အသင်တို့ (မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့ (မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ့်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။ အသင်တို့သည် (တစ်ဦးတစ်ယောက်အား) အပြစ်မရှာကြနှင့်၊ စူးစမ်းထောက်လှမ်းခြင်း မပြုကြနှင့်၊ တစ်ဦးကိုတစ်ဦး မနာလိုမဖြစ်ကြနှင့်၊ တစ်ဦးကိုတစ်ဦး ကျောမခိုင်းကြနှင့်၊ တစ်ဦးကိုတစ်ဦး မမုန်းတီးကြနှင့်၊ အို အလ္လာဟ်အရှင်မြတ်၏ ကျွန်အပေါင်းတို့ အသင်တို့ညီနောင်များဖြစ်ကြပါ။
«إِيَّاكُمْ وَالظَّنَّ؛ فَإِنَّ الظَّنَّ أَكْذَبُ الْحَدِيثِ، وَلَا تَحَسَّسُوا، وَلَا تَجَسَّسُوا، وَلَا تَحَاسَدُوا، وَلَا تَدَابَرُوا، وَلَا تَبَاغَضُوا، وَكُونُوا عِبَادَ اللهِ إِخْوَانًا».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည်မွတ်စ်လင်မ်များအကြား အုပ်စုကွဲခြင်း၊ ရန်ညှိုးထားခြင်းတို့ ဖြစ်ပေါ်စေသော ကိစ္စရပ်အချို့ကို သတိပေးတားမြစ်တော်မူခဲ့သည်။ ၎င်းတို့မှာ (၁) “မကောင်းထင်မြင်ခြင်း” ဤသည် မည်သည့်သက်သေမျှမရှိဘဲ စိတ်တွင်းမှ စွပ်စွဲခြင်းဖြစ်သည်။ ကိုယ်တော်က ထိုလုပ်ရပ်သည် အလိမ်လည်ဆုံးစကားဖြစ်သည်ဟု ရှင်းပြတော်မူခဲ့သည်။ (၂) “အပြစ်ရှာခြင်း” ဤသည် နား၊ မျက်စိဖြင့် လူတို့၏အပြစ်ကို ရှာဖွေစူးစမ်းခြင်းဖြစ်သည်။ (၃) “စူးစမ်းထောက်လှမ်းခြင်း” ဤသည် လျှို့ဝှက်ကိစ္စများကို စုံစမ်းခြင်းဖြစ်ပြီး များသောအားဖြင့် ယင်းစကားလုံးအား မကောင်းသည့်ကိစ္စမျိုးတွင် သုံးစွဲသည်။ (၄) “မနာလိုခြင်း” ဤသည် အခြားသူများ ကောင်းကျိုးခံစားနေရသည်ကို မနှစ်သက်ခြင်းဖြစ်သည်။ (၅) “ကျောခိုင်းခြင်း” ဤသည် တစ်ဦးကိုတစ်ဦး လျစ်လျူရှုခြင်း၊ မိမိညီနောင် မွတ်စ်လင်မ်အား စလာမ်ပေးခြင်း သွားရောက်တွ့ဆုံမှုမပြုဘဲနေခြင်း ဖြစ်သည်။ (၆) “မုန်းတီးခြင်း” ဤသည် အခြားသူများကို ထိခိုက်စေခြင်းကဲ့သို့သောမလိုမုန်းထားမှု၊ မုန်းတီးမှု၊ မျက်မှောင်ကြုတ်ခြင်း၊ လူတို့အား မကောင်းသည့်ဟန်ပန်ဖြင့် တွေ့ဆုံခြင်း စသည်တို့ဖြစ်သည်။ ထို့နောက် ကိုယ်တော်က (အိုအလ္လာဟ်အရှင်မြတ်၏ ကျွန်အပေါင်းတို့ အသင်တို့ညီနောင်များဖြစ်ကြပါ။) ဟူ၍ မွတ်စ်လင်တို့၏ အခြေအနေများကို ကောင်းမွန်အောင် ဖန်တီးပေးမည့် အဓိပ္ပါယ်ကျယ်ပြန့်သည့် စကားတစ်ခွန်းကို မိန့်ကြားခဲ့သည်။ ညီနောင်စိတ်ဓာတ်သည် လူတို့ကြား၌ ဆက်ဆံရေးကို ခိုင်မာစေပြီး ၎င်းတို့ကြား၌ ချစ်ခင်မှု၊ ရင်းနှီးမှုကို ပိုမိုတိုးပွားစေသည်။
...:
မကောင်းသည့် စရိုက်လက္ခဏာများ ပေါ်လွင်နေသူကို မကောင်းထင်မြင်ခြင်း အပြစ်မရှိပါ။ မုအ်မင်န်သည် ဉာဏ်ပညာရှိပြီး လိမ္မာပါးနပ်သူဖြစ်ရမည် လူဆိုးများ၊ အကျင့်ပျက်သူများ၏ လှည့်ဖျားခြင်းကို မခံသင့်ပါ။
စိတ်ထဲတွင် အမြဲရှိနေသော မကောင်းထင်မြင်စိတ်ကို တားမြစ်ထားခြင်းဖြစ်ပြီး၊ စိတ်ထဲတွင် အမြဲရှိနေခြင်းမဟုတ်ဘဲ ရုတ်တရက် အတွေးအဖြစ်သာ ပေါ်ပေါက်လာသည့် မကောင်းထင်မြင်စိတ်အတွက် အပြစ်မရှိပါ။
မနာလိုခြင်း၊ စူစမ်းထောက်လှမ်းခြင်းကဲ့သို့ မွတ်စ်လင်မ်လူ့ဖွဲ့အစည်းအကြား စိတ်ဝမ်းကွဲပြားမှု၊ အဆက်ဖြတ်မှုများ ဖြစ်ပေါ်စေသော အကြောင်းတရားများကို တားမြစ်ထားသည်။
အကြံဉာဏ်ပေးခြင်း၊ အပြန်အလှန်ချစ်ခင်မှုထားခြင်းဖြင့် မွတ်စ်လင်မ်အချင်းချင်း ညီအစ်ကိုပမာ ဆက်ဆံကြရန် မှာကြားထားသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (8/ 19) (6064).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1985) (2563).
ထပ်၍ (6)
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 219).
توضيح الأحكام من بلوغ المرام.
للبسام (7/ 414).
فتح ذي الجلال والإكرام بشرح بلوغ المرام.
لابن عثيمين (6/ 363).
Cited in books
2 Booksထပ်၍ (2)
- قاموس الكبائرموسوعة الكبائر - المجموعة الرابعة«إِيَّاكُمْ وَالظَّنَّ، فَإِنَّ الظَّنَّ أَكْذَبُ الْحَدِيثِ، وَلَا تَحَسَّسُوا، وَلَا تَجَسَّسُوا، وَلَا تَحَاسَدُوا، وَلَا تَدَابَرُوا، وَلَا تَبَاغَضُوا، وَكُونُوا عِبَادَ اللَّهِ إِخْوَانًا»[1].
- قاموس الكبائرموسوعة الكبائر - المجموعة الرابعة«وَلَا تَبَاغَضُوا، وَكُونُوا عِبَادَ اللَّهِ إِخْوَانًا»[29].