Skip to content

အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။

အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် အီသီယိုးပီးယားနိုင်ငံတွင် သူမ မြင်တွေ့ခဲ့သည့် ‘မာရီယာ’ဟုခေါ်သော နဆွ်ရာနီ ဘုရားကျောင်းအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား တင်ပြခဲ့သည်။ ထို့ပြင် ထိုကျောင်းထဲ၌ သူမ မြင်တွေ့ခဲ့ရသည့် ရုပ်ပုံများအကြောင်းကိုလည်း ကိုယ်တော့်အား တင်ပြခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကို ကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။

أَنَّ أُمَّ سَلَمَةَ ذَكَرَتْ لِرَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَنِيسَةً رَأَتْهَا بِأَرْضِ الْحَبَشَةِ، يُقَالُ لَهَا مَارِيَةُ، فَذَكَرَتْ لَهُ مَا رَأَتْ فِيهَا مِنَ الصُّوَرِ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أُولَئِكَ قَوْمٌ إِذَا مَاتَ فِيهِمُ الْعَبْدُ الصَّالِحُ، أَوِ الرَّجُلُ الصَّالِحُ، بَنَوْا عَلَى قَبْرِهِ مَسْجِدًا، وَصَوَّرُوا فِيهِ تِلْكَ الصُّوَرَ، أُولَئِكَ شِرَارُ الْخَلْقِ عِنْدَ اللهِ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

မုအ်မင်န်တို့၏ မိခင်ကြီး အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် သူမ အီသီယိုးပီးယားနိုင်ငံတွင် ရှိနေစဉ် ရုပ်ပုံများ၊ အလှတန်ဆာများ၊ ပုံများပါရှိသော ‘မာရီယာ’ဟုခေါ်သော နဆွ်ရာနီ ဘုရားကျောင်းတစ်ခုကို မြင်တွေ့ခဲ့ပြီး အံဩခဲ့ရကြောင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ပြောပြခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသို့ရုပ်ပုံများထားသည့် အကြောင်းအရင်းကို ရှင်းပြတော်မူသည်မှာ အသင်မပြောပြခဲ့သော သူများသည် ၎င်းတို့ထဲမှ သူတော်စဥ်တစ်ဦး ကွယ်လွန်သွားလျှင် ထိုသူ၏ ကဗရ်သင်္ချိုင်း၌ မတ်စ်ဂျစ်ဒ် ဝတ်ကျောင်းတော်ဆောက်လုပ်ကြကာ ဆွလာသ်ဝတ်ပြုကြပြီး ထိုကဲ့သို့ရုပ်ပုံများကို ရေးဆွဲခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က ထိုလုပ်ရပ်သည် ‘ရှိရ်က်’ ယှဉ်တွဲကိုးကွယ်မှုသို့ ရောက်ရှိစေသည့်အတွက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

‘ရှိရ်က်’ဖြစ်စေသည့် အကြောင်းခံများကို တားမြစ်သည့်အနေဖြင့် ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်း သို့မဟုတ် ကဗရ်သင်္ချိုင်းများ၌ ဆွလာသ်ဝတ်ပြုခြင်း သို့မဟုတ် သေသူကို ဗလီဝတ်ကျောင်းတော်များတွင် ဒဖန်ပြုမြှုပ်နှံခြင်းတို့ကို တားမြစ်ထားသည်။

ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်း၊ ဗလီထဲ၌ ရုပ်ပုံများ၊ ရုပ်ထုများ စိုက်ထူခြင်းသည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လုပ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဤလုပ်ရပ်မျိုး ပြုလုပ်သူသည် ယဟူဒီ၊ နဆ်ွရာနီတို့နှင့် အတူတူပင်ဖြစ်သည်။

သက်ရှိများ၏ ရုပ်ပုံ၊ဓာတ်ပုံများ ပြုလုပ်ခြင်းကို တားမြစ်ထားသည်။

ကဗရ်သင်္ချိုင်းပေါ်တွင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်သူ၊ ကဗရ်၌ ရုပ်ပုံများ၊ဓာတ်ပုံများ ထားသူသည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူပင်ဖြစ်သည်။

ရှရီအဟ် တရားတော်သည် ‘ရှိရ်က်’ ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ရောက်ရှိစေသည့် အကြောင်းခံအားလုံးကို ပိတ်ပင်ခြင်းဖြင့် သောင်ဝ်ဟီးဒ်တရားကို အပြည့်အဝ ကာကွယ်ထားသည်။

သူတော်စင်များနှင့် ပတ်သက်၍ အစွန်းရောက်ခြင်းသည် ‘ရှိရ်က်’ ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေသည့် အကြောင်းခံဖြစ်သောကြောင့် တားမြစ်ထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 94) (434).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 375) (528).

ထပ်၍ (14)

مرقاة المفاتيح.

لعلي القاري (7/ 2857).

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (2/ 115).

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (1/ 598).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (2/ 469).

تيسير العلام شرح عمدة الأحكام.

لعبد الله البسام (ص290).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص183).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص168).