Skip to content

သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့သည်။

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။

သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့သည်။ ကိုယ်တော်သည် မက္ကာဟ်မြို့တွင် တစ်ဆယ့်သုံးနှစ် နေထိုင်တော်မူခဲ့သည်။ ထို့နောက် ‘ဟိဂျ်ရသ်’ နေရပ်စွန့်ခွာပြောင်းရွေ့ရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကိုယ်တော်သည် မဒီနဟ်မြို့သို့ဟိဂျ်ရသ်ပြု ရွှေ့ပြောင်းတော်မူကာ ထိုမြို့၌ ဆယ်နှစ်တိုင် နေထိုင်တော်မူပြီး ကွယ်လွန်တော်မူခဲ့သည်။

أُنْزِلَ عَلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَهُوَ ابْنُ أَرْبَعِينَ، فَمَكَثَ بِمَكَّةَ ثَلَاثَ عَشْرَةَ سَنَةً، ثُمَّ أُمِرَ بِالْهِجْرَةِ، فَهَاجَرَ إِلَى الْمَدِينَةِ، فَمَكَثَ بِهَا عَشْرَ سِنِينَ، ثُمَّ تُوُفِّيَ صَلَّى اللهُ عَلَيْهِ وَسَلَّمَ.

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ သက်တော်လေးဆယ်အရွယ်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့ပြီး နဗီတမန်တော်အဖြစ် စေလွှတ်ခြင်းခံရသည်။ ဝဟီကျရောက်ပြီးနောက် ကိုယ်တော်သည် မက္ကာဟ်မြို့တွင် တစ်ဆယ့်သုံးနှစ် နေထိုင်ခဲ့သည်။ထို့နောက် မဒီနဟ်မြို့သို့ဟိဂျ်ရသ်ပြု ရွှေ့ပြောင်းရန်အမိန့်ပေးခြင်းခံခဲ့ရသည်။ထိုမြို့ ၌ဆယ်နှစ်တိုင် နေထိုင်တော်မူပြီး သက်တော် (၆၃) နှစ်တွင် ဝဖာသ်ဖြစ် ကွယ်လွန်တော်မူခဲ့သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဆွဟာဗဟ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အတ္ထုပ္ပတ္တိကို အလွန်အ‌လေးထားကြသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (5/ 45) (3851).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1826) (2351).

ထပ်၍ (1)

عمدة القاري شرح صحيح البخاري (16/ 303).