နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။
အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။
«لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ؛ فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိနှင့် ပတ်သက်၍ နဆ်ွရာနီ (ခရစ်ယာန်)တို့က မရ်ယမ်၏သားတော် (အီစာ) (အလိုင်းဟိစ္စလာမ်)အား ပြုခဲ့ကြသည့်အတိုင်း ရှရီအဟ်တရားတော်၏ ဘောင်ကိုကျော်ကာ အတိုင်းထက်အလွန်ချီးမွမ်းခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များ၊ အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် လုပ်ဆောင်ချက်များဖြင့် ဂုဏ်ပေးခြင်း၊ အကွယ်ကိုသိသည်ဟု ယုံကြည်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့်အတူ ယှဉ်တွဲ၍ ဒုအာဆုတောင်းခြင်းများ မပြုလုပ်ကြရန် တားမြစ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က မိမိသည် အလ္လာဟ်အရှင်မြတ်၏ကျွန်များအနက်မှ ကျွန်တစ်ဦးဖြစ်ကြောင်း ရှင်းပြတော်မူပြီး ကျွန်တော်တို့အနေဖြင့် ကိုယ်တော့်အား အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဟူ၍သာ ပြောဆိုကြရန် အမိန်ပေးတော်မူခဲ့သည်။
...:
ရှရီအဟ်တရားတော်ဘောင်ကိုကျော်ကာ အတိုင်းထက်အလွန် ချီးမွမ်းခြင်း၊ ကြည်ညိုလေးစားခြင်းများမပြုရန် သတိပေးတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှု သို့ရောက်ရှိစေသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သတိပေးတားမြစ်ခဲ့သည့်ကိစ္စသည် ဤအွမ္မသ်၌ ပေါ်ပေါက်လာသည်။ အုပ်စုတစ်စုသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် ပတ်သက်၍ အစွန်းရောက်ခဲ့ကြပြီး အချို့အုပ်စုသည် ‘အဟ်လွလ်ဗိုင်းသ်’ ကိုယ်တော်၏ အိမ်တော်သူအိမ်တော်သားများနှင့်ပတ်သက်၍ အစွန်းရောက်ခဲ့ကြသည်။ အချို့အုပ်စုသည် ဝလီသူတော်စင်များနှင့်ပတ်သက်၍ အစွန်းရောက်ခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့အားလုံးသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှုသို့ ကျရောက်ခဲ့ကြသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိသည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံ ကျေးကျွန်တစ်ဦးဖြစ်သည့်အတွက် ဖန်ဆင်းရှင်နှင့်သာသက်ဆိုင်သည့် မည်သည့်အရာကိုမျှ မိမိအတွက် သုံးစွဲပိုင်ခွင့်မရှိကြောင်း ရှင်းပြရန်အလို့ငှာ မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ်၏ကျွန်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း ပြောကြားခြင်းမှာ မိမိသည် အလ္လာဟ်အရှင်မြတ်စေလွှတ်သည့် ရစူလ်တမန်တော်တစ်ပါးဖြစ်သည့်အတွက် မိမိအားထောက်ခံရန်နှင့် နောက်လိုက်မှုပြုရန် အရေးကြီးကြောင်း ရှင်းပြရန်အတွက်ဖြစ်သည်။
ဆွဟီးဟ် ဗုခါရီကျမ်း (4/ 167) (3445).
ထပ်၍ (6)
عمدة القاري شرح صحيح البخاري.
محمود بن أحمد بدر الدين العيني (16/ 37).
فتح الباري.
لابن حجر (6/ 490).
منار القاري شرح مختصر صحيح البخاري.
حمزة محمد قاسم (4/ 208).
Cited in books
4 Booksထပ်၍ (4)
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1«كما أطْرتْ النّصارى ابْن مرْيم»
- موسوعة الأسئلة (المجموعة الأولى)«لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ»
- نبراس طالب (1)1«لاَ تُطْرُونِي([1]) كَمَا أَطْرَتْ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ الله وَرَسُولُهُ»
- نبراس طالب (4)1«لَا تُطْرُونِي كَمَا أَطْرَتِ النَّصَارَى ابْنَ مَرْيَمَ، فَإِنَّمَا أَنَا عَبْدُهُ، فَقُولُوا: عَبْدُ اللهِ وَرَسُولُهُ»