သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သောကြာနေ့ အိမာမ် ခွသ်ဗဟ် မိန့်ခွန်းပြောနေစဉ် သင့်နံဘေးတွင် ရှိသောသူကို ဆိတ်ဆိတ်နေပါဟု အသင်ပြောဆိုလျှင် အမှန်တကယ် အသင်သည် အချည်းနှီးကိစ္စတစ်ခုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။
«إذا قُلْتَ لِصَاحِبِكَ: أَنْصِتْ، يومَ الجمعةِ، والْإِمامُ يَخْطُبُ، فَقَدْ لَغَوْتَ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သောကြာနေ့ ခွသ်ဗဟ်ကို နားထာင်ရန် လာရောက်ကြသူများ လိုက်နာရန်အရေးကြီးသည့် စည်းကမ်းကို ရှင်းပြတော်မူခဲ့သည်။ ၎င်းမှာ တရားစကားများကို စဥ်းစားဆင်ခြင်နိုင်ရန်အတွက် တရားဟောကြားသူ၏ ခွသ်ဗဟ်ကို တိတ်ဆိတ်စွာ နားထောင်ရမည်ဖြစ်သည်။ အကြင်သူသည် အိမာမ် ခွသ်ဗဟ် မိန့်ကြားနေစဉ် စကားအနည်းအကျဉ်းမျှပင်ဖြစ်စေ ဥပမာ- မိမိနံဘေးတွင်ရှိသူကို “ဆိတ်ဆိတ်နေပါ” “ခွသ်ဗဟ် နားထောင်ပါ“ ဟူသည့်စကားမျိုးကိုပင်ဖြစ်စေ ပြောဆိုလိုက်ပါက ဂျုမုအဟ် ဆွလာသ်၏ ထွတ်မြတ်မှုမှ လက်မဲ့ဖြစ်သွားမည်ဖြစ်သည်။
أَنْصِتْ: اسكت عن الكلام.
لَغَوْتَ: لغا أتى بقول ساقط، ليس فيه فائدة.
ခွသ်ဗဟ်နားထောင်နေစဉ် မကောင်းမှုမှတားမြစ်ခြင်း၊ စလာမ်တုန့်ပြန်ခြင်း၊ နှာချေသူအား အဖြေပေးခြင်းအပါအဝင် စကားပြောဆိုခြင်းအားလုံးကို တားမြစ်ထားသည်။
ထိုတားမြစ်ချက်၌ အိမာမ်ကို စကားပြာသူ သို့မဟုတ် အိမာမ်က စကားပြောသူ မပါဝင်ပါ။
လိုအပ်ပါက ခွသ်ဗဟ်နှစ်ခုကြား၌ စကားပြောခွင့်ရှိသည်။
အိမာမ်က ခွသ်ဗဟ်ဟောကြားနေစဉ် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမည်ပါလာလျှင် တီးတိုးစွာ ဆွလာသ်မေတ္တာပို့သပါ။ ထိုအတိုင်းပင် ဒုအာအတွက် အာမီးန်ဆိုရာတွင်လည်း တီးတိုးစွာဆိုရမည်။
ဆွဟီးဟ် ဗုခါရီကျမ်း (2/ 13) (934).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 583) (851).
ထပ်၍ (10)
تيسير العلام شرح عمدة الأحكام.
للبسام (ص244).
تنبيه الأفهام.
للعثيمين (2/ 307).
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (1/ 195).
فتح الباري.
لابن حجر (2/ 409).
تاج العروس من جواهر القاموس.
لمحمّد الحسيني الزَّبيدي (39/ 463).