ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။
«كان رجلٌ يُدَايِنُ الناسَ، فكان يقول لفتاه: إذا أتيتَ مُعسِرًا فتجاوز عنه، لعل اللهَ يَتجاوزُ عنا، فلقي اللهَ فتجاوز عنه».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့အား ငွေကြေးချေးငှားသူ၊ အကြွေးဖြင့် ရောင်းချသူ ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ထိုသူသည် လူတို့ထံမှ အကြွေးလိုက်ကောက်သည့် မိမိ၏ အခိုင်းအစေအား သင်သည် မတတ်နိုင်သဖြင့် အကြွေးပြန်မဆပ်နိုင်သူထံ ရောက်သည့်အခါ နူးညံ့စွာဆက်ဆံပါ။ သူ့ထံမှ အတင်းအကျပ်တောင်းဆိုခြင်းမပြုဘဲ နောက်ဆိုင်းပေးလိုက်ပါ သို့မဟုတ် အနည်းငယ်လျော့၍ရလျှင်လည်း သူ့တွင်ရှိသလောက်ကိုသာလက်ခံလိုက်ပါဟု အမြဲပြောလေ့ရှိသည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်က မိမိအားခွင့်လွှတ်ချမ်းသာပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဤသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ၎င်းသူ ကွယ်လွန်ပြီးနောက် အလ္လာဟ်အရှင်မြတ်သည် သူ၏အပြစ်အကုသိုလ်များကို ခွင့်လွှတ်တော်မူခဲ့သည်။
يداين: يكثر من التعامل مع الناس بالدين.
فتاه: غلامه الذي يكلفه بالعمل.
أتيت معسرًا: لمطالبته بما عليه.
လူတို့အား ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ခွင့်လွှတ်ခြင်း၊ အခက်အခဲဖြစ်နေသူကို လျော်ပေးခြင်းတို့သည် ကိယာမသ်နေ့၌ လူတစ်ဦးလွတ်မြောက်အောင်မြင်ရန်အတွက် အကြီးမားဆုံး အကြောင်းခံတစ်ရပ်ဖြစ်သည်။
အဖန်ဆင်းခံများပေါ် ကောင်းကျိုးပြုခြင်း၊ အိခ်လာဆ်ွရှိခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မျှော်ကိုးခြင်းတို့သည် အပြစ်များ ခွင့်လွှတ်ခြင်းခံရသည့် အကြောင်းခံများထဲတွင် ပါဝင်သည်။
ဆွဟီးဟ် ဗုခါရီကျမ်း (4/ 176) (3480).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1196) (1562).
ထပ်၍ (9)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 458).
التنوير شرح الجامع الصغير.
للصنعاني (8/ 123).
كنوز رياض الصالحين.
لمجموعة من الباحثين (16/ 402).
مرقاة المفاتيح شرح مشكاة المصابيح.
للقاري (5/ 1953).
نزهة المتقين شرح رياض الصالحين (2/ 945).