မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
အဗူဗရှီးရ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။
သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးစဉ်တစ်ခု၌ရှိခဲ့သည်။ လူတို့သည် မိမိတို့၏ တည်းခိုရာနေရာ၌ရှိနေစဉ် ကိုယ်တော်က အစေတော်တစ်ဦးအား စေလွှတ်၍ မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
أَنَّهُ كَانَ مَعَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي بَعْضِ أَسْفَارِهِ، قَالَ: فَأَرْسَلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَسُولًا -وَالنَّاسُ فِي مَبِيتِهِمْ-: «لَا يَبْقَيَنَّ فِي رَقَبَةِ بَعِيرٍ قِلَادَةٌ مِنْ وَتَرٍ أَوْ قِلَادَةٌ إِلَّا قُطِعَتْ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ခရီးစဉ်တစ်ခု၌ ရှိနေခဲ့သည်။ လူတို့သည် မိမိတို့ ညအိပ်စက်နားနေသည့် နေရာများ၊ ရွက်ဖျင်တဲများတွင်ရှိနေကြစဉ် ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ဦးအား ၎င်းတို့ထံ စေလွှတ်၍ ကုလားအုတ်လည်ပင်း၌ ချည်ထားသောကြိုး (လေးကိုင်းကဲ့သို့ဖြစ်စေ) သို့မဟုတ် ခေါင်းလောင်းဖြစ်စေ ခြေထောက်များတွင်ချည်သည့်ကြိုးဖြစ်စေ၊ မည်သည့်အရာကိုမဆို ဖြစ်တောက်ပစ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ထိုကြိုးများကို ချည်နှောင်ထားကြခြင်းဖြစ်သည်။ ကိုယ်တော်သည် ၎င်းတို့ကို ဖြတ်ပစ်ရန် အမိန့်ပေးတော်မူခြင်းမှာ ထိုအရာများသည် ၎င်းတို့ထံမှ မည်သည့်ဘေးဒုက္ခကိုမျှ မဖယ်ရှားပေးနိုင်သည့်အတွက်ဖြစ်သည်။ မုချဧကန် ကောင်းကျိုးနှင့် ဆိုးကျိုးသည် ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် လက်တော်၌သာရှိပေသည်။
وتر: مفرد أوتار، وهو ما يشد به القوس كانت العرب تعلقه تتقي به العين.
قلادة: ما يعلق في رقبة البعير وغيره، كالجرس والنعل، بنية دفع العين.
ကောင်းကျိုးရရှိရန်၊ ဆိုးကျိုးများ ဖယ်ရှားပေးရန်အတွက် ခေါင်းလောင်းကြိုးများ ခမည်းကြိုးများ ချိတ်ဆွဲခြင်းအား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုခြင်းသည် ‘ရှိရ်က်’ ဖက်စပ်ယှဥ်တွဲ ကိုးကွယ်မှုပင်ဖြစ်သည်။
ကြိုးများချည်နှောင်ခြင်းသည် မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် မဟုတ်ဘဲ တိရစ္ဆာန်အားအလှဆင်ရန် သို့မဟုတ် စီးနင်းရန် သို့မဟုတ် ချည်နှောင်ရန်အတွက်ဖြစ်ပါက ကိစ္စမရှိပါ။
မကောင်းမှုကို တတ်စွမ်းနိုင်သမျှ တားမြစ်ရန်တာဝန်ရှိသည်။
နှလုံးသားသည် ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏နှင့်သာ ချိတ်ဆက်ထားရန် အရေးကြီးသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (4/ 59) (3005).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1672) (2115).
ထပ်၍ (6)
القول المفيد على كتاب التوحيد.
لابن عثيمين (1/ 179).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص77).
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص89).