Skip to content

အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်ကို ကောင်းစေလိုပါက ထိုသူ့အား သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်း ချီးမြှင့်တော်မူသည်။

မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်ကို ကောင်းစေလိုပါက ထိုသူ့အား သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်း ချီးမြှင့်တော်မူသည်။ ငါကိုယ်တော်သည် ဝေငှပေးသူဖြစ်ပြီး အလ္လာဟ်အရှင်ကသာ ပေးကမ်းချီးမြှင့်တော်မူသည်။ ဤအွမ္မသ်(အနက် အုပ်စုတစ်စု)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ်တွင် အစဉ်အမြဲရပ်တည်လျက်ရှိနေမည်။ ၎င်းတို့အား ဆန့်ကျင်သူများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်(ကိယာမသ်) ဆိုက်ရောက်လာသည်အထိ ၎င်းတို့အား နစ်နာဆုံးရှုံးအောင် ပြုနိုင်မည် မဟုတ်ပေ။

«مَنْ يُرِدِ اللهُ بِهِ خَيْرًا يُفَقِّهْهُ فِي الدِّينِ، وَإِنَّمَا أَنَا قَاسِمٌ، وَاللهُ يُعْطِي، وَلَنْ تَزَالَ هَذِهِ الْأُمَّةُ قَائِمَةً عَلَى أَمْرِ اللهِ، لَا يَضُرُّهُمْ مَنْ خَالَفَهُمْ، حَتَّى يَأْتِيَ أَمْرُ اللهِ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစားစေရန် အ လိုရှိတော်မူလျှင် ထိုသူ့အား မိမိ၏သာသနာတော်နှင့်စပ်လျဉ်း၍တတ်ကျွမ်းနားလည်နိုင်စွမ်းကို ချီးမြှင့်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ် ချီးမြှင့်သည့် ရိုဇီရိက္ခာ၊ အိလ်မ်အသိပညာနှင့် အခြားအရာများကို ဝေငှပေးသူဖြစ်သည်။ အမှန်တကယ် ပေးကမ်းချီးမြှင့်သူ အစစ်အမှန်မှာ အလ္လာဟ်အရှင်မြတ်သာဖြစ်သည်။ အရှင်မြတ်မှအပ အခြားအရာများသည် အကြောင်းခံများသာဖြစ်ကြပြီး အရှင်မြတ်အလိုရှိမှသာ အကျိုးပြုနိုင်ကြမည်ဖြစ်သည်။ ဤအွမ္မသ်(အနက် အုပ်စုတစ်စု)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ်တွင် အစဉ်အမြဲရပ်တည်လျက်ရှိနေမည်။ ၎င်းတို့အား ဆန့်ကျင်သူများသည် ကိယာမသ် ဆိုက်ရောက်လာသည်အထိ ၎င်းတို့အား နစ်နာဆုံးရှုံးအောင်ပြုနိုင်မည် မဟုတ်ပေ။

စကားလုံးများ၏ အဓိပ္ပါယ်များ

.....:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

သာသနာ့ပညာနှင့် သာသနာ့ပညာကို သင်ယူခြင်း၏ ကြီးကျယ်မှု၊ မွန်မြတ်မှုကို ဖော်ပြထားပြီး သာသနာ့ပညာကို သင်ယူဆည်းပူးရန် တိုက်တွန်းထားသည်။

အမှန်တရားပေါ်တွင် ရပ်တည်ခြင်းသည် ဤအွမ္မသ်၌ မလွဲမသွေ ရှိနေမည်ဖြစ်ပြီး အုပ်စုတစ်စုသည် အမှန်တရားကို စွန့်လွှတ်ပါက အခြားအုပ်စုက အမှန်တရားအပေါ် ရပ်တည်မည်ဖြစ်သည်။

သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်းရှိခြင်းသည် မိမိ၏ကျေးကျွန် ကောင်းစားစေရန်အတွက် အလ္လာဟ်အရှင်မြတ်၏ အလိုတော်တစ်ခုပင်ဖြစ်သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်၊ အရှင်မြတ်၏ အလိုတော်အရသာ ပေးကမ်းခြင်းဖြစ်ပြီး မည်သည့်အရာကိုမျှ မပိုင်ဆိုင်ပေ။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 25) (71).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 718) (1037).

ထပ်၍ (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 485).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 324).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 424).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 688).