တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်ခြင်းမှ သန့်ရှင်းရန် ရေချိုးသောအခါ ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဖက်ကို ဆေးကြောကာ ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ပြီးနောက် ရေချိုးတော်မူသည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်ခြင်းမှ သန့်ရှင်းရန် ရေချိုးသောအခါ ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဖက်ကို ဆေးကြောကာ ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ပြီးနောက် ရေချိုးတော်မူသည်။ ၎င်းနောက် ဆံပင်များကို မိမိလက်ဖြင့် ဦးရေပြားစိုပြီဟု ထင်ရသည်အထိ ပွတ်သပ်သည်။ ၎င်းနောက် ရေသုံးကြိမ်လောင်းသည်။ ထို့နောက် ခန္ဓာတစ်ခုလုံးကို ရေချိုးလိုက်သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောသည်မှာ ကျွန်မနှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တို့သည် အိုးတစ်လုံးတည်းမှ ရေအတူခပ်ချိုးလေ့ရှိခဲ့ကြသည်။
كَانَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا اغْتَسَلَ مِنَ الجَنَابَةِ، غَسَلَ يَدَيْهِ، وَتَوَضَّأَ وُضُوءَهُ لِلصَّلاَةِ، ثُمَّ اغْتَسَلَ، ثُمَّ يُخَلِّلُ بِيَدِهِ شَعَرَهُ، حَتَّى إِذَا ظَنَّ أَنَّهُ قَدْ أَرْوَى بَشَرَتَهُ، أَفَاضَ عَلَيْهِ المَاءَ ثَلاَثَ مَرَّاتٍ، ثُمَّ غَسَلَ سَائِرَ جَسَدِهِ، وَقَالَتْ: كُنْتُ أَغْتَسِلُ أَنَا وَرَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ إِنَاءٍ وَاحِدٍ، نَغْرِفُ مِنْهُ جَمِيعًا.
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်သည့်အတွက် ရေချိုးရန် ရည်ရွယ်အခါ ဦးစွာပထမ လက်နှစ်ဖက်ကို ဆေးကြောတော်မူသည်။ ထို့နောက် ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ၎င်းနောက် မိမိ၏ခန္ဓာကိုယ်ပေါ်သို့ ရေလောင်းတော်မူသည်။ ပြီးနောက် ဆံပင်အရင်းသို့ ရေရောက်ပြီး ဦးရေပြားစိုပြီဟု ထင်ရလောက်သည်အထိ ဆံပင်များကို မိမိလက်ဖြင့် ပွတ်သပ်တော်မူသည်။ ထို့နောက် ဦးခေါင်းပေါ်မှ သုံးကြိမ်ရေလောင်းကာ ကျန်ခန္ဓာကိုယ်အစိတ်ပိုင်းများကို ဆေးကြောတော်မူသည်။ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ ကျွန်မနှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တို့သည် အိုးတစ်လုံးတည်းမှရေကို အတူခပ်ချိုးလေ့ရှိကြသည်။
ثُمَّ يُخَلِّلُ بِيَدَيْهِ شَعْرَهُ: التخليل هنا إدخال الأصابع المبتلة بين أجزاء الشعر.
أَنَّهُ قَدْ أَرْوَى بَشَرَتَهُ: أوصل الماء إلى أصول الشعر، والبشرة المرادة هنا: ظاهر الجلد المستور بالشعر.
ရေချိုးခြင်း နှစ်မျိုးရှိသည်။ ၎င်းတို့မှာ အထမြောက်အောင်သာ ရေချိုးခြင်းနှင့် ပြီးပြည့်စုံအောင် ရေချိုးခြင်းတို့ဖြစ်သည်။ အထမြောက်အောင်သာ ရေချိုးခြင်းဟူသည် လူတစ်ဦးသည် သန့်ရှင်းမှုရရန်သာ ရည်ရွယ်၍ ပလုတ် ကျင်းခြင်း၊ နှာခေါင်းအတွင်းသို့ ရေရှူသွင်းခြင်းတို့ပြုကာ ခန္ဓာကိုယ်တစ်ခုလုံး စွတ်စိုသွားအောင် ရေချိုးခြင်းဖြစ်သည်။ ပြီးပြည့်စုံအောင် ရေချိုးခြင်းဟူသည် ဤဟဒီးဆ်တော်၌ တင်ပြထားသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရေချိုးနည်းအတိုင်း ရေချိုးခြင်းဖြစ်သည်။
ဂျနာဗသ်ဟူသည် သုက်ရည်ထွက်သွားသူ သို့မဟုတ် သုက်ရည်မထွက်လျှင်လည်း လိင်ဆက်ဆံလိုက်သူကို သုံးစွဲသည့် စကားလုံးဖြစ်သည်။
ဇနီးမောင်နှံ နှစ်ဦးသည် အချင်းချင်း ‘အောင်ရဟ်’ ဖုံးအုပ်ရမည့် အစိတ်အပိုင်းများကို ကြည့်ရှုခွင့်ရှိသည်။ ထို့အတူ အိုးတစ်လုံးထဲမှ ရေအတူချိုးခွင့်ရှိသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (1/ 63) (272.
273).
ထပ်၍ (6)
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (1/ 48).
تيسير العلام شرح عمدة الأحكام.
للبسام (ص62).
خلاصة الكلام شرح عمدة الأحكام.
لفيصل آل مبارك (ص33).
Cited in books
2 Booksထပ်၍ (2)
- مشروع منهاج زادكزادك 1 طالب(كَانَ رَسُولُ اللهِ صلى الله عليه وسلم إِذَا اغتَسَلَ مِنَ الجَنَابَةِ غَسَلَ يَدَيهِ وَتَوَضَّأَ وُضُوءَهُ لِلصَّلَاةِ، ثُمَّ اغتَسَلَ، ثُمَّ يُخَلِّلُ بِيَدِهِ شَعرَهُ، حَتَّى إِذَا ظَنَّ أَنَّه قَد أَروَى بَشرَتَهُ، أَفَاضَ عَلَيهِ المَ
- نبراس طالب (2)نبراس طالب (2) عن أم المؤمنين عائشة ل قالت: «كَانَ رَسُولُ اللهِ صلى الله عليه وسلم إِذَا اغتَسَلَ مِنَ الجَنَابَةِ غَسَلَ يَدَيهِ وَتَوَضَّأَ وُضُوءَهُ لِلصَّلَاةِ، ثُمَّ اغتَسَلَ، ثُمَّ يُخَلِّلُ بِيَدِهِ شَعرَهُ، حَتَّى إِذَا ظَنَّ أَنَّه قَد أَروَى بَ