Skip to content

မည်သူမဆို အီမာန်နှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး ရမဿွာန်လ၏ (ဆွိယာမ်)ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည် ဖြစ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

မည်သူမဆို အီမာန်နှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး ရမဿွာန်လ၏ (ဆွိယာမ်)ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည် ဖြစ်သည်။

«مَنْ صَامَ رَمَضَانَ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ»

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်မှုနှင့်တကွ (ဆွိယာမ်)ဥပုသ်သည် ဖရ်ဿွ်တာဝန်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည်(ဆွိယာမ်)ဥပုသ်စောင့်ထိန်းသူများအတွက် များပြားသောအကျိုးကုသိုလ်များ အသင့်ပြင်ဆင်ထားကြောင်းကို လက်ခံယုံကြည်မည်။ ထို့အတူ အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုသာရည်ရွယ်၍ (ရိယာအ်)ပြစားမှုနှင့် ကျော်ကြားလိုစိတ်မပါဘဲ ရမဿွာန်လ၏ (ဆွိယာမ်) ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်က ကျူးလွန်မိခဲ့သည့် အပြစ်အကုသိုလ်များ ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အိခ်လာဆ်ွ (အလ္လာဟ်အရှင်မြတ်အတွက်သာ ရည်စူးခြင်း)၏ မွန်မြတ်မှုနှင့် ရမ်ဿွာန်လ၏ ဆွိယာမ်ဥပုသ်နှင့် အခြား‌ကောင်းမှုကုသိုလ်များ၌ အိခ်လာဆ်ွ၏ အရေးပါမှုကို တင်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 16) (38).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 523) (760).

ထပ်၍ (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 361).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 868).

كنوز رياض الصالحين.

لمجموعة من الباحثين (15/ 40).

شرح رياض الصالحين.

لابن عثيمين (5/ 270).