မတ်စ်ဂျိဒ် နဗဝီအား ဇေယာရသ်ပြုလုပ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များ၊ ရိုသေသမှုများနှင့်ပတ်သက်၍
မတ်စ်ဂျိဒ် နဗဝီအား ဇေယာရသ်ပြုလုပ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များ၊ ရိုသေသမှုများနှင့်ပတ်သက်၍
These files are generated automatically from the book's text; their layout may differ from the printed edition.
မတ်စ်ဂျိဒ် နဗဝီအား ဇေယာရသ်ပြုလုပ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များ၊ ရိုသေသမှုများနှင့်ပတ်သက်၍
ဗုခါရီကျမ်း၊ ဟဒီးစ်အမှတ် ( ၁၁၈၉ ) /မွစ်လင်မ်ကျမ်း၊ ဟဒီးစ်အမှတ် (၈၂၇) ဤတွင်ဖော်ပြထားသော ဟဒီးစ်စာသားမှာ မွစ်လင်မ်ကျမ်း၏ ဟဒီးစ်စာသားဖြစ်သည်။
ဗုခါရီကျမ်း၊ ဟဒီးစ်အမှတ် (၁၁၉၀)/ မွစ်လင်မ်ကျမ်း၊ ဟဒီးစ်အမှတ် ( ၁၃၉၄ )
ဗုခါရီကျမ်း၊ ဟဒီးစ်အမှတ် (၁၁၉၅) / မွစ်လင်မ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၃၉၀)
ချီးမွမ်းထောမနာပြုချင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ တမန်တော်မုမ္မဒ်နှင့်အိမ်တော်သူအိမ်တော်သားများ၊ အဆွေတော်သာဝကကြီးများအားလုံးအပေါ်သို့ ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပါစေသား။
ချီးမွမ်းထောမနာ မေတ္တာပို့သပြီးနောက် -
ဤသည် တမန်တော်မြတ် ( صلى الله عليه وسلم ) ၏ဗလီဝတ်ကျောင်းတော်အား ဇေယာရသ်ပြုလုပ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များ၊ ရိုသေသမှုများနှင့် ပတ်သက်၍ အကျဉ်းချုံးတင်ပြထားသော စာအုပ်လေးတစ်အုပ်ဖြစ်ပါသည်။ ကျွန်ုပ် အနေဖြင့် ဤစာအုပ်လေးတွင် မတ်စ်ဂျိဒ်နဗဝီကို ဇေယာရသ်ပြုလုပ်သူတစ်ဦး လိုအပ်သော အကြောင်းအရာအများစုကို ရှင်းလင်းတင်ပြရန် ဆန္ဒပြုခဲ့ပါသည်။
ကျွန်ုပ်၏ ဤရေးသားတင်ပြမှုကို အရှင်မြတ်သည် မိမိ၏ နှစ်မြို့မှုအတွက်သာပြုလုပ် တော်မူပါရန်နှင့် ဤကျမ်းငယ်လေးကို အကြောင်းခံပြီး မွစ်လင်ထုအား အကျိုးဖြစ်ထွန်းစေတော်မူရန် ကျွန်ုပ် အလ္လာဟ်အရှင်မြတ်ထံ ဆု တောင်းပတ္တနာပြုအပ်ပါသည်။
ဘာသာစကားအမျိုးမျိုးဖြင့် အစ္စလာမ့်အကြောင်း အရာများကို ဝန်ဆောင်မှုပေးသော အသင်း၏ ပညာရေးကော်မတီ
အကျဉ်းချုပ်တင်ပြချက်
တမန်တော်မြတ် صلى الله عليه وسلم ၏ ဗလီအား ဇေယာရသ်လုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ သို့သော် ဘယ်အချိန်ဇေယာရသ်လုပ်ရမည်ဟုဆို၍ အချိန်ကန့်သတ်ချက်မရှိသလို၊ ၎င်းသည် ဟဂ်ျ၏ ကျင့်စဥ်များအနက်မှလည်းမဟုတ်ပေ။ ထို့ပြင် တမန်တော်မြတ် صلى الله عليه وسلم ၏ ကဗရ်နှင့် ဗကီအ်သင်္ချိုင်းအား ဇေယာရသ်လုပ်ရန်လည်း ဟာဂျီများအပေါ်၌ (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) တာဝန်မရှိပေ။
တမန်တော်မြတ် ( صلى الله عليه وسلم ) ၏ကဗရ်အား ဇေယာရသ်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခြင်းမပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အိဗာဒသ်၏ ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခြင်းမှာ ကဗရ်များအား ဇေယာရသ်ပြု လုပ်ရန်မဟုတ်ဘဲ ဗလီဝတ်ကျောင်းတော်သုံးခုကိုသာ ဇေယာရသ်ပြုလုပ်ရန်အတွက်ဖြစ်သည်။ တမန်တော်မြတ် ( صلى الله عليه وسلم ) မိန့်ကြားတော်မူခဲ့သည်။ “ ဗလီဝတ်ကျောင်းတော်သုံးခုမှအပ ကျန်နေရာများအား အိဗာဒသ်၏ ရည်ရွယ်ချက်ဖြင့် ခရီးမထွက်ရ။ (၎င်း ဗလီဝတ်ကျောင်းတော်သုံးခုမှာ ) ငါတမန်တော်မြတ်၏ ဗလီ၊ မတ်စ်ဂျိဒွလ်ဟရာမ်နှင့် မတ်စ်ဂျိဒွလ် အက်စွာ တို့ဖြစ်သည်”။
