Skip to content

အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ ယူတော်မူမည်။ မိုးကောင်းကင်များကို မိမိ၏လက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ ယူတော်မူမည်။ မိုးကောင်းကင်များကို မိမိ၏လက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။

«يَقْبِضُ اللَّهُ الأَرْضَ، وَيَطْوِي السَّمَوَاتِ بِيَمِينِهِ، ثُمَّ يَقُولُ: أَنَا المَلِكُ، أَيْنَ مُلُوكُ الأَرْضِ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်မှာ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် သည် ကိယာမသ်နေ့တွင် ကမ္ဘာမြေအား လက်တစ်ဆုပ်ထဲ၌ယူတော်မူကာ စုပေါင်းပစ်မည်။ အရှင်မြတ်သည် မိုးကောင်းကင်အား မိမိ၏ လက်ယာ လက်ဖြင့် ခေါက်လိပ်တော်မူပြီး တစ်ခုအပေါ်တစ်ခုလိပ်ပတ်ကာ ဖျက်စီးပစ်တော်မူမည်။ ထို့နောက် မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အလ္လာဟ်အရှင်မြတ်မှအပ အခြားသူတို့၏အုပ်ချုပ်မှုအာဏာသည် ပျောက်ကွယ်သွားမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ အုပ်ချုပ်မှုအာဏာသည်သာ ထာဝရကျန်ရှိနေမည်ဖြစ်ကြောင်း သတိပေးထားသည်။

အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မှုနှင့် ကြီးကျယ်လှသည့် စွမ်းအားတော်၊ အရှင်မြတ်၏ စိုးမိုးအုပ်ချုပ်မှု၊ ပြီးပြည့်စုံသည့် စိုးပိုင်မှုတို့ကို ဖော်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (6/ 126) (4812).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2148) (2787).

ထပ်၍ (3)

فتح الباري (13/367).

عمدة القاري شرح صحيح البخاري (23/ 101).

البحر المحيط الثجاج (43/324).