ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက်
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က မုချထိုအပြစ်သည် ကြီးမားပါသည်ဟု ပြောခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်သားသမီးက သင်နှင့်အတူခွဲဝေ စားသောက်ကြမည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။
سَأَلْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: أَيُّ الذَّنْبِ أَعْظَمُ عِنْدَ اللهِ؟ قَالَ: «أَنْ تَجْعَلَ لِلهِ نِدًّا وَهُوَ خَلَقَكَ» قُلْتُ: إِنَّ ذَلِكَ لَعَظِيمٌ، قُلْتُ: ثُمَّ أَيُّ؟ قَالَ: «وَأَنْ تَقْتُلَ وَلَدَكَ؛ تَخَافُ أَنْ يَطْعَمَ مَعَكَ» قُلْتُ: ثُمَّ أَيُّ؟ قَالَ: «أَنْ تُزَانِيَ حَلِيلَةَ جَارِكَ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြီးဆုံးအပြစ်အကုသိုလ်များနှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခြင်းခံရသည့်အခါ ဖြေကြားတော်မူသည်မှာ အပြစ်များအနက် အကြီးဆုံးမှာ (ရှိရ်က် အက္ကဗရ်) ဖြစ်သည်။ ဤသည် အသင့်အနေဖြင့် အရှင်မြတ်၏ ဖန်ဆင်းမှုတွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်မှု ခံထိုက်ခြင်းတွင်လည်းကောင်း၊ ဂုဏ်တော် နာမတော်များတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ ဂုဏ်ရည်တူ၊ တွဲဖက်၊ ယှဉ်ဖက်ရှိသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။ ထိုပြစ်မှုအပေါ် သောဝ်င်ဗဟ် အမှားဝန်ချတောင်းပန်မှုမပြုပါက အလ္လာဟ်အရှင်မြတ်သည် လုံးဝခွင့်လွှတ်တော်မူမည်မဟုတ်ပေ။ ရှိရ်က် အက္ကဗရ် ကျူးလွန်ထားသူသည် ထိုအခြေ အ နေ၌ပင် သေဆုံးသွားပါက ငရဲမီး၌ ထာဝရနေရမည်ဖြစ်သည်။ ဒုတိယအကြီးဆုံး အပြစ်မှာ သားသမီးက မိမိနှင့်အတူခွဲဝေ စားသောက်မည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်။ ဟရာမ် တားမြစ်ထားသော အသက်တစ်ချောင်းကို သတ်ဖြတ်ခြင်းဖြစ်သော်လည်း အသတ်ခံရသူသည် သတ်လိုက်သူ၏ သားချင်းအရင်းအချာဖြစ်သောကြောင့် ၎င်း၏အပြစ်မှာ ပိုကြီးသွားသည်။ ထို့ပြင် သတ်သူ၏ ရည်ရွယ်ချက်မှာလည်း အသတ်ခံရသူသည် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားသော ရိုဇီရိက္ခာကို မိမိနှင့်အတူ ဝေမျှစားသောက်မည်ကို စိုးရိမ်သည့်အတွက် ဖြစ်သောကြောင့် အပြစ်ပို၍ကြီးသွားသည်။ တတိယအကြီးဆုံး အပြစ်မှာ လူတစ်ဦးအနေဖြင့် မိမိအိမ်နီးချင်း၏ ဇနီးအား (ဇိနာ) ကျူးလွန်ရန်၊ သူမအနေဖြင့် သူ့အားလက်ခံလာစေရန်အတွက် လှည့်ဖျားသိမ်းသွင်းကာ အိမ်နီးချင်း၏ဇနီးနှင့် (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်။ ဇိနာသည် ဟရာမ် ပြစ်မှုဖြစ်သည်။ သို့သော် ဇိနာ ကျူးလွန်ခံရသူမှာသာသနာက ကောင်းကျိုးပြုရန်၊ ကောင်းမွန်စွာ ဆက်ဆံရန် မှာကြားထားသော အိမ်နီးချင်း၏ ဇနီးဖြစ်သည့်အတွက် ၎င်း၏အပြစ်မှာ ပိုကြီးသွားသည်။
......:
ကောင်းမြတ်သည့် လုပ်ရပ်များသည် မွန်မြတ်မှု၌ မတူညီကြသကဲ့သို့ အပြစ်အကုသိုလ်များသည်လည်း ပြစ်မှု၌ အကြီး၊ အသေး ကွဲပြားကြသည်။
အကြီးဆုံးအပြစ်အကုသိုလ်များမှာ- အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်း၊ ထို့နောက် အသင်နှင့်အတူ ဝေမျှစားသောက်မည်ကို စိုးရိမ်၍ သားသမီးကိုသတ်ခြင်း၊ ထို့နောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းတို့ဖြစ်သည်။
ရိုဇီစားနပ်ရိက္ခာသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌သာရှိသည်။ အရှင်မြတ်သည် အဖန်ဆင်းခံအားလုံး၏ စားနပ်ရိက္ခာကို တာဝန်ယူထားတော်မူသည်။
အိမ်နီးချင်း၏ ဝတ္တရားသည် ကြီးမားလှသည်။ သင့်အနေဖြင့် အိမ်နီးချင်းအား ဒုက္ခပေးပါက အခြားသူကို ဒုက္ခပေးခြင်းထက် အပြစ်ပိုကြီးသည်။
ဖန်ဆင်းရှင်တစ်ပါးတည်းကသာ ဖက်စပ်ယှဉ်တွဲမှုမပါဘဲ ခဝပ်ကိုးကွယ်မှုအလုံးစုံကို ခံယူထိုက်တော်မူသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (6/ 18) (4477).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 90) (86).