မဒီနဟ်နှင့်ဝေးသောနေရာတွင်နေထိုင်သူသည် ကဗရ်အားဇေယာရသ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခွင့်မရှိပေ။ သို့သော် ၎င်းအဖို့ မတ်စ်ဂျိဒ်နဗဝီအား ဇေယာရသ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခွင့်ရှိသည်။ မဒီနဟ်သို့ရောက်သည့်အခါ တမန်တော်မြတ် ( صلى الله عليه وسلم )၏ ကဗရ်နှင့် စွဟာဗဟ်တို့၏ကဗရ်များအား ဇေယာရသ်ပြုလုပ်ရမည်။ ထိုနည်းအားဖြင့် ကိုယ်တော်မြတ်၏ ဗလီကို ဇေယာရသ်လုပ်ခြင်းသည် တမန်တော်မြတ် (صلى الله عليه وسلم)၏ ကဗရ်ကို ဇေယာရသ်ပြုလုပ်ခြင်း၌ အကျုံးဝင်ဝင်သွားသည်။
အမျိုးသမီးများအဖို့ တမန်တော်မြတ် (صلى الله عليه وسلم) ကဗရ်နှင့် အခြားကဗရ်များအား ဇေယာရသ်ပြုလုပ်ခွင့်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ် -صلى الله عليه وسلم- သည် ကဗရ်သင်းချိုင်းသို့ သွားရောက်ဇိယာရသ်ပြုသည့်အမျိုးသမီးများကို လအ်နသ် (အလ္လာဟ်အရှင်မြတ် ၏ ကရုဏာတော်မှ ကင်းဝေးစေရန် )ကျိန်ဆဲထားတော်မူသည်။အကြောင်းမှာ ထိုသို့ သွားရောက်ဇေယာရသ်ပြုလုပ်ရာတွင် အမျိုးသမီးများသည် အော်ဟစ်ငိုကြွေးခြင်း၊ အလှအပကို ထုတ်ဖော်ပြသ၍ (သွားရောက်)ခြင်းစသည့် တရားတော်နှင့်ဆန့်ကျင့်သည့် လုပ်ရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည်။ သို့သော် အမျိုးသမီးများအဖို့ ဗလီ၌ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ တမန်တော်မြတ် (صلى الله عليه وسلم) ပေါ်သို့ စွလာသ်၊ စလာမ်မေတ္တာများစွာ ပို့သခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။ သူမတို့ ပို့သသော စွလာသ်၊ စလာမ်မေတ္တာသည် သူမတို့မည်သည့်နေရာ၌ပင်ရှိသည်ဖြစ်စေ တမန်တော်မြတ် (صلى الله عليه وسلم) ပေါ်သို့ ရောက်ရှိပေသည်။ တမန်တော်မြတ် (صلى الله عليه وسلم ) မိန့်ကြားတော်မူသည်။ အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။ တမန်တော်မြတ် (صلى الله عليه وسلم) မိန့်ကြားတော်မူခဲ့သည်။ “ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌မြေပထဝီတွင် လည့်ပတ်သွားလာနေသော ကောင်းကင်တမန်များရှိပြီး ၎င်းတို့သည် ငါတမန်တော်မြတ်၏ အွမ္မသ်သားများပို့သခဲ့သော စလာမ်မေတ္တာများကို ငါတမန်တော်မြတ်ထံသို့ ပို့ဆောင်ကြလေသည်”။
တမန်တော်မြတ်၏ ဗလီသို့ ဝင်သောအခါ ညာခြေဖြင့်ဝင်ပြီး ဗလီဝင်သောအခါ ဖတ်ရသည့်ဒုအာ ( اللَّهم افتح لي أبواب رحمتك ) -အလ္လာဟွမ္မဖ်သဟ်လီ အဗ်ဝါးဗ ရဟ်မသိက် - ကိုဖတ်ရမည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအဖို့ အရှင်မြတ်၏ ကရုဏာတော်တခါးများကို ဖွင့်ပေးသနားတော်မူပါ။
တမန်တော်မြတ် ( صلى الله عليه وسلم ) ၏ဗလီသို့ ဝင်သောအခါ ဖတ်ရမည့် သီးသန့် ဒုအာဟူ၍မရှိပေ။
ထို့နောက် သဟိယသွလ် မတ်စ်ဂျိဒ် ဆွလာသ် နှစ်ရကအသ် ဝတ်ပြုရမည်။
အကယ်၍ အချိန်သည် (ဆွလာသ်မဝတ်ပြုရန်) တားမြစ်ထားသော အချိန်မဟုတ်ပါက နဖိလ် ဆွလာသ်များကို နှစ်ရကအသ်စီ အလိုရှိသည့်အတိုင်း ရကအသ်များစွာ ဝတ်ပြုခွင့်ရှိသည်။ တမန်တော်မြတ် (صلى الله عليه وسلم) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက် တည်ခြင်းသည် မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ်ကျောင်းတော်၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင် ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။
အကယ်၍ လွယ်ကူမှုရှိပါက တမန်တော်မြတ် ( صلى الله عليه وسلم )၏ မင်န်ဗရ်နှင့် အခန်းဆောင်ကြားတွင် ရှိသော ရောင်ဿွာတော်၌ ဆွလာသ်ဝတ်ပြုနိုင်ရန် ကြိုးစားရမည်။ တမန်တော်မြတ် (صلى الله عليه وسلم) မိန့်ကြားတော်မူခဲ့သည်။ “ ငါကိုယ်တော်မြတ်၏ အိမ်နှင့် မင်န်ဗရ် ကြားတွင် ဂျန္နသ်၏ ဥယာဉ်များအနက်မှ ဥယာဉ်တစ်ခုရှိလေသည် ”။
