Skip to content

အသင်အလျင်ကပြုခဲ့သည့် ကောင်းမှုများဖြင့် သင်အစ္စလာမ်သာသနာဝင် ဖြစ်လာခြင်းဖြစ်သည်။

ဟကီးမ်ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ဂျာဟိလိယဟ် အမိုက်ခေတ်တွင် အိဗာဒသ် ကိုးကွယ်ဆည်းကပ်မှု၏ ရည်ရွယ်ချက်ဖြင့် ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်းနှင့် ဆွေမျိုးဆက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထိုကိစ္စများအတွက် အကျိုးတစ်စုံတစ်ရာရနိုင်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အသင်အလျင်ကပြုခဲ့သည့် ကောင်းမှုများဖြင့် သင်အစ္စလာမ်သာသနာဝင် ဖြစ်လာခြင်းဖြစ်သည်။

قُلْتُ: يَا رَسُولَ اللَّهِ، أَرَأَيْتَ أَشْيَاءَ كُنْتُ أَتَحَنَّثُ بِهَا فِي الجَاهِلِيَّةِ مِنْ صَدَقَةٍ أَوْ عَتَاقَةٍ، وَصِلَةِ رَحِمٍ، فَهَلْ فِيهَا مِنْ أَجْرٍ؟ فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَسْلَمْتَ عَلَى مَا سَلَفَ مِنْ خَيْرٍ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကာဖိရ်တစ်ဦးသည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပါက ၎င်းသူအစ္စလာမ်သာသနာကို လက်မခံမီ ဂျာဟိလိယဟ် အမိုက်ခေတ်တွင် ပြုလုပ်ခဲ့သော ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်း၊ ဆွေမျိုးဆက်ခြင်း စသည့်အမလ်ကောင်းမှုများ၏ အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

أتحنث: أتعبد.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကာဖိရ်တစ်ဦးသည် ကုဖ်ရ် သွေဖည်ငြင်းပယ်မှု အပေါ်၌ပင် ကွယ်လွန်သေဆုံးခဲ့ပါက လောက၌ ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများ၏အကျိုးကုသိုလ်ကို နောင်တမလွန်ဘဝတွင် ရရှိလိမ့်မည်မဟုတ်ပါ။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (2/ 114) (1436).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 113) (123).

ထပ်၍ (5)

المفهم (1/332).

شرح النووي على مسلم (2/140).

عمدة القاري شرح صحيح البخاري (22/ 96).

فتح الباري لابن حجر (3/ 302).

البحر المحيط الثجاج (3/499).