ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။
«إِنَّ الْإِيمَانَ لَيَخْلَقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلَقُ الثَّوْبُ الْخَلِقُ، فَاسْأَلُوا اللَّهَ أَنْ يُجَدِّدَ الْإِيمَانَ فِي قُلُوبِكُمْ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန်ကြားတော်မူခဲ့သည်မှာ အဝတ်အစားအသစ်သည် ဝတ်ဆင်မှုကြာရှည်လာသည့်နှင့်အမျှ ဟောင်းနွမ်းသွားသကဲ့သို့ မွတ်စ်လင်မ်တစ်ဦး၏ နှလုံးသားထဲ၌ရှိသော အီမာန်ယုံကြည်မှုသည်လည်း ဟောင်းနွမ်းသွားတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ‘အိဗာဒသ်’ခဝပ်ကိုးကွယ်မှု လျော့နည်းလာခြင်း၊ အပြစ်အကုသိုလ်များ ကျူးလွန်ခြင်း၊ စိတ်အလိုရမ္မက်နောက်လိုက်ခြင်းတို့ကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့၏ အီမာန်ယုံကြည်မှုအား သစ်လွင်လန်းဆန်းလာစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံခြင်း၊ ဆွလာသ် ဆောက်တည်ခြင်း၊ ‘ဖရ်ဿ်ွ' တာဝန်များကျေပွန်ခြင်း၊‘ဇိက်ရ်’သတိရတသခြင်းနှင့် ‘အိစ်သိဂ်ဖါရ်’လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့ကို များမြောင်စွာပြုရန် ညွှန်ကြားပြသတော်မူခဲ့သည်။
...:
နှလုံးသားထဲတွင် အီမာန်ခိုင်မြဲစေရန်နှင့် သစ်လွင်လန်းဆန်းမှုရှိစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံရန် တိုက်တွန်းနှိုးဆော်ထားသည်။
အီမာန်တွင် အပြောအဆို၊ အမလ်ကျင့်ဆောင်မှုနှင့် ယုံကြည်ချက်များပါဝင်သည်။ အီမာန်ယုံကြည်မှုသည် အမိန့်နာခံမှုဖြင့် တိုးတက်ပြီး၊ အမိန့်ဖီဆန်မှုဖြင့် လျော့နည်းကျဆင်းသည်။
ထပ်၍ (7)
المستدرك على الصحيحين للحاكم (1/ 45) (5).
المعجم الكبير للطبراني (13/ 36) (84).
النهاية في غريب الحديث والأثر.
ص(282).
النهاية (1/316).
فيض القدير (2/323).
التنوير شرح الجامع الصغير (3/434).
Cited in books
2 Booksထပ်၍ (2)
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«إِنَّ الإِيمَانَ لَيَخْلُقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلُقُ الثَّوْبُ؛ فَاسْأَلُوا اللَّهَ أَنْ يُجَدِّدَ الإِيمَانَ فِي قُلُوبِكُمْ»
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«إِنَّ الإِيمَانَ لَيَخْلُقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلُقُ الثَّوْبُ؛ فَاسْأَلُوا اللهَ أَنْ يُجَدِّدَ الإِيمَانَ فِي قُلُوبِكُمْ»