အကယ်၍ ထိုနေရာ၌ ဝတ်ပြုရန်မလွယ်ကူလျှင် ဗလီ၏မည်သည့်နေရာတွင်မဆို ဝတ်ပြုနိုင်သည်။ ဤသည် ဂျမာအသ်ဖြင့် ဝတ်မပြုရသော ဆွလာသ်တွင်ဖြစ်ပြီး၊ ဂျမာအသ်ဖြင့် ဝတ်ပြုရသော ဆွလာသ်တွင်မူ အိမာမ်နှင့်အနီးဆုံးဖြစ်သည့် ပထမဆုံး စွဖ်လိုင်းတွင် ဝတ်ပြုနိုင်ရန်ကြိုးစားရမည်။ အဘယ် ကြောင့်ဆိုသော် ၎င်းနှင့်ပတ်သက်၍အထောက် အထားများလာရှိထားပေသည်။
တမန်တော်မြတ် (صلى الله عليه وسلم) နှင့် ၎င်း၏ မိတ်ဆွေအဖော်မွန်ဖြစ်သည့်စွဟာဗဟ်နှစ်ပါး၏ ကဗရ်ကို ဇေယာရသ်ပြုလိုသောအခါ
ဦးစွာ တမန်တော်မြတ်၏ ကဗရ် ရှေ့တွင် ရိုရိုသေသေ၊ တည်ငြိမ်အေးဆေးစွာ၊ အသံကိုနှိမ့်ချလျှက် ရပ်ရမည်။ ထို့နောက် တမန်တော်မြတ် (صلى الله عليه وسلم) အပေါ်သို့ ဤသို့ စလာမ်မေတ္တာပို့သရမည်။ (السلام عليك يا رسول اللَّه ورحمة اللَّه وبركاته) - အတ်စ်လာမုအလိုင်က ယာရစူလ္လာဟိ ဝရဟ်မသွလ္လာဟိ ဝဗရကာသုဟူ - (အို အလ္လာဟ်ရဲ့ရစူလ် ကိုယ်တော့်ပေါ်သို့ အလ္လာဟ်အရှင်မြတ် ဘက်တော်မှ ငြိမ်းချမ်းသာယာမှု၊ ကရုဏာနှင့် ကောင်းချီးမင်္ဂလာများကြရောက်ပါစေ) အကယ်၍ အောက်ပါ အတိုင်းပြောဆိုလျှင်လည်း ပြသနာမရှိပေ။
ထို့နောက် ညာဘက်သို့ အနည်းငယ်တိုးရွှေ့၍ အဗူဘကရ် (رضي الله عنه)အား စလာမ်မေတ္တာ ပို့သရမည်။
ထို့နောက် တဖန် ညာဘက်သို့ အနည်းငယ်ထပ်တိုးကာ အုမရ် (رضي الله عنه) စလာမ်မေတ္တာ ပို့သရမည်။ အိဗ်နု အုမရ် (رضي الله عنه) သည် တမန်တော်မြတ် ( صلى الله عليه وسلم )နှင့် ၎င်း၏ မိတ်ဆွေအဖော်မွန်နှစ်ဦးကို စလာမ်မေတ္တာပို့သသည့်အခါတွင် (السلام عليك يا رسول اللَّه، السلام عليك يا أبا بكر، السلام عليك يا أبتاه ) အတ်စ်စလာမုအလိုင်က ယာရစူလ္လာဟ်၊ အတ်စ်စလာမုအလိုင်က ယာ အဗာဘကရ်၊ အတ်စ်စလာမုအလိုင်က ယာအဗသာဟု ) ဟုပြော၍လှည့်ပြန် သွားလေ့ရှိသည်။ ထိုထက်ပို၍ ဘာမှမပြောခဲ့ပေ။
တမန်တော်မြတ် (صلى الله عليه وسلم)နှင့် ၎င်း၏ မိတ်ဆွေအဖော်မွန်နှစ်ဦး၏ ကဗရ်တွင် အချိန်ကြာမြင့်စွာရပ်ခြင်း၊ ဒုအာတောင်းခြင်း မပြုသင့်ပေ။ အိမာမ်မာလိက် ထိုလုပ်ရပ်အား မနှစ်မြို့ခဲ့ပေ။ ၎င်းကအမိန့်ရှိသည်မှာ - ထိုလုပ် ရပ်သည် ဗိဒ်အသ်ဖြစ်ပြီး၊ စလဖ်ပညာရှင်တို့မပြုလုပ်ခဲ့ပါ။ ဤ အွမ္မသ်၏ ရှေးသူမွန်သူမြတ်များ ပြုပြင်ပြောင်းလွဲမှုရခဲ့သည့်အရာဖြင့်သာ ဤအွမ္မသ်၏ နောက်ဆုံးသူတို့သည်လည်း ပြုပြင်ပြောင်းလွဲမှု ရနိုင်မည်ဖြစ်သည်။
အချို့ဇေယာရသ်ပြုလုပ်သူများ လုပ်သလို တမန်တော်မြတ်၏ ကဗရ်နားတွင် အသံကျယ်ကျယ်လောင်လောင်ပြုခြင်း၊ အချိန်ကြာမြင့်စွာရပ်ခြင်းတို့သည် တရားတော်နှင့်ဆန့်ကျင်ပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်။ (အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ အသံများကို တမန်တော်၏ အသံထက် မြှင့်မပြောကြနှင့်။ ထို့ပြင် အသင်တို့သည် အသင်တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး ကျယ်လောင်စွာ ဟစ်အော်ခေါ်ပြော သကဲ့သို့ တမန်တော်နှင့် ပြောဆိုရာတွင် ဟစ်အော် မပြောကြနှင့်။ ထိုသို့ ပြောခဲ့လျှင် အသင်တို့ပင် မသိလိုက်ကြရဘဲလျက် အသင်တို့၏ လုပ်ရပ်များသည် အလဟဿ အကျိုးမဲ့ ဖြစ်သွားမည် )။ (အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်၏ တမန်တော်ရှေ့တွင်သူတို့၏အသံများကို နှိမ့်ချကြသည့် သူများသည် အကြင်သူများပင် ဖြစ်ကြသည်။ အလ္လာဟ် အရှင်မြတ်သည် ထိုသူများ၏ စိတ်နှလုံးများကို ပြစ်မှုများမှ ရှောင်ကြဉ်ရန် အတွက်ရွေးချယ်တော်မူခဲ့သည်။ သူတို့အတွက်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့် အကျိုးရှိသည်)။ (စူရဟ် အလ်ဟုဂျုရာသ် : အာယသ် ၂ - ၃) အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (صلى الله عليه