Skip to content

အစွန်းရောက်သူများ ပျက်စီးပါစေ

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က

အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။

«هلك المُتَنَطِّعُون» قالها ثلاثًا.

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

အသိပညာနှင့် လမ်းမှန်တရားပေါ်တွင်မရှိဘဲ အစွန်းရောက်သူများသည် ၎င်းတို့၏ စကားများ၊ လုပ်ရပ်များ၊ လောကီရေး၊ သာသနာရေးကိစ္စတို့တွင်ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းနှင့် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ယူဆောင်လာသော ရှရီအဟ်တရားတော်၏ ကန့်သတ်ချက်များကို ချိုးဖေါက်သူများသည်လည်း ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

....:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မည်သည့်ကိစ္စတွင်မဆို အစွန်းရောက်ခြင်း၊ အတိုင်းထက်အလွန်ပြုခြင်းတို့ကို တားမြစ်ထားပြီး ကိစ္စတိုင်းတွင် ထိုလုပ်ရပ်မျိုးမှ ရှောင်ကြဥ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။ အထူးသဖြင့် ခဝပ်ကိုးကွယ်မှုများနှင့် သူတော်စင် သူတော်ကောင်းတို့အား ကြည်ညိုရာတွင် အစွန်းရောက်ခြင်းမှ ရှောင်ကြဉ်ရမည်။

ခဝပ်ကိုးကွယ်မှုတွင်ဖြစ်‌စေ၊ အခြားကဏ္ဍများတွင်ဖြစ်စေ ‌ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ခြင်းသည် ချီးမွမ်းထိုက်သည့် ကိစ္စဖြစ်သည်။ ထိုသို့ပြည့်စုံမှုသည် ရှရိအဟ်တရားတော်နှင့် ကိုက်ညီမှသာ ရရှိနိုင်မည်ဖြစ်သည်။

အရေးကြီးသော ကိစ္စရပ်အား တိကျသေချာအောင်ပြုခြင်းသည် (မွတ်စ်သဟဗ်) ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အထက်ပါစကားအား သုံးကြိမ်မိန့်ကြားတော်မူခဲ့သည်။

အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်ကြောင်း ဖော်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2055) (2670).

ထပ်၍ (4)

الجديد في شرح كتاب التوحيد.

للقرعاوي (ص180).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص167).