ဧကန်အမှန်ပင် ဂါထာမန္တန်မန်းမှုတ်ခြင်း၊ အင်းအိုင်အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်း၊ တစ်ဦးကတစ်ဦးကို ချစ်ခင်လာစေရန်အတွက် ဂျာဒူဖြင့်ပြုလုပ်ခြင်း စသည့်ကိစ္စရပ် အားလုံးသည် ရှိရ်က်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကိုကြားခဲ့သည်။
ဧကန်အမှန်ပင် ဂါထာမန္တန်မန်းမှုတ်ခြင်း၊ အင်းအိုင်အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်း၊ တစ်ဦးကတစ်ဦးကို ချစ်ခင်လာစေရန်အတွက် ဂျာဒူဖြင့်ပြုလုပ်ခြင်း စသည့်ကိစ္စရပ် အားလုံးသည် ရှိရ်က်ဖြစ်သည်။
«إنَّ الرُّقَى والتَمائِمَ والتِّوَلَةَ شِرْكٌ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရှိရ်က်ဖြစ်စေသောလုပ်ရပ်များကို ရှင်းပြတော်မူခဲ့သည်။၎င်းတို့မှာ (၁) “ရုကာ” ရောဂါပျောက်ကင်းရန်အတွက် ဂျာဟိလီယသ် အမိုက်ခေတ်က လူတို့ရွတ်ဖတ်သည့် ‘ရှိရ်က်’စကားလုံးများပါဝင်သော မန်းမှုတ်သည့် စာသားများကို ခေါ်ဆိုသည်။ (၂)“သမာအင်မ်” (နဇရ်) မျက်စိထိခြင်းမှကာကွယ်ရန်အတွက် ကလေးငယ်များ၊ တိရ စ္ဆာန်များနှင့် အခြားအရာများတွင် ချိတ်ဆွဲပေးသော ပုတီးစေ့ကဲ့သို့သော အဆောင်လက်ဖွဲ့များဖြစ်သည်။ (၃)“သိဝလဟ်” ဇနီးမောင်နှံကြား ချစ်ခင်မှုရရန် ဂျာဒူဖြင့် ပီယဆေးပြုကျင့်သောကိစ္စကိုခေါ်သည်။ ဤလုပ်ရပ်များသည် ‘ရှိရ်က်’ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အထောက်အထားများဖြင့် အတည်ပြုထားသော ရှရီအဟ် တရားတော်က ခွင့်ပြုထားသည့် အကြောင်းခံများ မဟုတ်သည့်အပြင် လက်တွေ့ကျကျ အတည်ပြုနိုင်သော အာရုံခံစားသိနိုင်သည့်အကြောင်းခံလည်း မဟုတ်ပေ။ ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်ခြင်းကဲ့သို့ တရားတော်လာအကြောင်းခံများ သို့မဟုတ် လက်တွေ့ကျကျသက်သေပြထားသော ဆေးဝါးများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းခံများသည်ပြုပိုင်သည်။ သို့သော် ၎င်းတို့သည် အကြောင်းခံများသာဖြစ်ပြီး ဧကန်မုချ ကောင်းကျိုးနှင့် ဆိုးကျိုးသည် အလ္လာဟ်အရှင်မြတ်၏လက်တော်၌သာရှိသည်ဟုသာ ယုံကြည်ချက်ထားရမည်။
သောင်ဝ်ဟီးဒ် နှင့်အကီဒဟ် ယုံကြည်ချက်ကို ထိန်းသိမ်းပြီး ၎င်းတို့အားပျက်ပြားစေမည့် ကိစ္စတိုင်းမှရှောင်ကြဉ်ရမည်။
ရှိရ်က်ပါသည့် “ရုကာ” “သမာအင်မ်” “သိဝလဟ်” တို့ကိုသုံးစွဲခြင်း ဟရာမ် မပြုပိုင်ပေ။
လူတစ်ဦးက အထက်ပါ အရာသုံးခုကို အကြောင်းခံများဖြစ်ကြောင်း ယုံကြည်ပါက အကြောင်းခံမဟုတ်သည့်အရာကို အကြောင်းခံအဖြစ် သတ်မှတ်သည့်အတွက် ရှိရ်က် အသေးစားဖြစ်မည်။ အကယ်၍၎င်းက ထိုအရာများသည် ၎င်းတို့ပင်ကိုကပင် ကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်သည်ဟု ယုံကြည်ချက်ထားပါက ရှိရ်က်အကြီးစားပင်ဖြစ်သည်။
ရှိရ်က်ဖြစ်စေသောအကြောင်းခံများ၊ ဟရာမ်မပြုပိုင်သောအကြောင်းခံများကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
ရှရီအဟ် တရားတော်က ခွင့်ပြုထားသည့် နည်းလမ်းမှအပ အခြားနည်းလမ်းများဖြင့် မန်းမှုတ်ခြင်းသည် ရှိရ်က်ဖြစ်သောကြောင့် တားမြစ်ထားသည်။
စိတ်နှလုံးသားသည် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြင့်သာ ချိတ်ဆက်ထားရမည်။ ကောင်းကျိုး၊ ဆိုးကျိုးသည် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု အပေါင်းမှ ကင်းစင်းတော်မူသော အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းထံတော်မှဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှ ကောင်းကျိုးပေးနိုင်သလို အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူမျှ ဆိုးကျိုးများကို မဖယ်ရှားပေးနိုင်ပေ။
မန်းမှုတ်ခြင်းသည် အောက်ပါအချက် သုံးချက်ပါရှိပါက ပြုပိုင်သည်။ ၎င်းတို့မှာ - (၁) မန်းမှုတ်ခြင်းသည် အကြောင်းခံသာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့်သာ အကျိုးပေးနိုင်သည်ဟု ယုံကြည်ရမည်။ (၂) ကုရ်အာန်ကျမ်းမြတ်၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်များ၊ ဟဒီးဆ်တော်လာ ဒုအာများ၊ ရှရီအသ်တရားတော်က ခွင့်ပြုထားသော ဒုအာများဖြင့်သာ မန်းမှုတ်ရမည်။ (၃) အဓိပ္ပာယ် သိနားလည်နိုင်သော စာသားများဖြစ်ရမည်။ အင်းကွက်ဆွဲခြင်း၊ မှော်အတတ်ပညာစာသားများ မပါရှိရပါ။
စုနန်အဗူဒါဝူဒ်ကျမ်း (6/ 31) (3883).
စုနန်အိဗ်နုမာဂျဟ်ကျမ်း (4/ 554) (3530).
မွတ်စ်နဒ် အဟ်မဒ်ကျမ်း (6/ 110) (3615).
ထပ်၍ (6)
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص91).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص79).
القول المفيد على كتاب التوحيد.
لابن عثيمين (1/ 180).
Cited in books
4 Booksထပ်၍ (4)
- عقيدة التوحيدعقيدة التوحيد وبيان ما يضادها...«إِنَّ الرُّقَى وَالتَّمَائِمَ وَالتِّوَلَةَ شِرْكٌ»[98].
- كتاب التوحيدكتاب التوحيد للشيخ محمد بن عبد الوهاب((إِنَّ الرُّقَى وَالتَّمَائِمَ وَالتِّوَلَةَ شِرْكٌ))
- مادة العقيدة الإسلامية“إن الرقى والتمائم والتولة شرك”
- مختصر نظـرات حول اضطرابات النفس وعلاجها من منظور شرعي(إن الرقى والتمائم والتولة شرك)