Skip to content
مقدمة وغلاف المنتقى من موسوعة الأحاديث النبوية

مقدمة وغلاف المنتقى من موسوعة الأحاديث النبوية

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။ စကားချီး ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအပေါင်းကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ ထို့နောက်ကျွန်ုပ်တို့၏ နဗီတမန် တော် မုဟမ္မဒ်အပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ အိမ်သူအိမ်သားများနှင့် ဆွဟာဗဟ် သာဝကကြီးများအပေါ်သို့လည်းကောင်း၊ ကိယာမသ်နေ့ထိတိုင် ၎င်းတို့ နောက်သို့ ကောင်းမှုနှင့်တကွလိုက်ကြသူများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင် မြတ် ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။ မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အထူးဂရုပြုရမည့် အရေးအကြီးဆုံးအရာမှာ…

Language: lang_my
Prepared by:
Version: 1.0

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။

စကားချီး

ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအပေါင်းကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ ထို့နောက်ကျွန်ုပ်တို့၏ နဗီတမန် တော် မုဟမ္မဒ်အပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ အိမ်သူအိမ်သားများနှင့် ဆွဟာဗဟ် သာဝကကြီးများအပေါ်သို့လည်းကောင်း၊ ကိယာမသ်နေ့ထိတိုင် ၎င်းတို့ နောက်သို့ ကောင်းမှုနှင့်တကွလိုက်ကြသူများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင် မြတ် ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။

မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အထူးဂရုပြုရမည့် အရေးအကြီးဆုံးအရာမှာ (အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ကုရ်အာန်ပြီးနောက်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏စွန္နဟ် (ဟဒီးဆ်)တော်များကို ဖတ်ရှုခြင်း၊ အလေးအနက်ထားခြင်း၊ စဥ်းစားဆင်ခြင်သုံးသပ်ခြင်း၊ သိနားလည်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အို လူသားအပေါင်းတို့ ငါကိုယ်တော်သည် အသင်တို့၌ အရာနှစ်ခုကို ချန်ထားတော်မူသည်။ ထိုအရာနှစ်ခုကို အသင်တို့ ဆုပ်ကိုင်ထားသမျှ ဘယ်သောအခါမှ အသင်တို့ လမ်းမှားလိမ့်မည် မဟုတ်ချေ။ (ထိုအရာနှစ်ခုမှာ) အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်နှင့် အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နဟ်ပင် ဖြစ်သည်။" (အိမာမ်မာလိက် ဆင့်ပြန်ထားသည်။) အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ (ထို့ပြင် အသင်တို့သည် အသင်တို့အား တမန်တော်ပေးသည်ကို ယူကြပါ။ ထို့ပြင် တမန်တော်တားမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြပါ။) (စူရဟ် ဟရှရ် - အာယသ် : ၇) ထို့ကြောင့် ဘာသာစကားများဖြင့် အစ္စလာမ့်အကြောင်းအရာ ဝန်ဆောင်မှုအသင်းနှင့် ရဗ်ဝဟ်ရှိ လူ့အဖွဲ့အစည်းများအား ဒအ်ဝဟ်ဖိတ်ခေါ်မှုနှင့် အသိပညာပေးရေးအသင်းတို့က တမန်တော်မြတ်၏ ဟဒီးဆ်တော်များစွယ်စုံကျမ်းကို ပြုစုပြီး ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်ဆိုရန် အထူးကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ဤစွယ်စုံကျမ်းမှ မွတ်စ်လင်မ်တစ်ဦး၏ သာသနာ‌ရေးနှင့် လောကီအ‌ရေးအတွက် အထောက်အကူဖြစ်စေမည့် ဟဒီးဆ်တော်များကို ကောက်နှုတ်ရွေးချယ်ရန်နှင့် ၎င်းဟဒီးဆ်တော်များ၏ အကျဥ်းချုပ်ရှင်းလင်းချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် အကျိုးကျေးဇူးအချို့ကိုပါ ရှင်းလင်းတင်ပြရန် လွယ်ကူမှုပေးသနားတော်မူခဲ့သည်။ ထိုဟဒီးဆ်တော်များကို “ ဟဒီးဆ်စွယ်စုံကျမ်းမှ ကောက်နုတ်ထားသော သြဝါဒတော်များ ” အမည်ရှိ ကျမ်းတွင် စုစည်းတင်ပြလိုက်ပါသည်။ ဤလုပ်ငန်းစဥ်သည် ကမ္ဘာပေါ်ရှိ ရှင်သန်အသုံးပြုနေသော ဘာသာစကားအားလုံးသို့ ဘာသာပြန်ဆိုရန်ဖြစ်ပြီး ထိုသို့ဘာသာပြန်ဆိုခြင်းဖြင့် ဟဒီးဆ်တော်များတွင်ပါဝင်သည့် အကြောင်းအရာများဖြင့် လူအများ အကျိုးခံစားနိုင်ရန်နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နဟ်တော်များကို လူသားအားလုံးထံ ၎င်းတို့၏မိခင်ဘာသာစကားများဖြင့် ပို့ဆောင်ရန်ဖြစ်သည်။

ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤလုပ်ငန်းအား လက်ခံသဘောတူရန် တောင်းခံအပ်ပါသည်။ ထို့ပြင် ဤလုပ်ငန်း၌ ဗရကသ်မင်္ဂလာချီးမြှင့်ပေးတော်မူန်၊ အရှင်မြတ်နှစ်သက်မှု အတွက်သာ ဖြစ်စေရန်နှင့် ၎င်းအားပြင်ဆင်ခြင်း၊ ဘာသာပြန်ခြင်းနှင့် ထုတ်ဝေဖြန့်ချိခြင်းတို့တွင် ကူညီပေးသူ အားလုံးအပေါ် သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းမြတ်သော အစားများချီးမြှင့်ပေးသနားတော်မူရန် တောင်းခံအပ်ပါသည်။

ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။

အကျဉ်းချုပ်

တမန်တော်မြတ် (ﷺ)၏ ဟဒီးဆ်တော်များသည် ရှရီအသ်တရားတော်ဆိုင်ရာ အရင်းအမြစ်များအနက် ဒုတိယမြောက်အရင်းအမြစ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- (၎င်း (တမန်တော် မုဟမ္မဒ်)သည် (မိမိ)စိတ်အလိုဆန္ဒအတိုင်း စကားပြောသည် မဟုတ်ပေ။ ထိုပြောဆိုမှုသည် (အလ္လာဟ်အရှင်မြတ် အထံတော်မှ) ထုတ်ပြန်ခြင်းခံရသော ထုတ်ပြန်ချက်သာ ဖြစ်သည်။) (စူရဟ် နဂ်ျမ် : အာယသ် ၃ - ၄)

ဟဒီးဆ်စွယ်စုံကျမ်းမှ ကောက်နုတ်ထားသော သြဝါဒတော်များတွင် မွတ်စ်လင်မ်တစ်ဦး၏ သာသနာရေးနှင့် လောကီရေး အတွက် လိုအပ်သော အနှစ်ချုပ်ဟဒီးဆ်တော်များနှင့် ထိုဟဒီးဆ်တော်များ၏ အတိုချုပ်ရှင်းလင်းချက်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ဟဒီးဆ်တော်မှ သိမှတ်ဖွယ်ရာများပါဝင်ပြီး ကမ္ဘာပေါ်ရှိ ရှင်သန်အသုံးပြုနေသော ဘာသာစကားများဖြင့် ဘာသာပြန်ဆိုထားသည်။ သို့မှသာ ယင်းဟဒီးတော်များတွင်ပါဝင်သည့် အကြောင်းအရာကို လူအများ အကျိုးခံစားနိုင်မည်ဖြစ်ပြီး တမန်တော်မြတ် (ﷺ)၏စွန္နဟ်ကို လူသားများထံသို့ သူတို့၏ မိခင်ဘာသာစကားများဖြင့် ပို့ဆောင်နိုင်မည်ဖြစ်သည်။