Skip to content

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။

မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု)၏စာရေး ဝရ်ရားဒ်က ဆင့်ပြန်ပြောကြားခဲ့သည်။ မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု)သည် မုအာဝိယဟ်(ရဿွိယလ္လာဟုအန်ဟု)ထံ ပေးပို့မည့်စာတွင် ရေးသားရန် ကျွန်တော့်အား ဤသို့နှုတ်တိုက်ပြောကြားခဲ့သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ “လာအိလာဟ အိလ်လလ္လာဟု ဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိ ရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု“ (တုဖက်ယှဉ်ဖက်မရှိဘဲ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျဉ်းမရှိ၊ စိုးပိုင်မှုဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်းအပေါင်းတို့သည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ အို - အလ္လာဟ်အရှင်မြတ် အရှင်မြတ်ပေးကမ်းချီးမြှင့်တော်မူသောအရာကို တားဆီးပိတ်ပင်နိုင်သူမရှိပါ။ အရှင်မြတ် တားဆီးပိတ်ပင်ထားသောအရာကိုလည်း ပေးကမ်းချီးမြှင့်နိုင်သူမရှိပါ။ ဥစ္စာဓနသည် ဥစ္စာဓနရှင်အား အရှင်မြတ်နှင့်ဆန့်ကျင်၍ အကျိုးမပြုနိုင်ပါ။)

أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَقُولُ فِي دُبُرِ كُلِّ صَلَاةٍ مَكْتُوبَةٍ: «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، اللَّهُمَّ لَا مَانِعَ لِمَا أَعْطَيْتَ، وَلَا مُعْطِيَ لِمَا مَنَعْتَ، وَلَا يَنْفَعُ ذَا الْجَدِّ مِنْكَ الْجَدُّ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ "လာအိလာဟ အိလ်လလ္လာဟုဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု" ကျွန်တော်မျိုးသည် ကလိမဟ် သောင်ဝ်ဟီးဒ်(လာအိလာဟ အိလ္လလ္လဟ်)ကို သက်သေခံအပ်ပါသည်။ စစ်မှန်သည့် ခဝပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ကြောင်း ကျွန်တော်မျိုးအတည်ပြုပြီး အခြားအရာများအတွက် မဟုတ်ကြောင်း ကျွန်တော်မျိုးငြင်းဆိုသည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိပါ၊ စစ်မှန်ပြည့်စုံသောအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ မိုး‌ကောင်းကင်နှင့် မြေပထဝီ၌ရှိရှိသမျှ‌ ဝေနေယျအ‌ပေါင်းတို့၏ ချီးမွမ်းထောမနာမှုအလုံးစုံကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကသာ ခံယူထိုက်သည်။ အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ အရှင်မြတ် သတ်မှတ်ထားသော ပေးကမ်းချီးမြှင့်မှုကို တားမြစ်နိုင်သူ၊ အရှင်မြတ် သတ်မှတ်ထားသော တားဆီးပိတ်ပင်မှုကို ပေးကမ်းချီးမြှင့်နိုင်သူဟူ၍ မရှိပါ။ အရှင်မြတ်ထံတော်၌ ဥစ္စာဓနရှင်၏ ကြွယ်ဝချမ်းသာမှုသည် မည်သည့်အကျိုးမျှမပြုနိုင်ပါ။ ကောင်းမြတ်သည့် အကျင့်သီလသည်သာလျှင် ၎င်းအား အကျိုးပြုနိုင်မည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

أملى: ألقى علي لأكتب.

لا ينفع ذا الجد منك الجدّ: لا ينفع ذا الغنى منك غناه.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အထက်ပါဇိက်ရ်တော်အား ဆွလာသ်များ၏နောက်တွင် ရွတ်ဖတ်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဇိက်ရ်တော်တွင် သောင်ဟီးဒ်၏ စာသားများနှင့် အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းတို့ ပါဝင်သည်။

စွန္နသ်တော်များကို အကောင်ထည်ဖော်ခြင်း၊ ဖြန့်ချိခြင်း စသည်တို့ကို အစောတလျင် ဆောင်ရွက်ရမည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 168) (844).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 414) (593).

ထပ်၍ (4)

عمدة القاري شرح صحيح البخاري (6/ 134).

المفهم لما أشكل من تلخيص كتاب مسلم (2/ 84).

النهاية في غريب الحديث والأثر (ص140).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (13/ 181).