الدروس المهمة لعامة الأمة
မွတ်စ်လင်မ်လူထုအတွက် အရေးကြီးသော သင်ခန်းစာများ အလ္လာမဟ် ရှိုက်ခ် အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။) စာရေးသူ၏ အမှာစာ ချီးမွမ်းခြင်းအပေါင်းသည် စကြာဝဠာကို အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်သည်။ အဆုံးသတ်ကောင်းမွန်မှုသည် အပြစ်ရှောင် ကောင်းကျိုးဆောင်သည့် မွသ်သကီများအတွက်သာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ မြတ်နဗီ မိုဟမ္မဒ် အပေါ်သို့လည်းကောင်း၊ ၎င်း၏ အိမ်သူအိမ်သားများနှင့် တပည့်သာဝကများအပေါ်သို့လည်းကောင်း၊ကရုဏာတော်နှင့် ငြိမ်းချမ်းသာယာမှုအပေါင်း…
These files are generated automatically from the book's text; their layout may differ from the printed edition.
မွတ်စ်လင်မ်လူထုအတွက် အရေးကြီးသော သင်ခန်းစာများ
အလ္လာမဟ် ရှိုက်ခ်
အဗ္ဗဒွလ်အဇီးဇ် ဗင်န် အဗ်ဒွလ္လာဟ် ဗင်န် ဗာဇ် ( رحمه الله )
စာရေးသူ၏ အမှာစာ
ချီးမွမ်းခြင်းအပေါင်းသည် စကြာဝဠာကို အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်သည်။ အဆုံးသတ်ကောင်းမွန်မှုသည် အပြစ်ရှောင် ကောင်းကျိုးဆောင်သည့် မွသ်သကီများအတွက်သာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ မြတ်နဗီ မိုဟမ္မဒ် အပေါ်သို့လည်းကောင်း၊ ၎င်း၏ အိမ်သူအိမ်သားများနှင့် တပည့်သာဝကများအပေါ်သို့လည်းကောင်း၊ကရုဏာတော်နှင့် ငြိမ်းချမ်းသာယာမှုအပေါင်း ချီးမြှင့်တော်မူပါစေ။
၎င်းနောက်
ဤသည် အစ္စလာမ်သာသနာနှင့်ပတ်သက်၍ အများမွတ်စ်လင်မ်တို့ နားလည်ထားရန်လိုအပ်သည့် အကြောင်းအရာအချို့ကို အကြဉ်းချုံးတင်ပြထားသည့် စကားရပ်များဖြစ်ပြီး၊ ကျွန်ုပ်အနေဖြင့် ၎င်းအား (မွတ်စ်လင်မ်လူထု အတွက် အရေးကြီးသော သင်ခန်းစာများ) ဟု အမည်ပေးထားသည်။
အလ္လာဟ်အရှင်မြတ်သည် ထိုသင်ခန်းစာများဖြင့် မွတ်စ်လင်မ်များအား အကျိုးဖြစ်ထွန်စေရန်နှင့် ထိုရေသားပြုစုမှုအား ကျွန်တော်မျိုးထံမှ လက်ခံသဘောတူတော်မူရန် အရှင်မြတ်ထံ ကျွန်တော်မျိုးတောင်းခံအပ်ပါသည်။ ဧကန်စင်စစ် ထိုအရှင်သည် အလွန် ရက်ရောတော်မူသော အရှင်ဖြစ်တော်မူသည်။
အဗ္ဗဒွလ်အဇီးဇ် ဗင်န် အဗ်ဒွလ္လာဟ် ဗင်န် ဗာဇ် ( رحمه الله ) မွတ်စ်လင်မ်လူထုအတွက် အရေးကြီးသော သင်ခန်းစာများ (၁ ) မဂ်ျမူအ်ဖသာဝါ၊ ဝမကာလာသ် မုသနောင်ဝ်ဝိအဟ် ကျမ်း ( အတွဲ ၃ / စာမျက်နာ ၂၈၈ / ၂၉၈ )
သင်ခန်းစာ ( ၁ ) စူရဟ် ဖာသိဟဟ်နှင့် စူရဟ် အတိုများအကြောင်း၊
စူရဟ် ဖာသိဟဟ်နှင့် စူရဟ်ဇလ်ဇလဟ်မှ စူရဟ် နားစ် အထိ တတ်နိုင်သမျှ စူရဟ်အတိုများကို သင်ပေးသင်ယူလုပ်ခြင်း၊ ဖတ်နည်းအား မှန်ကန်အောင်လေ့ကျင့်ခြင်း၊ အလွတ်ကျက်မှတ်ခြင်းနှင့် ၎င်းစူရဟ်များမှနားလည်ရန်လိုအပ်သည့်များကို ရှင်းလင်းတင်ပြခြင်းတို့ပြုရမည်။
သင်ခန်းစာ (၂ ) အစ္စလာမ့်မဏ္ဍိုင်ကြီးများ
အစ္စလာမ့်မဏ္ဍိုင်ကြီးငါးခုကို ရှင်းလင်းတင်ပြခြင်း။ ထိုမဏ္ဍိုင်ကြီးများအနက် ပထမဦးဆုံးနှင့် အကြီးကျယ်ဆုံးမဏ္ဍိုင်မှာ - “ لَا إِلَهَ إِلَّا اللّٰهُ، مُحَمَّدٌ رَّسُولُ اللّٰهِ ” (လာအိလာဟ အိလ္လလ္လာဟ်၊ မုဟမ္မဒုရ် ရစူလွလ္လာဟ်) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြစ်သည်။ ထိုသက်သေခံခြင်း၏ အဓိပ္ပါယ်ရှင်းလင်းချက်ကို “لَا إِلَهَ إِلَّا اللّٰهُ”၏ စည်းကမ်းချက်များနှင့်အတူတကွ တင်ပြသွားမည်။ (لَا إِلَهَ) ၏အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ခြင်းခံရသည့်အရာအားလုံးကို ငြင်းပယ်ခြင်းဖြစ်ပြီး (إِلَّا اللّٰهُ)၏ အဓိပ္ပါယ်မှာ အလုံးစုံသော ခဝပ်ကိုးကွယ်မှုတို့သည် တုဖက်နှိုင်းယှဉ်ခြင်းကင်းတော်မူသော တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ကြောင်း အတည်ပြုခြင်းဖြစ်သည်။ “لَا إِلَهَ إِلَّا اللّٰهُ”၏ စည်းကမ်းချက်များမှာ- (၁) ဂျိဟာလသ် (ပညာမဲ့မှု)၏ဆန့်ကျင်ဘက် ကလိမဟ်တော်၏ အဓိပ္ပါယ်ကို သိနားလည်ခြင်း။ (၂) သံသယ၏ ဆန့်ကျင်ဘက် ယကီးန် (ပြည့်ဝသော ယုံကြည်မှု)ရှိခြင်း။ (၃) ရှိရ်က်(ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု)၏ ဆန့်ကျင်ဘက် အိခ်လာဆ်ွ အလ္လာဟ်အရှင်မြတ်နှစ်သက်ရန်အတွက်သာဖြစ်ခြင်း။ (၄) မုသား၏ ဆန့်ကျင်ဘက် မှန်ကန်မှုရှိခြင်း။ (၅) မုန်းတီးမှု၏ ဆန့်ကျင်ဘက် ချစ်ခင်နှစ်သက်မှုရှိခြင်း။ (၆) အမိန့်ဖီဆန်မှု၏ ဆန့်ကျင်ဘက် အမိန့် နာခံမှုရှိခြင်း။ (၇) ငြင်းပယ်မှု၏ ဆန့်ကျင်ဘက် လက်ခံသဘောတူခြင်း။ (၈) အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ခြင်းခံနေရသည့်အရာတိုင်းကို ငြင်းပယ်ခြင်းတို့ဖြစ်သည်။ ကျွန်ုပ်သည် (ထို စည်းကမ်းချက်များအားလုံးကို) အောက်ပါ ကဗျာနှစ်ပိုဒ်တွင် စုစည်းတင်ပြထားသည်။
အိလ်မွန် ဝယကီးနွန် ဝအိခ်လားစွန် ဝစွိဒ်ကုက မအ မဟဗ်ဗသင်န် ဝန်ကိယာဒင်န် ဝလ်ကဗူလိလဟာ ဝဇီဒ စာမိနုဟာ အလ်ကွဖ်ရာနု မင်န်က ဘိမာ စိဝလ် အိလာဟိ မိနလ် အရှ်ယာအိ ကဒ် အုလိဟာ
၎င်းနောက် ဆက်လက်၍ “ مُحَمَّدٌ رَّسُولُ اللّٰهِ ” အား သက်သေခံခြင်းကို တင်ပြသွားမည်။ ထိုသက်သေခံချက်က တောင်းဆိုနေသည့်အချက်များမှာ- တမန်တော်မြတ် သတင်းပေးခဲ့သည့် အရာများကို ထောက်ခံခြင်း၊ တမန်တော်မြတ် အမိန့်ပေးခဲ့သည့်အရာများကို နာခံခြင်း၊ တမန်တော်မြတ် ခြိမ်းခြောက်တားမြစ်ထားသည့် အရာများမှရှောင်ကြဉ်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော် (صلى الله عليه وسلم)တို့က သတ်မှတ်ပြဌာန်းထားသည့် တရားလမ်းစဉ်အတိုင်း အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းတို့ဖြစ်သည်။ ထို့နောက် ပညာရှာဖွေဆည်းပူးသူအား အစ္စလာမ့်မဏ္ဍိုင်ကြီးငါးခုအနက် ကျန်ရှိသည့်မဏ္ဍိုင်များကို ရှင်းလင်းတင်ပြသွားမည်။ ၎င်းတို့မှာ ဆွလာသ် ဝတ်ပြုခြင်း၊ ဇကာသ် ပေးခြင်း၊ ရမဿွန်လမြတ်၏ ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ် ကျောင်းတော်သို့သွား ရောက်၍ ဟဂ်ျပြုလုပ်ခြင်းတို့ဖြစ်သည်။
သင်ခန်းစာ (၃) အီမာန်ယုံကြည်ခြင်း၏ မဏ္ဍိုင်ကြီးများ၊
၎င်းတို့မှာ (၆)ခုရှိသည် - အသင်သည်အလ္လာဟ်အရှင်မြတ်ကိုလည်ကောင်း၊ ထိုအရှင်မြတ်၏ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုလည်ကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်ကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အကောင်းအဆိုးသတ်မှတ်ချက်သည် အရှင်မြတ်ဘက်တော်မှဖြစ်ကြောင်းကိုလည်းကောင်းသက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
သင်ခန်းစာ (၄) သောင်ဟီးဒ်၏ အမျိုးအစားများနှင့် ရှိရ်က်၏ အမျိုးစားများ။
သောင်ဟီးဒ်၏ အမျိုးစားများကို ရှင်းလင်းတင်ပြခြင်း။ ၎င်းတို့မှာသုံးမျိုးရှိသည် - သောင်ဟီဒွရ်ရူဗူဗိယဟ်၊ သောင်ဟီဒွလ် အူလူဟိယဟ်နှင့် သောင်ဟီဒွလ် အတ်စ်မာအ် ဝတ်စ်စွေဖားသ် တို့ဖြစ်သည်။
၁။ သောင်ဟီဒွရ်ရူဗူဗိယဟ်ဆိုသည်မှာ - အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်၊ အရာခပ်သိမ်းအား မိမိအလိုရှိသလို စီမံခန့်ခွဲတော်မူသောအရှင်ဖြစ်ပြီး၊ ၎င်းကိစ္စရပ်တွင် ထိုအရှင်မြတ်နှင့် ဖက်စပ်ယှဉ်တွဲသူဟူ၍ အလျင်းမရှိကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
၂။ သောင်ဟီးဒွလ် အူလူဟိယဟ်ဟူသည် - အလ္လာဟ်အရှင်မြတ် သည် မှန်ကန်သည့်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသောအရှင်ဖြစ်ပြီး ၎င်းကိစ္စရပ်တွင် ထိုအရှင်မြတ်နှင့်အတူဖက်စပ်ယှဉ်တွဲကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိကြောင်းသက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ဤသည်ပင် - لا إله إلا الله - ၏ အဓိပ္ပါယ်အလိုသဘောဖြစ်သည်။ ၎င်းကလိမဟ်တော်၏ အဓိပ္ပါယ်မှာ - “အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍မရှိ” ဖြစ်သည်။သို့ဖြစ်ရာ ဆွလားသ်၊ ရိုဇဟ် အစရှိသည့် အေဗာဒသ်များအားလုံးကို အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာ ရည်စူး၍ သီးသန့်ပြုလုပ်ရန်အရေး ကြီးသည်။ ထိုအေဗာဒသ်များကို အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာအတွက် ပြုလုပ်ခွင့်မရှိပေ။
