Skip to content

ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။

«الدُّنْيَا مَتَاعٌ، وَخَيْرُ مَتَاعِ الدُّنْيَا الْمَرْأَةُ الصَّالِحَةُ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ လောကနှင့် လောကရှိအရာများသည် အချိန်အတိုင်းအတာ တစ်ခုအထိ အကျိုးခံစားပြီး ပျောက်ကွယ်သွားမည့် အရာများဖြစ်သည်။ သို့သော် လောက၏အကျိုးခံစားမှုများအနက် အမွန်မြတ်ဆုံးမှာ ဘာသာတရားကိုင်းရှိုင်းသော ဇနီးပင်ဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော ဇနီးဟူသည် အကယ်၍(ခင်ပွန်း)သည်က သူမအားကြည့်လိုက်သည့်အခါ သူ့ကိုပျှော်ရွှင်စေပြီး အမိန့်တစ်ခုခုပေးသည့်အခါ သူ၏အမိန့်ကို နာခံလိုက်နာသည်။ အကယ်၍ ခင်ပွန်းသည် သူမ၏ကွယ်ရာ၌ရှိနေလျှင် သူမသည်မိမိကိုယ်နှင့် ခင်ပွန်း၏ ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အလ္လာဟ်အရှင်မြတ်က မိမိကျွန်များအတွက် ဟလာလ်အဖြစ် သတ်မှတ်ထားသော လောက၏ သန့်ပြန့်ကောင်းမွန်သည့်အရာများကို ဖြုန်းတီးခြင်း၊ မာန်မာနထောင်လွှားခြင်းတို့မပါဘဲ အကျိုးခံစားခွင့်ရှိသည်။

ဘာသာတရားကိုင်းရှိုင်းသော အမျိုးသမီးသည် ခင်ပွန်းသည်အား အလ္လာဟ်အရှင်မြတ်အမိန့်နာခံရာတွင် အထောက်အကူဖြစ်စေသည့်အတွက် ထိုကဲ့သို့သော အမျိုးသမီးမျိုးကို ရွေးချယ်ရန် တိုက်တွန်းထားသည်။

ဒွန္နယာလောက၏ အကောင်းဆုံး စည်းစိမ်သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုနာခံမှုရှိသည့်အရာ သို့မဟုတ် အမိန့်နာခံရန် အထောက်အကူဖြစ်စေသည့် အရာပင်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 1090) (1467).

ထပ်၍ (6)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 365).

كشف المشكل من حديث الصحيحين.

لابن الجوزي (4/ 129).

نزهة المتقين شرح رياض الصالحين.

لمصطفى الخن وغيره (1/ 286).