وسلم) ၏ကဗရ်တွင် အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း၊ ထပ်ခါတလဲလဲ စလာမ်မေတ္တာပို့သခြင်းကြောင့် တမန်တော်မြတ် (صلى الله عليه وسلم) ၏ ကဗရ်နားတွင် လူစုလူဝေးဖြစ်ခြင်း၊ ဆူညံသံများနှင့် အသံကျယ်လောင်မှုများကို ဖြစ်စေသည်။ ထိုအချင်းအရာသည် ဤ ထင်ရှားပြတ်သားစွာ အဓိပ္ပာယ်ထွက်သောအာယသ်တော်များတွင် အလ္လာဟ်အရှင်မြတ်က မွတ်စ်လင်မ်တို့အတွက် ချမှတ်ပြဌာန်းထားသော လမ်းစဉ်နှင့် ဆန့်ကျင်လျှက်ရှိပေသည်။ ၎င်းမှာ တမန်တော်မြတ် (صلى الله عليه وسلم) သည် ရှင်လျှက်ရှိနေစဉ်မှာကော ကွယ်လွန်ပြီးနောက်တွင်ပါ ဂုဏ်ပေးလေးစားခံထိုက်သူ ဖြစ်သည်။ သို့ဖြစ်ရာ မုအ်မင်န်တစ်ဦးအဖို့ တမန်တော်မြတ် (صلى الله عليه وسلم) ၏ ကဗရ်နားတွင် အဒဗ်ရှရ်အီ (တရားတော်လာ ရိုသေသမှု)နှင့် ဆန့်ကျင့်သည့်လုပ်ရပ်ကို မပြုလုပ်သင့်ပေ။
ထိုနည်းတူ ဇေယာရသ်ပြုလုပ်သူအချို့နှင့် အခြားသူများ လုပ်လေ့ရှိသည့် တမန်တော်မြတ်၏ ကဗရ်နားတွင် ကဗရ်ရှိရာဘက်သို့ မျက်နှာမူကာ လက် မြှောက်၍ ဒုအာတောင်းရန်ကြိုးစားကြခြင်းဖြစ်သည်။ ဤသည် စွဟာဗဟ်သာဝကများနှင့် ၎င်းတို့၏ နောက်သို့ ကောင်းမှု နှင့်တကွ လိုက်ခဲ့ကြသူများဖြစ်သည့် စလဖ်ပညာရှင်များ ရှိခဲ့သည့်လမ်းစဉ်နှင့်ဆန့်ကျင်လျှက်ရှိသည်။ သို့သာမက ထိုလုပ်ရပ်သည် ဗိဒ်အသ် တရားသစ်တီထွင်မှုများအနက်မှလည်း ဖြစ်ပေသည်။
ထိုအတိုင်းပင် ဇေယာရသ်ပြုလုပ်သူအချို့ လုပ်လေ့ရှိသည့် တမန်တော်မြတ်( صلى الله عليه وسلم) အပေါ်စလာမ်မေတ္တာပို့သသည့်အခါတွင် ဆွလာသ်ဝတ်ပြုသူကဲ့သို့ ညာဘက်လက်ကို ဘယ်ဘက်လက်ပေါ်သို့တင်၍ ရင်ဘတ်ပေါ်သို့မ ဟုတ် ရင်ဘတ်အောက်တွင် ထားခြင်းဖြစ်သည်။ တမန်တော်မြတ် ( صلى الله عليه وسلم) ကိုစလာမ်မေတ္တာပို့သသည့်အခါတွင် ဤပုံစံအတိုင်းပြုလုပ်ခြင်းမှာ မပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာ သင့်လျော်သော နှိမ့်ချမှု၊ ရို့ကျိုးမှုနှင့် ခဝပ်ကိုးကွယ်မှုပုံစံတစ်ခုဖြစ်သော ကြောင့် ဖြစ်သည်။ ဟာဖိဇ် အိဗ်နေဟဂျရ် (رحمه الله) က ဖသ်ဟွလ်ဗာရီကျမ်း၌ ပညာရှင်များထံမှ ထိုအတိုင်းပင် ဆင့်ပြန်တင်ပြခဲ့သည်။
ထို့ပြင် ကျောက်တုံး (တမန်တော်မြတ်၏ကဗရ်) အားပွတ်သပ်ခြင်း၊ ၎င်းအား သွဝါးဖ်လုပ်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရအောင်ပြုလုပ်ခြင်းမှာ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မပိုင်ပေ။ ၎င်းပြင် တမန်တော်မြတ် (صلى الله عليه وسلم) ထံမှ မိမိရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သို့မဟုတ် မကျန်းမာသူအား ရောဂါသက်သာပျောက်ကင်း မှုပေးရန် တောင်းခံခြင်းမပြုရပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာအားလုံးသည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းမှအပ အခြားမည်သူတစ်ဦးတစ်ယောက်ထံ ကမှတောင်းခံခွင့်မရှိသောကြောင့်ဖြစ်သည်။
မဒီနဟ်အား ဇေယာရသ်ပြုလုပ်သူသည် မဒီနဟ်၌ ရှိနေစဉ်အတော အတွင်း မတ်စ်ဂျိဒ် ကုဗာအား ဇေယာရသ်ပြုလုပ်ခြင်းနှင့် ထိုဗလီ၌ ဆွလာဝတ်ပြုခြင်းမှာ ၎င်းအဖို့ မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (صلى الله عليه وسلم) သည် ထိုကုဗာဗလီဝတ်ကျောင်းတော်သို့ အစီးအနင်းစီးလျှက်ဖြစ်စေ၊ ခြေလျှင်ဖြစ်စေ လာရောက်ကာ ၎င်းဗလီဝတ်ကျောင်းတော်၌ ဆွလာသ် နှစ်ရကအသ် ဝတ်ပြုလေ့ရှိခဲ့သည်။ စဟ်လ် ဗင်န် ဟုနိုင်ဖ်က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (صلى الله عليه وسلم )မိန့်ကြားတော်မူခဲ့သည်။ “မည်သူမဆို မိမိအိမ်၌ ဝူဇူပြုလုပ်ခဲ့မည်။ ထို့နောက် ကုဗာဗလီဝတ် ကျောင်းတော်သို့လာရောက်ကာ ဆွလာသ်ဝတ်ပြုမည်ဆိုလျှင် ၎င်းအဖို့ အွမ်ရာတစ်ကြိမ်ပြုလုပ်သကဲ့သို့ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည် ”။
