Skip to content

ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။

«إِنَّ اللهَ يَغَارُ، وَإِنَّ الْمُؤْمِنَ يَغَارُ، وَغَيْرَةُ اللهِ أَنْ يَأْتِيَ الْمُؤْمِنُ مَا حَرَّمَ عَلَيْهِ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မုအ်မင်န်သည် မခံချင်စိတ်ဖြစ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ မနှစ်သက်ခြင်းများဖြစ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်သည်လည်းမခံချင် စိတ်၊ အမျက်ဒေါသနှင့် မနှစ်သက်ခြင်းများဖြစ်တော်မူသည်။ အရှင်မြတ်၏ အမျက်ဒေါသဖြင့်မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟအရှင်မြတ် တားမြစ်ထားသည့် မကောင်းမှုများဖြစ်သော ‘ဇိနာ’ပြုခြင်း၊ လိင်တူဆက်ဆံခြင်း၊ ခိုးခြင်း၊ အရက်သေစာ သောက်စားခြင်းစသည်တို့အပြင် အခြားစက်ဆုပ်ရွံရှာဖွယ်ရာများ ကျူးလွန်သည့် အတွက်ကြောင့်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အလ္လာဟ်အရှင်မြတ်၏ တားမြစ်ချက်များကို ကျူးလွန်သည့်အခါ အရှင်မြတ်၏ အပြစ်ဒဏ်နှင့် အမျက်ဒေါသကို ကြောက်ရွံ့ရန် သတိပေးခြိမ်းခြောက်ထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (7/ 35) (5223).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2114) (2761).

ထပ်၍ (8)

تطريز رياض الصالحين.

لفيصل المبارك (ص62).

شرح رياض الصالحين.

لابن عثيمين (1/ 496).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 96).

صفات الله عز وجل الواردة في الكتاب والسنة.

لعلوي السَّقَّاف (ص267).