ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။
ဂျွန်ဒုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မကွယ်လွန်မီငါးရက်အလိုတွင် မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိယလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။ ကောင်းစွာသတိပြုကြလေကုန် အသင်တို့အလျင်ရှိခဲ့ကြသော သူတို့သည် ၎င်းတို့နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ကောင်းစွာသတိပြုကြလေကုန် သင်တို့သည် ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် မပြုလုပ်ကြနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းအား ငါကိုယ်တော် သင်တို့အား တားမြစ်တော်မူသည်။
سمعت النبي صلى الله عليه وسلم قبل أن يموت بخمسٍ وهو يقول: «إني أبرأ إلى الله أن يكون لي منكم خليلٌ، فإن الله تعالى قد اتخذني خليلًا، كما اتخذ إبراهيم خليلًا، ولو كنت متخذًا من أمتي خليلًا لاتخذت أبا بكر خليلًا، ألا وإن من كان قبلكم كانوا يتخذون قبور أنبيائهم وصالحيهم مساجد، ألا فلا تتخذوا القبور مساجد، إني أنهاكم عن ذلك».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင်ရှိသည့် မိမိ၏ အဆင့်အတန်းကို အသိပေးပြောကြားခဲ့သည်။ ထိုအဆင့်သည် အချစ်၏ အဆင့်အတန်းများအနက် အမြင့်ဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်အတန်းအား တမန်တော် အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်) ရခဲ့သည့်အတိုင်း ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတွင်အခြားအချစ်တော်၊ အဆွေတော်ရှိခြင်းကို ငြင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏နှလုံးသားထဲတွင် အရှင်မြတ်၏အချစ်၊ အရှင်မြတ်၏ကြီးကျယ်မှုနှင့် အရှင်မြတ်၏အသိတရားတို့ဖြင့် ပြည့်နှက်နေပြီး အလ္လာဟ်အရှင်မြတ်အပြင် အခြားသူအတွက် နေရာမရှိတော့ပေ။ အကယ်၍ ကိုယ်တော်သည် မိမိအတွက် အဖန်ဆင်းခံများအနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် ထိုသူသည် အဗူဗကရ်ဆွိဒ်ဒီက်(ရဿွိယလ္လာဟုအန်ဟု)သာဖြစ်လိမ့်မည်။ ထို့နောက် ကိုယ်တော်မြတ်သည် အချစ်နှင့်ပတ်သက်၍ ခွင့်ပြုထားသော အတိုင်းအတာကို ကျော်လွန်သည့် လုပ်ရပ်များကို သတိပေးတားမြစ်တော်မူခဲ့သည်။ ထိုလုပ်ရပ်များကို ရဟူဒီ၊ နဆ်ွရာနီတို့က မိမိတို့၏ နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်သင်္ချိုင်းများတွင်ပြုလုပ်ခဲ့ကြပြီး ၎င်းတို့သည် ထိုကဗရ်သင်္ချိုင်းများကို အလ္လာဟ်အရှင်မြတ်အပြင် ခဝပ်ကိုးကွယ်ခြင်းခံရသော ဖက်စပ်ကိုးကွယ်ရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ထိုကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ၊ အိဗာဒသ်ပြုရာ နေရာများ ဆောက်လုပ်ခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအွမ္မသ်နောက်လိုက်များကို ၎င်းတို့ပြုလုပ်သောလုပ်ရပ်များကို မပြုလုပ်ရန် တားမြစ်တော်မူခဲ့သည်။
بخمس: خمس ليال.
إني أبرأ: أمتنع وأنكر.
من كان قبلكم: يعني: اليهود والنصارى.
အဗူဗက်ရ် ဆွိဒ်ဒီက်(ရဿွိယလ္လာဟုအန်ဟု)၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ သူသည် အွမ္မသ်နောက်လိုက်သားများအနက် အမွန်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကွယ်လွန် ဝဖာသ်ဖြစ်ပြီးနောက် လူတို့အနက် ခိလာဖသ်နှင့် အထိုက်တန်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။
ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းသည်ရှေးယခင် အွမ္မသ်သားတို့၏ လမ်းစဉ်များအနက်မှဖြစ်သည်။
ကဗရ်သင်္ချိုင်းများကို ခဝပ်ကိုးကွယ်ရာနေရာများအဖြစ် သတ်မှတ်ပြီး ထိုနေရာများတွင် ဆွလာသ်ဆောက်တည်ခြင်း၊ ၎င်းသင်္ချိုင်းများဘက်သို့လှည့်၍ ဆွလာသ်ဆောက်တည်ခြင်း၊ ၎င်းတို့အပေါ် ဗလီဝတ်ကျောင်းတော်များ၊ (ဂွန်မ်ဗဒ်)အမိုးခုံးများ တည်ဆောက်ခြင်းတို့ကို တားမြစ်ထားသည်။ ဤသို့တားမြစ်ထားခြင်းသည် ထိုကိစ္စရပ်များကို အကြောင်းခံပြီး (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုထဲသို့ ကျရောက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက်ဖြစ်သည်။
ဝလီသူတော်စင်များနှင့် ပတ်သက်၍ အလွန်အကျူး အစွန်းရောက်ခြင်းသည် ‘ရှိရ်က်’ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေသောကြောင့် သတိပေး တားမြစ်ထားသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုလုပ်ရပ်များ၏ ဆိုးကျိုးများအကြောင်းကို မကွယ်လွန်မီ ငါးရက်အလိုတွင် မိန့်ကြားတော်မူခဲ့ကြောင်း အတည်ပြုတင်ပြထားသည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 377) (532).
