Skip to content

ဧကန်အမှန်ပင် လူတို့အနက် အဆိုးဆုံးသူများသည် အသက်ရှင်လျက် ကိယာမသ်ကို ကြုံကြိုက်ရသူများနှင့် ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်)များအဖြစ် ပြုလုပ်ကြသူများဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။

ဧကန်အမှန်ပင် လူတို့အနက် အဆိုးဆုံးသူများသည် အသက်ရှင်လျက် ကိယာမသ်ကို ကြုံကြိုက်ရသူများနှင့် ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်)များအဖြစ် ပြုလုပ်ကြသူများဖြစ်သည်။

«إِنَّ مِنْ شِرَارِ النَّاسِ مَنْ تُدْرِكُهُ السَّاعَةُ وَهُمْ أَحْيَاءٌ، وَمَنْ يَتَّخِذُ الْقُبُورَ مَسَاجِدَ».

အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် မှာ လူတို့အနက် အဆိုးဆုံးသူများသည်အသက်ရှင်လျက်နှင့် ကိယာမသ်ကို ကြုံကြိုက်သူများ၊ ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်) များအဖြစ် ပြုလုပ်ကြသူများ၊ သင်္ချိုင်းများ၌ လည်းကောင်း သင်္ချိုင်းများဘက်သို့လှည့်၍ လည်းကောင်း ဆွလာသ်ဆောက်တည်ကြသူများ ဖြစ်ကြသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

သင်္ချိုင်းများပေါ်တွင် မတ်စ်ဂျစ်ဒ်(ဗလီဝတ်ကျောင်းတော်)များဆောက်လုပ်ခြင်းကို တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ရပ်သည် (ရှိရ်က်)ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေသည့်အကြောင်းခံဖြစ်သည်။

အဆောက်အအုံမရှိလျှင်လည်း သင်္ချိုင်းတွင် ဆွလာသ်ဆောက်တည်ခြင်းအား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် မတ်စ်ဂျစ်ဒ် ဟူသည်အဆောက် အအုံ မရှိသည့်တိုင် (စဂ်ျဒဟ်) ပျဝပ်ဦးချသည့်နေရာအား ခေါ်ဆိုသည့် အမည်ဖြစ်သည်။

အကြင်သူသည် သူတော်စင်တို့၏သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ရန်အတွက် မတ်စ်ဂျစ်ဒ် (ဗလီ) များအား အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်မှုရရှိရန် ရည်ရွယ်ချက်ထား၍ ဆောက်လုပ်လျှင်လည်း ထိုသူသည် အဖန်ဆင်းခံများအနက် အဆိုးဆုံးသူသာဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (6/ 394) (3844).

ထပ်၍ (6)

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص191).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص176).

أحكام الجنائز.

للألباني (1/ 217).