Skip to content

မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။

ခေါင်လဟ် ဗင်န်သိ ဟကီးမ် အတ်စ်စုလမိယ္ယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်မသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိရသည်မှာ -

မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။

«مَنْ نَزَلَ مَنْزِلًا ثُمَّ قَالَ: أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ، لَمْ يَضُرَّهُ شَيْءٌ حَتَّى يَرْتَحِلَ مِنْ مَنْزِلِهِ ذَلِكَ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအွမ္မသ်သားများအား လမ်းခရီးတွင်လည်းကောင်း၊ အပန်းဖြေရာတွင်လည်းကောင်း၊ အခြားကိစ္စတစ်စုံတစ်ရာကြောင့်လည်းကောင်း နေရာတစ်ခုတွင် စခန်းချရပ်နားသည့်အခါ လူတို့ကြောက်ရွံ့သော မကောင်းသည့် အရာတိုင်းမှ ကင်းဝေးစေရန်အတွက် အကျိုးရှိသော ခိုလှုံမှုတောင်းခံခြင်းကို သင်ကြားပေးတော်မူသည်။ ၎င်းမှာ အလွန်မွန်မြတ်လှသော၊ ဗရ်ကသ်မင်္ဂ‌လာများ၊ ကောင်းကျိုးများနှင့်ပြည့်စုံလှသော၊ ချို့ယွင်းချက် အားနည်းချက်တို့မှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော်များဖြင့် အဖန်ဆင်းခံတိုင်း၏ ဘေးအန္တရာယ်များမှ ခိုလှုံခွင့်ရယူခြင်းဖြစ်သည်။ ဤသို့ဖြင့် ထိုသူသည် ထိုစခန်းချသည့်နေရာတွင် ရှိနေသမျှကာလပတ်လုံး ဒုက္ခဆိုးကျိုးပေးနိုင်မည့်အရာအားလုံးမှ လုံခြုံမှုရရှိသွားမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ခိုလှုံခွင့်တောင်းခံခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များဖြင့်သာ ခိုလှုံမှုတောင်းခံရမည်။

အလ္လာဟ်အရှင်မြတ်၏(ကလာမ်) မုက္ခပါဌ်တော်သည် အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များအနက်မှ ဂုဏ်‌တော်တစ်မျိုးဖြစ်သည့်အတွက် အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြင့် ခိုလှုံမှုတောင်းခံခွင့်ရှိ‌၏။ အဖန်ဆင်းခံဖြင့် ခိုလှုံမှုတောင်းခံခြင်းသည် ရှိရ်က်ဖြစ်သည်။

ဤတောင်းဆုတော်၏ မွန်မြတ်မှုနှင့် ဗရ်ကသ်မင်္ဂလာကို ဖော်ပြထားသည်။

ဇိက်ရ်တော်များဖြင့် အကာအကွယ်ယူခြင်းသည် လူသားအတွက် ဘေးအန္တရာယ်များမှ အကာအကွယ်ရရန် အကြောင်းခံတစ်ခုဖြစ်သည်။

အလ္လာဟ်အရှင်မြတ်မှအပ ဂျင်န်များ၊ ဂျာဒူပယောဂဆရာများ၊ လူလိမ်များနှင့် အခြားအဖန်ဆင်းခံများထံတွင် ခိုလုံမှုတောင်းခံခြင်းကို ပယ်ဖျက်ထားသည်။

မိမိအရပ်ဒေသတွင်ဖြစ်စေ သို့မဟုတ် ခရီးတွင်ဖြစ်စေ တစ်နေရာရာ၌ ရပ်နားသည့်အခါ ဤဒုအာကို တောင်းခံရန် တရားတော်က သတ်မှတ်ထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2080) (2708).

ထပ်၍ (9)

مجموع الفتاوى (6/ 230).

القول المفيد على كتاب التوحيد.

لابن عثيمين (1/ 253).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص111).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص122).

معجم اللغة العربية المعاصرة.

لأحمد مختار (2/ 869).