Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

2 of 253 cards

Clear filters
ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဟာကင်မ်ကျမ်း၊ သွတ်ဗ်ရာနီကျမ်း
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ရာ ကိုယ်တော်မြတ်က ဧကန်အမှန်ပင် ထိုသက်သေခံခြင်းနှစ်ခုက ၎င်း(အပြစ်အကုသိုလ်) တို့ကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူယအ်လာကျမ်း၊ သွတ်ဗ်ရာနီကျမ်း၊ ဿွိယာအ် မက်ဒိဆီတို့က ဆင့်ပြန်ထားသည်။