Skip to content

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။

အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)

«إِنَّ اللهَ لَيُمْلِي لِلظَّالِمِ، حَتَّى إِذَا أَخَذَهُ لَمْ يُفْلِتْهُ» قَالَ: ثُمَّ قَرَأَ: «{وَكَذَلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَى وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ}[هود: 102]»

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပြစ်ကျူးလွန်ကာ မတရားမှုပြုသူ၊ ရှိရ်က် ဖက်စပ်ကိုးကွယ်မှုပြုသူ၊ လူတို့၏အခွင့်အရေးများကို မတရားပြုနေသူတို့ကို သတိပေးတားမြစ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ထားပြီး သူ၏သက်တမ်း ရှည်လျားအောင်ထားကာ ဥစ္စာပစ္စည်းပေါများစွာ ပေးထားပြီး ချက်ချင်းအရေးမယူဘဲ ထားတော်မူသည်။ ၎င်းအနေဖြင့် နောင်တရကာ သောင်ဗဟ်အမှား ဝန်ချတောင်းပန်မှုမပြုပါက ဖမ်းဆီးအရေးယူတော်မူမည်ဖြစ်ပြီး သူ၏များပြားလှသည့် မတရားမှုများကြောင့် လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အသိဉာဏ်ရှိသူသည် သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုကို ချက်ချင်းပြုလုပ်ရန် တာဝန်ရှိသည်။ ၎င်းသည် မတရားမှု၌ရှိနေပါက အလ္လာဟ်အရှင်မြတ်၏ ပရိယာယ်အစီအစဉ်မှ စိတ်ချစွာမနေသင့်ပါ။

မတရားပြုသူများကို အလ္လာဟ်အရှင်မြတ်က ချက်ချင်းအရးမယူဘဲ ဆိုင်းငံ့ထားခြင်းသည် ၎င်းတို့ သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုမပြုပါက ပြစ်ဒဏ်လည်း တိုးလာစေရန်အတွက် လှည့်စားထားခြင်းပင်ဖြစ်သည်။

မတရားမှုသည် အွမ္မသ်အသီးသီးအပါ် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကျရောက်စေသည့် အကြောင်းခံများထဲတွင် ပါဝင်သည်။

အလ္လာဟ်အရှင်မြတ်သည် မြို့ရွာတစ်ခု ဖျက်ဆီးပစ်သည့်အခါ တစ်ခါတစ်ရံတွင် ထိုမြို့ရွာ၌ သူတော်ကောင်းများလည်း ရှိနေတတ်သည်။ ၎င်းတို့သည် မိမိတို့ကောင်းမှုအပါ်တွင်ရှိလျက် သေးဆုံးခဲ့သည့်အတိုင်း ကိယာမသ်နေ့၌ ပြန်လည်ရှင်ပြန်ထရမည်။ အပြစ်ဒဏ်ခတ်ခြင်း၌ ရောပါသွားခြင်းသည် ၎င်းတို့အား ဆိုးကျိုးဖြစ်စေမည် မဟုတ်ပါ။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (6/ 74) (4686).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1997) (2583).

ထပ်၍ (10)

شرح رياض الصالحين.

لابن عثيمين (2/ 496).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 303).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (1/ 231).

تطريز رياض الصالحين.

لفيصل آل مبارك (ص165).

مرقاة المفاتيح.

علي القاري (8/ 3200).