အမျိုးသားများအဖို့ ဗကီအ်သင်္ချိုင်း (မဒီနဟ်တွင် ရှိသည့် ဂျန္နသွလ်ဗကီအ် သင်္ချိုင်း)၊ ရှဟီဒီများ၏ ကဗရ်များနှင့် ဟမ်ဇဟ် (رضي الله عنه)၏ ကဗရ်အား ဇေယာရသ်ပြုလုပ်ခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (صلى الله عليه وسلم) သည် ၎င်းတို့၏ ကဗရ်များသို့ သွားရောက်ဇေယာရသ်ပြုလုပ်ကာ၊ ၎င်းတို့အဖို့ ဒုအာတောင်းပေးတော်မူလေ့ရှိခဲ့သည်။ တမန်တော်မြတ် (صلى الله عليه وسلم) မိန့်ကြားတော်မူခဲ့သည်။ “ယခင်က ငါတမန်တော် အသင်တို့အား ကဗရ်များကို ဇေယာရသ်ပြုလုပ်ခြင်းမှ တားမြစ်ခဲ့၏။ ယခုမူ အသင်တို့ ကဗရ်များအား သွားရောက်ဇေယာရသ်ပြုလုပ်ကြပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသင်တို့အား အာခိရသ် နောင်တမလွန်ဘဝကို သတိရစေသည်”။
၎င်းတို့အား ဇေယာရသ်သွားရောက်ပြုလုပ်သည့်အခါတွင် ကဗရ်သင်္ချိုင်းများကို ဇေယာရသ်ပြုလုပ်သည့်အခါ ဖတ်သည့်အတိုင်း ရွတ်ဖတ်ရမည်။ ယင်းဒုအာမှာ - (السَّلَامُ عَلَيْكُمْ أَهْلَ الدِّيَارِ مِنَ المُؤْمِنِينَ وَالمُسْلِمِينَ، وَإِنَّا إِنْ شَاءَ اللهُ بِكُمْ لَلَاحِقُونَ، يَرْحَمُ اللهُ المُسْتَقْدِمِينَ مِنَّا وَالمُسْتَأْخِرِينَ، أَسْأَلُ اللّٰهَ لَنَا وَلَكُمُ العَافِيَةَ.) ( အို ကဗရ်အတွင်းရှိကြသူ မုအ်မင်န် မွတ်စ်လင်မ်အပေါင်းတို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း အသင်တို့အပေါ် ကျရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိသည့်အခါ ကျွန်ုပ်တို့သည်လည်း အသင်တို့နှင့်လာရောက်ပေါင်းစည်းရမည့်သူများပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အနက်မှ ကြိုတင်သွားနှင့်ကြသူများနှင့် နောက်မှလိုက်လာမည့် သူများအာလုံးကို သနားကြင်နာတော်မူပါစေ။ ကျွန်ုပ်တို့သည် မိမိတို့နှင့် အသင်တို့အတွက် အာဖိယသ် အေးချမ်းသာယာမှုရရန် အလ္လာဟ်အရှင်မြတ်ထံ တောင်းခံပါ၏ )။
ကဗရ်သင်္ချိုင်းများသို့ သွားရောက်ဇေယာရသ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာခိရသ်နောင်တမလွန်ကို သတိရစေရန်၊ ကွယ်လွန်သူများအတွက် ဒုအာပြုလုပ်ပေးခြင်းဖြင့် ၎င်းတို့ကို ကောင်းစွာဆက်ဆံရန်နှင့် တမန်တော်မြတ် ( صلى الله عليه وسلم ) ၏ နောက်လိုက်မှုခြင်း စသည့်ပြုရန် အတွက်ဖြစ်သည်။ ဤသည်သာလျှင် တရားတော်နှင့်ကိုက်ညီမှုရှိသည့် ဇေယာရသ်ဖြစ်သည်။
သို့သော် ၎င်းတို့၏ ကဗရ်နားတွင် ဒုအာပြုလုပ်ရန်သော်လည်းကောင်း၊ ၎င်းတို့ကို အကြောင်းခံပြီး သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းကို အကြောင်းခံပြီး အလ္လာဟ်အရှင်မြတ်ထံ တောင်းခံရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ၎င်းတို့၏ ကဗရ်များကို သွားရောက် ဇေယာရသ်ပြုလုပ်ခြင်းသည် အခြေအမြစ်မရှိသော ဗိဒ်အသ်ဖြစ်စေသည့် ဇေယာရသ်ပင်ဖြစ်သည်။ ထိုကဲ့သို့ ဇေယာရသ်ပြုလုပ်ရန် အလ္လာဟ်နှင့် အလ္လာဟ်ရစူလ်က ပြဌာန်းခဲ့ခြင်းမရှိသလို၊ ရှေးသူမွန်သူမြတ်စလဖ်ပညာရှင်တို့ကလည်း မပြုလုပ်ခဲ့ကြချေ။ ၎င်းတို့ထံ မိမိတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ မကျန်းမာသူများကို ရောဂါပျောက်ကင်းမှုပေးရန် စသည့်ကိစ္စရပ်များကို တောင်းခံခြင်းသည် ရှိရ်က်အက်ဗရ် ( အကြီးစား ရှိရ်က် တုဖက်နှိုင်းယှဉ်ကိုးကွယ်မှုပင် ) ဖြစ်သည်။
ဤကဏ္ဍနှင့် ပတ်သတ်၍ လုပ်ကြံထားသော ဟဒီးစ်အချို့ကို တင်ပြပါမည်။ သို့မှသာ စာဖတ်သူအနေဖြင့် ထို လုပ်ကြံထားသော ဟဒီးစ်များကို သိရှိနားလည်ကာ ထိုလုပ်ကြံထားသော ဟဒီးစ်များ၏ လှည့်ဖျားခံရခြင်းမှ သတိထားဆင်ခြင်နိုင်မည်ဖြစ်သည်။