၃။ သောင်ဟီးဒွလ် အတ်စ်မာအ် ဝတ်စ်စွေဖားသ်ဆိုသည်မှာ - ကျမ်းမြတ်ကုရ်အာန်နှင့် မှန်ကန်သည့်ဟဒီးစ်တော်များတွင် လာရှိသည့် အလ္လာဟ်အရှင်မြတ်၏ နာမတော်များနှင့် ဂုဏ်တော်များကို သက်ဝင်ယုံကြည်ခြင်း၊ ထိုနာမတော်များနှင့်ဂုဏ်တော်များကို အဓိပ္ပါယ်ပြောင်းလွဲဖွင့်ဆိုခြင်း၊ ငြင်းပယ်ခြင်း၊ ပုံသဏ္ဍာန်သတ်မှတ်ခြင်း၊ ခိုင်းနှိုင်းပမာပေး ခြင်းတို့မပြုလုပ်ဘဲ အရှင်မြတ်နှင့် ထိုက်တန်သည့်အတိုင်းရှိသည်ဟု ( မှတ်ယူကာ) အ လ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက် အတည် ပြုလက်ခံခြင်းဖြစ်သည်။ ( ထိုသို့ အတည်ပြုလက်ခံခြင်းမှာ ) အရှင်မြတ်၏ အမိန့်ကို လိုက်နာကျင့်သုံးခြင်းဖြင့်ဖြစ် သည်။ အရှင်မြတ်မိန့်တော်မူသည် - “(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထိုအလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။ *အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ နိစ္စထာဝရအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည် မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။ စူရဟ် အိခ်လားစွ်-:၁-၄) ထိုမှတပါးကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ၊ အရှင်မြတ်နှင့် တူသည့် အရာဟူ၍ မရှိပေ။ အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်တော်မူသော အရှင် ဖြစ်တော်မူသည်။ ( စူရဟ် ယှူရာ : အာယသ် ၁၁ ) အချို့ပညာရှင်များက သောင်ဟီးဒ်အမျိုးအစားများကို နှစ်မျိုးသာသတ်မှတ်ခဲ့ကြပြီး သောင်ဟီးဒွလ် အတ်စ်မာအ် ဝတ်စ်စွေဖားသ်ကို သောင်ဟီးဒွရ် ရူဗူဗိယဟ်၌ ထည့် သွင်းသတ်မှတ်ခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည့် ဆွေးနွေငြင်းခုံစရာမရှိပေ။ အဘယ် ကြောင့်ဆိုသော် ဆိုလိုသည့်အ ကြောင်းအရာမှာ အမျိုးအစားနှစ်ခုစလုံးတွင် ရှင်း လင်းထင်ရှားလှ သောကြောင့် ပင်ဖြစ်သည်။
ရှိရ်က်၏ အမျိုးအစား သုံးမျိုးရှိသည်။ ရှိရက် အက်ဗရ်၊ ရှိရ်က် အတ်စ်ွဂရ်နှင့် ရှိရ်က် ခဖိ တို့ဖြစ်သည်။
ရှိရ်က် အက်ဗရ် (အကြီးစား ရှိရ်က် ) သည် ၎င်းအမှုကို ကျူးလွန်လျှက် သေဆုံးခဲ့သူ၏အမလ်ကောင်းမှုသီလကို အချည်းနှီးအကျိုးမဲ့စေပြီး၊ ဂျဟန္နမ်ငရဲမီးတွင် ထာဝရနေစေမည်ဖြစ် သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - ထို့နောက် အကယ်၍ သူတို့သည် တစ်စုံတစ်ရာကို အလ္လာဟ် အရှင်မြတ်နှင့် တွဲဖက် ကိုးကွယ်ခဲ့ကြလျှင် သူတို့ ပြုလုပ်ခဲ့သော ကောင်းမှုဟူသမျှသည် အမှန်စင်စစ် အချည်းနှီး အကျိုးမဲ့ ဖြစ်သွားခဲ့လိမ့်မည်။ ( စူရဟ် အန်အားမ်: အာယသ် : ၈၈ ) ချွတ်ယွင်းချက်အပေါင်းကင်းစင်တော်မူသော အရှင်မြတ် မိန့်တော်မူသည်- (မုရှ်ရိက်များသည် သူတို့အနေဖြင့် သူတို့ ကာဖိရ် ဖြစ်ကြောင်း ဝန်ခံနေပါလျက် အလ္လာဟ် အရှင်မြတ်၏ ဗလီဝတ်ကျောင်းတော်များကို စည်ကားအောင် ပြုလုပ်ရန် (ထိန်းသိမ်းစောင့်ရှောက်ရန်) အရည်အချင်း မရှိပေ။ ထိုမုရှ်ရိက်များပင်၊ သူတို့၏ (ကောင်းသော) အပြုအမူများသည် အကျိုးမဲ့ ဖြစ်ခဲ့ကြသည့် အပြင် သူတို့သည် ငရဲမီးထဲ၌ပင် အမြဲ နေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။ ) (စူရဟ်သောင်ဗဟ် : အာယသ် : ၁၇ ) ရှိရ်က်ကျူးလွန်လျှက်သေဆုံးခဲ့သူအား အလ္လာဟ်အ ရှင်မြတ်လုံးဝခွင့်လွှတ်တော်မူမည်မဟုတ်သလို ဂျန္နသ်သုခဘုံသည်လည်း ၎င်းအပေါ်၌ ဟရာမ်ဖြစ်သွားပေမည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည် - အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အရှင်မြတ်နှင့် (အခြား တစ်စုံတစ်ရာကို) တွဲဖက်ကိုးကွယ်မှုကိုလွတ်ငြိမ်းချမ်းသာခွင့် လုံးဝပေးတော်မူမည် မဟုတ်ပေ။ ၎င်းပြင် ထိုတွဲဖက် ကိုးကွယ်ခြင်း မှလွဲ၍ အခြားပြစ်မှုများကိုမူ အရှင်မြတ် အလိုရှိတော်မူသော သူကို အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်။ စူရဟ်နေဆားအ် : အာယသ် ( ၄၈ ) ချွတ်ယွင်းချက်အပေါင်းကင်းစင်တော်မူသော အရှင်မြတ် မိန့်တော်မူသည်- (မည်သူမဆို အလ္လာဟ် အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက် (ကိုးကွယ်)လျှင် အလ္လာဟ် အရှင်မြတ်သည် ထိုသူ့အတွက် ဂျန္နသ် သုခဘုံကို အမှန်ပင် ဟရာမ် ပြုလုပ် တားမြစ်ထားတော်မူမည်။ ၎င်းပြင် သူ၏ နေရာထိုင်ခင်းသည် ငရဲမီးပင် ဖြစ်သည်။ ထို့ပြင် မတရား ကျူးလွန်သော သူများအတွက် မည်သည့် ကူညီသူမျှ ရှိမည် မဟုတ်ပေ။ ) ( စူရဟ် မာအိဒဟ် : အာယသ် : ၇၂ )
ရှိရ်က်၏ အမျိုးအစားများအနက် အချို့မှာ - ရုပ်တု၊ ဆင်းတုနှင့် သေသူများထံ ဒုအာတောင်းခံခြင်း၊ ၎င်းတို့ထံအကူအညီတောင်းခံခြင်း၊ ၎င်းတို့အတွက် နဇရ်ကိုးခြင်း၊ ဇဗဟ်လုပ်လည်လှီးခြင်း စသ ည်တို့ဖြစ်သည်။
ရှိရ်က်အတ်စ်ွဂရ် (ရှိရ်က် အသေး)ဟူသည် ကုရ်အာန် ကျမ်းမြတ် သို့မဟုတ် ဟဒီးစ်တော်တွင် ၎င်းအား ရှိရ်က်ဟု အမည်တပ်ထားသော်လည်း ရှိရ်က်အက်ဗရ် (ရှိရ်က် အကြီးစား) အမျိုးအစားတွင် မပါဝင်ပါ။ ဥပမာ - အချို့အမလ်ကျင့်ဆောင်မှုများတွင် ရိယာအ်ပြစားမှုပြုခြင်း၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကျိန်ဆိုခြင်း၊ အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်းဖြစ်ခဲ့သည်ဟု ပြောဆိုခြင်း အစရှိသည်တို့ဖြစ်သည်။ တမန်တော်မြတ် -صلى الله عليه وسلم- မိန့်ကြားတော်မူသည်။ “ငါတမန်တော် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အတ်စ်ွဂရ်(ရှိရ်က် အသေး )ပင်ဖြစ်သည်။ ၎င်းသည် အဘယ်ရာပါနည်း ဟုလျှောက်ထား မေးမြန်းခြင်းခံရသည့်အခါ တမန်တော်မြတ် (صلى الله عليه وسلم) က ပြစားမှု ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ” (၂) အိမာမ် အဟ်မဒ်၊ သွဗ်ရာနီ၊ ဗိုင်ဟကီတို့က ဤဟဒီးစ်တော်အား မဟ်မူးဒ် ဗင်န် လဗီးဒ် -رضي الله عنه- မှတဆင့် ကောင်းမွန်သည့် စနဒ်ဖြင့် ဆင့်ပြန်ထားကြသည်။ ထို့ပြင် အိမာမ် သွဗ်ရာနီက ကောင်းမွန်သည့် စနဒ်လမ်းကြောင်းအသီးသီးဖြင့် မဟ်မူးဒ် ဗင်န် လဗီးဒ်မှတဆင့်၊ ၎င်းက ရာဖိအ်ဗင်န် ခုဒိုင်းဂျ်ထံမှတဆင့်၊ ၎င်းက တမန်တော်မြတ် -صلى الله عليه وسلم- ထံမှ ဤဟဒီးစ်တော်အား ဆင့်ပြန်ထားသည်။ (၂) မွတ်စ်နဒ် အဟ်မဒ်ကျမ်း (၅ / ၄၂၈)၊ သွဗ်ရာနီကျမ်း (၄ / ၃၃၈ ) ဗိုင်ဟကီကျမ်း ( ၁၄ / ၃၅၅ )၊ အိမာမ် ဟိုင်စမီက မဂ်ျမအုဇ်ဇဝါအိဒ်ကျမ်း၌ အိမာမ် အဟ်မဒ်က ထိုဟဒီးစ်ကို ဆင့်ပြန်တင်ခဲ့ပြီး ၎င်းစနဒ်တွင်ရှိသော ရာဝီများ သည် ဗုခါရီကျမ်းရဲ့ ရာဝီဆင့်ပြန်သူများဖြစ်သည်ဟု ဆိုခဲ့သည်။
တမန်တော်မြတ် -صلى الله عليه وسلم- မိန့်တော်မူသည် - “ မည်သူမဆို အလ္လာဟ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကျိန်ဆိုပါက ၎င်းသည်ရှိရ်က်ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။ ”(၃) အိမာမ်အဟ်မဒ်က ဤဟဒီးစ်ကို အုမရ် ဗင်န် အလ်ခသ်သွာဗ် -رضي الله عنه- မှတစ်ဆင့် မှန်ကန်သည့် စနဒ်ဖြင့် ဆင့်ပြန်တင်ပြထားသည်။ အိမာမ်အဘူဒါဝူးဒ်နှင့် အိမာမ်သိရ်မီဇီကအောက်ပါဟဒီးဆ်တော်ကို မှန်ကန်သည့်စနဒ်ဖြင့်ဆင့်ပြန်ထားသည်။ အိဗ်နုအုမရ်- رضي الله عنهما - ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်- صلى الله عليه وسلم- မိန့်ကြားတော်မူသည် ။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ထိုသူသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု သို့မဟုတ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှု ပြုခြင်းဖြစ်သည်။ (၄) တမန်တော်မြတ် - صلى الله عليه وسلم- မိန့်တော်မူသည် - အသင်တို့သည် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟုမပြောဆိုကြလေနှင့်။ သို့သော် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟုသာ ပြောဆိုကြပါ။ (၅) ဟုဇိုင်ဖဟ်ဗင်န်ယမာန်- رضي الله عنه -ဆင့်ပြန်ထားသော အထက်ပါဟဒီးစ်ကို အိမာမ်အဘူဒါဝူဒ်က စွဟီးဟ် စနဒ်ဖြင့်တင်ပြထားသည်။ (၃) မွတ်စ်နဒ် အဟ်မဒ်ကျမ်း (၁ / ၄၇ ) (၄) အဘူဒါဝူးဒ်ကျမ်း ၊ ဟဒီးစ်အမှတ် (၃၂၅၁)/ သိရ်မီဇီကျမ်း၊ ဟဒီးစ်အမှတ် ( ၁၅၃၅ ) (၅) အဗူဒါဝူးဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၄၉၈၀)/ မွတ်စ်နဒ်အဟ်မဒ်ကျမ်း (၅/၃၈၄)
ဤအမျိုးအစား ရှိရ်က်ကို ကျူးလွန်သူသည် အစ္စလာမ့်ဘောင်အပြင်သို့ မရောက်သလို ဂျဟန္နမ်ငရဲတွင်လည်း အမြဲထာဝရနေထိုင်ရမည် မဟုတ်ပါ။ သို့သော် ၎င်းသည် သောင်ဟီးဒ်တရား၏ ပြည့်စုံမှုနှင့်ဆန့်ကျင်ပေသည်။
