Skip to content

ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။

ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။

«كُلُّ مَعْرُوفٍ صَدَقَةٌ».

အိမာမ်ဗုခါရီသည် ဤဟဒီးစ်အား ဂျာဗိရ်ထံမှ ဆင့်ပြန်ခဲ့ပြီး အိမာမ်မွတ်စ်လင်မ်သည် ယင်းဟဒီးစ်အား ဟုဇိုင်ဖဟ်ထံမှ ဆင့်ပြန်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ စကားနှင့်ဖြစ်စေ၊ လုပ်ရပ်နှင့်ဖြစ်စေ သူတစ်ပါးကို အကျိုးပြုမှုတိုင်းသည် ဆွဒကဟ် အလှူဒါနဖြစ်ပြီး အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

معروف : المعروف اسم جامع لكل ما فيه نفع للآخرين من قول أو فعل.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဆွဒကဟ် အလှူဒါနဟူသည် လူသားတို့လှူဒါန်းလိုက်သည့် ဥစ္စာပစ္စည်းကိုသာ ခေါ်ဆိုခြင်းမဟုတ်။ အခြားသူများအပေါ် လူသားတို့ပြုလုပ်လိုက်သော ကောင်းမြတ်သည့် လုပ်ရပ်နှင့် အပြောအဆိုတိုင်းသည် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။

ဟဒီးဆ်တော်၌ ကောင်းမှုကို အစွမ်းကုန်ကြိုးစားပြုလုပ်ရန်နှင့် အခြားသူများအတွက် အကျိုးရှိသောအရာတိုင်းကို ပြုလုပ်ရန် တိုက်တွန်းထားသည်။

နည်းပါးသည်ဖြစ်‌စေ မည်သည့်ကောင်းမှုကုသိုလ်ကိုမျှ အထင်မသေးရပါ။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (8/ 11) (6021).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 697) (1005).

ထပ်၍ (4)

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 117).

توضيح الأحكام من بلوغ المرام.

للبسام (7/ 341).