الأول: (من حج ولم يزرني فقد جفاني). ( ၁ ) မည်သူမဆို ဟဂ်ျပြုလုပ်ပြီးနောက် ငါတမန်မြတ်တော်ကို ဇေယာရသ်မလုပ်ခဲ့လျှင် စင်စစ်ထိုသူသည် ငါတမန်တော်မြတ်ကို ဂရုမစိုက် လျစ်လျူရှု (ရင့်သီးစော်ကား ) ခဲ့ခြင်းဖြစ်သည်။
والثاني: (من زارني بعد مماتي فكأنما زارني في حياتي) ( ၂ ) မည်သူမဆို ငါတမန်တော်မြတ် ကွယ်လွန်ပြီးနောက်တွင် ငါတမန်တော်အား ဇေယာရသ်ပြုလုပ်ခဲ့လျှင် ထိုသူသည် ငါတမန်တော်မြတ်အား သက်ရှိထင်ရှားရှိစဉ် ဇေယာရသ်ပြုလုပ်သကဲ့သို့ပင်ဖြစ်သည်။
والثالث: (من زارني وزار أبي إبراهيم في عام واحد ضمنت له على الله الجنة). ( ၃ ) မည်သူမဆို ငါတမန်တော်မြတ်နှင့် ငါ၏ဖခင် အိဗ်ရာဟီမ် ( عليه السلام )ကို တစ်နှစ်ထဲတွင် ဇေယာရသ်ပြုလုပ်ခဲ့လျှင် ၎င်းအား အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်ချီးမြှင့်ဖြစ်ကြောင်း ငါတမန်တော်မြတ် အာမခံပါသည်။
والرابع: (من زار قبري وجبت له شفاعتي). ( ၄ ) မည်သူမဆို ငါတမန်တော်၏ ကဗရ်ကို လာရောက်ဇေယာရသ်ပြုလုပ်ခဲ့လျှင် ငါတမန်တော်သည် ထိုသူ့အား ရှဖာအသ် ( ကြားဝင်အသနားခံပေး )ရန် ဝါဂျိဗ်ဖြစ်သွားသည်။
ဤဟဒီးစ်များနှင့် ဤဟဒီးစ်များနှင့်ဆင်တူသည့် ဟဒီးစ်များသည် တစ်ပုဒ်တလေမျှ တမန်တော်မြတ် ( صلى الله عليه وسلم ) ထံတော်မှ မှန်ကန်ခိုင်လုံသည့် စနဒ်ဖြင့် ဆင့်ပြန်ထားခြင်းမရှိပေ။ ဟာဖိဇ် အုကိုင်လီက အမိန့်ရှိသည် - ဤကဏ္ဍနှင့်ပတ်သတ်၍ ဟဒီးစ်တစ်ပုဒ်မျှ မှန်ကန်ခြင်းမရှိပေ။ ဟာဖိဇ် အိဗ်နေဟဂျရ် က (သလ်ခီးစ်ကျမ်း၌ ဤဆင့်ပြန်ချက်များအနက် အများစုကို ဖော်ပြပြီးနောက်) ဤဟဒီးစ်၏ ဆင့်ပြန်မှု စနဒ်လမ်းကြောင်းအားလုံးသည် ခိုင်မာမှုမရှိဟု မိန့်ဆိုခဲ့သည်။ ဟဂျ် သို့မဟုတ် အွမ်ရာ မပြုလုပ်မှီအရင်ဖြစ်စေ သို့မဟုတ် ပြုလုပ်ပြီးနောက်ဖြစ်စေ မတ်စ်ဂျိဒ်နဗဝီအား ဇေယာရသ်ပြုလုပ်ခြင်းသည် ဟဂျ်နှင့် အွမ်ရာ၏ စွန္နသ်အချက်များအနက်မှ မဟုတ်သလို ဟဂ်ျနှင့်အွမ်ရာအား ပြီးပြည့်စုံစေသည့် အချက်များမှလည်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မတ်စ်ဂျိဒ်နဗဝီအား ဇေယာရသ်ပြုလုပ်ခြင်းသည် (အခြားမည်သည့်ကျင့်စဥ်နှင့်မျှချိတ်ဆက်ထားခြင်းမရှိဘဲ)သီးသန့်မွတ်စ်သဟဗ် ကျင့်စဉ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့်ပင် ဟဂ်ျ သို့မဟုတ် အွမ်ရာပြုလုပ်သူသည် မတ်စ်ဂျိဒ်နဗဝီ အား ဇေယာရသ် မပြုလုပ်လျှင်လည်း ၎င်းပေါ်၌ မည်သည့် အပြစ်တစ်စုံတစ်ရာမျှရှိမည်မဟုတ်ပေ။ ဟဂ်ျ၊ အွမ်ရာနှင့် တမန်တော်မြတ်၏ဗလီဝတ်ကျောင်းတော် မတ်စ်ဂျိဒ်နဗဝီအား ဇေယာရသ်ပြုလုပ်ခြင်း စသည့်အိဗာဒသ်များသည် တစ်ခုနှင့်တစ်ခု စက်ဆပ်မှုမျှမရှိဘဲ ယင်းအိဗာဒသ်အားလုံးသည် သီးခြား အိဗာဒသ်များသာဖြစ်သည်။ ထို့ကြောင့်ပင် မည်သူမဆို ဟဂ်ျ သို့မဟုတ် အွမ်ရာ ပြုလုပ်ပါက ၎င်းအပေါ်၌ တမန်တော်မြတ်၏ ဗလီမတ်စ်ဂျိဒ်နဗဝီအား ဇေယာရသ်ပြုလုပ်ရန် အရေးမကြီးသလို၊ တမန်တော်မြတ်၏ ဗလီမတ်စ်ဂျိဒ် နဗဝီအား ဇေယာရသ်ပြုလုပ်သူ အပေါ်၌လည်း ဟဂ်ျနှင့် အွမ်ရာပြုလုပ်ရန် အရေးမကြီးပေ။ အကယ်၍ ခရီးစဉ်တစ်ခုထဲ၌ ဟဂ်ျ၊ အွမ်ရာနှင့် တမန်တော်မြတ်ဗလီ မတ်စ်ဂျိဒ်နဗဝီအား ဇေယာရသ်ပြုလုပ်ခြင်းတို့ကို တပြိုင်တည်းပြုလုပ်ခဲ့လျှင်လည်း ပြသနာမရှိပေ။ ပြုလုပ်ခွင့်ရှိသည်။
တမန်တော်မြတ် ( صلى الله عليه وسلم )၏ ဗလီအား ဇေယာရသ်ပြုလုပ်ရာတွင် တရားတော်နှင့် ဆန့်ကျင်သည့်လုပ်ရပ်များ။
တမန်တော်မြတ် ( صلى الله عليه وسلم )၏ ကဗရ်ကို ဇေယာရသ်ပြုလုပ်သည့်အခါတွင် နံရံများနှင့် သံတန်းများကို ထိတွေ့ပွတ်သပ်ခြင်း၊ ချည်မျှင်များနှင့် ၎င်းကဲ့သို့အရာများကို ဗရ်ကသ်ရယူရန် ရည်ရွယ်ချက်ဖြင့် ပြတင်းပေါက်များတွင် ချည်နှောင်ခြင်းဖြစ်သည်။
