Skip to content

ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။

ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။

«إِنَّ الْعَهْدَ الَّذِي بَيْنَنَا وَبَيْنَهُمُ الصَّلَاةُ، فَمَنْ تَرَكَهَا فَقَدْ كَفَرَ».

သိရ်မိဇီကျမ်း၊ နစာအီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်မုချ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၊ မုနာဖိက် အရေခြုံများကြားတွင်ရှိသည့် အကာအကွယ်ပေးခြင်း၊ ကတိသစ္စာတရားနှင့် သက်ဆိုင်သည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက မုချထိုသူသည် ကာဖိရ်ဖြစ်သွားမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဆွလာသ်၏အဆင့်အတန်းသည် ကြီးကျယ်လှသည်။ ဆွလာသ်သည် မုအ်မင်န်နှင့် ကာဖိရ်ကြားတွင် ခွဲခြား‌ပေးသောအရာဖြစ်သည်။

အစ္စလာမ့်အမိန့်ပညတ်ချက်များကို လူတစ်ဦး၏ စိတ်အတွင်းပိုင်းထက် ပေါ်လွင်ထင်ရှားနေသော အပြင်ပိုင်းဆိုင်ရာ အခြေအနေပေါ်တွင် မူတည်၍သာ အတည်ပြုဆုံးဖြတ်သည်။

ပြန်လည်စစ်ဆေးသူ

စုနန်နစာအီကျမ်း (1/ 231) (463).

စုနန်သိရ်မိဇီကျမ်း (4/ 365) (2621).

စုနန်အိဗ်နုမာဂျဟ်ကျမ်း (2/ 181) (1079).

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (38/ 20) (22937).

ထပ်၍ (2)

فيض القدير (4/ 395).

ذخيرة العقبى في شرح المجتبى (6/ 192) (6/ 193).