တတိယအမျိုးစား၊ ရှိရ်က်ခဖိ ( ဖုံးကွယ်နေသော ရှိရ်က်) ၎င်း၏ အထောက်အထားမှာ - တမန်တော်မြတ် (صلى الله عليه وسلم)၏ အောက်ပါ မိန့်ကြားချက်ဖြစ်သည်။ တမန်တော်မြတ် -صلى الله عليه وسلم- မိန့်တော်မူသည်မှာ - “ ငါကိုယ်တော်ထံ၌ အသင်တို့အတွက် ဒဂ်ျဂျာလ်ထက်ပင် ပို၍စိုးရိမ်သည့် ကိစ္စကို ငါကိုယ်တော် သင်တို့အားအသိပေးရမည်လော။ထိုကိစ္စသည် ‘ရှိရ်က်ခဖီး’ဖုံးကွယ်နေသည့် ရှိရ်က်ပင်ဖြစ်သည်။ ၎င်းမှာ လူတစ်ဦးသည် ဆွလာသ်ဆောက်တည်သည့်အခါ တစ်ဦးတစ်ယောက်က ကြည့်နေကြောင်း မြင်တွေ့သဖြင့် ဆွလာသ်အား လှပကောင်းမွန်စွာဆောက်တည်ခြင်းဖြစ်သည်။ ” (၆) ဤဟဒီးဆ်ကို အဗူစအီးဒ် ခွဒ်ရီ - رضي الله عنه - မှတစ်ဆင့် အိမာမ်အဟ်မဒ်က မိမိ၏ မွတ်စ်နဒ်ကျမ်းတွင် ဆင့်ပြန်တင်ပြထားပေသည်။ (၆) အိဗ်နုမာဂျဟ်ကျမ်း၊ဟဒီးဆ်အမှတ် (၄၂၀၄)၊ မွတ်စ်နဒ် အဟ်မဒ်ကျမ်း (၃ /၃၀)
ရှိရ်က်အမျိုးအစားများကို ရှိရ်က် အက်ဗရ်နှင့် ရှိရ်က် အဆ်ွဂရ်ဟူ၍ နှစ်မျိုးတည်းလည်း သတ်မှတ်နိုင်သည်။
အကြောင်းမှာ ရှိရ်က်ခဖီးသည်အထက်ပါ ရှိရ်က်နှစ်မျိုးစလုံးတွင်ပါဝင်နိုင်သော ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းသည် ရှိရ်က် အက်ဗရ်တွင်လည်း ဖြစ်နိုင်သည်။ ဥပမာ - မုနာဖိက်များ၏ ရှိရ်က်ကဲ့သို့ဖြစ်သည်။ ၎င်းတို့သည်မိမိတို့၏ မှားယွင်းသောအယူဝါဒများကို ဖုံးကွယ်ထားကြပြီး မိမိတို့အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် အစ္စလာမ်သာသနာကို လက်ခံကြောင်း ဟန်ဆောင် ထုတ်ဖော်ကြသည်။
ထိုနည်းတူ ၎င်းသည် ရှိရ်က် အတ်စ်ွဂရ် တွင်လည်းဖြစ်နိုင်သည်။ ဥပမာ - ရိယာအ်ပြစားခြင်း။ အထက်တွင် တင်ပြခဲ့သည့် မဟ်မူးဒ်ဗင်န် လဗီးဒ် အလ်အန်စွာရီနှင့် အဘူစအီးဒ် ခွဒ်ရီ - رضي الله عنهما - ၏ ဟဒီးစ်တွင် လာရှိထားသည့်အတိုင်းပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သာလျှင် သောင်ဝ်ဖီးက် စွမ်းအားပေးသနားတော်မူသောအရှင်ဖြစ်သည်။
သင်ခန်းစာ ( ၅ ) အိဟ်စားန် အကြောင်း။
အိဟ်စာန်၏ မဏ္ဍိုင်မှာ- သင်သည်အလ္လာဟ်အရှင်မြတ်ကို မြင်နေသကဲ့သို့ ခဝပ်ကိုးကွယ်ခြင်း၊ အကယ်၍ သင်သည်အလ္လာဟ်အရှင်မြတ်ကို မမြင်တွေ့နိုင်လျှင်လည်း အရှင်မြတ်ကသင့်ကို မြင်တွေ့နေသည်ဟု မှတ်ယူကာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။
သင်ခန်းစာ ( ၆ ) ဆွလားသ်၏ စည်း ကမ်းချက်များ
၎င်းတို့မာ (၉) ချက်ရှိသည်။
မွတ်စ်လင်မ်ဖြစ်ခြင်း၊ အသိဉာဏ်ရှိခြင်း၊ ခွဲခြားနိုင်စွမ်းရှိခြင်း၊ ဟဒတ်စ်( ရေချိုးရန်နှင့် ဝုဿွူထိုက်စေသည့်အချက်) မရှိခြင်း၊ အညစ်အကြေးမှ ကင်းစင်ခြင်း၊ အရှက်ဖုံးအုပ်ခြင်း၊ အချိန်ကျရောက်ခြင်း၊ ကိဗ်လဟ်ဘက်သို့မျက်နှာမူခြင်း၊ နိယသ်ပြုခြင်းတို့ ဖြစ်သည်။
သင်ခန်းစာ (၇) ဆွလားသ်၏ မဏ္ဍိုင်များ
၎င်းတို့မှာ (၁၄) ချက်ရှိသည်။
တတ်စွမ်းနိုင်ပါက ရပ်လျှက်ဝတ်ပြုခြင်း၊ သက်ဗီရ်သဟ်ရီမဟ်ဆိုခြင်း၊ စူရဟ် ဖာသိဟ်ရွတ်ဖတ်ခြင်း၊ ရုကူအ် ဦးညွှတ်ခြင်း၊ ရုကူအ်မှပြန်ထသည့်အခါ တည့်မတ်စွာရပ်ခြင်း၊ အစိတ်အပိုင်း ( ၇ ) ခုအပေါ် စဂ်ျဒဟ်ဦးချခြင်း၊ စဂ်ျဒဟ်မှ ပြန်ထခြင်း၊ စဂ်ျဒဟ်နှစ်ခုကြား ထိုင်ခြင်း၊ ဆွလားသ်အတွင်း ပြုလုပ်ရသည့်လုပ်ဆောင် ချက်များအားလုံးကို အေးဆေးတည်ငြိမ်စွာ ပြုလုပ်ခြင်း၊ ဆွလားသ်၏ ရုကွန် ( မဏ္ဍိုင်) များကို အစဉ်အလိုက်ပြုလုပ်ခြင်း၊ နောက်ဆုံးသရှဟုဒ်ဆိုခြင်း၊ နောက်ဆုံး ကအ်ဒဟ် ထိုင်ခြင်း၊ တမန်တော်မြတ် (صلى الله عليه وسلم)အပေါ် ဒရူးဒ်ပို့ခြင်း၊ စလာမ်နှစ်ဘက်လှည့်ခြင်းတို့ဖြစ်သည်။
သင်ခန်းစာ (၈) ဆွလားသ်၏ ဝါဂျိဗ်အချက်များ။
၎င်းတို့်မှာ (၈) ချက်ရှိသည်။
သက်ဗီရ် သဟ်ရီမဟ်မှအပ ကျန်သက်ဗီရ်များကိုဆိုခြင်း၊ အိမာမ်ရှေ့ဆောင်နှင့် တစ်ကိုယ်တည်းဝတ်ပြုသူသည် “سمع الله لمن حمده” (စမိအလ္လာဟု လိမန်ဟမိဒဟ်) ဆိုခြင်း၊ အိမာမ်ရှေ့ဆောင်ဖြစ်စေ နောက်လိုက်မွက်သဒီဖြစ်စေ တစ်ဦးတည်းဝတ်ပြုသူဖြစ်စေ အားလုံးသည် “ربنا ولك الحمد” (ရဗ်ဗနာ ဝလကလ်ဟမ်ဒ်) ဆိုခြင်း၊ ရုကူအ်၌ “سبحان ربي العظيم” (စွဗ်ဟာန ရဗ်ဗိယလ် အဇွီးမ်) ဆိုခြင်း၊ စဂ်ျဒဟ်၌ “سبحان ربي الأعلى” (စွဗ်ဟာန ရဗ်ဗိယလ်အအ်လာ) ဆိုခြင်း၊ စဂ်ျဒဟ်နှစ်ခုကြားတွင် “رب اغفر لي” (ရဗ်ဗိဂ်ဖိရ်လီ) ဆိုခြင်း၊ ပထမ သရှဟုဒ်ဆိုခြင်း၊ ပထမ ကအ်ဒဟ်ထိုင်ခြင်းတို့ဖြစ်သည်။
သင်ခန်းစာ (၉) သရှဟွဒ်အကြောင်း။
၎င်းမှာ (အောက်ပါအတိုင်း) ရွတ်ဆိုခြင်းဖြစ်သည်။
“အသ်သဟိယ္ယာသုလိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယုဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်”အဓိပ္ပါယ် - နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်လည်း သက်ရောက်ပါစေ။ အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့အပေါ်လည်း သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင် မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။
ထို့နောက် တမန်တော်မြတ် - صلى الله عليه وسلم - ပေါ်သို့ဆွလားသ်မေတ္တာနှင့် ကောင်း ချီးမင်္ဂလာကျရောက်စေရန် ဆုတောင်းပေးသည့်အနေဖြင့် (အောက်ပါအ တိုင်း) ရွတ်ဆိုရမည်။ အလ္လာဟွမ်းမဆွလ္လိအလာမုဟမ္မဒင်န် ဝအလာ အာလိ မုဟမ္မဒင်န်၊ ကမာဆွလ္လိုင်သ အလာ အိဗ်ရာဟီးမ ဝအလာ အာလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒွမ် မဂျီးဒ်။ ဝဘာရိက် အလာ မုဟမ္မဒင်န် ဝအလာ အာလိ မုဟမ္မဒ် ကမာ ဘာရက်သ အလာ အိဗ်ရာဟီးမ ဝအလာ အာလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒွမ် မဂျီးဒ်။ အဓိပ္ပါယ်။ ။ အို-အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင် ရာတော်များ၊ သားမြေးများအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်းကို တမန်တော်အိဗ်ရာဟီးမ် (عَلَيْهِ السَّلَامُ) နှင့် အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အ သင်အရှင်မြတ် သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အ ပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။ ထိုမှတပါး တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ဗရ်ကသ်ကောင်း ချီးမင်္ဂလာအ ပေါင်းကို တမန်တော်အိဗ်ရာဟီးမ် (عَلَيْهِ السَّلَامُ)နှင့် အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အပေါင်းနှင့် ပြည့် စုံတော်မူသောအရှင်ဖြစ်တော်မူ၏။
ထို့နောက် နောက်ဆုံးသရှဟ္ဟုဒ်တွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဂျဟန္နမ်၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်သန်နေစဉ်နှင့် ကွယ်လွန်သေဆုံးပြီးနောက် ကြုံတွေ့ရမည့် စမ်းသပ်မှုများ၊ ဒဂ်ျဂျာလ်၏ ဖိသ်နသ် စမ်းသပ်မှုတို့မှ ခိုလှုံခွင့်တောင်းခံရမည်။ ထို့နောက် မိမိအလိုရှိသော ဒုအာများကိုတောင်းခံနိုင်သည်။အထူးသဖြင့် စွန္နသ်တော်လာဒုအာများကို ဦးစားပေးတောင်းခံသင့်သည်။ ထိုဒုအာများအနက် အချို့မှာ
( اللّٰهُمَّ أَعِنِّي عَلىٰ ذِكْرِكَ وَشُكْرِكَ وَحُسْنِ عِبَادَتِكَ ، اَللّٰهُمَّ إِنِّي ظَلَمْتُ نَفْسِي ظُلْمًا كَثِيرًا، وَلَا يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ فَاغْفِرْ لِيْ مَغْفِرَةً مِنْ عِنْدِكَ، وَارْحَمْنِيْ إِنَّكَ أَنْتَ الْغَفُورُ الرَّحِيمُ ) “အလ္လာဟွမ်းမ အအင်န်နီ အလာ ဇိက်ရိက ဝရွှတ်က်ရိက ဝ ဟွတ်စ်နိ အိဗာဒသိက်၊ အလ္လာဟွမ်းမ အင်န်နီ ဇွလမ်သုနဖ်စီ ဇွလ်မန် ကစီးရောင်န် ဝလာ ရဂ်ဖိရုဇ် ဇုနူးဗ အိလ္လာအန်သ ဖဂ်ဖိရ်လီ မဂ်ဖိရသန် မင်န် အင်န်ဒိက ဝရ်ဟမ်နီ အင်န်နက အန်သလ် ဂဖူးရွရ်ရဟီးမ်“ အဓိပ္ပါယ် - အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အရှင်မြတ်အား သတိရတသရန်၊ အရှင်မြတ် ကျေးဇူးတင်ရန်၊ အရှင်မြတ်အား ကောင်းမွန်စွာ အိဗာဒသ်ပြုနိုင်ရန်အတွက် ကူညီစောင်မတော်မူပါ။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မိမိကိုယ်မိမိ အလွန် ညှင်းပန်းနှိပ်စက်ခဲ့ပါသည်။ ထိုမှတပါး အရှင်မြတ်မှအပ မည်သူမျှ အပြစ်များကို ခွင့်လွှတ်ပေးနိုင်သူ မရှိပါ။ သို့ဖြစ်ရာ ကျွန်တော်မျိုး၏ အပြစ်များကို အရှင်မြတ်ဘက်တော်မှ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သည် အလွန် တရာခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပါသည်။
သို့သော် ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်နှင့် အိရှာ ဆွလာသ်များတွင် ပထမသရှဟ္ဟုဒ်၌ ရှဟာဒသ်နှစ်ခုကို ဆိုပြီးနောက် တတိယ ရကအသ်အတွက် ပြန်ထရမည်။ အကယ်၍ ပထမသရှဟ္ဟုဒ်၌ တမန်တော်မြတ် - صلى الله عليه وسلم - ပေါ်သို့ ဆွလာသ် မေတ္တာပို့သပါက ပို၍ကောင်းမွန်ပေသည်။ ထိုအ ကြောင်းအရာနှင့်ပတ်သက်၍ ဟဒီးဆ်တော် အမြောက်အများလာရှိထား သည်။ ထို့နောက် တတိယ ရကအသ်အတွက် ရပ်ရမည်။
