Skip to content

မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။

အဗူစိရ်မဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။

«مَنْ ضَارَّ ضَارَّ اللهُ بِهِ، وَمَنْ شَاقَّ شَقَّ اللهُ عَلَيْهِ».

အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
ရှင်းလင်းချက်

မွတ်စ်လင်မ်တစ်ဦး၏ အသက်ခန္ဓာ၊ ဥစ္စာပစ္စည်း၊ မိသားစုအား ထိခိုက်နစ်နာစေခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်းကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သူ၏လုပ်ရပ်အတိုင်း ပြန်လည်အစားပေးကာ အရေးယူမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်းကို တားမြစ်ထားသည်။

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗန္ဓာကျေးကျွန်များအတွက် လက်စား‌ချေတော်မူသည်။

ပြန်လည်စစ်ဆေးသူ

စုနန်အဗူဒါဝူဒ်ကျမ်း (5/ 477) (3635).

စုနန်သိရ်မိဇီကျမ်း (3/ 495) (1940).

စုနန်အိဗ်နုမာဂျဟ်ကျမ်း (3/ 432) (2342).

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (25/ 34) (15755).

ထပ်၍ (8)

مساوئ الأخلاق.

للخرائطي (ص: 274) (583).

توضيح الأحكام مِن بلوغ المرام.

للبسام (7/ 445).

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (6/ 396).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 261).