အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။
«تَعَاهَدُوا هَذَا الْقُرْآنَ، فَوَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ لَهُوَ أَشَدُّ تَفَلُّتًا مِنَ الْإِبِلِ فِي عُقُلِهَا».
ကုရ်အာန်ကျမ်းမြတ်ကို မိမိစိတ်နှလုံးသားထဲတွင် အလွတ်ကျက်မှတ်ပြီးနောက် ပြန်လည်မမေ့လျော့စေရန်အတွက် စွဲစွဲမြဲမြဲ ရွတ်ဖတ်နေရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအချက်ကို ပို၍လေးနက်စေရန် ကျိန်ဆိုတော်မူကာ ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက်ပင် ကုရ်အာန်ကျမ်းမြတ်သည် ပို၍လျင်မြန်စွာ မေ့လျော့သွားတတ်ကြောင်း မိန့်ကြားခဲ့သည်။ ကြိုးဟူသည် ကုလားအုတ်၏ အရှေ့ခြေဒူခေါင်းနားတွင် ချည်နှောင်ထားသည့် ကြိုးကိုဆိုလိုသည်။ လူတစ်ဦးအနေဖြင့် ထိုကြိုးကို ချည်ထားပါက ကုလားအုတ်သည်ရှိနေမည်ဖြစ်ပြီး ဖြည်ထားလိုက်ပါက ထွက်သွားကာ ပျောက်ဆုံးသွားမည်ဖြစ်သည်။
ကုရ်အာန်ကျမ်းမြတ်ကို အာဂုံဆောင်ထားသူသည် ကုရ်အာန်ကျမ်းမြတ်အား အမြဲတစေ ကြိမ်ဖန်များစွာ ဖတ်ရွတ်နေလျှင် ကျက်မှတ်ထားသမျှသည် ၎င်း၏ နှလုံးသားထဲ၌ ကျန်ရှိနေမည်ဖြစ်သည်။ သို့မဟုတ်ပါက မေ့လျော့သွားမည်ဖြစ်သည်။
ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူးများအနက် အချို့မှာ- ‘ဆဝါဗ်’ ကုသိုလ်ရရှိခြင်း၊ ကိယာမသ်နေ့တွင် အဆင့်အတန်းမြင့်မားခြင်း စသည်တို့ဖြစ်သည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 545) (791).
ထပ်၍ (7)
بهجة الناظرين شرح رياض الصالحين.
تأليف سليم الهلالي (2/ 231).
رياض الصالحين من كلام سيد المرسلين (ص299) (1002).
شرح رياض الصالحين.
للشيخ محمد بن صالح العثيمين (4/ 657).
كنوز رياض الصالحين.
لمجموعة من الباحثين (13/ 5).