သင်ခန်းစာ (၁၀) ဆွလာသ်၏ စွန္နသ်တော်များ။
၎င်းတို့အနက် အချို့မှာ -
(၁) အဖွင့် ‘စနာ’ ဖတ်ခြင်း။
(၂) ရူကူအ် မသွားမီနှင့် ရူကူအ်သွားပြီးနောက် ကိယာမ်ရပ်သည့်အချိန်တွင် ညာဘက်လက်ဖဝါးအား ဘယ်ဘက်လက်ဖမိုးပေါ်တင်ကာ ရင်ဘတ်ပေါ်တွင်ပိုက်ခြင်း။ ခြင်း။
(၃) သက်ဗီရ် သဟ်ရီမဟ် ဆိုသည့်အခါ၊ ရုကူအ်ပြုသည့်အခါ၊ ရုကူအ်မှ ပြန်ထသည့်အခါနှင့် ပထမသရှဟုဒ်ပြီးနောက် တတိယ ရကအသ်အတွက်ပြန်ရပ်သည့်အခါတွင် လက် ချောင်းများကို စု၍ဖြန့်ထားကာ ပခုံးနှစ်ဘက်နှင့်အညီ သို့မဟုတ် နားနှစ်ဘက်နှင့်အညီ လက်နှစ်ဖက်အားမြှောက်ခြင်း။
(၄) ရုကူအ်နှင့် စဂျ်ဒဟ်တွင် သတ်စ်ဗီဟ် တစ်ကြိမ်ထက်ပိုဖတ်ခြင်း။
(၅) ရုကူအ်မှပြန်ထပြီးနောက် - ‘ရဗ်ဗနာ ဝလကလ် ဟမ်ဒ်’ အပြင် အခြားဒုအာ အပိုဖတ်ခြင်း၊ စဂျ်ဒဟ်နှစ်ခုကြားတွင် ‘ရဗ်ဗိဂ်ဖိရ်လီ’ ကို တစ်ကြိမ်ထက်ပိုဖတ်ခြင်း။
(၆) ရူကူအ်တွင် ဦးခေါင်းကို ကျောနှင့် တစ်ပြေးတည်းထားခြင်း။
(၇) စဂျ်ဒဟ်ပြုရာတွင် လက်မောင်းနှစ်ဘက်အား နံဘေးနှစ်ဘက်မှ လည်း ကောင်း၊ ဝမ်းဗိုက်အား ပေါင်နှစ်ဘက်မှ လည်းကောင်းး၊ ပေါင်နှစ်ဘက်အား ခြေသလုံးနှစ်ဘက်မှလည်းကောင်း ခွာထားခြင်း။
(၈) စဂျ်ဒဟ်ပြုသည့်အခါ လက်ဖျံနှစ်ခုကို မြေကြီးနှင့် မထိဘဲထားခြင်း။
(၉) ပထမသရှဟ္ဟုဒ်နှင့် စဂျ်ဒဟ်နှစ်ခုကြားတွင် ဆွလားသ်ဝတ်ပြုသူသည် ဘယ်ဘက်ခြေ ထောက်အားဖြန့်ထားပြီး၊ ၎င်းပေါ်တွင်ထိုင်ကာ ညာ ဘက်ခြေထောက်အား ထောင်ထားခြင်း။
(၁၀) လေးရကအသ်နှင့် သုံးရကအသ် ဝတ်ပြုရသည့် ဆွလာသ်တွင် နောက် ဆုံးသရှဟ္ဟုဒ်၌ ‘သဝရ်ရွတ်က်’ ပုံစံထိုင်ခြင်း။ ၎င်းမှာ - ဘယ်ခြေကို ညာခြေအောက်တွင်ထားပြီး၊ ညာခြေကို ထောင် ထားကာ တင်ပါးပေါ်၌ထိုင်ခြင်းဖြစ်သည်။
(၁၁) ပထမသရှဟ္ဟုဒ် ဖတ်သည့်အခါ လက်ညိုးထောင်ခြင်း၊ ဒုတိယသရှဟုဒ်တွင် ကအ်ဒဟ် ထိုင်သည့်အချိန်မှစ၍ သရှဟုဒ်ဖတ်ပြီးသည်အထိ လက်ညိုးထောင်ခြင်း၊ သရှဟ္ဟုဒ်ဖတ်ပြီးနောက် ဒုအာဖတ်သည့်အချိန်တွင် လက်ညိုးကိုလှုပ်ရှားခြင်း။
(၁၂) ပထမသရှဟုဒ်တွင် တမန်တော်မြတ်နှင့်ကိုယ် တော်၏ အိမ်သူ အိမ်သားများအပေါ်တမန်တော်အိဗ်ရာဟီးမ်နှင့် ၎င်း၏ အိမ်သူအိမ်သားများအပေါ်သို့ ဆွလာသ် မေတ္တာနှင့် ဗရကသ် ကောင်းချီးမင်္ဂလာပို့သခြင်း။
(၁၃) နောက်ဆုံးသရှဟ္ဟုဒ်တွင် ဒုအာတောင်းခြင်း။
(၁၄) ဖဂျရ်ဆွလာသ်၊ ဂျမုအဟ်ဆွလာသ်၊ အီးဒ် နှစ်အီးဒ်ဆွလာသ်၊ မိုးဆုပန်ခြင်း ဆွလာသ်၊ မဂ်ရိဗ်နှင့် အီရှာဆွလာသ်၏ ပထမ နှစ်ရကအသ် စသည်တို့တွင် ကိရာအသ်ကို အသံကျယ်ကျယ်ဖတ်ခြင်း။
(၁၅) ဇုဟုရ် ဆွလာသ်၊ အစွရ် ဆွလာသ်၊ မဂ်ရိဗ်၏ တတိယ ရကအသ်နှင့် အီရှာ၏ နောက်ဆုံးနှစ်ရကအသ်တွင် ကိရာအသ်ကို တိုးတီးစွာဖတ်ခြင်း။
(၁၆) စူရဟ်ဖာသိဟဟ်အပြင် ကျမ်းမြတ်ကုရ်အာန်မှ အခြားစူရဟ်တစ်ခုခုကိုဖတ်ခြင်း၊ ကျွန်ုပ်တင်ပြခဲ့သည့် စွန္နသ်တော်များအပြင် ဆွလာသ်အတွင်းရှိ အခြားစွန္နသ်တော်များကိုလည်း အလေးထားဆောင် ရွက်ရမည်။ ၎င်းတို့အနက်အချို့မှာ - ဆွလာသ်ဝတ်ပြုသူ အိမာမ်ဖြစ်စေ၊ နောက် လိုက် မွတ်က်သဒီဖြစ်စေ၊ တစ်ဦးတည်းဝတ်ပြုသူဖြစ်စေ ရုကူအ်မှပြန်ရပ်သည့်အခါ ‘ရဗ်ဗနာ ဝလကလ် ဟမ်ဒ်’ အပြင် ဒုအာအပိုဖတ်ခြင်းသည် စွန္နသ်ဖြစ်သည်။ ထို့အတူ ရုကူအ်ပြုသည့်အခါ လက်နှစ်ဘက်ကို လက်ချောင်းများချဲကာ ဒူးနှစ်ဘက်ပေါ် တင်ထားခြင်းမှာလည်း စွန္နသ်ဖြစ်သည်။
သင်ခန်းစာ (၁၁) ဆွလာသ် ပျက်စေသည့်အချက်များ။
၎င်းတို့မှာ (၈) ချက်ရှိသည်။
အမိန့်ပညတ်ချက်ကို သိနားလည်ပြီးနောက် သတိရှိလျက်နှင့် တမင်စကား ပြောခြင်း။ သို့သော် မေ့လျော့၍ဖြစ်စေ၊ အမိန့်ပညတ်ချက်ကို မသိနားမလည် ၍ဖြစ်စေ ပြောဆိုမိသူ၏ ဆွလာသ်မှာ ထိုလုပ်ရပ်ကြောင့် မပျက်သွားပေ။
(၂) ရယ်ခြင်း။
(၃) စားခြင်း။
(၄) သောက်ခြင်း။
(၅) ဖုံးအုပ်ရမည့် အစိတ်အပိုင်း ပေါ်သွားခြင်း။
(၆) ကိဗ်လဟ်ဘက်မှ အလွန်အကျွံတိမ်း စောင်းသွားခြင်း။
(၇) ဆွလာသ်အတွင်း အချည်းနှီးလုပ်ရပ်များကိုအဆက် မပြတ်လုပ်ခြင်း။
(၈) ဝူဿွူ ပျက်သွားခြင်း။
သင်ခန်းစာ (၁၂) ဝူဿွူ၏ စည်းကမ်းချက်များ။
၎င်းတို့မှာ (၁၀) ချက်ရှိသည်။
မွတ်စ်လင်ဖြစ်ခြင်း၊ အသိဉာဏ်ရှိခြင်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း၊ နီယသ်ရည်စူးခြင်း ၊ ဝူဿွူပြုလုပ်ပြီးသည်အထိ နီယသ်ကိုမပြတ်စေဘဲ ရှိနေစေခြင်း၊ ဝူဿွူရှိစေသည့်အကြောင်း ခံ မရှိတော့ခြင်း၊ ဝုဿွူမပြုမှီအလျင် ရေ သို့မဟုတ် မြေကြီးခဲဖြင့် အိစ်သင်န်ဂျာလုပ်ခြင်း၊ ရေသည် သန့်ပြန့်၍ အသုံးပြုခွင့်ရှိသည့် ရေဖြစ်ခြင်း၊ အရေပြားသို့ ရေရောက်ရှိခြင်းမှ တားဆီးသောအရာများကို ဖယ်ရှားခြင်း၊ (အမြဲဆီးထွက်နေခြင်းကဲ့သို့) အမြဲတမ်း မသန့်ဖြစ်သူတစ်ဦးအတွက် ဆွလာသ်အချိန် ဝင်ရောက်ခြင်းတို့ဖြစ်သည်။
သင်ခန်းစာ (၁၃) ဝူဿွူ၏ ဖရဇ်ွအချက်များ။
၎င်းတို့မှာ (၆) ချက်ရှိသည်။
မျက်နှာကိုဆေး ကြောခြင်း၊ မျက် နှာဆေးကြောခြင်းတွင် ပလုပ်ကျင်းခြင်းနှင့် နှာခေါင်းတွင်းသို့ရေသွင်းကာ ပြန်ထုတ်ခြင်းတို့ပါဝင်သည်။ (၂) လက်နှစ်ဖက်ကို တံတောင်ဆစ်အပါအဝင် ဆေး ကြောခြင်း။ (၃) ဦးခေါင်းတစ်ခုလုံးကို မစဟ်ပြု ပွတ်သပ်ခြင်း။ ယင်း၌ နားရွက်နှစ်ဖက်ကို မစဟ်ပြုခြင်းပါဝင်သည်။ (၄) ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် ဆေးကြောခြင်း။ (၅) ဝူဿွူပြုရာတွင် အစဉ်လိုက်ပြုလုပ်ခြင်း။ (၆) အစိတ်အပိုင်းတစ်ခုနှင့်တစ်ခုကြားဆေးကြောရာတွင် မခြားဘဲတစ်ဆက်တည်းပြုလုပ်ခြင်း တို့ဖြစ်သည်။ မျက်နှာ၊ လက်နှစ်ဖက်နှင့် ခြေ ထောက်နှစ်ဖက်တို့ကို သုံးကြိမ် ဆေးကြောခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။ ထို့အတူ ပလုတ် ကျင်းခြင်းနှင့် နှာခေါင်းတွင်းသို့ ရေသွင်းကာ ပြန်ထုတ်ခြင်းကို သုံးကြိမ် ပြုလုပ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ ၎င်းတို့အားလုံးကို တစ်ကြိမ်စီ ဆေးကြောခြင်းမှာ ဖရ်ဿွ်ဖြစ်သည်။ သို့သော် မှန်ကန်သည့် ဟဒီးစ်တော်များ၏ လမ်းညွှန်ချက်အရ ဦးခေါင်းကို သုံးကြိမ် မစဟ်ပြုခြင်းမှာ မွတ်စ်သဟဗ်မဟုတ်ပေ။
သင်ခန်းစာ (၁၄) ဝူဿွူ ပျက်စေသောအချက်များ။
၎င်းတို့မှာ (၆) ချက်ရှိသည်။
(၁) အပေါ့၊ အလေးသွားသည့် လမ်း ကြောင်းနှစ်ခုမှ တစ်စုံတစ်ရာထွက်ခြင်း၊ (၂) ခန္ဓာကိုယ်မှ အလွန်ညစ်ညမ်းသည့်အညစ်အကြေး တစ်စုံတစ်ရာထွက်ခြင်း၊ (၃) အိပ်စက်ခြင်း သို့မဟုတ် အခြားတစ်စုံတစ်ရာကြောင့် အသိပျောက်သွားခြင်း၊ (၄) အရှေ့၊ အနောက် အရှက်အင်္ဂါနှစ်ခုအား အကာအကွယ်မပါပဲ ကိုင်တွယ်ခြင်း၊ (၅) ကုလားအုတ်သားစားခြင်း၊ ( ၆ ) အစ္စလာမ်သာသနာမှ ဘာသာပျက်သွားခြင်း။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် မွတ်စ်လင်မ်များအားလုံးကို ထိုအဖြစ်ဆိုးမှ ကာကွယ်ပေးသနားတော်မူပါစေ။
အရေးကြီးသော သတိပေးချက်။ မှန်ကန်သည့်အဆိုအရ သေသူကို ရေချိုးပေးခြင်းဖြင့် ဝူဿူမပျက်ပေ။ သေသူကို ရေချိုးပေးခြင်းကြောင့် ဝုဿွူပျက်ကြောင်း အထောက်အထားလည်းမရှိသည့် အတွက် ဤသည် ပညာရှင်အများစု၏ အဆိုလည်းဖြစ် သည်။ သို့သော် ရေချိုးပေးသူ၏ လက်သည် အကာအကွယ်မပါဘဲ သေသူ၏ အရှက်အင်္ဂါကို ထိမိပါက ( ဝုဿွူပျက်သွားသောကြောင့် ) ၎င်းအပေါ်၌ ဝဿွူပြန်လည်ပြုလုပ်ရန်အရေးကြီးသည်။
ထို့ကြောင့် သေသူ၏ အရှက်အင်္ဂါကို အကာအကွယ်မပါဘဲ မထိမိရန် အရေးကြီးသည်။ ထိုနည်းတူ ဇနီးသည်အား ထိတွေ့ကိုင်တွယ်ခြင်းဖြင့် ဝုဿွူလုံးဝမပျက်ပေ။ ထိုသို့ ထိတွေ့ကိုင်တွယ်ခြင်းသည် ရာဂစိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သာသနာ့ပညာရှင်များ၏ အဆိုနှစ်ခုအနက် အမှန်ကန်ဆုံးမှာ အဆိုမှာ ထိတွေ့ကိုင်တွယ်သူသည် (မဇီ၊ မနီ စသည့်) တစ်စုံတစ်ရာမထွက်သ၍ ဝုဿွူမပျက်ပေ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ် - صلى الله عليه وسلم - သည် မိမိ၏ ကြင်ရာတော်များအနက် အချို့ကို နမ်းရှုပ်တော်မူခဲ့၏။ ထို့နောက် ကိုယ်တော်သည် ဝုဿွူပြန်လည်ပြုလုပ်ခြင်းမရှိဘဲ ဆွလာသ်ဝတ်ပြုတော်မူခဲ့လေသည်။
