ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။
အုမရ်ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုသို့ကျိန်ဆိုခြင်းအား တားမြစ်လိုက်သည်ကို ကျွန်ုပ်ကြားလိုက်သည့်အချိန်မှစ၍ သိလျက်နှင့်ဖြစ်စေ၊ အခြားသူ၏ ကျိန်ဆိုမှုကို တစ်ဆင့်တင်ပြသည့် အနေဖြင့်ဖြစ်စေ၊ ကျွန်ုပ်သည် ဘိုးဘွားများနှင့်ကျိန်ဆိုခြင်း မပြုတော့ပါ။
«إِنَّ اللهَ عَزَّ وَجَلَّ يَنْهَاكُمْ أَنْ تَحْلِفُوا بِآبَائِكُمْ»، قَالَ عُمَرُ: فَوَاللهِ مَا حَلَفْتُ بِهَا مُنْذُ سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ نَهَى عَنْهَا ذَاكِرًا وَلَا آثِرًا.
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဧကန်မုချ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိ၏ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်တော်မူထားသည်။ ထို့ကြောင့် မည်သူမဆို ကျိန်ဆိုလိုလျှင် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍သာ ကျိန်ဆိုရမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုခြင်းမပြုရပါ။ ထို့နောက် အုမရ်ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသို့ကျိန်ဆိုခြင်းကိုတားမြစ်လိုက်ကြောင်း ကြားသိသည့်အချိန်မှစ၍ မိမိကိုယ်တိုင် ကျိန်ဆိုခြင်းမရှိသလို အခြားသူက အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုထားသည်ကို တစ်ဆင့် ပြန်လည်ပြောပြခြင်းလည်း မပြုတော့ပေ။
ذاكِرًا: عامِدًا.
آثِرًا: حاكِيًا عن غَيْرِي أنَّه حَلَفَ بها.
အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုခြင်းကို တားမြစ်ထားသည်။ ဟဒီးဆ်တော်တွင် ဘိုးဘွားများဖြင့် ကျိန်ဆိုမှုကို သီးသန့်တင်ပြထားခြင်းမှာ ထိုလုပ်ရပ်သည် အစ္စလာမ့်မတိုင်မီ အမိုက်ခေတ်၏ ဓလေ့ဖြစ်သောကြောင့် ဖြစ်သည်။
‘ဟလဖ်’ ဟူသည် ကိစ္စရပ်တစ်ခုခုကို လေးနက်စေရန်အတွက် အလ္လာဟ်အရှင်မြတ်ကိုဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်များကိုဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များကိုဖြစ်စေ တိုင်တည်၍ ကျိန်ဆိုခြင်းဖြစ်သည်။
အုမရ် (ရဿွိယလ္လာဟုအန်ဟု)သည် အမိန့်တော်ကို ချက်ချင်းလိုက်နာမှုရှိခြင်း၊ ကောင်းစွာနားလည်သဘောပါက်ခြင်း၊ အပြစ်ရှောင်ကြဥ်ခြင်း စသည်ဖြင့် သူ၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (8/ 132) (6647).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1266) (1646).
ထပ်၍ (4)
تيسير العلام شرح عمدة الأحكام.
للبسام (ص684).
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (2/ 134).