ဗရ်ကသ်ဟူသည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် ( صلى الله عليه وسلم ) ချမှတ်ပြဌာန်းထားသောလမ်းစဉ်၌သာရှိပြီး ဗိဒ်အသ် တရားသစ်တီထွင်မှုများတွင်မရှိချေ။
အုဟုဒ်တောင်ရှိ လိုဏ်ဂူများ၊ ထိုနည်းတူ မက္ကဟ်မြို့ရှိဟိရာလိုဏ်ဂူနှင့် ဆောင်ရ်လိုဏ်ဂူများသို့ သွားရောက်ခြင်း၊ ထိုလိုဏ်ဂူများတွင် အဝတ်စများကို ချည်နှောင်ခြင်း၊ အလ္လာဟ်အရှင်မြတ် ခွင့်မပြုထားသော ဒုအာများကို တောင်းခံခြင်း၊ ထိုကိစ္စအတွက် အပင်ပန်းခံခြင်း။
ဤကိစ္စရပ်များအားလုံးသည် သန့်ပြန့်စင်ကြယ်သည့် ရှရီအသ်တရားတော်၌ လုံးဝအခြေအမြစ်မရှိသည့် ဗိဒ်အသ်လုပ်ရပ်များသာဖြစ်သည်။
အချို့နေရာများကို တမန်တော်မြတ် ( صلى الله عليه وسلم )၏ အာစားရ် ( သမိုင်းဝင်အမွေအနှစ်နေရာများ) ဟု ထင်မြင်ယူဆကာ သွားရောက်ဇေယာရသ်ပြုလုပ်ခြင်း။ ဥပမာ - တမန်တော်မြတ်( صلى الله عليه وسلم )၏ ကုလားအုပ်မ ထိုင်ခဲ့သည့်နေရာ၊ တမန်တော်မြတ် ( صلى الله عليه وسلم ) ၏လက်စွပ်ပြုတ်ကျခဲ့သည့်ရေတွင်း၊ အွတ်စ်မားန် (رضي الله عنه) ဝကဖ်ပြုလုပ်ခဲ့သည့် ရေတွင်းနှင့် ထိုနေရာများမှ မြေကြီးများကို ဗရ်ကသ်ရယူရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်ခြင်း။
ဗကီအ်သင်္ချိုင်းရှိ ကဗရ်များနှင့် အုဟုဒ်ရှိ ရှဟီဒီများ၏ ကဗရ်များကို ဇေယာရသ်ပြုလုပ်သည့်အခါတွင် သေသူများအား ဟစ်ခေါ်တသခြင်း (၎င်းတို့ထံဒုအာတောင်းခံခြင်း)နှင့် ကဗရ်များ၏အနားတွင် ၎င်းကဗရ်များနှင့် နီးကပ်မှုရယူရန်နှင့် ထိုကဗရ်သင်္ချိုင်းတွင်းရှိ ပုဂ္ဂိုလ်များ၏ အကြောင်းခံဖြင့် ဗရ်ကသ်ရယူရန် ရည်ရွယ်ချက်ဖြင့် ပိုက်ဆံများကို ပစ်ကြဲခြင်း။
ဖော်ပြပါလုပ်ရပ်များသည် အလွန်ကြီးလေးသော အမှားများဖြစ်ရုံသာမက ရှိရ်က်အက်ဗရ်(ကြီးလေးသော ရှိရ်က်တုဖက်နှိုင်းယှဉ်မှု) အနက်မှလည်းဖြစ်သည်။ သာသနာ့ပညာရှင်များက ထိုအတိုင်းပင် တင်ပြခဲ့ကြသလို ယင်းလုပ်ရပ်များအား ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ် (صلى الله عليه وسلم) ၏စွန္နသ်လမ်းစဥ်ကလည်း ကြီးလေးသော ရှိရ်က်ဖြစ်ကြောင်း ညွှန်ပြလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အိဗာဒသ်ခဝပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအဖို့သာ ဖြစ်ပြီး၊ ထို အိဗာဒသ်ခဝပ်ကိုးကွယ်မှုများအနက် တစ်စုံတစ်ရာကို ဥပမာ ဒုအာတောင်းခံခြင်း၊ ဇဗဟ်လုပ်ခြင်း၊ နဇရ်ကိုးခြင်း စသည်တို့ကို အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူ့အတွက် သုံးစွဲခွင့်မရှိပေ။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူခဲ့သည်။ စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် အာရုံစူးစိုက်ကာ ထိုအရှင်မြတ်အား ကိုးကွယ်ဆည်းကပ်ကြရန်လည်းကောင်း၊ ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်လည်းကောင်း၊ ဇကာသ်ပေးဆောင်ကြရန်လည်းကောင်း၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြား တစ်စုံတစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။ စူရဟ် ဗိုင်ယ်ယိနဟ် : အာယသ် ( ၅ )
والله أعلم အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံးဖြစ်တော်မူသည်။ وصلى الله وسلم على نبينا محمد، وعلى آله وصحبه أجمعين (ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော်အားလုံးအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေ)။
Related books
All books