စူရဟ်နေဆာအ်နှင့် စူရဟ်မာအိဒဟ်၏ အာယသ်တော်နှစ်ပါးတွင် အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်။ (သို့မဟုတ် အသင်တို့သည် ဇနီးမိန်းမများနှင့်ပေါင်း သင်း ဆက်ဆံခဲ့ကြလျှင်) စူရဟ်နေဆာအ် : အာယသ် (၄၃) စူရဟ် မာအိဒဟ် : အာယသ် (၆) အာယသ်တော် ၏ အလိုသဘောမှာ - ပညာရှင်များ၏ အမှန်ကန်ဆုံးအဆိုအရ ဇနီးသည်နှင့် ပေါင်း သင်းဆက်ဆံခြင်းဖြစ်သည်။ ဤသည် အိဗ်နေ အ ဗ္ဗါးစ် - رضي الله عنهما - ၊စလဖ်(ရှေ့ပိုင်း)နှင့် နှောင်းပိုင်းပညာရှင် တစ်စု၏ အဆိုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်သာ လျှင် သောင်ဝ်ဖီးက် စွမ်းအားပေးသနားတော်မူသောအရှင်ဖြစ်သည်။
သင်ခန်းစာ (၁၅) မွတ်စ်လင်မ်တိုင်း တရားတော်လာ ကိုယ်ကျင့်တရား များကို မွေးမြူခြင်း။
၎င်းတို့အနက် အချို့မှာ - မှန်ကန်ခြင်း၊ သစ္စာရှိခြင်း၊ အရှက်သိက္ခာရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ရက်ရောခြင်း၊ ကတိတည်ခြင်း၊ အလ္လာဟ်အရှင်မြတ်တားမြစ်ထားသည့်အရာများမှ ရှောင် ကြဉ်ခြင်း၊ အိမ် နီးချင်းနှင့်ကောင်းစွာဆက်ဆံခြင်း၊ လို အပ်ချက်ရှိသူများကို တတ်စွမ်းနိုင်သမျှ ကူညီခြင်း စသည်တို့အပြင် ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်တို့က လိုက်နာကျင့်သုံးရန် လမ်းညွှန်ထားသည့် ကိုယ်ကျင့်တရားများဖြစ်သည်။
သင်ခန်းစာ (၁၆) အစ္စလာမ့်ကျင့်ဝတ်များနှင့် အညီနေထိုင်ခြင်း။
၎င်းတို့အနက် အချို့မှာ - စလာမ်ပေးခြင်း၊ မျက်နှာကို ပြုံးရွှင်စွာထားခြင်း၊ ညာလက်ဖြင့် စားသောက်ခြင်း၊ စားသောက်သည့်အခါ အစတွင် ‘ဗိစ်မိလ္လာဟ်’ ဆိုခြင်း၊ စားသောက်ပြီးနောက် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဆိုခြင်း၊ နှာချေသည့်အခါ ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဆိုခြင်း၊ နှာချေသူက ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဆိုသည့်အခါ ၎င်းအား ‘ယရ်ဟမုကလ္လာဟ်’ဟု ပြောခြင်း၊ လူမမာသွားရောက်ကြည့်ရှုခြင်း၊ ဂျနာဇဟ်ဆွလာသ်ဝတ်ပြုပြီး ဒဖန်ပြု မြေမြုပ်သည်အထိ ဂျနာဇဟ်အား လိုက်ပါပို့ဆောင်ခြင်း၊ ဗလီ အဝင်အထွက် စည်း ကမ်းများ၊ အိမ်အဝင်အထွက် စည်းကမ်းများ၊ ခရီးသွားသည့် စည်းကမ်းများ၊ မိဘနှစ်ပါးနှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ ဆွေမျိုး သားချင်းဆိုင်ရာ စည်းကမ်းများ၊ အိမ်နီးချင်းဆိုင်ရာ စည်းကမ်းများ၊ လူကြီး လူငယ်တို့နှင့် သက်ဆိုင်သည့် စည်းကမ်းများ၊ မွေးဖွားလာသည့်ကလေးငယ်နှင့်ပတ်သက်၍ ဂုဏ်ပြုစကားပြောခြင်း၊ နိကာဟ် ထိမ်းမြားသူအား (بَارَكَ اللّٰهُ لَكَ وَبَارَكَ عَلَيْكَ وَجَمَعَ بَيْنَكُمَا فِي خَيْرِ ) ပြောခြင်း၊ ရောဂါဝေဒနာခံစားနေရသူအား အားပေးနှစ်သိမ့်စကားပြောခြင်း စသည်တို့အပြင် အဝတ်အစား ဝတ်ဆင်သည့်အခါ၊ ချွတ်သည့်အခါ၊ ဖိနပ်ဝတ်သည့်အခါ စသည်တို့တွင် အစ္စလာမ့် ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
သင်ခန်းစာ (၁၇) ရှိရ်က်နှင့် ပြစ်မှုဒုစရိုက် အမျိုးမျိုးမှ သတိပေးတားမြစ်ခြင်း။
၎င်းတို့အနက်အချို့မှာ - ပျက်စီးဆုံးရှုံးမှု၌ ကျရောက်စေသော ပြစ်မှုကြီး ခုနှစ်မျိုးဖြစ်သည့် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအား မတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမကလေး၏ ပစ္စည်း ဥစ္စာကိုစားခြင်း၊ စစ်မြေပြင်မှထွက် ပြေးခြင်းနှင့် (မကောင်း မှုအပေါ်) အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင် ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။
ထို့ပြင် မိဘနှစ်ပါး၏ အမိန့်ကိုဖီဆန်ခြင်း၊ ဆွေမျိုး အဆက်ဖြတ်ခြင်း၊ လိမ်လည်သက်သေထွက်ဆိုခြင်း၊ လိမ်လည်၍ ကျိန်ဆိုခြင်းများ၊ အိမ်းနီးခြင်းကို ဒုက္ခပေးခြင်း၊ လူတို့၏ အသက်၊ စည်းစိမ်၊ ဂုဏ်သိက္ခာတို့ကို မတရား ထိပါးစော်ကားခြင်း၊ အရက်သေစာသောက်စားခြင်း၊ လောင်းကစားလုပ်ခြင်း၊ အတင်းပြောခြင်း၊ ဂုံးချောခြင်းတို့အပြင် အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်က တားမြစ်ထားသော လုပ်ရပ်များစသည်တို့ဖြစ်သည်။
သင်ခန်းစာ(၁၈) ကွယ်လွန်သူအား ရေချိုးပေးခြင်း၊ ကဖန်ဝတ်ပေးခြင်း၊ ၎င်းအတွက် ဂျနာဇဟ် ဆွလာသ်ဝတ်ပြုခြင်း၊ ဒဖန်ပြု မြှုပ်နှံခြင်း။
ထိုအကြောင်းကို အကျယ်တဝန့်ရှင်းပြပါမည်။
၁။ ကွယ်လွန်ခါနီးသေအံ့ဆဲဆဲဖြစ် နေသူကို ကလိမဟ် (لآ اِلٰهَ اِلَّا اللّٰهُ ) တိုင်ပေးရန်ကို တရားတော်က ပြဌာန်းထားသည်။ တမန်တော်မြတ် - صلى الله عليه وسلم - မိန့်ကြားတော်မူသည်။ {لقنوا موتاكم : لا إله إلا الله} အသင်တို့ထဲ၌ ကွယ်လွန်ရန် နီးကပ်လာသူများကို ကလိမဟ် (لآ اِلٰهَ اِلَّا اللّٰهُ) တိုင်ပေးကြကုန်။ ” (၇) ဤဟဒီးစ်တော်ကို အိမာမ်မွတ်စ်လင်က မိမိ၏ စွဟီးဟ်ကျမ်းတွင် ဆင့်ပြန်ထားသည်။ ဤဟဒီးစ်တော်တွင်လာရှိသည့် မောင်ဝ်သာ၏ အလိုသဘောမှာ သေခြင်းတရား၏ လက္ခဏာများပေါ်လွင်နေသည့် သေအံ့ဆဲဆဲဖြစ်နေသူများကိုဆိုလိုပေသည်။ ၇။ မွတ်စ်လင်ကျမ်း၊ ဟဒီးစ်အမှတ် (၉၁၆ / ၉၁၇)
(၂) အသက်ငင်သူမှာ သေဆုံးသွားပြီဖြစ် ကြောင်း အတိအကျသိရပါက ၎င်း၏ မျက်စိနှစ်ဖက်ကို ပိတ်ပေးပြီး၊ ပါးစောင်နှစ်ဖက်ကို ပတ်တီးဖြင့် သိုင်းကာ ချည်လိုက်ရမည်။ အကြောင်းမှာ ဟဒီးစ်တော်၌ ထိုသို့ပြုလုပ်ရန် လာရှိထားသောကြောင့်ဖြစ်သည်။
(၃) စစ်ပွဲ၌ ရှဟီးဒ်အဖြစ် ကျဆုံးသွားသူမှလွဲ၍ ကွယ်လွန်သူ မွတ်စ်လင်တိုင်းအား ရေချိုးပေးရန် တာဝန်ရှိသည်။ ရှဟီဒီအား ရေချိုးပေးရန်၊ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုပေးရန်မလိုအပ်ပါ။ ၎င်း ရှဟီးဒ်ဖြစ်ခဲ့သည့် ဝတ်စုံဖြင့်ပင် ဒဖန်ပြုမြှုပ်နှံရမည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် - صلى الله عليه وسلم- သည် အုဟွဒ်စစ်ပွဲတွင် ကျဆုံးခဲ့သည် ရှဟီဒီများအား ရေချိုးပေးခြင်း၊ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုပေးခြင်း မပြုလုပ်ခဲ့သော ကြောင့်ဖြစ်သည်။
မိုင်ယိသ်သေသူ၏ အရှက်အင်္ဂါကို ဖုံးအုပ်ထားရမည်။ ထို့နောက် သေသူကိုအနည်းငယ်မ၍ ၎င်း၏ ဝမ်းဗိုက်ကို ညင်သာစွာ ဖိချပေးရမည်။ ထို့ နောက် ရေချိုးပေးမည့်သူသည် အ ဝတ်စ သို့မဟုတ် အဝတ်စကဲ့သို့ အခြားအရာတစ်ခုကို မိမိ၏ လက် တွင်ပတ်၍ ထိုအရာဖြင့် သေသူ၏ အညစ် အကြေးများကို သန့်စင်ပေးရမည်။ ထို့နောက်သေသူအား ဆွလာသ်ဝတ်ပြုသည့်အခါ ဝုဿွူလုပ်သကဲ့သို့ဝုဿွူလုပ်ပေးရမည်။ ထို့နောက် ရေနှင့်ဇီးရွက် သို့မဟုတ် အလား တူအရာတစ်ခုခုဖြင့် သေသူ၏ ဦးခေါင်းနှင့် မုတ်ဆိတ်အား ဆေးကြောပေးရမည်။ ထို့နောက် ၎င်း၏ ညာဘက်ခြမ်းကို ရေ လောင်းဆေး ကြောပေးရမည်။ ထို့နောက် ၎င်း၏ ဘယ်ဘက်ခြမ်းကို ရေလောင်းဆေး ကြောပေးရမည်။ ထိုနည်းအတိုင်း သေသူအား နှစ်ကြိမ်၊ သုံးကြိမ် ရေလောင်းချိုးပေးရမည်။ အကြိမ်တိုင်းတွင် ၎င်း၏ ဝမ်းဗိုက်ကို လက်ဖြင့်ဖိပေးရမည်။ အကယ်၍ ဝမ်းဗိုက်အတွင်းမှ အညစ်အကြေးတစ်စုံတစ်ရာထွက်လာလျှင် ၎င်းအား ဆေးကြောပေးရမည်။ ထို့နောက် ထိုနေရာအား ဂွမ်း သို့မဟုတ် အခြားအရာတစ်ခုခုဖြင့် ပိတ်လိုက်ရမည်။ အကယ်၍ အညစ် အကြေးမှာမရပ်တန့်ပဲ ဆက်လက် ထွက်နေပါက ပျော့ပျောင်းသော မြေကြီးသီးသန့် သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကူပစ္စည်းတစ်ခုခုဖြစ်သည့် ဥပမာ - တိပ် သို့မဟုတ် အခြားအရာတစ်ခုခုဖြင့် ပိတ်လိုက်ရမည်။
(၄) မိုင်ယိသ်အား ဂုစွလ်ရေချိုးပေးရမည့်ပုံစံ ။
ထို့နောက် သေသူအား နောက်တစ်ကြိမ် ဝုဿွူလုပ်ပေးရမည်။ အကယ်၍ သုံးကြိမ်ရေချိုးပြီးနောက် မသန့်ရှင်းသေးပါက ငါးကြိမ် သို့မဟုတ် ခုနှစ်ကြိမ်ထိ ရေချိုးပေးရမည်။ ထို့ နောက်အဝတ်ဖြင့် စင်အောင်သုတ်ပေးရမည်။ ထို့နောက် သေသူ၏ ချိုင်း ကြား၊ ပေါင်ကြားနှင့် စဂ်ျဒဟ်ဦးချသည့် အစိတ်အပိုင်းများကို အမွှေးအကြိုင် သုတ်လိမ်းပေးရမည်။ ခန္ဓာကိုယ်တစ်ခုလုံးကို သုတ်လိမ်းပေးပါက ပို၍ ကောင်းမွန်သည်။ သေသူအား ဝတ်ဆင်ပေးမည့် ကဖန်ပိတ်များကို သစ်မွှေးအား မီးရှို့၍ ထွက်လာသည့် အခိုးအငွေ့ဖြင့်သင်းရမည်။ သေသူ၏ နုတ်ခမ်းမွှေး၊ လက်သည်း၊ ခြေသည်းတို့မှာ ရှည်နေပါက ညှပ်ပေးရမည်။ မညှပ်ပဲထားလျှင်လည်း မည်သို့မျှ ပြသနာမရှိပေ။ ဆံပင်မဖြီးရ၊ ချက်အောက်မွေး ရိတ်ပေးခြင်းမပြုရ၊ ခသ်နဟ်မလုပ်ပေးရပါ။ ထိုသို့ပြုလုပ်ခြင်းနှင့်ပတ်သက်၍ တရားတော်၌ အ ထောက်အထားမရှိသည့်အတွက်ဖြစ် သည်။ အမျိုးသမီးအား သူမ၏ ဆံပင်ကို ကျစ်ဆံမြီး သုံးထုံးကျစ်၍ နောက်မှတွဲလျောင်းချထားရမည်။
(၅) သေသူအား ကဖန်ဝတ်ပေးခြင်း။
အမျိုးသားအား ပိတ်ဖြူသုံးစဖြင့် ကဖန်ဝတ်ပေးခြင်းမှာ အကောင်းဆုံးဖြစ်သည်။ ၎င်းတွင် ကမီးစ်အစနှင့် အမာမဟ် ခေါင်းပေါင်း မပါဝင်ပါ။ ထိုအတိုင်းပင် တမန်တော်မြတ် -صلى الله عليه وسلم- ကဖန်ကို လုပ်ပေးခဲ့ကြသည်။ သေသူအား ထိုပိတ်ဖြူသုံးစတွင် ထည့်ကာ ကောင်းစွာပတ်ပေးရမည်။ အကယ်၍ သေသူအား ကမီးစ်အင်္ကျီအစ ၊ အေဇားရ် လုံခြည်အစနှင့် လိဖာဖဟ်အစ တို့ဖြင့်ကဖန်ပတ်ပေးပါကလည်း ကိစ္စမရှိပါ။