ထပ်၍ (5)
شرح النووي على مسلم (5/ 13).
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص188).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص172).
Cited in books
16 Booksထပ်၍ (16)
- التوحيد في ضوء عقيدة الإمام الشافعي رحمه الله ونصوصه ومروياته"إني أبرأ إلى الله أن يكون لي منكم خليل؛ فإن الله قد اتخذني خليلا، كما اتخذ إبراهيم خليلا. ولو كنت متخذا من أمتي خليلا لاتخذت أبا بكر خليلا، ألا وإن من كان قبلكم كانوا يتخذون قبور أنبيائهم مساجد، ألا فلا تتخذوا القبور مساجد، فإني أنهاكم عن
- التوحيد في ضوء عقيدة الإمام الشافعي رحمه الله ونصوصه ومروياته"إني أبرأ إلى الله أن يكون لي منكم خليل؛ فإن الله قد اتخذني خليلا، كما اتخذ إبراهيم خليلا. ولو كنت متخذا من أمتي خليلا لاتخذت أبا بكر خليلا، ألا وإن من كان قبلكم كانوا يتخذون قبور أنبيائهم مساجد، ألا فلا تتخذوا القبور مساجد، فإني أنهاكم عن
- حراسة التوحيدالتحذير من بناء المساجد على القبور«إِنِّي أَبْرَأُ إِلَى اللَّهِ أَنْ يَكُونَ لِي مِنْكُمْ خَلِيلٌ، فَإِنَّ اللَّهَ قَدِ اتَّخَذَنِي خَلِيلًا، كَمَا اتَّخَذَ إِبْرَاهِيمَ خَلِيلًا، وَلَوْ كُنْتُ مُتَّخِذًا مِنْ أُمَّتِي خَلِيلًا، لَاتَّخَذْتُ أَبَا بَكْرٍ خَلِيلًا، أَلَا وَ
- حراسة التوحيددفن الموتى في المساجد«أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ؛ فَإِنِّي أَنْهَاكُمْ عَنْ ذَلِكَ».
- شرح الصدور بتحريم رفع القبور«أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا القُبُورَ مَسَاجِدَ، فَإِنِّي أَنْهَاكُمْ عَنْ ذَٰلِكَ»[7].
- عقيدة الأئمة الأربعة«أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ، فَإِنِّي أَنْهَاكُمْ عَنْ ذَلِكَ»
- عقيدة الأئمة الأربعة«أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ، فَإِنِّي أَنْهَاكُمْ عَنْ ذَلِكَ»
- عقيدة التوحيد(ألا وإنَّ من كان قبلكم كانوا يتخذون قبور أنبيائهم مساجد، ألا فلا تتخذوا القبورَ مساجد؛ فإني أنهاكم عن ذلك)
- قاموس الكبائرموسوعة الكبائر - المجموعة الثالثة«أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ، إِنِّي أَنْهَاكُمْ عَنْ ذَلِكَ» [8].
- قاموس الكبائرموسوعة الكبائر - المجموعة الثالثة«أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ، إِنِّي أَنْهَاكُمْ عَنْ ذَلِكَ» [80].
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «سَمِعْتُ النَّبِيَّ ﷺ قَبْلَ أَنْ يَمُوتَ بِخَمْسٍ، وَهُوَ يَقُولُ: «أَلَا، وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ، إِنِّي أَنْهَاكُ
- مجموعة زاد الحديث (1)الحديث 1«إِنِّي أَبْرَأُ إِلَى الله أَنْ يَكُونَ لِي مِنْكُمْ خَلِيلٌ، فَإِنَّ الله تَعَالَى قَدِ اتَّخَذَنِي خَلِيلًا، كَمَا اتَّخَذَ إِبْرَاهِيمَ خَلِيلًا، وَلَوْ كُنْتُ مُتَّخِذًا مِنْ أُمَّتِي خَلِيلًا لَاتَّخَذْتُ أَبَا بَكْرٍ خَلِيلًا، أَلَا
- مجموعة زاد الحديث (1)الحديث 1«يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ»
- مجموعة زاد العقيده (4)العقيدة 4«أَلا وَإِنَّ مَنْ كانَ قَبْلَكُمْ كانُوا يَتَّخِذُونَ قُبُورَ أَنْبِيائِهِمْ وَصالِحِيهِمْ مَساجِدَ، أَلا فَلا تَتَّخِذُوا القُبُورَ مَساجِدَ، إِنِّي أَنْهاكُمْ عَنْ ذَلِكَ».
- موسوعة الإيمان«إِنِّي أَبْرَأُ إِلَى اللهِ أَنْ يَكُونَ لِي مِنْكُمْ خَلِيلٌ، فَإِنَّ الله تَعَالَى قَدِ اتَّخَذَنِي خَلِيلًا، كَمَا اتَّخَذَ إِبْرَاهِيمَ خَلِيلًا».
- موسوعة الإيمان«... أَلَا وَإِنَّ مَنْ كَانَ قَبْلَكُمْ كَانُوا يَتَّخِذُونَ قُبُورَ أَنْبِيَائِهِمْ وَصَالِحِيهِمْ مَسَاجِدَ، أَلَا فَلَا تَتَّخِذُوا الْقُبُورَ مَسَاجِدَ، إِنِّي أَنْهَاكُمْ عَنْ ذَلِكَ».