အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာအား မသင်ယူကြလေနှင့်။ မည်သူမဆို ဤကဲ့သို့ (ရည်ရွယ်ချက်ဖြင့်)သင်ယူခဲ့ပါက ငရဲမီးသို့ ကျရောက်ရမည်။ ငရဲမီးသို့ ကျရောက်ရမည်။
«لَا تَعَلَّمُوا الْعِلْمَ لِتُبَاهُوا بِهِ الْعُلَمَاءَ، وَلَا لِتُمَارُوا بِهِ السُّفَهَاءَ، وَلَا تَخَيَّرُوا بِهِ الْمَجَالِسَ، فَمَنْ فَعَلَ ذَلِكَ، فَالنَّارُ النَّارُ».
ပညာရှင်များအပေါ် ဂုဏ်ဖော်ကြွားဝါးရန်၊ ကျွန်ုပ်သည်လည်း အသင်တို့ကဲ့သို့ ပညာရှင်တစ်ဦးပင်ဖြစ်သည်ဟုပြသရန် သို့မဟုတ် အသိပညာနည်းပါးသူများ၊ ပညာမဲ့များနှင့် အငြင်းအခုံပြုရန် သို့မဟုတ် ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန်၊ အခြားသူများထက် ရှေ့တန်းတင်ခံရရန် စသည့်ရည်ရွယ်ချက်မျိုးဖြင့် ပညာသင်ယူဆည်းပူးခြင်းမပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုရည်ရွယ်ချက်မျိုးထားခဲ့လျှင် ပညာသင်ယူဆည်းပူးခြင်းသည် အလ္လာဟ်အရှင်မြတ်နှစ်သက်ရန်အတွက် မဟုတ်ဘဲ ပြစားရန်အတွက်ဖြစ်သွားသောကြောင့် ဂျဟန္နမ်ငရဲမီးနှင့်သာ ထိုက်တန်သွားမည်ဖြစ်သည်။
...:
ဂုဏ်ဖော်ရန် သို့မဟုတ် အငြင်းအခုံပြုရန် သို့မဟုတ် ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်မျိုးဖြင့် သာသနာ့ပညာ သင်ယူသူအား ဂျဟန္နမ်ငရဲမီးဖြင့် သတိပေးခြိမ်းခြောက်ထားသည်။
ပညာသင်ယူသူနှင့် သင်ကြားပေးသူတို့သည် ‘နိယသ်’ရည်စူးချက် မှန်ကန်မှုရှိရန် အရေးကြီးသည်။
‘နိယသ်’ရည်စူးချက်သည် အမလ်ကျင့်ဆောင်မှုများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နောင်တမလွန်၌ အစားရရှိခြင်းသည် ထိုရည်စူးချက်အပေါ်တွင် မူတည်သည်။
စုနန်အိဗ်နုမာဂျဟ်ကျမ်း (1/ 170) (254).
ထပ်၍ (2)
مرشد ذوي الحجا والحاجة (2/378).
مشارق الأنوار الوهاجة ومطالع الأسرار البهاجة في شرح سنن الإمام ابن ماجه (4/ 482).