အမျိုးသမီးအား အဝတ်ငါးစဖြင့် ကဖန်ဝတ်ပေးရမည်။ ကုရ်သာအင်္ကျီတစ်စ ၊ ခိမားရ် ခေါင်းစည်းတစ်စ၊ အိဇားရ် လုံချည်တစ်စ၊ လိဖာဖဟ် ခြုံထည်နှစ်စ တို့ဖြစ်သည်။ ကလေးငယ်(ယောက်ျားလေး)အား အဝတ်တစ်စမှ သုံးစအထိ ကဖန်ဝတ်ပေးနိုင်သည်။ ကလေးငယ်(မိန်းကလေး)အား ကမီးစ် တစ်စ၊ လေ ဖာဖဟ် နှစ်စဖြင့် ကဖန်ဝတ်ပေးရမည်။
သေသူမှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နိုင်လောက်သည့် အဝတ်စတစ်စဖြင့် ကဖန်ထုပ်ပေးခြင်းမှာ ဖရ်ဿွ်ဖြစ်သည်။ သို့သော် သေသူမှာ မိုဟ်ရင်မ် ( ဟဂျ် သို့ အွမ္မရာ အတွက် အဲဟ်ရာမ်ပြုထားသူ ) ဖြစ်ပါက ၎င်းအား ရေနှင့်ဇီးရွက်တို့ဖြင့် ရေချိုးပေးရမည်။ ၎င်း၏ အဲဟ်ရာမ်ဖြစ်သည့် အိဇားရ် လုံခြည်စနှင့် ရိဒါးအ်ခြုံထည်စနှင့်ဖြစ်စ သို့မဟုတ် အခြားအဝတ်စများနှင့်ဖြစ်စေ ကဖန်ဝတ်ပေးရမည်။ ၎င်း၏ ဦးခေါင်းနှင့်မျက်နှာကို မဖုံးအုပ်ရပါ။ အမွှေးအကြိုင် သုတ်လိမ်းခြင်းမပြုရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကိယာမသ်နေ့တွင် သလ်ဗိယဟ် ရွတ်ဆိုလျှက် ပြန်လည်ရှင်ပြန်ထရမည်ဖြစ်သည်။ ဤသည်နှင့် စပ်လျဉ်း၍ တမန်တော်မြတ် -صلى الله عليه وسلم- ထံမှ မှန်ကန်ခိုင်လုံသော ဟဒီးစ်ဆင့်ပြန်ချက်လာရှိထားသည်။ အကယ်၍ မိုဟ်ရင်မ်သည် အမျိုးသမီးဖြစ်ပါက အခြားအမျိုးသမီးများအတိုင်းပင် ကဖန်ဝတ်ပေးရမည်။ သို့သော် သူမအား အမွှေးအကြိုင်သုတ်လိမ်းပေးခြင်း၊ မျက်နှာအား နိကားဗ်ဖြင့် ဖုံးအုပ်ခြင်း၊ လက်နှစ်ဘက်အား လက်အိတ်ဖြင့် ဖုံးအုပ်ခြင်းတို့မပြုရပေ။ သို့သော် သူမ၏မျက်နာနှင့် လက်နှစ်ဘက်ကို သူမအား ဝတ်ပေးသည့် ကဖန်ဖြင့် ဖုံးအုပ်ပေးရမည်။ အထက်တွင် တင်ပြထားသည့် အမျိုးသမီး ကဖန်ဝတ်နည်းအတိုင်းပင်ဖြစ်သည်
(၆) လူတို့အနက် သေသူအား ရေချိုးပေးရန်၊ ဂျနာဇဟ်ဆွလာသ်ဝတ်ပြုပေးရန်နှင့် ဒဖန်ပြု မြှုပ်နှံပေးရန် အထိုက်တန်ဆုံးသူအကြောင်း။
လူတို့အနက် သေဆုံးသူ အမျိုးသားအား ရေချိုးပေးရန်၊ ဂျနဇာဟ်ဆွလာသ် ဝတ်ပြုပေးရန်၊ ဒဖန်ပြု မြှုပ်နှံပေးရန် အထိုက်သင့်ဆုံးပုဂ္ဂိုလ်မှာ သေသူက ဝစီယသ် မှာတမ်းခဲ့သူဖြစ်သည်။ ၎င်း၏နောက်တွင် သေသူ၏ ဖခင်၊ ထို့နောက် အဘိုး၊ ထို့နောက် သားချင်းများအနက်မှ အဆင့်ဆင့် ဆွေမျိုးတော်စပ်မှုပိုနီးသည့် အစွဘဟ် (အကျန်စား အနေနှင့် အမွေရရမည့်)အမျိုးသားများဖြစ်သည်။
အမျိုးသမီးအား ရေချိုးပေးရန် အထိုက်သင့်ဆုံးသူမှာ သေသူက ဝစွီယသ် မှာတမ်းခဲ့သည့် အမျိုးသမီးဖြစ်သည်။ ထို့နောက် သူမ၏ မိခင်၊ ထို့နောက် သူမ၏ အဘွား၊ ထို့နောက် သားချင်းများအနက်မှ အဆင့်ဆင့် ဆွေမျိုးတော်စပ်မှုပိုနီးသည့် အမျိုးသမီးများဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦး အပြန်အလှန် ရေချိုးပေးခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အဘူဘကရ် ( ရသွိယလ္လလာအန်ဟု )အား ၎င်း၏ ဇနီးမှ ရေချိုးပေးခဲ့ပြီး၊ အလီ (ရသွိယလ္လာဟုအန်ဟု)သည် မိမိ ၏ဇနီး ဖာသွိမဟ် (ရသွိယလ္လာဟုအန်ဟာ) ကို ရေချိုးပေးခဲ့သောကြောင့်ဖြစ်သည်။
(၇) ဂျနာဇဟ် ဆွလာသ် ဝတ်ပြုနည်း။
သက္ကဗီရ် လေးကြိမ်ဆိုရမည်။ ပထမအကြိမ်ဆိုပြီးနောက် စူရဟ် ဖာသိဟဟ် ဖတ်ရမည်။ အကယ်၍ စူရဟ် ဖာသိဟဟ်နှင့်အတူ စူရဟ်အတိုတစ်ပုဒ် သို့မဟုတ် အာယသ်တော် တစ်ပိုဒ် သို့မဟုတ် နှစ်ပိုဒ် ဖတ်ပါက ပို၍ကောင်းသည်။ အိဗ်နုအဗ္ဗားစ် ( ရသွိယလ္လာဟု အန်ဟုမာ )ထံမှ ထိုသို့ပြုလုပ်ခဲ့ကြောင်းမှန်ကန်သော ဟဒီးစ်ဆင့်ပြန်ချက် လာရှိထားသည်။ ထို့နောက် ဒုတိယ သက္ကဗီရ်ဆိုရမည်။ ပြီးနောက် သရှဟွဒ်ဖတ်ရာတွင် တမန်တော်မြတ် - صلى الله عليه وسلم - အပေါ်သို့ ဆွလာသ်ပို့သ သကဲ့သို့ ဆွလာသ်ပို့သရမည်။ ထို့နောက် တတိယ သက္ကဗီရ်ဆိုပြီး အောက်ပါ ဒုအာကို ရွတ်ဖတ်ရမည်။ اللهمَّ اغفرْ لحيِّنا وميتِنا وشاهدِنا وغائبِنا، وصغيرِنا وكبيرِنا، وذكرِنا وأنثانا، اللهمَّ من أحييتَه منا فأحيهِ على الإسلامِ ومن توفَّيتَه منا فتوفَّهُ على الإيمانِ اللَّهُمَّ اغْفِرْ لَهُ وارْحَمْهُ، وعَافِهِ، واعْفُ عَنْهُ، وأكْرِمْ نُزُلَهُ، وَوَسِّعْ مُدْخَلَهُ، واغْسِلهُ بالـمَاءِ والثَّلْجِ والبَرَدِ، ونَقِّهِ مِنَ الخَطَايَا كَمَا نَقَّيْتَ الثَّوْبَ الأبْيَضَ مِنَ الدَّنَسِ، وأبْدِلْهُ دَاراً خَيْراً مِنْ دَارِهِ، وأهْلاً خَيْراً مِنْ أهْلِهِ، وزَوْجاً خَيْراً مِنْ زَوْجِهِ، وأدْخِلْهُ الجَنَّةَ، وأَعِذْهُ مِنْ عَذَابِ القَبْرِ وَعَذَابِ النَّارِ وافسح له فى قبره ونورله فيه اللهمَّ لا تحرمنا أجرَه ولا تضلنا بعده အဓိပ္ပါယ် - အို အလ္လာဟ် ကျွန်တော်မျိုးတို့ထဲမှ အသက်ရှင်နေသူနှင့်ကွယ်လွန်သေဆုံးသွားသူ၊ ဤဂျနာဇဟ်ဆွလားသ်တွင်ပါဝင်သူနှင့် မပါဝင်နိုင်သူ၊ ကျွန်တော်မျိုးတို့ထဲမှ ငယ်သူနှင့် ကြီးသူ၊ အမျိုးသား၊ အမျိုးသမီး အားလုံးကိုအရှင်မြတ် လွှတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ အို အလ္လာဟ် ကျွန်တော်မျိုးတို့အနက်မှ အရှင်မြတ်သက်ရှိထင်ရှားရှိစေချင်သူကို အစ္စလာမ်သာသနာပေါ်၌သာ အသက်ရှင်သန်စေတော်မူပါ။ အရှင်မြတ်ကွယ်လွန်သေဆုံးစေသူကို အီမာန်ပေါ်၌သာ ကွယ်လွန်သေဆုံးစေတော်မူပါ။ အိုအလ္လာဟ် ကွယ်လွန်သူအား လွှတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ သနားကြင်နာတော်မူပါ။ သက်သာချောင်ချိမှုပေးတော်မူပါ။ ခွင့်လွှတ်တော်မူပါ။ ၎င်းအား ဂုဏ်သိက္ခာရှိစွာ ဧည့်ခံကြိုဆိုတော်မူပါ။ ၎င်းဝင်ရောက်ရမည့်နေရာ ( ကဗရ် ) အားကျယ်ဝန်းစေတော်မူပါ။ ၎င်း၏ ( အပြစ်များ ) အား ရေ၊ ရေခဲ၊ နှင်းရေတို့ဖြင့်ဆေးကြောပေးတော်မူပါ။ အဝတ်ဖြူသည် အညစ်အကြေးမှသန့်စင်နေသကဲ့သို့ အရှင်မြတ်သည် ၎င်းအား အပြစ်အကုသိုလ်များမှ သန့်ရှင်းစင်ကြယ်စေတော်မူပါ။ ၎င်းအား လောကီ၌၎င်းပိုင်ဆိုင်ခဲ့သည့် အိမ်အစား ပို၍ ကောင်းသောအိမ်၊ ဆွေမျိုးသားချင်းများအစား ပို၍ကောင်းသောဆွေမျိုးသားချင်းများ၊ ဇနီးကြင်ရာအစား ပို၍ကောင်းသော ဇနီးကြင်ရာများကို ချီးမြှင့်ပေးသနားတော်မူပါ။ ၎င်းအား ဂျန္နသ်သုခဘုံ၌ သွင်းပေးသနားတော်မူပါ။ ကဗရ်အဇားဗ်နှင့် ဂျဟန္နမ်ငရဲ၏ အဇားဗ်ပြစ်ဒဏ်မှ ကာကွယ်ထိန်းသိမ်းတော်မူပါ။ ၎င်း၏ကဗရ်အား ၎င်းအတွက် ကျယ်ဝန်းစေတော်မူပြီး၊ ၎င်းအတွက် ထိုကဗရ်အတွင်း၌ လင်းဝန်းတောက်ပစေတော်မူပါ။ အိုအရှင် ကျွန်တော်မျိုးတို့အား ၎င်း၏ အကျိုးကျေးဇူးမှ လက်မဲ့ဖြစ်စေတော်မမူပါနှင့်။ ၎င်းမရှိသည့်နောက်တွင် ကျွန်တော်မျိုးတို့အား လမ်းမှားရောက်စေတော်မမူပါနှင့်။ -အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့အနက်မှ ရှင်နေသူများကိုလည်းကောင်း၊ ကွယ်လွန်သူများကိုလည်းကောင်း၊ ၊ ဤဂျနာဇဟ်ဆွလာသ်တွင် ပါဝင်သူများကိုလည်းကောင်း၊ မပါဝင်သူများကိုလည်းကောင်း၊ ငယ်ရွယ်များကိုလည်းကောင်း၊ အသက်အရွယ်ကြီးသူများကိုလည်းကောင်း၊ အမျိုးသားများကိုလည်းကောင်း၊ ၊ အမျိုးသမီးများကိုလည်းကောင်းလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့အနက် တစ်ဦးတစ်ယောက်အား အသက်ရှင်လျှက်ထားတော်မူလျှင် ၎င်းအား အစ္စလာမ်သာသနာပေါ်၌သာ အသက်ရှင်စေတော်မူပါ။ ကျွန်တော်မျိုးတို့အနက် တစ်ဦးတစ်ယောက်အား သေဆုံးစေတော်မူလျှင် ၎င်းအား အီမာန်ပေါ်၌သာ ကွယ်လွန်သေဆုံးစေတော်မူပါ။ အိုအလ္လာဟ် ကွယ်လွန်သူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ သနားကြင်နာတော်မူပါ။ သက်သာချောင်ချိမှုပေးတော်မူပါ။ ခွင့်လွှတ်တော်မူပါ။ ၎င်းအား ဂုဏ်သိက္ခာရှိစွာ ဧည့်ခံကြိုဆိုတော်မူပါ။၎င်းဝင်ရောက်ရမည့်နေရာ (ကဗရ်) အားကျယ်ဝန်းစေတော်မူပါ။ ၎င်း၏ ( အပြစ်များ) အား ရေ၊ ရေခဲ၊ နှင်းရေတို့ဖြင့် ဆေးကြောပေးတော်မူပါ။ အဝတ်ဖြူသည် အညစ်အကြေးမှသန့်စင်နေသကဲ့သို့ အရှင်မြတ်သည် ၎င်းအား အပြစ်အကုသိုလ်များမှ သန့်ရှင်းစင်ကြယ်စေတော်မူပါ။၎င်းအား လောကီ၌၎င်းပိုင်ဆိုင်ခဲ့သည့် အိမ်အစား ပို၍ ကောင်းသောအိမ်၊ ဆွေမျိုးသားချင်းများအစား ပို၍ ကောင်းသောဆွေမျိုးသားချင်းများ၊ ဇနီးကြင်ရာအစား ပို၍ ကောင်းသော ဇနီးကြင်ရာကို ချီးမြှင့်ပေးသနားတော်မူပါ။ ၎င်းအား ဂျန္နသ်သုခဘုံ၌ သွင်း ပေးသနားတော်မူပါ။ ကဗရ်အဇားဗ်နှင့် ဂျဟန္နမ်ငရဲ၏ အဇားဗ်ပြစ်ဒဏ်မှ ကာကွယ်ထိန်း သိမ်းတော်မူပါ။ ၎င်း၏ကဗရ်အား ၎င်းအတွက် ကျယ်ဝန်းစေတော်မူပြီး၊ ၎င်းအတွက် ထိုကဗရ်အတွင်း၌ လင်းဝင်းတောက် ပစေတော်မူပါ။ အိုအရှင် ကျွန်တော်မျိုးတို့အား ၎င်း ၏ အကျိုး ကျေး ဇူးမှ လက်မဲ့ဖြစ်စေတော်မမူပါနှင့်။ ၎င်းမရှိသည့် နောက်တွင် ကျွန် တော်မျိုးတို့အား လမ်းမှားရောက်စေတော်မမူပါနှင့်။ ထို့နောက် စတုတ္ထမြောက် သက္ကဗီရ် ဆိုပြီး ညာဘက်ခြမ်းသို့ စလာမ်တဖက်သာ လည့်ရမည်။
