Skip to content

အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်ကသင် အဖြေပေးပါဟု မိန့်ကြားတော်မူသည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

မျက်မမြင်ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အမှန်တကယ်ပင် ကျွန်တော်မျိုးအား ဗလီသို့ခေါ်ဆောင်သွားမည့်သူ တစ်ဦးမျှမရှိပါဟု လျှောက်ထားခဲ့သည်။ ထို့ကြောင့် သူသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ သူ၏အိမ်၌ပင် ဆွလာသ်ဆောက်တည်ရန် ခွင့်ပြုချက်တောင်းခံခဲ့ရာ ကိုယ်တော်က သူ့အားခွင့်ပြုတော်မူခဲ့သည်။ ထိုသူလှည့်ပြန်နေစဉ် ကိုယ်တော်က သူ့အားခေါ်တော်မူ၍ အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်ကသင် အဖြေပေးပါဟု မိန့်ကြားတော်မူသည်။

أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَجُلٌ أَعْمَى، فَقَالَ: يَا رَسُولَ اللهِ، إِنَّهُ لَيْسَ لِي قَائِدٌ يَقُودُنِي إِلَى الْمَسْجِدِ، فَسَأَلَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنْ يُرَخِّصَ لَهُ فَيُصَلِّيَ فِي بَيْتِهِ، فَرَخَّصَ لَهُ، فَلَمَّا وَلَّى دَعَاهُ، فَقَالَ: «هَلْ تَسْمَعُ النِّدَاءَ بِالصَّلَاةِ؟» فَقَالَ: نَعَمْ، قَالَ: «فَأَجِبْ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

မျက်မမြင် ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော့်အားကူညီမည့်သူနှင့် ငါးကြိမ်ဆွလာသ်အတွက် ဗလီသို့ လက်တွဲ ခေါ်ဆောင်သွားမည့်သူ မရှိပါဟု လျှောက်ထားခဲ့သည်။ သူသည် ဂျမာအသ်နှင့်တကွ ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ခွင့်ပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ တောင်းဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော်ကလည်း သူ့အားခွင့်ပြုတော်မူလိုက်သည်။ ထိုသူလှည့်ပြန်နေစဉ် ကိုယ်တော်က သူ့အားခေါ်တော်မူ၍ အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်က သင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သူအား အဖြေပေးပါ(ဂျမာအသ်ဖြင့် ဆောက်တည်ပါ)ဟု မိန့်ကြားတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်ခြင်းသည် ဝါဂျိဗ် တာဝန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခြွင်းချက်အနေဖြင့် ခွင့်ပြုခြင်းသည် အရေးကြီး တာဝန်ဖြစ်သည့် အရာ၌သာရှိသည်။

ကိုယ်တော်မြတ်မိန့်ကြားသည့် (သင်အဖြေပေးပါ) ဟူသော စကားသည် ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်ခြင်းက ဝါဂျိဗ် တာဝန်ဖြစ်ကြောင်းညွှန်ပြနေသည်။ အမိန့်ပေးခြင်းသည် အခြေခံအားဖြင့် တာဝန်ကို ညွှန်ပြနေသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 452) (653).

ထပ်၍ (4)

شرح النووي على مسلم (5/ 155).

فتح ذي الجلال والإكرام.

شرح بلوغ المرام.

لابن عثيمين (2/ 254).