Skip to content

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။

سُئِلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَنْ أَكْثَرِ مَا يُدْخِلُ النَّاسَ الْجَنَّةَ، فَقَالَ: «تَقْوَى اللهِ وَحُسْنُ الْخُلُقِ»، وَسُئِلَ عَنْ أَكْثَرِ مَا يُدْخِلُ النَّاسَ النَّارَ فَقَالَ: «الْفَمُ وَالْفَرْجُ».

သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဟစန်ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေမည့် အကြီးကျယ်ဆုံးအကြောင်းခံနှစ်ခုအား ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားတို့ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’တရားထားခြင်းဟူသည် သင်နှင့် အလ္လာဟ်အရှင်မြတ်၏ အဇာဗ်ပြစ်ဒဏ်ကြားတွင် အကာကွယ်ထားခြင်းဖြစ်ပြီး ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလိုက်နာကာ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဟူသည် မျက်နှာချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ ဒုက္ခများကို တားဆီးဖယ်ရှားခြင်း စသည်တို့ဖြစ်သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်စေမည့် အကြီးကျယ်ဆုံးအကြောင်းခံနှစ်ခုအား ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်။ နှုတ်လျှာ၏ အပြစ်အကုသိုလ်မှာ မုသားပြောခြင်း၊ အတင်းပြောခြင်း၊ ကုန်းချောခြင်း စသည်တို့ဖြစ်ပြီး အရှက်အင်္ဂါ၏ အပြစ်အကုသိုလ်မှာ ဇိနာ တရားမဝင်ကားမ ကျူးလွန်ခြင်း၊ လိင်တူဆက်ဆံခြင်း စသည်တို့ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရသည့် အကြောင်းခံများတွင် အလ္လာဟ်အရှင်မြတ်နှင့် သက်ဆိုင်သည့် အကြောင်းခံများရှိသည်။ ၎င်းတို့အနက်တစ်ခုမှာ သက္ကဝါတရား ဖြစ်သည်။ ထို့အတူအဖန်ဆင်းခံများနှင့် သက်ဆိုင်သည့် အကြောင်းခံများလည်းရှိသည်။ ၎င်းတို့အနက်တစ်ခုမှာ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်။

နှုတ်လျှာပိုင်ရှင်အတွက် နှုတ်လျှာ၏ အန္တရာယ်ကိုတင်ပြထားသည်။ ၎င်းသည် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်စေမည့် အကြောင်းခံတစ်ခုဖြစ်သည်။

လူသားတို့အတွက် စိတ်အလိုရမ္မက်နှင့် စက်ဆုပ်ရွံ့ရှာဖွယ်ရာများ၏ အန္တရာယ်ကို ဖော်ပြထားသည်။ ၎င်းတို့သည် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်စေသည့် အကြောင်းခံများအနက် အများဆုံးပင်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

စုနန်သိရ်မိဇီကျမ်း (3/ 536) (2004).

စုနန်အိဗ်နုမာဂျဟ်ကျမ်း (5/ 318) (4246).

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (13/ 287) (7907).

ထပ်၍ (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 509).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 369).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 453).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 696).