အသင်တို့သည် ယဟူဒီတို့နှင့် စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ နောက်ဆုံး ကျောက်တုံးက မိမိနောက်တွင် ရဟူဒီရှိကြောင်း ပြောကြားလိမ့်မည်။ အိုမွတ်စ်လင်မ် ကျွန်ုပ်၏နောက်တွင် ဤယဟူဒီပုန်းအောင်းနေသည်။ အသင်သူ့ကို သတ်ပါ။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် ယဟူဒီတို့နှင့် စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ နောက်ဆုံး ကျောက်တုံးက မိမိနောက်တွင် ရဟူဒီရှိကြောင်း ပြောကြားလိမ့်မည်။ အိုမွတ်စ်လင်မ် ကျွန်ုပ်၏နောက်တွင် ဤယဟူဒီပုန်းအောင်းနေသည်။ အသင်သူ့ကို သတ်ပါ။
«لاَ تَقُومُ السَّاعَةُ حَتَّى تُقَاتِلُوا اليَهُودَ، حَتَّى يَقُولَ الحَجَرُ وَرَاءَهُ اليَهُودِيُّ: يَا مُسْلِمُ، هَذَا يَهُودِيٌّ وَرَائِي فَاقْتُلْهُ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ မွတ်စ်လင်မ်တို့နှင့် ယဟူဒီတို့ စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ် ဆိုက်ရောက်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ယဟူဒီတစ်ဦးက မွတ်စ်လင်များ မမြင်တွေ့စေရန် ကျောက်တုံးနောက်တွင် ပြေးပုန်းသည့်အခါတွင် အလ္လာဟ်အရှင်မြတ်က ကျောက်တုံးအား စကားပြောဆိုနိုင်စွမ်း ချီးမြှင့်တော်မူလိမ့်မည်။ထိုအခါ ကျောက်တုံးက မိမိနောက်တွင် ယဟူဒီရှိကြောင်းနှင့် ၎င်းကိုသတ်ရန်အတွက် မွတ်စ်လင်မ်အား ဟစ်ခေါ်မည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အသိပေးထားသည့်အတိုင်းပင် ကိုယ်တော်မြတ်သည် အကွယ်အကြောင်းအရာများနှင့် အနာဂတ်ကိစ္စများကို အသိပေးဟောကြားတော်မူခဲ့ပြီး ထိုကိစ္စများသည် မုချဖြစ်ပေါ်လာမည်ဖြစ်သည်။
နောက်ဆုံးခေတ်သမယတွင် မွတ်စ်လင်မ်တို့သည် ယဟူဒီတို့နှင့် တိုက်ခိုက်ကြမည်။ ထိုသို့တိုက်ခိုက်ခြင်းသည် ကိယာမသ်၏ နိမိတ်လက္ခဏာများတွင် ပါဝင်သည်။
အစ္စလာမ်သာသနာသည် ကိယာမသ်နေ့ထိ ရှင်သန်နေမည့် သာသနာဖြစ်ပြီး အခြားသာသနာများအားလုံးအပေါ် လွှမ်းမိုးမည်ဖြစ်သည်။
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် နောက်ဆုံးခေတ်သမယ၌ မွတ်စ်လင်မ်တို့အား ၎င်းတို့၏ရန်သူများအပေါ် အောင်နိုင်မှုရရှိစေရန် ကူညီတော်မူပြီး ကျောက်တုံးများကို စကားပြောစေတော်မူမည်။
ဆွဟီးဟ် ဗုခါရီကျမ်း (4/ 42) (2926).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2238) (2921).
ထပ်၍ (1)
عمدة القاري (14/199) الكوكب الوهاج شرح صحيح مسلم (26/198).