မတ်စ်ဂျိဒ် နဗဝီ၏ ထွဋ်မြတ်မှုများနှင့် ရိုသေသမှုများ၊ တမန်တော်မြတ် (ﷺ) ၏ ကဗရ်တော်နှင့် တမန်တော်မြတ်၏ အ ဆွေတော်နှစ်ပါး (رضي الله عنهما) ၏ ကဗရ်တော်များကို ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များ52 languagesမတ်စ်ဂျိဒ် နဗဝီ၏ ထွဋ်မြတ်မှုများနှင့် ရိုသေသမှုများ၊ တမန်တော်မြတ် (ﷺ) ၏ ကဗရ်တော်နှင့် တမန်တော်မြတ်၏ အ ဆွေတော်နှစ်ပါး (رضي الله عنهما) ၏ ကဗရ်တော်များကို ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များ
ဤစာအုပ်သည် မတ်စ်ဂျိဒ်နဗဝီ၏ ထူးမြတ်မှုများနှင့် ၎င်းအား ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ ရိုသေသမှုများကို ရှင်းလင်းတင်ပြထားပါသည်။ ထိုနည်းတူ တမန်တော်မြတ်(ﷺ) ၏ ကဗရ်တော်နှင့် တမန်တော်မြတ်၏ အဆွေတော်နှစ်ပါး(رضي الله عنهما) တို့၏ ကဗရ်များအား ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ ရိုသေသမှုများကိုလည်း တင်ပြထားပြီး၊ ဇိယာရသ်ပြုလုပ်စဉ်အတွင်း တည်ငြိမ်ရိုသေမှုနှင့် သန့်ရှင်းစင်ကြယ်မှုရှိရန်၊ ထို့ပြင် ဗစ်ဒ်အသ်လုပ်ရပ်များမှ ကင်းဝေးရှောင်ကြဉ်ရန် အရေးကြီးကြောင်းကို အထူးအ လေးပေး တင်ပြထားပါသည်။
အွမ်ရာပြုလုပ်နည်းနှင့်၎င်း၏ပညတ်ချက်များ အကျဥ်းချုပ်65 languagesအွမ်ရာပြုလုပ်နည်းနှင့်၎င်း၏ပညတ်ချက်များ အကျဥ်းချုပ်
ချီးမွမ်းထောမနာပြုချင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ နဗီတမန်တော်မုဟမ္မဒ်နှင့်ကိုယ်တော် ၏အိမ်တော်သူအိမ်တော်သားများ၊ သာဝကများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။ ၎င်းနောက် - ဤစာအုပ်သည် အွမ်ရာပြုနည်း၊ အွမ်ရာ၏အမိန့်ပညတ် ချက်များနှင့် စည်းကမ်းများအကြောင်းကို အကျဉ်းချုပ်တင်ပြထားသည့် စာအုပ်ငယ်ဖြစ်ပြီး ကျွန်တော့်အနေဖြင့် ဤစာအုပ်တွင် အွမ်ရာပြုလုပ်မည့်သူတစ်ဦးအတွက် အဓိကလိုအပ်သော အချက်များကို ရှင်းလင်းတင်ပြထားပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤရေးသားမှုကို အရှင်မြတ်နှစ်သက်မှုအတွက်သာ…
ဟဂ်ျ၊ အွမ်ရာနှင့် ဇေယာရသ် ပြုလုပ်ခြင်းတို့တွင် တရားတော်နှင့် ဆန့်ကျင်သည့်လုပ်ရပ်များ39 languagesဟဂ်ျ၊ အွမ်ရာနှင့် ဇေယာရသ် ပြုလုပ်ခြင်းတို့တွင် တရားတော်နှင့် ဆန့်ကျင်သည့်လုပ်ရပ်များ
အွမ်ရာနှင့်ပတ်သက်သည့် တရားတော်နှင့် ဆန့်ကျင်၍ ကျူး လွန်လေ့ ရှိသည့် လုပ်ရပ်များနှင့် အမှားများ။ (၁) အဲဟ်ရာမ် ပြုလုပ်ရာတွင် လူတို့ကျူးလွန်လေ့ရှိသည့် လုပ်ရပ်များနှင့် အမှားများ။ ၁။ (ဟဂ်ျ သို့မဟုတ် အွမ်ရာ ကျင့်စဉ်) ၏ နီယသ်ကိုစတင်ပြုလုပ်သည့်အခါတွင် သလ်ဗိယဟ်ကို အသံကျယ်လောင်စွာဖြင့်ရွတ်ဆိုမှုမပြုလုပ်ခြင်း။ သလ်ဗိယဟ်ကို အသံကျယ်ကျယ် ရွတ်ဆိုခြင်းသည် စွန္နသ်ဖြစ်သည်။
ဟဂ်ျ၊ အွမ်ရာနှင့် ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ ဖသ်ဝါဓမ္မသတ်ဆုံးဖြတ်ချက်များ၊25 languagesဟဂ်ျ၊ အွမ်ရာနှင့် ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ ဖသ်ဝါဓမ္မသတ်ဆုံးဖြတ်ချက်များ၊
ဤဖသ်ဝါဓမ္မသတ်ဆုံးဖြတ်ချက်များအားတို တောင်းသည့် မေးခွန်းများနှင့်အတူ အဖြေများအား အခြေအနေအလိုက် လိုရင်းတိုရှင်းဖြင့် ဆော်ဒီနိုင်ငံရှိ ဖသ်ဝါဓမ္မသတ်ထုတ်ပြန်ခြင်းဆိုင်ရာအမြဲတမ်း ကော်မတီ၏ ဖသ်ဝါပေါင်းချုပ်ကျမ်းမှ ကောက်နှုတ်ရွေးချယ်တင်ပြထားပါသည်။ ၁။ အထွေထွေ ဓမ္မသတ်ဆုံးဖြတ်ချက်များ၊ မေး။ ကျွန်ုပ်၏ ဖခင်သည် ဘဏ်မှ ချေးငွေရယူခဲ့ပါသည်။ သူသည် ထိုငွေဖြင့် အွမ်ရာပြုလုပ်ခွင့်ရှိပါသလား။ အဖြေ။ ဟဂ်ျ၊ အွမ်ရာအား မိမိအတွက်ဖြစ်စေ၊ အခြားသူကိုယ်စားဖြစ်စေပြုလုပ်ရန် ရည်ရွယ်သူသည် မိမိ၏ဟဂ်ျနှင့် အွမ်ရာအတွက် သန့်ပြန့်သည့် အသုံးစရိတ်ကိုသာ ရွေးချယ်ရန်လိုအပ်ပါသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည်…