ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။
ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။
كُنَّا عِنْدَ عُمَرَ فَقَالَ: «نُهِينَا عَنِ التَّكَلُّفِ».
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိတို့အား စကားဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ မလိုအပ်ဘဲ ခက်ခဲအောင်ပြုခြင်းမှတားမြစ်တော်မူခဲ့သည်။
...:
တားမြစ်ထားသော ဟန်ဆောင်မှုပြုခြင်းမှာ - အမေးအမြန်းထူခြင်း၊ မိမိ မသိသည့်အရာကို သိချင်ယောင်ဆောင်ခြင်း၊ အလ္လာဟ်အရှင်မြတ်က လွယ်ကူမှုပေးထားသောကိစ္စရပ်ကို ခက်ခဲအောင်လုပ်ခြင်း စသည်တို့ဖြစ်သည်။
မွတ်စ်လင်မ်သည် အပြောအဆို၌ဖြစ်စေ၊ လုပ်ရပ်၌ဖြစ်စေ၊ စားခြင်း၊ သောက်ခြင်း၊ စကားပြောခြင်းနှင့် အခြေအနေအရပ်အရပ်တွင် ဟန်ဆောင်မှု ၊ခက်ခဲမှုမပါဘဲ လွယ်ကူမှုကို ဖန်တီးပေးတတ်သော အကျင့်မျိုးကို မွေးသင့်သည်။
အစ္စလာမ်သာသနာသည် လွယ်ကူသော သာသနာဖြစ်သည်။
ဆွဟီးဟ် ဗုခါရီကျမ်း (9/ 95) (7293).
ထပ်၍ (10)
نزهة المتقين.
لمصطفى الخن وغيره (2/ 1136).
شرح رياض الصالحين.
لابن عثيمين (6/ 391).
فتح الباري شرح صحيح البخاري.
لابن حجر (13/ 270).
النهاية في غريب الحديث والأثر.
لابن الأثير (4/ 196).
تطريز رياض الصالحين.
لفيصل آل مبارك (ص930).