Skip to content

အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။

အင်မ်ရာန် ဗင်န် ဟုဆွိုင်န်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော့်တွင် လိပ်ခေါင်းရောဂါရှိနေသည်။ ထို့ကြောင့် ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဆွလာသ် ဆောက်တည်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလျှောက်ထားခဲ့ရာ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ-

အသင်ရပ်၍ ဆွလာသ် ဆောက်တည်ပါ အကယ်၍ အသင် (ရပ်၍ ဆွလာသ်ဆောက်တည်ရန်)မစွမ်းနိုင်လျှင် ထိုင်၍ ဆောက်တည်ပါ။ အကယ်၍ အသင် (ထိုင်၍ ဆွလာသ်ဆောက်တည်ရန်) မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ပါ။

«صَلِّ قَائِمًا، فَإِنْ لَمْ تَسْتَطِعْ فَقَاعِدًا، فَإِنْ لَمْ تَسْتَطِعْ فَعَلَى جَنْبٍ».

ဗုခါရီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဆွလာသ်၏ မူလအခြေအနေမှာ မတ်တပ်ရပ်၍ ဆောက်တည်ခြင်းဖြစ်သည်။ သို့သော် မတ်တပ်ရပ်ရန် မတတ်စွမ်းနိုင်သည့် အခြေအနေမျိုးတွင် ထိုင်၍ ဆွလာသ်ဆောက်တည်ရမည်။ ထိုင်၍ ဆွလာသ်ဆောက်တည်ရန် မစွမ်းနိုင်လျှင် လဲလျောင်း၍ ဆောက်တည်ရမည် ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

بواسير: جمع باسور، وهو ورم يصيب مقعدة الإنسان.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အသိတရားရှိနေသရွေ့ ဆွလာသ် ဆောက်တည်ရန် တာဝန်ရှိနေမည်ဖြစ်သည်။ (မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်း၊လဲလျောင်းခြင်း စသည့်) အခြေအနေတစ်ခုမှ နောက်အခြေအနေတစ်ခုသို့ ပြောင်းလဲခြင်းသည် စွမ်းဆောင်နိုင်မှုအပေါ် မူတည်သည်။

လူသားသည် မိမိတတ်စွမ်းမှု‌ပေါ်မူတည်၍ အိဗာဒသ် ပြုခွင့်ရှိခြင်းသည် အစ္စလာမ်သာသနာ၏ လွယ်ကူ၊ သက်ညှာမှုကို ဖော်ပြနေသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (2/ 48) (1117).

ထပ်၍ (4)

توضيح الأحكام من بلوغ المرام.

لعبدالله البسام (2/ 322).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (3/ 202).