလား။
အထက်တင်ပြပါအချက်တွေအားလုံးဟာဘဝအတွက်ကျိုးကြောင်းဆင်ခြင်မှုနှင့်ကိုက်ညီတယ်၊ သဘာဝကျတယ်၊ ယုတ္တိရှိတယ်ဆိုလျှင် လူသားအနေနဲ့သူ့ရဲ့စိတ်နှလုံးသားထဲမှာ အစစ်မှန်သဘောနဲ့သစ္စာတရားကိုလေးနက်တည်ကြည်စွာသိရှိနားလည်သွားတာဖြစ်တယ်။ ဒါဆိုရင် ၎င်းအနေနဲ့ မွစ်လင်မ်တစ်ယောက်ဖြစ်ဖို့ ပထမဦးဆုံးအနေနဲ့ရှေ့ကိုခြေလှမ်းတစ်လှမ်းစလှမ်းလိုက်ဖို့အရေးကြီးပါပြီ။
ဘဝရဲ့အကြီးအကျယ်ဆုံးနဲ့အကောင်းဆုံးသောဆုံးဖြတ်ချက်တစ်ခုကိုချဖို့နှင့် စစ်မှန်တဲ့ယုံကြည်သူ မွတ်စ်လင်မ် တစ်ဦးဖြစ်ရန်ဘာတွေလိုအပ်သလဲဆိုတဲ့လမ်းညွှန်ချက်အကူအညီကိုရယူဖို့ လိုလားတဲ့သူတစ်ဦးဟာ
အရင်ကျူးလွန်မိခဲ့တဲ့ပြစ်မှုအကုသိုလ်တွေက မိမိအား အစ္စလာမ်သာသနာထဲဝင်ဖို့အတားအဆီးအလျှင်းမဖြစ်ေစရပါ။ ဖန်ဆင်းရှင်ကကျွန်တော်တို့ကို ပြောပြထားတော်မူတယ်။ လူတစ်ယောက်ဟာ အစ္စလာမ်သာသနာထဲကိုဝင်ရောက်လာပြီးဖန်ဆင်းရှင်ဘက်ကိုတစ်စိတ်တစ်လက်နဲ့ဖြူစင်ရိုးဖြောင့်စွာပြန်လှည့်လာပါကယခင်ရှိခဲ့တဲ့သူရဲ့ ပြစ်မှုအကုသိုလ် ဟူသရွေ့ကို ခွင့်လွှတ်ချမ်းသာပေးသနားတော်မူမှာဖြစ်တယ်။ အစ္စလာမ်သာသနာကို လက်ခံပြီးနောက်ပိုင်းမှာလဲလူ့သဘာဝအလျောက်အချို့သောအမှားအယွင်းတွေ၊ အပြစ်အကုသိုလ်တွေကိုပြုမိကောင်းပြုမိနိုင်ဦးမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာခြောက်ပြစ်ကင်းသဲလဲစင်ကောင်းကင်တမန်တွေမဟုတ်ကြလို့ပါ။ ကျွန်တော်တို့ဟာအမှားနဲ့မကင်းတဲ့လူသားစင်စစ်တွေသာဖြစ်ကြတယ်မဟုတ်ဘူးလား။ ဒါပေမဲ့ ကျွန်တော်တို့လုပ်ရမှာက အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်း သာခွင့်တောင်းခံရန်နှင့် အရှင်မြတ်ဘက်သို့ ပြန်လှည့်ရန် ဖြစ်သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကိုအမှန်တရားကို လျင်မြန်စွာ လက်ခံပြီး အစ္စလာမ်သာသနာထဲသို့ ဝင်ရောက်ကာ သက်ဝင်ယုံကြည်ခြင်း ကြေညာချက်နှစ်ခုကို ရွတ်ဆိုသည်ကို မြင်တွေ့ရပါက၊ အရှင်မြတ်သည် အခြားသော အပြစ်များကို ရှောင်ကြဉ်နိုင်ရန် ကျွန်ုပ်တို့အား ကူညီစောင်မတော်မူမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်ပြီး အမှန်တရားကို လိုက်နာပါက၊ အရှင်မြတ်သည် ထိုသူအား ကောင်းမြတ်သောအရာများဆီသို့ လမ်းညွှန်ပေးမည်ဖြစ်သည်။ ထို့ကြောင့် လူသားသည် အစ္စလာမ်သာသနာထဲသို့ ဝင်ရောက်ရန် တွေဝေနေခြင်းမျိုးမဖြစ် သင့်ပေ။
ဒီအချက်အတွက်အထောက်အထားကဖန်ဆင်းရှင်ရဲ့အမိန့်တော်ဖြစ်ပါတယ်။ အကယ်၍သာ သူတို့သည် (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြမည်ဆိုလျှင်၊သူတို့အဖို့ လွန်လေခဲ့သောပြစ်မှုဒုစရိုက်တို့သည်ခွင့်လွှတ်ပြီးဖြစ်ချေမည်။ ကုရ်အာန် (၈:၃၈)
