Skip to content

အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတစ်ဦးက သူ၏ညီနောင်အား အရှက်တရားအကြောင်း ပြောကြားနေသည်ကို ကြားတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်သည်။

سَمِعَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلًا يَعِظُ أَخَاهُ فِي الْحَيَاءِ، فَقَالَ: «الْحَيَاءُ مِنَ الْإِيمَانِ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

လူတစ်ဦးသည် မိမိညီနောင်တစ်ဦးအား အလွန်အမင်းအရှက်တရားထားခြင်းမပြုရန် ဆုံးမနေသည်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကြားတော်မူခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်ပြီး ၎င်းသည် ကောင်းကျိုးကိုသာ ယူဆောင်လာကြောင်း ရှင်းပြတော်မူခဲ့သည်။ အရှက်တရားသည် ကောင်းမြတ်သည့်လုပ်ရပ်များကို လုပ်ဆောင်ရန်နှင့် မကောင်းသည့်လုပ်ရပ်များကို စွန့်လွှတ်ရန် တိုက်တွန်းပေးသော ကိုယ်ကျင့်တရားကောင်းတစ်ခု ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကောင်းမှုကိုဆောင်ရွက်ရန် သင့်အား တားဆီးသောအရာကို အရှက်တရားဟု မခေါ်ဘဲ ၎င်းအား ရှက်ရွံ့မှု၊ မတတ်စွမ်းနိုင်မှု၊ ချည့်နဲ့မှု၊ သူရဲဘောကြောင်မှု ဟုသာခေါ်ဆိုရမည်။

အလ္လာဟ်အရှင်မြတ်အား အရှက်တရားထားရှိခြင်းဟူသည် အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။

အဖန်ဆင်းခံများအား အရှက်တရားထားရှိခြင်းဟူသည် ၎င်းတို့အား ဂုဏ်ပေးလေးစားခြင်း၊ ၎င်းတို့၏ အဆင့်အတန်းနှင့်အညီ ဆက်ဆံခြင်း၊ လူတို့ထံ၌ ညစ်ညမ်းသည်ဟု သတ်မှတ်ထားသည့်အရာများမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 14) (24).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 63) (36).

ထပ်၍ (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 489).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 330).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 427).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 689).