Skip to content

ကုရ်အာန်ကျမ်းမြတ်ကို အသံကျယ်စွာ ဖတ်ရွတ်သူသည် လူသိရှင်ကြား ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်ကို တီးတိုးစွာ ဖတ်ရွတ်သူသည် တိတ်တဆိတ် ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။

အွက်ဗဟ်ဗင်န်အာမိရ် အလ်ဂျုဟနီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

ကုရ်အာန်ကျမ်းမြတ်ကို အသံကျယ်စွာ ဖတ်ရွတ်သူသည် လူသိရှင်ကြား ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်ကို တီးတိုးစွာ ဖတ်ရွတ်သူသည် တိတ်တဆိတ် ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။

«الجاهِرُ بالقرآن كالجاهِرِ بالصَّدَقَةِ، والمُسِرُّ بالقرآن كالمُسِرِّ بالصَّدَقَة».

အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို အသံကျယ်စွာ ဖတ်ရွတ်သူသည် ပေါ်လွင်ထင်ရှားစွာ အလှူဒါနပြုသူကဲ့သို့ဖြစ်ပြီး ကုရ်အာန်ကျမ်းမြတ်ကို တီးတိုးစွာ ဖတ်ရွတ်သူသည် လျှို့ဝှက်စွာ အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

လျှို့ဝှက်စွာ အလှူဒါနပြုခြင်းသည် ပို၍မွန်မြတ်သကဲ့သို့ ကုရ်အာန်ကျမ်းမြတ်ကို တိတ်တဆိတ်ဖတ်ရွတ်ခြင်းသည်လည်း ပို၍မွန်မြတ်သည်။ ထိုသို့ပြုခြင်း၌ စိတ်ထားဖြူစင်မှုရှိခြင်း၊ ရိယာအ် (ပြစားမှု)နှင့် မိမိကိုယ်မိမိ အထင်ကြီးမှုမှကင်‌‌ဝေးသည့်အတွက်ကြောင့်ဖြစ်သည်။ သို့သော် ကုရ်အာန်ကို သင်ကြားခြင်းကဲ့သို့သော အသံကျယ်ကျယ် ဖတ်ရွတ်ရန် လိုအပ်လာခြင်း၊ ထို့အတူ အသံကျယ်ကျယ်ရွတ်ဖတ်ခြင်း၌ ကောင်းကျိုးရှိသည်ဆိုပါက အသံကျယ်လောင်စွာဖတ်ရွတ်နိုင်သည်။

ပြန်လည်စစ်ဆေးသူ

စုနန်အဗူဒါဝူဒ်ကျမ်း (2/ 494) (1333).

စုနန်သိရ်မိဇီကျမ်း (5/ 40) (2919).

စုနန်နစာအီကျမ်း (5/ 80) (2561).

ထပ်၍ (4)

الكاشف عن حقائق السُّنن (5/1688).

شرح أبي داود للعيني (5/238).

تحفة الأحوذي (8/ 191).

التنوير في شرح الجامع الصغير (5/286).