Skip to content

အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ထိုသူသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု သို့မဟုတ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှု ပြုခြင်းဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် ပုဂ္ဂိုလ်တစ်ဦးက ကအ်ဗဟ်ကျောင်းတော်၏ကစမ် မဟုတ်ပါဟု ပြောလိုက်သည်ကို ကြားခဲ့သည်။ ထိုအခါ အိဗ်နုအုမရ်က ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုခြင်းမပြုရ။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။

အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ထိုသူသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု သို့မဟုတ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှု ပြုခြင်းဖြစ်သည်။

«مَنْ حَلَفَ بِغَيْرِ اللهِ فَقَدْ كَفَرَ أَوْ أَشْرَكَ».

အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆိုအလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များမှအပ အခြားတစ်စုံတစ်ရာဖြင့် ကျိန်ဆိုပါက ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်သူ သို့မဟုတ် ‘ရှိရ်က်’ ဖက်စပ်ယှဉ်တွဲကိုးကွယ်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျိန်ဆိုခြင်းဟူသည် တိုင်တည်ကျိန်ဆိုလိုက်သည့်အရာအား ကြီးကျယ်မြင့်မြတ်ကြောင်း သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်မှုသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း အတွက်သာဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များအပြင် အခြားမည်သည့်အရာဖြင့်မျှ ကျိန်ဆိုခွင့်မရှိပေ။ ထိုသို့ကျိန်ဆိုခြင်းသည် ‘ရှိရ်က် အဆ်ွဂရ်’ အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော ရှိရ်က်အသေးစား ကျူးလွန်လိုက်ခြင်းဖြစ်သည်။ သို့သော် ကျိန်ဆိုသူသည် မိမိကျိန်ဆိုရန် တိုင်တည်လိုက်သည့်အရာအား အလ္လာဟ်အရှင်မြတ်ကို ဂုဏ်ပေးသကဲ့သို့ ဂုဏ်ပေးလေးစားခြင်း သို့မဟုတ် ထို့ထက်ပို၍ ဂုဏ်ပေးလေးစားခြင်းမျိုးဖြစ်ပါက ‘ရှိရ်က်အက်ဗရ်’ အစ္စလာမ့်ဘောင်အပြင်သို့ ရောက်စေသော ရှိရ်က်အကြီးစား ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

من حلف: الحلف: اليمين، وهي توكيد الحكم بذكر معظّم تطمئن له نفس المخاطب.

كفر أو أشرك: يحتمل أن يكون هذا شكًّا من الراوي، ويحتمل أن تكون "أو" بمعنى الواو فيكون كفر وأشرك.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကျိန်ဆိုမှုဖြင့် ကြီးကျယ်မြင့်မြတ်ကြောင်း ဖော်ထုတ်ခြင်းသည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များဖြင့်သာ ကျိန်ဆိုရမည်။

ဆွဟာဗဟ် သာဝကများသည် ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းမှု တားမြစ်ခြင်းပြုရန် အလွန်ပင် စိတ်အားထက်သန်ကြသည်။ အထူးသဖြင့် ကုဖ်ရ်၊ ရှိရ်က်နှင့် သက်ဆိုင်သည့် မကောင်းမှုများကို တားမြစ်ရန် ပို၍ပင်စိတ်အားထက်သန်ကြသည်။

ပြန်လည်စစ်ဆေးသူ

စုနန်သိရ်မိဇီကျမ်း (3/ 194) (1535).

စုနန်အဗူဒါဝူဒ်ကျမ်း (5/ 154- 155) (3251).

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (9/ 249) (5346).

(9/ 275) (5375).

(10/ 249) (6072).

(1/ 343).

ထပ်၍ (11)

فتح المجيد شرح كتاب التوحيد.

لعبد الرحمن التميمي (ص413).

القول المفيد على كتاب التوحيد.

لابن عثيمين (2/ 214).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص326).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص365).

التمهيد لشرح كتاب التوحيد.

لصالح آل الشيخ (ص452).

فتاوى اللجنة الدائمة.