ထပ်၍ (5)
شرح النووي على مسلم (2/ 79).
فتح ذي الجلال والاكرام بشرح بلوغ المرام.
لابن عثيمين (6/ 288).
توضيح الأحكام من بلوغ المرام.
للبسام (7/ 335).
Cited in books
11 Booksထပ်၍ (11)
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«أَنْ تَجعَلَ لِلَّهِ نِدًّا وَهُوَ خَلَقَكَ»
- الصراط المستقيم(أي الذنب أعظم عند الله؟ قال: «أن تجعل لله نداً وهو خلقك». قلت: إن ذلك لعظيم، قلت: ثم أي؟ قال: «وأن تقتل ولدك تخاف أن يطعم معك». قلت: ثم أي؟ قال: «أن تزاني حليلة جارك).[58]
- حراسة التوحيدإقامة البراهين على حكم من استغاث بغير الله«أَنْ تَجْعَلَ لِلهِ نِدًّا وَهُوَ خَلَقَكَ».
- عقيدة الأئمة الأربعة«أَنْ تَجْعَلَ لِلَّهِ نِدًّا وَهُوَ خَلَقَكَ»
- قاموس الكبائر موسوعة الكبائر - المجموعة الأولىسَأَلْتُ النَّبِيَّ ﷺ: أَيُّ الذَّنْبِ أَعْظَمُ عِندَ اللَّهِ؟ قَالَ: «أَنْ تَجْعَلَ لِلهِ نِدًّا وَهُوَ خَلَقَكَ» [22].
- قاموس الكبائر موسوعة الكبائر - المجموعة الأولىسَألْتُ النَّبِيَّ ﷺ: أَيُّ الذَّنْبِ أَعْظَمُ عِنْدَ اللَّهِ؟ قَالَ: «أَنْ تَجْعَلَ لِلَّهِ نِدًّا وَهُوَ خَلَقَكَ»، قُلْتُ: إِنَّ ذَلِكَ لَعَظِيمٌ، قُلْتُ: ثُمَّ أَيُّ؟ قَالَ: «وَأَنْ تَقْتُلَ وَلَدَكَ تَخَافَ أَنْ يَطْعَمَ مَعَكَ»، قُلْت
- قاموس الكبائرسَأَلْتُ النَّبِيَّ ﷺ: أَيُّ الذَّنْبِ أَعْظَمُ عِندَ اللَّهِ؟ قَالَ: «أَنْ تَجْعَلَ لِلهِ نِدًّا وَهُوَ خَلَقَكَ» [22].
- قاموس الكبائرسَألْتُ النَّبِيَّ ﷺ: أَيُّ الذَّنْبِ أَعْظَمُ عِنْدَ اللَّهِ؟ قَالَ: «أَنْ تَجْعَلَ لِلَّهِ نِدًّا وَهُوَ خَلَقَكَ»، قُلْتُ: إِنَّ ذَلِكَ لَعَظِيمٌ، قُلْتُ: ثُمَّ أَيُّ؟ قَالَ: «وَأَنْ تَقْتُلَ وَلَدَكَ تَخَافَ أَنْ يَطْعَمَ مَعَكَ»، قُلْت
- مجموعة زاد الحديث(3)1«أَنْ تَجْعَلَ لِلَّهِ نِدًّا وَهُوَ خَلَقَكَ»، قُلْتُ: إِنَّ ذَلِكَ لَعَظِيمٌ، قُلْتُ: ثُمَّ أَيُّ؟ قَالَ: «ثُمَّ أَنْ تَقْتُلَ وَلَدَكَ تَخَافُ أَنْ يَطْعَمَ مَعَكَ»، قُلْتُ: ثُمَّ أَيُّ؟ قَالَ: «ثُمَّ أَنْ تُزَانِيَ بِحَلِيلَةِ جَارِكَ»
- مشروع منهاج زادكزادك 2 طالب نهائي«أَنْ تُزَانِيَ حَلِيلَةَ جَارِكَ»
- نبراس طالب (5)1«أَنْ تَجْعَلَ للهِ نِدًّا وَهُوَ خَلَقَكَ». قُلتُ: ثُمَّ أيٌّ؟ قال: «أنْ تَقْتُلَ وَلَدَكَ مِنْ أجْلِ أنْ يَطْعَمَ مَعَكَ». قُلتُ: ثُمَّ أيٌّ؟ قال: «أنْ تُزَانِيَ حَلِيلَةَ جَارِكَ»