သက္ကဗီရ်တကြိမ်ဆိုတိုင်း ရဖအ်ယဒိုင်းန် လက်နှစ်ဘက်ကိုမြောက်ခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။ အကယ်၍သေသူမှာ အမျိုးသမီးဖြစ်ပါက - اللهم اغفرلها - ( အလ္လာဟွမ်းမဂ်ဖိရ်လ ဟာ)ဟုဖတ်ရမည်။ ( ه ဟူ ဖိုကိန်းတိုင်းကို ها ဟာ အမကိန်းဖြင့်ပြောင်း ၍ဖတ်ရမည်။) အကယ်၍ ဂျနာဇဟ် နှစ်ခုဖြစ်ပါက - اللهم اغفر لهما - ( အလ္လာဟွမ်းမဂ်ဖိရ် လဟုမာ ) ဖတ်ရမည်။ နှစ်ခုထက်ပိုများပါက - اللهم اغفر لهم - (အလ္လာဟွမ်းမဂ်ဖိရ်လဟွမ်း ) ဟုဖတ်ရမည်။ အကယ်၍ သေဆုံးသူမာ ကလေးငယ်ဖြစ်ပါက ခွင့်လွတ်ချမ်း သာပေးရန်တောင်း ခံသည့် မဂ်ဖိရသ် ဒုအာအစား အောက်ပါဒုအာကို ဖတ်ရမည်။ اللَّهُمَّ اجْعَلْهُ فَرَطَاً وَذُخْراً لِوَالِدَيْهِ، وشَفِيعاً مُجَاباً، اللَّهُمَّ ثَقِّلْ بِهِ مَوَازِيْنَهُمَا، وأعْظِمْ بهِ أُجُورَهُمَا، وألْحِقْهُ بِصَالِحِ الـمُؤْمِنينَ، واجْعَلْهُ فِي كَفَالَةِ إِبْرَاهِيمَ، وَقِهِ بِرَحْمَتِكَ عَذَابَ الجَحِيمِ، အဓိပ္ပါယ် - အို-အလ္လာဟ်အရှင်မြတ် ၎င်းကလေးငယ်အားကြိုတင်ရောက်နှင့်နေသော အကျိုးအဖြစ်သော် လည်း ကောင်း၊ ၎င်း၏ မိဘနှစ်ပါးအတွက် စုဆောင်းထားသည့်ဝေစုအဖြစ်နှင့် လက်ခံသဘော တူခြင်းခံရမည့် ကြားဝင်အသနားခံပေးသူအဖြစ်လည်းကောင်း ပြုလုပ်ပေးသနားတော်မူပါ။ အို အလ္လာဟ် ထိုကလေးငယ်၏ အ ကြောင်းခံဖြင့် ၎င်း၏ မိဘနှစ်ပါး၏ အမလ်ချိန်ခွင်များကို လေးလံစေတော်မူပါ။ ထိုမိဘနှစ်ပါး၏ အကျိုးကုသိုလ်များကို များပြားစေတော်မူပါ။ ထိုကလေးငယ်အား ကောင်း မွန်သည့် အီမာန်ရှင်များအနက် အပါ အဝင်ဖြစ်စေတော်မူပါ။ ၎င်းအား အိဗ်ရာဟီမ် (عليه السلام) ၏ အုပ် ထိန်းမှုအောက်တွင်ထားတော်မူပါ။ အရှင်မြတ်၏ အသနားတော်ဖြင့် ၎င်းအား ဂျဟန္နမ်ငရဲ၏ အဇားဗ်ပြစ်ဒဏ်မှ ကယ် တင်တော်မူပါ။
အမျိုးသားဂျနာဇဟ်ဖြစ်ပါက အိမာမ်ရှေ့ဆောင်သည် သေသူ၏ဦးခေါင်းနှင့် တစ်တန်းတည်းရပ်ခြင်း စွန္နသ်ဖြစ်ပြီး၊ အမျိုးသမီးဂျနာဇဟ်ဖြစ်ပါက သေသူ၏ အလယ်တွင်ရပ်ခြင်း စွန္နသ်ဖြစ်သည်။ အကယ်၍ ဂျနာဇဟ်အများအပြား စုပေါင်းနေပါက အမျိုးသားဂျနာဇဟ်ကို အိမာမ်၏အနီးတွင်ထားရမည်။ အမျိုးသမီးဂျနာဇဟ်အား ကိဗ်လဟ်ဘက်နှင့်နီးသည့် နေရာတွင် ထားရမည်။ အကယ်၍ ကလေးဂျနာဇဟ်များပါရှိပါက ကလေးငယ် (ယောကျ်ားလေး )၏ ဂျနာဇဟ်ကို အမျိုးသမီး ဂျနာဇဟ်၏ရှေ့တွင်ထားရမည်။ ထို့နောက် အမျိုးသမီး၏ ဂျနာဇဟ်ကို ထားရမည်။ ထိုနောက် ကလေးငယ် (မိန်းကလေး) ၏ဂျနာဇဟ်ကိုထားရမည်။ အရွယ်မရောက်သေးသည့် ယောကျ်ားလေး ဂျနာဇဟ်၏ ဦးခေါင်းသည် အမျိုးသားဂျနာဇဟ်၏ ဦးခေါင်းနှင့် တစ်တန်းတည်း ဖြစ်ရမည်။ ထို့ နောက် အမျိုးသမီးဂျနာဇဟ်၏ အလယ်ပိုင်းမှာ အမျိုးသားဂျနာဇဟ်၏ ဦးခေါင်းပိုင်းနှင့် တစ်တန်းတည်းဖြစ်ရမည်။ ထိုအတိုင်းပင် အရွယ်မရောက်သေးသည့် မိန်းကလေးဂျနာဇဟ် ဦးခေါင်းသည် အမျိုးသမီးဂျနာဇဟ်၏ ဦးခေါင်းနှင့် တစ်တန်းတည်းဖြစ်ပြီး အလယ်ပိုင်းမှာ အမျိုးသားဂျနာဇဟ်၏ ဦးခေါင်းပိုင်းနှင့် တစ်တန်းတည်း ဖြစ်ရမည်။ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုသူအားလုံးသည် အိမာမ်၏ နောက်တွင် ရပ်ရမည်။ အိမာမ်၏နောက်တွင်ရပ်ရန် နေရာမရသူသည် အိမာမ်၏ ညာဘက်ခြမ်းတွင်ရပ်နိုင် သည်။
(၈) သေသူအား ဒဖန်လုပ် မြေမြုပ်သည့်ပုံစံ။
တရားတော်အရ ကဗရ်သင်္ချိုင်း၏အနက်မှာ အမျိုးသားတစ်ဦး၏ ခါးတစ်ဝက်ခန့်ရှိရမည်။ ကဗရ်ထဲတွင် ကိဗ်လဟ်ဘက်ခြမ်း၌ လဟဒ် (သေသူအားထည့်ရန် ဘေးဘက်သို့နှိုက်၍ တူးထားသည့်အပေါက်) ရှိရမည်။ သေသူအား လဟဒ်ထဲတွင် ညာဘက်သို့စောင်းကာ ထားရမည်။ ကဖန်၌ရှိသည့်အထုံးများကို ဖြည်လိုက်ရမည်။ သို့သော် မချွတ်ဘဲ ထားလိုက်ရမည်။ သေသူသည် အမျိုး သားဖြစ်စေ၊ အမျိုး သမီးဖြစ်စေ၊ ၎င်း၏ မျက်နှာကိုမဖော်ရပါ။ ထို့နောက် သေသူဆီသို့ မြေ ကြီးများမကျစေရန် လဟဒ်အား မီးမဖုတ်ထားသည့် အုတ်ခဲ၊ ရွှံ့တို့ဖြင့် ကောင်းစွာပိတ်လိုက်ရမည်။ အကယ်၍ အုတ်ဖြင့်ပိတ်ရန်မလွယ်ကူပါက ဝါး၊ ကျောက်ခဲ၊ သစ်သားစသည်တို့ဖြင့် မြေကြီးများမကျစေရန် ပိတ်လိုက်ရမည်။ ထို့နောက် ၎င်းပေါ်မှ မြေဖို့ရမည်။ မြေဖို့သည့်အချိန်တွင်(بِسْمِ اللّٰهِ ، وَعَلىٰ مِلَّةِ رَسُوْلِ اللّٰهِ )ဖတ်ခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။ ကဗရ်ကို တစ်ထွာခန့်မျှ မြင့်အောင်ထားရမည်။ လွယ်ကူပါက ကဗရ်ပေါ်၌ ကျောက်စရစ်ခဲများထားပြီး၊ ရေဖျန်းသင့်သည်။
ဂျနာဇဟ် လိုက်ပါပို့ဆောင်သူများသည် သေသူ၏ ကဗရ်အနီးတွင်ရပ်၍ ၎င်းအတွက် ဒုအာပြုပေးရမည်။ တမန်တော်မြတ် - صلى الله عليه وسلم - သည် သေသူအား မြှုပ်နှံပြီးနောက် ၎င်း၏ ကဗရ်တွင်ရပ်၍ မိန့်တော်မူသည်။ { استغفروا لأخيكم ، واسألوا له التثبيت ، فإنه الآن يسأَل } [ ၈ ] . “အသင်တို့၏ ညီနောင်(သေသူ) အတွက် မဂ်ဖိရသ်လွတ်ငြိမ်းချမ်း သာခွင့် တောင်းခံပေးကြလေကုန်။ ၎င်းအတွက် တည် တံ့မြဲမြံမှုကို တောင်ခံပေးကြလေကုန်။ ၎င်းသည် ယခုမေး မြန်းခြင်းခံနေရပြီဖြစ်သည်။ ”(၈) (၈) အဘူဒါဝူးဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၃၂၂၁) မွတ်စ်သဒ်ရက်ကျမ်း (၃ / ၃၉၉)
(၉) ဂျနာဇဟ်ဆွလာသ် ဝတ်မပြုဘဲ မြှပ်နှံခံရသူအား ဒဖန်လုပ်ပြီးနောက်တွင်လည်း ဂျနာဇဟ်ဆွလာသ် ဝတ်ပြုခွင့်ရှိသည်။
အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် -صلى الله عليه وسلم- သည် ဒဖန်ပြုမှုပ်နှံပြီးနောက်တွင်လည်း ဂျနာဇဟ်ဆွလာသ် ဝတ်ပြုခဲ့သည်။ သို့သော် သတိထားရမည့်အချက်မှာ တစ်လ သို့မဟုတ် ၎င်းထက်နည်းသည့်အချိန်ကာလအတွင်း ဝတ်ပြုခြင်းဖြစ်ရမည်။ အကယ်၍ တစ်လထက်ကျော်လွန်သွားပါက ကဗရ်တွင် ဂျနာဇဟ်ဆွလားသ် ဖတ်ခွင့်မရှိတော့ပါ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ် - صلى الله عليه وسلم - သည် သေသူအားမြုပ်နှံပြီးနောက် တစ်လကျော်ကြာမှ ထိုသို့ ဝတ်ပြုခဲ့ကြောင်း ဆင့်ပြန်ချက်လာရှိထားခြင်းမရှိပါ။
(၁၀) သေသူ၏ အိမ်သူ၊ အိမ်သားများက (သတင်းလာရောက်မေးမြန်းသည့်) လူတို့အတွက်အစားအသောက် ပြုလုပ်စီမံပေးခြင်း မပိုင်ပေ။ သာဝကကြီး ဂျရီရ်ဗင်န် အဗ်ဒုလ္လာဟ် - رضي الله عنه- က ပြောကြားသည်မှာ - (كنا نعد الاجتماع إلى أهل الميت وصنعة الطعام بعد الدفن من النياحة ) “ ကျွန်ုပ်တို့သည် သေသူအား ဒဖန်ပြုလုပ်ပြီးနောက် သေသူ၏ အိမ်သူ၊ အိမ်သားများထံ သွားရောက်စုရုံးခြင်း၊ စားသောက်ဖွယ်ရာများ ပြု လုပ်စီမံခြင်းကို နေယာဟဟ်( သေသူ၏အနားတွင်အသံကျယ်လောင်စွာအော်ဟစ်ငိုယို ခြင်း) ဖြစ်သည် ဟုသတ်မှတ်လေ့ရှိခဲ့ကြသည်။ ” (၉) အိမာမ်အဟ်မဒ်သည် ဤဟဒီးစ်ကို ဟစန် အဆင့်ရှိသည့် စနဒ်ဖြင့်ဆင့်ပြန်ထားသည်။ (၉) အိဗ်နေမာဂျဟ်ကျမ်း ၊ ဟဒီးစ်အမှတ် ( ၁၆၁၂ )၊ မွတ်စ်နဒ် အဟ်မဒ်ကျမ်း ( ၂ / ၂၀၄ )
သို့သော် သေသူ၏ အိမ်သူအိမ်သားများ သို့မဟုတ် ၎င်းတို့၏ ဧည့်သည်များအတွက် စားသောက်ဖွယ်ရာများ ပြုလုပ်ပေးခြင်းသည် ကိစ္စမရှိပေ။ သေသူ၏ ဆွေမျိုးသားချင်းများနှင့် အိမ်နီး ချင်းများက ၎င်းတို့အတွက် အစား အသောက်များ စီမံပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် - صلى الله عليه وسلم - အား ရှာမ်နိုင်ငံတွင်ရှိသည့် ဂျအ်ဖရ် ဗင်န် အဗီသွာလိဗ် -رضي الله عنه- ကွယ်လွန်ကြောင်း သတင်းပေးသည့်အခါ တမန်တော်မြတ် - صلى الله عليه وسلم - သည် မိမိ၏ အိမ်သားများကို ဂျအ်ဖရ် -رضي الله عنه - ၏ အိမ်သားများအ တွက် အစား အသောက်များ စီမံပေးရန် အမိန့်ပေးတော်မူခဲ့သည်။ တမန်တော်မြတ် -صلى الله عليه وسلم -က မိန့်တော်မူသည်မှာ - {إنه أتاهم ما يشغلهم} [၁၀] “ဧကန်အမှန်ပင် ၎င်းတို့ထံသို့ ၎င်းတို့အား ကျန်ရှိအရာအားလုံးမှ သတိလက်လွတ်ဖြစ်စေမည့်အရေးကိစ္စတစ်ခု ဆိုက်ရောက်လာခဲ့ချေပြီ ” ။ ( ၁၀ ) (၁၀) မွတ်စ်လင်မ်ကျမ်း : ဟဒီးဆ်အမှတ် (၉၇၆) ဂျနာဇဟ်အခန်း၊ နစာအီကျမ်း : ဟဒီးဆ်အမှတ် (၂၀၃၄) ဂျနာဇဟ်အခန်း၊ အဘူဒါဝူးဒ်ကျမ်း : ဟဒီးဆ်အမှတ် (၃၂၃၄) ဂျနာဇဟ်အခန်း၊ အိဗ်နေမာဂျဟ်ကျမ်း : ဟဒီးစ်အမှတ် (၁၅၆၉) ဂျနာဇဟ်အခန်း၊ မွတ်စ်နဒ်အဟ်မဒ် ကျမ်း (၂ / ၄၄၁)