ကျွန်တော်ယုံကြည်သူမွစ်လင်တစ်ယောက်ဖြစ်ဖို့ဘာလုပ်ရမလဲ။
အစ္စလာမ်သာသနာထဲကိုဝင်ရောက်ဖို့ကအလွန်လွယ်ကူလှပါတယ်။ အချိန် နေရာ၊ဥတုရာသီ၊ စာချုပ်စာတမ်း၊ ရှေ့နေလိုက်သက်သေခံပေး မယ့်တစ်စုံတစ်ဦးစသဖြင့် ဘာမှမလိုအပ်ပါဘူး။ အစ္စလာမ်သာသနာထဲကို ဝင်ရောက်လိုသူအနေနဲ့“အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့်တမန်တော်မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏စေတမန်တော်ဖြစ်ကြောင်းကိုကျွန်တော်မျိုးသက်သေခံအပ်ပါ၏” ဆိုသောသက်သေခံချက်ကိုနားလည်သဘောပေါက်ကာယုံကြည်ခြင်းအတိနှင့်သစ္စာပြုရွတ်ဆိုတာနဲ့ အစ္စလာမ်သာသနာကိုယုံကြည်လက်ခံသည့် မွတ်စ်လက်မ်တစ်ဦးဖြစ်သွားပါမည်။ အသင့်အတွက်လွယ်ကူတယ်ဆိုရင်ဒီသက်သေခံချက်ကိုအရဗီဘာသာစကားနဲ့ ရွတ်ဆိုခြင်းက ပိုကောင်းပါတယ်။အကယ်လို့အခက်အခဲတစ်စုံတစ်ရာရှိရင် ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ရွတ်ဆိုလိုက်ပါကလည်းလုံလောက်ပါတယ်။ ထိုသို့အားဖြင့် အသင်သည် မွစ်လင်မ်တစ်ဦးဖြစ်သွား ပေမည်။ ထို့နောက်မှာတော့ အသင်ဟာလောကီဘဝရဲ့အေးချမ်းသာယာမှုနဲ့တမလွန်ဘဝရဲ့အောင်မြင်မှုကိုရရှိစေမယ့် အစ္စလာမ်သာသနာ၏ သွန်သင်ချက်များကို လေ့လာသင်ယူဆည်းပူးရမည်ဖြစ်သည်။
အစ္စလာမ်အကြောင်းဆက်လက်လေ့လာလိုတယ်ဆိုရင် အောက်က ဝဘ်ဆိုက်မှာဝင်ရောက်ဖတ်ရှူလို့ရပါတယ်။
အစ္စလာမ်သင်ကြားချက်တွေကို လက်တွေ့သင်ယူချင်တယ်ဆိုရင် အောက်ပါဝဘ်ဆိုက်ထဲဝင်ရောက်ဖို့တိုက်တွန်းပါတယ်။
Related books
All books
ကျွန်ုပ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ အဘယ့်ကြောင့်ဖန်ဆင်းပါသနည်း။75 languagesကျွန်ုပ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ အဘယ့်ကြောင့်ဖန်ဆင်းပါသနည်း။
ဖန်းဆင်းရှင်ရှိကြောင်း အရာရာတိုင်းက ညွှန်ပြနေသည်။ မိုးကောင်းကင်များ၊ မြေပထဝီနှင့် မိုးနှင့်မြေကြားတွင်ရှိသည့် လွှမ်းခြုံ၍ မသိနိုင်လောက်အောင် ကြီးမားလှသော အဖန်ဆင်းခံများကို မည်သူဖန်ဆင်းခဲ့သနည်း။ မိုးကောင်းကင်နှင့် မြေပထဝီ၌ရှိသော တိကျခိုင်မာလှသည့်စနစ်ကို မည်သူဖန်တီးခဲ့ပါသနည်း။ လူသားကို မည်သူကဖန်ဆင်းပြီး ကြားခြင်း၊ မြင်ခြင်း၊ အသိဉာဏ်တို့ကို ချီးမြှင့်ထားပါသနည်း။ ထို့ပြင် လူသားအား အသိပညာများကို လေ့လာရှာဖွေပြီး အရှိတရားများကို နားလည်နိုင်စွမ်းရှိအောင် မည်သူကပြုလုပ်ပေးထားပါသနည်း။ သင့်ခန္ဓာကိုယ်နှင့် သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်များတွင်ရှိသော တိကျလှသည့် စနစ်များကို သင်မည်ကဲ့သို့…
