Skip to content

«အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။»

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ဤအိမ်တော်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်မကြားခဲ့သည်။

«အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။»

«اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့၏ အရေးကိစ္စများကို တာဝန်ယူထားသူများနှင့်ပတ်သက်၍ ၎င်းတို့၏ တာဝန်ယူမှုသည် သေးငယ်သည့်ကိစ္စဖြစ်စေ၊ ကြီးကျယ်သည့်ကိစ္စဖြစ်စေ၊ အများနှင့်သက်ဆိုင်သည်ဖြစ်စေ၊ သီးသန့်ကဏ္ဍတစ်ခုနှင့်သက်ဆိုင်သည်ဖြစ်စေ တာဝန်ယူပြီးနောက် လူတို့အပေါ် ခက်ခဲအောင်လုပ်ပြီး နူးညံ့သိမ်မွေ့မှုမရှိသူတို့အား အလ္လာဟ်အရှင်မြတ်က ၎င်းတို့၏လုပ်ရပ်အတိုင်း ပြန်လည်အစားပေးပြီး ၎င်းတို့အပေါ် ခက်ခဲစေရန်အတွက် မကောင်းဆုတောင်းခဲ့သည်။ ထို့အတူ လူတို့အပေါ် နူးညံ့သိမ်မွေ့ပြီး ၎င်းတို့၏ အရေးကိစ္စများကို လွယ်ကူအောင်ပြုပေးသူအား အလ္လာဟ်အရှင်မြတ်က သနားကြင်နာတော်မူပြီး သူ၏ကိစ္စအဝဝကို လွယ်ကူမှုပေးရန် ဒုအာပြုပေးတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မွတ်စ်လင်မ်တို့၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားသူသည် ၎င်းတို့နှင့်ပတ်သက်၍ တတ်နိုင်သမျှ လွယ်ကူအောင်လုပ်ပေးရမည်။

လုပ်ရပ်အမျိုးအစားပေါ်မူတည်၍ အကျိုးရလဒ်ရရှိမည်။

နူးညံ့ခြင်း သို့မဟုတ် ကြမ်းတမ်းခြင်းအား တိုင်းတာသည့် စံနှုံးသည် ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်အား ဆန့်ကျင်မှုမရှိရပါ။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1458) (1828).

ထပ်၍ (6)

فتح ذي الجلال والاكرام بشرح بلوغ المرام.

لابن عثيمين (6/ 367).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 224).

توضيح الأحكام من بلوغ المرام.

للبسام (7/ 419).