သေသူ၏ အိမ်သူ အိမ်သားများက ၎င်းတို့အား လာရောက်လက်ဆောင်ပေးထားသည့် အစားအ သောက်များကို မိမိ၏ အိမ်နီးချင်းများနှင့် အခြားသူများကို စားသောက်ရန် ဖိတ်ခေါ်ခြင်းမှာ ကိစ္စမရှိပေ။ ကျွန်ုပ် သိရှိသ လောက် တရားတော်၌ ထိုကိစ္စနှင့်ပတ်သက်၍ အချိန်ကန့်သတ်ထားခြင်း မရှိပါ။
(၁၁) အမျိုးသမီးတစ်ဦးသည် ကွယ် လွန်သူနှင့်ပတ် သက်၍ သုံးရက်ထက် ပို၍ ပူဆွေးမှုကို ထုတ်ဖော်ခြင်းမပိုင်ပါ။ သို့သော် ကွယ်လွန်သူသည် မိမိ၏ခင်ပွန်းဖြစ်လျှင်
သူမအပေါ်တွင် လေးလနှင့်ဆယ်ရက် (အိဒ်ဒသ် စောင့်ထိန်းသည့်ကာလအတိုင်း ) ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ရန်တာ ဝန်ရှိသည်။ အကယ်၍ ကိုယ်ဝန်သည်ဖြစ်လျှင် ကလေးမီးဖွားသည့်အထိ ဝမ်းနည်းပူဆွေးမှုကို ထုတ် ဖော်ရန်တာဝန် ရှိသည်။ ထို အ ကြောင်းအရာနှင့်စပ်လျဉ်း၍ တမန်တော်မြတ် (صلى الله عليه وسلم) ထံမှ မှန်ကန်သည့် စွန္နသ်တော်လာရှိထားသည့်အတွက်ဖြစ် သည်။
အမျိုးသားအတွက်မူ မိမိ၏ ဆွေမျိုးသားခြင်းဖြစ်စေ၊ အခြားတစ်ဦးဦးအတွက်ဖြစ်စေ ဝမ်းနည်းပူဆွေးမှုကို ထုတ် ဖော် ပြုလုပ်ခွင့်မရှိပေ။
(၁၃) တရားတော်၌ အမျိုးသားများအား ကွယ်လွန်သူများအတွက် ဒုအာလုပ်ပေးရန်၊ ၎င်းတို့အား အလ္လာဟ်အရှင်မြတ် သနားတော်မူရန် ဆုတောင်းပေးရန်၊ သေခြင်းတရားနှင့် သေဆုံးပြီးနောက် ရင်ဆိုင်ကြုံတွေ့ရမည့်အရာများကို သံဝေဂယူရန်အတွက် အခါအားလျော်စွာ ကဗရ်သင်္ချိုင်းသို့ သွားရောက် ဇိယာရသ်ပြုရန် တိုက် တွန်းထားသည်။
တမန်တော်မြတ် -صلى الله عليه وسلم- မိန့်ကြားတော်မူသည်။ “ အသင်တို့ ကဗရ်သင်္ချိုင်းများအား သွားရောက်ဇေယာရသ်ပြုကြလေကုန်။ အဘယ် ကြောင့်ဆိုသော် ၎င်းသည် အသင်တို့အား အာခိရသ်ကိုသတိရစေသောကြောင့်ဖြစ်သည်” (၁၁) မွတ်စ်လင်မ်ကျမ်း (၁၁) အိဗ်နုမာဂျဟ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၅၆၉) ရှိုက်ခ်အလ်ဗာနီက ထိုဤ ဟဒီးစ်အား စွဟီဟ်ဟု မှတ် ချက်ပြုထား သည်။
ထို့ပြင် တမန်တော်မြတ် - صلى الله عليه وسلم - သည် မိမိ၏ သာဝကများအား ကဗရ်သင်္ချိုင်းသို့ သွားရောက်ဇေယာရသ်လုပ်သည့်အခါ အောက်ပါ အတိုင်းဖတ်ရန် သင်ပေးတော်မူခဲ့သည်။ {السلام عليكم أهل الديار من المؤمنين والمسلمين ، وإنا إن شاء الله بكم لاحقون ، نسأل الله لنا ولكم العافية ، يرحم الله المتقدمين منا والمستأخرين } အို ကဗရ်အတွင်းရှိကြသူ မုအ်မင်န် မွတ်စ်လင်မ်အ ပေါင်းတို့ အလ္လာဟ်အရှင်မြတ်ထံတော်မှငြိမ်းချမ်းသာ ယာမှုအပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိသည့်အခါ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်လာရောက်ပေါင်းစည်းရမည့်သူများပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့နှင့် အသင်တို့အတွက် အာဖိယသ် အေး ချမ်းသာယာမှုရရန် အလ္လာဟ်အရှင်မြတ်ထံ တောင်းခံပါ၏။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အနက်မှ ကြိုတင်သွားနှင့်ကြသူများနှင့် နောက်မှလိုက်လာမည့် သူများအာလုံးကို သနားကြင်နာတော်မူပါစေ။ (၁၂) (၁၂) မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၉၇၅)
အမျိုးသမီးများ သည် ကဗရ်သင်္ချိုင်းသို့ သွားရောက်ဇေယာရသ်မပြုရပါ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ် -صلى الله عليه وسلم- သည် ကဗရ်သင်းချိုင်းသို့ သွားရောက်ဇိယာရသ်ပြုသည့် အမျိုးသမီးများကို လအ်နသ် (အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးစေရန် )ကျိန်ဆဲမှု ပြုထားသည်။ ထို့ပြင် အမျိုး သမီးများ ဇိယာရသ်ပြုရာတွင် ဖိသ်နဟ်ပြသနာများကြုံတွေ့နိုင်ပြီး၊ သည်းခံမြိုသိပ်နိုင်စွမ်းနည်းပါးမည်ကို စိုးရိမ်ရသော ကြောင့်ဖြစ်သည်။ ထိုအတူ အ မျိုးသမီးများသည် ကဗရ်သင်္ချိုင်းအထိ ဂျနာဇဟ်အားလိုက် ပါ ပို့ဆောင်ခွင့်မရှိပါ။ အဘယ် ကြောင့်ဆိုသော်တမန်တော်မြတ် -صلى الله عليه وسلم- သည် အမျိုးသမီးများအား ထိုသို့ပြုလုပ်ခြင်းမှ တားမြစ်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ဗလီ၌ဖြစ်စေ၊ အခြား ဆွလားသ်ဝတ်ပြုသည့်နေရာ၌ဖြစ်စေ ဂျနာဇဟ်ဆွလာသ်ဝတ်ပြုရာတွင် အမျိုးသားများနည်းတူ အမျိုး သမီးများပါဝင် ဝတ်ပြုခွင့်ရှိသည်။
ကျွန်ုပ်၏ စု ဆောင်းတင်ပြမှုသည် ဤနေရာတွင်ပြီးဆုံးပါပြီ။ ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
Related books
All books
نبذة في العقيدة الإسلامية (شرح أصول الإيمان)75 languagesالإسلاميةالإيماننبذة في العقيدة الإسلامية (شرح أصول الإيمان)
رسالة لطيفة تتناول أصول العقيدة الإسلامية بأسلوب مبسط وميسر. تبدأ بمقدمة حول أهمية علم التوحيد، كونه أشرف العلوم وأجلّها، ثم تتناول مفهوم الدين الإسلامي وأركانه الخمسة: الشهادتان، والصلاة، والزكاة، والصوم، والحج. كما يشرح الإيمان بالله، وملائكته، وكتبه، ورسله، واليوم الآخر، ويؤكد على أهمية التوحيد في بناء دين المسلم بشكل سليم. الكتاب يهدف إلى تعزيز الفهم الصحيح للعقيدة الإسلامية وتطبيقها في حياة المسلم اليومية.
အစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏သြဝါဒတော်၌ လာရှိသည့်အတိုင်းအကျဥ်းချုပ်ဖော်ပြခြင်း။71 languagesအစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏သြဝါဒတော်၌ လာရှိသည့်အတိုင်းအကျဥ်းချုပ်ဖော်ပြခြင်း။
အစ္စလာမ်သာသနာတော် စာအုပ်တစ်အုပ်ဖြစ်သည်။ အစ္စလာမ်သာသနာတော်၏ မူလအရင်းမြစ်များဖြစ်သည့် ကျမ်းမြတ် ကုရ်အာန်နှင့် တမန်တော်မြတ်(ﷺ)၏စွန္နဟ်လမ်းစဉ်တို့မှ အစ္စလာမ်၏အခြေအမြစ်များ၊ သင်ကြား ပို့ချမှုများနှင့် အလှတရားများကို ရှင်းလင်းစွာတင်ပြထားပေသည်။ ထို့ပြင်ဤစာအုပ်သည် အချိန် တိုင်း နေရာတိုင်းနှင့် မတူညီသောအခြေအနေအရပ်ရပ်တွင်ရှိနေသည့် အမိန့်နာခံရန်တာဝန်ရှိသော မွတ်စ်လင်မ်များနှင့် မွတ်စ်လင်မ်မဟုတ်သူများအတွက် ၎င်းတို့၏ဘာသာစကားအသီးသီးဖြင့် လမ်းညွှန်ထားသောစာအုပ်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်၏စွန္နဟ်အထောက်အထားများပါဝင်သည့်စာအုပ် အစ္စလာမ်သာသနာတော်သည် လူသားအားလုံးထံပို့ဆောင်သည့် အလ္လာဟ်အရှင်မြတ်၏…
အစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့် စွန္နသ်တော်တွင် လာရှိသည့်အတိုင်း အကျဥ်းချုပ်ဖော်ပြထားသော စာအုပ်61 languagesအစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့် စွန္နသ်တော်တွင် လာရှိသည့်အတိုင်း အကျဥ်းချုပ်ဖော်ပြထားသော စာအုပ်
အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။) အစ္စလာမ်သာသနာတော် (အထောက်အထားများမပါဝင်သည့်စာအုပ်) [၁] (၁) ဤစာစောင်တွင် ပါဝင်သော ကိစ္စရပ်တိုင်းအတွက် ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်၏စွန္နဟ်အထောက်အထားများပါဝင်သည့် အခြားစာမူတစ်ခုရှိရာ၊ ၎င်းကို https://islamhouse.com/ar/books/2830071 လင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။ အစ္စလာမ်သာသနာတော်၏ မူလအရင်းမြစ်များဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်(ﷺ)၏စွန္နဟ်လမ်းစဉ်တို့မှ မှီငြမ်း၍ အစ္စလာမ်၏အခြေအမြစ်များ၊ သင် ကြား ပို့ချမှုများနှင့် အလှတရားများကို ရှင်းလင်းစွာတင်ပြထားသည့်…
ثلاثة الأصول وأدلتها73 languagesثلاثة الأصول وأدلتها
هذا الكتاب هو متن صغير أساسي يبين فيه التوحيد والدين والنبوة، يبين هذه المعاني الثلاثة الأساسية المهمة في فهم العقيدة، وفي دراستها دراسة سليمة وصحيحة. وهو كتاب مختصر، لكنه كتاب مبارك؛ لأنه سهل العبارة ومركز وموجه، وليس فيه أي تعقيد أو إشكالات. فالإنسان بمجرد أن يقرأ الكتاب يستطيع أن يفهمه، ويستطيع أن يعرف المعاني المتضمنة فيه. هذا الكتاب قبل أن يبدأ الشيخ في الأصول الثلاثة قدم لذلك بأربعة مسائل، ثم بعد ذلك بثلاثة مسائل أخرى، ثم شرع في الأصول الثلاثة، وهي التي يجب على كل مسلم أن يتعلمها، وهي التي يسأل عنها العبد في قبره: من ربك؟ وما دينك؟ ومن نبيك؟ ألفها رحمه الله للمبتدئين واجتهد في تسهيلها واختصارها حتى خرجت بأحسن حلة وأعظم فائدة؛ يفهم بها الصغير، ولا يستغني عنها الكبير فعم نفعها، وكثر خيرها؛ لعظم قدر موضوعاتها وشرف محتواها.