Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

32 of 253 cards

Clear filters
ဧကန်အမှန်ပင် ဂါထာမန္တန်မန်းမှုတ်ခြင်း၊ အင်းအိုင်အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်း၊ တစ်ဦးကတစ်ဦးကို ချစ်ခင်လာစေရန်အတွက် ဂျာဒူဖြင့်ပြုလုပ်ခြင်း စသည့်ကိစ္စရပ် အားလုံးသည် ရှိရ်က်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
ဤဟဒီးဆ်ကို ထောက်ခံထားသော အခြားဟဒီးဆ်များကြောင့် ဤဟဒီးဆ်သည် ဆွဟီးဟ် ဖြစ်သွားသည်။ အဗူဒါဝူဒ်ကျမ်း၊ အဟ်မဒ်ကျမ်း
အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း
အသင်တို့သည် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟု မပြောဆိုကြလေနှင့်။ သို့သော် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟုသာ ပြောဆိုကြပါ။
ဤဟဒီးဆ်သည် ၎င်း၏ဆင့်ပြန်ချက်အားလုံးကိုစုပေါင်း၍ ဆွဟီးဟ်အဆင့်တွင်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အဟ်မဒ်ကျမ်း
အမိန့်ဆုံးဖြတ်ချက်များအတွက် တံစိုးလက်ဆောင်ပေးသူနှင့် တံစိုးလက် ဆောင်ယူသူအား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘လအ်နသ်’အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးစေရန် မကောင်းဆုတောင်းတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ နစာအီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း