Skip to content

အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင် တစ်ဦးတစ်ယောက်က အသင်တို့၏ စုစည်းညီညွတ်မှုအား ပြိုကွဲစေရန်နှင့် အသင်တို့၏အုပ်စုအား အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပါက သင်တို့သည် ၎င်းသူအား သတ်ဖြတ်ကြလေကုန်။

အရ်ဖဂျဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင် တစ်ဦးတစ်ယောက်က အသင်တို့၏ စုစည်းညီညွတ်မှုအား ပြိုကွဲစေရန်နှင့် အသင်တို့၏အုပ်စုအား အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပါက သင်တို့သည် ၎င်းသူအား သတ်ဖြတ်ကြလေကုန်။

«مَنْ أَتَاكُمْ وَأَمْرُكُمْ جَمِيعٌ عَلَى رَجُلٍ وَاحِدٍ، يُرِيدُ أَنْ يَشُقَّ عَصَاكُمْ، أَوْ يُفَرِّقَ جَمَاعَتَكُمْ، فَاقْتُلُوهُ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တို့သည် အုပ်ချုပ်သူ ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် အုပ်စုတစ်စုတည်းအဖြစ် စုစည်းညီညွတ်သွားပြီးနောက် ထိုခေါင်းဆောင်၏ အာဏာကိုလုယူမည့်သူ သို့မဟုတ် မွတ်စ်လင်မ်တို့အား အုပ်စုများကွဲသွားအောင် ခွဲထုတ်လိုသူတစ်ဦး ရောက်ရှိလာပါက ၎င်း၏ရန်မှကာကွယ်ရန်နှင့် မွတ်စ်လင်မ်တို့၏ အသက်သွေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုသူအား တိုက်ခိုက်ကာ တားဆီးရမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

وأمركم جميع: كلمتكم مجتمعة على إمام واحد، وأنتم يد واحدة.

يشق عصاكم: أصل العصا الاجتماع والائتلاف، والمراد هنا أنه يريد تفريق جماعتكم التي اجتمعت على إمام واحد.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အလ္လာဟ့်အမိန့်ဖီဆန်သည့် ကိစ္စမျိုးမှလွဲ၍ မွတ်စ်လင်မ်တို့အား အုပ်ချုပ်သည့် အာဏာပိုင်များ၏ အမိန့်ကိုနာခံရန် အရေးကြီးသည်။ ၎င်းတို့လက်အောက်မှ ခွဲထွက်ခြင်းကို တားမြစ်ထားသည်။

အကြင်သူသည် မွတ်စ်လင်မ်များအားလုံးတညီတညွတ်တည်း လက်ခံထားသော နိုင်ငံ့ခေါင်းဆောင်အား ပုန်ကန်ခွဲထွက်ပါက ထိုခွဲထွက်သူသည် ဂုဏ်အရှိန်အဝါ၊ မျိုးရိုးအဆင့်အတန်း မည်မျှပင် မြင့်မားသည်ဖြစ်စေ ၎င်းအားတိုက်ခိုက်ရန်တာဝန်ရှိသည်။

စည်းလုံးညီညွတ်ကြရန်နှင့် ခွဲထွက်ခြင်း၊ အကွဲအလွဲဖြစ်ခြင်းတို့ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1480) (1852).

ထပ်၍ (8)

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (8/ 349).

توضيح الأحكام شرح بلوغ المرام.

للبسام (6/ 329).

فتح ذي الجلال والإكرام بشرح بلوغ المرام.

لابن عثيمين (5/ 302).

المفاتيح في شرح المصابيح.

الحسين المُظْهِري (4/ 295).