အစ္စလာမ်သည်ပွင့်လေသမျှသော ရစူလ်တမန်တော်အပေါင်း၏ သာသနာ ဖြစ်သည်။85 languagesအစ္စလာမ်သည်ပွင့်လေသမျှသော ရစူလ်တမန်တော်အပေါင်း၏ သာသနာ ဖြစ်သည်။
အစ္စလာမ်ဟူသည် လောကစကြာဝဠာအပေါင်းကို ဖန်ဆင်းတော်မူသော စီမံခန့်ခွဲတော်မူသော အလ္လာဟ်အရှင်တစ်ပါးတည်းထံသို့ယုံကြည်အပ်နှင်းခြင်းနှင့် ထိုအရှင်၏ကြီးကျယ်မြင့်မြတ်မှုကို နှလုံးသွင်းကာ ချစ်မြတ်နိုးခြင်းအတိဖြင့်နာခံသစ္စာပြုခြင်းဖြစ်သည်။ အစ္စလာမ်၏အဓိကပင်မအုတ်မြစ်မှာ-အလ္လာဟ်အရှင်မြတ်ကို သက်ဝင် ယုံကြည်ခြင်း၊ အရှင်မြတ်သည်သာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး အလ္လာဟ်မှအပအခြားသောခပ်သိမ်းကုန်သည် ဖန်ဆင်းခံများသာဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။အရှင်မြတ်တစ်ပါးတည်းသာ ခပ်ဝပ်ကိုးကွယ်ဆည်းကပ်မှုအစုစုကို အကြွင်းမဲ့ခံထိုက်တော်မူသည်။ ထိုအရှင်နှင့်တုဖက်ယှဉ်ဖက်ဟူ၍အလျှင်းမရှိပေ။…
အစ္စလာမ်သာသနာတော်ဟာ89 languagesအစ္စလာမ်သာသနာတော်ဟာ
အနန္တကရုဏာတော်ရှင်၊ မဟာကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ် အရှင်မြတ်ရဲ့နာမတော်နဲ့အစပြုပါတယ်။ မိတ်ဆွေအနေနဲ့ မိမိကိုယ်မိမိ မေးမြန်းဖူးပါသလား။ မိုးကောင်းကင်တွေ၊ ပထဝီမြေပြင်နဲ့ သူတို့ထဲမှာရှိတဲ့ ကြီး မားဆန်းကျင်တဲ့အရာတွေကိုဘယ်သူကဖန်ဆင်းလိုက်တာလဲ။ ဒီလောက်ထူး ခြားဆန်းပြားပြီးရှူထွေးလှတဲ့အစီစဉ်တွေ၊ တိကျခိုင်မာပြီး အလွန်အနုစိတ်ကျတဲ့ဖြစ်တည်မှုနဲ့ဟန်ချက်ကျကျမျှခြေညီနေမှုကြီးကိုရော ဘယ်သူကပြုလုပ်ဖန်တီးထားတာလဲ။
ဆွလားသ်ဝတ်ပြုရမည့်ပုံစံ အကျဉ်းချုပ်ဗီဒီယို86 languagesဆွလားသ်ဝတ်ပြုရမည့်ပုံစံ အကျဉ်းချုပ်ဗီဒီယို
ဆွလာသ်ဝတ်ပြုပုံ လက်တွေ့အကျဉ်းချုပ်ဖြစ်ပါသည်။ သို့မှသာ အလ္လာဟ်အရှင်မြတ်အား မှန်ကန်သောအသိပညာဖြင့် ခဝပ်ဆည်းကပ်နိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏ဆွလာသ်သည်လည်း သတ်မှတ်ထားသည်း စည်းကမ်းချက်များနှင့် ပြည့်စုံမည်ဖြစ်သည်။ ဆွလာသ်ဝတ်ပြုရမည့်ပုံစံ ကျွန်ုပ်တို့ ဆွလာသ်ဝတ်ပြုလိုပါက မသန့်အသေးနှင့် မသန့်အကြီးတို့မှ သန့်စင်မှု ပြုလုပ်ရန် လိုအပ်ပါသည်။ မိမိတို့၏ အရှက်အင်္ဂါကို ဖုံးအုပ်ထားသည့် သန့်စင်သောအဝတ်များဖြင့် ဆွလာသ်ဝတ်ပြုကြရမည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့် ဆွလာသ်ဝတ်ပြုရာနေရာသည် နဂျာစသ်အညစ်အကြေးများမှ သန့်ရှင်းကင်းစင်ရမည်။ ကိဗ်လဟ်ဘက်သို့ မျက်နှာမူရမည်။ ရှေ့တွင် အကာအကွယ်တစ်ခုခုထား၍ ဆွလာသ်ဝတ်ပြုရန်…